စာစဉ်(3) အပိုင်း(32) uni&zgi
Background color
Font
Font size
Line height
Lengends of spring goddness
အပိုင်း(32) နှင်းပွင့်ကုန်းမြေဆီသို့
မိုးကြိုးလျှပ်စီးကုန်းမြေမှ သူမထွက်လာတော့ လာလိုင်းနန်းမြို့တော်တခုလုံး ပွက်လောရိုက်ပြီးကျန်ရစ်ခဲ့တယ်
မနက်စောစော မိုးလင်းလို့ လူတွေအရမ်းရှုပ်လာကြတဲ့အခါ လူတိုင်းတူညီစွာပြုမူလုပ်ဆောင်တာတခုရှိတယ်
ချွေမိသားစုပိုင်စံအိမ်တော်ပဲ
မီးခိုးတလူလူလွင့်နေပြီး လူသူရှိတဲ့အရိပ်အယောက်တစက်လေးတောင်မမြင်ရဘူး
ကျိုးပဲ့နေတဲ့အဆောက်အဦးတွေနဲ့ပြိုကျနေတဲ့အိမ်တွေနရံတွေဟာ ဘယ်နေရာမှအကောင်းအတိုင်းမရှိတော့ဘူး
လူတိုင်းသိနိုင်တယ် ဒီနေရာမှာ ကြီးမားတဲ့တိုက်ပွဲဖြစ်ခဲ့တယ်
မီး‌သေစ စံအ‌ိမ်တော်ကြီးက အထီးကျန်စွာ ပြိုလဲလျှက်ရှိနေချိန်မှာတော့ မိန်းကလေးတဦးဟာ ရထားလုံးတလုံးပေါ်မှာ အစိမ်း‌ေရာင်ကြောင်လေးတစ်ကောင်နဲ့အတူရှိနေတယ်
ကြောင်ကလေးကိုရထဲက သူမရဲ့သိုလှောင်လက်ကောက်ထဲကပြန်ထုတ်ဖို့မေ့နေတဲ့ကျုးလစ်က ခရီးသွားရင် စီးလို့ရတဲ့ စိတ်ဝိဉာဉ်သားရဲတစ်ကောင်လောက်ရှိရင်ကောင်းမယ်လို့တွေးမိတုန်း ဒီကြောင်လေးကိုသတိရသွားခဲ့တာ
မထင်မှတ်စွာ ကြောင်လေးကိုထုတ်လိုက်တော့ သူလေးက ပျင်းရိလွန်းလို့သေလုမျောပါးဖြစ်နေပြီ
အပြင်ရောက်လာမှန်းလဲသိရော ခုန်ပေါက်ပြီးဆော့ကစားနေတော့တာပဲ
လှည်းကကျဉ်း‌ပေမဲ့ ကြောင်သေးသေးဆော့ဖို့ကတော့အဆင်ပြေပါတယ်
သူမသိုလှောင်လက်ကောက်ထဲက ကြောင်လေးရဲ့အမေချန်ထားတဲ့အမြုတေနဲ့ ခေါင်းကိုးလုံးဖားပြုတ်ရဲ့အမြုတေနှစ်ခုကိုထုတ်လိုက်တယ်
အဲ့အချိန် အဆော့မက်နေတဲ့အသေးလေးကလဲ ရပ်တန့်သွားပြီး စားချင်နေတဲ့ဟန်လုပ်ပြလာတော့တာပဲ
"ကောင်းပြီ ရှောင်ရှောင် မင်းကတော်တော်သေး‌နေတယ် ဒါတွေကိုမင်းစားသင့်တယ်"
စိတ်ဝိဉာဉ်သားရဲအမြုတေနှစ်လုံးကို ဒိအတိုင်း အလွယ်တကူ ကြောင်ကျွေးလိုက်တာကို တခြားသူတွေမြင်ရင် ပါးစပ်ကငရဲပြည်ထိကျသွားလောက်တယ်
ဒီလိုစိတ်ဝိဉာဉ်သားရဲအမြုတေက မိုးကြိုးလျှပ်စီးကုန်းမြေမှာတော့အရှားပါးဆုံးရတနာတွေပဲလေ
အခုတော့ ကျုးလစ်ကပြုံးနေပြီး အမြုတေကို တဂျွတ်ဂျွတ်နဲ့ထိုင်စားနေတဲ့ကြောင်လေးရဲ့ကျောပြင်ကအမွှေးတွေကိုပွတ်သတ်ပေးနေတယ်
"အိုး ရှောင်ရှောင် ဖြေးဖြေးစား မင်းရဲ့သွားတွေကျိုးကုန်တော့မယ်"
သူမပြောလိုက်ပြီးတာနဲ့ ကြောင်လေးက အစွယ်ထုတ်ကာ သူမလက်ကိုကိုက်ခဲလာခဲ့တယ်
"အိ"
ရုတ်တရက်မို့ သူမအသဲယားသွားတယ်
အလွန်မာကျောတဲ့အမြုတေကိုကိုက်နိုင်တဲ့သွားစွယ်လေးတွေက သူမရဲ့လက်ပေါ်မှာတော့ ခပ်စူးစူးလေးပဲဖြစ်နေတယ်
လူစကားမပြောတတ်ပေမဲ့ အမူအယာနဲ့ပြောပြတတ်တဲ့ကြောင်လေးရဲ့အစွယ်တွေကိုဖြဲကြည့်ရင်း
"ကောင်းပါပြီ နားလည်ပါပြီး မင်းပြောတာ ဒီကမမလေးကိုမထိခိုက်စေရဘူးလို့ပြောနေတာ ဟုတ်တယ်မလား"
"ညောင်"
သူမနားလည်ကြောင်းပြောပြီးတာနဲ့ ‌တော်တော်ဗိုက်ဆာနေပုံရတဲ့ကြောင်လေးက သူ့ရဲ့အစာကိုဆက်စားနေတော့တယ်
အဲ့လိုနဲ့နောက်နှစ်ရက်ကြာတဲ့အထိ သူမနဲ့ရှောင်ရှောင် နှင်းပွင့်ကုန်း‌မြေကို ခရီးဆက်ခဲ့တယ်
ရှောင်ရှောင်လေးကိုတော့ အပြင်မှာပဲထုတ်ထားပြီး ကျန်တဲ့အချိန်အများစုမှာသူမကလေ့ကျင့်နေလေ့ရှိတယ်
သူမကို သူမ(နွေဦးနတ်ဘုရားမ) ပေးခဲ့တဲ့စွမ်းအင်လုံးလေးထဲက စွမ်းအင်တွေကိုတိတ်တဆိတ်သန့်စင်ရင်း အချိန်အများစုကငြိမ်းချမ်းနေခဲ့တာပေါ့
ဒါပေမဲ့ ငြိမ်းချမ်းစွာခရီးသွားနေတဲ့သူမဟာ ကြောင်လေးတစ်ကောင်ကြောင့် အကြီးအကျယ်ဒုက္ခရောက်ရတော့တယ်
"ညောင် ညောင် "
သူ‌မလေ့ကျင့်နေရင်းမှ သူမရဲ့လက်လေးတွေကိုလာပွတ်သပ်ကာအော်နေတဲ့ကြောင်လေးကိုမျက်လုံးဖွင့်ကာကြည့်ရင်း
"ရှောင်ရှောင်ဘာမှားနေလို့လဲ"
ကြောင်လေးက ‌‌ဗိုက်လေးကိုလှန်ပြလာတယ်
ကြောင်လေးရဲ့ဗိုက်ထဲမှာ အစိမ်းရင့်ရောင်စွမ်းအင်နဲ့ အစိမ်းနုရောင်စွမ်းအင်နှစ်မျိုးဟာ ရောယှက်တိုက်ခိုက်နေကြပြီး အဲ့ဒါကပဲ ကြောင်လေးကိုနာကျင်စေတာဖြစ်မယ်
"ညောင် ညောင်"
သူမက ကြောင်မဟုတ်တော့ ကြောင်စကားနားမလည်ဘူးလေ
ဒါပေမဲ့လဲ တခုခုကတော့မှားနေတာသေချာတယ်
သူမ ကြောင်လေးရဲ့ဗိုက်ကိုပွတ်သပ်ပေးနေတုန်း ကြောင်လေးရဲ့အရေပြားတွေဟာစတင်စုတ်ပြဲလာခဲ့တယ်
အမှတ်မထင်သူမကလဲ အဲ့ဒါကိုမြင်သွားခဲ့တာပေါ့
"လခွမ်း ရှောင်ရှောင်ကဗိုက်နာနေတာမဟုတ်ဘူး အဆင့်တက်ဖို့လုပ်နေတာဟ ရန်ကျင်း လှည်းရပ် အချိန်မမှီတေ့ာဘူး ပြေးတော့ ပြေး "
သူမ မေ့ထားခဲ့တဲ့သူမရဲ့ကိုယ်ရံတော်လေးရန်ကျင်းကိုလှမ်းအော်လိုက်ပြီး သူမလဲတဆက်ထဲ ပျံသန်းကာ ထွက်ပြေးဖို့လုပ်လိုက်တယ်
ဒါပေမဲ့ သူမလှည်းပြင်ရောက်သွားတာနဲ့ ချက်ချင်းကို လှည်းတွေကအပိုင်းပိုင်းအစစအဖြစ်ပျက်စီး‌သွားတော့တာပဲ
ပြီးတာနဲ့ အဲ့အပျက်အစီးပုံကြီးကနေ အစိမ်‌းရောင်ပုံရိပ်လေးဟာ စွေ့ခနဲထွက်လာပြီး တောထဲကိုဝင်ရောက်‌ပျောက်ကွယ်သွားတော့တယ်
"အဟွတ် အဟွတ် အဟွတ် "
စုတ်ပြတ်နေတဲ့ ရန်ကျင်းကလဲ လှည်းပျက်ကြီးအောက်ကကုန်းထွက်လာခဲ့တယ်
"အရှင်မ ကျွန်တော့်ကိုမေ့ထားပြီတောင်ထင်တာ‌ ရှေ့ရက်တွေက ကျွန်တော်ဘယ်လောက်အထီးကျန်ဆန်ခဲ့ရသလဲ အခုမှပဲ ကျွန်တော့်ကိုခေါ်တော့တယ် "
"ကောင်းပြီ နားလာညီမနေနဲ့ လာခဲ့ ဒိနား"
ရန်ကျင်းရဲ့အနာတွေကိုသူမကုသပေးလိုက်တယ်
"အိုက်ယားလှည်းလေးတော့သွားပါပြီ ပြီးတော့ အဲ့ဒိကျေးဇူးမသိတတ်တဲ့ဟာလေးက လဲပြေးသွားပြီ"
"ပြန်လာမှာပါ"
"ပြန်လာကြည့်လိုက် လည်ပင်းကိုညစ်သတ်ပစ်မယ် "
"ကောင်းပြီ အဲ့စကားကိုမှတ်ထား အခု အနားယူဖို့သ္ားပြင်တော့"
သူမ ရန်ကျင်းကိုမောင်းထုတ်လိုက်ပြီး သစ်ပင်အောက်ကိုဝင်ကာ လေ့ကျင့်နေလိုက်တယ်
နှစ်နာရီလောက်ကြာတော့ သစ်တောထဲကနေ ဝုန်းဆိုတဲ့အသံခပ်အုပ်အုပ်ကိုကြားလိုက်ရပြီး လှိုင်းတခုကလဲ သူမဆီကိုရိုက်ခတ်လာခဲ့တယ်
"အောင်မြင်သွားပြီ ဘယ်ဆိုးလို့လဲ စိတ်ဓာတ်ကြံ့ခိုင်မူ့တော့ရှိသားပဲ"
ကြောင်လေးကြောင့် သူမတို့ဒုက္ခရောက်ပြီး ဆက်သွားစရာလှည်းရော အကူအညီတောင်းစရာလူတွေရောမရှိပဲ တောထဲရောက်နေပေမဲ့
ကျေ‌နပ်စရာတခုက ကြောင်လေးရဲ့အဆင့်တက်သွားခဲ့ပြီလေ
"ကောင်းကင်အဆင့်လောက်တော့ဖြစ်တန်ကောင်းပါရဲ့ ဒါဆိုရင်လှည်းရှာစရာမလိုတော့ဘူး"
သူမ မျက်လုံးမှိတ်ကာ ပြန်‌လေ့ကျင့်လိုက်တယ်
ရှောင်ရှောင်လေးက သူမရဲ့စိတ်နဲ့ဆက်နွယ်ထားတဲ့ စိတ်ဝိဉာဉ်သားရဲမဟုတ်သေးပါဘူး
အရမ်းငယ်သေးလို့စောင့်နေရင်းက အခုလိုကြုံလာခဲ့တာပဲ
ဒါပေမဲ့လဲ ရှောင်ရှောင်လေးကသူမကိုခင်တွယ်တဲ့အပြင် သူ့ရဲ့မိခင်နေရာမှာထားထားတယ်
ဒါကြောင့် သူမဆီကိုပဲပြန်လာမယ်လို့ သူမယုံကြည်တာကြောင့် ဆက်မသွားပဲ စောင့်နေတာဖြစ်တယ်
အဲ့အချိန် သူမရဲ့သက်တော်စောင့်ရန်ကျင်းကတော့ မိန်းမတပိုင်းကိုဖြစ်လို့
တောထဲဟင်းစားသွားရှာ ချက်ပြုတ်လျှော်ဖွတ် နေစရာနေရာအိမ်တောင်မှပဲ ရန်ကျင်းပဲဆောက်ထားတာ
မညီးမညူလုပ်ပေမဲ့လဲ လေ့ကျင့်ဖို့အချိန်မလုံလောက်တာကြောင့် နောက်ရက်တွေမှာ သူမက သူ့ကို လေ့ကျင့်ချိန်‌ရအောင် မလုပ်စေတော့ဘူး
သူ့ကိုလဲလေ့ကျင့်ဖို့ဂူသွင်းလိုက်ပြီးနောက် ကျန်နေခဲ့တာ‌ကသူမတစ်ယောက်ပဲဖြစ်တော့တယ်
အဲ့တော့သူမက ဘာအလုပ်မှမလုပ်ပဲ အစာမစားပဲ လေ့ကျင့်ပြီးတော့ပဲနေတော့တယ်
တလကြာပြီးတဲ့အချိန် ရန်ကျင်းအဆင့်တက်ကာ ဂူထဲကပြန်ထွက်လာခဲ့တယ်
အဲ့အချိန်သူမကတော့ သူမရဲ့အူတွေတောင်မှ ခြောက်သွေ့အက်ကွဲနေပြီထင်ခဲ့တာ
အစာခြောက်တွေပဲစားရတာကြောင့် သူမရဲ့ခံနိုင်ရည်စွမ်းတွေကလဲနိမ့်ကျလာခဲ့တယ်
ဒါကြောင့်ရန်ကျင်းထွက်လာချိန်မှာ သူမအတွက်ချက်ချင်းဟင်းချက်ခိုင်းတော့တာပဲ
အဲ့လိုနဲ့နောက်တပတ်ကုန်ပြီးလို့ မနက်စောစောမှာ
"အားးးး "
ရန်ကျင်းရဲ့သည်းခြေပြတ်မတတ်အော်ဟစ်တဲ့အသံက တောတခွင်ပျံလွင့်လာခဲ့တယ်
စိုးရိမ်းစိတ်နဲ့သူမပြေးကြည့်လိုက်တော့ အူယားဖားယားပြေးလာနေတဲ့ရန်ကျင်းနဲ့ သူ့နောက်ကိုလိုက်လာတဲ့ သတ္တဝါကြီးတစ်ကောင်ကိုတွေ့လိုက်ရတယ်
အဲ့သတ္တဝါကြီးက အမြင့်ဆယ်ပေလောက်ရှိကာ ကြီးမားတဲ့မျက်လံုးဝိုင်းကြီး‌ေတွနဲ့ အမွေးရှည်တွေရှိတယ်
သွားရည်တမြားမြားနဲ့အစွယ်တွေကိုဖော်ထားပုံက မြင်ရတဲ့သူကိုရင်ထိတ်သွားစေတာတော့အမှန်ပဲ
အဲ့သတ္တဝါကသူမကိုလဲမြင်ရော အရှိန်မြင့်ပြီးပြေးလာလိုက်တာ ရန်ကျင်းကိုကျော်ခွလာပြီး သူမကိုခုန်အုပ်လာခဲ့လေတယ်
"အားးး အရှင်မ ပြေးပြေး ပြေး‌......အဲ"
ဟုတ်တာပေါ့ အဲ့သတ္တဝါကရှောင်ရှောင်ပဲလေ
သူမရင်ခွင်ထဲခုန်ဝင်လာခဲ့တဲ့လမ်းတဝက်မှာ အဆမတန်ကြီး‌မားလွန်းနေရာမှ ချက်ချင်းခွေးပေါက်တကောင်လောက်အရွယ်အစားအဖြစ်ကျုံ့သွားပြီး သူမလက်ကိုအသာအယာကျဆင်းလာခဲ့တယ်
ရန်ကျင်း။ ။ "............" ငါ့နောက်ကျတော့စားမလိုဝါးမလိုနဲ့ ပြူးပြူးပြဲပြဲလိုက်လာပြီးမှ
အရှင်မရှေ့မှကျ ညင်သာနေလိုက်တာ
ဒီကောင်က.....
ဘာလား.....
.........🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾
Alinkar nang
(A/N,အဲ့လိုအကောင်ကိုမှ အစိမ်းရောင်လေးပါ)
Lengends of spring goddness
မီး‌သေစ စံအိမ်တော်ကြီးက အထီးကျန်စွာ ပြိုလဲလျှက်ရှိနေချိန်မှာတော့ မိန်းကလေးတဦးဟာ ရထားလုံးတလုံးပေါ်မှာ အစိမ်း‌ရောင်ကြောင်လေးတစ်ကောင်နဲ့အတူရှိနေတယ်
"အိ"
"ညောင်"
"ညောင် ညောင် "
"ညောင် ညောင်"
"လခွမ်း ရှောင်ရှောင်ကဗိုက်နာနေတာမဟုတ်ဘူး အဆင့်တက်ဖို့လုပ်နေတာဟ ရန်ကျင်း လှည်းရပ် အချိန်မမှီတော့ဘူး ပြေးတော့ ပြေး "
"အဟွတ် အဟွတ် အဟွတ် "
"ပြန်လာမှာပါ"
"ကောင်းပြီ အဲ့စကားကိုမှတ်ထား အခု အနားယူဖို့သ်ားပြင်တော့"
"အားးးး "
အဲ့သတ္တဝါကြီးက အမြင့်ဆယ်ပေလောက်ရှိကာ ကြီးမားတဲ့မျက်လုံးဝိုင်းကြီး‌တွေနဲ့ အမွေးရှည်တွေရှိတယ်
ဒီကောင်က.....
ဘာလား.....
.........🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾
Alinkar nang
You are reading the story above: TeenFic.Net