"ဟုတ် ဟုတ်ကဲ့"
ဒီဆေးရုံရဲ့ ရှယ်ယာအများဆုံးက မွေးသမိခင်ကျေးဇူးရှင်ကြီးမို့ Seokjin ရှယ်ယာအားကိုးနဲ့ခြိမ်းခြောက်လိုက်ခြင်းပင်~
Nurse ကောင်မလေးနှစ်ယောက်လည်း အသက်တောင်မရှူရဲသလောက်ဖြစ်သွားကြလေသည်~မျက်နှာလေးတွေလည်းငုံ့၍ ထွက်သွားကြလေတော့သည်~
Eunwoo တစ်ယောက်ကတော့ Jungkook ဘယ်လိုတွေပျိုးထားလို့ Kim Seokjin တို့ဆက်ဆက်ထိမခံဖြစ်နေရလည်းဆိုတာ Jungkookအတိတ်မေ့တာပျောက်သွားတဲ့နေ့ မေ့ကိုမေးရမယ်ဟူ၍ တွေးနေတော့သည်..
.
.
Seokjin ဒီနေ့တော့ဆုံးဖြတ်ချက်ချလိုက်သည်
ဂျောင်ကုအခန်းထဲသူဝင်လို့ အော်ချင်လည်းအော်ထုချင်လည်းထု ရိုက်ချင်လည်းရိုက်ပေတော့ ဒီနေ့တော့ဝင်ရမယ်ဆိုပြီး အားတင်းလာခဲ့သည်~
Seokjin အခန်းထဲအရောက်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ခန္ဓာကိုယ်ထဲကသွေးတွေတောင်ပြောင်းပြန်စီးချင်သွားသည်~
ဆရာဝန် Long coat နဲ့ ဆရာဝန်မက ဆရာဝန်အလုပ်မလုပ်ဘဲ အခုငါ့ကောင်လေးကို ဆန်ပြုတ်ဟူးဟူး မှုတ်တိုက်နေတယ်တဲ့လား အဟက် ရယ်ရတယ်
" ဆရာဝန်မ အခုဘာလုပ်နေတာလဲ"
ဆ ဆရာဝန်မ...
Seokjin;ဘာလဲအဒေါ်ကြီးက ဆရာဝန်မမဟုတ်လို့ ဆရာဝန်ထီး လား!
အ အဒေါ်ကြီး...
Seokjin;ဒီဆေးရုံမှာအလုပ်လုပ်တဲ့သူတွေက စနိုက်ကျော်ဖို့ကျန်တဲ့နေတဲ့သူတွေပဲလား ဟမ်!
Jungkook;ခင်ဗျားအထင်မလွဲပါနဲ့ ဒါကအရမ်းပူနေလို့..
Seokjin;Jeon Jungkook Shi ကခေါင်းပဲထိတာလေ ဒီဆန်ပြုတ်လေးတောင်ကိုယ်ဘာသာမှုတ်မသောက်တတ်တော့ဘူးလား
Jungkook;ကျစ်!
Seokjin;အဟင့် Jeon Jungkook အကျင့်မကောင်းဘူး ငါတို့ကိုကျတော့နှင်လိုက်အော်လိုက်လုပ်တယ် ဒီဆေးရုံကဟာတွေကိုကျတော့ ဗြဲ....
Seokjin တစ်ယောက်ကြမ်းပြင်ကိုဖင်ထိုင်ချလိုက်ပြီး Jungkook မချော့ချော့အောင်တမင်အော်ငိုပြနေလိုက်တော့သည်~
Jungkook ပြာပြာသလဲလဲဖြင့် လက်ကဆေးသွင်းထားတဲ့ပိုက် တွေကိုဆွဲဖြုတ်ပစ်လိုက်၍ Seokjin ဆီပြေးဆင်းလာတော့သည်...
Jungkook;ဟို ခင်ဗျားလေးမငိုပါနဲ့နော် ဘာကြောင့်မှန်းမသိ ခင်ဗျားလေးမျက်ရည်တွေကိုမမြင်ချင်ဘူး အဲ့တာကြောင့်တိတ်ပါနော်....
အပ်ပုဒိတ်မှန်နေတယ်ယို့🙊💗
You are reading the story above: TeenFic.Net