Part-10🏆

Background color
Font
Font size
Line height

Unicode;

Seokjin;"မင်းအခုလိုငါ့ကိုအပိုတွေပြောနေမယ်ဆို လစ်လိုက်တော့!"

Jungkook;"ဝိုး ပန်းချီလေးတွေကိုးးလှသားပဲ
ဒီပန်းချီပုံစံကိုကြည့်ရတာ ယောက္ခမကြီးအကြိုက်ထင်တယ်~"

သူပြောနေတာကိုမသိချင်ယောင်ဆောင်ပြီး ဧည့်ခန်းမှာချိတ်ထားတဲ့ ပန်းချီ‌ကားတွကို သူ့အကဲခတ်ခိုင်းနေသလားမှတ်ရတယ် ဆရာကြီးစတိုင်နဲ့လက်နောက်ပစ်ပြီးတော့ကို ခေါင်းတငြိမ့်ငြိမ့်နဲ့ကြည့်နေတာ မုန်းချင်စရာ~

Seokjin;"မင်းပန်းချီတွေကြည့်ချင်သပါ့ဆိုလည်းကြည့်ကျန်ခဲ့ ငါကတော့ဒိုး‌ပြီ~"

Jungkook;"ရုတ်တရက်မောင်ပြန်ချင်သွားပြီ မောင့်အိမ်လိုက်ပို့~"

Seokjin;"ငါမင်းရဲ့Driver မဟုတ်ဘူး Jeon Jungkook!!"

Jungkook;"ကိုယ်အိမ်ကိုလာတဲ့ဧည့်သည်ကို ဧည့်ဝတ်တစ်စက်ကလေးမှကို မကျေတဲ့ မောင့်ကမ္ဘာငယ်ကို မောင်တုတ်ကြီးကြီးနဲ့ရိုက်ပြီးဆုံးမရတော့မယ်နဲ့တူတယ်~"

Seokjin;"မင်းကိုဘယ်သူကရော ငါ့အိမ်ကို လာပါလာပါ‌ ‌ခေါ်နေလို့လဲ မင်းဘာသာမင်းလာ.."

"မွ"

စကားတောင်မဆုံးသေး အနမ်းခံလိုက်ရပြန်ပြီ
ဒီတစ်ခါတော့သူ့ရဲ့ပါးမို့မို့လေးကို...

Jungkook;"သိပ်စကားများတာပဲ••"

Seokjin;"မင်းဆန်ပြုတ်မသောက်ချင်ရင် အခုချက်ချင်းငါ့အိမ်ပေါ်ကဆင်းပြီး လာရာလမ်းအတိုင်းပြန်!"

Seokjin's Omma;"ဟဲ့ သားဘယ်လိုပြောလိုက်ပြန်တာလဲ သူငယ်ချင်းကိုအားနာစရာကြီး သားလေးရေစိတ်တော့မရှိနဲ့နော် အန်တီ့သားကနည်းနည်းလူခွစာ ရော့ ပန်းသီးလေးစားပါအုံး!"

အနောက်ကနေ ထွက်လာဟန်ရှိတဲ့ မောင့်ကမ္ဘာငယ်နဲ့ရုပ်ချင်းဆင်တဲ့ ခုနကသူ့ကိုခဏ‌စောင့်ပေးဖို့‌ပြောတဲ့ မောင့်ရဲ့ယောက္ခမဖြစ်ပုံရတဲ့အမျိုးသမီး‌ကပြောလိုက်ခြင်းပင်~

Jungkook;"ဟုတ်ပါ့ Omonyi ရယ် ကျွန်တော့်ကို Omonyi သားကပြန်ကြီးပြန်ခိုင်းနေတာ..."

Seokjin;"Omonyi!"

Jungkook နှုတ်ခမ်းပါးမှ သူ့အမေကိုOmonyi လို့ခေါ်လိုက်တာကြောင့် Seokjinသံယောင်လိုက် လိုက်တော့~

Jungkook;"ဟိုအဲ့လိုခေါ်တာ အဆင်မပြေဘူးလား Seokjin Ah..."

Seokjin;"Seokjin Ah....အဟက်!! "

Jeon Jungkookတို့များ မင်းသားလုပ်စားလိုက်ရင်ဖြင့် ကမ္ဘာကျော်ရုံတင်မဟုတ်ဘူး တခြားဂြိုလ်တွေအထိပါနာမည်ကြီးသွားနိုင်တယ်သရုပ်ဆောင်ကရှယ်ကောင်း~

Seokjin's Omma;"အဆင်ပြေပါတယ်ကွယ်•• Seokjinလေးကတောင် ဟောဒီက Omonyi ကို Mommy လို့ပဲခေါ်တာ ဟန်းဂုလိုခေါ်တာခပ်ရှားရှား~"

Jungkook;"နောက်ဆို ကျွန်တော်ကအများကြီးခေါ်ပေးမယ် Omonyi"

Seokjin;"ကြည့်ရတာဒီသားအမိနှစ်ယောက် စကားကောင်းနေပုံထောက်ရင် ဆက်ပြောနေကြ ကျွန်တော် Shopping ထွက်လိုက်အုံးမယ်~"

Jungkook; "Seokjinက Shopping ထွက်မလို့လား အတော်ပဲငါလည်းလိုက်ချင်တယ် ငါလည်းဝယ်စရာရှိလို့"

Seokjin;"သွားပြီ Mommy"

Jungkook အပြောကိုအလေးမထားဘဲ ထထွက်သွားတဲ့ Seokjin ကြောင့် Jungkook ဒေါသထွက်ရပြန်သည်~

Seokjin's Omma;"ဟဲ့ ဒီကလေးကတော့ကွယ်
သူငယ်ချင်းကိုအားနာစရာ...."

Jungkook မျက်ဝန်းတွေဟာ ရုတ်တရက်ဒေါသအရောင်တွေလွှမ်းလာပေမယ့် ဟန်ဆောင်ကောင်းသူပီပီ Seokjin's Omma ကိုအပြုံးလေးနဲ့နှုတ်ဆက်ပြီးပြန်လာခဲ့လိုက်သည်~

မောင့်ကမ္ဘာငယ်ကသိပ်ဆိုးလွန်းတယ်!

.................................................................

Seokjin ကားသော့လေးတစ်ရမ်းရမ်းနဲ့ ကျောင်း Coreder ကိုလျှောက်လှမ်းလာစဉ် ဆက်ခနဲဆွဲခံလိုက်ရတဲ့လက်တစ်ဖက် မြန်ဆန်လွန်းတဲ့လှုပ်ရှားမှာ‌ကြောင့် လက်ထဲကကားသော့လေးတောင်မြေခသွားခဲ့သည်~ဆွဲထားတာလက်တွေကို ရုံးကန်တော့ လည်းသူ့လက်ကိုဖမ်းဆွဲထားတဲ့လူသားက သူ့ကိုအမှောင်ရိပ်ကျသည့် အခန်းက‌နေရာဆီ အတင်းဆွဲခေါ်သွားခဲ့သည်~

ရင်းနှီးနေတဲ့ကိုယ်သင်းနံ့နှင့်အတူ အလင်းသဲ့သဲ့က‌ နေရှင်းလင်းစွာမြင်နေရတဲ့ ထိုလူသားရဲ့ မျက်နှာကြောင့်လူကအော်ဟစ်ချင်လာသည်~

Seokjin;"ဘာလုပ်တာလဲကွ!!! Jeon Jungkookငါ့ကိုလွှတ်ပေးစမ်း!!"

Jungkook သူ့ကိုလွှတ်ပေးဖို့ပြောနေတဲ့ Seokjin ကိုယ်လေးကိုနံရံဘက်တွန်းကပ်၍ Seokjinရဲ့သူချုပ်ထားတဲ့လက်နှစ်ဖက်ကို အပေါ်သို့ဆွဲမြှောက်လိုက်ပြီး Seokjin မျက်နှာကိုအနီးကပ်စိုက်ကြည့်၍ ရင်ဘတ်နှစ်ခုကိုထိကပ်လုမတတ်နီးကပ်စေသည်~

Jungkookနှင့်ရင်ဘတ်နှစ်ခု ထိကပ်လုမတက်နီးကပ်လာတဲ့အချိန် သူ့ကိုပြောလည်းကိုယ့်စကားနားမထောင်တာ‌ကြောင့် တစ်ယောက်ယောက်ကိုအော်ခေါ်ဖို့သာစိတ်ကူးမိသည်~

"ကယ်ကြပါ! အွတ်..."

Seokjin ဆီကအပိုစကားတွေမကြားချင်တာကြောင့် Jungkook သူ့ရဲ့နှုတ်ခမ်းပါးတစ်စုံဖြင့်နှုတ်ပိတ်လိုက်ခြင်းပင်~

မောင့်ကိုအာမခံနဲ့ မောင့်ကမ္ဘာငယ်ကိုမောင်သေလောက်အောင်ချစ်‌တယ် ဒါပေမယ့်အလိုမလိုက်ဘူး!

ခွပ်!!

သူ့ကိုချုပ်နှောင်ထားတဲ့လက်တွေလွှတ်ပေးလိုက်တာနဲ့အထိုးခံရပြန်ပြီ အနမ်းတစ်ပွင့်ယူရင် တစ်ချက်အထိုးခံရတယ် တန်ပါတယ်‌~

Seokjin;"အမှတ်ကိုမရှိဘူး!!"

Seokjin ထွက်သွားမည်အလုပ် Jungkook ဆော့ဂျင်ခါးသွယ်သွယ်လေးကို ဖက်လိုက်ပြီး~

Jungkook;‌"မောင့်ကိုဘယ်တော့မှခွင့်လွှတ်မှာလဲ
မောင့်ကမ္ဘာငယ်ရယ် အရင်လိုမောင့်ကိုချစ်ပေးပါအုံး!"

Seokjin;"ငါ့ဘဝမှာနောင်တအရဆုံးကဘာလဲသိလား! မင်းနဲ့တွေ့ဆုံခြင်းက ငါ့ဘဝရဲ့အကြီးဆုံးအမှားပဲ!!"

Jungkook;"မောင်ကအဲ့နောင်တတွေကိုမရတော့အောင် ကူညီပေးမယ်ဆိုရင်ရော..."

Seokjin;"ဆု တောင်း!!!"

Jungkook ခါးသိမ်သိမ်‌လေးကိုဖက်ထားရာမှလွှတ်၍ Seokjinပခုံးကို ဆွဲလှည့်လိုက်ပြီး စူးစူးရှရှအကြည့်တွေဖြင့်~

Jungkook;"မောင့်ကိုခွင့်မလွှတ်နိုင်သေးရင်ရတယ်
မင်းမောင့်အပြင်နောက်တစ်ယောက်ရှိလာတာတို့ ဘာတို့အသံကြားကြည့် သတ်ပစ်မယ်~"

Seokjin;"အော့ မင်းကလူသတ်သမားကြီးလုပ်တော့မယ်ပေါ့ ~"

Jungkook;"လာမရွဲ့နဲ့ ! ကြည့်နေကြည့်စား!!"

Jungkook ဆော့ဂျင်မျက်လုံးတည့်တည့်ကိုစူးစူးရှရှကြည့်၍ ~

"ခုနက မင်းကိုမောင်ဘာလို့နမ်းလည်းသိလား မင်းအိမ်မှာလုပ်ခဲ့တဲ့အချိူးမျိုးထပ်မချိုးရဲအောင်!နောက်တစ်ခါဆိုဒီထက်နှစ်ဆ!!"

Jungkook ပြောချင်ရာပြောပြီးထွက်သွားခဲ့သလို ကျန်ခဲ့တဲ့ Seokjin မှာလည်းအော်ဟစ်ပြီးကျန်ခဲ့လေသည်~

.................................................................

‌ဒီနေ့ဟာ Seokjinနဲ့ Jimin တို့ရဲ့ စေ့စပ်ပွဲနေ့~

Seokjin;"Jimin မင်းသူငယ်ချင်းတွေကိုဖုန်းဆက်ပြီးပြီလား~"

Jimin;"အင်းညကဆက်ပြီးပြီ ကိုယ်ပြောရအုံးမယ်သိလား ညကကိုယ်GP Chat ကနေသူတို့ကိုပြောတယ်ကွာတစ်ယောက်မှမယုံကြဘူး အဲ့တာနဲ့တစ်ယောက်ချင်းအိမ်ကိုဖုန်းဆက်တော့လည်းကိုယ့်ကိုလိမ်နေတာတဲ့ မနက်ကျသူတို့လာလို့မှမဟုတ်ရင် ကိုယ့်ကိုဆယ်ဝိုင်းစာ ‌ဒကာခံရမယ်တဲ့ကွာ ကိုယ့်ညီ၀မ်းကွဲဆိုပိုဆိုးတယ် လုံး၀မယုံဘူး!"

Seokjin;"ဟားဟား အေးပေါ့ ငါတို့ဆိုလည်းဘယ်ယုံမလဲ ဖြုန်းစားကြီးအဖိတ်ခံရတာဆိုတော့ ဒီကောင်‌တွေ ငါတို့နှစ်ယောက်အောက်ထပ်ဆင်းပြီးသွားရင်လည်း ပါးစပ်အဟောင်းသားဖြစ်နေမှာသေချာတယ်~"

Jimin;"ဟုတ်ပါ့ ကိုယ်သူ‌တို့ရောက်နေပြီလားသွားကြည့်လိုက်အုံးမယ်~"

Seokjin;"Imm Imm"

Jimin တစ်ယောက်လည်းအောက်ထပ်ကိုဆင်းသွားလေသည်~Seokjinလည်း စေ့စပ်ပွဲဖြစ်တာမို့ လက်ထပ်ပွဲလို တအားကြီးပြင်ဆင်မထားပေမယ့် ချောပြီးသားဆို‌ပေသိ‌သော်လည်းအနည်းငယ်တော့ပြင်ဆင်ရပြန်သည်~

ဒေါက် ဒေါက်

Seokjin;"ဝင်ခဲ့ပါ~"

Jimin;"အကုန်ရောက်နေကြပြီ ဆင်းကြရအောင်"

Jimin နဲ့ Seokjin လည်း နှစ်ယောက်အတူတူလျှောက်လှမ်းလာရင်းမှ လှေကားအရောက်~

Seokjin;"Jimin ငါတို့လက်တွဲရအောင် ရလား? "

Jimin;"သိပ်ရတာပေါ့•••"

Seokjinနဲ့Jimin လည်းတစ်ယောက်လက်ကိုတစ်ယောက်တွဲ၍ အားလုံးရဲ့အရှေ့ကို ခပ်ပြုံးပြုံးလေးရောက်လာခဲ့သည်~

သူငယ်ချင်းတွေဘက်က အံ့ဩနေကြသည်ထင် ကိုယ်ပါးကိုယ်ရိုက်ပြီးအိမ်မက်ဟုတ်မဟုတ် စမ်းနေတဲ့သူနဲ့ ဟမ် ဆိုပြီး အာမေဋိ ထွက်တဲ့သူနဲ့Seokjinနဲ့လား ဆိုပြီးအသံထွက်ပြီးမေးလာကြတဲ့သူနဲ့ တစ်ယောက်တစ်မျိုးနဲ့ဟုတ်နေတော့တာပဲ~

အပြုံးတုလေးတွေဖန်တီးပြီး သူတို့နှစ်ယောက်ကိုကြည့်နေတဲ့ ကောင်လေးတစ်ယောက်လည်းရှိ နေသလို~ဒေါင့်တစ်နေရာမှာထိုင်နေတဲ့ ကောင်လေးရဲ့မီးဝန်းဝန်းတောက်နေတဲ့မျက်လုံး ခက်ထန်တဲ့မျက်နှာထား ကျစ်ကျစ်ပါအောင်ဆုတ်ထားတဲ့လက်သီးကိုတော့ မည်သူမျှသိကြမည်မထင်ပါ~ဒါပေမယ့်ဆော့ဂျင် တစ်ယောက်ကတော့ထိုမြင်ကွင်းကိုသေချာပေါက်မြင်ဖြစ်အောင် မြင်လိုက်သည်~

သိပ်လှတဲ့မြင်ကွင်းမို့လို့ဓာတ်ပုံတောင်ရိုက်ထားလိုက်ချင်တယ် ဘယ်လိုလဲ Jeon Jungkookစိမ့်ရဲ့လား....အဲ့တာငါ့အချစ်နဲ့ငါမာနကို မင်းထိခဲ့လို့ တန်ပြန်ပြီးခံစားရတာ!

ထိုစကားကိုတော့ဆော့ဂျင်တစ်ယောက်စိတ်ထဲတွင်သာပြောလိုက်သည်~Seokjinမျက်လုံးအကြည့်ကလည်း Jungkookကိုသေချာပေါက်လှောင်ရယ်နေမှာအမှန်ပင်~

~~~

စေ့စပ်ပွဲကြီးအထမြောက်ပြီး မင်္ဂလာပွဲကိုတော့နှစ်ယောက်လုံးကျောင်းပြီးတော့မှ ကျင်းပကြမယ်လို့နှစ်ဖက်မိဘတွေသဘောတူထားကြသည်~

Seokjin မိဘတွေရဲ့စကားကို ရေလိုက်သင့်ငါးလိုက်သင့် ခေါင်းလေးတငြိမ့်ငြိမ့်နှင့်နား‌ထောင်နေရင်း ဒေါင့်တစ်နေရာကနေသူကိုစူးစူးစိုက်စိုက်ကြည့်နေတဲ့ မျက်ဝန်းတစ်စုံကြောင့် ကျေနပ်မှုကလည်းအပြည့်~

စေ့စပ်ပွဲပြီးစီးသွားတာကြောင့် အကုန်လုံးပြန်သွားကြပေမယ့် မပြန်ကြသေးတဲ့သူငယ်ချင်းတစ်သိုက်က‌တော့ရှိ‌‌နေသေးသည်~

Hoseok;"Yah!!မင်းတို့နှစ်ယောက်နော် မတည့်ဘူး မတည့်ဘူးနဲ့ ဒါကဘာသဘောလဲ!"

Seokjin;"Jiminieပေါ့ကွ ငါ့မှာမရရင်ရူးတော့မလိုဖြစ်နေတာနဲ့ ငါလည်း အဟိ"

Jimin တစ်ယောက်ဆော့ဂျင်အပြောလေးကို သဘောတကျဖြင့် သူ့မျက်လုံးလေးတွေကျဉ်းတဲ့အထိကိုပြုံးနေမိသည်~

Jimin;"တတ်တယ်နော် ဒီကလေးကတော့~"

Seokjin ဂျောင်ကုရှိတဲ့ဘက်ကိုမျက်လုံးတစ်ချက်ဝှေ့ကြည့်လိုက်ပြီး မဲ့ပြုံးလေးတစ်ခုဖန်တီး၍~

Seokjin;"Jiminie ကငါ့ကိုအလိုလိုက်တာ သိပ်လည်းချစ်တာသူငယ်ချင်းတို့ရဲ့.."

Hoseok;"ငါလေ မင်းနဲ့Jimin ဆိုတော့တော်တော်အံ့ဩသွားတာ အဲ့ဒါကြောင့်စေ့စပ်ပွဲမစခင်က Seokjin အမေကိုတွေ့လိုက်တယ်‌လေအဲ့ဒါကို ငါကဒီတိုင်းလာတဲ့ဧည့်သည်မှတ်နေတာ~
နောက်မှသတို့သားအမေဖြစ်နေရော...!"

Taehyung;"ဘာပဲဖြစ်ဖြစ်ငါတော့မင်းတို့နှစ်ယောက်ကိုအားကျတယ်ကွာ "

Jimin တစ်ယောက် Hoseok ဘက်ကိုမျက်စပစ်ပြလိုက်ပြီး~

Jimin;"မင်းလည်း အဟင်း"

Taehyung;"မကြာမှီလာမည် ညော်~"

ထိုစကားဝိုင်းတွင် စကားမပြောနိုင်ဖြစ်နေတဲ့နှစ်ယောက်ကတော့ ရင်ဘတ်ထဲမှာလည်းခံစားချက်မျိုးစုံဖြင့်~

Seokjin;"အော့ ဒါနဲ့ Jungkook Shi က Jiminရဲ့ညီ ဝမ်းကွဲဆို ထင်မထားဘူးရယ်...."

Jimin;"ဟုတ်သားပဲ ကိုယ့်ညီကိုတောင် အားလုံးနဲ့သေချာမိတ်ဆက်မပေးရသေးဘူးရယ်....ကဲသူငယ်ချင်းတို့မှတ်ထားကြအုံး ဒါငါ့ညီဝမ်းကွဲ သူငယ်ချင်းလည်းဟုတ်တယ် ငါတို့နဲ့အသက်အတူတူပဲ နာမည်က Jeon Jungkook...!"

Hoseok;"Seokjin နဲ့တွဲသွားတွဲလာလုပ်တာတော့မြင်ဖူးတယ် အခုမှပဲလူချင်းသိတော့တယ်
​ကျောင်းမှာနဲ့နည်းနည်းကွဲတယ်​နော်..."

"Jeon Jungkook ပါ...!"

"ငါကJung Hoseok
ဒီက အသဲပေါက်လေးကKim Taehyung
ဒါကတော့ငါတို့ရဲ့ ရေခဲတုံးလေး Min Yoongi"

Jungkook;"အင်မ်း တွေ့ရတာဝမ်းသာတယ်
ငါ့ကို Jiminနဲ့Seokjinကို မင်းတို့ခင်သလိုခင်လို့ရတယ်..​အော့..ဒါနဲ့Seokjinကကျောင်းမှာဆိုမင်းတို့သိတဲ့အတိုင်း ငါနဲ့တတွဲတွဲနဲ့ကို အခုမှသာ Jungkook Shiတွေဘာတွေနဲ့ ဇွတ်တွေကိုချေနေတယ် အဟက်~"

Seokjinရဲ့ပျက်ယွင်းသွားတဲ့မျက်နှာကို Jungkookသေချာပေါက်မြင်ဖြစ်အောင်မြင်လိုက်သည်~

မောင်ကမင်းဆိုးတာထက် အဆတစ်ထောင်ပိုဆိုးတယ်လို့ပြောထားတာကို မင်းမို့လို့မောင့်ကိုလာထိရဲတယ်!
















Zawgyi;


Jungkook;ဝိုး ပန်းချီလေးတွေကိုးးးလှသားပဲ





Seokjin;ငါမင်းDriver မဟုတ်ဘူးနော် Jeon Jungkook!!



ဒီတစ်ခါတော့ကျွန်တော့်ရဲ့ပါးမို့မို့လေးကို:

မွ






Seokjin; Omonyi!


Jungkook;ဟိုအဲ့လိုခေါ်တာ အဆင်မပြေဘူးလား Seokjin Naaa....

Seokjin;Seokjin Naa....အဟက်






Seokjin;သွားပြီ Mommy




မောင့်ကမ္ဘာငယ်ကသိပ်ရဲတင်းလွန်းတယ်!
.................................................................................






ကယ်ကြပါ! အွတ်...



ခွပ်~







Seokjin;ဆု တောင်း!!!




Jungkook;ကျုပ်ကိုမရွဲ့နဲ့ ! ကြည့်နေကြည့်စား


ခုနက မင်းကိုမောင်ဘာလို့နမ်းလည်းသိလား မင်းအိမ်မှာလုပ်ခဲ့တဲ့အချိုးမျိုးထပ်မချိုးရဲအောင်!


..................................................................................





Jimin;ဟုတ်ပါ့ ကိုယျသူ‌တို့ရောက်နေပြီလားသွားကြည့်လိုက်အုံးမယ်~

Seokjin;Imm Imm


ဒေါက် ဒေါက်

Seokjin;ဝင်ခဲ့ပါ~



Seokjin;Park Jimin ငါတို့လက်တွဲရအောင်

Jimin;သိပ်ရတာပေါ့•••









Hoseok;Yrrr မင်းတို့နှစ်ယောက်နော် မတည့်ဘူး မတည့်ဘူးနဲ့ ဒါကဘာသဘောလဲ!





Seokjin; Jiminie ကကျော့်ကိုအလိုလိုက်တာကိုဗျ သိပ်လည်းချစ်တာရယ်...




Jimin;မင်းလည်း အဟင်း



Seokjin;အော့ ဒါနဲ့ Jungkook Shi က Jiminရဲ့ညီ ဆို ထင်မထားဘူးရယ်....


Hoseok; Seokjin နဲ့တွဲသွားတွဲလာလုပ်တာတော့မြင်ဖူးတယ် အခုမှပဲလူချင်သိး‌တော့တယ်
ငါကJung Hoseok

ငါ့ကို Jiminနဲ့Seokjinကို မင်းတို့ခင်သလိုခင်လို့ရတယ်နော့်....
ဒါနဲ့Seokjinကကျောင်းမှာဆိုမင်းတို့သိတဲ့အတိုင်း Koo....Kooနဲ့အခုမှသာ Jungkook Shiတွေဘာတွေနဲ့ ဇွတ်တွေကိုချေနေတယ် အဟက်~




You are reading the story above: TeenFic.Net