2

Background color
Font
Font size
Line height

"ဟေ့ ဘရို အစောကြီးရောက်လာတယ်ပေါ့"

         Clubထဲကို ၀င်လာတဲ့ Mingyuကို ကြိုရောက်နှင့်နေတဲ့ Minghaoက လက်ထဲက ၀ိုင်ခွက်ကို မြှောက်ပြရင်း နှုတ်ဆက်လိုက်တယ်။ Mingyuက ခပ်ချေချေ မျက်နှာနှင့် Minghaoဘေးခုံတွင် ၀င်ထိုင်လိုက်ရင်း waiterအား လက်ညိုးထောင်ပြရင်း ပုံမှန်သောက်နေကျ တစ်ခွက်ကိုမှာလိုက်တယ်။

"အေးကွာ....အိမ်ကဟိုလူ ပြန်လာခါနီးပြီမလို့"

"မင်းအခုချိန်ထိ သူ့ကို ခွင့်မလွှတ်သေးတာလား
အကိုWonwooသနားပါတယ်ကွာ"

     Minghaoက ခေါင်းကိုခါရမ်းရင်း ၀ိုင်တစ်ငုံသောက်ကာ Mingyuပုခုံးကို လွှဲရိုက်လိုက်တယ်။
Mingyuကတော့ ဖာသိဖာသာနဲ့ပဲ မျက်နှာတစ်ချက်မပြတ် မှာထားတဲ့ ခွက်ကိုသာ သောက်ရင်း clubထဲကို ဝေ့ကြည့်နေတယ်။

"ဟေ့ကောင် Mingyu အကိုWonwooကို ခွင့်လွှတ်ပေးလိုက်ပါကွာ ငါတကယ် သနားလာပြီ သူ့ခမျာ အပြင်မှာသာ မာထန်နေတာ မင်းအရှေ့ရောက်ရင် မျက်နှာက မိုးပြိုမလိုပဲနော်"

"ဟင်းးးး ငါလည်းတစ်ချိန်က အဲ့လိုဖြစ်ခဲ့ဖူးတဲ့ကောင်ပါကွာ ဒါပေမယ့် စေတနာတွေက အသွားပဲရှိပြီး အပြန်မရှိလာတော့ သူ့၀ဋ်သူခံရတာပဲပေါ့
ငါတော့ အဲ့လူကို မပြေငြိမ်းပေးနိုင်ဘူး ငါ့မိသားစုနဲ့ ငါ့အပေါ် လုပ်ရက်ခဲ့တာ"

"အင်းပါကွာ ငါလည်းကြားလူဆိုတော့ သိပ်မပြောချင်ပါဘူး အချိန်မလွန်ခင် နောင်တမရအောင် ပြောပြရုံပါ"

"နေပါကွာ အဲ့ကိစ္စတွေဖြစ်ပြီးကတည်းက သူ့အပေါ် ငါ့အချစ်တွေက အဆုံးသတ်ပြီမလို့ နောင်တဆိုတဲ့အရာက အခုလည်းမရှိသလို နောင်လည်းရှိလာမှာ မဟုတ်ဘူး"

"အေးအေး အမုန်းမင်းသားကြီးရဲ့ မပြောတော့ဘူးကွာ နေချင်သလိုသာနေတော့ မင်းစိတ်ပဲ"

       သူတို့နှစ်ယောက် စကားပြောနေတုန်း တစ်ဖက်၀ိုင်းက မိန်းကလေး တစ်ယောက်က Mingyuကို ကြည့်နေတာကို Mingyuရိပ်မိသွားတယ်။Mingyuလည်း စိတ်ပြေလက်ပျောက် ဖြစ်သွားအောင် ထိုမိန်းကလေးနဲ့ ခဏတာ ကစားရန် ထွက်လာခဲ့လိုက်တယ်။ Minghaoကတော့ တစ်ယောက်ထဲ ကျန်ခဲ့တာပေါ့။






       Jisooနဲ့အတူ Junhuiဆိုင်ကိုသွားခဲ့တဲ့ ကိစ္စက အဆင်ပြေပြေ ဖြစ်ခဲ့တာကြောင့် စာရင်းကိစ္စတွေကို ကျောင်းမှာပဲ တွက်ချက်ပြီး အိမ်ကို ပြန်လာခဲ့လိုက်တယ်။ ည၈နာရီ ကျော်နေပြီ ဖြစ်ပေမယ့် Wonwoo အိမ်ကိုပြန်ရောက်တော့ ထုံးစံအတိုင်း တိတ်ဆိတ်မှောင်မဲနေမှုကသာ ကြိုဆိုလို့နေတယ်။

"ဟူးးး ပင်ပန်းလိုက်တာကွာ"

        ဧည့်ခန်းက ဆိုဖာပေါ် ပစ်လှဲရင်း မျက်မှန်အား ချွတ်ကာ ငြိမ်ငြိမ်လေး လှဲနေမိလေတယ်။
လက်ထပ်ပြီးကတည်းက တစ်ချိန်မှ အတူမဆုံခဲ့ဖူးတဲ့ ညတွေက များပြားလွန်းလေတယ်။ ခဏ လှဲနေရင်း ရေချိုးဖို့သာ အားတွန်းရင်း အခန်းဆီ တက်သွားလိုက်တယ်။

     

       ရေချိုးပြီး အောက်ပြန်ဆင်းလာတော့ ည၉နာရီပင် ထိုးလို့နေလေပြီ။ စားစရာတစ်ခုခု ရှာဖွေကြည့်မိတော့ ရေခဲသေတ္တာ အောက်ဆုံးထပ်တွင် ဟင်းတစ်ချို့ကို ဘူးနဲ့ထည့်ထားတာ တွေ့တာမလို့ ထမင်းနဲ့ စားမည်ကြံကာ ထုတ်ယူပြီး ထမင်းချက်ထားလိုက်တယ်။ ထမင်းချက်နေရင်း Macbookမှ စာရင်းတစ်ချို့ကို ပြန်လည် စစ်ဆေးနေရင်း ခြံရှေ့မှ ကားသံကြားလိုက်ရတယ်။ သိပ်မကြာလိုက်ခင် အိမ်ထဲ၀င်လာတဲ့ Mingyuကိုတွေ့တော့ Wonwooဘက်ကပဲ စပြီး နှုတ်ဆက်လိုက်တယ်။

"အင်းး...ဒီနေ့စောတယ်နော်"

"ခင်ဗျားက နေ့တိုင်း ကျုပ်အိမ်ပြန်ချိန်ကို တွက်နေတာလား လာမပတ်သတ်စမ်းပါနဲ့"

      ထိုသို့ပြောပြီး Wonwooကို ကျော်ကာ အပေါ်တက်သွားတဲ့ Mingyu..။ Wonwooခမျာမှာတော့ အတတ်နိုင်ဆုံး ပြုံးထားရတဲ့ အပြုံးတွေက ခနတာအတွင်း ပျောက်ကွယ်ကာ ၀မ်းနည်းမှုတို့က ကြီးစိုးလာလေတယ်။ Mingyuနဲ့ ပတ်သတ်လာရင် မာကြောမှုမရှိတော့တဲ့ ကိုယ့်စိတ်ကို အပြစ်တင်မိပြန်တယ်။

        ခနနေ ထမင်းကျက်သွားတော့ ဟင်းဘူးတစ်ချို့နဲ့ ထမင်းစားရန် ပြင်နေလိုက်တယ်။ မနက်တည်းက ခုထိ တစ်နေကုန် မစားရသေးတဲ့ ဗိုက်ကိုဖြည့်ရန် ပြင်ပြီး စားနေတုန်းရှိသေး အပေါ်ကနေ ပြန်ဆင်းလာတဲ့ Mingyuကလည်း ထမင်းစားခန်းထဲ ၀င်လာလေတယ်။ ထမင်းစားခန်းထဲ ထမင်းစားနေတဲ့ Wonwooကို မြင်တော့ မျက်နှာပျက်သွားကာ Wonwooဘေးဆီ ပြေးလာလေတယ်။

"ဒီဟင်းတွေ ဘယ်သူက စားခွင့်ပြုလို့ စားနေတာလဲ ဟမ်"

"အာ အဲ့တာ ရေခဲသေတ္တာထဲ တွေ့တာနဲ့...ငါ နည်းနည်းစားလို့ရမလား ငါတစ်နေကုန်မစားး....."

"အော် ခုမှလာပြီး အရေးမပါတာတွေ လာမပြောနဲ့ ဒါကျုပ်အမေ ပေးထားတဲ့ ဟင်းတွေ ခင်ဗျားစားဖ်ို့မတန်ဘူး ပေးစမ်းပါ"

         စားလက်စ ဟင်းဘူးတွေကို အကုန်ယူသိမ်းလိုက်တဲ့ Mingyuကို ခုံပေါ်ကနေ တွေတွေလေးကြည့်နေတဲ့ Wonwooခမျာ ဘာပြောရမှန်း မသိအောင်ပင် ဖြစ်နေရှာတယ်။ လက်ထဲက တူလေးကို စားပွဲပေါ်ချလိုက်ရင်း ထမင်းဖြူထည့်ထားတဲ့ ပန်းကန်လုံးကို ကိုင်ကာ ဘေစင်ထဲ သွန်ချလိုက်ကာ ဆေးလိုက်ပြီး အကုန်သိမ်းလိုက်တယ်။

      Mingyuကတော့ Wonwooလုပ်သမျှကို ဘေးကနေ ကြည့်နေရင်း ဟက်ခနဲရယ်တယ်။

"လူကသာ အသက်ကြီးလာတာ အဖြစ်မရှိတဲ့ ခင်ဗျားမာနကတော့ တစ်ခွဲသားပါလား"

         ရိသဲ့သဲ့ပြောနေတဲ့ Mingyuစကားတို့ကို ဂရုမစိုက်ပဲ ရေခဲသေတ္တာထဲက နွားနို့ဘူးကို ထုတ်နေတဲ့ Wonwooကို စိတ်မရှည်စွာ အနောက်ကနေ လက်ကောက်၀တ်ကို လှမ်းဆွဲလိုက်တယ်။

"ကျုပ်ပြောတာ ကြားလား မသိချင်ယောင်ဆောင်မနေနဲ့"

   

       စကားအဆုံး မျက်နှာချင်းဆိုင်လာတဲ့ Wonwooရဲ့ Wonwooရဲ့ အကြည့်တို့ဟာ ရစ်၀ဲနေတဲ့ မျက်ရည်တစ်ချို့ကို မြင်နေရတယ်။ သို့ပေမယ့် မျက်နှာအမူအရာကတော့ ခက်ထန်နေတုန်းပင်။

"အေး ဟုတ်တယ် လူဆိုတာ မာနရှိရတယ် မာနကိုပါ ခင်းချပေးလိုက်ရင် ငါက အပေါစားဆန်သွားမှာပေါ့ ငါတစ်ချိန်က မှားခဲ့တာ မှန်ပေမယ့် မင်းလို စိတ်ဓာတ် အောက်တန်းမကျဘူး"

      ပြောဆိုနေရင်း Mingyuလက်ထဲက လက်အားပြန်ရုန်းတော့ Mingyuက ပိုတင်းအောင်ကိုင်ကာ ဆောင့်ဆွဲပြီး Wonwooကိုယ်အား နံရံကို ကပ်လိုက်လေတယ်။

"ဘာ အပေါစားမဆန်ဘူးတဲ့လား ဟားးဟားးး
တစ်ချိန်က ဒီခန္ဓာကိုယ်နဲ့ မြူဆွယ်ဖို့ ကြိုးစားခဲ့တာ ခင်ဗျားပဲ မဟုတ်ဘူးလား ဟမ်"

          စကားအဆုံး Mingyuလက်တို့က Wonooရဲ့ T shirtအောက်သို့ လျှို၀င်လာကာ ဟိုနေရာဒီနေရာကို ပွတ်လာတာကြောင့် ခပ်မြန်မြန် Mingyuလက်ကို ဆွဲဖယ်ကာ ဆောင့်တွန်းလိုက်လေတယ်။

"ငါ့ဘက်က ချစ်နေသေးတာ ဟုတ်တယ် ငါ မင်းအပေါ် တစ်ခါမှ မြူဆွယ်ဖို့လည်း မကြိုးစားခဲ့ဖူးဘူး အရာအားလုံးကို တစ်ဖတ်သက်မတွေးနေနဲ့ ကလေးလို လုပ်နေတာတွေ တော်သင့်ပြီ"


       ထိုသို့ပြောပြီး ခပ်မြန်မြန် အခန်းဆီ တက်လာကာ အိပ်ယာပေါ်ထိုင်နေလိုက်တယ်။ ကျန်ခဲ့တဲ့ Mingyuကတော့ ဘယ်လိုဖြစ်နေခဲ့လဲ မသိပေမယ့်လို့ အိပ်ယာပေါ် ဒူးပိုက်ကာ ထိုင်နေတဲ့ Wonwooကတော့ မျက်ရည်တို့ ကျဆင်းလျက် တိတ်တခိုး ငိုနေခဲ့လေတယ်။

       ဘယ်အရာက သူတို့ကို ရန်သူတွေဖြစ်အောင် စေညွှန်ခဲ့လေသလဲ။ အတိတ်ရဲ့ခြေရာတို့ကို ပြန်လည်လျှောက်ကြည့်ရင် အဖြေတစ်ခုတော့ ရှိနေမှာပါလေ။











Part 2💙

ရေးထားတာလေး သဘောကျရင် Voteလေး ပေးခဲ့ပါရှင့်🥰

ပိုပြီး အပိုင်းရှည်ရှည်ရေးနိုင်အောင် ကြိုးစားနေပါတယ်


You are reading the story above: TeenFic.Net