1

Background color
Font
Font size
Line height

  

          လရောင်ဖြာကျနေသော အလင်းရောင်အောက်ရှိ တိတ်ဆိတ်နေသော အိမ်ကြီးထဲ၀ယ် ရှိနေသော တစ်ယောက်တည်းသောသူ......
ချစ်ရသောသူဟာ ညဥ့်နက်သည်အထိ ပြန်မလာသေး၍ လုပ်စရာရှိသောအလုပ်များကို Macbookဖြင့် လုပ်နေရင်း ကော်ဖီတစ်ခွက်ဖြင့် ဧည့်ခန်းမှာ ထိုင်စောင့်နေမိတယ်။မနက်၂နာရီထိုးတော့ ခပ်၀ါး၀ါးဖြစ်လာတဲ့ မျက်၀န်းတို့အား မျက်မှန်ကိုချွတ်ကာ ပွတ်သပ်ရင်း သမ်းဝေလိုက်တယ်။

ကျွီ........၀ူးးးးးးး

        ခြံ၀န်းထဲ၀င်လာသော ပြိုင်ကားအသံကို ကြားရတော့မှ sofaမှထကာ အိမ်တံခါးကို ဖွင့်လိုက်တော့ ကားသော့ကို လက်မှာယမ်းကာ လေချွန်၍ ၀င်လာနေသောသူက သူ့အားမြင်သည်နှင့် အပြုံးမျက်နှာတို့ ယုတ်ချည်း ပျောက်ကွယ်သွားလေတယ်။

"ခင်ဗျား ဒီအချိန်ထိ မအိပ်ပဲ ဘာလုပ်နေတာလဲ

"မင်းကိုစောင့်နေတာလေ....အလုပ်လည်း လုပ်ရင်းနဲ့....ခုတလော အိမ်ပြန်နောက်ကျတာ ပိုဆိုးလာတယ်နော်"

"ခင်ဗျားနဲ့မဆိုင်ပါဘူး အရင်လိုပဲနေစမ်းပါ ကျုပ်အပေါ်တက်တော့မယ်"

       တံခါး၀မှာရပ်နေတဲ့ သူ့အား တွန်းဖယ်ကာ ၀င်သွားသော Mingyuအား လည်ပြန်ကြည့်ရင်း အတိတ်ကမှားခဲ့တဲ့ ကိုယ့်ပုံရိပ်တို့အား အပြစ်တင်မိပြန်တယ်။

       ခပ်ရေးရေးအတွေးတို့အား ပယ်ဖျက်ရင်း လေပူတစ်ချက်မှုတ်ထုတ်ကာ  ကျလုဆဲဆဲ ဖြစ်နေတဲ့ မျက်ရည်တို့ကို ထိန်းလိုက်ပြီး အခန်းရှိရာဆီသို့သာ တက်လာလိုက်တယ်။

       အခန်းရှေ့ရောက်တော့ ဘေးအခန်းက Mingyuအခန်းတံခါး၀ဆီ အကြည့်တို့ရောက်မိရင်း အခန်းတံခါး၀ဆီလျှောက်သွားကာ သူ မကြားနိုင်မှန်းသိပေမယ့် ပြောမိပြန်တယ်။

"Good nightပါမောင် "

        ပြောပြီးနောက် ကိုယ့်အခန်းထဲသို့ ပြန်၀င်ကာ အေးစက်စက်အိပ်ရာပေါ်သို့ လှဲချရင်း အိပ်မက်ဆိုးတို့ကာ ရှောင်ဖယ်ကာ အိပ်စက်ခြင်း ယန္တရားဆီ ရောက်ရန် ကြိုးစားလိုက်တယ်။

နောက်နေ့ မနက် ၇နာရီခွဲ......

      ညက အိပ်ရာ၀င်တာ နောက်ကျပေမယ့် အကျင့်ပါနေတဲ့ မျက်၀န်းတို့ဟာ အချိန်မှန်မှန် နိုးထလာတာမို့ အလုပ်သွားဖို့ ပြင်ဆင်ရန် ထလာလိုက်တယ်။ ရေချိုး အ၀တ်အစားလဲပြီး အောက်ထပ်ကိုဆင်းလာကာ ပုံမှန်စားနေကျ ပေါင်မုန့်ဖြူနဲ့ ကော်ဖီတစ်ခွက်ကိုသာ ပြင်ပြီး စားနေလိုက်တယ်။

Ring ...ring....ring

      စားနေရင်း Phလာတာမို့ phကိုယူကာ ကြည့်လိုက်တော့ Jisooဆီကမလို့ ချက်ချင်းကိုင်လိုက်တယ်။

"hello....ပြော jisoo အော်....အေးအေး ဟုတ်ပြီ ခနနေ ထွက်ခဲ့မယ်"

       အလုပ်ကိစ္စကြောင့် ဆက်တာမလို့ phပြောပြီးတာနဲ့ စားလက်စ ပေါင်မုန့်ကို ပန်းကန်ထဲ ပြန်ထားပြီး ပါးစပ်ထဲ ၀ါးလက်စ ပေါင်မုန့်ကို ကော်ဖီနဲ့ မျှောချပစ်လိုက်တယ်။ အမြန်သွားရမှာမလို့ ခုံပေါ်တင်ထားတဲ့ ကုတ်အင်္ကျီအနက်ကို ဆွဲယူကာ လှည့်ထွက်မည်အပြု အနောက်မှာ အသံမပေးပဲ ရပ်နေတဲ့သူကြောင့် မြိုချနေတဲ့ ကော်ဖီတောင် သီးသွားရတယ်။

"အဟွတ်...ဟွတ် အစောကြီးနိုးတာလား ကိုယ် အလုပ်သွားရတော့မှာမလို့ ကိစ္စရှိရင် phခေါ်လိုက်နော်"

          Wonwooစကားတို့ကို နားထောင်နေလား မနေလားတော့ မသိပေမယ့် စွပ်ကျယ်အဖြူကို ဘောင်းဘီအတိုနဲ့ တွဲ၀တ်ထားတဲ့ Mingyuကတော့ နံရံကိုမှီကာ ရပ်နေရင်း မထီမဲ့မြင် အပြုံးနဲ့သာ တုံ့ပြန်လေတယ်။

"ခင်ဗျားဘ၀မှာ အလုပ်ပဲ ဦးစားပေးလေ ကျုပ်ကို ဂရုစိုက်သလို လာလုပ်ပြမနေပါနဲ့"

"အင်းး....ကိုယ်သွားပြီနော်"

    

        ခပ်သွက်သွက် ထွက်သွားတဲ့ Wonwooရဲ့
ကျောပြင်ကိုကြည့်ရင်း ကျန်နေခဲ့တဲ့ Mingyu..

"ခင်ဗျားသာ ကျွန်တော့်အပေါ်  မရက်စက်ခဲ့ရင် ကျွန်တော်မုန်းခဲ့မှာမဟုတ်ဘူး"

 
        ရင်ထဲကစကားတွေကို တစ်ယောက်ထဲ ထုတ်ပြောရင်း ခေါင်းကိုသာ ခပ်တွေတွေခါပစ်ကာ မနက်စာစားဖို့ ပြင်ဆင်ရန် စလိုက်တော့တယ်။

"ဘယ်လိုဖြစ်လို့ Orderတင်ထားတဲ့ ဟာတွေက မရတော့တာလဲ"

     Wonwoo ရုံးခန်းထဲ ၀င်၀င်ချင်း ကြိုရောက်နှင့်နေတဲ့ Jisooကိုတွေ့တော့ သူphဆက်တဲ့ caseအကြောင်းကို အစပြုကာမေးရင်း လက်ထဲက အိတ်ကို စားပွဲပေါ်တင်ကာ ထိုင်ခုံမှာ ၀င်ထိုင်လိုက်လေတယ်။ Jisooက sofaကနေ ထလာကာ Macbookကို ကိုင်လျက် Wonwooဆီ လျှောက်လာပြီး ဖြစ်ရတဲ့ ပြသနာကို ရှင်းပြတော့တယ်။

"အဲ့ဆိုင်ကကွာ orderတင်ထားတဲ့ဟာတွေ ပစ္စည်းပြတ်နေတာကို ဖုံးပြီး ရမယ်ဆိုပြီး ခုမှ deadlineကပ်မှ မရတော့ဘူးဆိုပြီး ပြောလာတာ"

"အဲ့တာဆို ဘယ်လိုလုပ်ကြမှာလဲ နက်ဖြန်ပဲ ကျောင်းက အထက်တန်းပြီးတဲ့ ဘွဲ့နှင်းသဘင်ကို လုပ်မှာလေ နက်ဖြန်အမြန်ရမယ့် ဆိုင်တွေ ဘာတွေ တစ်ချက် စုံစမ်းကြည့်ပါလား"

"စုံစမ်းတာပေါ့ ရုံးလာတဲ့ တောက်လျှောက် ရှာလာတာ မရဘူးကွာ ဘယ်လိုလုပ်ကြမလဲ ဆရာ ဆရာမတွေ အစည်းအဝေး ခေါ်လိုက်ရမလား"

"နေပါစေ ငါတို့ဘာသာပဲ ရအောင်ဖြေရှင်းတာပေါ့ နည်းလမ်းတစ်ခုခုတော့ ရှိမှာပါ"

      Wonwooက Private Schoolကို ဦးစီးပြီး လုပ်ကိုင်နေတဲ့ Managing Directorတစ်ယောက်ပါ။ Hong Jisooကတော့ သူနဲ့ အထက်တန်းတည်းက သူငယ်ချင်းဖြစ်ပြီး လက်ရှိမှာလည်း Wonwooရဲ့ ကျောင်းမှာ English Teacherအဖြစ် အလုပ်၀င်နေတာပေ့ါ။
Wonwooတို့ကျောင်းက နက်ဖြန်ဆို အထက်တန်းဘွဲ့နှင်းသဘင် ပြုလုပ်မှာကို မှာထားတဲ့ အစားအသောက်ဆိုင်က orderတင်ထားတာတွေ မရတော့ဘူးဆိုကာ ငွေပြန်အမ်းလာလေတာမို့ သူတို့၂ယောက် ခေါင်းခဲနေကြလေပြီ။

"အာ....Wonwooရေ ငါအကြံရပြီ"

"ဘာအကြံလဲ ပြောကြည့်"

"ဟိုလေ Moon Junhuiကို မင်းသိတယ်မလား အထက်တန်းတုန်းက ပြောင်းလာတဲ့ တရုတ်လေးလေ"

       Jisooအပြောကြောင့် Wonwooသတိရသွားဟန်ဖြင့် မျက်ခုံးပင့်ပြလိုက်တော့ Jisooက ပြောလက်စကို ဆက်လေတယ်။

"အဲ့တစ်ယောက် ဟိုတစ်လောက ငါနဲ့Restaurantမှာပြန်တွေ့တာ သူ့ဆိုင်အပိုင် ငါတို့သူ့ဆီ အကူအညီတောင်းကြည့်မလား"

"အင်း အဲ့အကြံမဆိုးဘူး မင်းဆက်သွယ်ကြည့်လိုက်"

"ဟုတ်ပြီ ငါဆက်ကြည့်လိုက်မယ်"







Minwon Fiction

ဖတ်လို့အဆင်ပြေရင် Voteလေးပေးခဲ့ပါနော်
ကိုယ်သဘောကျတဲ့ typeမျိုးရေးထားတာမလို့ အမှားပါရင် ခွင့်လွှတ်ပါ

ဘာလို့Mingyuက Wonwooကို မုန်းနေလဲ သိချင်ရင် ဆက်လက်ဖတ်ရှုပေးကြပါ🤍💙


You are reading the story above: TeenFic.Net