Love Equation ❣️

Background color
Font
Font size
Line height

ချစ်တာကို ချစ်ပါတယ်လို့ နှုတ်ခမ်းပါးလေးတွေလှုပ်ခပ်သွားရုံပြော‌‌ နေလို့မရဘူး ကိုယ်မြတ်နိုးတဲ့သူကိုဘယ်ထိချစ်ပါတယ်ဆိုတာ လုပ်ရပ်နဲ့လဲသက်သေပြမှအချစ်ရဲ့အဓိပ္ပာယ်ဟာပိုပေါ်လွင်ပါသည်တဲ့...

လေပြေတိုးသံသဲ့သဲ့လေးက သူ့နှဖူးပြင်ပေါ်ရိုက်ခတ်ကာတိုးဝင်ရှပ်ပြေးသံလေးအားသူကြားရသည်မှောင်ချထားခြင်းခံတဲ့ မျက်လုံးတစုံရယ် စိတ်လှုပ်ရှားမှု့ကြောင့် တုန်ရီနေတဲ့သူ့ခြေလှမ်းတွေ ရင်ဘတ်နေရာကလဲ စိတ်လှုပ်ရှားမှု့ကြောင့် ဆူညံနေတဲ့ရင်ခုန်သံတချို့..နဲ့အတူပန်းနုရောင်နှုတ်ခမ်းပါးလေးဟာလဲ တုန်ရီလျက်ရှိသည်

သူ့မျက်လုံးထက်စီးနှောင်ထားတဲ့ အဝတ်ဖြူပါးပါးလေးဟာ လျော့ရဲနေသည်လဲမဟုတ်သလို တင်းကျပ်စွာချည်နှောင်ထားခြင်းလည်းမဟုတ်တာကြောင့်ဖျော့တော့တော့အလင်းရောင်လေးအားသူခံစားမိသည် စိတ်လှုပ်ရှားမှု့ကြောင့် သူ့လက်ဖဝါးလေးဟာအေးစက်လာသည် ။ပြေလျော့သွားသည့် အဝတ်ပါးလေး ဒါပေမဲ့သူမျက်လုံးတွေအား ပိတ်ထားဆဲပင်...

"မျက်လုံးဖွင့်လို့ရပြီကို့ကလေးး"

ကိုကို့ရဲ့ စကားသံအဆုံးသူမျက်ဝန်းလေးများအားဖွင့်ချလိုက်သည်ပြီးနောက်သူမြင်ရသည်ကမှိန်ဖျော့ဖျော့ဖယောင်းတိုင်မီးအလင်းရောင်နဲ့အတူ ပန်းနုရောင်များဖြင့် လွှမ်းခြုံထားတဲ့အခန်းငယ်လေး ဘေးမှာစားပွဲလေးတခုအလည်မှာ နှင်းဆီအနီများဖြင့် ပြည့်နှက်နေသည် ပန်းစီးကြီးတခုအစားသောက်တချို့နှင့်ထွန်းညှိထား‌‌ သောဖ‌ယောင်းတိုင်တို့မှာစားပွဲပေါ်တွင်ပနံသင့်စွာ တည်ရှိလျက် အံဩဖို့ကောင်း‌လွန်းသည်က ဂျောင်ကုရှေ့မှာဒူးထောက်အနေအထားဖြင့် suitအပြည့်ဝတ်ဆင်ကာခန့်ညားနေသော ကိုကို လက်ထဲမှာလဲ အနီရောင်နှင်းဆီပွင့်သုံးပွင့်အား ပန်းရောင်ဖဲကြိုးလေးဖြင့် သပ်ရပ်စွာစီးထားသည် ကိုကိုက နှင်းဆီပွင့်လေးအားဒူးထောက်လျက်သူ့ထံသို့လှမ်းလာသည်။ ကိုကို့ရဲ့ အညိုရောင်မျက်ဝန်းများဟာ ဂျောင်ကုအားဆွဲငင်အားပျင်းစွာကြည့်လျက် အံ့ဩနေတဲ့ဂျောင်ကုလေးကပါးစပ်အဟောင်းသားလေးဖြင့် ..

"ကိုကို ..ဒ..ဒါတွေက .."

"ကိုမင်းလေးကိုချစ်ခွင့်ပန်နေတာလေကို့အချစ်ကိုလက်ခံပေးနော်.."

"ဟင် .."

ထယ်ယောင်းရှေ့မှ မျက်ရည်ကြည်လေးရစ်ဝိုင်းကာအံဩနေသောကောင်လေးဟာတကယ်ချစ်စရာလေးဗျ

ထယ်ယောင်းက ကလေးငယ်အား propose သေချာမလုပ်ရသေးသည်မို့ သူငယ်ချင်းဖြစ်သူဂျီမင်အားအကူညီတောင်းကာ ခုလိုစီစဉ်လိုက်ရချင်းဖြစ်သည်။ကလေးငယ်အား ခမ်းနားတဲ့နေရာမျိုးမှာsurprise လုပ်ချင်ပေမဲ့ ထယ်ယောင်းအပိုင်လေးက လူများတာသဘောမကျသည်ကြောင့် သူပိုင်တဲ့condoမှာပဲ ကလေးငယ်သဘောကျစေမည့်lighting ချိန်းကာဂျီမင်အားပြင်ဆင်စေခြင်းဖြစ်သည်။ညနေအလုပ်ပြန်ချင်းပဲသူ့ကလေးငယ်ထံသွားကာခနနေသူပြန်လာပြီး လာခေါ်မည်သေချာလေးပြင်ဆင်ထားပါလို့ပြောခဲ့သည်။သူရောက်လာတော့ အဖြူရောင်ဆွယ်တာလေးပြီးအပြာ‌နု‌ ရောင်ဂျင်းဘောင်းဘီတို့အားရိုးရှင်းစွာဝတ်ထားသောကောင်လေးမှာတမျိုး‌လေးကြည့် ကောင်းနေသည် မျက်ဝန်းဝိုင်းလေးရယ်လုံးဝန်း‌တဲ့နှာ‌ခေါင်းလေးပြီးတော့ ကာလာမလိုတဲ့ ပန်းနုရောင်နှုတ်ခမ်းပါး‌လေးဖြင့်ပြည့်စုံ‌ နေသောထယ်ယောင်းအပိုင်လေးမှာ တကယ်ပင်မထိရက်စရာအဖြူလုံးလေးဖြစ်၍‌နေသည်မို့ ထယ်ယောင်းမှာပို၍သဘောကျရသည်  ကျနော့်ကလေးးက ရိုးရိုးရှင်းရှင်းလေးနဲ့တောင်ပြည့်စုံနေတာမျိုး ထယ်ယောင်းဘယ်လောက်တောင်‌ ငေးနေမိသည်မသိ ဖြူလုံးလေးမှာခေါင်းပင်မဖော်လာတော့ အရှက်သည်းနေသည်ထယ်ယောင်းအတွေးစတို့ဖြတ်ကာ အန်တီဂျောင်ဟယ်ထံမှာ ခွင့်တောင်းရင်း ကလေးငယ်အားခေါ်လာခဲ့သည်။

"နှင်းဆီအနီရောင်ရဲ့အဓိပ္ပာယ်က မြင်မြင်ချင်းအချစ်တဲ့ကလေးရဲ့ ကိုယ်လေ မင်းရဲ့မျက်ဝန်း‌လေးနဲ့ဆုံပြီးခိုက် ကိုယ်မြင်မြင်ချင်းမင်းကိုချစ်မိသွားတာ ပြီးတော့ ကို့လက်ထဲကကိုင်ထားတဲ့နှင်းဆီနီလေးသုံးပွင့်ရဲ့အဓိပ္ပာယ်က I love U တဲ့ ဒါကြောင့်ကို့အချစ်ကို‌လက်ခံရင် ဒီပန်းစီးလေးကိုလက်ခံပေးပါကလေး .."

ဂျောင်ကုရှေ့မှဒူးထောက်လျက် ကိုကိုကသူ့အားချစ်ကြောင်းအလေးအနက်ဆိုသည်။ ချစ်တတ်လွန်းတဲ့ကိုကို့ကို ဂျောင်ကုလက်မခံရင် ဒီကမ္ဘာပေါ်မှာအရူးမိုက်ဆုံးလူသားဟာဂျွန်ဂျောင်ကုသာဖြစ်လိမ့်မည် ကိုကို့လက်ထဲမှပန်းစီးလေးအားဂျောင်ကုယူလိုက်သည်။ထိုနောက်ဒူးထောက်လျက်ရှိသောကိုကို့အားဂျောင်ကုအသာအယာဆွဲထူရင်း

"ချစ်တယ် ကိုကို .."

ဂျောင်ကုကကိုကို့ရဲ့ဂရုစိုက်ကြင်နာမှု့တွေကြားကာရူန်းမထွက်နိုင်တော့တဲ့သားကောင်လေးဖြစ်လို့နေပြီမို့ ကိုကို့အချစ်တွေကြားမှာ သူဟာရူးမိုက်စွာနစ်မွန်းဖြစ်ဖို့ရာအဆင်သင့်ဖြစ်နေခဲ့ပြီ ကိုကိုသူအားချစ်ပါတယ်လို့ဝန်ခံပြီးတဲ့နေ့ကတည်းကဂျောင်ကုအတွေးတွေဟာ ကိုကို့အချစ်ကိုသူလက်ခံသင့်ရဲ့လား ကိုကို့အပေါ်မတရားရာရောကျနေမလား စသောအတွေးများဖြင့် သူ‌ကောင်းကောင်းအိပ်မပျော်ခဲ့ခုချိန်မှာ ချစ်ရတဲ့ကိုကို့အတွက် သူခနတာလေးပျော်ရွှင်ရရင်လဲကျေနပ်မည် တချိန်ကိုကိုသူ့ကိုစွန့်ခွာသွားရင်ဆိုတဲ့အတွေးတို့အားသူမေ့ဖျောက်ကာလွတ်လပ်စွာပျော်ရွှင်ချင်မိသည်ကြောင့် ကိုကို့အားချစ်ဖို့ကိုသာသူရွေးခဲ့မိသည် ဒါဟာရူးမိုက်သည့်အတွေးတော့မဟုတ်လေဘူးမလား ...

"ဟင် ကို့ကို ချစ်တယ် ဟုတ်လားကလေးပြန်ပြောပါအုံးကွာ.."

ထယ်ယောင်းအဖြူလုံးလေးအား သူ့ရင်ခွင်ကျယ်ထဲနစ်နေအောင်ဖက်ထားရင်းမေးလိုက်သည် သူပျော်လွန်းလို့ မျက်ရည်ပင် ကျရသည်အထိကလေးငယ်ဖျားနေသည့်နေ့က သူ့အားကလေးစိတ်ထဲမှာရှိနေကြောင်းကိုသိပြီးဖြစ်သော်လဲ ခုသူ့မျက်ဝန်းတို့အားကြည့်ကာ ကလေးက သူ့ကိုချစ်ပါတယ်တဲ့ ဟားး ခုချိန်ကင်မ်ထယ်ယောင်းလောက်ကံအကောင်းဆုံးလူသားဟာ ကမ္ဘာပေါ်မှာရှိမည်မဟုတ် ဘာလို့ဆို ဂျွန်ဂျောင်ကုရဲ့အချစ်ကိုအပိုင်စားရသူမို့လေ..

"ချစ်..ချစ်တယ်ကိုကို ကျနော်လေလူတယောက်ကိုချစ်မိသွားမှာကိုအ‌ကြောက်ဆုံးပဲဒါပေမဲ့ကိုကို့ကို‌တော့ကျနော်ရူးမိုက်စွာရွေးချယ်မိတယ် တချိန်ကိုကို ကျနော့်ကိုမုန်းသွားရင်တောင်ဆက်ချစ်နေမှာ.."

"မင်းရဲ့ရွေးချယ်မှု့မှန်‌‌ကြောင်းကိုယ်သက်‌သေပြမှာ ကိုယ်အသက်ရှင်နေတဲ့တလျှာက်လုံးမ‌လျော့တဲ့အချစ်တွေနဲ့တနေ့ထက်တနေ့ချစ်လာဖို့ပဲရှိတာမို့မုန်းတယ်ဆိုတဲ့စကားဟာအနာဂတ်မှာရောပစ္စုတ်ပန်မှာပါရှိလာမှာမဟုတ်လို့ အဲ့စကားကိုနောက်မပြောမိပါစေနဲ့"

ညိုးငယ်တဲ့အသံလေးနဲ့ပြောလာတဲ့ကလေး မျက်ရည်ကြည်လေးများကဝဲခိုလျက် တချိန်သူမုန်းသွားရင်တဲ့ မဟုတ်ဖူး ကင်မ်ထင်ယောင်းဆိုတဲ့သူ့အတွက် ဂျွန်ဂျောင်ဂျောင်ကု ဆိုတာချစ်ခြင်းတွေပဲပေါက်ဖွားလာဖို့ဖြစ်တည်လာခြင်းအမုန်းဆိုတာဘယ်သောအခါမှဖြစ်တည်လာမှမဟုတ်ကြောင်းဒီကလေးမသိလေလျော့လား ထယ်ယောင်းရင်ခွင်ထဲမှကလေးအားတင်ကျပ်စွာဖက်ထားလိုက်သည် ။ပြီးနောက် သူစားပွဲပေါ်ရှိ နှင်းစီအနီများဖြင့် ဝန်းရံထားသောပန်းစီးကြီးအား ကလေးငယ်ထံပေးလြိက်သည် ။

"သဘောကျရဲ့လား ဒီနှင်းဆီအနီ‌တွေအများကြီးနဲ့ပန်းစီးကြီး ကျတော့ ကို့အချစ်တွေအများကြီးကို ကိုယ်စားပြုတယ် ကလေးလက်ခံပေးမယ်ဆိုမင်းရဲ့ဘဝတလျှာက်လုံး ချစ်ပေးဖို့ကိုယ်တာဝန်ယူတယ် မင်းလေးကအချစ်ခံဖို့သာ ပြင်ဆင်ထားလက်ခံပေးမှာလား ကလေး.."

"ကိုကိုဗျာ စကားတွေတတ်နေတာ ခုကိုကို့အချစ်ကို လက်ခံပြီးပြီးလေ ဒါကဘာအတွက်ဖြစ်ရပြန်တုန်း .."

"ချစ်ပေးရမှာလား အချစ်ခံမှာလားလို့ကိုယ်မေးတာပဲဖြေကွာ .."

ကိုကို့ မျက်ခုံးလေးတချက်ပင့်ကာသူ့အားမေးလာသည့် မေးခွန်းကြောင့် ဂျောင်ကုတွေးမိသည်က ကိုကိုက လူလည်ကြီးပါလေ ချစ်ပေးရမှာလား အချစ်ခံမှာလားတဲ့လေ အဓိပ္ပာယ်တူတူပဲမလားဂျောင်ကုလေးကဘယ်လိုလွန်ဆန်ရပါမည်နည်း

"ပေးပေး လက်ခံတယ် .."

"ဟော ဘာကိုလဲ ရှင်းအောင်ပြောလေကွာ"

"ဟွန့် နှစ်ခုစလုံးပဲ..."

ပန်းနုရောင်နှုတ်ခမ်းလေးဆူကာနှစ်ခုစလုံးပဲလို့ပြောလာသော အဖြူလုံးလေးကြောင့်ထယ်ယောင်းမှာစိတ်မထိန်းနိုင်အောင်ဖြစ်လာရသည် ကြောင့် ..

"ကိုယ့်ကိုအသည်းယားအောင်ကွာ ..."

"ပြွတ်..."

ထယ်ယောင်းထို‌နှုတ်ခမ်းပါးလေးအားအ‌ ပေါ်တလှည့်အောက်တလှည့်ဆုပ်နမ်းရင်းဖြင့်အနူးညံ့ဆုံးအနမ်းများအားဖန်တီးနေမိသည့်အလျောက် တဖက်မှ ကလေးမှာလဲ သူ့လည်တိုင်တို့အားဖက်တွယ်ရင်းသူ့အနမ်းများအားတုန့်ပြန်နေသည်ကြောင့် ထယ်ယောင်းမှာ ကလေးငယ်ရဲ့ခံတွင်းတလျှောက်သူ့ လျှာဖျားတို့အားချယ်လှယ်ရင်းသူ့စိတ်အလိုကျစုပ်ယူစားသုံးနေမိသည်ထိုပန်းနုရောင်နှုတ်ခမ်းပါးလေးဟာ ထယ်ယောင်း လွှတ်မ‌ ပေးချင်မိအောင်ဆွဲဆောင်လွန်းသည် ပြီးတော့နူးညံ့လွန်းတဲ့အထိအတွေ့ဟာလွှတ်မပေးချင်မိသည့် ထယ်ယောင်းအမှားတော့မဟုတ်ချေဖူးမလား မှောင်ဖျဖျအလင်းရောင်နဲ့အတူကောင်လေးနှယောက်ရဲ့အနမ်းတို့မှာ မွတ်သိပ်နေခဲ့သည်

"ဟင်း ..ကိုကို..အင့် .."

"အင်း ..ပြွတ်.."

သူ့အနမ်းတို့ဘယ်လောက်ရှည်ကြာ‌သည်မသိကလေးငယ်ကညည်းသံသဲ့သဲ့လေးကြားမှ သူကလေးရဲ့နှုတ်ခမ်းလေးအားအသံမြည်အောင်စုပ်နမ်းရင်းလွှတ်ပေးမိသည်။

"ဘာ..ဘာလို့လဲ ကလေး.."

ထယ်ယောင်းအနမ်းတိုက်စစ်ဆင်နေတုန်းက သတိမထားမိခဲ့ သေချာကြည့်မိတော့ ကလေးငယ်က မျက်ရည်ကျနေခဲ့သည်တဲ့ ထယ်ယောင်းမှာလန့်သွားရသည် သူ့လွန်သွားပြီလားဆိုသောအတွေးဖြင့်

"ဟင့်အင်း..မယုံနိုင်လို့ အင့် ပျော်လို့ ပါကိုကို.."

"ဟင် ကလေးရာ ကို့မှာစိတ်ပူသွားတာ .."

ထယ်ယောင်း ပါးနုနုလေးထက်မျက်ရည်စ‌ လေးတို့အားအားသုတ်‌ ပေးရင်းပြောလိုက်သည်ကလေးမျက်နှာလေးမှ ရှက်သည်ကြောင့်‌လားမျက်နှာလေးမှာရဲနေသည်

"ကိုတို့ညစာစားကြမလား .."

"ဟင့်အင်း မစားချင်ဖူးကိုကို.."

"ဘာလို့လဲ ကိုယ်စီစဉ်ထားတာ သဘောမကျလို့လား "

"ကိုကို့အချစ်တွေနဲပြည့်နေလို့လေ ဘာမှမစားနိုင်တော့ဘူး .."

"ဟားး အတတ်လေးကွာ ဘယ်သူ့အပိုင်မို့ပါလိမ့် .."

"ဟော့ဒီက ကိုကိုကင်မ်ထယ်ယောင်းအပိုင်လေးပါဗျ .."

သူ့ရင်ခွင်ကျယ်အားလက်ညှိုးလေးထိုးကာ သူ့အပိုင်လေးပါလို့ပြောလာသော ကောင်လေးအားထယ်ယောင်းသူ့အပိုင်အဖြစ် တံဆိပ်ရိုက်နှိပ်ချင်ပြီဖြစ်သည်။ထယ်ယောင်းရင်ခွင်‌ထဲတင်းကျပ်နေအောင်ဖက်ထားလိုက်ပြန်သည်။

"ဟာကွာကိုကို့ ကိုခြွေနေတော့တာပဲ ကြာရင်ကို့နှလုံးသားလေးရောဂါရမှာစိုးရတယ် .."

"ကိုကို အပိုကြီးဗျာ.."

"မပိုဘူးလိုသေးတာသိလားကွ ..ကိုယ်ပြင်ပေးထားတဲ့ညစာကိုကလေးမစားဘူးဆိုတော့ ဒီညညစာ အဖြစ်ကို့ကိုစားပါလားဟင် ..."

"ဗျာ.."

ကိုကို့စကားကြောင့် ဂျောင်ကု နားရွက်ဖျားလေးတွေနီကာ ပါးမို့လေးမှာလဲချက်ချင်းရဲတက်လာသည်အရှက်မရှိတဲ့လူကြီး ဘာတွေပြောမှန်းမသိ

"ဘာလဲရှက်တာလားမျက်နှာလေးတွေရဲနေတာပဲကွာ.."

ထယ်ယောင်း ရင်ခွင်ထဲမှမျက်နှာလေးအားကြည့်မိတော့သူ့စကားကြောင့်ရှက်နေသည်ထင်မျက်နှာလေးတွေရဲနေသည်ကိုထယ်ယောင်းသတိထားမိသည်ကြောင့်ထယ်ယောင်းစလိုက်ခြင်း တဆက်တည်းအရှက်သည်းနေသောခရမ်းချဉ်သီးလေးအား သူ့မျက်နှာချင်းဆိုင်ဖြစ်အောင် ရင်ခွင်ထဲမှထုတ်လိုက်သည် ။

"တကယ်မစားဘူးလား ကို့ကိုဟင် .."

"ကိုကိုဗျာ အရှက်လည်းမရှိဘာတွေပြောနေတာလဲ .."

ရှက်စိတ်ကြောက့်ဂျောင်ကုမျက်နှလေးမှာတဖက်သို့လှည့်သွားသည် ။

"ဒီည ကိုယ်နဲ့နေပေးပါလား ကလေး.."

"ဟင် .."

ကို့ကို့စကားကြောင့် သူ့ဘာပြန်ပြောရမလဲမသိခုချိန်ဂျောင်ကုလေးရှက်နေတာပဲသိသည်။

"အန်တီကို လည်းကိုခွင့်တောင်းထားတာဆိုတော့ ကလေးဒီမှာပဲအိပ်လိုက်တော့ ကို့အခန်းစီစဉ်ပေးမယ်နော် .."

"ဗျာ .."

ဂျောင်ကုသူ့အတွေးနဲ့သူရှက်သွားသည် ကိုကိုက ရိုးရိုးသားသားကို သူဘာတွေတွေးနေတာပါလိမ့် ရူးနေပြီ ဂျွန်ဂျောင်ကုရေ

"ဟားး ဘာလဲ ကိုနဲ့အတူအိပ်ချင်တာလား ကလေးက .."

ထယ်ယောင်းအရှက်သည်းလေးအားတမင်စလိုက်ခြင်းဖြစ်သည် သူနေပေးပါပြောတော့အံ့ဩသွားသောကလေးအားသူရိပ်မိပါသည် ဒါကြောင့် သူတမင်စလိုက်ခြင်း ..

"အားး ကိုကိုခများ...အကျင့်ပုတ်.."

"ဟောဗျာ..မချစ်ဖူးလား "

မျက်စောင်းလေးထိုးကာဆူအောင့်အောင့်လေးဖြင့်စားပွဲ‌ေဘးရှိထိုင်ခုံ‌ေပါ်တွင် ထယ်ယောင်းအား ကြည့်လာသောကောင်လေးကြောင့်ထယ်ယောင်းမှာအချစ်ပိုရပြန်သည် တကယ့်ကလေးးပါဆို ..

"ချစ်တယ်.."

"ချစ်စရာလေးဗျာ .ဒီညကို့ကို ကလေးအပိုင်လေးဖြစ်ခွင့်ပေးပါလား.."

ဒီတခါတော့ ကိုကို့မျက်ဝန်းတွေဟာစနောက်နေခြင်းမဟုတ်အတည်ပေါက်ကြီး ဂျောင်ကုကိုကို့ကို ချစ်သည် ဒါဒါပေမဲ့ ကိုကိုတောင်းဆိုလာသည့်အရာအား သူသူလိုက်လျောသင့်ပါရဲ့လား

ထယ်ယောင်းခုချိန်မှာကလေးအား သူ့အပိုင်အဖြစ်တံဆိပ်ခပ်ထားချင်ပြီဖြစ်သည် ဘယ်လိုပဲဖြစ်ဖြစ်သူ့အပိုင်ဖြစ်လာမှာမှန်ပေမဲ့ သူ့ချစ်ရသူရဲ့အချစ်ကိုပိုင်ဆိုင်ပြီးလျက်ဖြစ်သည်သူ့ဟာချစ်ရသူရဲ့အ‌‌ သွေးသားကိုပါပိုင်ဆိုင်ချင်မိပြန်သည့်ထယ်ယောင်းဟာလောဘကြီးနေမိပြီလား

"ကလေးအဆင်မပြေလဲရပါတယ် ကိုယ်လောမိသွားတာပဲ.."

မျက်နှာလေးညှိုးငယ်စွာပြောလာသောကိုကို့ကြောင့် ဂျောင်ကုစိတ်မကောင်းမိသလို ဘာပြန်ပြောရမလဲမသိတော့

"...'

"ကိုယ်ကလေ ကိုချစ်တဲ့မင်းကို ကို့အပိုင်အဖြစ်သတ်မှတ်ထားချင်တာအဲ့တာမှကို့အပိုင်လေးကိုဘယ်သူမှထိလို့မရမှာချစ်ရသူကလက်မခံတော့လဲ.."

ကိုကို့မျက်ဝန်းညိုတွေမှာ မျက်ရည်ကြည်တချို့ရစ်ဝိုင်းလာသည် ကိုကိုက သူ့ကိုသိပ်ချစ်လွန်းလို့သူ့အပိုင်အဖြစ်သတ်မှတ်ထားချင်ပါသည်တဲ့ အင်းကိုကိုပုံစံအားသူ့မကြည့်ရက်သည်ကြောင့် ကိုကို့ဆန္ဒတို့အားသူလိုက်လျောရမည် ဘယ်လိုပင်ဖြစ်ပါစေ ကိုကို့ပျော်ဖို့သာဂျောင်ကုအတွက်အရေးပါသည်မို့ လွယ်တယ်လို့ထင်ရင်လဲသူမတတ်နိုင်တော့ပေ ချစ်လွန်းလို့သူမျက်စိစုံမှိတ်ကာဆုံးဖြတ်ချက်တခု ချလိုက်သည်က .."ကိုကို့သဘောပါ"တဲ့လေ

"ဟင် တကယ်လားကလေး..."

"အွန်း.."

"ချစ်လိုက်တာဗျာ ကို့အသဲသက်လေး.."

ဂျောင်ကုပြုံးရင်းခေါင်းငြိမ့်လိုက်တော့ ကိုကို့ရဲ့ညိုးငယ်တဲ့မျက်နှာလေးဟာချက်ချင်းတောက်ပတဲ့အပြုံးတို့ဖြင့်ပြန်လည်ဝင်းပလာခဲ့သည် ဂျောင်ကုမြင်ချင်တာက ဒီအပြုံးလေးဖြစ်သည် ဒါကြောင့်သူနောင်တမရတော့ပါလေ။

လူတယောက်ကိုနက်ရှိုင်းစွာချစ်မိပြီဆိုရင်ကိုယ်တန်ဖိုးမဲ့သွားနိုင်သည်ကို မတွေးနိုင်တော့တဲ့အထိ နစ်မွန်းမိသွားတာမျိုး အချစ်ဆိုတာ ခုလိုလဲမာယာများတတ်ပါသည်တဲ့..

.....
ဆက်ရန်~~


You are reading the story above: TeenFic.Net