စာစဉ်(3) အပိုင်း(31) uni&zgi

Background color
Font
Font size
Line height

Lengends of spring goddness

အပိုင်း(31) ကြီးမားသောတိုက်ပွဲမှ သူမအမြတ်ရ

စိမ်းပြာရောင်မျက်ဆံများမှ အနီတောက်တောက်အရောင်သို့ပြောင်းသွားပြီးတဲ့ နွေဦးနတ်ဘုရားမဟာ လေထဲမှာ များစွာသောပန်းပွင့်တွေကိုပွင့်ခဲစေလိုက်တယ်

အရမ်းလှတဲ့ပန်းပွင့်တွေက ခနနချင်းမှာပဲ လူသတ်လက်နက်အဖြစ်ပြောင်းလဲသွားခဲ့လေပြီ

ခြေဗလာနဲ့လေထဲရပ်နေတဲ့ နွေဦးနတ်ဘုရားမက နွေးထွေးတဲ့အရှိန်အဝါများပျောက်ကွယ်နေပြီး အေးစက်မူ့အတိသာကြီးစိုးလျှက်ရှိတယ်

အဲ့လိုပုံကို‌မြင်တော့ နွေနှောင်းနတ်ဘုရားရဲ့မျက်နှာပျက်ရပြီ

"ဟွားဟွား ကောကမင်းရဲ့အကိုနော် "

"‌တကယ့်အကိုသာဆိုရင် ပိုင်ချင်းကိုအဲ့လိုမလုပ်ခဲ့သင့်ဘူး "

"ဟွားဟွား!!"

‌ပြုံးနေတဲ့ နွေနှောင်းနတ်ဘုရားက အခုတော့ စိတ်တိုနေခဲ့ပြီ

သူ့ရဲ့သခင်နှစ်ယောက်တိုက်ခိုက်နေကြတော့ ဟွားကျနး်ရှဲ့မှာလဲ ပြေးစရာမြေမရှိတော့သလို လှုပ်ခါလျှက်

"ဟွားဟွား ဒါနောက်ဆုံးသတိပေးချက်ပဲ ပြန်လိုက်လာမှာလားမလာဘူးလား"

"သေတောင်မလိုက်ဘူး သူ့ကိုမတွေ့မချင်းမရပ်ဘူး လုံးဝအထက်ဘုံကိုပြန်မလိုက်နိုင်ဘူး"

"ကောင်းပြီ ကောကိုအပြစ်မတင်နဲ့"

နွေနှောင်းနတ်ဘုရားရဲ့သိမ်မွေ့တဲ့ပုံဟန်ဟာပျောက်ကွယ်သွားခဲ့ပြီး ဒေါသတွေသာအစားထိုးလာခဲ့တယ်

လက်နောက်ပစ်ပြီးရပ်နေပေမဲ့ သူ့နောက်မှာ တဖြေးဖြေးနဲ့ သစ်ရွက်တွေဖြစ်ပေါ်လာတယ်

နွေဦးနတ်ဘုရားမက နွေဦးရာသီပန်းများကိုပိုင်ဆိုင်ပြီး နွေနှောင်းနတ်ဘုရားကတော့ နွေနှောင်းပိုင်းအဖူးအငုံများကိုပိုင်ဆိုင်တယ်

နွေနှောင်းနတ်ဘုရားရဲ့ပတ်ဝန်းကျင်မှာ လေပြင်းများတိုက်ခတ်လာလျှက် အဲ့ဒီလေပြင်းတွေက နွေဦးနတ်ဘုရားမရဲ့ပန်းပွင့်များကိုလှုတ်ခါလာစေတယ်

ဟွာကျန်းရှဲ့ အသာအယာသက်ပြင်းချလိုက်တယ်

‌နတ်ဘုရားနှစ်ပါးသာ တကယ်ချကုန်မယ်ဆို ဒီကုန်းမြေကြိးတခုလုံးက ဘယ်လိုအစပျောက်မှန်းမသိပျောက်ကွယ်သွားလိမ့်မယ်

ပြီးတော့ နတ်ဘုရားအငွေ့အသက်အကြွင်းအကျန်တွေကတဆင့် အထက်ဘုံက ဒီကုန်းမြေကိုရောက်လာခဲ့တယ်ဆိုတာသိသွားကြပြီး အဲ့ဒါက ကျူးမိနး်ကလေးကို ဒုက္ခတွင်းထဲဆွဲချသလိုဖြစ်သွားလိမ့်မယ်

နတ်ဘုရားဖြစ်ဖို့အခွင့်အရေးနဲ့ အထက်ဘုံကိုတက်နိုင်ဖို့အခွင့်အရေးဟာ ဒီကျူးမိနး်ကလေးရဲ့သွေးထဲမှာအဖြေရှိ‌နေတယ်ဆိုတာ အားလုံးသိသွားကြမှာ

အဲ့ဒီအခါ ကုန်းမြေငါးခုရဲ့အမဲလိုက်ခြင်းကိုခံရမဲ့ ကျုးမိန်း‌ကလေးဟာ လူဘုံမှာ တရက်ထက်ပိုအသက်ရှင်နိုင်ရင်ကံကောင်းပေါ့

ဟွာကျန်းရှဲ့ကောင်းကင်ကိုမော့ကြည့်လိုက်တော့

နတ်ဘုရားနှစ်ပါးကအင်အားပြိုင်နေဆဲပဲ

နွေနှောင်းနတ်ဘုရားရှန့်ကွမ်းချိုးယွဲ့ရဲ့နောက်ကသစ်ရွက်တွေကတည်ငြိမ်နေပေမဲ့ နွေဦးနတ်ဘုရားမ ရှန့်ကွမ်းခွျန်းဟွားရဲ့နောက်ကပန်းပွင့်တွေကတော့ တည်ငြိမ်ခြင်းမရှိ ပြုတ်ကျသွားတော့မလိုလှုပ်ခါလျှက်ရှိတယ်

နွေနှောင်းနတ်ဘုရားက ပိုအင်အားကြီးတာအသိသာကြီးကို

ဘာလို့အချိန်ကုန်ခံပြီးပြိုင်နေကြသလဲမသိဘူး

"ဟွားဟွား ပြန်လိုက်ခဲ့ မင်းရဲ့ပါးပါးလေးပဲကျန်တော့တဲ့ဝိဉာဉ်ကို ကောမဖျက်ဆီးချင်ဘူးနော် "

"စိတ်ကူးယဉ်မနေနဲ့"

နွေဦးနတ်ဘုရားမက ရုတ်တရက်လက်ဆန့်လိုက်ပြီးသူမနောက်ကပန်းပွင့်များကို နွေနှောင်းနတ်ဘုရားထံပစ်လွတ်လိုက်တယ်

အဲ့ဒီအခါ ပတ်ဝန်းကျင်ကပုံပျက်ရှုံ့တွသွားပြီးအဆုံးမရှိတဲ့သဘာဝစွမ်းအားတွေနဲ့အတူ နွေနှောင်းနတ်ဘုရားထ့ပစ်လွင့်သွားခဲ့တယ်

ဒါပေမဲ့လဲ အဲ့ဒီပန်းပွင့်တွေအားလုံးဟာ နွေနှောင်းနတ်ဘုရားရဲ့ဝတ်ရုံလက်အိုးနဲ့ထ‌ိ‌တွေ့သွားပြီး ပျောက်ကွယ်သွားရတော့တာပဲ

သဘာဝစွမ်းအားအများစုကလဲ လှုပ်ရှားသွားကြပြီး ပျောက်ကွယ်သွားခဲ့တယ်

နွေနှောင်းနတ်ဘုရားပြုံးလိုက်တယ်

ဒါပေမဲ့ ရှေ့ကမြင်ကွင်းမှာတော့ နွေဦးနတ်ဘုရားမက မရှိတော့ဘူး

"ဟွားဟွား!!"

သူဒီလိုဖြစ်လာမယ်ဆိုတာမသိခဲ့ဘူး

ဘယ်လိုဖြစ်လို့

သူ့ညီမက

ဘယ်လိုဖြစ်ပြီး ဒီလိုအောက်တန်းကျတဲ့အရာကိုပြုလုပ်ရတာလဲ

ပြေးသွားတယ်

နတ်ဘုရားမဆန်လိုက်တာ

အဲ့ဒိသေးနုတ်သိမ်ဖျင်းတဲ့လူတွေကြားနေတာကြာလာတာနဲ့ဒီလိုအကျင့်ဆိုးတွေကူးစက်စေရလား

သူ့မျက်လုံးများကိုမှိတ်ပြီး အာရုံခံလိုက်တော့ မိုင်တရာအကွာမှာ သူ့ညီမရဲ့အငွေ့အသက်ကိုရလိုက်တယ်

"ထွက်ပြေးချင်တာလား "

ထွက်ပြေးသွားတဲ့သူ့ညီမနောက်ကိုလိုက်သွားတာမြန်
သမဖျတ်ခနဲကိုပျောက်ကွယ်သွားတော့တာပဲ

မိနစ်အနဲငယ်ကြာပြီးတော့ သက်တံစံအိမ်ထဲရှိရေကန်ထဲမှ ကျုးလစ်ပေါ်လာခဲ့တယ်

မျက်လုံးဖွင့်ဖွင့်ချင်းရေအောက်ထဲရောက်နေတော့ ထိတ်လန့်သွားလိုက်တာ လန့်ပြီးတောင်အော်မိတော့မလို့

ဒါပေမဲ့ သူမစိတ်ထဲကသတိပေးချက်ထွက်လာခဲ့တယ်

အဲ့ဒါက သူမခန္ဒာကိုယ်ထဲမှာရှိနေတဲ့ဝိဉာဉ်လေးပဲ

သူမပင်ပန်းနေတယ် နားတော့မယ်တဲ့ 

သူမခန္ဒာကိုယ်ထဲက ဝိဉာဉ်နဲ့ပထမဆုံးဆက်သွယ်မိတာမို့သူမစိတ်အရမ်းလှုပ်ရှားနေခဲ့တာ

ခနနေတော့ သူမရဲ့သွေးကြောတွေထဲနွေးထွေးတဲ့အတွင်းအားတွေအများကြီးရှိနေတာကိုခံစားလိုက်မိတယ်

"အဲ့ဒါ ငါ့ရဲ့အတွင်းအားတွေပဲ

အဲ့ဒါက မင်းကို ခပ်မြန်မြန်လေ့ကျင့်နိုင်စေပြီး အဆင့်မြန်မြန်တက်နိုင်လိမ့်မယ် "

သူမရဲ့ဒန်ထျန်ထဲကသစ်ပင်လေးမှာလဲပန်းတွေဝေဝေဆာဆာပွင့်နေတာကိုမြင်လိုက်ရတယ်

"..........."

ဘာလား

ဒါက

ငါရဲ့ဒန်ထျန်လား ဒါမှမဟုတ် သစ်ပင်စိုက်တဲ့နေရာလား

ဘာကြောင့်ငါ့နယ်မြေထဲမှာ သူမက အပင်လာစိုက်နေရတာလဲ

ပြီးတော့ အဲ့သစ်ပင်နဲ့သူမကြားမှာ မသေချာတဲ့ဆက်နွယ်မူ့တခုရှိနေသလိုပဲ

အဲ့ဒါက သူမနဲ့သူမ(နွေဦးနတ်ဘုရားမ) ကြားမှာရှိသလိုမျိုး

"ဒီကုနး်မြေကထွက်သွားတော့ နောက်ထပ် သူ့ရဲ့အ‌ဖမ်းမခံရစေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီကုန်းမြေငါးခုက အရင်ထက်ပိုရှုပ်ထွေးနေပြီ"

နောက်ဆုံးစကားပြောပြီးသွားတော့ သူမနဲ့အဲ့သူမရဲ့ဆက်နွယ်မူ့ပြတ်တောက်သွားတယ်

သူမလဲဒီမှာဆက်‌မနေချင်တော့ပါဘူး

ချွေမိသားစုကိုအမြစ်ဖြုတ်ချေမှုန်းပြီးရင် ဒီကထွက်သွားတော့မယ်

စိတ်ဝိဉာဉ်အဆင့်

ချွေမိသားစုကိုအမြစ်ဖြုတ်လို့ရကောင်းပါရဲ့

စိတ်ဝိဉာဉ်အဆင့်

သူများတွေက ကောင်းကင်အဆင့်မှာ တစ်ပြီး ဆက်မသွားနိုင်ချိန်မှာ

‌ေ‌ကာင်းကင်အဆင့်ရောက်တာမကြာသေးတဲ့သူမကတော့ စိတ်ဝိဉာဉ်အဆင့်ကိုခုန်တက်သွားခဲ့တယ်

အဲ့ဒါက သူမ(နွေဦးနတ်ဘုရာူမ)ရဲ့ကူညီမူ့တွေပဲ

နှင်းပွင့်ကုန်းမြေရေ ငါလာပြီ

.....

"ဘယ်လို ကျူးမိနး်ကလေး ဒီကုန်း‌မြေကထွက်သွားတော့မယ်ဟုတ်လား"

"ရှင်လဲသိပြီးသားပဲလေ ဘာတွေအံဩနေတာလဲ "

"ဟုတ်တော့ဟုတ်ပါတယ် ဒါပေမဲ့"

"ကျွန်မနောက်ကိုအင်အားကြီးတဲ့ရန်သူလိုက်နေတယ် အဲ့ဒါက ရှင်တို့ကိုဒုက္ခရောက်စေလိမ့်မယ် ပြီးတော့ "

သူမကို နှင်းပွင့်ကုန်းမြေက လာရောက်တိုက်ခိုက်တဲ့အကြောင်းပြောပြလိုက်တယ်

"ကြည့်ရတာ ကိုယ်တို့ထင်ထားတာထက်ဆိုးနိုင်တာပဲ "

"ဟုတ်တယ် ရှင်သတိထားဖို့လိုတယ် ရှင် ဒီကုန်းမြေကထွက်လာလို့ နှင်းပွင့်ကုန်းမြေကိုရောက်ခဲ့ရင် ကျွန်မကိုလာရှာပါ"

"အင်း ကိုယ်ကျိန်းသေပေါက်လာရှာမယ်"

"ပြီးတော့ သတိရပါ ဒီအချိန်က ငြိမ်းချမ်းရေးအတွက်ညှိနှိုင်းနေရမဲ့အချိန်မဟုတ်ဘူး"

သူမရဲ့ဒီစကားက မိုးကြိုးလျှပ်စီးကုန်းမြေကိုကယ်တင်နိုင်ရင် အတော်ကောင်းမှာပဲ

"ကလေးတွေကိုသွားနှုတ်ဆက်လိုက်ဦးမယ်  နောက်တခါတွေ့ရင် ဘယ်သူကအသက်ရှင်ကျန်နေဦးမလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူးလေ"

သူမစကားက အကြင်နာမဲ့ရင်မဲ့တယ်လို့ထင်နိုင်စရာပဲ

ဒါပေမဲ့ အားလုံးကအမှန်တေွချည်းပဲ

ဒါကသူတို့ရဲ့ခွဲခွာနှုတ်ဆက်ရမဲ့အချိန်ပဲထင်ပါရဲ့

သူမရဲ့‌နောက‌်ကျောလေးက လေနဲ့အတူ ခပ်မြန်မြန်ပဲပျောက်ကွယ်သွားတယ်

"ပြန်တွေ့ကြမယ် ကိုယ့်ရဲ့အချစ်လေး"

တုကူးရှန်းတစ်ယောက် လွမ်းမောစွာ နဲ့ သူမသွားရာလမ်းလေးကိုငေးလို့နေလေရဲ့

................🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾

alinkar nang

Lengends of spring goddness








"ဟွားဟွား!!"


သူ့ရဲ့သခင်နှစ်ယောက်တိုက်ခိုက်နေကြတော့ ဟွားကျန်းရှဲ့မှာလဲ ပြေးစရာမြေမရှိတော့သလို လှုပ်ခါလျှက်










ပြီးတော့ နတ်ဘုရားအငွေ့အသက်အကြွင်းအကျန်တွေကတဆင့် အထက်ဘုံက ဒီကုန်းမြေကိုရောက်လာခဲ့တယ်ဆိုတာသိသွားကြပြီး အဲ့ဒါက ကျူးမိန်းကလေးကို ဒုက္ခတွင်းထဲဆွဲချသလိုဖြစ်သွားလိမ့်မယ်

နတ်ဘုရားဖြစ်ဖို့အခွင့်အရေးနဲ့ အထက်ဘုံကိုတက်နိုင်ဖို့အခွင့်အရေးဟာ ဒီကျူးမိန်းကလေးရဲ့သွေးထဲမှာအဖြေရှိ‌နေတယ်ဆိုတာ အားလုံးသိသွားကြမှာ




နွေနှောင်းနတ်ဘုရားရှန့်ကွမ်းချိုးယွဲ့ရဲ့နောက်ကသစ်ရွက်တွေကတည်ငြိမ်နေပေမဲ့ နွေဦးနတ်ဘုရားမ ရှန့်ကွမ်းချွန်းဟွားရဲ့နောက်ကပန်းပွင့်တွေကတော့ တည်ငြိမ်ခြင်းမရှိ ပြုတ်ကျသွားတော့မလိုလှုပ်ခါလျှက်ရှိတယ်




"စိတ်ကူးယဉ်မနေနဲ့"







"ဟွားဟွား!!"


ဘယ်လိုဖြစ်လို့

သူ့ညီမက


ပြေးသွားတယ်

နတ်ဘုရားမဆန်လိုက်တာ



"ထွက်ပြေးချင်တာလား "












"..........."

ဘာလား

ဒါက





"ဒီကုန်းမြေကထွက်သွားတော့ နောက်ထပ် သူ့ရဲ့အ‌ဖမ်းမခံရစေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီကုန်းမြေငါးခုက အရင်ထက်ပိုရှုပ်ထွေးနေပြီ"




စိတ်ဝိဉာဉ်အဆင့်


စိတ်ဝိဉာဉ်အဆင့်





.....

"ဘယ်လို ကျူးမိန်းကလေး ဒီကုန်း‌မြေကထွက်သွားတော့မယ်ဟုတ်လား"












ဒါပေမဲ့ အားလုံးကအမှန်တွေချည်းပဲ





................🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾

alinkar nang

You are reading the story above: TeenFic.Net