Lengends of spring goddness
အပိုင်း(33) လမ်းတဝက်မှာ
ရန်ကျင်း ဒေါသထွက်လို့သေလုမျောပါးဖြစ်သွားတယ်
ဒီဟာလေးကတော့ ငါ့ကိုမလေးမစားနဲ့
သူရှူးရှူးရှားရှားဖြစ်ပြီး ဒေါကန်နေစဉ်မှာပဲ သူ့သခင်ဖြစ်သူရဲ့စကားက သူ့ကိုရေအေးနဲ့ပက်လိုက်သလိုဖြစ်သွားခဲ့ပြန်တယ်
"လည်ပင်းညစ်ပစ်မယ်လို့ပြောနေတာဘယ်သူများပါလိမ့် လာလေ ကြိုးစားကြည့်ပါဦး"
သူနေရာမှာတင်အေးခဲသွားတယ် မလှုပ်ရဲတော့ဘူး
အဲ့လိုဆယ်ပေလောက်ရှည်တဲ့ဟာကြီးကသာ သူ့ကိုအနှောင့်အယှက်ပေးချင်တယ်ဆိုရင် သူတော့ဘယ်မှာမှပုန်းလို့ရမှာတောင်မဟုတ်တော့ဘူး
"မလုပ်ပါနဲ့ မလုပ်ပါနဲ့"
ပြောလဲပြော နောက်ကိုလဲဆုတ်သွားတဲ့ရန်ကျင်းကို အထင်သေးသလိုကြည့်ပြီး ရှောင်ရှောင်က
သူမလက်ထဲကနေခုန်ဆင်းသွားကာ ကြီးကြီးမားမားပြန်ဖြစ်သွားပြီး ပြေးလို့အဝေးရောက်နေပြီဖြစ်တဲ့ ရန်ကျင်းနောက် တဟုန်ထိုးလိုက်သွားတော့တာပဲ
သူမကတော့ မသိသလိုနဲ့ကောင်းကင်ကြီးကိုကြည့်ကာ ခနတာငေးမောလိုက်ပြီး အရိပ်အောက်ပြန်ဝင်သွားတော့တယ်
ရန်ကျင်းရဲ့ဆိုးဆိုးဝါးဝါးအော်ဟစ်သံတွေပျောက်သွားပြီး ခနအကြာ ရှောင်ရှောင်က ရန်ကျင်းရဲ့ခေါင်းကိုမြိုထားရင်းသူမနားရောက်လာခဲ့တယ်
"ရှောင်ရှောင် လွတ်လိုက်တော့လေ"
သူမတောင်ကြက်သီးထမိသွားတယ်
ရုန်းကန်နေတဲ့ရန်ကျင်းရဲ့ကိုယ်က ရှောင်ရှောင်ရဲ့ပါးစပ်အပြင်မှာရှိနေပြီး ခေါင်းကတော့ ရှောင်ရှောင်ရဲ့ပါးစပ်အတွင်းမှာဖြစ်လေတယ်
အမ်း သူမသာဆိုရင်လဲ သီးမခံနိင်လောက်ဘူး
"ထွေးထုတ်လိုက်တော့"
သူမပြောလိုက်တာနဲ့ ရှောင်ရှောင်က ရန်ကျင်းကို ရွံရှာသလိုချက်ချင်းထွေးထုတ်ပစ်လိုက်တယ်
ပြီးတာနဲ့ အကောင်သေးသေးလေးဖြစ်သွားပြီး သူမဆီခုန်ဝင်လာကာ ကွေးအိပ်သွားလေရဲ့
ရန်ကျင်းကတော့ အော့အန်နေလေတယ်
သူမ မရယ်ရမနေနိုင်ဖြစ်ပြီး အသံထွက်ရယ်လိုက်ပေမဲ့
ချက်ချင်းပြန်တည်သွားကာ ဘေးကိုလှည့်လိုက်ပြီး
"ဘယ်သူလဲ? ထွက်လာခဲ့"
သူမက အဖြူရောင်ဝတ်ရုံပေါ်မှာ အနီရောင်ပန်းပွင့်လေးတွေရှိတဲ့ဝတ်ရုံကိုဝတ်ဆင်ထားပြီး ကြွေလိုအသားအရေပေါ်မှာ ထင်လင်းစွာလှပလို့နေတယ်
မျက်ခုံးလေးပင့်ပြီး စူးစိုက်ကြည့်နေတဲ့ပုံက သူမကိုပိုလို့ကျက်သရေရှိစေနတယ်
ခနတွင်းမှာပဲ လူလေးယောက်က တောအတွင်းမှထွက်ပေါ်လာခဲ့တယ်
"ဟားဟားဟား ဒီကမိန်းကလေး နားကတော့ပါးတာပဲနော်"
သူတို့ရဲ့ဝတ်ရုံဘယ်ဘက်မှာ နှင်းပွင့်ပုံထိုးထားထဲက သူမအမြင်မကြည်တော့တာ
ပြီးတော့ သူမက အခုထိ မိုးကြိုးလျှပ်စီးကုန်းမြေကနေမထွက်ရသေးဘူးလေ
နှင်းပွင့်ကုန်းမြေကလူတွေ ဒီကိုရောက်နေတယ်ဆိုတော့
ဒါက တကယ်ကြီး သူမအထင်မှန်နေတာပဲ
နှင်းပွင့်ကုန်းေမြက နှင်းအမြဲဝေပြီး တနှစ်ပတ်လုံးအေးစက်ကာ အရာအားလုံးဖြူဖွေးနေတယ်လို့သူမကြားဖူးတယ်
သူတို့ရဲ့အသားအရေကလဲ နှင်းပွင့်လိုဖြူပြီး အဆမတန်ချောမောလှပကြတယ်တဲ့
ဒါပေမဲ့ သူမကြည့်ရသလောက် ဒိလူတွေကလဲ အဲ့လိုမ
ဟုတ်ဘူး
သူမကိုလာတိုက်ခိုက်တုန်းကလဲ ထူးခြားတာဘာမှမတွေ့ဘူး
ဒါဆို ဖြစ်နိုင်တာက
"ရုပ်ဖျက်ထားကြတာပဲ"
ရုပ်ဖျက်ထားပေမဲ့ ဝတ်ရုံလဲမလဲ ဒိကိုလဲကျုးကျော်လာရဲကြတယ်ဆိုတော့ သူတို့ကရူးနေကြတာလား
ဒါမှမဟုတ် ဂရုစိုက်စရာမလိုဘူးလို့များထင်နေသလားပဲ
"မိန်းကလေးဘယ်ကိုသွားမှာလဲ ဒီကအကိုကြိးတို့နဲ့အဖော်မပြုပေးချင်ဘူးလား "
သူမ မျက်နှာသေနဲ့အဲ့လူတွေကိုအကြည့်လွဲလိုက်ကာ
"ရှောင်ရှောင်လေး ဒီလိုကောင်းကင်အဆင့်ရွံစရာတွေကိုစားလား "
"ညောင်"
သူမက ရှောင်ရှောင်ကိုပွတ်သပ်ကာ မေးလိုက်တော့ ဝေခွဲမရဖြစ်နေပေမဲ့ သဘောတူဟန်တော့ပြုလာတဲ့ရှောင်ရှောင်လေးရဲ့ကျောကိုအသာပုတ်ကာ
"သွား အကုန်စားပစ်ခဲ့ မှတ်ထား အရိုးတော့ထွေးထုတ်ပစ်ခဲ့နော် အဲ့ဒါက မင်းကိုအစာမကြေဖြစ်စေလိမ့်မယ်"
အစပိုင်းမှာ သူမကရယ်စရာပြောတယ်ထင်လို့ ထိုလူေတွပြုံးတုံ့တုံ့လုပ်နေခဲ့ပေမဲ့
ရှောင်ရှောင်လေးက တကယ်ကြီး အောက်ဆင်းသွားတာနဲ့ ထိုလူတွေဟာ သေရတော့မဲ့သူမရဲ့ကံကြမ္မာကိုမသိပဲ ခွက်ထိုးခွက်လှန်ရယ်မောကြတော့တယ်
"ဟားဟားဟား ဒီလိုကြောင်သေးသေးလေးက ငါတို့ကိုစားမယ်တဲ့ တကယ်ကြီးလား ဟားဟားဟား"
အကုန်လုံးကဟားတိုက်ရယ်မောနေကြတဲ့အချိန်
တစ်ပေလောက်ပဲရှိတဲ့ရှောင်ရှောင်လေးက သူတို့ရှေ့မှာတင် ဆယ်ပေလောက်အဖြစ်ကြီးထွားသွားခဲ့တော့တယ်
အဲ့တော့ ရယ်နေကြတဲ့သူတွေအားလုံးလဲ မှင်သက်မနေရဲတော့ပဲထွက်ပြေးသွားကြတော့တာပဲ
သူမအေးဆေးလက်ပိုက်နေပြီးမှ
"အိုက်ယား သတင်းမေးရအောင် တစ်ယောက်လောက်တော့ချန်ထားခိုင်းရမှာကိုကွာ မေ့သွားတယ် "
ရန်ကျင်းကတော့ သူမရဲ့မျက်နှာကိုမယုံသလိုငေးကြည့်ဆဲ
သူတွေးနေတာ သူ့အရှင်မမှာ မည်းနက်နေတဲ့နှလုံးသားတခုရှိတာပဲလို့
အဲ့လိုတွေးမိပြီး
သူလဲကြောက်သွားခဲ့တယ်
သူကတော့ဘယ်သိမလဲ
ကျုးလစ်က မော်ဒန်ခေတ်ကကူးပြောင်းလာတာဖြစ်ပြီး လျို့ဝှက်အေးဂျင့်လဲဖြစ်တယ်
သေချာပေါက်ရက်စက်တတ်တဲ့နှလုံးသားရှိပြီးသားလေ
သူမသာ ညှာတာတတ်တဲ့စိတ်ထားရှိခဲ့ရင် အသက်ရှင်ကျန်ရစ်ခဲ့မှာတောင်မဟုတ်ဘူး
အစောထဲကသေသွားတာ ကြာလှပေါ့
အရိုးတောင်ေဆွးနေလောက်ပြီလေ
ဒါကို ဒီဖက်ခေတ်ကလူတွေကိုရှင်းပြလို့နားမလည်နိုင်ပါဘူးလေ
သူမဘက်ကရှင်းပြဖို့လဲစိတ်မဝင်စားဘူး
သူ့ကိုယ်သူကိုယ်ပျောက်လူသားဖြစ်အောင်နေလေတဲ့ရန်ကျင်းကိုလျစ်လျူရှူ့လိုက်ကာ ခပ်ဝေးဝေးကိုပဲစောင့်ကြည့်ေနလိုက်တယ်
အချိန်တော်တော်လင့်မှ ရှောင်ရှောင်လေးလဲပြန်လာခဲ့တယ်
ဒိတခါတော့ ထွက်သွားတုန်းကထက်ပိုပြီး အစွမ်းထက်လာခဲ့တယ်
သူမပြုံးလိုက်တယ်
ဒီလိုဆိုတော့ ဒီကောင်လေးကဘယ်ဆိုးလို့လဲ
ရန်သူတွေကိုရှင်းနိုင်ပြီး ဗိုက်လဲဝပြီး စွမ်းအားလဲတိုးတက်တယ်
ရန်ကျင်းထက်တောင်ပိုအသုံးကျသေး
သူမရန်ကျင်းကိုကြည့်လိုက်ပြီး သူမပေါင်ပေါ်တက်ခွေနေတဲ့ရှောင်ရှောင်ကိုပါကြည့်လိုက်တယ်
သူမကတော့ရိုးရိုးသားသားကြည့်တာပါပဲ
ရန်ကျင်းကတော့ သူ့ကို သူ့သခင်မက အဲ့ကြောင်အစုတ်ပလုတ်ကိုကျွေးပစ်လိုက်တော့မှာလားဆိုပြီးကြောက်ရွံ့လွန်းလို့ သေချင်ယောင်ပဲဆောင်လိုက်တော့တယ်
"............."
ဘာလား....
ကျုးလစ်လဲ သူမရဲ့တွန့်သွားတဲ့နှုတ်ခမ်းကို အသာကွယ်လိုက်ကာ
"သေချင်ယောင်ဆောင်မနေနဲ့ လာ ဆက်သွားကြမယ် ရှောင်ရှောင်လေးကိုပဲအားကိုးရတော့မယ် နော်"
"ညောင်"
နောက်ဆုံးတော့ သူမနဲ့ရန်ကျင်း မြေပြင်ခရီးကိုဆက်ခဲ့ကြတယ်
ရှောင်ရှောင်က ရန်ကျင်းကိုသူ့ကျောပေါ်မတင်ချင်ဘူး
အခွင့်သင့်တိုင်းခါချလေ့ရှိတယ်
ခါးသီးတဲ့မျက်နှာနဲ့ရန်ကျင်းကတော့ သူ့ရဲ့ကံဆိုးမူ့ကိုအပြစ်တင်နေပြီး သိုင်းသမားဖြစ်လို့မာကျောတဲ့ကိုယ်ခန္ဒာရထားတာကိုတော့ မကြာခနကျေးဇူးတင်နေလေရဲ့
လမ်းမှာတွေ့တဲ့နှင်းပွင့်ကုန်းမြေကစွမ်းအားရှင်တွေကတော့ ပြောစရာမလိုအောင် ရှောင်ရှောင်ရဲ့အစာဖြစ်သွားခဲ့တယ်
တချို့သူတွေကို သူမဖမ်းပြီးစစ်မေးခဲ့ပေမဲ့ အများစုကတော့ ကြောက်လန့်လွန်းလို့ကောင်းကောင်းမဖြေနိုင်ကြဘူး
သူမမျက်မှောင်လေးကျုံလိုက်တာနဲ့ အဲ့လူတွေက မြန်မြန်ဆန်ဆန်ပဲ ရှောင်ရှောင်ရဲ့ပါးစပ်ထဲရောက်သွားခဲ့တယ်
ငါတို့မိသားစုကရှောင်ရှောင်လေးက အစားကြီးတယ် အဆော့မက်တယ်
အမ်း အဆင့်ခုန်တက်လို့ကြီးမားသွားပေမဲ့ တကယ်တမ်းက ကလေးအရွယ်ပဲရှိသေးတာကို
မတတ်နိုင်ဘူးလေ ကိုယ့်အိမ်ကကလေးကိုတော့ကိုယ်ကပဲအလိုလိုက်ရတာပေါ့
အဲ့လိုနဲ့
နောက်ထပ်တလလောက် ခရီးဆက်လာပြီးတော့ နှင်းပွင့်ကုန်းမြေအစပ်ကိုရောက်လာခဲ့တယ်
"ဒိနေရာတော်တော်အေးတာပဲ"
သာမန်လူေတွအတွက်ကတော့ လုံလောက်တဲ့အအေးဓာတ်ပဲဆိုပေမဲ့
သူမတို့လို အပူပိုင်းကုန်းမြေကစွမ်းအားရှင်တွေအတွက်တော့ သူတို့ရဲ့ချီကိုတဖြေးဖြေးပါးလျှလာစေပြီး ရေခဲချီအဆိပ်သင့်စေတယ်
"တကယ့်ကိုထူးဆန်းတဲ့ချီတွေပဲ"
သူမအဝေးကိုလှမ်းကြည့်လိုက်တယ်
မျက်စိတဆုံးအဖြူရောင်လွင်ပြင်ကြီးသာ အိမ်တွေဟာလဲ အဖြူရောင်နှင်းထုကြီးအောက်မှာပျောက်ကွယ်လုနီးပါးပဲ
ဒါက နှင်းပွင့်ကုန်းမြေလား
....... 🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵
Alinkar nang
Lengends of spring goddness
အပိုင္း(33) လမ္းတဝက္မွာ
ရန္က်င္း ေဒါသထြက္လို့ေသလုေမ်ာပါးျဖစ္သြားတယ္
ဒီဟာေလးကေတာ့ ငါ့ကိုမေလးမစားနဲ႔
သူရွူးရွူးရွားရွားျဖစ္ၿပီး ေဒါကန္ေနစဥ္မွာပဲ သူ႔သခင္ျဖစ္သူရဲ့စကားက သူ႔ကိုေရေအးနဲ႔ပက္လိုက္သလိုျဖစ္သြားခဲ့ျပန္တယ္
"လည္ပင္းညစ္ပစ္မယ္လို့ေျပာေနတာဘယ္သူမ်ားပါလိမ့္ လာေလ ႀကိဳးစားၾကည့္ပါဦး"
သူေနရာမွာတင္ေအးခဲသြားတယ္ မလွုပ္ရဲေတာ့ဘူး
အဲ့လိုဆယ္ေပေလာက္ရွည္တဲ့ဟာႀကီးကသာ သူ႔ကိုအေႏွာင့္အယွက္ေပးခ်င္တယ္ဆိုရင္ သူေတာ့ဘယ္မွာမွပုန္းလို့ရမွာေတာင္မဟုတ္ေတာ့ဘူး
"မလုပ္ပါနဲ႔ မလုပ္ပါနဲ႔"
ေျပာလဲေျပာ ေနာက္ကိုလဲဆုတ္သြားတဲ့ရန္က်င္းကို အထင္ေသးသလိုၾကည့္ၿပီး ေရွာင္ေရွာင္က
သူမလက္ထဲကေနခုန္ဆင္းသြားကာ ႀကီးႀကီးမားမားျပန္ျဖစ္သြားၿပီး ေျပးလို့အေဝးေရာက္ေနၿပီျဖစ္တဲ့ ရန္က်င္းေနာက္ တဟုန္ထိုးလိုက္သြားေတာ့တာပဲ
သူမကေတာ့ မသိသလိုနဲ႔ေကာင္းကင္ႀကီးကိုၾကည့္ကာ ခနတာေငးေမာလိုက္ၿပီး အရိပ္ေအာက္ျပန္ဝင္သြားေတာ့တယ္
ရန္က်င္းရဲ့ဆိုးဆိုးဝါးဝါးေအာ္ဟစ္သံေတြေပ်ာက္သြားၿပီး ခနအၾကာ ေရွာင္ေရွာင္က ရန္က်င္းရဲ့ေခါင္းကိုၿမိဳထားရင္းသူမနားေရာက္လာခဲ့တယ္
"ေရွာင္ေရွာင္ လြတ္လိုက္ေတာ့ေလ"
သူမေတာင္ၾကက္သီးထမိသြားတယ္
႐ုန္းကန္ေနတဲ့ရန္က်င္းရဲ့ကိုယ္က ေရွာင္ေရွာင္ရဲ့ပါးစပ္အျပင္မွာရွိေနၿပီး ေခါင္းကေတာ့ ေရွာင္ေရွာင္ရဲ့ပါးစပ္အတြင္းမွာျဖစ္ေလတယ္
အမ္း သူမသာဆိုရင္လဲ သီးမခံနိင္ေလာက္ဘူး
"ေထြးထုတ္လိုက္ေတာ့"
သူမေျပာလိုက္တာနဲ႔ ေရွာင္ေရွာင္က ရန္က်င္းကို ရြံရွာသလိုခ်က္ခ်င္းေထြးထုတ္ပစ္လိုက္တယ္
ၿပီးတာနဲ႔ အေကာင္ေသးေသးေလးျဖစ္သြားၿပီး သူမဆီခုန္ဝင္လာကာ ေကြးအိပ္သြားေလရဲ့
ရန္က်င္းကေတာ့ ေအာ့အန္ေနေလတယ္
သူမ မရယ္ရမေနနိုင္ျဖစ္ၿပီး အသံထြက္ရယ္လိုက္ေပမဲ့
ခ်က္ခ်င္းျပန္တည္သြားကာ ေဘးကိုလွည့္လိုက္ၿပီး
"ဘယ္သူလဲ? ထြက္လာခဲ့"
သူမက အျဖဴေရာင္ဝတ္႐ုံေပၚမွာ အနီေရာင္ပန္းပြင့္ေလးေတြရွိတဲ့ဝတ္႐ုံကိုဝတ္ဆင္ထားၿပီး ေႂကြလိုအသားအေရေပၚမွာ ထင္လင္းစြာလွပလို့ေနတယ္
မ်က္ခုံးေလးပင့္ၿပီး စူးစိုက္ၾကည့္ေနတဲ့ပုံက သူမကိုပိုလို့က်က္သေရရွိေစနတယ္
ခနတြင္းမွာပဲ လူေလးေယာက္က ေတာအတြင္းမွထြက္ေပၚလာခဲ့တယ္
"ဟားဟားဟား ဒီကမိန္းကေလး နားကေတာ့ပါးတာပဲေနာ္"
သူတို့ရဲ့ဝတ္႐ုံဘယ္ဘက္မွာ ႏွင္းပြင့္ပုံထိုးထားထဲက သူမအျမင္မၾကည္ေတာ့တာ
ၿပီးေတာ့ သူမက အခုထိ မိုးႀကိဳးလၽွပ္စီးကုန္းေျမကေနမထြက္ရေသးဘူးေလ
ႏွင္းပြင့္ကုန္းေျမကလူေတြ ဒီကိုေရာက္ေနတယ္ဆိုေတာ့
ဒါက တကယ္ႀကီး သူမအထင္မွန္ေနတာပဲ
ႏွင္းပြင့္ကုန္းေျမက ႏွင္းအျမဲေဝၿပီး တႏွစ္ပတ္လုံးေအးစက္ကာ အရာအားလုံးျဖဴေဖြးေနတယ္လို့သူမၾကားဖူးတယ္
သူတို့ရဲ့အသားအေရကလဲ ႏွင္းပြင့္လိုျဖဴၿပီး အဆမတန္ေခ်ာေမာလွပၾကတယ္တဲ့
ဒါေပမဲ့ သူမၾကည့္ရသေလာက္ ဒိလူေတြကလဲ အဲ့လိုမ
ဟုတ္ဘူး
သူမကိုလာတိုက္ခိုက္တုန္းကလဲ ထူးျခားတာဘာမွမေတြ႕ဘူး
ဒါဆို ျဖစ္နိုင္တာက
"႐ုပ္ဖ်က္ထားၾကတာပဲ"
႐ုပ္ဖ်က္ထားေပမဲ့ ဝတ္႐ုံလဲမလဲ ဒိကိုလဲက်ဳးေက်ာ္လာရဲၾကတယ္ဆိုေတာ့ သူတို့က႐ူးေနၾကတာလား
ဒါမွမဟုတ္ ဂ႐ုစိုက္စရာမလိုဘူးလို့မ်ားထင္ေနသလားပဲ
"မိန္းကေလးဘယ္ကိုသြားမွာလဲ ဒီကအကိုႀကိးတို့နဲ႔အေဖာ္မျပဳေပးခ်င္ဘူးလား "
သူမ မ်က္ႏွာေသနဲ႔အဲ့လူေတြကိုအၾကည့္လြဲလိုက္ကာ
"ေရွာင္ေရွာင္ေလး ဒီလိုေကာင္းကင္အဆင့္ရြံစရာေတြကိုစားလား "
"ေညာင္"
သူမက ေရွာင္ေရွာင္ကိုပြတ္သပ္ကာ ေမးလိုက္ေတာ့ ေဝခြဲမရျဖစ္ေနေပမဲ့ သေဘာတူဟန္ေတာ့ျပဳလာတဲ့ေရွာင္ေရွာင္ေလးရဲ့ေက်ာကိုအသာပုတ္ကာ
"သြား အကုန္စားပစ္ခဲ့ မွတ္ထား အရိုးေတာ့ေထြးထုတ္ပစ္ခဲ့ေနာ္ အဲ့ဒါက မင္းကိုအစာမေၾကျဖစ္ေစလိမ့္မယ္"
အစပိုင္းမွာ သူမကရယ္စရာေျပာတယ္ထင္လို့ ထိုလူေတြျပဳံးတုံ႔တုံ႔လုပ္ေနခဲ့ေပမဲ့
ေရွာင္ေရွာင္ေလးက တကယ္ႀကီး ေအာက္ဆင္းသြားတာနဲ႔ ထိုလူေတြဟာ ေသရေတာ့မဲ့သူမရဲ့ကံၾကမၼာကိုမသိပဲ ခြက္ထိုးခြက္လွန္ရယ္ေမာၾကေတာ့တယ္
"ဟားဟားဟား ဒီလိုေၾကာင္ေသးေသးေလးက ငါတို့ကိုစားမယ္တဲ့ တကယ္ႀကီးလား ဟားဟားဟား"
အကုန္လုံးကဟားတိုက္ရယ္ေမာေနၾကတဲ့အခ်ိန္
တစ္ေပေလာက္ပဲရွိတဲ့ေရွာင္ေရွာင္ေလးက သူတို့ေရွ႕မွာတင္ ဆယ္ေပေလာက္အျဖစ္ႀကီးထြားသြားခဲ့ေတာ့တယ္
အဲ့ေတာ့ ရယ္ေနၾကတဲ့သူေတြအားလုံးလဲ မွင္သက္မေနရဲေတာ့ပဲထြက္ေျပးသြားၾကေတာ့တာပဲ
သူမေအးေဆးလက္ပိုက္ေနၿပီးမွ
"အိုက္ယား သတင္းေမးရေအာင္ တစ္ေယာက္ေလာက္ေတာ့ခ်န္ထားခိုင္းရမွာကိုကြာ ေမ့သြားတယ္ "
ရန္က်င္းကေတာ့ သူမရဲ့မ်က္ႏွာကိုမယုံသလိုေငးၾကည့္ဆဲ
သူေတြးေနတာ သူ႔အရွင္မမွာ မည္းနက္ေနတဲ့ႏွလုံးသားတခုရွိတာပဲလို့
အဲ့လိုေတြးမိၿပီး
သူလဲေၾကာက္သြားခဲ့တယ္
သူကေတာ့ဘယ္သိမလဲ
က်ဳးလစ္က ေမာ္ဒန္ေခတ္ကကူးေျပာင္းလာတာျဖစ္ၿပီး လ်ိဳ့ဝွက္ေအးဂ်င့္လဲျဖစ္တယ္
ေသခ်ာေပါက္ရက္စက္တတ္တဲ့ႏွလုံးသားရွိၿပီးသားေလ
သူမသာ ညႇာတာတတ္တဲ့စိတ္ထားရွိခဲ့ရင္ အသက္ရွင္က်န္ရစ္ခဲ့မွာေတာင္မဟုတ္ဘူး
အေစာထဲကေသသြားတာ ၾကာလွေပါ့
အရိုးေတာင္ေဆြးေနေလာက္ၿပီေလ
ဒါကို ဒီဖက္ေခတ္ကလူေတြကိုရွင္းျပလို့နားမလည္နိုင္ပါဘူးေလ
သူမဘက္ကရွင္းျပဖို့လဲစိတ္မဝင္စားဘူး
သူ႔ကိုယ္သူကိုယ္ေပ်ာက္လူသားျဖစ္ေအာင္ေနေလတဲ့ရန္က်င္းကိုလ်စ္လ်ဴရွူ႔လိုက္ကာ ခပ္ေဝးေဝးကိုပဲေစာင့္ၾကည့္ေနလိုက္တယ္
အခ်ိန္ေတာ္ေတာ္လင့္မွ ေရွာင္ေရွာင္ေလးလဲျပန္လာခဲ့တယ္
ဒိတခါေတာ့ ထြက္သြားတုန္းကထက္ပိုၿပီး အစြမ္းထက္လာခဲ့တယ္
သူမျပဳံးလိုက္တယ္
ဒီလိုဆိုေတာ့ ဒီေကာင္ေလးကဘယ္ဆိုးလို့လဲ
ရန္သူေတြကိုရွင္းနိုင္ၿပီး ဗိုက္လဲဝၿပီး စြမ္းအားလဲတိုးတက္တယ္
ရန္က်င္းထက္ေတာင္ပိုအသုံးက်ေသး
သူမရန္က်င္းကိုၾကည့္လိုက္ၿပီး သူမေပါင္ေပၚတက္ေခြေနတဲ့ေရွာင္ေရွာင္ကိုပါၾကည့္လိုက္တယ္
သူမကေတာ့ရိုးရိုးသားသားၾကည့္တာပါပဲ
ရန္က်င္းကေတာ့ သူ႔ကို သူ႔သခင္မက အဲ့ေၾကာင္အစုတ္ပလုတ္ကိုေကၽြးပစ္လိုက္ေတာ့မွာလားဆိုၿပီးေၾကာက္ရြံ့လြန္းလို့ ေသခ်င္ေယာင္ပဲေဆာင္လိုက္ေတာ့တယ္
"............."
ဘာလား....
က်ဳးလစ္လဲ သူမရဲ့တြန႔္သြားတဲ့ႏွုတ္ခမ္းကို အသာကြယ္လိုက္ကာ
"ေသခ်င္ေယာင္ေဆာင္မေနနဲ႔ လာ ဆက္သြားၾကမယ္ ေရွာင္ေရွာင္ေလးကိုပဲအားကိုးရေတာ့မယ္ ေနာ္"
"ေညာင္"
ေနာက္ဆုံးေတာ့ သူမနဲ႔ရန္က်င္း ေျမျပင္ခရီးကိုဆက္ခဲ့ၾကတယ္
ေရွာင္ေရွာင္က ရန္က်င္းကိုသူ႔ေက်ာေပၚမတင္ခ်င္ဘူး
အခြင့္သင့္တိုင္းခါခ်ေလ့ရွိတယ္
ခါးသီးတဲ့မ်က္ႏွာနဲ႔ရန္က်င္းကေတာ့ သူ႔ရဲ့ကံဆိုးမူ႔ကိုအျပစ္တင္ေနၿပီး သိုင္းသမားျဖစ္လို့မာေက်ာတဲ့ကိုယ္ခႏၵာရထားတာကိုေတာ့ မၾကာခနေက်းဇူးတင္ေနေလရဲ့
လမ္းမွာေတြ႕တဲ့ႏွင္းပြင့္ကုန္းေျမကစြမ္းအားရွင္ေတြကေတာ့ ေျပာစရာမလိုေအာင္ ေရွာင္ေရွာင္ရဲ့အစာျဖစ္သြားခဲ့တယ္
တခ်ိဳ့သူေတြကို သူမဖမ္းၿပီးစစ္ေမးခဲ့ေပမဲ့ အမ်ားစုကေတာ့ ေၾကာက္လန႔္လြန္းလို့ေကာင္းေကာင္းမေျဖနိုင္ၾကဘူး
သူမမ်က္ေမွာင္ေလးက်ဳံလိုက္တာနဲ႔ အဲ့လူေတြက ျမန္ျမန္ဆန္ဆန္ပဲ ေရွာင္ေရွာင္ရဲ့ပါးစပ္ထဲေရာက္သြားခဲ့တယ္
ငါတို့မိသားစုကေရွာင္ေရွာင္ေလးက အစားႀကီးတယ္ အေဆာ့မက္တယ္
အမ္း အဆင့္ခုန္တက္လို့ႀကီးမားသြားေပမဲ့ တကယ္တမ္းက ကေလးအရြယ္ပဲရွိေသးတာကို
မတတ္နိုင္ဘူးေလ ကိုယ့္အိမ္ကကေလးကိုေတာ့ကိုယ္ကပဲအလိုလိုက္ရတာေပါ့
အဲ့လိုနဲ႔
ေနာက္ထပ္တလေလာက္ ခရီးဆက္လာၿပီးေတာ့ ႏွင္းပြင့္ကုန္းေျမအစပ္ကိုေရာက္လာခဲ့တယ္
"ဒိေနရာေတာ္ေတာ္ေအးတာပဲ"
သာမန္လူေတြအတြက္ကေတာ့ လုံေလာက္တဲ့အေအးဓာတ္ပဲဆိုေပမဲ့
သူမတို့လို အပူပိုင္းကုန္းေျမကစြမ္းအားရွင္ေတြအတြက္ေတာ့ သူတို့ရဲ့ခ်ီကိုတေျဖးေျဖးပါးလၽွလာေစၿပီး ေရခဲခ်ီအဆိပ္သင့္ေစတယ္
"တကယ့္ကိုထူးဆန္းတဲ့ခ်ီေတြပဲ"
သူမအေဝးကိုလွမ္းၾကည့္လိုက္တယ္
မ်က္စိတဆုံးအျဖဴေရာင္လြင္ျပင္ႀကီးသာ အိမ္ေတြဟာလဲ အျဖဴေရာင္ႏွင္းထုႀကီးေအာက္မွာေပ်ာက္ကြယ္လုနီးပါးပဲ
ဒါက ႏွင္းပြင့္ကုန္းေျမလား
....... 🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵
Alinkar nang
You are reading the story above: TeenFic.Net