Part-9🏆

Background color
Font
Font size
Line height

Unicode;

ကျောင်းမှာစိတ်ရှုပ်လို့အိမ်ပြန်လာခါမှ ကိုယ့်သေတွင်းကိုယ်တူးမိသလိုဖြစ်နေပြီ~

Seokjin's Omma;“သားထိုင်လေ မတ်တပ်ကြီးရပ်ပြီးဘာကြောင်ကြည့်နေတာလဲ?”

Seokjin လည်း Omma ဘေးကထိုင်ခုံမှာထိုင်၍ အခြေအနေကိုအကဲခတ်နေလိုက်သည်~

“ကျွန်တော်တို့စေ့စပ်စွဲကိုဘယ်နေ့လောက်လုပ်ကြမလဲ?”

Seokjin;“စေ့စပ်ပွဲ ဘယ်သူ့စေ့စပ်ပွဲလဲ!”

Seokjin's Omma;“သားလေးရဲ့စေ့စပ်ပွဲပေါ့ဒီကလေးနှယ်တော့”

Seokjin;“ကျွန်တော်‌ကဘယ်သူနဲ့စေ့စပ်ရမှာလဲ?ကျွန်တော့်လည်းဘာမှမပြောကြဘူး ဘာတွေဖြစ်ကုန်တာလဲ!?”

Seokjin's Appa;“မင်းကိုငါပြောပြီးပြီတော့လုပ်လိုက် Kim Seokjin!”

Seokjin;“အဲ့တာက ဒီတိုင်းနှိုင်းပြောတာမလား ကြာနေပြီလေ မဖြစ်နိုင်တာ!”

“အခုဖြစ်‌လို့ စေ့စပ်ပွဲရက်တောင်ရွေးနေတာကိုBabeကလည်း သိပ်ရစ်တာပဲ...!!”

Seokjin;“Park Jimin အထိုးမခံချင်ရင်ပါးစပ်ပိတ်ထား!”

Seokjin's Omma;“ဘယ်လိုပြောလိုက်လဲ Jiminieမိဘတွေကိုအားနာစရာကြီးသားရယ်”

Mrs Park;“ရပါတယ် Unnieရယ် ဆော့ဂျင်လေးကဒီလိုပဲပြောနေကြကို ဒီဘက်ကသားကလည်းအစ‌အနောက်ကသန်တာကိုး”

Seokjin;“Jimin မင်းနဲ့ငါနဲ့စကားပြောဖို့လိုပြီ ငါ့နောက်လိုက်ခဲ့!”

Jimin;“အခန်းထဲကိုလား ကိုယ်ကြောက်တတ်တယ်နော် ပြီးတော့မစောလွန်းဘူးလား?”

အဲ့တာသာကြည့်မိဘတွေရှိလည်းဒီကောင့်နှုတ်ကပေါက်ကရပြောတာ မိဘတွေကြည့်လိုက်တော့လည်း တဟားဟားနဲ့ပွဲတောင်ကျနေလိုက်သေး~ကျွန်တော့်တို့ရန်ဖြစ်လိုက်ငြင်းလိုက်ခုန်လိုက် စကားနာထိုးတာတွေက မိဘတွေအတွက် ဟာသကားတစ်ခုလို့ကိုဖြစ်နေတာ‌ နေပါအုံးဒီပုစိလေးကအခုသူ့ကိုယ်သူ ကိုယ်လို့သုံးနေတာလား~

Seokjinစိတ်မရှည်စွာနဲ့ပဲ အိမ်အပြင်ကိုထွက်သွားတော့ Jiminတစ်ယောက်နောက်ကနေ ပြေးလိုက်ရပြန်သည်•••

Jimin;“နေအုံးလေ Babe ကိုယ်တို့စေ့စပ်ဖို့ကိစ္စအဲ့လောက်မလောလည်းရတယ်လေ!”

Seokjin သွားနေတဲ့ ခြေလှမ်းတွေရပ်တန့်လိုက်ပြီး သူအနားကိုရောက်နေတဲ့ ပြီတီတီမျက်နှာထားနဲ့ Jimin မျက်နှာကိုလက်သီးတရွယ်ရွယ်နဲ့~

Seokjin;“ငါလက်တွေရားလာပြီနော် Park Jimin!!”

Jiimin;“Babe လက်ဝါးရားတာဆို ပိုက်ဆံတွေအများကြီးရတော့မှာ ဒါမှမဟုတ် ယောင်္ကျားရမှာများလား~”

Seokjin တစ်ယောက်ဟူးခနဲ သက်ပြင်းတစ်ချက်ချ၍ ခြံရှေ့က ဒန်းဆီထိုင်လိုက်သည် °°သူဘေးကိုဝင်ထိုင်လာတဲ့ Jimin ကိုမျက်စောင်းတစ်ချက်ထိုး၍•••

Seokjin;”ဘယ်သူကထိုင်ခိုင်းလို့လဲ!”

Jimin;“သိဘူး ထိုင်မှာပဲ ထိုင်မှာပဲ”

နှုတ်ခမ်းကြီးဆူပြီး ခန္ဓာကိုယ်ကိုလှုပ်ရမ်း၍ ကလေးဆိုးတွေလိုပြောနေတဲ့ Park Jimin ကိုမူကြိုကျောင်းသာပို့လိုက်ချင်မိသည်~

Seokjin;“ငြိမ်ငြိမ်ထိုင် ငါခေါင်းမူးလာပြီ!”

Jimin;“ဆေးသွားယူပေးရမလား Babe”

Seokjin;“အခုငါ့ကိုရွဲ့ပြောနေတာလား?”

Jimin;“ကိုယ်တစ်ကယ်ပြောတာပါ  အရမ်းမူးနေလားဟင်”

Jiminရဲ့မျက်ဝန်းလေးတွေကို ကြည့်လိုက်တော့ သူ့ကိုစိုးရိမ်နေတဲ့အရိပ်အရောင်တွေတွေ့နေရသည်~

Seokjin;”အင်မ်း ရတယ် မသောက်‌တော့ဘူး”

Jimin;“ဆေးကြောက်လို့လား?”

Seokjin;“ငါရုပ်ကဆေးကြောက်တဲ့ရုပ်ပေါက်နေလို့လား?”

Jimin;“ဒါဆိုသောက် ဘေဘီမျက်နှာကလန်းမနေဘူး နေမကောင်းတာသေချာတယ် ကိုယ်သွားယူပြီ~”

သူလုပ်ချင်တာဆို မဖြစ်ဖြစ်အောင်လုပ်တတ်တဲ့ Jimin ဖြစ်သူအကြောင်းကိုငယ်စဉ်ထဲက နောကြေအောင်သိသည်~အခုလည်းကြည့်သူ့အဖြေတောင်မစောင့်ဘဲ လုံးလုံး လုံးလုံးနဲ့ပြေးထွက်သွားပြန်ပြီ~

Jimin;“ရော့ ရေရောဆေးရော မုန့်အချိုလေးတွေပါယူလာတယ်”

Seokjin;“မင်းမှတ်မိသေးတာလား ငါဆေးသောက်ပြီးမုန့်အချိုတွေစားတတ်တာကို”

Jimin;“မှတ်မိတာပေါ့ မင်းကကိုယ်ရဲ့အရေးကြီးဆုံးသူပဲလေ!”

Jimin စကားကြောင့်ရင်ထဲအမည်မသိလှိုင်းလေးတောင်လှုပ်ခတ်သွား‌သည်~သူ့ရဲ့နားလေးတွေ‌လည်းသေချာပေါက်နီနေမှာ အသေအချာပင်~

Seokjin ဆေးသောက်အပြီးစကားပြောမယ်ကျန်ခါရှိသေးတယ် ရုတ်တရက်Park Jimin ဆီကနေ ဖုန်းမြည်လာတာကြောင့် လူကFeelingတောင်ငုပ်သွားသည်~

Jimin;“အေးပြော Jungkook

            ငါKoreaကိုပြန်ရောက်နေပြီ~

            ဒီမနက်ပဲကွ~

            အေး ညကျတွေ့တာ‌ပေါ့~

            ပြီးတော့USမှာတုန်း မင်းဖားသားကြီးကလည်းမင်းကိုပြန်လာဖို့ ငါ့ကိုပြောခိုင်းလိုက်တယ်

            မင်းဖားသားကြီး ပြောတဲ့အထဲမင်းစော်တွေလေ မင်းအိမ်အထိလိုက်တဲ့အကြောင်းကလည်းမပါမဖြစ်~

           အဲ့လောက်ပိုက်ဆံကဘာလုပ်ဖို့တုန်း~

            မင်းဘယ်တုန်းကလောင်းကစားလုပ်တတ်သွားတယ်လဲ?

           မင်းနော်အဲ့လို အချစ်ကိုကြပ်ကြပ်ကစား နောက်မှကူပါကယ်ပါဖြစ်နေလိမ့်မယ်~

           ပြောလိုက်ရင်တော့ Jeon Jungkook ကဘာကောင်ပါညာကောင်ပါနဲ့~

           တော်ပြီ ငါဒီမှာမအားဘူး ဘဝအတွက်အရေးကြီးတာလုပ်နေတယ် ညနေမှတွေ့မယ် ဒါပဲ!”

Seokjin ငြိမ်ငြိမ်လေးထိုင်နေရင်းမှ Jungkook ဆိုတဲ့အမည်နာမကြားရတာကြောင့် လူက လှုပ်လှုပ်ရွရွဖြစ်လာပြီး သူများဖုန်းပြောတာကို ခိုး‌နာထောင်တဲ့အထိ~
နာမည်တူတာဖြစ်နိုင်ပါတယ်လို့တွေးပေမယ့်
ဘာကြောင့်မှန်းမသိ သူရဲ့တစ်ချိန်ကကူးလို့ထင်နေမိသည်...

ဘယ်လောက်သေချာနားထောင်ထောင်ဟိုဘက်ကအသံတွေမကြားရဘဲ Jimin စကားအသွားအလာသာကြားရသည်~

သူ့လိုပဲ Jeon Jungkookကလည်း ရည်းစားရှုပ်ပုံရတယ်~ဒါပေမယ့် Jeon Jungkook ထက်သူကသာသာတာတစ်ခုတော့ရှိတယ်... တစ်စုံတစ်ယောက်ရဲ့နှလုံးသားကို သူကလောင်းကြေးမထပ်ဖူးဘူး~

Jimin;“ဆောတီး ကိုယ့်ညီဝမ်းကွဲလေ သူကUsကနေ အင်းမ်း သူ့အဖေနှင်ချလိုက်လို့ပဲပြောရမလား ဒီမှာကျောင်းတတ်နေတာ Babeတောင်သိချင်သိနိုင်တယ် Babeတို့ Majorကလေ~”

သူတို့မေဂျာကဆိုတော့ ဂျောင်ကုကနာမည်တူတာမဟုတ်ဘဲ လူတစ်ယောက်ထဲဖြစ်တာသေချာသွားပြီ...

ရုတ်တရက် ခေါင်းထဲကနေဖြတ်ခနဲ အကြံတစ်ခုရလိုက်ပြီ အဟက် ~

Seokjin;“ငါတို့စေ့စပ်ပွဲအမြန်ဆုံးလုပ်ရအောင်!”

Jimin;“ဘယ်လို?”

Seokjin;“မင်းကမလုပ်ချင်ရင်လဲ သဘောပေါ့”

Jimin;“ဘယ်သူကမလုပ်ချင်ဘူးပြောလည်း လုပ်ချင်တာမှတစ်ပိုင်း‌ကိုသေနေတာပဲ ဟီး”

Seokjin;“တစ်ခုတော့ရှိတယ် မင်းဒီကိစ္စကိုဘယ်သူမှမပြောပါနဲ့ အထူးသ‌ဖြင့်မင်းအမျိုးတွေ‌ကိုတောင်မှမပြောနဲ့ စေ့စပ်ပွဲနေ့မတိုင်ခင်ညကျမှဖြုန်းစားကြီးဖိတ်လိုက် သူငယ်ချင်းတွေကိုလည်း မင်းနဲ့ငါနဲ့ဆိုတာကိုလည်းမပြောနဲ့ ငါတို့နှစ်ယောက်ကိစ္စနှစ်ဖက်မိဘတွေပဲသိပါစေ ငါSuprise တိုက်ချင်လို့ ”

Jimin;“ရတယ်လေ အဲ့လိုပဲလုပ်ကြတာပေါ့~”

Seokjin;“ဒါနဲ့မင်းက ဘာလို့ငါနဲ့စေ့စပ်ချင်ရတာလား?”

Jimin;“ချစ်လို့ပေါ့!”

Seokjin;“အနိုင်ယူချင်လို့မဟုတ်ဘူးလား?”

Jimin;“ကိုယ်ပြောတာသေချာနားထောင် ကိုယ်ငယ်ငယ်ထဲက မင်းကိုအများကြီးသဘောကျခဲ့တာ အဲ့ဒါကြောင့်ပဲမင်းကြိုက်တဲ့ကောင်မလေးတွေကို ကိုယ်ကအူတိုပြီးကြားထဲကနေဖြတ်ခုတ်ရာကနေ မင်းနဲ့ကိုယ်ရဲ့ဆက်ဆံရေးကရန်သူတွေလိုဖြစ်သွားတာ ကိုယ်အချိန်မဆွဲချင်တော့လို့ မင်းနဲ့ကိစ္စကိုစီစဥ်လိုက်ရတာ မင်းမုန်းသွားမှာတော့ကြောက်တယ် ဒါပေမယ့်မင်းကိုလည်းကိုယ်ပဲပိုင်ချင်တယ်...”

Seokjin;“ငါမင်းကိုမမုန်းပါဘူး ဒါမယ့်ချစ်လည်းမချစ်ဘူးဆိုတာ မင်းသိတယ်ဟုတ်!”

Jimin;“အင်း သိပါတယ် ဒါမယ့်Babeကိုယ့်ကိုချစ်ပေးဖို့‌ကြိုးစားပေးရင်သိပ်ကောင်းမယ်”

Seokjin;“သူ့ကိုမေ့ဖို့ မင်းကိုချစ်မိအောင်ငါကြိုးစားကြည့်မယ်”

Jimin;“ဒီလောက်နဲ့တင် ကိုယ်ကျေနပ်သွားပြီ ကျေးဇူးပါ Babe~”

Seokjin;“အိမ်ထဲဝင်ပြီး မိဘတွေကိုသွားပြောကြရအောင်~”

Jimin;“ဒါဆိုဒီနေ့ကစပြီး ကိုယ်တို့အဆင်ပြေသွားပြီပေါ့နော်!”

“အင်း တစ်ခေါက်လောက်ဖက်ကြရအောင်”

Jiminတစ်ယောက် သူ့ရဲ့Babeလေးကိုမယုံသင်္ကာကြည့်၍~

Jimin;“Babe ဆေးမှားသောက်ထားတာလား?”

Seokjin;“ဟုတ်မယ် မင်းခုနကတိုက်တဲ့ဆေးတွေကြောင့်!”

Jimin;“သိပ်နောက်တာပဲ”

Seokjinနဲ့Jimin လည်း တစ်ယောက်နဲ့တစ်ယောက်ဖက်ပြီး ငြိမ်းချမ်းရေးယူ၍ အိမ်ထဲကိုပြန်ဝင်လာလိုက်သည်~

……

Mrs Park;“သားလေးတို့ဘယ်လိုလဲ အခြေအနေလေးပြောကြအုံး”

Jimin;“Omma ရေ ဆော့ဂျင်ကအမြန်ဆုံးစေ့စပ်ကြမယ်တဲ့”

Mr Park;“ကိုယ့်သားတော့တော်တော်ပျော်နေလောက်ပြီ အချစ်ရေ...”

Mrs Park;“ဟုတ်ပါ့ ကိုရယ်
Seokjinလေးကို တောင်း‌ပေးဖို့ ခဏခဏပူဆာနေတာ သားတော်မောင်က SeokjinမှSeokjinကိုဖြစ်နေရှာတာ သားလေးရေ••”

Jimin;“Omma ကလည်းဒါမျိုးကိစ္စတွေကဒီလိုပြောရတာမဟုတ်ဘူးလေ ရှက်လာပြီ~”

Seokjin အပြင်ကျန်တဲ့နှစ်ဖက်မိဘတွေကပါ Jimin အပြောကြောင့်သဘောတကျရယ်နေကြသည်~

Jimin;“ကျွန်တော်တို့စေ့စပ်ပွဲကို ဘယ်သူမှမပြောနဲ့အုံး အကုန်လုံးကိုSuprise တိုက်ချင်လို့”

Seokjin's Appa;“အခုခေတ်ကလေးတွေများဗျာ သိပ်ထွင်တာပဲ သားတို့သဘောအတိုင်းသာစီစဉ်ကြ”

Mr Park;“လက်ထပ်ပွဲတော့ကြိုတင်ဖိတ်ရမယ်နော်!”

Jimin;“ဟုတ်”

Seokjin;“စေ့စပ်ပွဲကမြန်လေကောင်းလေပဲ ”

Seokjinစကားကြောင့် အကုန်လုံးကလေသဘောတွေကျနေလို့ Jiminတစ်ယောက်ကလည်းအပျော်ကြီးပျော်နေလေရဲ့~

ငါမင်းကို‌မေ့ဖို့အတွက်တစ်စုံတစ်ယောက်လိုတယ်~

.................................................................

ကျောင်းပိတ်ရက်ဖြစ်တာကြောင့် Seokjin တစ်ယောက်ပျင်းပျင်းရှိတာနဲ့ အပြင်ထွက်ဖို့ ပြင်ဆင်နေတုန်း~

ဒေါက် ဒေါက်~

Seokjin;“ဝင်ခဲ့ပါ”

Seokjin's Omma;“သားရေ အောက်မှာသားသူငယ်ချင်းရောက်နေတယ်~”

Seokjin;“ဘယ်သူလဲ Mommy”

Seokjin's Omma; “Mommy ဒီကလေးကိုမမြင်
ဖူးဘူး သွားတွေ့လိုက်အုံး စောင့်ခိုင်းရတာအားနာစရာကြီးမို့လို့ Mommyသားငယ်ငယ်တုန်းကပုံလေးတွေ‌လေထားတဲ့Album ပြထားတယ်...”

Seokjin;“ဟာဗျာ မာမီကလည်း အဲ့ထဲမှာကျွန်တော်အဝတ်အစားမပါတဲ့ပုံတွေရှိတာကိုဗျာ ကြည့်တောင်ကြည့်နေပြီလားမသိဘူး”

Seokjinအောက်ထပ်ကိုအလျင်အမြန်ဆင်း၍ ဧည့်ခန်းဆီအမြန်ဆုံးပြေးရတော့သည်~

Seokjin ဧည့်ခန်းအရောက်မြင်တွေ့လိုက်ရတဲ့မျက်နှာ သူ့ကိုထိုင်ရာက‌နေမျက်ခုံးတစ်ဖက်ပင့်ပြ‌နေတဲ့ All blackနဲ့ခပ်မိုက်မိုက်လူသားကြောင့်လူက‌ဘာပြောရမှန်းမသိတောင်ဖြစ်သွားတာ~

Jungkook;“အံ့ဩသွားတာကိုလက်ခံပေမယ့် ပါးစပ်လေးဘာလေးလည်းစိအုံး တော်ကြာပါးစပ်ထဲရင်ကောင်မဝင်ဘဲ ကိုယ်ဝင်လာမိလိမ့်မယ်နော်!”

Seokjin;“မင်းဘယ်လိုဖြစ်ပြီးငါ့အိမ်ရောက်နေရတာလဲ အခုပြန်!!”

Jungkook;“အောဟော ကိုယ့်အိမ်လာတဲ့ဧည့်သည်ကိုဒီလိုပဲဆက်ဆံရသလား!”

Seokjin;“ပြန်လို့ပြောနေတယ် မင်းလက်ထဲက Album လည်းငါ့ပြန်ပေး”

Jungkook မတ်တပ်ရပ်၍ ဆော့ဂျင်အနားကိုလျှောက်လှမ်းလာပြီး~

Jungkook;“ရော့ ဒါပေမယ့်အဲ့ထဲကပုံတစ်ပုံတော့ကိုယ်ယူထားတယ်သိလား!?”

Seokjin;“မင်းငါ့ပုံကိုခိုးထားတာပေါ့ ပြန်ပေး!”

Jungkook;“မောင်က ဘယ်မှာခိုးလို့တုန်း မောင့်ကမ္ဘာငယ်လေးကိုပြောပြီးယူထားတာလေ”

Jungkookလက်တစ်ဖက်က ဆော့ဂျင်ရဲ့မေးဖျားလေးကို ကိုင်၍~

“မောင့်ကမ္ဘာငယ်လေးကိုမှမောင်ကတကယ်ခိုးမှာ~”



Upမှန်တဲ့ကောင်မလေးကို ချိတ်ချိုးနေကြပီလားယို့🙊💜





Zawgyi;







ကျွန်တော့်လည်းဘာမှမပြောကြပါလား


Seokjin;အဲ့တာက တစ်လတောင်ကျော်နေပြီလေ မဖြစ်နိုင်တာ!




Mrs Park;ရပါတယ် Unnieရယ် ဆော့ဂျင်လေးကဒီလိုပဲပြောနေကြကို ဒီဘက်ကသားကလည်းအစ‌အနောက်ကသန်တာကိုးးး

ငါ့နောက်လိုက်ခဲ့




Jimin;နေအုံးလေ Babe ကိုယ်တို့စေ့စပ်ဖို့ကိစ္စအဲ့လောက်မလောလည်းရတယ်လေBabe ရ••
















Jimin;ဒါဆိုသောက် ကိုယ်သွားယူပြီ~

သူလုပ်ချင်တာဆို မဖြစ်ဖြစ်အောင်လုပ်တတ်တဲ့ Jimin ဖြစ်သူအကြောင်းကိုငယ်စဉ်ထဲက နောကြေအောင်သိသည်~အခုလည်းကြည့်ကျွန်တော့်အဖြေတောင်မစောင့်ဘဲ လုံးလုံး လုံးလုံးနဲ့ပြေးထွက်သွားပြန်ပြီ~




Jimin စကားကြောင့်ရင်ထဲအမည်မသိလှိုင်းလေးတောင်လှုပ်ခတ်သွား‌သည်~ကျွန်တော့်ရဲ့နားလေးတွေ‌လည်းသေချာပေါက်နီနေမှာ အသေအချာပင်~




            ဒီမနက်ပဲကွ~

            အေး ညကျတွေ့တာ‌ပေါ့~










သူလည်းကျွန်တော့်လိုပဲ အရှုပ်ဇယားပဲ~
ကျွန်တော်သူ့ထက်သာတာတစ်ခုတော့ရှိတယ် တစ်စုံတစ်ယောက်ရဲ့နှလုံးသားကို ကျွန်တော်ကလောင်းကြေးမထပ်ဖူးဘူး~



Seokjin;Aww....
ငါ့တို့စေ့စပ်ပွဲအမြန်ဆုံးလုပ်ရအောင်!

Jimin;ဘယ်လို?



Seokjin;တစ်ခုတော့ရှိတယ် မင်းဒီကိစ္စကိုဘယ်သူမှမပြောပါနဲ့ အထူးသ‌ဖြင့်မင်းအမျိုးတွေ‌ကိုတောင်မှမပြောနဲ့ စေ့စပ်ပွဲနေ့မတိုင်ခင်ညကျမှဖြုန်းစားကြီးဖိတ်လိုက် သူငယ်ချင်းတွေကိုလည်း မင်းနဲ့ငါနဲ့ဆိုတာကိုလည်းမပြောပါနဲ့ ငါတို့နှစ်ယောက်ကိစ္စနှစ်ဖက်မိဘတွေပဲသိပါစေ ငါSuprise တိုက်ချင်လို့



Jimin;ချစ်လို့ပေါ့

Seokjin;ဘယ်လို?

Jimin;ငါငယ်ငယ်ထဲက မင်းကိုအများကြီးသဘောကျခဲ့တာ အဲ့ဒါကြောင့်ပဲမင်းကြိုက်တဲ့ကောင်မလေးတွေကို ငါကအူတိုပြီးကြားထဲကနေဖြတ်ခုတ်ရာကနေ မင်းနဲ့ငါနဲ့ကဆက်ဆံရေးကရန်သူတွေလိုဖြစ်သွားတာ ငါအချိန်မဆွဲချင်တော့လို့ မင်းနဲ့ကိစ္စကိုစီစဉ်လိုက်ရတာ မင်းမုန်းသွားမှာတော့ကြောက်တယ်•••

Seokjin;ငါမင်းကိုမမုန်းပါဘူး ဒါမယ့်ချစ်လည်းမချစ်ဘူး မင်းသိတယ်ဟုတ်•••






အင်း တစ်ခေါက်လောက်ဖတ်ရအောင်




Jimin;သိပ်နောက်တာပဲ











Jimin;ဟုတ်




................................................................................


ဒေါက် ဒေါက်~

Seokjin;ဝင်ခဲ့ပါ~


Seokjin;ဘယ်သူလဲ Mommy


Seokjin;ဟာဗျာ Ommaကလည်း အဲ့ထဲမှာကျွန်တော်အဝတ်အစားမပါတဲ့ပုံတွေရှိတာကိုဗျာ ကြည့်တောင်ကြည့်နေပြီလားမသိဘူး















You are reading the story above: TeenFic.Net