𝙇 𝙊 𝙎 𝙏 PART : 4

Background color
Font
Font size
Line height


LOST

PART : 4






မျက်ဝန်းဝိုင်းဝိုင်းလေးတွေက ပါးလွှာသောဆံမိတ်အောက်မှာ‌ နေရာယူနေရင်း ဦးခေါင်းထက်မှာလဲ ကံ့ကော်ပန်းတစ်ပွင့်ကို လှပစွာပန်ဆင်လျက်။ မြင်မြင်သမျှဟာ မလှပပေမဲ့ ကိုယ့်မျက်ဝန်းထဲမှာတော့ သူမမျက်ဝန်းလေးတွေကဘယ်ချိန်ဘယ်ခါကြည့်ကြည့် ရွှန်းလဲ့တောက်ပနေသည်။

စုတ်တံရှည်ကို ဆေးခွက်တွေပေါ် တင်ထားလိုက်ပြီး ပိတ်ကားပေါ်မှ သူမမျက်နှာလေးကို အတန်ကြာကြာ ငေးနေမိသည်။

"မင်းဘာလို့ အဲ့လောက်တောင် လှရတာလဲ မွေ့ရယ်"

အလှအပတိုင်းကို မနှစ်သက်ပေမဲ့ ယှဉ်လှတဲ့ သူမအလှအပအချိုးအစားကိုတော့ ဒီကောင်ကြီး‌ကြွေလှသည်။

သူမအပေါ်မှာဘယ်လောက်ဘဲ ခံစားချက်ရှ်ိနေနေ သူမစိတ်ဓာတ်နဲ့ သူမအကြောင်းသိထားသူတစ်ယောက်မို့ နာဘေးနားမှာ အသိတစ်ယောက်အနေနဲ့ဘဲ ရှိနေရတာဟာ အင်မတန်ကျေနပ်စရာပါ။

မဟုတ်ရင် ငေးကြည့်နေခွင့်လေးတောင် ဆုံးရှုံးသွားနိုင်သည်။

"ကိုယ်ထင်ထားသလိုဘဲ"

မနေ့က သူမဆီက မက်ဆေ့လေးတစ်ဆောင်ရောက်ရှိလို့လာသည်။ ကျောင်းဆောင်တွေရဲ့အနောက်ဘက်က ရုက္ခဗေဒဥယျာဉ်မှာ တွေ့ဖို့အတွက် ချိန်းစာတစ်ဆောင်ကို မိုးမင်းရရှိထားသည်။ သူမဒီလိုလုပ်မှာကြိုသိထားပေမဲ့ အိမ့်လေရီကြောင့် သူ့ကို လက်ခံတာမျိုးတော့ မိုးမင်းမလိုချင်။

သူမအပေါ်ကို မေတ္တာစစ်ဖြင့် ခံစားချက်ရှ်ိနေတာမို့ သူမဘက်ကလဲမေတ္တာအစစ်အမှန်ကိုသာ သူရချင်မိ။

ဒီနေ့ဟာ မိုးမင်းတို့စာမေးပွဲဖြေဆိုရန် တစ်ရက်သာလိုတော့သည့်နေ့လဲဖြစ်သလို မွေ့နဲ့လဲနှစ်ယောက်ထဲစကားပြောရမဲ့ ပထမဆုံးနေ့ရက်မို့ မိုးမင်းကျောင်းကို မနက် ၇:၀၀နာရီလောက်ကထည်းက ကြိုရောက်နေတာဖြစ်သည်။ ကိုယ်ကဘဲစောနေသလား သူမကဘဲနောက်ကျနေသလားမသိပေမဲ့ သေချာတာတစ်ခုက မိုးမင်းခုံတန်းလေးမှာ ထိုင်စောင့်နေတာအတော်ကြာနေလေပြီ။

"ကိုမိုး"

မွေ့အသံကိုကြားလိုက်ရ၍ လက်ဖျား‌တွေတောင်အေးစက်သွားရသည်။ ကျွန်တော်တစ်ကယ်ဘဲ ရင်တွေခုန်နေတာလား။ သူမပြောမဲ့စကားတွေကို ကြိုသိနှင့်‌နေလေလို့လား။

သူမက မိုးမင်းရဲ့အရှေ့တည့်တည့်ဝင်ထိုင်လိုက်ပြီး ညှင်သာစွာပြုံးပြသည်။ အရင်ဆို သူငယ်ချင်းအပေါင်းအသင်းတွေနဲ့အမြဲတွေ့နေကျ၊ စာသင်ခန်းထဲမှာလဲ အမြဲတွေ့နေကျဖြစ်ပေမဲ့ မြင်ဖူးနေကျ မျက်နှာလေးကို ဒီနေ့ကျမှာ ပိုကြည့်မဝသလို။

အဖြူရောင်ဇာကွက်စိတ်စိတ်လေးကို လက်ရှည်လေးချုပ်ထားတာမို့ သူမခန္ဓာကိုယ်အချိုးအစားနဲ့ အလွန် fitဖြစ်လှ၏။ အနက်ရောင်ပါတိတ်လေးနဲ့တွဲဖက်ဝတ်ဆင်ထားသော သူမဟာ ဦးခေါင်းမှာလဲ သူ့ပန်းချီထဲကအတိုင်း ကံ့ကော်တစ်ပွင့်ကိုပန်ဆင်ထားသည်။

"မွေ့ အစ်ကို့ကို ဘာပြောစရာရှိလို့လား။ မနေ့ကကိစ္စတော့မဟုတ်ဘူးမလား"

"မဟုတ်ပါဘူး.....မွေ့ ကိုမိုးကိုအဖြေပေးမလို့"

ထူးထူးဆန်းဆန်းကြားလိုက်ရသည့် သူမစကားလေးတစ်ခွန်း။

"မွေ့ တို့တွဲရအောင်"

ပေါ့ပျက်ပျက်ပြောလိုက်သည့် စကားမို့ မိုးမင်းရင်ထဲ ခံပြင်းသွားရသည်။ သူမက သူ့အချစ်ကိုဘာကြောင့်အခုလို မလေးမစားလုပ်ရတာလဲ။ တစ်ကယ်လိုချင်ခဲ့တာ သူမဆီက လေးလေးနက်နက်နဲ့ချစ်တယ်ဆိုတဲ့ စကားလုံး။

"မွေ့"

"ပြောပါ ကိုမိုး"

"အခုပြောနေတဲ့စကားက မွေ့ရင်ထဲကလာတဲ့စကား ဟုတ်ရဲ့လား‌ ဒါမှမဟုတ် မွေ့အနိုင်ယူချင်စိတ်ခုထဲနဲ့...."

"မွေ့စကားကို မွေ့တာဝန်ယူတဲ့အတွက် မွေ့ ကိုမိုးနဲ့သေချာပေါက်တွဲမှာ"

သူမက သူမစကားကိုတာဝန်ယူတယ်ဆိုတော့ သူ့အပေါ်မချစ်ပေမဲ့ အကြောင်းကိစ္စရှိလို့တွဲတာမှန်းတော့သိပေမဲ့ ဘာဘဲဖြစ်နေနေ အကောင်းဖက်ကဘဲတွေးလိုက်တာ ရှေ့လျှောက် သူမအနားမှာနေပြီး ပြန်ချစ်လာအောင်ဘဲကြိုးစားဖို့ တွေးလိုက်သည်။

"ကောင်းပြီ။ မွေ့ ရင်ထဲကလာတဲ့ အစစ်အမှန်‌ဆိုရင် အစ်ကိုပိုပျော်မိမှာ။ အစ်ကိုသဘောတူပါတယ်"

"ဒါဆိုလဲ မွေ့တို့ အတန်းပြီးမှထက်တွေ့ရအောင်။ ကန်သင်းမှာစောင့်နေပါ မွေ့လာခဲ့မယ်"

ထိုသို့ပြောပြီး သူမလေးက အနားကထွက်သွားချေပြီ။

သူမသင်းရနံ့လေး မွှေးမွှေးသာ နေရာမှာကျန်နေခဲ့ပြီး ထိုရနံ့ကို ရှုရှိုက်ရင်း ကိုယ့်ကိုလိုသုံးလုပ်သွားတာသိပေမဲ့ သူမကို အရှုံးပေးရင်း သူမဆန္ဒကို လက်ခံဖို့မှတစ်ပါး တစ်ခြားမရှိပါ။

........................................

ခြေလှမ်း‌တွေက လေးပင်နေသလို နားထဲမှာလဲ ပတ်ဝန်းကျင်ကဆူညံသံတွေကို မကြားရတော့ဘဲ...

"မွေ့ ရင်ထဲကလာတဲ့ အစစ်အမှန်‌ဆိုရင် အစ်ကိုပိုပျော်မိမှာ။ အစ်ကိုသဘောတူပါတယ်"

မွေ့ ရင်ထဲကလာတဲ့ အစစ်အမှန်‌ဆိုရင် အစ်ကိုပိုပျော်မိမှာ။
မွေ့ ရင်ထဲကလာတဲ့ အစစ်အမှန်‌ဆိုရင် အစ်ကိုပိုပျော်မိမှာ။
မွေ့ ရင်ထဲကလာတဲ့ အစစ်အမှန်‌ဆိုရင် အစ်ကိုပိုပျော်မိမှာ။

"အိမ့်လေရီ"

"အိမ့်လေရီ"

"ဟင်.....အင်း"

ပုခုံးကိုဆွဲလှုပ်ရင်းခေါ်လိုက်တော့မှ သူမအသိပြန်ဝင်လာသည်။

"အိမ့် နင်စိတ်နဲ့လူနဲ့ရော်ကပ်ရဲ့လား။ ‌ငါနင့်ကိုခေါ်နေတာကြာနေပြီ။ နင်ဘယ်လိုဖြစ်နေလို့လဲ။ နေမကောင်းဘူးလား"

"အိမ့်နေသာပါတယ်"

"ဒါဆို ဘာလို့ငါခေါ်တာမကြားတာလဲ။ ငါနင့်ကိုခေါ်နေတာကြာပြီဘဲဟာ"

"အင်း ဒီအတိုင်း ဪခေခေ ‌အိမ်လေ ဒီနေ့နေ့တစ်ပိုင်းခွင့်ယူချင်လို့ ခေခေ ဆရာ့ဆီမှာခွင့်တိုင်ပေးထားပါလားဟင်"

"ဟယ်....နောက်ဆယ့်ငါးမိနစ်ဆိုရင်ဘဲ အတန်းစနေပြီလေ။ ဒီတစ်ချိန်တော့ဝင်သင်သွားပါအုံးဟဲ့"

"ဟင့်အင်း.....အိမ် စာသိပ်မရသေးလို့။ အိမ်မှာကျက်ချင်တယ်။ မနက်ဖြန်လဲ exam ‌ရှိတယ်လေ အဲ့တာကြောင့်ပါ"

"နင်တစ်ကယ်အဆင်ပြေရဲ့လား။ ဒါမှမဟုတ် တစ်ခြားအကြောင်းရှိနေလို့လား"

"တစ်ကယ်ဘာမှမရှိဘူး ခေခေ။ အိမ့်ပြောတာသာနားထောင်စမ်းပါ"

"အင်းပါ အင်းပါ။ ဒါဆိုလဲပြန်တော့လေ ခဏနေဆရာဝင်တော့မှ သူဝင်ခါနီးမှ ပြန်ထွက်တာမြင်ရင်မကောင်းဘူး။ သွား သွား"

သူငယ်ချင်းဖြစ်သူပြောတာကို လက်ခံလိုက်ပြီး လွယ်အိတ်ကလေးကိုလွယ်ကာအိမ့်အခန်းထဲမှာ ထွက်လာလိုက်သည်။ ပဲခူးဆောင်ရဲ့ ၂/၁၀၂အခန်းဘေးက ၂/၁၀၃အခန်းမှာတော့ ခုံနံပါတ် ၃.မ.၂၀၀ကနေ ၄၀၀အထိရှိသော အခန်းရှေ့ကဖြတ်လျှောက်လာသည်။

အခန်းရဲ့အရှေ့ဆုံးခုံမှာ တော့ အိမ့်ရဲ့အချစ်ဦးကြီး အစ်ကိုမိုးမင်းမောင်က စာအုပ်လေးဖတ်ရင်း အေးအေးဆေးဆေးဘဲတည်ကြည်နေလျက်။

အိမ် သူ့ကိုကြည့်မဝစွာ ငေးရင်း ခဏလောက် အတန်းရှေ့‌ရပ်နေမိသည်။

ဒါကိုမြင်သွားတဲ့ မွေ့လေရီက သူမအပေါင်းအသင်းတွေကို မေးငေါ့ပြရင်း သူမအပေါင်းအသင်းတွေက အိမ့်ကို ဝိုင်းဟားကသည်။

အုပ်စုတောင့်တာမို့ ရယ်သံဆာဆာတွေဟာ အခန်းအတွင်းနဲ့ ပျံ့နှံ့သွားပြီး နဂိုကထည်းက အိမ့်ဟာ မြန်မာစာကျောင်းသား၊သူ တွေကြားမှာ အရှက်ကွဲခံထားရသည့် မိန်းကလေးဖြစ်တာမို့ အားလုံးက သိနေကာ သူမကို လှောင်ပြောင်ရယ်နေသံဟာ တစ်တန်းလုံး ဖြစ်သွားသည်။

အိမ့်ပါးပြင်မှာ မျက်ရည်လေးတစ်စက်ကျသွားရရင်း မွေ့ကို နာနာကျင်ကျင်ကြည့်ကာ ထိုနေရာမှ လည့်ထွက်လာခဲ့သည်။

အောင်နိုင်သူလိုမျက်နှာထားဖြင့် မွေ့ကတော့ အိမ့်မျက်ရည်ကျရင်ဘဲ သူမမှာ အရသာရှိနေလိုက်တာ။

ကိုမိုးဘက်ကြည့်တော့လဲ ကိုမိုးဟာ ဒီအဖြစ်အပျက်ကို သိလိုက်ပုံတောင်မရဘဲ သူ့စာအုပ်ကိုသာ ခပ်အေးအေးဖတ်နေလျက်။

"မှတ်ထား အိမ့်လေရီ။ နင် ငါတို့မိသားစုဘဝထဲဝင်လာတာဟာ နင့်ရဲ့မဟာအမှားဘဲ။ ငါနင့်ကိုသိပ်မုန်းတယ်။ နင့်မပျော်ရွှင်မူဟာ ငါ့ပျော်ရွှင်မူဘဲ။ ငါမပျော်ရွှင်ရရင်တောင် နင်ခံစားနေရတာကို အရသာရှိရှိကြည့်နေအုံးမှာ"

ပဲခူးအဆောင်ဘက်ကနေ ထွက်လာကထည်းက ကျနေတဲ့မျက်ရည်တွေဟာ ကားလမ်းမ‌အပေါ်ရောက်သည်အထိပင်။ သူမဟာ ကျောင်းကနေစောပြန်တာလဲဖြစ်လို့ ကျောင်းဖယ်ရီကားတွေဖြင့်ပြန်ဖို့အဆင်မပြေဖြစ်လေတော့ ဒီတိုင်းသာ စိတ်လေလေဖြင့်လမ်းလျှောက်ပြန်လာပုံ။ စိတ်ပျက်လက်ပျက်ဖြင့် လမ်းလျှောက်နေ၍ လမ်းဆုံတစ်ခု၌ သတိမထားမိဘဲ တစ်ဖက်လမ်းကို အကူးမှာ ကားတစ်စီးဖြင့် အတိုက်ခံရမလိုဖြစ်သွားရသည်။ ကားဟာ အရှိန်လျော့လိုက်ပေမဲ့ သူမကတော့အသိစိတ်မဲ့နေတဲ့ လူတစ်ယောက်လို ထိုကားလာတော့မှ လန့်ဖြန့်သွားပြီး ကားရှေ့မှာတင်ဘဲ လဲကျသွားရ၏။

"ကျစ် သွားကြည့်လိုက် သူရ။ ဘာဖြစ်သွားသေးလဲမသိဘူး"

ကိုယ့်ဘက်ကမမှားပေမဲ့ ကိုယ့်ကားအရှေ့မှာ မူးလဲသွားတာမို့ ထိုမိန်းကလေးကို သွားကြည့်ရန်ပြောလိုက်သည်။

"မိန်းကလေး" "ဟိတ်"

ဘယ်လိုခေါ်ခေါ်မရတော့တာမို့ သူမမှာအစောကထည်းက တစ်ခုခုဖြစ်ထားပုံရသည်။

"သခင်" "ခေါ်လို့မရဘူးဗျ"

"ခေါ်လာခဲ့လိုက် ဆေးရုံတစ်ခါထည်းဝင်လိုက်မယ်။ လန့်သွားတာဖြစ်ပုံရတယ်"

သခင်ခိုင်းသည့်အတိုင်း သူရ သူမကိုမချီကာ ကားအနောက်ခန်းသို့တင်ပေးလိုက်သည်။ လင်းရောင် သူ့ဘေးမှာ မေ့လျော့နေတဲ့ မိန်းမပျိုကိုတစ်ချက်မကြည့်ဘဲ အဝေးကိုသာဆွေဆွေလေးကြည့်နေလျက်။

ဒီအချိန်ဆို သားဗိုက်ဆာနေလောက်တော့မှာမို့လို့ တွေးမိပြီး အိတ်ကပ်ထဲကဖုန်းကိုထုတ်ကာ အိမ်တော်ထိန်းကြီး ‌ဘွားတင့်ကို သူ့အားမစောင့်နေ‌ တော့ဘဲ သားကို နေ့လည်စာကျွေးထားဖို့ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

"မလိုပါဘူး။ မင်းသတိရလာရင်ဆေးရုံဆင်းလိုရပြီလို့ပြောတယ်။ မင်း
အိမ်လိပ်စာပြောပါ ငါလိုက်ပို့ပေးမယ်"

"ရပါတယ်။ အိမ့်ဘာ့သာပြန်လိုက်ပါ့မယ်။ ပြီးတော့ တောင်းပန်ပါတယ် အကိုတို့ကြောင့်မဟုတ်ပါဘူး ကျွန်မဒီအတိုင်းအားနည်းနေလို့ဖြစ်သွားတာ"

"အားနာစရာမလိုပါဘူး။ မင်းကို သခင်ကိုယ်တိုင်က သေချာဂရုတစိုက်အိမ်ကိုပြန်လိုက်ပို့ဖို့ပြောခဲ့လို့ ငါလိုက်ပို့မှာ။ ပြီးတော့ မင်းကျန်းမာရေးဂရုစိုက်အုံး"

"မင်းကျန်းမာရေးက"

"မောင်သူရ။ ဆေးစာရင်းရပြီကွယ်"

ဆေးစာရွက်ကိုင်ကာ ဝင်လာသော Drက ထိုလူ့ကိုရင်းရင်းနှီးနှီးပြောဆိုပုံနေပုံမှာ အသိတွေဖြစ်လောက်မည်လို့ အိမ်တွေးမိသည်။ ဝတ်ပုံစားပုံမှာလဲ အင်မတန်သပ်ရပ်နေပြီး အသိုင်းအဝိုင်းကြီးကြီး သူပြောနေတဲ့သခင်ဆိုတဲ့လူကလဲ အကောင်ကြီးကြီးဖြစ်ဖို့များတယ်လို့လဲ အိမ်တွေးမိလိုက်သည်။

လက်ထဲက paid ထိုးပြီးသားဆေးစာရင်းကိုကြည့်ပြီး အံ့အားသင့်မိသည်။ ဆေးဖိုးဟာ သိန်းဂဏာန်းကျော်နေသည်ကိုး။

"ကျေးဇူးတင်ပါတယ်။ အခုလိုပြန်လိုက်ပို့ပေးတဲ့အတွက်ရော် ဆေးဖိုးတွေပါရှင်းပေးတဲ့အတွက်ပါ။ ပြီးတော့ အကို့ သခင်ဆိုတဲ့လူကြီးကိုလဲ ကျေးဇူးပါလို့ပြောပေးပါနော်"

"မလိုပါဘူး။ မင်းအဆင်ပြေရင် ပြီးတာပါဘဲ။ နောက်တော့ဂရုစိုက်ပေါ့ မတော်လို့ ငါသာအရှိန်မထိန်းနိုင်လိုက်ရင် မင်းတိုက်မိသွားနိုင်တယ်လေ"

"ဟုတ်ပါတယ်....ဒါဆို အိမ်သွားလိုက်ပါအုံးမယ်။ လမ်းကြုံလို့ အခွင့်အခါသင့်ရင် ပြန်ကူညီပါ့မယ်နော်"

ပြောပြီးဆင်းသွားသော မိန်းကလေးရဲ့စကားကို သူရရယ်ချင်မိသွားသည်။ ဘာတဲ့...လမ်းကြုံရင်ပြန်ကူညီပါ့မယ်တဲ့လား။ ဦးလင်းရောင်လိုလူမျိုးမှာ အခက်အခဲဆိုတာရှိပါ့မလား..? သေချာပေါက် ကူညီချင်ရင် တစ်ခုထည်းသာရှိသည်။ အဲ့တာက သခင့်ရဲ့...

"သား"

"အဲ့လိုမကောက်နဲ့ကွာ Daddyမနေတက်ဘူး"

မျက်စောင်းလေးပစ်ကာ မျက်နှာကိုတစ်ဖက်သို့လှည့်ထားလိုက်သည်။ လက်သေးသေးလေးတွေကလဲ အငြိမ်‌မနေဘဲ အကြောင်းအရင်းမဲ့ ဆော့နေလျက်။ သားစိတ်ကောက်နေတာသိပေမဲ့ ဖြေစရာအဖြေမရှိသည့် အဖြစ်က သိပ်ဆိုးလှသည်။

"Daddyတောင်းပန်တယ်ကွာ။ နောက်ဆို Daddyစောပြန်လာမယ်လေ။ အခုက Daddyတစ်ကယ်အလုပ်တွေမပျက်သေးလို့နောက်ကျသွားတာ"

မျက်လုံးဝိုင်းဝိုင်းလေးတွေက မော့မကြည့်လာဘဲ သူ့ရဲ့ဖြေရှင်းသံတွေကို မလိုစွာဆန္ဒပြနေပုံ။

"သားသားကို မချစ်တော့ဝူးလား ဒယ်ဒယ်"

"မေးစရာလိုသေးလို့လား သားရယ်။ Daddy မင်းကိုဘယ်လောက်ချစ်လဲ သားအသိဆုံးပါ"

"ဒါဆိုဘာလို့ နေ့လည်က ဘာလို့ သားသားတစ်ယောက်ထဲမန်မန်စားခိုင်းလဲ။ ပြီးတော့ ဘွားဘွားတင့်ခွံ့တာ သားသားမှမစားချင်တာ"

"ဒီတစ်ခါဘဲ ဒီတစ်ခါဘဲလို့ Daddy ကတိပေးတယ်။ ဟုတ်ပြီလား။ လာပါသားရယ် Daddy ဗိုက်ဆာနေပြီ။ Daddyကိုမသနားဘူးလား။ Daddy နေ့လည်ထဲက ထမင်းမစားရသေးတာ အခုညနေတောင်ရောက်ပြီ"

"အာ့ဆို....သွားစားလေ"

"သားနဲ့အတူတူစားချင်တယ်လေ"

"သားသားမှ မဆာသေးဘဲ"

"သားမစားရင် Daddyလဲမစားဘူး။ အစာခံပြီးဘဲနေတော့မယ်"

ဘယ်လောက်ပြောပြော အနားမှာရစ်သီရစ်သီနဲ့ နေနေတဲ့ ဒယ်ဒယ့်ကို ရှင်းသန့်ကြည့်မရတော့တာမို့ အကြာကြီးစိတ်မကောက်နေတော့ဘဲ သူမှမလိုက်ရင် ဒယ်ဒယ်ထမင်းစားတော့မှာမဟုတ်တာ သိတာကြောင့် စိတ်‌ဆိုးပြေပေးလိုက်ရကာ အောက်ထက်သို့ သားဖ နှစ်ယောက်ဆင်းလာခဲ့သည်။

ဟင်းလျာတွေဟာ စားပွဲပေါ်၌ ပြည့်နှက်နေလျက်။ စားပွဲရဲ့ထိပ်ဆုံးမှာတော့ ဦးထင်ကျော်တည်ရှိနေပြီး ဒေါသိမ်"ရီကိုလဲ သူ့ရဲ့ဝဲဘက်မှာထိုင်စေကာ အိမ့်က မိဘနှစ်ပါးထမင်းသုံးဆောင်ဖို့အတွက် ပြင်ဆင်ပေးနေလျက်။

"အေးချို နင့်မမလေးမဆင်းလာသေးဘူး။ သွားခေါ်ချေ"

"ဟိုလေ သခင်ကြီး မမလေးကမစားတော့ဘူးလို့ပြောပါတယ်"

"ငါသွားခေါ်ဆိုခေါ်လိုက်။ ခွန်းတုန့်ပြန်မနေနဲ့ သွား။ သွားခေါ် ငါခေါ်ခိုင်းလိုက်တာလို့ပြောလိုက် မလာရင် ကိုယ်တိုင်လာခေါ်မှာလို့ပါပြောခဲ့"

"ဟုတ် ဟုတ် သခင်ကြီး"

အေးချိုပြင်စရာရှိတာပြင်ဆင်ပေးခဲ့ပေးခဲ့ပြီး သခင်ကြီးခိုင်းတဲ့အတိုင်း မမလေးကိုခေါ်ဖို့အိမ်အပေါ်ထက်သို့ ခြေတုန်လက်တုန်ဖြင့် တက်လာခဲ့သည်။ မမလေးက သူ့စကားကို နှစ်ခါသုံးရရင် သိပ်ဒေါသထွက်တာ။

"ဒေါက် ဒေါက် ဒေါက်"

"မမလေးရှင့် မမလေးကို သခင်ကြီးက ထမင်းစားဖို့ခေါ်ခိုင်းလိုက်ပါတယ်။ မမလေးမဆင်းလာရင် ကိုယ်တိုင်လာခေါ်မှာလို့လဲပြောလိုက်ပါတယ်ရှင့်"

"တောက်စ် မစားချင်ပါဘူးဆိုနေ အဲ့ထမင်းကို"

"သခင်ကြီးက..

"နင်သွားတော့ ဆင်းခဲ့မယ်ငါ"

လေသံတင်းမာနေတာကြောင့် အေးချိုလဲ ဆင်းခဲ့မယ်ပြောနေပြီမို့ဆက်ပြီးစကားမထွက်ရဲတော့ဘဲ အပေါ်ထက်မှ ဆင်းလာခဲ့လိုက်သည်။ မကြာလိုက်ပါ မွေ့လေရီ ဒေါပွနေသော မျက်နှာလေးဖြင့် အလိုမကျစွာလက်ပိုက်ရင်း ဆင်းလာခဲ့သည်။

"ဖေဖေသမီးမဆာဘူး"

"ထိုင်သမီး။ မဆာလဲထိုင် သမီး။ အဖေပြောစရာလေးလဲရှိတယ်"

ပြောစရာရှိတယ်ဆိုလို့ မွေ့စကားထက်မပြောတော့ဘဲ ဦးထင်ကျော်ရဲ့လက်ယာဘက်မှာ ဝင်ထိုင်လိုက်သည်။

"ဖေဖေပြောချင်တာက သမီးတို့နှစ်ယောက်ကိုဘဲ။ အခုစာမေးပွဲပြီးရင် ငါ့သမီးတို့က တတိယနှစ်ပြီးသွားကြပြီး။ နောက်တစ်နှစ်နေရင်ဘဲ ဘွဲ့ရကြတော့မှာဆိုတော့ ငါ့သမီးတို့ကိုအဖေက အဖေ့ companyမှာ အလုပ်ဝင်စေချင်တယ်။ လုပ်ငန်းသဘောတရားတွေကို နားလည်ထားအောင် အလုပ်သင်အနေနဲ့ဝင်‌လုပ်စေချင်တယ်"

"သမီးလက်မခံဘူး ဖေဖေ။ ပြီးတော့ သမီးဒီမှာလဲမနေချင်တော့ဘူး။ အစက ဖေဖေနဲ့မခွဲနိုင်လို့ Parisသွားဖို့အစီအစဉ် cancelခဲ့ပေမဲ့ အခုသွားအဲ့ကိုသွားချင်တယ်"

"သမီး ဟိုမှာကျောင်းဆက်တက်ဖို့လား"

"ဟုတ်ပါတယ် ဖေဖေ။ သမီးအဲ့မှာဘဲ ဘွဲ့လွန်တက်ပြီးအဲ့မှာဘဲ အခြေချချင်တယ်"

"သမီး! "

"ဖေဖေအဲ့လိုဘဲသိထားပေးပါ"

"ကျောင်းတက်ဖို့ကိုဖေဖေသ‌ဘောတူပေမဲ့ အခြေချဖို့ကို အဖေလက်မခံဘူး"

"ပြီးတော့သမီးကြီးသဘောကိုလဲ ဖေဖေသိချင်တယ်။ သမီးငယ်လိုဘဲ နိုင်ငံခြားမှာကျောင်းဆက်တက်ချင်လား ဒီမှာဘဲဖေဖေတို့နဲ့အတူနေမလား"

"အိမ့်က မေမေနဲ့မခွဲနိုင်ဘူး"

"ဒါဆို သမီးကြီးက ကျောင်းပြီးရင် ဖေဖေ့ companyမှာအလုပ်ဝင် ဖို့ ပြင်ဆင်ထားပါ။ သမီးငယ်ကတော့ ဘွဲ့လွန်တက်ပြီးရင် ပြန်လာရမယ်။ ပြီးရင် ညီမနှစ်ယောက်လုံး ဖေဖေ့လုပ်ငန်းတွေကို ဦးစီးစေချင်တယ်"

"ဖေဖေအနားယူချင်ပြီ"

"အဟက် ဟက် ဟက် ဖေဖေ့အလုပ်တွေ ဖေဖေ့ပိုင်ဆိုင်မှုတွေကို ဦးစီးပေးမဲ့လူမရှိမှာကိုမပူပါနဲ့။ ဖေဖေကအပြောတောင်နောက်ကျနေသေးတာ တစ်ချို့က အလုပ်နဲ့သက်သေပြတာလေ"

"သမီး! ဘာကိုပြောချင်နေတာလဲ"

"အဟွန်း.....သမီးက ဖေဖေ့စည်းစိမ်တွေမမက်မောဘူး သမီးမက်မောတာ ဖေဖေ့ကိုဘဲ။ ပြီးတော့သမီးက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ချင်တဲ့လူတစ်ယောက်။ ဒီတော့ ဒီပိုင်ဆိုင်မှုတွေမှာ နစ်မြောမနေချင်လို့ ကြိုးစားမှာ တစ်ချို့တွေလိုမဟုတ်ဘူး ဖေဖေ"

"အိမ့်လဲ ဦးလေးအရိပ်မှာအလုပ်မလုပ်ပါဘူး အိမ့်တခြားအလုပ်တစ်ခုမှာဘဲ အလုပ်လုပ်ပါရစေ ဦးလေး"

"ဟန်ဆောင်ကောင်းမနေပါနဲ့ အိမ့်လေရီရယ် နင်ဘာလိုအပ်နေလဲ ဘာလိုချင်နေလဲ ငါအသိဆုံးမိ ဟန်ဆောင်မကောင်းနဲ့"

"တော်ပြီ! ဖေဖေသမီးတို့ကို အခုလိုစကားအချေအတင်ပြောဖို့ ခွင့်ပြုထားတာမဟုတ်ဘူး"

"သမီးငယ် သမီးလဲ ဘေးမှာလူကြီးတွေရှိတာသတိရပါ။ သမီးကြီးလဲ သမီးကြီးသဘောကို ဖေဖေမပိတ်ပင်တဲ့အတွက် ကြိုက်တဲ့အလုပ်ပါ ဒါပေမဲ့ ဖေဖေတို့ကိုတိုင်ပင်ရမယ်"

ထိုသို့ပြောပြီးသည်နှင့် ဦးထင်ကျော်ထမင်းစားဝိုင်းမှ ထသွား၍ မွေ့လေရီလဲ ထိုသားအမိကို မကြည်သလိုကြည့်ကာ ဝိုင်းမှ ထလာခဲ့သည်။ သေချာတာတစ်ခုက ဒီသားအမိကို ကြာကြာကြည့်နေမိရင် အလိုလိုဒေါသထွက်လာမိမှာ အမှန်ပင်။

အချိန်အားဖြင့် 10:00PM လောက်ရှိပြီမို့ တစ်အိမ်လုံး တိတ်ဆိတ်နေကာ ပတ်ဝန်းကျင်မှာ အပ်ကျသံပင်မကြားရ။ ဘာအစားမှမစားဘဲ အိပ်ယာဝင်ထားတာမို့ မွေ့တရေးလဲနိုးရော်အာခေါင်က ခြောက်ကပ်လာသလိုခံစားရသည်။ ပုံမှန်ဆို ဒီအချိန်မအိပ်တက်ပေမဲ့ ‌စောစောကစိတ်ဆိုးပြီး ထမင်းမစားခဲ့တဲ့အပြင် ရေပါမသောက်ခဲ့ဘဲ အပေါ်ထက်တက်လာပြီး တန်းဝင်အိပ်လိုက်တာဖြစ်၏။ ရေသောက်ချင်လာတာနဲ့ အိပ်ယာမှ ထကာ ‌အိမ်အောက်ထက်သို့ ဆင်းလာလေသည်။

"ဒုန်း အား"

ရေသောက်ပြီး ရေခဲရေဘူးလေးကိုယူလာကာ အိမ်အပေါ်ထက်သို့ ပြန်တက်လာစဉ် အခန်းထဲမဝင်ခင်မှာဘဲ လူတစ်ယောက်လိမ့်ကျတဲ့အသံလဲကြားလိုက်သလို အမျိုးသမီးကြီးတစ်ဦးရဲ့ စူးစူးရှရှအော်သံဟာ တစ်အိမ်လုံးပဲ့တင်သံထက်သွား၏။

မွေ့မျက်ဝန်းလေး ပြူးသွားရပြီး လှေကားထိပ်မှာဘဲရပ်လျက်လေးကြောင်နေစဉ် တစ်အိမ်လုံးရဲ့မီးကိုအေးချိုက ဖွင့်လိုက်သည့်အချိန် လှေကားရဲ့အောက်ဆုံးကြမ်းပြင်မှာ သွေးအိုင်ထဲလဲကျနေသော အမျိုးသမီးကြီးတစ်ဦး။

"မေမေ့"

အမေဖြစ်သူကိုကြည့်လိုက် မွေ့လေရီကို မယုံကြည်နိုင်သောမျက်လုံးတွေဖြင့်လိုက်ဖြင့်။

အောက်သို့အမြန်ပြေးဆင်းသွားပြီး သွေးတွေလွန်စွာထွက်နေကာ အသက်မဲ့နေပြီဖြစ်တဲ့ အမေ့ခန္ဓာကိုယ်လေးကို လှုပ်ယူ၍ သူမမျက်ရည်တွေဝဲနေခဲ့ပြီ။

"အိမ့်မေမေကို နင်သတ်တာ"

"မဟုတ်ဘူး"

မွေ့လေရီခေါင်းကိုသွင်သွင်ခါအောင် ရမ်းရင်း အိမ့်လေရီကတော့ မွေ့ကိုမျက်တောင့်နီကြီးဖြင့်ကြည့်ကာ သူမမျက်ဝန်းတွေနဲ့ ဒေါသတွေက အင်မတန်ကြောက်စရာ။ မွေ့ကိုယ်လေး နောက်ကိုတောင် အနည်းငယ် တွန့်ဆုတ်မိသွားသည်။ အဖြစ်အပျက်တွေကလဲမြန်ဆန်လွန်းသလို ဘယ်လိုကနေဘယ်လို.....

"အဲ့လောက်တောင် နင်မုန်းနေခဲ့တာလား။ ငါဘာတွေများ လုပ်မိခဲ့လို့အဲ့လောက်တောင် အဲ့လောက်တောင်"

"နင်ငါ့အမေကိုသတ်တယ်"

"ဟင့်အင်း။ ဟင့်အင်း မဟုတ်ဘူး။ အန်တီဖြစ်တာငါ့ကြောင့်မဟုတ်ဘူး။ ငါမသိဘူး"

PART : 5 Coming soon......

Date: Friday 22/12/23 7:40PM


You are reading the story above: TeenFic.Net