Part-22🏆

Background color
Font
Font size
Line height

Unicode;

"Koo ငါ့ကိုစိတ်ဆိုးနေတာလား"

Jungkook;“ဘာတွေလာပြောနေတာလဲ!!“

Seokjin;“ Jungkook မင်းငါ့ကိုနောက်နေတာမလား!”

Jungkook;“ခင်ဗျားနဲ့ကျုပ်ကသိမှာမသိတာကို ဘာလို့ကျုပ်ကနောက်ရမှာလဲ!”

Koo ရဲ့အကြည့်တွေဟာအရင်ကနဲ့မတူ စိတ်ဆိုးလာရင်ကြည့်တတ်တဲ့ ခက်ထန်တဲ့အကြည့်တွေ
ဖြင့်သာ အလိုမကျဟန်တောက်လျှောက်ကြည့်နေတော့သည်..Koo ဘာဖြစ်နေတာလဲ အခုသူကျွန်တော့်ကိုစိတ်ဆိုးနေတာလားကျွန်တော့်ဘာအမှားမှလုပ်မထားဘူးလေ...

Seokjin; “Jungkook မင်းစိတ်ဆိုးနေတယ်ဆိုအကြောင်းအရင်းပြောကွာ ငါမင်း‌ကျေနပ်တဲ့ချော့မယ်..တောင်းပန်မယ်လေ နော်”

Jungkook;“တယ်ခက်ပါလား ခင်ဗျားလူစကားနားမလည်ဘူးလား ခင်ဗျားကိုမသိဘူး အခုကျုပ်အခန်းထဲကထွက်သွား!”

သူအတတ်နိုင်ဆုံး ချော့ဖို့တောင်းပန်ဖို့အထိပြောတာတောင် အဆုံးထိ ခက်ထန်တဲ့အကြည့် မာကျောတဲ့လေသံဟာလျော့သွားခြင်းအလျင်းမရှိတဲ့အပြင် ကြားရတဲ့စကားလုံး‌တွေကြောင့်လူကစိတ်တိုချင်လာသည်~ နဂိုထဲကကိုယ်ရဲ့ Typeကဘယ်သူ့အကြောမှမခံနိုင်တဲ့စိတ်ရှိတာကြောင့် ပတ်တီးအဖွေးသားနဲ့ Koo ကိုအော်လိုက်မိသည်~

Seokjin;“Jeon Jungkook!!!”

Jimin လည်း ‌Uncle Jeon တို့ပြောသွားသမျှစကားတွေကိုပြန်စဉ်းစားနေတုန်း အခန်းထဲကနေအကျယ်ကြီးကြားလိုက်ရတဲ့ အသံကြောင့် Jiminအပြင် သူနဲ့အတူတူရှိနေတဲ့ Eunwooနဲ့ Yoongi ပါ Jungkook အခန်းဆီပြေးဝင်လာကြသည်~

Jimin;“ဘာဖြစ်တာလဲ Babe!”

Jungkook ထိုင်နေရင်းမှ Seokjinကို လက်ညှိုးထိုးပြလိုက်ပြီး...

Jungkook;“ဟေ့လူတွေ! သူ့ကိုခေါ်သွားစမ်းဗျာ အော်ကျယ်အော်ကျယ်နဲ့နားညီးတယ်...”

ဆေးသွင်းထားတဲ့ဘက်မဟုတ်တဲ့လက်တစ်ဖက်မှ နားထဲကိုလက်ချောင်းလေးထည့်၍ သူ့နားငြီးကြောင်းအကဲပိုပြောလာတဲ့ Jungkook ဟာ အတိတ်မေ့နေတာတောင် မခန့်လေးစားနဲ့မာကျောတုန်း...

Uncle Jeon ပြောပုံအရ Jungkook က Accident ဖြစ်တုန်းက ခေါင်းကိုထိသွားတဲ့အရှိန်ကြောင့် အတိတ်ကိုမမှတ်မိနိုင်ဘူး...မှတ်ဉာဏ်အားတိုးဆေးတွေပုံမှန်တိုက်ရင်နဲ့ သူသတိရနိုင်မယ့်အမှတ်ရစရာတွေဖန်တီးပေးရင်အတိတ်ကိုပြန်မှတ်မိလာနိုင်တယ်တဲ့...

Jimin;“ ဘေဘီသွားရအောင်နော်...”

Seokjin;"မသွားဘူး ငါJungkook နဲ့စကားပြောအုံးမယ်...

Jungkook;“ Jungkook ဆိုတာဘယ်သူလဲ အဲ့တာကျုပ်လား အားးးးးးထွက်သွားကြပါတော့ တောင်းပန်ပါတယ်..စဉ်းစားရလွန်းလို့ခေါင်းတွေပေါက်ထွက်တော့မယ်...!”

နားနှစ်ဖက်ကိုပိတ်ပြီးအော်ဟစ်‌နေတဲ့ Jungkook ကြောင့် Seokjin တစ်ယောက် Jungkook ပုံစံကိုအနည်းငယ်ရိပ်မိသွားတော့သည်...
Jungkook ထိုင်နေတာနဲ့အညီ Seokjinနေလိုက်ပြီး Jungkookလက်လေးကိုဆုတ်ကိုင်လိုက်၍...

Seokjin;“ဘာမှမဖြစ်ဘူးနော်..Koo ဘာမှလည်းမစဉ်းစားနဲ့ အဆင်ပြေသွားလိမ့်မယ်..”

သူ့ကိုမကြည့်ဘဲ ပြတင်းပေါက်ကိုသာ ငေးကြည့်နေတဲ့ Jungkookကိုအားပေးစကားသာပြော၍
Jimin တို့နဲ့အတူပြန်ထွက်လာခဲ့သည်~

Jungkook သူ့လက်ကိုဆုတ်ကိုင်ထားတဲ့ ကောင်လေးအနားကထွက်သွားတော့မှ ထိုကောင်လေးနောက်ကျောကိုအကြည့်ပို့မိတော့ ထိုကောင်လေးကိုနောက်ထပ်ကောင်လေးတစ်ယောက်နဲ့ လက်တွဲသွားတာကိုမြင်လိုက်ရတဲ့အချိန်~

တစ်ယောက်တည်းဖြစ်သွားသလိုခံစားလိုက်ရပြီး ရင်ဘတ်ထဲမှာဟာတာတာနဲ့ တစ်ခုခုကိုအလိုမကျသလိုဖြစ်လာတော့သည်~

~~~

Jimin အခန်းပြင်အရောက် Seokjin ရဲ့တစ်ခုခုစဉ်းစားနေဟန်ဖြင့် မတ်တပ်လေးရပ်ရင်းခပ်တွေတွေလေးဖြစ်နေတာကြောင့် Jimin အဆင်ပြေမပြေမေးရတော့သည်~

Jimin;“Babe အဆင်ပြေလား?”

Seokjin;“Koo ကအတိတ်မေ့သွားတာလား?”

Jimin; “Uncle Jeon တို့ကို Doctor ပြောတာတော့Jungkook က Accident ဖြစ်တုန်းက ခေါင်းကိုထိသွားတဲ့အရှိန်ကြောင့် အတိတ်ကိုမမှတ်မိနိုင်ဘူးတဲ့ မှတ်ဉာဏ်အားတိုးဆေးတွေပုံမှန်တိုက်ရင်နဲ့ သူသတိရနိုင်မယ့်အမှတ်ရစရာတွေဖန်တီးပေးရင်အတိတ်ကိုပြန်မှတ်မိလာနိုင်တယ် အဲ့တာကြောင့်အများကြီးမစိုးရိမ်ပါနဲ့..Jungkook ကအကုန်လုံးကိုပြန်မှတ်မိလာမှာပါ...”

Seokjin;“ငါဆရာဝန်နဲ့သွားတွေ့ချင်တယ် Jiminie”

Jimin;“Jungkook မိဘတွေအခုနောက်တစ်ခေါက်သွားတွေ့တယ် စိတ်မပူနဲ့ သူတို့တွေ Jungkook ကို VIP အခန်းပါရွှေ့ဖို့လုပ်နေတယ်...”

Yoongi; “Seokjin မင်းမိဘတွေကိုလည်း ဖုန်းဆက်လိုက်အုံး သူတို့မင်းကိုစိတ်ပူနေတယ်”

Seokjin;"ငါ့ဖုန်းက Jungkook ဆီမှာ"

Jimin;"ရော့ ကိုယ့်ဖုန်းနဲ့ဆက်လိုက်.."

Seokjin လည်း Jimin ဖုန်းနဲ့သူ့မိဘတွေကို အကျိုး‌အကြောင်းပြောပြလိုက်ပြီး စိတ်မပူဖို့လည်းထပ်ခါထပ်ခါမှာလိုက်သည်~

.
.
.

ဒီ‌နေ့နဲ့ဆို Koo ကျွန်တော့်ကိုမေ့သွားတာတစ်ပတ်ပြည့်ခဲ့ပြီ...အချိန်တွေသာနောက်ပြန်လှည့်လို့ရမယ်ဆိုကျွန်တော် Pizza သွားမဝယ်ခိုင်းဘဲနေမိမှာ....

Busan က Jiminie အိမ်မှာ ကျွန်တော်တို့တွေစုနေဖြစ်ခဲ့ကြသည်~ကျွန်တော့်အိမ်က မိဘတွေကလည်း Seoul ကိုပြန်လာဖို့ခေါ်နေကြပေမယ့် ကျွန်တော်ကတော့ ဇွဲကောင်းကောင်းနဲ့ Koo မှတ်ဉာဏ်တွေပြန်ရတော့မှ Koo နဲ့အတူတူပြန်ဖို့ဆုံးဖြတ်လိုက်သည်~

နိုင်ငံခြားကိုပြန်ဖို့ တကဲကဲလုပ်နေတဲ့ Jungkook မိဘတွေကိုလည်းကျွန်တော့်မှာတား‌ရသေးသည်~

Koo ကတော့ဒီတစ်ပတ်အတွင်းမှာ ဘယ်သူမှသူ့အခန်းထဲကိုဝင်မခိုင်းခဲ့..သူမိဘတွေတောင်ဝင်ခွင့်မရကြ‌ပေ~သူ့အခန်းထဲဝင်လိုက်တာနဲ့ အော်ဟစ်ပြီး ထွက်သွားဖို့ပဲပြောနေတော့သည်..တာဝန်ကျဆရာဝန်တွေနဲ့ Nurse တွေကသာသူ့အခန်းထဲမှာ ဝင်ထွက်ခွင့်ရသည်~

ကျွန်တော်‌ကတော့ Koo ကိုအပြင်ကနေသာလှမ်းကြည့်နေရတဲ့ဘဝ~

Jimin နဲ့ Yoongi လိုအပ်တာတွေသွားဝယ်နေတုန်း Seokjinတစ်ယောက်ထဲ Jungkook အခန်းရှေ့က ခုံတန်းလျားလေးမှာထိုင်နေတဲ့အချိန် Jungkookရဲ့ သူငယ်ချင်းဖြစ်သူ Eunwooဆိုတဲ့တစ်ယောက်ရောက်လသည်…

Eunwoo;“ဟို Jungkook အခြေအနေရောဘယ်လိုလဲ?”

Seokjin;“ဒီလိုပါပဲ အခုထိ သူအခန်းထဲပေးမဝင်သေးဘူး..”

Eunwoo;“ဒါနဲ့ဖြစ်ခဲ့သမျှကိစ္စတွေက ငါ့ပယောဂ မကင်းတာမို့တောင်းပန်ပါတယ် Seokjin...”

Seokjin;“လောင်းထားတဲ့ကိစ္စမလား အဲ့တာဆိုထားလိုက်ရတယ် ငါ့စိတ်ထဲမှာဘာမှမရှိတော့ဘူး...”

Eunwoo;“မင်းကို ဂျောင်ကြီးခိုးပြေးတာရောပါပါတယ် ဟီး..”

Seokjin;“အော့ မင်းစနက်ပေါ့လေ..”

Eunwoo;“ဂျောင်ကြီး ဗျူဟာအတိုင်းလုပ်ရတာပါကွာ သူကတစ်ချက်လွှတ်အမိန့်နဲ့ငါ့ခိုင်းတော့လည်းမငြင်းရဲပါဘူး ဟီးဟီး...”

Seokjin နဲ့ Eunwoo စကားပြောနေချိန် Jungkook အခန်းထဲမှာထွက်လာတဲ့ Nurseနှစ်ယောက်ရဲ့စကားကြောင့် Seokjin စိတ်ထဲထောင်းခနဲ..

"ကောင်လေးကတော်တော်ချောတယ်နော် အဲ့တာကြောင့် တခြားNurse တွေကလည်း‌ဒီကိုပဲလာချင်နေကြတာထင်ပါရဲ့"

"ငါ့ကောင်လေးသာဖြစ်လိုက်ရင်ဘယ်လောက်ကောင်းလိုက်မလဲ လူနာဝတ်စုံလေးနဲ့တောင်ချောပြီး ခန္ဓာကိုယ်အချိုးအစားကလည်း ...”

Seokjin;“ဒီမှာ! Nurse က Nurse လိုမနေဘဲ ဘာလို့အာရိုက်နေရတာလဲ!! ”

"ဘယ်သူပါလဲ"

Seokjin;“နင်တို့ချောတယ်ပြောနေတဲ့ အထဲကကောင်လေးရဲ့ယောက်ျားပဲ ရှင်းလား!!”

"တောင်းပန်ပါတယ်ရှင့်"

Seokjin;“ကျန်တဲ့ဟာတွေကိုလည်းပြောလိုက်ဒီမှာအလုပ်ဆက်လုပ်ချင်သေးတယ်ဆိုရင် ငါ့ကောင်လေးကို ပြစ်မှားမနေနဲ့လို့..ငါဘယ်သူလဲ‌ဆိုတာပါစုံစမ်းထားခိုင်းလိုက်!”

"ဟုတ် ဟုတ်ကဲ့"

ဒီဆေးရုံရဲ့ ရှယ်ယာအများဆုံးက မွေးသမိခင်ကျေးဇူးရှင်ကြီးမို့ Seokjin ရှယ်ယာအားကိုးနဲ့ခြိမ်းခြောက်လိုက်ခြင်းပင်~

Nurse ကောင်မလေးနှစ်ယောက်လည်း အသက်တောင်မရှူရဲသလောက်ဖြစ်သွားကြလေသည်~မျက်နှာလေးတွေလည်းငုံ့၍ ထွက်သွားကြလေတော့သည်~

Eunwoo တစ်ယောက်ကတော့ Jungkook ဘယ်လိုတွေပျိုးထားလို့ Kim Seokjin တို့ဆက်ဆက်ထိမခံဖြစ်နေရလည်းဆိုတာ Jungkookအတိတ်မေ့တာပျောက်သွားတဲ့နေ့ မေးကိုမေးရမယ်ဟူ၍ တွေးနေတော့သည်..

.
.
.

Seokjin ဒီနေ့တော့ဆုံးဖြတ်ချက်ချလိုက်သည်
ဂျောင်ကုအခန်းထဲသူဝင်လို့ အော်ချင်လည်းအော်ထုချင်လည်းထု ရိုက်ချင်လည်းရိုက်ပေတော့ ဒီနေ့တော့ဝင်ရမယ်ဆိုပြီး အားတင်းလာခဲ့သည်~

Seokjin အခန်းထဲအရောက်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ခန္ဓာကိုယ်ထဲကသွေးတွေတောင်ပြောင်းပြန်စီးချင်သွားသည်~

ဆရာဝန် Long coat နဲ့ ဆရာဝန်မက ဆရာဝန်အလုပ်မလုပ်ဘဲ အခုငါ့ကောင်လေးကို ဆန်ပြုတ်ဟူးဟူး မှုတ်တိုက်နေတယ်တဲ့လား အဟက် ရယ်ရတယ်…

" ဆရာဝန်မ အခုဘာလုပ်နေတာလဲ"

“ဆ ဆရာဝန်မ...”

Seokjin;“ဘာလဲအဒေါ်ကြီးက ဆရာဝန်မမဟုတ်လို့ ဆရာဝန်ထီး လား!”

“အ အဒေါ်ကြီး...”

Seokjin;“ဒီဆေးရုံမှာအလုပ်လုပ်တဲ့သူတွေက စနိုက်ကျော်ဖို့ကျန်တဲ့နေတဲ့သူတွေပဲလား ဟမ်!”

Jungkook;“ခင်ဗျားအထင်မလွဲပါနဲ့ ဒါကအရမ်းပူနေလို့..”

Seokjin;“Jeon Jungkook Shi ကခေါင်းပဲထိတာလေ ဒီဆန်ပြုတ်လေးတောင်ကိုယ်ဘာသာမှုတ်မသောက်တတ်တော့ဘူးလား!?”

Jungkook;“ကျစ်!”

Seokjin;“အဟင့် Jeon Jungkook အကျင့်မကောင်းဘူး ငါတို့ကိုကျတော့နှင်လိုက်အော်လိုက်လုပ်တယ်  ဒီဆေးရုံကဟာတွေကိုကျတော့ ဗြဲ....”

Seokjin တစ်ယောက်ကြမ်းပြင်ကိုဖင်ထိုင်ချလိုက်ပြီး Jungkook မချော့ချော့အောင်တမင်အော်ငိုပြနေလိုက်တော့သည်~

Jungkook ပြာပြာသလဲလဲဖြင့် ‌လက်က‌ဆေးသွင်းထားတဲ့ပိုက်‌ တွေကိုဆွဲဖြုတ်ပစ်လိုက်၍ Seokjin ဆီပြေးဆင်းလာတော့သည်...

Jungkook;“ဟို ခင်ဗျားလေးမငိုပါနဲ့နော် ဘာကြောင့်မှန်းမသိ ခင်ဗျားလေးမျက်‌ရည်တွေကိုမမြင်ချင်ဘူး အဲ့တာကြောင့်တိတ်ပါနော်...”







အပ်ပုဒိတ်မှန်နေတယ်ယို့🙊💗



Zawgyi;



Seokjin; Jungkook ငါ့ကိုနောက်နေတာမလားဟင်






Seokjin;Jeon Jungkook!!!


Jimin;ဘာဖြစ်တာလဲ Babe!













Jimin;Babe အဆင်ပြေလား?









.
.
.






Jimin နဲ့ Yoongi လိုအပ်တာတွေသွားဝယ်နေတုန်း Seokjinတစ်ယောက်ထဲ Jungkook အခန်းရှေ့က ခုံတန်းလျားလေးမှာထိုင်နေတဲ့အချိန် Jungkookရဲ့ သူငယ်ချင်းဖြစ်သူ Eunwooဆိုတဲ့တစ်ယောက်ရောက်လာပြီး~












"ဘယ်သူပါလဲ"


"တောင်းပန်ပါတယ်ရှင့်"


You are reading the story above: TeenFic.Net