(( 15 ))

Background color
Font
Font size
Line height

Unicode

Dream CEOရုံးခန်းတွင်း ထိုင်နေကြသည့်လူသုံးယောက်။ တိတိကျကျပြောရပါလျှင် CEOရယ် Dreamရဲ့ထိပ်တန်းသရုပ်ဆောင်မင်းသားPark Jiminနှင့်သူ့မန်နေဂျာရယ်ပင်။ 

"နောက်နှစ်ကျရင်မင်းနဲ့Dreamနဲ့စာချုပ်ပြီးမှာသိတယ်မလားJimin ?ဘယ်လိုဆက်လုပ်ချင်လဲ ငါတို့ကတော့မင်းလိုထိပ်တန်းမင်းသားတစ်ယောက်ကိုလက်မလွှတ်ချင်ဘူး စာချုပ်ဆက်ချုပ်ဖို့စဉ်းစားစေချင်တယ်"

CEOကပြောတော့ Jiminကမထီမဲ့မြင်ပြုစွာ ဟက်ခနဲရယ်သည်။ သူနာမည်နဲ့ဂုဏ်ကိုပဲ မက်နေတဲ့အလကားCEO။

"ဟင့်အင်း အဲ့ကိစ္စကိုပြောမလို့ခေါ်တာဆိုရင်ကျွန်တော်တို့အစကတည်းကပြောခဲ့ပြီးသားပဲကို"

Jiminကပြောတော့CEOမျက်နှာကမဲခနဲဖြစ်သွားသည်။

"Dating caseအတွက်မကျေနပ်သေးဘူးလားJimin... စာချုပ်အကြောင်းမင်းလဲသိပြီးသားပဲကို ငါ့ဆီကartistတွေနာမည်ကျသွားမဲ့ကိစ္စမျိုး ငါ့ကုမ္ပဏီထိခိုက်မဲ့ကိစ္စမျိုးငါလက်ခံပေးမှာမဟုတ်ဘူး"

"အဲ့တာကလဲCEOအပိုင်းပါ ဒါပေမဲ့ကျွန်တော်Suga hyungနဲ့တွဲနေတာဘယ်သူမှမသိသလို ဘယ်သူမှထိခိုက်စရာအကြောင်းလဲမရှိဘူး ဖြတ်စရာအကြောင်းလဲမရှိဘူး ကျွန်တော်ရဲ့personalအထိတော့ဝင်မစွက်ဖက်ဖို့ကြိုပြောထားပြီးသားပဲကို ပြီးတော့ဒီနှစ်ပြီးရင်Dreamနဲ့ဒီလောက်နဲ့ပဲလက်တွဲဖြုတ်မှာသေချာတာမလို့ကျွန်တော့်ကိုထပ်ပြီးနားမချပါနဲ့တော့"

ပြောပြီးသည်နှင့်အရိုသေတချက်ပေးကာ ထထွက်သွားသည့်Jiminကြောင့်CEOမှာလက်သီးတဆုပ်ဆုပ်နဲ့ကျန်ခဲ့ရသည်။

Jiminနှင့်CEOကြားက ဆက်ဆံရေးကလည်းမပြေလည်။ Jiminက Min Sugaနဲ့တွဲနေတာနှစ်အတော်ပင်ကြာပြီဖြစ်သည်။

Jiminနဲ့Dreamနဲ့စာချုပ်ချုပ်သည့်အခါမှာတော့ CEOကသိသွားပြီးJiminအပေါ်စည်းကမ်းတင်းကြပ်တော့ခြင်းပင်။ သူကုမ္ပဏီကနာမည်ကျော်Artistတစ်ယောက်ကို Gayဆိုပြီးနာမည်ထွက်မှာမျိုးသူလက်မခံချင်။ ဒါကိုပင်ထိုကောင်လေးက အရွဲ့တိုက်ကာသူ့အားကမ်းလှမ်းလာသည့်BL seriesထဲမှာပင်လက်ခံရိုက်ကူးလိုက်သေးသည်။

သူ့ကုမ္ပဏီကartistsတွေနာမည်ဆိုးထွက်လျှင် ကုမ္ပဏီတွက်ကောင်းတာတစ်ခုမှမရှိ။ မတော်Jimin နဲ့Min Sugaအကြောင်းသာမီဒီယာတွေထံ ပေါက်ကြားသွားရင်မလွယ်။ ကုမ္ပဏီကအရင်ထိခိုက်မှာ။

သူတို့ကုမ္ပဏီအတွက် Jiminကြောင့်ရနေသည့်အကျိုးအမြတ်တွေကလည်းမနည်းလှ။ထို့သို့သောကုမ္ပဏီတွက်အကျိုးအမြတ်ရှိသည့်အနုပညာရှင်ကိုလက်မလွှတ်ဖို့နှင့် နာမည်ပျက်မထွက်အောင်ကာကွယ်ဖို့ကကုမ္ပဏီတာဝန်မဟုတ်ပါလား။

ဒါကိုJiminကလက်မခံနိုင်ခြင်းပင်။ ထို့ကြောင့်လွတ်လွတ်လပ်လပ်Datingလုပ်ဖို့အတွက်ကုမ္ပဏီနှင့်ပါလက်တွဲဖြုတ်ဖို့ဆုံးဖြတ်ချက်ကခိုင်မာနေပုံပေါ်သည်။

အခုလည်းJiminပြီးတော့ Kim Taehyungလာပေအုံးမည်။ နာမည်ကြီးအရှိန်နဲ့အောင်မြင်စ အနုပညာရှင်တစ်ယောက်။ အောင်မြင်လာသည်ကလည်းBL seriesနှငိ့ဆိုတော့ သူတော်တော်ထိန်းချုပ်ထားမှရမည်။ ကုမ္ပဏီအတွက် အောင်မြင်ကျော်ကြားနေသည့် artistတစ်ယောက်ကိုလွယ်လွယ်နဲ့scandleမထွက်အောင်လုပ်ရမှာ သူ့တာဝန်ပင်။

သူ့ကိုဘယ်လိုပင်ကောင်းသည်ဆိုးသည် ဝေဖန်ကြပါစေ ကုမ္ပဏီအကျိုးအမြတ်ရမည့်ကိစ္စအတွက်ကလွဲလို့ သူဘာမှဂရုစိုက်မည်မဟုတ်။

-
-
-
-
-
-

"Taehyung ah ... Taehyung... Taehyungie!"

ကားရှေ့ခန်းကနေ Hoseokလှမ်းခေါ်နေတာတော်တော်ကြာနေပြီ။ အာရုံလွင့်နေသည့်Taehyungဟာ ဇာတ်ညွန်းစာရွက်ကြီကိုင်ပြီး စိတ်နှင့်လူနှင့်မကပ်။ သူအော်လိုက်တော့မှပဲ သတိဝင်တော့သည်။

"ဟင် ... Nae Hoseok hyungဘာပြောလိုက်တာလဲဟင်?"

"ဟော ဘာတွေအာရုံလွင့်နေတာတုန်း? ဟိုတစ်နေ့ကCEOနဲ့သွားတွေ့တာအဆင်ပြေခဲ့လား?ဘာပြောသေးလဲလို့?"

"အဟီး ဘာမှထွေထွေးထူးထူးမဟုတ်ပါဘူးHyung Seriesအသစ်ရိုက်ဖို့နဲ့ကြော်ငြာတွေလက်ခံထားဖို့ခေါ်ပြောတာ"

သူမေးလိုက်တော့မှ ဟီးခနဲရယ်ပြကာမျက်နှာချိုပြန်လာသွေးနေသည်။ ဒီကောင်လေးကတော့ ဟိုကပြန်လာပြီးကတည်းကမူမမှန်။ ခရီးမှာJungkookနဲ့ပြဿာနာတွေဘာတွေများဖြစ်ခဲ့လို့များလား?

Taehyungမှာလည်းမလုံမလည်လေးနဲ့ ဖြေသာဖြေလိုက်ရတာ။ အခုရိုက်ကွင်းရောက်ရင်Jungkookနဲ့ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲမသိတော့။

Jungkookနဲ့သူ့ရဲ့ဆက်ဆံရေးက ဘာအခြေအနေလဲဆိုတာလဲသူမသိ။ ထိုနေ့ကအကြောင်းပြန်တွေးမိရုံနဲ့တင် မျက်နှာတစ်ခုလုံးနွေးနွေးလေးဖြစ်လာရသည်။

Seriesထဲမှာမဟုတ်ပဲ Jungkookနဲ့အပြင်မှာတကယ်အကြင်နာပေးခဲ့မိသည်တဲ့။ ထိုနေ့ကအကြင်နာပေးပြီးတော့ သူရှက်နေတာနဲ့ နှစ်ယောက်သားဘာမှဆက်မပြောဖြစ်ကြတော့။ Jungkookကလည်းထိုကိစ္စကိုစကားပြန်မစတော့သလို သူလည်းမသိချင်ယောင်ဆောင်နေမိခဲ့သည်။

ခရီးကပြန်ရောက်ပြီးကတည်းသီးသန့်sceneတွေရိုက်ကူးနေကြတာနဲ့မတွေ့ဖြစ်ကြသေး။ ခဏနေတွေ့ရင်ရော ဘယ်လိုနေရမလဲ???

တွေးလေရှက်လေ မနေတတ်လေရင်ခုန်လေဖြစ်တာကြောင့်လက်ထဲကဇာတ်ညွှန်းစာရွက်တွေကိုပါဆုပ်ချေမိသည်အထိပင်။ မျက်နှာလေးကလဲအပြုံးလေးတွေဖြင့် ဝေဆာနေသည့်Taehyungကိုကြည့်ပြီး Hoseokမှာခေါင်းတခါခါ။

"ငါတို့Taehyungieလေးဒီနေ့ အရမ်းတွေပျော်နေတယ်ထင်တယ် moodပြန်သွင်းထားအုံးနော်ဒီနေ့အငိုခန်းတွေများတယ်မလား?"

ကားရှေ့ခန်းထဲမှ Hoseok hyungအသံထွက်လာတော့မှပဲ Taehyungမှာမျက်နှာပိုးလေးသတ်လိုက်ရတော့သည်။ ဒီနေ့အငိုmoodတွေပါဆို သူကအူတွေကြွနေမိသည်။

-
-
-
-
-
-

"Cut! အိုကေတယ် Taehyung Jungkookနားမယ်။ Yoongiနဲ့Yeonjunက sceneပြောင်းမယ်နော်"

ရိုက်ကူးရေးခဏနားတော့လည်း TaehyungမှာJungkook ကိုမျက်နှာချင်းမဆိုင်။ makeup noonaတွေနဲ့စကားသွားပြောလိုက် staffsတွေစကားပြောချင်ယောင်ဆောင်လိုက် ဒါရိုက်တာကြီးနားသွားကာရစ်သီရစ်သီလုပ်လိုက်ဖြင့် Kim Taehyungတစ်ယောက် တစ်ယောက်တည်းအလုပ်တွေရှုပ်ပြနေသည်။

Jungkookကတော့ သူ့ကိုမသိဟန်ပြုနေသည့်Taeကိုဇွတ်လိုက်မဖမ်းချင်သေး။ အသည်းယားစွာအဝေးကနေသာကြည့်ရင်းလွှတ်ပေးထားလိုက်သည်။ Taeအနေခက်ပြီးရှက်နေမည်ဆိုတာကိုလည်း သူနားလည်ပါသည်။

သူ့ဖက်ကတော့ဖွင့်ပြောပြီးပြီမလို့ Taeဆီကအဖြေကိုရဖို့တော့အတင်းမလုပ်ယူချင်တော့။ Taeရဲ့အဖြေကိုလည်းသိနေပြီးသားလို့ဆိုရလောက်ပေမဲ့ အစ်ကိုပေါက်စရဲ့စိတ်ကမှန်းရခက်တော့ စိတ်တော့လေးမိသား။

ခပ်လှမ်းလှမ်းမှာမိတ်ကပ်Noonaတွေနဲ့ပွဲကျနေသည့် Taeကိုဇာတ်ညွှန်းဖတ်နေရာမှတွေတွေလေးငေးကြည့်နေမိတုန်း

"မျက်နှာကသေတော့မလို လဒမှိုင်ရုပ်နဲ့ဘာဖြစ်နေတာလဲအဲ့တာက?"

အနားသို့ရောက်လာကာရေသောက်နေသည့် Choi Yeonjunကိုအသံတိတ်ဆဲပြလိုက်တော့ လျှာထုတ်ကာပြန်ပြောင်ပြနေသည့်စွာစိကောင်။ Feelနေတာလေးတောင်ငုပ်သွားတယ်။

"ဟိုမှာဖွင့်ပြောခဲ့တယ်ဆို အဆင်မပြေဘူးလား?"

ထို့နောက်သူ့ဘေးနားဝင်ထိုင်ရင်း ပုခုံးကိုပုတ်ကာအတည်မေးလာသည့်Yeonjunကို ပြန်မဖြေနိုင် သက်ပြင်းသာချမိသည်။

"Taehyungie hyungကမင်းကိုငြင်းလိုက်တာထိလုပ်မဲ့ပုံမျိုးတော့မဟုတ်လောက်ပါဘူး... "

"အင်း ငြင်းတော့မငြင်းဘူး ငါတို့အကြင်နာတောင်ပေးခဲ့သေးတယ်"

သူပြောလိုက်တော့အူကြောင်ကြောင်ဖြစ်သွားသည့် Yeonjun။

"အကြင်နာလဲပေးခဲ့ကြတယ် အငြင်းခံရတာလဲမဟုတ်ဘူး ဒါပေမဲ့အဖြေကလဲပြန်မရခဲ့ဘူး ဘာကြီးတုန်းမင်းတို့အခြေအနေက"

သူပြောလိုက်တော့ Jungkookလဲခေါင်းတွေသာကုပ်မိတော့သည်။

"အေး ငါလဲမသိတော့ဘူး ဒါပေမဲ့တိုးတက်လာတာပဲမလား အနည်းဆုံးတော့ငါဖွင့်ပြောပြီးပြီကွာ"

"အင်း အဆင်တော့ပြေမှာပါ ဒါပေမဲ့နော်ငါJimin hyungဆီကကြားတာတော့ သူတို့ကုမ္ပဏီကCEOဆိုတဲ့ဘိုးတော်က..."

"Yeonjun ahရိုက်ကွင်းပြန်စမယ်"

"အာ Naeဒါရိုက်တာကြီး ... သွားလိုက်အုံးမယ်"

"အင်း အင်း"

ပြောမည့်စကားတွေက ဒါရိုက်တာSeokjinရဲ့ဆော်ဪသံကြောင့်ဆက်မပြောဖြစ်လိုက်။ လှစ်ခနဲထပြေးသွားသည်မလို့မသိလိုက်ရ။

Jungkookလဲ ဘာများပါလိမ့်လို့နားထောင်နေပေမဲ့ ကိုယ့်အာရုံနဲ့ကိုယ်မလို့ Yeonjunပြောမည့်အကြောင်းအရာကို အရမ်းတော့အာရုံမရှိလိုက်။

ခဏကြာတော့ သူ့အနားသို့ကော်ဖီတစ်ဘူးနဲ့အတူပြန်ရောက်လာသည့်သူ့မန်နေဂျာHyung။ သူကော်ဖီသောက်ချင်တယ်ပြောလို့ သွားဝယ်ထားခဲ့ပုံပင်။

"မနက်ဖြန်Because of Jeon Taehyungရိုက်ကူးရေးနောက်ဆုံးနေ့နော် နောက်အပတ်ထဲFanmeeting တွေစမယ်ထင်တယ် comebackကလည်းရှိသေးတော့အလုပ်ပိုများတော့မှာ အားမွေးထားအုံး"

မန်နေဂျာHyungပြောလိုက်တော့ သူ့မှာဝမ်းတောင်နည်းသွားရသည်။ ဟုတ်သားပဲ မနက်ဖြန်သူတို့ရိုက်ကူးရေးပြီးတော့မှာတဲ့။ နောက်ဆိုTaeနဲ့လည်း အမြဲတမ်းတွေ့ဖို့ကမလွယ်တော့ဘူး။

"မနက်ဖြန်ကျညနေပိုင်း အသံသွင်းဖို့ရှိတယ်နော် ပီဒီပြောတာFeaturingကJung Naraမဟုတ်တော့ပဲLee Ji Eunပြောင်းသွားတာဆို"

"ဟုတ်သားပဲ မေ့တောင်မေ့နေတာ "

Lee Ji EunဆိုတာJungkookကဲသို့ပင် Dream EntertainmentကSoloist Female Idolတစ်ယောက်။ အခုလာမဲ့Jungkookရဲ့albumက side trackမှာfeaturingဆိုမည်မိန်းကလေးဖြစ်သည်။

Jungkookမှာလည်း အစ်ကိုပေါက်စကြောင့်ရင်ခုန်ရရင်တုန်ရနှင့် အဖြေပြန်မရသေးတော့ဘာမှပင်အာရုံမစိုက်နိုင်တော့။

"အာ ဟုတ်သားပဲJungkook ah...Hyungပြောဖို့မေ့နေတာ စောစောကCEOဆီကဖုန်းလာတယ် ဒီနေ့CEOကမင်းရယ်ဒါရိုက်တာကြီးရယ်ကိုခေါ်ထားသေးတယ်ညနေကျရင်"

"ဟင် ဘာလို့လဲရုတ်တရက်ကြီး?"

"CEOကခေါ်တာတော့မဟုတ်ဘူး Hyungလဲသေချာမသိပေမဲ့ အတွင်းရေးမှုးမင်ဆီကကြားတာတော့ DreamကCEOကတွေ့ချင်လို့ချိန်းတာလို့ပြောတာပဲ"

Dreamကဆိုတော့Taeတို့ Jimin hyungတို့ကုမ္ပဏီကလား?

ညနေရိုက်ကွင်းကပြန်တော့ သူရယ်ဒါရိုက်တာSeokjin hyungရယ် J.S ကသူတို့CEOရယ် Dream Entertainmentသို့သွားရောက်ခဲ့ကြသည်။

(A/N :မရှင်းမှာစိုးလို့ပါ J.SကIdol entertainmentပိုင်းနဲ့ actorsတွေပိုင်းနဲ့ labelတွေမတူတာမလို့ အုပ်ချုပ်သူတွေလဲမတူပါဘူးနော် Taeရဲ့အရင်CEOနဲ့Jungkookတို့ Idolပိုင်းကCEOနဲ့မတူပါဘူးလို့ )

သူတို့ရောက်တော့DreamကCEOက နှုတ်ဆက်ပြီးစကားတွေရှည်ရှည်ဝေးဝေးမပြောနေ သူတို့ထိုင်နေသည့်ရှေ့ကစားပွဲပေါ်သို့စာအိတ်တစ်အိတ်တင်ပေးလာသည်။

CEOဆိုသူရဲ့ မျက်နှာထားကိုကြည့်ပြီးဆက်ဆံလို့ကောင်းမည့်သူတစ်ယောက်မဟုတ်မှန်းJungkook သတိထားမိသည်။ Jin hyungတို့လည်းသတိထားမိပုံပေါ်သည်။ စကားကိုသင့်လျော်အောင်ထိန်းပြောနေကြပေမဲ့ Jungkookကတော့ထိန်းမနေ။ မျက်နှာကြောကြီးနဲ့ အထာလာကိုင်နေသည့်ဘိုးတော်။

"ဒါဘာလဲ?"

Jungkookရဲ့ဘုဆတ်ဆတ်အမေးကို CEOဆိုသူကမဲ့ခနဲတစ်ချက်သာပြုံးသည်။ ကိုယ်တိုင်ကြည့်လိုက်ဆိုသည့်သဘော။

သူတို့CEOကပဲ ကြည့်ကောင်းအောင်စကားတွေဝင်ထိန်းနေရသည်။

"ရုတ်တရက်ကြီးခေါ်တွေ့တော့ ဘာကိစ္စများရှိလို့လဲ? Taehyungနဲ့ပက်သက်ပြီး seriesမှာအဆင်မပြေတာတစ်ခုခုရှိလို့လား?"

"ကျွန်တော်ပြောချင်တာလဲအဲ့တာပါပဲ အရင်ဆုံးဖွင့်ကြည့်လိုက်ကြပါအုံး"

သူလည်းစာအိတ်ကိုဖွင့်ကြည့်လိုက်ရော ထွက်လာသည်ကသူနဲ့Taeရဲ့ ဆွစ်ဇာလန်တုန်းကနှစ်ယောက်တည်းလျှောက်လည်ထားသည့်ပုံတွေ။ လက်တွေတွဲထားသည့်ပုံတွေ။ အယုတ်စွဆုံးတံတားပေါ်တွင်အကြင်နာပေးနေသည့်ပုံကအစရိုက်ယူထားသည်။

ထိုပုံတွေတွေ့တော့ Jin ရောCEOရောပါမျက်နှာတွေပျက်ကုန်ကြသည်။

"ခင်ဗျာဘာဖြစ်ချင်တာလဲ?!"

Jungkookရဲ့အံကြိတ်ပြီးမေးတဲ့အသံကိုကြားတော့

"ဒါကငါရိုက်ထားတဲ့ပုံတွေမဟုတ်ဘူးကောင်လေး Dispatchကရထားတဲ့ပုံတွေ! ငါတို့အချိန်မှီလိုက်ပိတ်နိုင်လိုက်တာကံကောင်းတယ်မှတ်ပါ"

"အဟက် မပိတ်နဲ့ပေါ့ ဘယ်သူကပိတ်ခိုင်းနေလို့လဲ?"

"ဒီမှာJeon Jungkook sii ...မင်းနဲ့Taehyungရဲ့ဆက်ဆံရေးကိုငါစိတ်မဝင်စားဘူး ဝင်လဲမပါချင်ဘူး မင်းတို့ဘာသာတွဲတွဲမတွဲတွဲ။ ဒါပေမဲ့ငါစိတ်ဝင်စားတာKim Taehyungရဲ့အောင်မြင်မှု ငါ့ကုမ္ပဏီရဲ့artistတစ်ယောက်ရဲ့နာမည်ပဲ

မင်းတို့ကိုဆွဲချချင်တဲ့လူကမင်းတို့အားနည်းချက်ကိုအမြဲစောင့်ကြည့်နေမှာပဲ အဲ့တော့ပြောချင်တာကseriesထုတ်လွှင့်ဆဲကာလကအရေးကြီးတယ် BL seriesရိုက်လို့Gayတယ်လို့ဘာတို့ သတင်းချက်ချင်းကြီးထွက်ချလာရင်Taehyungအတွက်ရော ငါတို့ကုမ္ပဏီအတွက်ရောအဆင်မပြေဘူး

ပြီးတော့Taehyungရဲ့အောင်မြင်မှုကိုငါတို့ကုမ္ပဏီကရင်းနှီးထားရတာ ဒီလိုလိင်တူDatingတစ်ခုအတွက်နဲ့ ငါတို့အဆုံးရှုံးမခံနိုင်ဘူး ပြီးတော့စာချုပ်ထဲမှာလဲသူရဲ့Datingအတွက်ငါတို့မှာထိန်းချုပ်ခွင့်အပြည့်အဝရှိတယ်"

"အဲ့တော့ ခင်ဗျားကဘာဖြစ်ချင်တာလဲ?"

"ရှင်းပါတယ် ငါတို့ရဲ့artistကိုကြိုတင်ကာကွယ်ချင်တာ ငါတို့နဲ့စာချုပ်မပြည့်မချင်းမင်းနဲ့ပက်သက်ပြီးဘာscandleမှထွက်လို့မဖြစ်ဘူး Fanတွေအားပေးတာကိုလက်ခံတယ်အဲ့တာကလည်းseriesအရမလို့လေ"

"ကျွတ် လိုရင်းကိုပြောပါ"

"Kim Taehyungကိုသူအရင်ဒရာမာကမင်းသမီးနဲ့datingထုတ်မလား? နောက်ထပ်BL seriesထပ်ရိုက်ခိုင်းရမလား? "

"ဘာဆိုင်လို့လဲ??"

"ဒါမှမဟုတ်မင်းနဲ့Taehyung ဘာမှပက်သက်မှုမရှိဘူးဆိုတာမီဒီယာတွေယုံကြည်အောင် မင်းဖက်ကပဲ Kim Taehyungအစားမင်းနဲ့Ji Eunရဲ့Datingတစ်ခုဖန်တီးပေးမလား အဓိကကတော့Taehyungနဲ့ Dreamနဲ့စာချုပ်ကာလအတွင်းမှာ ဒီလိုnormalမဟုတ်တဲ့datingတစ်ခုထွက်ဖို့ငါလက်မခံပေးနိုင်ဘူး"

တောက်ခေါက်ရုံမှလွဲ၍ အံကြိတ်ကာထိုဘိုးတော် ပြောသမျှနားထောင်ခဲ့ရသည့်တွေ့ဆုံမှုတစ်ခု။

ဒါမည်သို့သော ကံကြမ္မာလှည့်စားမှုမျိုးလဲ?? Taeကိုသူမဟုတ်တဲ့နောက်ထပ်တစ်ယောက်နဲ့ BL seriesထပ်ရိုက်ခိုင်းမလားတဲ့?? သူလက်မခံမှန်းသိလို့ ဒါသပ်သပ်ယုတ်မာတာ။ သေချာတာကတော့ သူတစ်ခုမှလက်ခံနိုင်မည်မထင်။

ရွေးချယ်ရမယ်ဆိုလျှင်တောင် Taeအတွက်ဘေးကြပ်နံကြပ်မဖြစ်အောင်သူကပဲရွေးချယ်ပေးမည်။

ဇာတ်ခုံပေါ်ကဘဝတွေဆိုတော့လည်း အခုတော့ဇာတ်ဆရာအလိုကျ ကပေးရုံပေါ့။
-
-
-
-
-
-
-

TBC
With Love 💜
||Tae_For_Jeon
  Jeon_To_Tae||
*အရေးတော်ပုံ အောင်ရမည်*
A/N : Irsiဖုန်းကerrorဖြစ်သွားလို့ပြန်unpublishedလုပ်မိသွားတာ ဆောရီးပါရှင်။feedbackလေးတွေပေးကြပါအုံး။ မကြိုက်ကြတော့ဘူးလား။🥺 ဒီရက်ပိုင်းUpdateခဏပျောက်ပါမယ်ရှင်။

-
-
-
-
Zawgyi
















-
-
-
-
-
-














-
-
-
-
-
-



















"အင်း အင်း"


















"ဒါဘာလဲ?"







You are reading the story above: TeenFic.Net