Love Equation ❣️

Background color
Font
Font size
Line height

အချစ်ဆိုတာ ဘာလဲလို့မေးရင် ကိုယ့်အတွက်က မျက်လုံးဝိုင်းလေးရယ် ပါးလွှာတဲ့ပန်းနု‌ ရောင်နှုတ်ခမ်းပါးလေးအောက်က မှဲ့နက်တစုံကို ပိုင်ဆိုင်ထားတဲ့ ကို့ချစ်သောလေးပါလို့ပဲဖြေမိမှာ မင်းနဲ့စုံတွေ့ပြီးနောက်မင်းကလွဲပြီးဘယ်သူ့ကိုမှမမြင်နိုင်တော့တဲ့ ကိုယ်ဟာတကယ့်ကိုအချစ်ရူးလေးဖြစ်နေမိပြီထင်ပါရဲ့ နိုးထလာမယ့် မနက်ဖြန်တိုင်းကို မင်းနဲ့ပဲစတင်ပြီး ညဉ့်နက်လာတဲ့အမှောင်ယံထုမှာကို့မျက်ဝန်းတွေမှေးစက်ဖို့ရာလဲ နွေးထွေးလွန်းတဲ့ မင်းရင်ခွင်တစုံရယ် မင်းမျက်ဝန်းလေး‌ တွေကို‌ ငေးကြည့်ရင်းပဲ ကိုဟာအဆုံးသတ်ချင်မိပါရဲ့ ဘယ်လိုပြောရမလဲ ကိုယ်ဟာ မင်းရဲ့အချစ်နွံထဲမှာ လှလှပပကြီးနှစ်မွန်းမိနေပြီဖြစ်သည်...

"မေမေ လူတယောက်ကိုချစ်မိရင် အသန့်စင်ဆုံးသောအရာတွေကိုပဲကိုယ်ချစ်ရတဲ့သူအပေါ်ပုံအပ်ရတာမလား ..."

"သားငယ် .."

"မသန့်စင်တဲ့သူတယောက်အတွက် လူတယောက်ဆီကအချစ်ခံဖို့ရောထိုက်တန်ပါ့မလား  .."

"ဘာလို့ခုလိုပြောရတာလဲ သားငယ် လူတိုင်းကအချစ်ခံဖို့ထိုက်တန်တယ်ဆိုတာသားလေးမှတ်ထား ပြီးတော့ လူတိုင်းအလုံးစုံပြည့်စုံလွန်း‌ နေတာ ဘယ်သူမှမရှိဘူးလူတိုင်းမှာ ပြစ်ချက် အနာအဆာဆိုတာရှိမြဲပဲသား .."

"ဒါပေမဲ့ မေမေ ပြင်လို့မရတဲ့အမဲစက်စွန်းထင်နေတဲ့သူဆိုရင်ရော .."

သူမရှေ့၌မျက်ရည်များ စီးကျကာပြောနေသောသားငယ်ကြောင့်ဂျောင်ဟယ်စိတ်မကောင်းဖြစ်မိသည် နုနုနယ်နယ်နှလုံးသားလေးနဲ့သူမသားငယ်လေးအားအချစ်‌ေကြာင့်နာကျင်‌ နေရမည်ကိုဂျောင်ဟယ် မကြည့်ရက်ပါ

"ချစ်မိပြီဆိုရင်အဲ့လိုအရာတွေက အရေးမပါတဲ့အကြောင်းပြချက်သက်သက်ပါသားငယ် ရယ်ချစ်မိပြီဆိုရင်ဆံနွယ်‌ လေးတချောင်းချင်းစီကစ ဟိုးခြေဖဝါး‌ လေးရဲ့ခြေချောင်းလေးတွေအဆုံးဘယ်လိုအပြစ်အနာဆာတွေပဲရှိရှိအမြတ်တနိုးတန်ဖိုး ထား‌တတ်ကြတာ သားငယ်လေးသိရဲ့လား "

"ဟင့်အင်း မေမေ ဒါပေမဲ့သားကြောက်တယ်.."

"အို သားငယ်လေးရယ် ဘာလို့ခုလိုတွေပြောနေရတာလဲ "

သားငယ်ခေါင်းလေးအားပုတ်ကာ ကလေးရဲ့မျက်ရည်စတို့အားသုတ်ကာ သူမရင်ခွင်တွင်းသို့နစ်နေအောင်ဖက်ထားလိုက်သည် တနေ့ဒီလိုမျိုးနေ့ရက်တွေရောက်လာမည်ကိုသူမကြိုသိနှင့်ပြီး မနာကျင်စေချင်ဘူး နဂိုကတည်းကစိတ်ဒဏ်ရာတွေနဲ့က‌လေးတယောက်မို့

"ဟင့် ထယ်ယောင်းက သားကိုချစ်တယ်တဲ့မေမေ ဒါ ဒါပေမဲ့ .."

ဂျောင်ကုအသံငယ်လေးဟာတိမ်ဝင်သွားသည် သူ့အားတနေ့ထက်တနေ့ ဂရုစိုက်ပြီးချစ်ပေးတတ်သောထယ်ယောင်းကြောင့် ဂျောင်ကုစိတ်လေးဟာကြည်နူးရသည် ဒါပေမဲ့ ထယ်ယောင်းအပေါ်သံယောဇဉ်တွယ်မိလေတဖက်မှ အတိတ်ဆိုးကြီးဟာ သူအားခြောက်လန့်နေမြဲဖြစ်သည် ကိုယ်တိုင်ကျူးလွန်မိတဲ့အမှားမဟုတ်သည့်တိုင်အောင်‌ ‌မဖိတ်‌ခေါ်ခဲ့ပဲရောက်လာခဲ့သောအတိတ်ဆိုးကြီးဟာဘယ်လိုပဲ‌‌ ဆေးကြောပါစေမသန့်စင်နိုင်‌တော့ဖြူစင်သန့်ရှင်းတဲ့ ထယ်ယောင်းအချစ်များနဲ့သူဟာ တကယ်ရော ထိုက်တန်ပါရဲ့လား ထိုအတွေးဟာ ညစဉ်တိုင်းဂျောင်ကုလေးရဲ့ အတွေးထဲမှာ စိုးမိုးလျက်ရှိသည်

"အင်း ထယ်ယောင်းလေးက သားကိုသိပ်ချစ်တယ်ဆိုတာ မေမေရိပ်စားမိပါတယ်ကလေးရယ် သားကိုတကယ်ချစ်ရင် သူလက်ခံပေးနိုင်မယ်လို့မေမေယုံကြည်တယ် အဲ့ကြောင့်အများကြီးမတွေးပဲ သားငယ်လေးစိတ်စေရာအတိုင်းပဲ ခံစားပြစ်လိုက်ပါကွယ် သားငယ်လေးမနာကျင်ရအောင်မေမေက ကာကွယ်ပေးမှာမို့  မငိုပါနဲ့ကလေးရယ်"

"သား ..သားလေထယ်ယောင်းကိုချစ်မိနေပြီမေမေ ..ပြီးတော့ သားရဲ့ဖြစ်တည်မှု့ ..ဟင့် "

"ရှူးး ဆက်မပြောပါနဲ့တော့ကလေးရယ် မေမေရှိတယ်နော်ဒါကြောင့် ဒီအကြောင်းတွေကိုထယ်ယောင်းကို မပြောရဘူးနော်သားငယ် သားငယ်ဖြစ်ချင်တဲ့အိပ်မက်တွေဖြစ်ဖို့ မေမေဖန်တီးပေးမှာ ...မေမေ့စကားကိုနားထောင်နော် .."

သားငယ်လေးပျော်ရွှင်ဖို့ဟာမေမေရဲ့ တခုတည်းသောအတ္တပါ ဂျောင်ဟယ် သားငယ်အားသနားမိသည် ဘယ်လိုပင်ဖြစ်ပါစေ သားငယ်လေးအားမနာကျင်အောင် သူမကာကွယ်ပေးမည်

"ဟင့် ဒါ .."

"အများကြီးငိုထားရလို့ သားငယ်ပင်ပန်းနေရောပေါ့ အိပ်လိုက်တော့နော်မေမေအခန်းထဲလိုက်ပို့ပေးမယ်လိမ္မာတယ်မေ့သားလေးက "

ဝမ်းနည်းလွယ်သော သူမ၏သားငယ်ဟာတခါငိုရင် အငိုမပြတ်တော့သည်မို့ဂျောင်ဟယ်ဖျောင်းဖျလိုက်သည် မဟုတ်တဲ့အတွေးတွေ‌ ဖြင့်သိမ်ငယ်နေမည်ကိုလဲ သူမစိုးရိမ်မိသည်ကြောင့် စိတ်မောတာပြေပျောက်စေရန် သားငယ်လေးအားအိပ်စက်ကာအနားယူစေမည် သူမအတွေးထဲမှာတော့ အကြောင်းအရာတချို့ကိုစဉ်းစားနေမိသည်  

.....

တဖက်မှ ထယ်ယောင်းမှာလဲအနာဂတ်လေးအတွက် ဟူသောစိတ်ကူးလေးဖြင့် သက်ဆိုင်ရာ လုပ်ငန်းများအားကြိုးစားသင်ယူနေသည် နဂိုကတည်းက ထယ်ယောင်းက စီးပွားရေး မေဂျာနဲ့ကျောင်းပြီးထားသူတယောက်မို့ လုပ်ငန်းပိုင်းတွေအား အထွေအထူးတော့ အားမစိုက်ရ ထယ်ယောင်းအတွက် အဆင်ပြေသည်ဟုဆိုရမည် ။

"ဒေါက် !ဒေါက် "

"ဝင်ခဲ့ .."

"ဟဲဟဲ ဖေဖေ .."

"ပြော ဘာကိစ္စ.."

မနက်က သူနဲ့အတူအလုပ်မသွားရသည်မို့ စိတ်ဆိုးနေသည့် ဖေဖေ့အားချော့ရန် ထယ်ယောင်း ဖေဖေအလုပ်ခန်းထဲသို့ရောက်နေခြင်းဖြစ်သည် တဆက်တည်းဖေဖေဆီမှခွင့်ပြုချက် ကိုလဲတောင်းရမည်ဖြစ်သောကြောင့်

"ဟောဗျာ ဥက္ကဌကြီးကလဲအလုပ်အကြောင်းလေးပြောချင်လို့ကို .."

"အလုပ်ဆင်းတာ တရက်တောင်မပြည့်သေးဘူး အလုပ်အကြောင်းတွေနားလည်နေပြီပေါ့လေ အိုင်းစတိုင်းနဲ့ဘာတော်သလဲ ကင်မ်ထယ်ယောင်း "

"ဟာဥက္ကဌကြီးကလဲ .."

"တော်အလုပ်သင်ယူရတာ အဆင်ပြေရဲ့လားသားထယ် .."

"ဟုတ် ဖေဖေကျနော့်အတွက်ရုံးပိုင်းဆိုင်ရာ‌ေတွကအရမ်းမခက်ပါဘူး နောက်ရက် Production ဘက်ကို လေ့လာရမယ်ကျ နော်တို့ကုမ္ဗဏီရဲ့ထုတ်ကုန်တွေကိုဘယ်လိုစံညွှန်းတွေနဲ့ ထုတ်လဲဆိုတာ သိဖို့လိုမယ် ပြီးတော့ လိုအပ်ချက်တွေရှိရင် ဘယ်လိုကောင်းမွန်အောင်ပြင်ဆင်လို့ရမလဲသိ အောင်အဲ့တာတွေတော့လေ့လာရအုံးမယ် "

"ဟုတ်ပါပြီ ဒီလိုဆိုတော့ ငဂျစ်လေးကမဆိုးပါဘူး တမှတ်ပေးတယ် "

"တမှတ်ပဲလား ဖေဖေကလဲ .."

"တမှတ်ဆိုတာလွန်နေပြီ ..မနက်ကကိစ္စသိပ်မကြည်ဘူးနော် "

"စိတ်မဆိုးပါနဲ့ဖေဖေရာ ဒါနဲ့ သားဖေဖေကိုအသိပေးစရာလေးရှိတယ် "

"အွန်းပြော  .."

" ဟို သားမှာ မြတ်နိုးရမယ့်သူရှိနေပြီဖေဖေ .."

"ဟေ ဘယ်လို .."

သားဖြစ်သူစကားကြောင့် ကင်မ်ထယ်ဆောင်းတို့အံ့ဩရပြန်သည် ဒါကြောင့် ခုရက်ထဲအချိုးတွေပြောင်းနေတာဖြစ်မည် အစောကတည်း ဒီကောင်မရိုးဘူးဆိုတာသူသိပါသည်

"ဟုတ်တယ် ဖေဖေ သားလေသူ့ကိုလက်ထပ်ချင်လို့ "

"ချက်ချင်းကြီး.."

"သားသူ့ကိုအပိုင်လိုချင်ပြီဖေဖေရ အဲ့တာဖေဖေတို့ဆီကခွင့်ပြုချက် မဟုတ်သေးဘူးအသိပေးတာပါဖေဖေ "

"အဲ့ကြောင့်မင်းခုရက်အချိုးပြောင်းနေတာပေါ့ မီကတော့သားလေးလိမ္မာလာပြီဆိုပြီးဝမ်းသာနေတာ မင်းဖေဖြစ်တဲ့ငါက မင်းအကြောင်းကြိုသိနေတာမို့မအံ့ဩတော့ပါဘူး "

"အဲ့ဒါဖေဖေသဘောကရော သဘောမတူလဲသားကရအောင်ယူမှာပဲ "

"တော်တော်ဖြစ်နေတယ်ဟက်လား သူမဘယ်သူလဲဖေဖေကိုပြောလိုက်တောင်းပေးမယ်ကွာ..."

နဂိုကတည်းက သားဖြစ်သူအားသဲသဲလှုပ်ကာချစ်ရသည့်သူမို့ သားထယ်ပျော်ဖို့သည်သာ ကင်မ်အိမ်တော်ရဲ့နံပတ်တစ်ဆန္ဒဖြစ်သည် မီလဲ သဘောတူမှာသူကြိုသိသည်ခုကတည်းကအပိုးကျိုးနေသောသားဖြစ်သူဟာ ချစ်ရ‌သူလေးအားဘယ်လောက်တောင်တန်ဖိုးထားမည်ဆိုတာလဲ သိသည် ဒါကြောင့်လူရွေးမမှားနိုင် ချွေးမလေးအား ကင်မ်ထယ်ဆောင်းတို့သိချင်လှပြီဖြစ်သည်

"အားး ချစ်လိုက်တာဖေဖေရာ ဖေဖေ့သားမက်လေးနဲ့နောက်တော့ မိတ်ဆက်ပေးမှာပေါ့ ခုတော့သားသွားပြီ "

အပျော်လွန်နေသောသားဖြစ်သူအားကြည့်ကာ ကင်မ်ထယ်‌ဆောင်းတို့သဘောကျလျက်ရှိ သည် ဒါနဲ့သားသမက် ဟမ်

"ဟိတ်ကောင် သားသမက် ဘာပြောတာလဲကွ ..."

ရုံးခန်းအတွင်းအော်ဟစ်ကာကျန်ခဲ့သောဖေဖေအား ထယ်ယောင်းလျစ်လျူရှု့ထားခဲ့သည် ဘယ်လိုပဲ၊ဖြစ်ဖြစ်ဖေဖေထံမှခွင့်ပြုချက်လဲ ရပြီးပြီမို့ အန်တီဂျောင်ဟယ်ထံမှာခွင့်တောင်းဖို့သာကျန်တော့မည်ဖြစ်သည်။

ထယ်ယောင်းရဲ့ပျော်ရွှင်နေတဲ့စိတ်လေးဟာအစိုးမရတော့တနေကုန်သူပြုံးနေမိသည် အလုပ်ဆင်းချိန် ရောက်ဖို့ကို သူမစောင့်နိုင်တော့ပေ ချစ်ရသူလေးအားလွမ်းနေပြီမို့ ခုချိန်ကို့ကလေးရော ကို့ကိုများလွမ်းနေမလားဟူသော စိတ်ဖြင့်သူအတွေးတို့အားကြီးစိုးလျက်ရှိသည် ။

.....

"အင်းးဟင်းး ..."

အခန်းငယ်လေးအတွင်းမှာညီးညူနေသောကောင်လေးတယောက် ခေါင်းတို့အားရမ်းကာ မှိတ်ချထားသော မျက်ဝန်းတို့မှ မျက်ရည်တို့ရွှဲ့နစ်လျက် ကြောက်စိတ်ကြောင့် သူ့ခန္ဓာကိုယ်လေးအား ကျုံထားမိသည်

"ဟင်းး မလာ..မလာပါနဲ့ .."

"ကြောက်လို့..မေမေ သ ..သားကိုကယ်‌ပါအုံး အားးး.."

"သားငယ်။ !! ဘာဖြစ်လို့လဲ ဟင် "

သားငယ်အော်သံအဆုံး ဂျောင်ဟယ်လဲ သားငယ်အခန်းထဲ့သို့အပြေးဝင်လာခဲ့သည် နေလယ်ကထည်းကအိပ်ပျော်နေသောကလေးအားသူမမနှိုးမိခဲ့ ဘာလို့ဆို စိတ်ပင်ပန်းနေသောကလေးနှစ်ခြိုက်စွာအိပ်ပျော်နေခြင်းကြောင့် ညနေစောင်းမှ သားငယ်အခန်းမှ အော်သံကြားရသည်မို့ သူမလုပ်လက်စအလုပ်များအားပစ်ကာ အပြေးဝင်လာခဲ့သည် ပြီးနောက်ကုတင် ပေါ်မှကလေးအားဖက်ထားလိုက်သည် သူမခံစားလိုက်ရသည်က ပူကျစ်နေသော ခန္ဓာငယ်လေး သူမသားငယ်လေး ငိုရသည်ကြောင့် ဖျားသွားသည်ထင်

"ပူကျစ်နေတာပဲ သားငယ်ဖျားနေပါရောလား .."

"ဟင်းး မေမေ ခေါင်းတွေတအားကိုက်တယ် ဟင့် "

ငိုသံလေးဆွတ်ကာပြောနေသောကလေးအားကြာ့်ကာသူမစိတ်မကောင်း

"အင်းပါ သားလေးရယ်ခနလေးစောင့်မေမေ နမ်ဂျွန်းကို ဖုန်းဆက်လိုက်အုံးမယ်နော်.."

"အွန်း.."

လေးငြိမ့်ပြသောကလေးးအားဂျောင်ဟယ်ပြုံးပြလိုက်သည် တကယ့်အလိမ္မာလေး

"အဲ့ဆို မေမေအပြင်ခနသွားလိုက်မယ်သားငယ်လေးလှဲနေနော် ခနလေးပဲ.."

ခေါင်းလေးငြိမ်ပြသော ‌သားငယ်လေးကြောင့် သူမအခန်းပြင်ခန ထွက်လာခဲ့သည် ပြီးနောက် နမ်ဂျွန်းလေးအားဖုန်းခေါ်ရသည်

"ဟယ်လို သားနမ်ဂျွန်း မင်းညီလေးအဖျားတွေတက်နေလို့ ဆိုင်ဘက်ကို လာခဲ့ပါအုံးကွယ် "

"ဟုတ်ကဲ့ အန်တီ သားချက်ချင်းလာခဲ့ပါမယ် .."

တဖက်မှ စိုးရိမ်သွားသောကောင်လေးမှာ ဆေးရုံအတွင်းမှ အမောတကောဖြင့်ပြေးထွက်လာခဲ့သည်

"ဟျောင့် နမ်ဂျွန်း duty ချိန် .."

"ဟိုဒီနေ့ ငါ့အစားမင်းဝင်ပေးထားကွာ ဂျွန်ဟို ကလေးအဖျားတွေတက်နေလို့ငါသွားကြည့်ပေးရမယ် "

"အေး အေးးပါကွာ ဂရုစိုက်သွားအုံးဟျောင့် .."

"အွန်း.."

ပြေးထွက်သွားသော သူငယ်ချင်းအားကြည့်ကာ ဂျွန်ဟို ခေါင်းရမ်းမိသည် ဒီလောက်သည်းသည်းလှုပ်နေတဲ့ကောင် ဘာလို့ကောင်လေးအားဖွင့်မပြောသေးသည်လဲ ဂျွန်ဟိုလဲမတွေးတတ်တော့ ဂျွန်ဟိုမှာ ဂျောင်ကုလေးနှင့် သူငယ်ချင်းဖြစ်သူအကြောင်းသိသူမို့ အတိတ်ဆိုးတွေရှိခဲ့ပေမဲ့ ဒါဟာလဲရက်စက်လွန်းသောကံကြမ္မာ‌ ကြောင့်သာ ဖြူစင်သော ဂျောင်ကုလေးနှင့် သူငယ်ချင်းအားသူသဘောတူပါသည် ဘာလို့ဆို နမ်ဂျွန်း ဂျောင်ကုအားသဘောကျနေသည်ကို ဂျွန်ဟို တယောက်သာသိသည်မို့ဖြစ်သည် ။

"အန်တီ ကလေးရော.."

"အော် သားထယ်ယောင်းလေးရောက်လာတာနဲ့အတော်ပဲကွယ် ဂျောင်ကုလေးအဖျားတွေတက်နေလို့သား အဲ့တာ သားခနလောက်အတူနေပေးလိုက်ပါ အန်တီသားငယ်လေးအတွက် ဆန်ပြုတ်လေးလုပ်ချင်လို့ .."

"ဗျာ ကလေးဖျားနေတယ် မနက်ကမှအကောင်းကို.."

"မင်းညီကအဲ့လိုပဲနဲနဲချူချာတယ် သားရဲ့ "

"အဲ့ဆိုကလေးဆီသွားလိုက်မယ်နော် .."

"ဟုတ်ပါပြီကွယ် .."

ထယ်ယောင်းမှာ လွမ်းတဲ့စိတ်လေးအားမနည်းထိန်းချုပ်အလုပ်တွေလုပ်နေရသော်လည်း စိတ်များက ကလေးဆီမှာသာ ဒါကြောင့်အလုပ်ဆင်းချင်း ကလေးဆီသို့သားအမောတကောပြန်လာခဲ့သည် လွမ်းလွန်းလို့မျက်နှာလေးကိုတွေ့ချင်လို့ပင် အန်တီဂျောင်ဟယ် စကားကြောင့် ထယ်ယောင်းစိတ်ပူသွားရသည် ဖျားနေသည်တဲ့ ဒီကလေးမနက်ကမှအကောင်းကိုမဟုတ်သူ့အား လွမ်းလို့များလားလွမ်းဖျားဖျားသွားသည်လားမသိ

ထယ်ယောင်းကလေးအခန်းထဲရောက်တော့ ကုတင်ထက်မှကွေးကွေးလေးအိပ်နေသောကလေးအဖျားရှိန်ကြောင့် ပါးလေးတွေမှာ နဂိုထက်ရဲနေသည် ထက်ယောင်းနဖူးပေါ်လက်လေးတင်လိုက်တော့ ပူကျစ်နေသည် ကို့ကိုစိတ်ပူအောင်လုပ်ပြန်ပြီကွာ ထယ်ယောင်းအတွေးတို့ပြင့်လကလေးအခန်းမှ ပုဝါတခုအားယူကာ အပူရှိန်ကျစေရန် ရေဇလုံတခုထဲသိုနှစ်လျက် ညှစ်ပြီး ကလေးနှဖူးပေါ်လေးတင်ပေးထားလိုက်သည်

"ကိုယ့်ကို စိတ်ပူအောင်သိပ်လုပ်တာပဲကလေးရာ .."

ထယ်ယောင်းလက်ဖဝါးနုနု‌လေးအားဆုပ်ကိုင်ထားသည်

"မေ မေ.. ဟင်းး .ခေါင်းကိုက်တယ် .."

"ကြောက်..လို့ပါ လွှတ်ပေးပါ .ဟင်းး .."

အဖျားရှိကြောင့် ကယောင်းကတမ်းတွေပြောနေသောကလေးဟာ။မျက်ရည်တို့ စီးကျလျက်ထိုမျက်ရည်စများဟာ ထယ်ယောင်းကိုပါထပ်တူနာကျင်စေသည် ထယ်ယောင်းလက်ဖဝါးငယ်လေးအား ပို၍ပင် တင်းကျပ်စွာဆုပ်ကိုင်ထားသည်

"ကိုကို ရှိတယ် မကြောက်နဲ့နော် .."

"ကို ..ကို ကျနော့်ကို မထားခဲ့ပါနဲ့ ဟင်းး ..ချစ်တယ် ကို ကို ..မထားခဲ့ပါနဲ့ "

"ဟင် .."

မြတ်နိုးရသူလေးရဲ့နှုတ်ဖျားက သူကိုချစ်တယ်လို့ပြောလိုက်သည်လား ထယ်ယောင်းထိုအချိန်ခနကြောင်မိသွားသည် အဖျားရှိန်ကြောင့်ယောင်‌ပြောနေသော ကလေးစကားကြောင့် ထယ်ယောင်းမှာပျော်ရမည်လားမသိ စိတ်ထဲမှာပိတိဖျာနေသည် နေကောင်းသွားရင် တော့ဖြင့် ခုလိုလေးထပ်ပြောခိုင်းရမည် အရှက်သည်းနေမည် ကလေးမျက်နှာလေးအားထယ်ယောင်းမြင်ယောင်နေမိသည် ။

"ဒီမှာ တစိတ် ဖယ်ပေးပါ .."

"ဟမ် မင်းး..."

"သားထယ်ယောင်း နမ်းဂျွန်လေးက သားငယ်ကိုကြည့်ပေးမလို့ပါကွယ် ခနလောက် ဖယ်ပေးလိုက်ပါအုံး "

"ဟုတ်အန်တီ .."

ထယ်ယောင်းက‌လေးနားမှာမမြင်ချင်ပါသော‌ထိုလူ ဘယ်လိုရောက်လာသည်လဲ ပြီးတော့ ထို့လူရဲ့ကလေးငယ်အားကြည့်တဲ့မျက်ဝန်းတွေ မြွေမြွေချင်းမို့ခြေမြင်သည်ပြောရမလားထိုလူ့ရဲ့ အကြည့်တို့ဟာ သူ့အပိုင်လေးအားသဘောကျနေသည့်အရိပ်ယောင်များအားထယ်ယောင်းသိသည်

"အဖျားတွေတအားတက်နေတာပဲ အန်တီကလေးကဘယ်လိုဖြစ်တာလဲ ဗျ ..."

"မနက်ကအကောင်းပဲသား ညနေမှအဖျားတက်တာ"

"ဟုတ်ပါပြီ သားအဖျားကျ‌ဆေးထိုးပေးလိုက်မယ် ကလေးနိုးလာရင်ဆေးသောက်ဖို့ပါ ဆေးတွဲပေးခဲ့ပါ့မယ် "

"ကျေးဇူးပါသားရယ် ချက်ချင်းလာခဲ့ပေးလို့ .."

"ကလေးတွက်ပဲ အန်တီရာ ရပါတယ်ဗျ "

ထယ်ယောင်းမှာထိုလူ့အားကြည့်မရတော့ သူ့အပိုင်လေးအား ပိုင်စိုးပိုင်နက်ဖြင့် ကလေးဟုဆိုပဲ ထိုအသုံးအနှုန်းအားထယ်ယောင်းသဘောမကျပါ

နမ်းဂျွန်း လဲ ကလေးငယ်အား လိုအပ်သည်များပြုလုပ်ပေးပြီးနောက် ခေါင်းလုံးလေးအားပွတ်သတ်ပေးနေမိသည် အိပ်ပျော်နေလိုက်တာ တကယ့်ကလေးးလိုပဲကွာ..နမ်ဂျွန်းပါးချိုင့်များပေါ်သည်အထိပြုံးနေခဲ့သည်

"ဒီမယ် ဟိတ်လူမင်းရဲ့အဲ့လက်တွေကိုဖယ်လိုက်  မင်းနဲ့ငါ စကားပြောရအောင်.."

ထဖက်လူ ရဲ့စကားသံအဆုံး နမ်ဂျွန်းအတွေးလေးပျက်သွားခဲ့သည်။

အပြစ်ကင်းစွာအိပ်ပျော်နေသော ကလေးငယ်ရဲ့ မျက်နှာလေးအားတချက်ကြည့်ကာ နမ်ဂျွန်း လဲ ကလေးငယ် အခန်းမှ ထွက်လာခဲ့သည် အပြင်သို့ရောက်သော်

"မင်းကို ‌ပထမဆုံးအနေနဲ့ပြောချင်တာ ငါ့ကလေးကို အစောကလိုမထိတွေ့ပါနဲ့ ငါမကြိုက်ဖူး"

"ဟက် ..ငါ့ကလေးး"

"မင်းဘာရီတာလဲ .."

"sorry သဘောကျမိလို့ပါ သူခိုးကတပြန်ကြီးလာပြောနေလို့ပါ ..."

"ဘာကွ မင်းး.."

ထယ်ယောင်းရှေ့က လူစကား‌ ကြောင့်ထိုလူ့ရဲ့အက်ျကော်လံအားဆွဲကာထိုးမည်အပြု

"စိတ်လျှော့ပါ ငါကအမှန်တိုင်းပြောလိုက်ရုံပဲ မင်းနဲ့ငါ ဘယ်သူအရင်ဒီကလေးနဲ့ သိကျွမ်းခဲ့လဲပြန်စဉ်းစား ကြည့် ဘယ်သူ့ကဘယ်သူဆီကလုယူခဲ့တာလဲ ..."

"ဟ လုယူတယ်ဆိုရအောင် မင်းနဲ့ကလေးက ဘာဆိုင်ကျလို့လဲ.."

"အင်းမင်းပြောသလို မဆိုင်ဘူးပဲထားပါ ဒါပေမဲ့ မင်းထက်အရင် ငါက အခွင့်ရေးရခဲ့တာမဟုတ်လားမင်းထက်အရင်ငါက အရိပ်တကြည့်ကြည့်နဲ့သဘောကျခဲ့ရတဲ့ကောင်ပါကွ ဟက်မင်းကနောက်မှပေါက်တဲ့ရွှေကြာပါ ကလေးနဲ့ငါရဲ့သံယောဇဉ်ဘယ်လောက်ကြီးမားလဲ မင်းမှမသိပဲ .."

"မင်းး..."

ထယ်ယောင်းယူဆချက်ဟာ တက်တက်ဆင်အောင်မှန်နေခဲ့သည်ထိုသူက သူ့အနာဂတ်လေးကို သူ့ထက်အရင်ပင် သဘောကျခဲ့ပါသည်တဲ့လေ

"ထားပါ ငါမင်းကိုမေးမယ် မင်းဒီကလေးးကို တကယ်ချစ်တာလား အပျော်သက်သက်လား "

"ငါဆိုတဲ့ကောင်က အသက်နဲ့ခန္ဓာကို ပုံပေးပြီးတော့ကို သူ့ကိုချစ်တာကွ "

"မင်းအဲ့စကားကို မြဲမြဲမှတ်ထားပေးပါကလေးကို နာကျင်အောင်လုပ်မိခဲ့ရင် မင်းကိုငါကိုယ်တိုင်သတ်ပြစ်မှာ စိတ်ဒဏ်ရာတွေနဲ့ကလေးးမို့ မင်းဘက်ကအများကြီးချစ်ပေးဖို့ ငါမျှော်လင့်တယ် "

"မင်းစကားးက.."

ထယ်ယောင်းစကားပင်မဆုံးလိုက် ထိုသူဟာ ထွက်သွားခဲ့သည်

"အော် အန်တီ့ကိုငါပြန်ပြီလို့ပြောလိုက်ပါအုံး .."

ပြောချင်တာပြောပြီးထွက်သွားသောထိုလူနောက်ကျောပြင်အားကြည့်ကာထယ်ယောင်းခေါင်းထဲ၌ အဖြေမရှိသောမေးခွန်းပေါင်းများစွာကျန်ရစ်ခဲ့သည် ။

နမ်းဂျွန်းမှာ အန်တီဂျောင်ဟယ်ပြောပြသည်ကြောင့် ကလေးငယ်အကြောင်းကိုသိပြီးဖြစ်သည် ထယ်ယောင်းဆိုသည့် သူ့အားကလေးငယ်ကပါ မေတ္တာသက်ဝင်နေပါသည်တဲ့ စိုးရိမ်နေသည့်အန်တီအား နမ်ဂျွန်းနားလည်သည် ဒါကြောင့်ကလေးငယ်အားလဲ စိတ်ဒဏ်ရာမရစေချင်တာကြောင့် ထိုလူအား ကလေးငယ်မနာကျင်စေဖို့ယာ သူသတိပေးခဲ့သည်။သူကိုယ်တိုင်ကတော့ ကလေးအား အဝေးကပင်ချစ်ပေးရတော့မည်ဘာလို့ဆို့ ဒီကလေး နှလုံးသားထဲမှာ သူ့ထက် အရင်လူတယောက်က ဝင်ရောက်ခဲ့နှင့်လေပြီမလား တဖက်သတ်အချစ် အင်းးတဖက်တည်းက သတ်ခြင်းခံရတဲ့ ခံစားချက်တွေ နာကျင်ရပါသည်ဒါပေမဲ့ သူနာကျင်ရသည်ထက် ကလေးငယ်ရဲ့အပြုံးလေးတောက်ပနေဖို့သာအရေးကြီးသည် ဒါကြောင့် ထိုလူ့ထံမှာပင် နမ်ဂျွန်းကလေးငယ်အား စိတ်ချစွာ ထားရစ်ခဲ့မည်ဖြစ်သည်

အဝေးကပဲကြည့်နေရတဲ့ မြင်ကွင်းတွေဟာခါရံမှာသိပ်ကိုလှပနေတတ်သည် ကိုယ်တိုင်မပါဝင်ရပေမဲ့လဲသိပ်ကို လှပမည်မှာ အမှန် ချစ်ရပါသောလူသားရဲ့အပြုံးလေးတပွင့်နဲ့ပင် အရာရာဟာပြည့်စုံနေခဲ့ပြီမို့

....
ဆက်ရန် ...


You are reading the story above: TeenFic.Net