ယနေ့သည်တော့ ဘဏ္ဍာရေးအမတ်မင်၏ အိမ်တော်ရာသို့ မိဖုရားခေါင်ကြီးနှင့်တကွ တရားရေးရာအမတ်မင်းဂျွန်တို့ ကြွရောက်လာကြမည်ဖြစ်ရာ နံနက်ဦးပိုင်းကတည်းကပင် လူတိုင်းသည် ကိုယ်စီအလုပ်ရှုပ်နေကြသည် ။ အစေခံလေးများမှာ ခြံဝင်းထဲ ရှေ့ပြေးနောက်ပြေးဖြင့် ပျားပန်းခတ်လျက် လုပ်ကိုင်နေကြသလို ပင်မဆောင်အား သန့်ရှင်းတောက်ပြောင်စေကာ ပြန်လည်နေရာချထားရေးကိုတော့ သခင်မကြီးမင်က ဦးဆောင်၍ လှုပ်ရှားနေပေသည် ။
တန်ဖိုးကြီးပြီး ရှားပါးသည့်ကြွေထည်အလှအိုးများသည် အခန်းထောင့်တစ်ခုစီ၌ ထည်ဝါလှပစွာ တည်ရှိလျက် အထက်တန်းကျနနေစေ၏ ။ ပင်မဆောင်သည် ဖုန့်မှုန့်တစ်စက်တောင်မှ ရှိမနေပါဘဲ ဧက္ကရာဇ်မှ ချီးမြင့်ဂုဏ်ပြုထားသည့်ဆုတံဆိပ်များများနှင့်အတူ လက်ရာမြောက်သည့်ဆေးရေးပန်းချီများဖြင့် သစ်လွင်ခမ်းနားနေပေသည် ။ စားသောက်ဖွယ်ရာများကိုလည်း အထူးပင် ဂရုစိုက်ကာ ပြင်ဆင်ရလေရာ သခင်မကြီးမင်သည်လည်း အားလပ်နေခြင်းမရှိပေ ။ အထူးအရေးကြီးသည့်ဧည့်သည်တော်များကြွရောက်
လာမည်ရာ အထူးပင် ဂရုထား၍ ပြင်ဆင်ရပေသည် ။
မထင်မှတ်ထားသည့်လန့်ဖျပ်စရာစေ့စပ်ကြောင်း
လမ်းခြင်းကြောင့် အာရုံထွေပြားကာ တစ်ရေးမှအိပ်မပျော်ခဲ့ရသည့်မင်ယွန်းဂီလေးသည် ဂန်းလေး လာမနှိုးခင်ပင် နိုးနေခဲ့ပြီး ဖြစ်သည် ။ အိပ်ရာထက် ငေါင်စင်းစင်းထိုင်နေသည့်သခင်ငယ်လေးကို မထင်မှတ်ထားစွာမြင်လိုက်ရသော် ဂန်းလေးပင် အံသြမိရသည် ။ မျက်ခွံတို့ပိကျနေသည့်မျက်ဝန်းတစ်စုံကို သတိထားကြည့်မိသောအခါတော့ တစ်ညလုံး ကောင်းကောင်းအိပ်မပျော်ခဲ့မှန်း ရိပ်မိလိုက်တော့သည် ။
အေးလေနော် နေရင်းထိုင်ရင်း ယောကျာ်းရတော့မှာဆိုတော့ စိတ်ညစ်ရှာမှာပဲ ။
ဂန်းလေးခင်မျာမှာ သနားသွားရတော့သည် ။ သူသည်လည်း သနားရုံသာ တတ်နိုင်ပေရာ လုပ်စရာအမှုကိစ္စများကို အမြန်ပင် ဆောင်ရွက်ရတော့သည် ။
ယနေ့လို အရေးကြီးသည့်နေ့၌ ကောင်းမွန်စွာဝတ်စားဆင်ယင်ရလေရာ မင်ယွန်းဂီသည် ကိုယ်ပေါ်မှ အကောင်းစားပိုးထည် အဝတ်အစားများကို ငုံကြည့်ရင်း သက်ပြင်းချမိတော့သည် ။ ကောင်းစွာမအိပ်ပျော်ခဲ့ခြင်းကြောင့် ထိုင်းမှိုင်းလေးလံလို့နေကာ စိတ်နှင့်လူနှင့်လည်း ကပ်မနေပေ ။ ဂန်းလေးပြောသမျှ ၊ လုပ်သမျှကိုသာ လေးတွဲစွာ လိုက်လုပ်ရင်း ယခုမူ ဧည့်သည်ကြိုရန်အတွက် အိမ်ရှေ့တံခါးဝသို့ သွားနေရသည် ။ ဂန်းလေး၏ ဦးဆောင်မှုနောက်၌ တိတ်ဆိတ်စွာလိုက်ပါလာခဲ့သော်ငြား ခြေထောက်တွေကတော့ဖြင့် နောက်ပြန်လှည့်ပြေးကာ အိပ်ရာထဲ ခွေခေါက်နေချင်မိတော့သည် ။
အိမ်တော်ရာအပေါက်ဝ၌ ရပ်စောင့်နေကြသည့်ဝတ်ကောင်းစားလှများဝတ်ဆင်ထားသည့်အမတ်မင်ဇနီးမောင်နှံသည် မိမိတို့၏ သားငယ်လေး၏ ဖျော့တော့စွာ အားအင်ချိနဲ့နေသည့်ပုံစံအနေအထားကိုမြင်သော စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်ရလေသည် ။
" ညက အိပ်မပျော်ဘူးလား သား "
သခင်မကြီးသည် စိုးရိမ်ပူပန်စွာ အမေးရှိလာသည် ။
သူ ခေါင်းညိတ်ပြလိုက်သည် ။ ထိုအခါ အားလုံးသည် သူ့အား ပို၍ စိုးရိမ်စွာ ကြည့်လာကြသည် ။
" အဆင်ပြေပါတယ် ။ စိတ်ပူစရာမလိုပါဘူး "
အလုပ်များသည့်မင်ဆွန်းဝူသည်လည်း ယနေ့ပွဲအတွက် ရောက်ရှိနေရကာ မင်ဟာယောင်းသည်တော့ တည်ငြိမ်အေးဆေးစွာ ရပ်နေပါ၏ ။ မင်မောင်နှမ၏မျက်နှာတို့သည်လည်း သူ့လောက်နီးနီးမကောင်းပေ ။
မင်ယွန်းဂီသည် စိတ်အခြေအနေမကောင်းရာ ခပ်မဆိတ်သာနေနေလိုက်သည် ။
ခြံရှေ့သို့ ကြီးမားထည်ဝါသည့်ဝေါယာဥ်တစ်ခုသည်နောက်လိုက်ရဲမက်များစွာ ခြံရံလျက်ဆိုက်ရောက်လာကာ ထိုဝေါယာဥ်နောက်၌ နောက်ထပ်မြင်းလှည်းတစ်စီးသည်လည်း အတူတကွပင် မင်အိမ်တော်ရှေ့သို့ ထိုးစိုက်လာခဲ့၏ ။
နောက်လိုက်ရဲမက်တစ်ယောက်သည် ဝေါယာဥ်အား ပွင့်ဟပေးလာသော် ကျော့မော့ရှင်းသန့်သည့်အသွင်တစ်ခုနှင့်အတူ ချောမောလှပသည့်အမျိုးသမီးသည် ညင်သာသည့်အပြုံးလေးဖြင့် ထွက်ပေါ်လာခဲ့၏ ။
" မယ်မယ့်ကို ဂါဝရပြုပါတယ် ။ အခုလို နိမ့်ကျတဲ့ကျွန်တော်မျိုးတို့အိမ်ကို ကိုယ်တိုင်ကြွချီလာပေးတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်းပါ "
မင်ယွန်းဂီသည် တခြားသူများနည်းတူ ခေါင်းငုံအရိုအသေပေးထားရင်း ရှုပ်ထွေးပူပန်လို့နေမိသည် ။
မိဖုရားခေါင်ကြီးသည် နူးညံစွာဆိုလာ၏ ။
" ဒီလောက်ထိ ယဥ်ကျေးစရာမလိုပါဘူး ။ မကြာခင် ကျွန်မတို့က ခမည်းခမက်တွေ ဖြစ်ကြတော့မှာပဲ မဟုတ်လား ။ "
သခင်ကြီးသည် ပြုံးရုံသာ ပြုံးရှာ၏ ။ မိဖုရားခေါင်ကြီးနှင့်အတူတကွလိုက်ပါလာသည့် အမတ်မင်းဂျွန်သည် တည်ငြိမ်စွာဖြင့် ခပ်မဆိတ်သာ နေနေသည် ။
မင်ယွန်းဂီသည် ထိုအမတ်မင်းအား မြင်ဖူးသလိုရှိသော်ကြောင့် ငေးကြည့်မိရင်း စဥ်းစားခန်းဝင်နေမိသည် ။ အတိအကျဘယ်မှာတွေ့မိမှန်းမသိပါသော်ငြား ကျိန်းသေပေါက် မြင်ဖူးသည်ဟုတော့ ထင်မိသည် ။
မြင်းလှည်းအတွင်းမှ ယောကျာ်းသားတစ်ယောက် ထွက်လာခဲ့၏ ။
ထိုအခါမှာတော့ မင်ယွန်းဂီလေးသည် အနှီ မင်းသား ( ၄ ) ဆိုသူကို သိချင်နေလေရာ သူသည် ဟန်မဆောင်နိုင်စွာပင် ထိုသူ၏မျက်နှာကို မြင်ရအောင် လိုက်ကြည့်မိသည် ။ လှည်းအတွင်းမှ ငုံလျိုးထွက်လာခဲ့သည့် မင်းသား ( ၄ ) ဆိုသူသည် ခေါင်းမော့ကာ ခါးဆန့်လျက် မတ်မတ်ရပ်လာသည့်အခါမှာတော့ မင်ယွန်းဂီလေးခင်မျာ အာစေးမိသွားရတော့သည် ။
" မင်းသား ( ၄ ) ကို ဂါဝရပြုပါတယ် "
" မဟုတ်တာ ဗျာ "
ဂျွန်ဂျောင်းဂုသည် သခင်ကြီးမင်ကို ဆွဲထူပေးလာရင်း ယဥ်ကျေးပျူငှာစွာ ပြုံးလာသည် ။
" မင်း မင်း "
ယခုထိ ဂါဝရမပြုနိုင်ရှာသေးသည့်မင်ယွန်းဂီသည် ထိုစကားကိုသာ အံသြတကြီး ပြောနေမိတော့သည် ။
မင်းသား (၄ ) တဲ့လား ။ ဒါဆို...
တစ်လျောက်လုံး မင်းကြီးရဲ့သားတော်ကို ဂလန့်ဂဆန်လုပ်နေခဲ့တာလား ။
မင်ယွန်းဂီသည် မသိမသာ တွံတွေးမြိုချမိတော့၏ ။
တော်သေးတယ် ။ အခုထိ အသက်နဲ့ကိုယ် အိုးစားမကွဲသေးလို့ ။
အဲ့လိုမှန်းသိရင် ဘာနေနေ လိုက်လျောမိမှာ ။ အခုတော့ မင်းသားကိုတောင် စိတ်ကောက်ပြီး တရားစွဲမယ်လုပ်ခဲ့သေးတာ ။
ရာထူးကြီးကြီးတွေရဲ့ပေါင်ကိုဖက်တွယ်ထားရပါမယ်ဆို !
အခုတော့ ရွှေပေါင်ကြီးကို ကုန်းကိုက်ထားမိပြီကွ !
" ဘာတွေ အဲ့လောက် အံ့သြနေတာလဲ "
ဂျွန်ဂျောင်းဂုက ရွင်မြူးလျက် မေးမြန်းလာသည် ။
သူသည် ပြန်မဖြေနိုင်သေး ။ အဖြစ်မှန်ကို မယုံကြည်နိုင်သေးပေ ။
" ဧကန္တ မင်းသား ( ၄ ) က ကျွန်တော်ဆိုတာ မသိတာလား "
" မသိခဲ့ဘူးလေ ။ မသိခဲ့လို့ပေါ့ ။ သိခဲ့ရင် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့မှာကို "
သူသည် လွှတ်ခနဲပြောထွက်လိုက််မိသည်ကို မထိန်းချုပ်နိုင်လိုက်ပေ ။
" ရပါတယ်ဗျာ ။ ကျွန်တော် စိတ်ထဲမထားပါဘူး ။ မကြာခင် ကျွန်တော်တို့က မိသားစုဝင်တွေဖြစ်လာကြတော့မှာပဲ ယဥ်ကျေးနေစရာလည်းမလိုပါဘူးဗျာ "
ထိုအခါ မင်ယွန်းဂီ၏ မျက်နှာလေး တွန့်လိမ်မိတော့၏ ။
ဂျွန်ဂျောင်းဂုကမူ ရယ်ပြုံးနေဆဲသာ ။
အဝေးကနေ အကဲခတ်နေသည့်မိဖုရားကြီးသည် သူတို့အနားသို့တိုးကပ်လာခဲ့၏ ။ မင်ယွန်းဂီသည် မြန်ဆန်စွာ ဂါဝရပြုလိုက်သည် ။ မိဖုရားကြီးက လက်ပြကာ တားမြစ်လာသည် ။
" တတိယသခင်လေးကို နာမည်ပဲကြားဖူးနေတာ ။ အခုမှပဲ လူချင်းတွေ့ဖူးတော့တယ် ။ တကယ်အချောအလှလေး မွေးထားတာပဲ "
" မြှောက်ပင့်လွန်းနေပါပြီ "
သူ ထိုကဲ့သို့ နှိမ့်ချစွာ တုံပြန်လိုက်၏ ။ မိဖုရားကြီးသည် သူ့အား ခေါင်းစ ၊ ခြေဆုံး ကြည့်ရှုလာသည် ။ မင်ယွန်းဂီလေးသည် မနေတတ်စွာ လက်သည်းတို့ကုတ်ခြစ်မိသည် ။ ဤကဲ့သို့ ကသိကအောင့်ဖြစ်ချင်စရာအခြေအနေကို သခင်ကြီးမင်က ချေဖျက်ပေးလာသည် ။
" အထဲကို ကြွပါဦးဗျ "
ထိုအခါမှသာ မိဖုရားကြီးက အကြည့်တို့လွဲလာသည် ။
" ကောင်းပါပြီ ။ လက်ဆောင်ပစ္စည်းတွေကို ဘယ်နေရာထားပေးရမလဲ "
" ဒီအစေခံလေးက လမ်းပြပေးပါလိမ့်မယ် "
မိဖုရားကြီးယူဆောင်လာသည့်တန်ဖိုးကြီးပစ္စည်းများသည် လှည်းတစ်စီးစာ အပြည့်ဖြစ်ကာ ပိုးထည် ၊ ကြွေထည် ၊ ကျောက်မျက်ရတနာအစုံအလင်ပင် ဖြစ်လေပြီး ထိုအဖိုးတန်ပစ္စည်းများသည် အစေခံလေး၏လမ်းပြမှုဖြင့် မင်အိမ်တော်၏ဂိုဒေါင်ထဲသို့ လျောလျောလျူလျူပင် ရောက်ရှိသွားပါတော့သည် ။ သခင်ကြီးသည် ဦးဆောင်ကာ ပင်မဆောင်သို့ ခေါ်ဆောင်သွားလေ၏ ။
ပင်မဆောင်၏ မြင့်မြတ်ရာနေရာ၌ မိဖုရားကြီးကို နေရာပေးကာ အကုန်လုံးသည် လွတ်ရာထိုင်ခုံ၌ ထိုင်လိုက်ကြ၏ ။
မိဖုရားကြီးက အရင်ဦးစွာပင် ဦးတည်ရာသို့ တည့်တိုးပြောချလာသည် ။
"ကျွန်မ ရှည်ရှည်ဝေးဝေးလည်း ပြောမနေတော့ပါဘူး ။ ကလေးတွေက အချင်းချင်းသိနေကြတာဆိုတော့ သက်သက် မိတ်ဆက်ပေးစရာလည်း မလိုတော့ဘူး မဟုတ်လား ။ ကျွန်မအနေနဲ့ကတော့ လက်ထပ်တာကို စောစောလုပ်ချင်ပေမယ့် ကလေးတွေကိုလည်း ဒီထက်ပို အဆင်ပြေစေချင်တာကြောင့် အရင်ဆုံး စေ့စပ်ပေးထားချင်ပါတယ် ။ "
" ဟုတ်ကဲ့ခင်ဗျ ။ အခုလို မင်းသား( ၄ )ရဲ့ကြင်ယာတော်အဖြစ် တော်ကောက်ခံရတာကိုလည်း ကျွန်တော်တို့ အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်မိပါတယ် ။ ဒါပေမယ့် ကျွန်တော်မျိုး စိုးရိမ်မိတာတစ်ခုတော့ရှိပါတယ် မယ်မယ် "
" ဘာများလဲ ။ ပြောပါ "
သခင်ကြီးသည် တစ်ဖက်ခြမ်းမှာထိုင်နေသည့်သားဖြစ်သူအား တစ်ချက်ကြည့်လာပြီးသော် စကားဆက်လာသည် ။
" မယ်မယ်လည်း သတင်းတွေ ကြားမိမှာပါ ။ သိရှိပြီးတဲ့အတိုင်းပါပဲ ။ ယွန်းလေးက မင်း
သခင်ကြီးမင်၏ နှိမ့်ချသည့်စကားအား မင်း
သား ( ၄ ) ဂျွန်ဂျောင်းဂုသည် ညင်သာစွာရယ်လျက် ကြင်နာမှုအပြည့်ဖြင့် ဆိုလာသည် ။
" အဲ့အတွက်တော့ စိတ်မပူပါနဲ့ ။ တတိယသခင်လေးကို လုံးဝ စိတ်ပျက်မှာမဟုတ်ပါဘူး ။ ဝန်ထုပ်ဝန်ပိုးလည်း ဖြစ်မှာ မဟုတ်ပါဘူး "
ယုံကြည်ချက်ရှိရှိအခိုင်အမာဆိုလာခြင်းအပေါ် မင်ယွန်းဂီလေး နှာရှုံမိသည် ။ မင်ဆွန်းဝူသည်တော့ မျက်မှောင်မသိမသာကျုံလို့သွားပေ၏ ။
စကားပြောကောင်းသည့်ဂျွန်ဂျောင်းဂုသည် စကားဆက်လာသည် ။
" ကျွန်တော်က တတိယသခင်လေးကို ကျွန်တော်ရဲ့အရိပ်အောက်မှာပဲထားပြီး တစ်သက်လုံးကာကွယ်စောင့်ရှောက်သွားချင်တာပါ ။ အမတ်မင်းမင် စိတ်ချပါ "
မင်မောင်နှံသည် ထိုစကားကိုကြားပြီးသော် အတန်ငယ် တိတ်ဆိတ်လို့သွားသည် ။
" ဒီလိုဆိုရင်တော့ ကျွန်တော်မျိုး စိတ်ချရပါပြီ ။ "
သခင်ကြီးသည် အလုံးစုံ စိတ်ချယုံကြည်လိုက်စွာအပ်နှင်းလိုက်သကဲ့သို့ မျက်လွှာချလျက် ထိုစကားကိုဆိုလာပြီးသော် မိဖုရားခေါင်ကြီး၏စကားအား နားစွင့်ထားလာသည် ။
မင်ယွန်းဂီသည်တော့ မျက်နှာချင်းဆိုင်မှလူကို ပါးစပ်အဟောင်းသားဖြင့် စိတ်ပျက်စွာ ကြည့်မိတော့သည် ။
အရှက်မရှိလိုက်တာ...။ အဲ့စကားတွေကို ဘယ်ဝတ္ထုစာအုပ်ထဲကနေ အလွတ်ကျက်ထားတာလဲ ။
မိဖုရားခေါင်ကြီးသည် ရွင်လန်းစွာပြုံးလာသည် ။
" ဒါဆိုရင်တော့ စေ့စပ်တာကိုအရင်လုပ်ပြီး ကလေးတွေချင်း ပိုပြီးရင်းနှီးလာတဲ့အခါကျ လက်ထပ်ပေးကြတာပေါ့ ။ ကျွန်မကတော့ လာမယ့်နှစ်ဆန်းပိုင်းလောက် မှန်းထားတယ် ။ "
" ကောင်းပါတယ် မယ်မယ် ။ "
မိဖုရားခေါင်ကြီးပြောသမျှကို နာခံနေသည့်ဖခင်ဖြစ်သူကြောင့် မင်ယွန်းဂိီလေးလည်း လက်မြောက်လိုက်ရတော့သည် ။
ပြောတော့ဖြင့် စနောက်တာပါတဲ့ ။ အခုကျ အပိုင်ချည်ပြီး တုပ်ပြီး အမိဖမ်းတဲ့ပေါ့လေ ။
နောက်တစ်ခါ မင်းစကားကို ယုံမိရင် ငါ ခွေးပဲ !
သူ့အား ပြုံးရယ်ပြနေပါသော အနှီဂျွန်ဂျောင်းဂုအား မင်ယွန်းဂီလေးသည် မျက်စောင်းခဲရင်း စူးရဲစွာ စိုက်ကြည့်ပစ်လိုက်သည် ။
မင်းသားဖြစ်လည်း မကြောက်ဘူးကွ ! ဒီလို အာဏာပါဝါနဲ့ ငါ့ကို အပိုင်ယူလို့ရမယ် မထင်နဲ့ကွ !
ဟွန့် !!!
သူသည် တစ်ဖက်သို့ မျက်နှာလှည့်ပစ်လိုက်ရင်း စူပုပ်နေမိတော့သည် ။
ဂျွန်ဂျောင်းဂုသည် တစ်ဖက်မှလူ၏စိတ်အခြေအနေကို ရ်ိပ်မိပြီး ဖြစ်သည် ။
" ကျွန်တော် တတိယသခင်လေးနဲ့အတူ စကားလေးပြောချင်လို့ ခဏလေး တွေ့ခွင့်ပေးလို့ရမလားဗျ "
ရိုကျိုးစွာ ခွင့်ပန်လာခြင်းအား မည်သို့ငြင်းပစ်ရမည်နည်း ။ ခေါင်းညိတ်လက်ခံရုံသာ ရှိသည် ။
" ရပါတယ်ဗျာ ။ ခြံထဲက ပန်းဥယျာဥ်ထဲမှာ လွတ်လွတ်လပ်လပ် စကားပြောလို့ရပါတယ်ဗျ "
" ဟုတ်တာပေါ့ ။ ကလေးတွေကို အခုလို ပေးတွေ့တော့မှ ပိုရင်းနှီးလာကြမှာ မဟုတ်လား "
မိဖုရားခေါင်ကြီးလည်း ဝင်ကူလေရာ မင်ယွန်းဂီလေးတို့ လွတ်လမ်းမမြင်တော့ချေ ။
ဂျွန်ဂျောင်းဂုသည် သူ့ရှေ့သို့ ရောက်ရှိလာကာ ဖိတ်ခေါ်လာသည် ။
" တတိယသခင်လေး...ခဏလောက် အပြင်ထွက်ခဲ့ပေးပါနော် "
မင်ယွန်းဂီသည် အင်းမလုပ် ၊ အဲမလုပ်ဖြင့်သာ မသက်မသာမျမျက်နှာဖြင့် လိုက်သွားလိုက်သည် ။
" ပန်းဥယျာဥ်ရှိတယ်လို့ ပြောတယ်ဗျ ။ "
" နောက်ကလိုက်ခဲ့ "
သူ့အနေဖြင့် အေးစက်စက်အသံမျိုးမပေါက်စေရန် ကြိုးစားပါသော်ငြား မာဆတ်ဆတ်ဖြစ်နေဆဲပင် ။ ဒေါသအလျောက် ခြေလှမ်းတို့သည်လည်း မြန်လို့နေသည် ။
" ခဏလေးနေပါဦး "
သူ့လက်မောင်းအား ဂျွန်ဂျောင်းဂုက ဆွဲဆောင့်လာသောအခါမှသာ ခြေလှမ်းတို့ရပ်တန့်မိသည် ။ မင်ယွန်းဂီသည် ခံစားချက်အလျောက် လက်မောင်းအား ရုန်းထွက်ပစ်လိုက်သည် ။
" ကျွန်တော့်ကို စိတ်ဆိုးနေတာလား "
" ကျွန်တော်မျိုးမှာ မင်းသား( ၄ )ကို စိတ်ဆိုးစရာလည်းမရှိသလို ၊ စိတ်ဆိုးပိုင်ခွင့်လည်း မရှိပါဘူး "
ကျိုးနွံစွာဆိုလာသည့်သူ့စကားအား ဂျွန်ဂျောင်းဂုကခပ်ဖွဖွလေး ရယ်လာသည် ။
" ပုံမှန်အတိုင်းပဲ ပြောလို့ရပါတယ်ဗျ ။ ကျွန်တော်တို့က သူစိမ်းတွေမှ မဟုတ်ဘဲ "
" ဟုတ်တယ် ။ သူစိမ်းတွေ...ဟုတ်တယ် "
ဂျွန်ဂျောင်းဂုသည် သူ့အား နားမလည်စွာ ကြည့်လာသည် ။
" ကျွန်တော် ခေါင်းဆောင်ဂျွန်ကို...မဟုတ်ဘူး ။ အခုဘယ်လို ခေါ်ရမလဲ မင်းသား ၄ လား ။ ထားပါလေ ။ ကျွန်တော်တို့ချင်း အဲ့လောက်ရင်းနှီးခဲ့တာမျိုး မရှိဘူးလေ ။ တစ်ယောက်အကြောင်းတောင် ကောင်းကောင်း သိကြတာမှ မဟုတ်ဘဲ "
" ကျွန်တော်ကတော့ သိတယ် "
ခေါင်းဆောင်ဂျွန်၏ ယုံကြည်မှုလွန်ကဲခြင်းသည် သြချစရာပင် ။
" ကျွန်တော်တော့ သိမနေဘူး "
" ဒါကလည်း အရမ်း အရေးမကြီးပါဘူး ။ ကျွန်တော်တို့ချင်း ပိုပြီး အချိန်ပေးတွေ့ကြရင် တစ်ယောက်နဲ့တစ်ယောက်နားလည်လာကြမှာပဲလေ ။ တတိယသခင်လေးလည်း ကျွန်တော့်ကို ပိုသိလာမှာပါ ။ ကျွန်တော်ကတော့ စိတ်မပူဘူး "
မင်ယွန်းဂီသည် ရှေ့မှလူအား မော့ကြည့်လိုက်သည် ။
" ပြောရရင် ကျွန်တော်က အတိတ်မေ့နေတဲ့လူပါ ။ ကိုယ့်ကိုကိုယ်တောင် ဘယ်သူမှန်းမသိဘဲ စမ်းတဝါးဝါး ဖြစ်နေတာ ။ အခုချိန်မှာ လက်မထပ်ချင်သေးဘူး "
သူ ပွင့်ပွင့်လင်းလင်းသာဆိုလိုက်သည် ။
" လက်ထပ်တာက အခု မဟုတ်သေး..."
" ပြောတော့ စနောက်တာပါဆ်ို ။ မင်းပဲ စာထဲမှာ စနောက်တာပါလို့ ရေးခဲ့ပြီး အခုကျ မင်း စကား မင်းမတည်သလိုပဲ "
သူ့၏ ဖြတ်ပြောလာသည့်စကားကြောင့် ဂျွန်ဂျောင်းဂုသည် တွေဝေကာ ငြိမ်ကျသွားသည် ။
" စကားမတည်သလိုဖြစ်သွားတယ် ။ ဒါပေမယ့်လည်း တတိယသခင်လေးကို မဆုံးရှုံးချင်ဘူးလေ ။ အဲ့ကိစ္စအတွက် စိတ်ဆိုးနေတာဆို ကျွန်တော်တောင်းပန်ပါတယ် "
ဂျွန်ဂျောင်းဂုသည် တိုးဖွစွာ ဆိုလာသည် ။
" တတိယသခင်လေးကို အရမ်း သဘောကျတယ်လို့ ပြောခဲ့သားပဲ ။ အဲ့စကားက ကျွန်တော် စနောက်ခဲ့တာမဟုတ်ဘူးလေ "
မင်ယွန်းဂီသည် ခေါင်းခါမိ၏ ။ တဆက်တည်းပင် သူသည် တစ်စုံတစ်ရာအား သတိရသွားမိရသည် ။
" နေပါဦး ။ မင်းမှာ မိန်းကလေးရှိတယ် မဟုတ်ဘူးလား ။ ဒါနဲ့တောင် ငါ့ကို လက်ထပ်ချင်တယ်တဲ့လား "
" ဘယ်က မိန်းကလေးလဲ "
ဂျွန်ဂျောင်းဂုသည် နားမလည်စွာ ဝေဝေဝါးဝါး မေးမိသည် ။
" မင်းကို ပုဝါပေးတဲ့မိန်းကလေးပေါ့ ။ ဂျောင်းလေး ဆိုပြီးတော့တောင် နာမည်ထိုးပေးထားသေးတာ ။ သူမက မင်းကို အရမ်းချစ်မယ်ပုံပဲ ။ မင်း အတွေးမမှားသင့်ဘူး "
" အာ...အဲ့ဒါက "
ယခုမှပင် ဂျွန်ဂျောင်းဂု သဘောပေါက်ရတော့သည် ။
" ကျွန်တော့်မယ်မယ် ပေးထားတာဗျ ။ သူကိုယ်တိုင်ပဲ ထိုးပေးထားတာ ။ မိန်းကလေး မဟုတ်ရပါဘူးဗျ "
" ဟမ် ! "
မင်ယွန်းဂီသည် တစ်လျောက်လုံး အတွေးမှားခဲ့သည့်မိမိကိုယ်ကို ထုရိုက်ပစ်ချင်တော့သည် ။
လွဲစရာရှားလို့...သားအမိတွေကို ။
" တတိယသခင်လေး တစ်ယောက်တည်းကိုပဲ သဘောကျတာပါ ။ ကျွန်တော်လိုချင်တာ တတိယသခင်လေးတစ်ယောက်တည်းကိုပဲ "
မင်ယွန်းဂီ၏စိတ်လေးသည် ရုတ်တရတ် ခါးတူးလန်ကာ သဘောမကျသလိုဖြစ်လာရသလိုပင် ။ မည့်သည့်အရာကို မကျေမနပ်ဖြစ်နေရမှန်းလည်း သေချာ မသိပါချေ ။
" မဟုတ်ဘူး ။ မရှိတော့ဘူး ။ မင်း သဘောကျတဲ့သူက ငါမဟုတ်ဘူး "
ထိုအခါ ဂျွန်ဂျောင်းဂု၏ မျက်ခုံးတို့ တွန့်ကျုံသွားသည် ။
စိတ်ရှုပ်ထွေးစွာ လွှတ်ခနဲပြောထွက်သွားသည့်စကားသည် မှားသွားကြောင်း သတိထားမိသည့်နှင့် မင်ယွန်းဂီသည် ထိတ်လန့်သွားရကာ မည်သို့ဖာထေးရန်ကောင်းနည်းဟု အသဲအသန် စဥ်းစားလာရတော့သည် ။
ဒုက္ခပါပဲ ။ ဒီပါးစပ်ကတော့လေ...။
" ဘာကိုဆိုလိုတာလဲ ။ တတိယသခင်လေးက အခု ကျွန်တော် ရှေ့မှာရှိနေတာလေ ။ ပြီးတော့ ကျွန်တော့်စိတ်ကို ကျွန်တော်သာ အသိဆုံးပါ ။ "
ဂျွန်ဂျောင်းဂုသည် သူ့၏မျက်ဝန်းတို့အား စိုက်ကြည့်လာခဲ့၏ ။
" ကျွန်တော်သဘောကျတာက ဟောဒီက ကျွန်တော့်ရှေ့မှာ ရှိနေတဲ့ တတိယသခင်လေးမင်ယွန်းဂီကိုပါ "
ထိုစကားသည် မိမိအတွက် ရည်ရွယ်သည်မဟုတ်ကြောင်း သိပါသော်ငြား မင်ယွန်းဂီသည် အရူးလေးလို ရင်ခုန်လှိုက်ဖိုရပြီး ထိုမျက်ဝန်းနက်နက်လေးတို့အား သဘောကျစွာ ငေးကြည့်မိရသည် ။
သူသည် မိမိကိုယ်ကို တတိယသခင်လေးမင်ယွန်းဂီဟု မည်မျှပင် ထင်မှတ်ထားပါစေမူ အစားထိုးတစ်ယောက်သာဖြစ်ရာ ဘယ်သောအခါမှ တတိယသခင်လေးမင်ယွန်းဂီ အစစ်အမှန် ဖြစ်လာမည် မဟုတ်ပေ ။
ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးသည် သူ့အား တတိယသခင်လေးမင်ယွန်းဂီလို့ ထင်မှတ်မှားကြရင်း ချစ်ခြင်းမေတ္တာ ၊ ဂရုစိုက်ကြင်နာမှုတွေ ပေးအပ်နေခြင်း ဖြစ်သည် ။ အကယ်၍သာ သူသည် ထိုကိုယ်ခန္ဓာကို ယူဆောင်ထားသည့်အစားထိုးတစ်ယောက်မှန်းသိကြပါက ထိုချစ်ခြင်းမေတ္တာတို့သည် ရှိနေပါဦးမည်လား ။
လက်ဝယ်ရရှိနေသည့်အရာများအားလုံးသည် မိမိအတွက်ရည်ရွယ်ခြင်းမျိုးမဟုတ်လေမှန်း သတိပြုမိသည်နှင့် မင်ယွန်းဂီသည် တုန်လှုပ်မိရသည် ။
" မဟုတ်ဘူး ။ မရှိတော့ဘူး ။ ငါ မဟုတ်ဘူးလို့ "
သူသည် ထိုကဲ့သို့ ဗြောင်လိမ်၍ တစ်ပါးသူ၏ ချစ်မေတ္တာကို မလိုချင်ပေ ။
ရှုပ်ထွေးနေဟန်ရသည့်ဂျွန်ဂျောင်းဂုကိုလည်း သူဘယ်လို ရှင်းပြရမည်မှန်း မသိတော့ပေ ။
" ငါက သူမဟုတ်ဘူး "
သူ၏ တိုးဖွသည့်စကားကို ဂျွန်ဂျောင်းဂုသည် ကြားသွားပုံရပါ၏ ။ ထိုကောင်လေး၏ မျက်နှာသည် တစ်မျိုးပြောင်းလဲသွားသည် ။
ကြည့်ရသည်မှာ သူ့ကို အရူးဟု ထင်သွားသည့်ပုံပင် ။ သို့ရာတွင် စိတ်ထဲလည်း မထားနိုင်ပါချေ ။ ယခုကဲ့သို့ အစားထိုးခံလေးဖြစ်ကာ အစစ်အ
မှန်လို့ထင်ရသည့်အတုအယောင်တွေကို လက်ဝယ်ရရှိနေသည့်အခြေအနေ၌ မင်ယွန်းဂီသည်လည်း ရူးချင်််မိရသည် ။
မင်ယွန်းဂီသည် ဆက်လက်၍ စကားလည်းမဆိုချင်တော့ရာ အဆောင်သို့ ပြန်ရန် ခြေလှည့်လိုက်သည် ။
" တစ်ခုခု အထင်လွဲနေတဲ့ပုံပဲ "
ဂျွန်ဂျောင်းဂု ပြောလာသည့်စကားကို သူ ရပ်နားထောင်လိုက်သည် ။
" ကျွန်တော်တို့ အရင်က တစ်ခါမှ မတွေ့ဖူးဘူးလေ "
ထိုကောင်လေးသည် သူ့ရှေ့သို့ ရောက်လာရာ မင်ယွန်းဂီသည် နားရှုပ်စပြုလာရသည် ။
" ကျွန်တော်ပြောချင်တာက တတိယသခင်လေး အတိတ်မမေ့ခင်က ကျွန်တော်တို့ တစ်ခါမှ မတွေ့ဖူးဘူးလို့လေ ။ "
အဲ့တော့...ငါ ဒီကို ရောက်လာမှ သိတာလား ။
" တတိယသခင်လေးရဲ့သတင်းတွေကိုကြားမိပေမယ့် ကျွန်တော်တို့ချင်း မရင်းနှီးခဲ့ကြဘူးဗျ ။ ကျွန်တော် တတိယသခင်လေးကို ကယ်လိုက်တဲ့နောက်ပိုင်းမှသာ ရင်းနှီးလာကြတာ "
မင်ယွန်းဂီသည် ဘာကိုဆိုလိုသည်မှန်း သဘောပေါက်ပါသော်ငြား သူသည် မယုံရဲသေးပေ ။
" အဲ့တော့ ကျွန်တော် သဘောကျတာက အရင်က တတိယသခင်လေးကို မဟုတ်ဘူး ။ အခု ကျွန်တော်သိတဲ့ ကျွန်တော့်ကိုသိတဲ့ တတိယသခင်လေးကို ။ ပြောင်းလဲသွားတဲ့ မင်ယွန်းဂီကို သဘောကျတာ "
OH !!! .
ယခုမှပင် မင်ယွန်းဂိီလေး သွက်သွက်ခါရူးချင်ရတော့သည် ။
" ယွန်းဂီ...ကိုယ် မင်းကို အရမ်း သဘောကျတယ် "
ထိုမျက်ဝန်းနက်တစ်စုံသည် သူ့၏ အပြင်ကိုယ်ထည်အား ဖောက်ထွင်းလျက် သူ၏ အတွင်းစိတ်ဝိညာဥ်အား စူးစိုက်ကြည့်လာခဲ့ရာ ပြင်းထန်စွာ တုန်လှုပ်မိရင်း အသက်ရှုမှားရပေသည် ။
ဗြောင်းဆန်လောက်အောင် ခုန်လှုပ်နေသည့်နှလုံးသွေးများကြောင့် မျက်နှာတစ်ခုလုံး ပူထူတက်လာရသည် ။
" ဘာ ! ဘာ ! ယွန်းဂီလဲ ။ ငါ မင်းထက် ကြီးတယ်ကွ "
" ဟုတ်သား ။ ဒါဆို ကိုကိုလို့ခေါ်မယ်နော် "
ချွဲချွဲနွဲ့နွဲ့နာမ်စားလေးကို ကြားမိသော် သူ ကျက်သီးများ ဖြန်းခနဲ ထသွားရသည် ။
" မခေါ်စမ်းနဲ့ ! "
ဂျွန်ဂျောင်းဂုသည် ရယ်ပြုံးလာ၏ ။ သူသည် ရှေ့မှ ပါးမို့လေးများရဲတက်ကာ ရှက်သွေးဖြန်းနေသည့်မင်ယွန်းဂီကို အတိုင်းသား ငေးကြည့်နေမိသည် ။ ဤလူသည် အတန်ငယ် ရူးကြောင်ကြောင်နိုင်စွာ စဥ်းစားတွေးခေါ်တတ်ပေသည် ။ လူတစ်ကိုယ်တည်းဖြင့် စိတ်နှစ်မျိုး ဖြစ်နေပုံရပြီး အတိတ်မမေ့ခင်ကသူနှင့် အတိတ်မေ့ပြီးနောက် သူ ဆိုပြီး ခွဲခြားထားပုံရကာ သူသည် ထိုအရူးလေးမင်ယွန်းဂီနှင့် သက်ဆုံးတိုင် အတူယှဥ်တွဲနေထိုင်နိုင်မည်လားဟု မေးခွန်းများမထုတ်ချင်ပေ ။
ချစ်ခင်စဖွယ်ကောင်းစွာပြုမှုနေသည့်မင်ယွန်းဂီကိုတော့ဖြင့် စိတ်ရင်းဖြင့် သဘောကျနှစ်ချိုက်သည်ဖြစ်ရာ အဖတ်လုပ်၍ မေးစရာမလိုပါချေ ။
ချစ်ဖို့ကောင်းတာမှန်သမျှ ချစ်တယ် ။ လိုချင်တယ် ။
မိဖုရားခေါင်ကြီးနှင့်တရားရေးရာအမတ်မင်းဂျွန်မိသားစုသည် လူကြီးချင်းညှိနှိုင်းဆွေးနွေးခြင်းပြီးသည့်နောက် အထူးပြင်ဆင်ထားသည့်စားသောက်ဖွယ်ရာများအား သေချာကျကျနနစားသောက်ပြီးကာမှ ပြန်သွားကြပေတော့၏ ။
ဤတစ်မနက်တည်းဖြင့် ရှိသမျှ စိတ်စွမ်းအင်တွေ ၊ ခွန်အားတွေ ကုန်ဆုံးသွားရပြီဖြစ်ရာ မင်ယွန်းဂီသည် အဆောင်သို့ပြန်ကာ စောင်ပုံထဲ တိုးဝင်ရင်း ခွေခေါက်အိပ်ပစ်လိုက်တော့သည် ။
တော်ဝင်ဝေါယာဥ်သည် မင်အိမ်တော်မှနန်းတော်သို့ပြန်လှည့်လာခဲ့ပြီး လမ်းတစ်လျောက်လုံး၌ လိုက်ပါလာသည့် လူသုံးယောက်သည် ကိုယ်စီအတွေးတို့ဖြင့် ငြိမ်သက်နေကြ၏ ။ ထို့နောက်မှာတော့ မိဖုရားကြီး၏အဆောင်၌ ၎င်းတို့သည် တည်ငြိမ်စွာ ဝိုင်းထိုင်နေကြရင်း တစ်စုံတစ်ယောက်ဖက်နေ စကားစလာဖို့ရာ စောင့်စားနေကြသည် ။
ထုံးစံအတိုင်းပင် မိဖုရားကြီးက အစချီလာခဲ့ပြီး အတန်ငယ် စိုးရိမ်စွာ မေးလာ၏ ။
" မင်ယွန်းဂီကို တကယ် သဘောကျရဲ့လား "
" မယ်မယ်က သဘောမကျလို့လား "
အဖြေကို ရှောင်လာသည့်သားဖြစ်သူ၏ အပြုအမှုကို သူမ သဘောမကျပေ ။
" ဂျောင်းလေး...မယ်မယ့်မေးခွန်းပဲ ဖြေ ။ သား မယ့်မယ့်ကို စပြောတုန်းကလည်း မယ်မယ် မေးတယ် ။ သား မဖြေခဲ့ဘူး ။ အခု သေချာဖြေရမယ် ။ မယ်မယ်တို့ကြောင့် သား မနှစ်သက်တာကို မလုပ်စေချင်ဘူး "
အမတ်မင်းဂျွန်ကလည်း ကူပြောလာသည် ။
" ဟုတ်တယ် သား ။ အဖေလည်း သားကို ဖိအားများနေတာမျိုး မဖြစ်စေချင်ဘူး ။ အခုကိစ္စက သားဘဝအတွက် အရေးပါတယ် ။ ခဏတာ သာယာမှုကြောင့်နဲ့ အရွေးမမှားစေချင်ဘူး ။ မင်ယွန်းဂီိနဲ့တသက်လုံးအတူနေနိုင်ပြီလား ။ သား ပြောခဲ့သလို သူ့ကို တစ်သက်လုံး စောင့်ရှောက်နိုင်မှာလား "
" ကျွန်တော် နားလည်ပါတယ် ။ အဖေရော မယ်မယ်ရော စိတ်မပူပါနဲ့ ။ ကျွန်တော် အဲ့နေ့ကတည်းက သေချာဆုံးဖြတ်ချက်ချခဲ့တာမလို့ နောက်ပြန်လှည့်စရာအကြောင်းမရှိပါဘူး ။ ကျွန်တော်ပေးတဲ့ကတိကို သေချာပေါက် တည်နိုင်ပါတယ် "
တည်တည်ငြိမ်ငြိမ်ဖြင့်ဖြေလာသည့်သားဖြစ်သူ၏စကားများအရ အမှန်တကယ်ပင် နောက်မလှည့်စတမ်းဆုံးဖြတ်ချက်ကို ရထားပြီ ဖြစ်မှန်း သိလိုက်ရပြီဖြစ်သည် ။ ထိုကလေးငယ်သည် ငယ်ရွယ်သည့်အချိန်၌ ဖိအားများသည့်ခေါင်းဆောင်ရာထူးကို လက်ခံရရှိခဲ့ရသောကြောင့် ထင်ပါရဲ့ ။ ကတိတစ်ခုကို အသက်ထက်တန်ဖိုးထားပြီး လုပ်ရဲရင် ခံရဲတယ်ဆိုသည့် စိတ်ဓါတ်မျိုးရှိပေ၏ ။ ခေါင်းမာတတ်ပြီး မဖြစ်ဖြစ်အောင် လက်မလျော့တမ်းလုပ်တတ်သည့်အကျင့်စရိုက်သည် ဂျွန်မိသားစု၏ အမွေပင် ဖြစ်ချေမည် ။
အိပ်ချိန်ရောက်ပြီဖြစ်သော်ငြား စားပွဲရှေ့၌ ယခုထက်ထိ ငုတ်တုတ်ထိုင်ကာ တိတ်ဆိတ်နေသည့်သခင်ငယ်လေးကို ဂန်းလေးသည် စိတ်မချဖြစ်စွာ အကဲခတ်နေမိသည် ။
ဖယောင်းတိုင်မီး၏ လှုပ်လီလှုပ်လဲ့အလင်းရောင်အောက်
You are reading the story above: TeenFic.Net