Chapter 24

Background color
Font
Font size
Line height

မဏိ မနက်စောစော ထကာ သားကြီးရဲ့ ဝေယျာဝစ္စ ကိုလုပ်ပေးရသည်။
ပြီးမှ သားငယ် ကျောင်းသွားဖို့ ကိစ္စကို ပြင်ဆင်ရသေးသည်။

သားကြီးက နေမကောင်းတော့ ကျောင်းမလိုက်သေးပဲ သားငယ်ကိုတာ ကျောင်းပို့ရမည်လေ..
မဏိ စားစရာတွေကို ချိုင့်လေးထဲမှာ အစီစဥ်တကျ ထည့်လိုက်ပြီး သားငယ်ကိုသွားနှိုးရတော့သည်။

တံခါး ဖွင့်လိုက်သည်နှင့် ကုတင်နှစ်လုံးရှိနေပေမယ့် သားငယ်က ကုတင်ပေယ်မှာ ရှိမနေပဲ သားကြီးရဲ့ ကုတင်ပေါ်အားရောက်ရှိနေခြင်းပင်...

တစ်ကယ် အရှုပ်ထုပ်လေးပင် ခဏလေးကမှ အခန်းထဲ သားကြီးကို လာကြည့်တုန်းကတောင် နေရာတစ်ကျရှိနေသေးပေမယ့် ယခုအခြေနေလေးဟာ သားကြီးက ပလပ်လေးအိပ်နေကာ သငယ်က သားကြီးရဲ့ ပေါင်ပေါ်ကို ခွတက်ကာ ရင်ဘက်ပေါ်အား ခေါင်တင်ထားပြီး လက်ကလည်း သားကြီးရဲ့ ဘောင်ဘီထဲလက်ရောက်နေသူကြောင့် မဏိ သားငယ်နှင့် သားကြီးကို နေရာခွဲပြီး သားကြီးမနိုးအောင် သားငယ်ကိုနှိုးရလေတော့သည်။

''သား..သားငယ် စွမ်းထက်လူ ထကျောင်းသွားရမယ် နောက်ကျရင် Cherဆူနေလိမ့်မယ်''

တစ်အင့်အင်နဲ့ အပျင်းကျော ဆန်လာသူက မျက်လုံးလေးအား ပွတ်နေသောကြောင့် တားရသေးသည်။
ပြီးမှ အကိုဖြစ်သူကြည့်ကာ...

''ကိုကိုကရော မသွားဘူးလား''

မဏိ တစ်ဖက်ကုတင်က စောင်အားခေါက်နေကာ သငယ်ရဲ့ အမေးကြောင့် ခေါင်းရမ်းပြလိုက်သည်။
ထိုချိန် ကုတင်ပေါ်ကနေ သားငယ်က ဆင်းလာကာ မဏိရဲ့ ခြေထောက်လေးကို လာဖက်ပါလေရော...

''ပါးပါး..ပါးပါး သားသား မျက်တွင်းတွေ ချိုင့်နေတယ် မနေ့ညက ကိုကိုကို စိတ်ပူကြီး ထိုင်စောင့်ရလို့ထင်တယ်''

ဥာဏ်များလွန်းသည့် သားငယ်ကြောင့် မဏိပြုံးမိသွားသည်။
မျက်လုံးလေးကို ကိုင်ပြကာ နှုတ်ခမ်းလေးထော်ပြီး ကြောငျးမသှားရဖျို့ လုပ်နေသည့် သားငယ်ဟာ သားကြီးအား ဗန်းပြလေတော့သည်။
မဏိ သားငယ်ရဲ့ နဖူးအား လက်ညိုးလေးနှင့်ထိုးကာ...

''ပါးပါးမှာ အကြံဥာဏ်ရှိတယ်လေ''

''ဘာဥာဏ်လဲ ပါးပါး''

''မျက်တွင့်ချိုင့်ရင် ဆရာဝန်ကြီးရှီမှာ ဆေးထိုးရင်ပျောက်သွားရောပဲ''

''ဟာ..သားကပျောက်နေပြီ ကျောင်းသွားဖို့ပြင်အုံးမယ်ပါးပါးရေ''

''ချော်လှဲမယ် သားငယ်''

ရေချိုးခန်းထဲအား ပြေးသွားသူကြောင့် မဏိသတိပေးလိုက်ရခြင်းပင်...

ထိုချိန် ခြံရှေ့မှ အသံကြားရသည်မို့ ထွက်ကြည့်လိုက်တော့ စိုင်းဖြစ်နေသည်။
စိုင်းက မဏိကိုမြင်သည်နှင့် ပြုံးကာ လက်ပြသည်။
မဏိ တံခါးအား ပြန်ပိတ်ကာ နံရံကိုမှီလိုက်သည်။

သူဘယ်ကဘယ်လိုရောက်လာတာလည်း ဒီနေရာမှာ သူရှိနေသည်ကို မည်သူမှမသိချေ...ခေးရာ မှလွဲ၍ စိုင်း ဒီရောက်လာသည်ဆိုတော့လည်း သူမပြောရင် ဘယ်သူဖြစ်အုံးမှာလည်း..

မဏိ အတွေးများဖျက်ကာ တံခါးဖွင်လိုက်တော့ စိုင်းကရှိမနေချေ...

မဏိ အိမ်ရှေ့ထွက်ကာ ဘေးဘီဝှေ့ကာ ကြည့်တော့လည်း မတွေ့သည်မို့ ပြန်သွားသည်ထင်နှင့် ပြန်လှည့်လိုက်ချိန်တွင် ခါးကနေ ဆွဲမလိုက်သည့်သူကြောင့် ခန္ဓာကိုယ်လေးဟာ လေပေါ်မှာဝဲ၍ နံရံ အကပ်ခံလိုက်ရသည်။

''စိုင်း ချပေးစမ်း''

''အခုလား''

''အင်း...''

''ကောင်းပြီ''

ဆိုကာလက်က မဏိ ဘောင်ဘီ ထဲဝင်ခါနီး မဏိ စိုင်းကို အော်လိုက်သည်။

''စိုင်းထက်သီဟလူ!!''

ဘာလဲဆိုကာ မော့ကြည့်လာသူကြောင့် မဏိ အသက်ကို ဖြည်းဖြည်းချင်း ရှုသွင်းကာ စိုင်းအား အတက်နိုင်ဆုံးနှင့်အချိုသာဆုံး ပြုံးကာ...

''စိုင်း ငါကို မြေကြီးပေါ် ချပေးပါ့လား''

စိုင်း မဏိ စကားအဆုံး လွှတ်လိုက်တော့ မြေပြင်ပေါ်သို့ ပုံရပ်သားလေးကျသွားသူက စိုင်းအား ဂျိုကြည့်ဖြင့် မော့ကြည့်ကာ မတ်တပ်ရပ်လာသည်။
ဖုန်ခါပြီးမှ ပြန်ကြည့်ကာ..

''ငါအိမ်ဘာလာလုပ်တာလဲ''

''ခုဏကကျ ပျောက်သွားလို့ လိုက်ရှာနေပြီ''

''ဘယ်..ဘယ်သူလည်း''

သူခိုးလူမိသလို စကားတွေထစ်လာသူကြောင့် စိုင်းပြုံးလိုက်မိသည်။

''ပါးပါးရေ!!''

ထိုချိန် အိမ်ထဲမှ သားငယ် အသံကြောင့် မဏိတင်မက စိုင်းပါလန့်သွားကာ..
မဏိအပြေးလေး အိမ်ထဲဝင်သွားတော့ စိုင်းပါ လိုက်ဝင်လာသည်။

''သားငယ် ဘာဖြစ်တာလဲ''

အိမ်ထဲရောက်သည်နှင့် မေးလိုက်တော့ ပြုံးပြလာသည့် သားငယ်က သားကြီးဘေးမှာ ထိုင်နေကာ သားကြီးက ခေါင်းရင်းကိုမှီရင်း ထိုင်နေခြင်းပင်...

အဲ့တော့မှ မဏိ သက်ပြင်းချနိုင်ကာ...

''သားငယ် ပါးပါးမပြောထားဘူးလား ကိုကိုကို သွားမရှုပ်ဖို့လေ နေမကောင်းနေတာလို့''

မဏိဆူလိုက်တော့ နှုတ်ခမ်းလေးဆူလာကာ သားကြီးနောက်ကို ဝင်ပုန်းသွားလေသည်။

''ကိုကို ပါးပါးက ညီကိုဆူနေတယ်''

''သားဘာမှမဖြစ်ဘူးပါးပါး ညီကိုမဆူနဲ့ သားမကြိုက်ဘူး''

''ဟုတ်ပြီ..''

စိုင်း ကိုကိုတွေ ညီတွေလုပ်နေသည့် ညီအစ်ကို နှစ်ယောက်ကိုကြည့်နေမိသည်မှာ ဘယ်လောက်ကြာသွားသည်မသိ ...
စိုင်းနှင့်အတော်ကိုတူသည့် သူက ကုတင်ပေါ်မှာ ထိုင်နေပြီး မဏိနှင့်တူသောသူဟာ ဘေးမှာထိုင်နေသယောင်...

''ပါးပါး အနောက်က''

အခုမှ စိုင်းကို မြင်ပုံရသည့်သူက မေးလာသည်ကြောင့် စိုင်းက စိုင်းထက်သူ ဘေးနားက ခုံမှာသွားထိုင်ခြင်းကြောင့် မဏိအံသြမိသည်။

''သားနာမည်က စိုင်းထက်သီဟသူ မလား''

''ဟုတ်ဗျ''

''ဦးနာမည်က စိုင်းထက်သီဟလူပါ''

''ဟင်..''

သားကြီးက မဏိကို စူးစမ်းသလိုလေးကြည့်လာသည်မို့ ရှောင်လွဲ၍ မရပေ...

''ပါးပါး ဒီက ဦးလေးက ပါးပါးပြောနေကြ Daddy မလား''

သားကြီးအမေးကြောင့် မဏိ မျက်နှာကြီးနီရဲလာကာ တစ်ဖက်လှည့်သွားသူကြောင့် စိုင်း သားကြီးနားကပ်ကာ''Dadd သားပါးပါးကို ခဏခေါ်သွားအုံးမယ်''ဟုပြောကာ နေရာမှ မဏိကို ဆွဲခေါ်လာလိုက်သည်။

အပြင်ရောက်တော့ စိုင်းလက်ထဲကနေ ရုန်းထွက်ကာ တစ်ဖက်လှည့်သွားသူကြောင့် စိုင်း မဏိရှေ့သွားရပ်ကာ...

''သူတို့က ကိုယ့်သားတွေဆိုတာ သေချာသွားပြီပဲ''

''ငါသားတွေလို့ ငါတစ်ယောက်ထဲ မွေးထာတဲ့ ငါ့သားတွေဟင့်..''

ပြောကာ ငိုလာသူကြောင့် စိုင်း ဆွဲဖက်လိုက်သည်။
မဏိ စိုင်းရဲ့ ကျောပြင်ကို ထုကာ ရုန်းသော်လည်းမရပေ...

စိုင်း မဏိရဲ့ ကျောပြင်လေးကို ပွတ်ကာချော့မြူလေသည်။

''မငိုနဲ့တော့ မငိုနဲ့နော်''

''ထွက်သွားပေး မင်းပေါ်မလာနဲ့ ငါတို့ ရှီကို ဘာလို့ ပြန်ပေါ်လာတာလဲ မင်းကောင်မနဲ့ မင်းပျော်နေရမှာလေ ငါထွက်သွားတာနဲ့ တန်အောင်နေရမယ်လေ''

''.......''

မဏိ စိုင်းရဲ့ ရင်ခွင်ထဲမှ ထွက်ကာ ကျောပေးလိုက်ပြီး မျက်ရည်တွေကို သုတ်လိုက်သည်။
စိုင်း မဏိကို ဆွဲလှည့်လည်းမရသောကြောင့် လက်လျော့လိုက်ကာ...

''ကိုယ့်သားတွေရှီတော့ လာလို့ရတာပဲ''

''မင်းဟာမက လက်ခံလို့လားဟမ် ပြောစမ်းပါ စိုင်းထက်သီဟလူရယ်''

''သူသိရင် လက်ခံလောက်တယ်''

''တော်ပါတော့ ငါကို တော်ရုံပဲသတ်ပါ''

''ကိုပြောတာ နားထောင်''

''တော်ပြီ''

စိုင်း မဏိလက်ကို ဆွဲလိုက်ပေမယ့် လက်ထဲကနေပြန်ရုန်းထွက်သွားသူက ပြောလာသည်။
စိုင်း မဏိကို တစ်ခဏမျှကြည့်နေမိသည်။

''အိမ်ထဲဝင်ကြရအောင်စိုင်း မင်းကိုတော့ ကလေးတွေနဲ့ တွေ့ခွင့်ပေးပါတယ် ငါကအဲ့လောက် အောက်တန်းမကျဘူး''

''ကိုယ်သိပါတယ်''

မဏိနှုင့် စိုင်းအထဲဝင်သွားတော့ သားငယ်က အိင်္ကျီလှဲ ပြီးသားဖြစ်နေသောကြောင့် မဏိ သားကြီးနားသွားကာ သားငယ်ကို လိုက်ပို့အုံးမယ်ပြောတော့ ခေါင်းညိမ့်လာသူကြောင့် မဏိ စားပွဲပေါ်က ချိုင့်ယူလိုက်တော့ စိုင်းက လက်ထဲကနေဆွဲသူသွားသည်။

''သားကိုကြည့်ထားလိုက် သားငယ်ကို ကိုယ်လိုက်ပို့လိုက်မယ်''

''ရပါတယ်''

လက်ထဲကချိုင့်ကို ပြန်ဆွဲယူတော့ အပေါ်မြှောက်လိုက်သည်။
6"4ရှိသည့်အရပ်နှင့်စိုင်းဟာ 5"4သာရှိသည့် မဏိက မမှီပေ...
မဏိလည်း လက်လျှော့ကာ...

''သားငယ်ကို ကောင်းကောင်း လိုက်ပို့ပေး သားငယ်ဘာဝယ်ခိုင်းခိုင်းမဝယ်ပေးနဲ့ ကျန်းမာရေး ကောင်းပေမယ့် မတည့်တာများလို့''

''ဟုတ်ကဲ့ဗျ အလုပ်ပြီးတဲ့ အချိန်လည်း ကိုယ်ပဲဝင်ကြိုမှာမို့ သားကြီးကို မင်းစောင့်ရှောက်''

မဏိခေါင်းသာ ညိမ့်ပြလိုက်ရတော့သည် ငြင်းလည်း ရမှာမှမဟုတ်တာ တစ်ဇွတ်ထိုးကလုပ်သေးသည်။

စိုင်းသားငယ်ကို ခေါ်တော် စိုင်းပေါ် ခွတက်လာသူကြောင့် ချီလိုက်ရသေးသည်။
ပြီမှ အပြင်ကိုထွက်လာကာ ကားပေါ်တင်ပေးပြီး ကျောင်းကို ထွက်လာလိုက်သည်။

ကားပေါ်တင်လိုက်သည်နှင့် ဂနာမငြိမ်သူက လျောက်ဆော့နေလေသည်။

''သားငယ်''

''ဗျ''

''ဦးဦး ကဘယ်သူလဲ သိလား''

''ဟုတ် ကိုကိုပြောတာ ဦးဦးက သားDaddyတဲ့''

''ဒါဆို့ ဦးကို ဘယ်လိုခေါ်မှာလဲ''

''Daddy ပေါ့''

''ခေါ်ကြည့်ပါအုံး''

''Daddy''

''ဗျာ''

ချစ်စရာကောင်းလွန်းသည့် သားငယ်ကြောင့် စိုင်း မနမ်းပဲမနေနိုင်စွာ ကားမောက်းရင်းကို သားငယ်အား လှမ်းနမ်းလိုက်သည်။

''daddy သားဟိုးနားက အရုပ်လိုချင်တယ်''

စိုင်းကားရပ်လိုက်ကာကြည့်လိုက်တော့ ကားသံစစ်ရုပ်ဖြစ်နေသည်။
စိုင်းလည်း ကားပေါ်ကနေဆင်းကာ  သားငယ်ကို ခဏစောင့်ခိုင်းပြီး ဝယ်လိုက်ကာ ကားနားအားပြန်လာလိုက်ကာ ကားပေါ်ကိုတက်ကာသားလက်ထဲအား အရုပ်ထည့်ပေးလိုက်သည်။
(စိုင်းတို့များ မဏိစကားကို နားထောင်ချက်ပဲ)
သားငယ်က ပျော်က စိုင်းကိုနမ်းလိုက်သည်။
မကြာခင်ပဲ စိုင်းတို့ သားငယ်နေတဲ့ကျောင်းရောက်တော့ သားငယ်က အရုပ်လေးပိုက်ကာ စိုင်းကိုလက်ပြနှုတ်ဆက်ကာ ကျောင်းထဲဝင်သွားသည်။

အထဲဝင်သွားသည့် ကလေးပေါက်စကိုကြည့်ကာ စိုင်း ဖုန်းတစ်လုံးကို ဆက်လိုက်သည်။

''အင်းMandalay pc __ကျောင်းကို အခုချက်ချင်း စိုင်းထက်သီဟလူနဲ့ သံသာမဏိသူရဲ့ သား စိုင်းထက်သီဟသူ နဲ့စွမ်းထက်သီဟလူ မိသားစုမှ  ထောက်ပံ့ငွေ 2M လျှူကြောင်း ကြေငြာလိုက်''

စိုင်းပြောပြီး ဖုန်းချလိုက်ကာ အလုပ်ကိုထွက်လာလိုက်သည်။


You are reading the story above: TeenFic.Net

#bl