(( 16 ))
Background color
Font
Font size
Line height
Unicode
"တောက်! ဟာကွာ!!"
'ဒုန်း'
လက်ထဲကဖုန်းကို စိတ်တိုတိုနဲ့ပစ်ပေါက်လိုက်မိတော့ dance practice roomထဲကမှန်တွေကိုသွားထိကာမှန်တွေကွဲကုန်သည်။
သူစိတ်တွေလုံးဝထိန်းချုပ်လို့မရတော့။ Because of Jeon Taehyungအတွက်ရိုက်ကူးရေးကဒီနေ့နောက်ဆုံး။ ဆယ်နာရီလောက်မှရှုတင်သွားရမည်မလို့ ကုမ္ပဏီကိုမနက်အစောကတည်းကအကလာပြီးလေ့ကျင့်နေခြင်းပင်။
အကလေ့ကျင့်နေတုန်း ဖုန်းကNotificationsသံတွေ ရုတ်တရက်ကြီးတောက်လျှောက်တက်လာသည်မလို့ ဖုန်းယူကာကြည့်မိတော့မှအမောစို့သွားရသည်။
'Kim Taehyungနဲ့Lee Jiwonတို့ရဲ့Datingကို နှစ်ဦးစလုံးရဲ့အေဂျင်စီတွေကconfirmပေး..............
............ မင်းသားနဲ့မင်းသမီးတို့ဟာ (......)ဒရာမာရိုက်ကူးရင်း ချစ်ကျွမ်းဝင်ခဲ့ကြကြောင်းပြောကြားခဲ့...'
ဘာတွေလဲ??? ဘာလို့လဲ?? မဟုတ်ဘူးလေ။ Mediaတစ်ခုကနေစတင်လိုက်သည့်သတင်းတစ်ခု။ သတင်းထွက်လာတာပင် မိနစ်ပိုင်းပဲရှိသေးသည်။
သူနဲ့မနေ့ကမှညှိနှိုင်းမယ်လို့ပြောခဲ့တုန်းပဲရှိသေးတာလေ။ အခုသတင်းဘာလဲ?? ဘာလို့အဲ့လောက်အသေအချာကြီးထွက်လာတာလဲ?
Jungkookလက်တွေတုန်လာသည်အထိ ဒေါသထွက်လာရသလိုတစ်ဖက်ကလည်းစိုးရိမ်စိတ်တွေတရှိန်းရှိန်းထိုးတက်လာသည်။
"Jungkook ah!"
ထိုအချိန်practice roomထဲအပြေးဝင်လာသည့်မန်နေဂျာHyungနှင့်Eunwoo။ သူတို့လည်းသတင်းသိပြီး အပြေးရောက်လာခဲ့ကြဟန်တူသည်။ သူ့ကိုစိတ်ပူနေသည့်မျက်ဝန်းတွေဖြင့်ကြာ့်နေကြသည်။
"ဒါဘယ်လိုဖြစ်တာလဲHyung? !! မနေ့ကCEOနဲ့ကျွန်တော်သေချာတိုင်ပင်အုံးမယ်လို့ပြောခဲ့တယ်မလား?! ဒီသတင်းကဘာလဲ တကယ်မဟုတ်ဘူးမလား?"
သွေးပျက်နေသည့်Jungkookမျက်ဝန်းတွေကိုမြင်ပြီး Eunwooတို့မှာဘာပြောပေးရမယ်မှန်းကိုမသိတော့။
အံကိုကြိတ်ကိုကာလက်သီးတွေတင်းတင်းဆုပ်လျက်ပြောနေသည့် Jungkookပုံစံဟာအမှန်ပင်နာကြင်ကြေမွနေသယောင်။
တကယ်မဟုတ်မှန်းသိပေမဲ့ သူTaehyungကိုနာမည်လေးကအစ နည်းနည်းလေးမှအထိခိုက်မခံချင်ဘူး။ Dreamကဘာစောက်ချိုးတွေလာချိုးနေတာလဲ?
"Jungkook ဟေ့ကောင်စိတ်လျှော့ပါကွာ Agencyနှစ်ဖက်လုံးကconfirmedပေးလိုက်ပြီကို တကယ်မဟုတ်ရင်တောင်ငါတို့ဖက်ကဘာမှမတတ်နိုင်တော့ဘူး ...ကျွတ် နောက်ဆုံးနေ့ကြီးမှာကွာ"
Eunwooနဲ့မန်နေဂျာHyungလည်း မျက်နှာတွေမကောင်း။
"တောက်! ဒါဟိုဘိုးတော်လက်ချက်ပဲနေမှာ Tae! Taeကိုဖုန်းဆက်ရမယ် Taeလန့်နေမှာသေချာတယ်"
Jungkookကချက်ချင်းပင် မှန်ကွဲတွေကြားကပစ်ပေါက်ထားသည့်မှန်ကွဲနေပြီဖြစ်သည့် ဖုန်းလေးကိုကမူးရှုးထိုးနှင့် ပြေးကောက်ကာ Taehyungဆီသို့ဖုန်းတွေကောက်ဆက်တော့သည်။
ဖုန်းကတစ်ခါဝင်သွားလဲတော်တော်နှင့်မကိုင်။ နောက်တစ်ခါခေါ်ပြန်တော့လည်း မကိုင်သည့်ဖုန်းလေးကြောင့် Jungkookမှာပိုပြီးပူလောင်လာရသည်။
CEOဆိုတဲ့ဘိုးတော်ရဲ့လုပ်ဇာတ်တွေမှာ ဆွဲထည့်ခံလိုက်ရတဲ့သူ့ရဲ့အစ်ကိုပေါက်စလေး။ မနက်စောစောစီးစီး သတင်းတွေပွက်လောရိုက်သွားတော့ လန့်နေတော့မှာပဲ။ အခုဆို Taeကွန်ဒိုမှာရောကုမ္ပဏီမှာရောသတင်းထောက်တွေဝိုင်းနေလောက်ပြီ။ အဆင်မှပြေရဲ့လားTae..
'တူ တူ တူ'
"မကိုင်ဘူးလား??"
Eunwooကမေးတော့ သူ့မှာခေါင်းသာငြိမ့်ပြနိုင်သည်။ Eunwooတို့ကလည်းဘေးကနေ အခြေအနေစောင့်ကြည့်နေကြသည်။
'တီ'
ထိုစဉ် ငါးကြိမ်မြောက်ဖုန်းcallလေးတွင်တစ်ဖက်ကကိုင်လိုက်သည့် ဖုန်းလေး... သူမှာတစ်ဖက်ကTaeအဖြေကိုပင်မစောင့်နိုင်တော့။ စိတ်တွေအရမ်းပူနေပြီဖြစ်သည်။
"ဟယ်လို Tae! အဆင်ပြေရဲ့လား? သတင်းတွေတွေ့ပြီးပြီမလား? စိတ်မပူနဲ့နော် အဲ့တာက.."
"တောင်းပန်ပါတယ်Jungkook"
သူ့စကားတွေကိုဖြတ်ပြောလိုက်သည့် Tae။ သူ့မှာရုတ်တရက် စကားပြတ်သွားကာကြောင်သွားရသည်။
"တောင်းပန်ပါတယ်Jungkook အတူတူသရုပ်တွဲဆောင်တဲ့ အလုပ်ပါတနာအနေနဲ့ကြိုမပြောမိခဲ့လို့ ငါ့ကြောင့်seriesကိုထိခိုက်သွားမိရင်တောင်းပန်ပါတယ်"
တိုးလျစွာထွက်လာသည့် အသံငယ်လေးကိုသူ့မှာမနည်းအားစိုက်ကာနားထောင်နေရသည်။ Taeဘာတွေပြောနေတာလဲ? Taeကဘာကိုတောင်းပန်နေတာလဲ မဟုတ်ဘူး ဘာလို့တောင်းပန်နေတာလဲ?
"Tae..ဘာတွေပြော.."
'တီ'
ကျသွားပြီဖြစ်တဲ့ ဖုန်းလေးကိုသာငူငူကြည့်စိုက်ရင်းဦးနှောက်ထဲဗလာဖြစ်နေသည့်Jungkook။ အခုထက်ထိ ဘာတွေဖြစ်နေတယ်ဆိုတာသူသေချာမရေလည်သေးဘူး။ မောဟိုက်နေသည့်ရင်ဘတ်ထဲမှာ နှလုံးသားတစ်ခုလုံးတင်းကြပ်နေတာကြောင့် အသက်ရှုပင်မဝချင်တော့။
-
-
-
-
-
-
Jungkookတို့ကုမ္ပဏီကCEOလည်း Social mediaပေါ်မှာဂယက်ထနေသည့်သတင်းတွေကြည့်ပြီး တောက်တခေါက်ခေါက်နှင့်သာ။
DreamကCEOဆိုသည့်လူဟာ ဘယ်လိုတောင်စည်းမရှိသည့် လူမျိုးလဲ? သူတို့ဖက်ကအဆင်ပြေအောင်စီစဉ်ပေးပါမယ်လို့ကတိအထပ်ထပ်နဲ့အောက်ကျို့ပြီး ပြောခဲ့ရတာတစ်ရက်တောင်မရှိသေး။
သူ့Agencyကartistမလို့ကိစ္စမရှိပေမဲ့ ထိုartistကသူ့company productionကထုတ်လွှင့်တဲ့seriesကactor။ လုပ်ငန်းရှင်နှစ်ဖက်အပြန်အလှန်အလုပ်ပေါ် လေးစားမှုမရှိသည့်ပရမ်းပတာCEO။
Twitterတွေထိပါtrendingဖြစ်နေသည့် ထိုသတင်းသည် fanတွေကြားထဲအတေယ်ဂယက်ထသွားလေသည်။
မကျေနပ်သည့်သူတွေရောကျေနပ်ကြသည့် သူတွေရော အလွန်အကြူးဝေဖန်ချက်တွေရော တောက်လျှောက်တက်နေသည့်fanတွေရဲ့တုံ့ပြန်မှုတွေ။
သူတို့နှစ်ယောကိုချစ်တဲ့ Because of Jeon Taehyung series fanတွေမှာလည်းအပြိုပြိုအလဲလဲ။ Taehyungနဲ့Jiwonရဲ့datingကိုလက်ခံပေးကြသူတွေရော လက်မခံပေးကြသူတွေရော မုန်းတီးကြသူတွေ တစ်ဖက်မင်းသမီးရဲ့ပရိတ်သတ်တွေ Jungkookရဲ့ပရိတ်သတ်တွေ မကျေမနပ်တွေဖြစ်ကာ ဆိုးဆိုးဝါးဝါးတွေအချင်းချင်းပြောဆိုတုံ့ပြန်နေကြလေပြီ။
-Taehyungနဲ့Jiwonကလိုက်ဖက်ကြပါတယ် ငါသဘောတူတယ် ဒါကTaehyung oppaရဲ့ရွေးချယ်မှုပဲ သူငယ်ချင်းတို့oppaကိုချစ်ရင်ငါတို့သူ့ရွေးချယ်မှုကို လက်ခံပေးကြရမယ်-
-ငါတို့Jungkook oppaကိုသနားလွန်းလို့ ဘယ်လိုလုပ်ရမလဲ ငါလက်မခံနိုင်ဘူး-
-Lee Jiwonကသေသင့်တယ် ဘာလို့ငါတို့Oppaကိုလာနှောက်ယှက်ရတာလဲ-
-ငါတို့အတွက် Taekookဆိုတာမရှိတော့ဘူးပဲ ငါBecause of Jeon Taehyungကိုဆက်ကြည့်နိုင်ပါအုံးမလား-
-ငါတို့Jiwon Unnieကိုမထိခိုက်နဲ့ သူတို့ကလိုက်ဖက်တဲ့အတွဲပဲ နင်တို့ကမှမဖြစ်နိုင်တဲ့ဇာတ်ကားတစ်ခုကိုစိတ်ကူးယဉ်နေကြတာပဲ ဟားဟားဟား ငါသဘောတူတယ်-
-အစကတည်းကငါတို့Jungkookieကို ဒီဇာတ်လမ်းမရိုက်စေချင်တာ အခုတော့ငါတို့ကလေးလေးပဲနာကြင်နေရပြီ Because of Jeon Taehyung seriesကိုမပြပါနဲ့တော့ Taehyungကိုငါတို့ဆက်မကြည့်နိုင်တော့ဘူး-
-Taekookကသာငါ့ယုံကြည်ရာဖြစ်တာမလို့ Oppaတို့နှစ်ယေယက်အဆင်ပြေနေရင်ငါကျေနပ်ပါပြီ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်Oppaတို့နှစ်ယောက်တူတူရှိနေတဲ့ဖြသ်တည်မှုလေးကိုပဲ ချစ်တာမလို့ငါအကုန်နားလည်ပေးပါ့မယ်-
​တောက်လျှောက်တက်လာသည့် Fanတွေရဲ့တုန့်ပြန်မှုတွေကို သူဆက်မကြည့်နိုင်တော့။မန်နေဂျာ
Hyungကပင် အလိုက်သတိနှင့်သူ့လက်ထဲကဖုန်းကိုယူကာ အိတ်ကပ်ထဲထည့်သိမ်းပစ်လိုက်သည်။
"ခဏနားလိုက်အုံးJungkook ah...မနက်ကလည်းအစောကြီးထလေ့ကျင့်ထားရတာမလား ခဏအိပ်လိုက်ရောက်ရင်Hyungနှိုးလိုက်မယ်"
ကားကူရှင်ခေါင်းအမှီပေါ်သို့ ခေါင်းမှီချလိုက်ကာမျက်လုံးတွေကိုပါမှိတ်ထားသည့်Jungkook။ ပကတိငြိမ်သက်နေကာ ဘာစကားမှမပြောတော့တာမနက်ကTaehyungနှင့်ဖုန်းပြောပြီးကတည်းကပင်။
အခုလည်းရှုတင်သွားသည့်လမ်းမှာဖြစ်သည်။ ရှုတင်ရောက်လျှင်လည်း ဘယ်လိုအခြေအနေတွေနဲ့ကြုံရအုံးမလဲမသိ။
မနက်ကTaehyung သတင်းတွေထွက်ပြီးCEOနှင့် ဖုန်းပြောပြီးကတည်းကသူရောJungkookရောဖုန်းတွေပိတ်ထားရသည်။
ဒါရိုက်တာSeokjinတို့ Jungkookသူငယ်ချင်းတွေဖုန်းဆက်မေးသည်ကိုမဖြေနိုင်တော့။ Seokjinဆိုလည်းသူ့ညီကို အတော်လေးစိတ်ပူနေဟန်ပင်။
​အနုပညာရှင်တွေရဲ့ဘဝတွေများ မလွယ်လိုက်တာ။ သူတို့ရဲ့ဘဝအတွက် သူတို့ကိုယ်တိုင်တောင်ဆူုံဖြတ်ခွင့်မရှိကြတော့တဲ့သူတွေ။ တကယ်တော့သနားစရာကလေးတွေ။
-
-
-
-
-
"Jungkook ah ရောက်ပြီလား?"
ရှုတင်နေရာသို့ Jungkookရောက်တော့ဒါရိုက်တာSeokjinကအပြေးရောက်လာက အကဲခတ်သည်။
"Taeရော hyung? Taeရောက်ပြီလား?"
"ဟင့်အင်း မရောက်သေးဘူး... ဒါနဲ့ မင်း အဆင်ပြေရဲ့လား?"
Seokjinရဲ့အမေးကို Jungkookမဖြေ။ တုန်လှုပ်နေတဲ့Jungkook မျက်ဝန်းတွေကို သတိထားမိပေမဲ့ Jungkookကတည်ငြိမ်ဟန်ဆောင်နေသည်။
ရိုက်ကူးရေးstaffတွေမှာလည်း Jungkookတို့ကိုကြည့်ကာတိုးတိုး တိုးတိုးနှင့်အကုန်သူအလုပ်သူလုပ်နေကြသည်။ အမှန်ဆိုဒီနေ့လိုရိုက်ကူးရေး နောက်ဆုံးနေ့မှာအကုန်ပျော်ရွှင်နေကြရမည်ကို အခုတော့ အခြေအနေတွေကကွဲလွဲစွာ။
"ကျစ် ... အဲ့CEOဆိုတဲ့လူကို ငါတို့မယုံလိုက်သင့်ဘူး သူလုပ်ချင်တာလုပ်မယ်ဆိုလဲဘာလို့ငါတို့ကိုခေါ်ပြောနေသေးလဲ ကျစ် Taehyungလေးသနားပါတယ် သူလဲကြားထဲကနေ.."
"အော Taeလုံးလေးရောက်လာပြီ"
မိတ်ကပ်staffတစ်ယောက်ရဲ့ အော်သံအဆုံးသူတို့အကြည့်တွေအားလုံးTaehyungဆီသို့စုပြုံရောက်သွားကြသည်။
​Oversized Hoodieအဖြူလေးဝတ်ကာ သူတို့အနားသို့ရောက်လာသည့်Tae။ သူ့မှာပူလောင်နေသည့်ကြားထဲကပင် ထိုအဖြူရောင်နှင်းလုံးကလေးတော့မြင်လိုက်တော့ ခဏတာအေးချမ်းသွားရသေးသည်။
"မင်္ဂလာပါဒါရိုက်တာကြီး နောက်ကျသွားလို့တောင်းပန်ပါတယ်"
"မဟုတ်တာTaehyung siiရဲ့နောက်မကျသေးပါဘူး ဒါနဲ့Taehyung siiအဆင်ပြေရဲ့လား?"
ဒါရိုက်တာSeokjinမေးတော့ မျက်နှာနွမ်းနွမ်းကလေးက မပီမပြင်သောအပြုံးတို့ကိုဖော်ဆောင်လာသည်။
"Nae ကျွန်တော်ကအဆင်ပြေပါတယ် ဒါရိုက်တာကြီတို့ကိုသာအားနာနေရတာ ကျွန်တော့်ကြောင့်အကုန်စိတ်အနှောင်အယှက်တွေဖြစ်သွားကြရပြီ "
တုန်ရီနေသည့်Taehyung အသံကို ကျန်တဲ့သူတွေသတိပြုမိချင်မှပြုမိမယ် Taehyungကိုတချိန်လုံးမျက်တောင်မခတ်စတမ်းအကဲခတ်နေသည့် Jungkookကတော့မသိစရာအကြောင်းမရှိ။
အခုချိန်ထိသူ့ဖက်လှည့်မလာသေးသည့်အစ်ကိုပေါက်စ။
"Taeတောင်းပန်စရာမလိုပါဘူး ဒီကိစ္စကTaeနဲ့မှမဆိုင်ပဲ ကုမ္ပဏီကဖန်တီးတဲ့ကိစ္စပဲကို Taeကဘာလို့တောင်းပန်နေတာလဲ?"
သူ့ဖက်ကိုလှည့်မလာသည့်အစ်ကိုပေါက်စကို သူကပဲစကားစကာမေးလိုက်တော့ တုန်လှုပ်သွားသည့်မျက်လုံးလေးတွေက တခြားသူတွေကြားမည်စိုးသည့်ပုံဖြင့် ပတ်ဝန်းကျင်ကိုလှည့်ပတ်ကာကြည့်လိုက်သေးသည်။
"ဘာတွေပြောနေတာလဲမသိပေမဲ့ ငါနဲ့Jiwon siiနဲ့တွဲနေတာတကယ်ပါJungkook... Becauseof Jeon Taehyungမရိုက်ခင်ကတည်းကတွဲနေကြတာမလို့ အသိမပေးခဲ့တာအားလုံးကိုတောင်းပန်ပါတယ် "
Taehyungစကားအဆုံး အကုန်အံ့ဩကုန်သည့်မျက်နှာတွေ။
Taehyungလက်ကိုဆွဲကာ လူရှင်းသည့်နားနေခန်းထဲသို့ဆွဲခေါ်လာသည့်Jungkook။
သူခေါ်လာသည့်နောက် လိုက်ပါလာသည့်Taehyungသည် သူ့ကိုမျက်နှာချင်းမဆိုင်။ သူ့မျက်လုံးတွေကိုဆုံအောင်မကြည့်။
"Tae ကိုယ့်ကိုကြည့်"
ပုခုံးနှစ်ဖက်ကနေသေချာဆုပ်ကိုင်ကာ တစ်ခွန်းချင်းအေးစက်စွာပြောလိုက်သည့်Jungkookအသံကြောင့်မော့ကြည့်လာသည့်မျက်ဝန်းလေးတွေမှာ အရည်လေးတွေတလဲ့လဲ့။
"ဘာတွေဖြစ်နေတာလဲ ကိုယ့်ကိုပြောပြလေနော် ဒီသတင်းအမှန်မဟုတ်တာကိုယ်သိတယ်... Taeလဲလန့်သွားတယ်မလား ဟုတ်တယ်မလား? သူတို့ကTaeကိုဘာပြောလို့လဲ?"
"ဟင့်အင်း သတင်းကအမှန်ပါဆို ဘာလို့ငါ့ကိုအတင်းလာမေးနေတာလဲJungkook...ငါနဲ့Jiwonနဲ့"
"တော်ပါတော့!! လုံလောက်ပြီမလို့ ..."
သူ့ပုခုံးတွေကိုလွှတ်ပေးကာ မျက်ရည်တွေဝဲနေသည့်Jungkookကိုမြင်တော့ Taehyungပါးပေါ်မျက်
ည်လေးတွေကပေါက်ခနဲ။
"အဟက်"
သူငိုတော့ Jungkookက နာကြင်နေသည့်မျက်ဝန်းတွေဖြင့်တချက်ရယ်ကာ သူ့ပါးပေါ်ကမျက်ရည်လေးတွေကိုသုတ်ပေးလာသည်။
"ဘာလို့ငိုနေတာလဲ? ချစ်သူကောင်မလေးရသွားတော့ ပျော်လို့လား?"
သူမေးလိုက်တော့ မျက်နှာလေးကပြိုတော့မဲ့မိုးလိုဖြစ်သွားသည့်အစ်ကိုပေါက်စ။ လိမ်တာလည်းမတော်ပဲ ကိုယ့်ကိုနာကြင်အောင်လုပ်ရက်တယ် Taeရာ။
"ဒီအတောအတွင်း ကိုယ်နဲ့တူတူရှိခဲ့တဲ့အချိန်တွေက Taeအတွက်ဘာမှမဟုတ်ခဲ့ဘူးလား? ကိုယ့်ကိုနည်းနည်းလေးတောင် စိတ်မဝင်စားခဲ့ဘူးလား?"
"ငါ ...ငါမင်းကိုညီလေးတစ်ယောက်လိုတော့ ချစ် ..ချစ်ပါတယ် .."
အော် ...ညီလေးတစ်ယောက်လို? ဒီတစ်ခါတော့ Taehyungလိမ်နေတာလား အတည်လားJungkookလည်းမသိတော့။
သူ့ဖက်ကပဲစတင်ခဲ့ရတဲ့ခြေလှမ်းတွေ။ သူ့ဖက်ကပဲမျှော်လင့်ခဲ့ရတဲ့ဆက်ဆံရေးတွေ။ သူ့ဖက်ကပဲလုပ်ယူခဲ့ရသည့်အခြေအနေတွေ။ ဘာမှမသေချာမရေရာသည့်အခြေအနေမှာ Taeအပေါ်သူအရမ်းတွေမျှော်လင့်ခဲ့မိနေသည်ထင်သည်။
ဖြူစင်သည့်Tae ရိုးသားသည့်Tae သုများအတွက်အစစအရာရာသဘောကောင်းပြီးအားနာတတ်သည့်Taeဟာ ဘယ်သူနှင့်မဆိုအဆင်ပြေအောင်နေတတ်မည်ကို။ သူကပဲအရမ်းကြီးမျှော်လင့်ချက်တွေကြီးသွားခဲ့မိတာလား?
တကယ်ဆို Kim Taehyungဆိုတဲ့လူသားရဲ့စိတ်ထဲသူ့အတွက် လုပ်ဖော်ကိုင်ဖက်ပါတနာဆိုသည်ကလွဲရင် နေရာတောင်ရှိပါ့မလားဆိုတာသူမသေချာ။
"တကယ်စိတ်ရင်းလား? ကိုယ့်ကိုနည်းနည်းလေးတောင် မချစ်ခဲ့တာ? ကိုယ့်မျက်လုံးကိုကြည့်ပြီးဖြေပေး"
သူပြောတော့ အရောင်ညှို့နေသည့်မျက်လုံးလေးတွေက မရဲတရဲနှင့်သူ့ကိုမော့ကြည့်လာသည်။
"တောင်းပန်ပါတယ်Jungkook မင်းကငါ့အတွက်အမြဲတမ်းပါတနာကောင်းတစ်ယောက် ညီလေးတစ်ယောက်အဖြစ်ရှိနေမှာပါ ငါ ..ငါက Jiwonကိုချစ်တာမလို့"
"အင်း ရပြီ... ကျွန်တော်သိပြီ တောင်းပန်ပါတယ်ဒီအတောအတွင်း ချစ်သူမိန်းကလေးရှိတာမသိပဲကျွန်တော့်ကြောင့်Taehyung siiစိတ်အနှောက်အယှက်တွေဖြစ်ခဲ့မိတာရှိရင် ကျွန်တော်ပဲပြန်တောင်းပန်ပါတယ်"
"Jun..Jungkook"
လှည့်ထွက်သွားသည့်Jungkookနောက်ကို သူပြေးမလိုက်နိုင်။ လွှတ်ချသွားသည့်လက်တစ်စုံလိုက်မဖမ်းဆုပ်နိုင်။ ကျဆင်းလာသည့်မျက်ရည်တစ်စက်ကိုလည်း သူမထိန်းလိုက်နိုင်။
ရင်ဘတ်ထဲနာကြင်နေသည့် နှလုံးသားလေးကိုလစ်လျူရှုလျက် ရှေ့ဆက်ရင်ဆိုင်ရမည့်နေ့ရက်တွေအတွက်သက်ပြင်းတွေသာချမိတော့သည်။
-
-
-
-
-
-
TBC
With Love 💜
||Tae_For_Jeon
Jeon_To_Tae||
A/N : မုန်တိုင်းသေးသေးလေး👀
*အရေးတော်ပုံအောင်ရမည်*
-
-
-
-
Zawgyi
"တောက်! ဟာကွာ!!"
'ဒုန်း'
"Jungkook ah!"
'တူ တူ တူ'
"မကိုင်ဘူးလား??"
'တီ'
"Tae..ဘာတွေပြော.."
'တီ'
-
-
-
-
-
-
-
-
-
-
-
You are reading the story above: TeenFic.Net