𝘛𝘸𝘦𝘭𝘷𝘦

Background color
Font
Font size
Line height

𝘻𝘢𝘸𝘨𝘺𝘪

Taehyungသည္ Jungkookထံမွ ၾကားလိုက္ရသည့္အေျဖေၾကာင့္ မွင္သက္တုံ႕ဆိုင္းသြားရသည္ ။

သူငယ္ခ်င္း...။
Jungkookရဲ႕ မ်က္လုံးထဲမွာက သူ႕ကို သူငယ္ခ်င္းလို႔ပဲ ျမင္တယ္...။

" ငါ... ငါကေတာ့ မင္းကို သူငယ္ခ်င္းလို႔ မျမင္ဘူး.. Jeon Jungkook.. ငါတို႔က သူငယ္ခ်င္း မျဖစ္နိုင္ဘူး..."

Taehyung၏စကားက Jungkookကိုလည္း မွင္သက္ဆြံ႕အသြားေစသည္ ။

Kim Taehyungက သူ႕ကို သူငယ္ခ်င္းလို႔မသတ္မွတ္ရင္ ဘာလို႔မ်ား အစတုန္းက တရင္းတႏွီးဟန္ လာေပါင္းသင္းခဲ့တာလဲ?..

" အခုထိ.. မင္း မသိေသးဘူးလား.. Jeon Jungkook..."

Taehyungက တိုက္ရိုက္ႀကီး Jeon Jungkookကို သေဘာက်တယ္လို႔ ဝန္မခံရေသး႐ုံကလႊဲ သူ႕အျပဳအမူ စကားေတြက ဒီေလာက္သိသာေနတာကို သင္းကမရိပ္မိေသးဘူးလား..။

Taehyungသည္ အရွက္စြန့္လက္စႏွင့္ေတာ့ မထူးဇာတ္ခင္းရန္ ဆုံးျဖတ္ခ်က္ခ်လိဳက္သည္ ။

" ငါက.. မင္းအေပၚ ဘယ္လို သေဘာထားလဲဆိုတာ.. မင္းက တကယ္မသိေသးဘူးလား..."

" ငါ... တကယ္ မသိဘူး... မင္း.. ဘာကိုေျပာခ်င္ေနတာလဲ.. Taehyung..."

အဆုံးစြန္ထိ အူတူတူပုံစံလာလုပ္ေနေသာ crushေကာင္ေၾကာင့္ Taehyung၏သည္းခံနိုင္စြမ္းသည္ မိုင္ကုန္သြားခဲ့ရသည္ ။

" သေဘာက်တယ္လို႔!.. မင္းကို သေဘာက်တယ္လို႔... ငတုံးရဲ႕!!.. "

အသံၾသရွရွေလးႏွင့္ ေအာ္ဟစ္ဝန္ခံမႈျပဳလိုက္သည့္Taehyungေၾကာင့္ Jungkook၏ခႏၶာကိုယ္သည္ တုန္တက္သြားရသည္ ။

ဘယ္သူကမ်ား.. ကိုယ္ႀကိဳက္ေနတဲ့သူကို ဒီလို ငတုံးလို႔ေခၚၿပီး ဝန္ခံတာမ်ိဳးရွိလို႔လဲ?..

အေရွ႕ကေန သေဘာက်တယ္ဆိုသည့္စကားသာ မခံထားရင္ Jungkookက Kim Taehyungတစ္ေယာက္ သူ႕အေပၚမေက်မနပ္ျဖစ္လို႔ ေအာ္တယ္ပဲထင္လိမ့္မည္သေဘာမွာရွိသည္ ။

Kim Taehyungက သူ႕ကိုသေဘာက်တာတဲ့လား...။

Taehyungသည္ အရဲစြန့္ေျပာခ်လိဳက္ၿပီးမွ သူ႕ကို အေၾကာင္သားၾကည့္ေနသည့္ အူတူတူcrushေၾကာင့္ ရွက္စိတ္ကလည္း ေဆာင့္တက္သည္ ။

" ငါ့ကို.. သေဘာက်တယ္ဆိုတဲ့ အေျဖကို ထပ္တူေပးနိုင္မွ ငါ့ကို စကားျပန္လာေျပာ..."

ထိုစကားကို အားတင္းဆိုလိုက္ၿပီးေနာက္ Jeon Jungkook၏အေရွ႕ကေန ခပ္သုတ္သုတ္ပင္ ျဖတ္ေက်ာ္ေလွ်ာက္ထြက္လာခဲ့ကာ အနည္းငယ္လွမ္းသည္ႏွင့္ ရွက္လြန္း၍ သုတ္ေျခတင္ေျပးမိေတာ့သည္ ။

အား!.. Kim Taehyungတို႔ကေတာ့ crushကို ဖြင့္ေျပာမိမယ့္ေျပာေတာ့လည္း ဒီလိုပုံစံႀကီးနဲ႕တဲ့လား!!
.
.
.

Jungkookသည္ သူ႕အေရွ႕ကေန Kim Taehyungထြက္သြားသည္မွာ အခ်ိန္အနည္းငယ္ၾကာသည္အထိ ေျခစုံရပ္ေနမိကာ Kim Taehyungက သူ႕ကိုဖြင့္ဟဝန္ခံသြားသည့္စကားအား အထပ္ထပ္အခါခါ ၾကားေယာင္ေနမိသည္ ။

သေဘာက်တယ္??..
Kim Taehyungက သူ႕ကို သေဘာက်တယ္တဲ့..။

အနီရင့္ေနသည့္ နား႐ြက္ဖ်ားေလးက ပူထူေနခဲ့ကာ သူသည္ မည္သို႔လုပ္ရမည္မသိျဖစ္သြားဟန္ႏွင့္ ေယာင္နနေလး လည္ဂုတ္ကို ပြတ္သပ္ကာ ထိုေနရာကေန ထြက္လာခဲ့သည္ ။

Kim Taehyungကေတာ့ Busဂိတ္ထိ ဒုန္းဆိုင္းေျပးလာခဲ့ကာ Busကားဆိုက္သည္ႏွင့္ ခ်က္ျခင္းပင္တက္လိုက္ၿပီး ျပတင္းေပါက္ေနရာကခုံမွာဝင္ထိုင္လိုက္သည္ ။

" အားရွ္... ရွက္ဖို႔ေကာင္းလိုက္တာ.. တကယ္ပဲ..."

မိမိ၏ရွက္စိတ္ကို ကားျပတင္းေပါက္မွန္အား ဦးေခါင္းေလးႏွင့္အႀကိမ္ႀကိမ္ထိတိုက္ၿပီး ပုံခ်မိေသာ္လည္းေျပေလ်ာ့ျခင္းမရွိ ။

သို႔ေပမယ့္Taehyungဘက္ကေန မိမိ၏စိတ္ကို ဝန္ခံၿပီးသြားၿပီျဖစ္၍ စိတ္ေတာ့အနည္းငယ္ေပါ့ပါးသြားသည္ ။

Jeon Jungkookက သူ႕ကို သူငယ္ခ်င္းလိုသေဘာထားတယ္ေျပာခဲ့တာက အခုလက္ရွိ Taehyung၏ဝန္ခံမႈေၾကာင့္ Jeon Jungkook၏သေဘာထား အနည္းငယ္ေလာက္ျဖစ္ျဖစ္ ေျပာင္းလဲသြားဖို႔အတြက္ ေမွ်ာ္လင့္မိသည္ ။

Taehyung သူနဲ႕ သူငယ္ခ်င္း မျဖစ္ခ်င္ဘူး..။

" ဟင္းမ္...."

ေလးပင္လွသည့္ပင့္သက္ကို ရွိုက္မိလိုက္သည့္ Kim Taehyung ။
မင္းနဲ႕..သူငယ္ခ်င္းကေတာ့.. လုံးဝ မလုပ္နိုင္ဘူး... Jeon Jungkook..။
.
.
.

Taehyungသည္ ေနာက္ရက္ေတြ၌ Jeon Jungkookကို ေတြ႕သည့္အခါ အရင္လိုၿပဳံးမျပေတာ့ဘဲ မ်က္ႏွာလႊဲၿပီး မသိခ်င္ေယာင္ေဆာင္လိုက္သည္ ။

သူက Jeon Jungkookကို သေဘာက်တယ္ဆိုတဲ့အေျဖေပးနိုင္မွ စကားလာေျပာခိုင္းထားတာမလား..။
Jeon Jungkookသာ သူ႕ဘက္ကေန Taehyungကို စကားလာစေျပာရင္ သူ Taehyungကို ျပန္ႀကိဳက္တာလို႔ပဲသတ္မွတ္ပစ္မည္ ။

ထို႔ေၾကာင့္ Taehyungသည္ Jeon Jungkookကို မသိက်ိဳးကြၽံႏွင့္ ဉေပကၡာျပဳလိုက္တာ..။

Jeon Jungkookက Taehyungဘက္ကို မဝံ့မရဲအၾကည့္ေတာ့ေဝ့လာၿပီး မည္သည့္စကားမွ်ေတာ့ဆိုျခင္းမရွိဘဲ သူ႕ေနရာသူဝင္ထိုင္သြားသည္ ။

" Jungkook.. မင္းတို႔ႏွစ္ေယာက္.. ရန္ျဖစ္ထားတာလား..."

အတန္းထဲအရင္ေရာက္ႏွင့္ေနေသာ Mingyuတို႔က Kim Taehyung၏ Jungkookအေပၚ လ်စ္လ်ဴရႈေသာပုံစံကို သတိျပဳမိလ်က္အေမးထုတ္လာလွ်င္ Jungkookမည္သို႔ေျဖရမည္မသိ ။

" အဲ့လို မဟုတ္ဘူး..."

" ဘာလဲ.. တစ္ေယာက္နဲ႕ တစ္ေယာက္ အခ်စ္စမ္းထားၾကတာ မဟုတ္ဘူးလား..."

" မဟုတ္ဘူး..."

Jungkookသည္ သူငယ္ခ်င္းေတြ၏ စေနာက္က်ီစယ္မႈကိုလည္း အာ႐ုံထဲမရွိနိုင္ ။

သူ႕၏စိတ္တို႔က အနည္းငယ္ ရႈပ္ေထြးေနလ်က္ရွိကာ ခပ္လွမ္းလွမ္းက Kim Taehyung၏ပုံရိပ္ကို ေငးစိုက္ၾကည့္မိသြားသည္ ။

ဆက္ဆံေရးအသစ္တစ္ခုကို အစမပ်ိဳးခ်င္ေသးသည့္ Jungkookအေနႏွင့္ ေတြးစရာအမ်ားႀကီးရွိေနခဲ့ကာ Kim Taehyungက သူ႕ကိုသေဘာက်သည္ဆိုရင္ေတာင္မွ လြယ္လင့္တကူမဆုံးျဖတ္ရဲေသးဘူး ။

အင္း.. အရင္ဆုံး ဒီအတိုင္းေလးပဲ ေနၾကည့္တာေပါ့...။

သူ႕စိတ္သူ ေသခ်ာဆန္းစစ္ဖို႔အတြက္ အခ်ိန္ကလည္းလိုေန၍ Jungkookသည္ လတ္တေလာေတာ့ Kim Taehyungအနားမသီရန္ ဆုံးျဖတ္ခ်က္ခ်မိလိုက္သည္ ။

သို႔ႏွင့္ Taehyungဘက္ကလည္း Jeon Jungkookကို စကားစတင္ေျပာဆိုျခင္း မရွိသလို Jeon Jungkookကလည္း Taehyungကို စကားစကိုမစလာ..။

သူတို႔ႏွစ္ေယာက္သည္ လမ္းမွာအခ်င္းခ်င္းဆုံရင္ေတာင္ ဘာသိဘာသာျဖတ္ေလွ်ာက္သြားၾကမိသည္အထိ စိမ္းသက္လာသည္ ။

Taehyungသည္ သူ႕စကားႏွင့္သူျဖစ္၍ Jeon Jungkookကိုစကားမေျပာရဲသလို Jeon Jungkookအေရွ႕ခပ္တည္တည္မ်က္ႏွာထားသာ ဖမ္းထားေပမယ့္ Jeon Jungkookကြယ္သည္ႏွင့္ အပီအျပင္ကိုေၾကကြဲခံစားေနရသည္ကို သူႏွင့္သူ႕သူငယ္ခ်င္းသာသိသည္ ။

" ငါေတာ့ မွားၿပီလား.. မသိပါဘူး Jiminရာ.. အီး.. အဲ့အစုတ္ပလုတ္crushက ငါ့အေပၚ တကယ္ဘာစိတ္မွမရွိဘူးလားမသိဘူး..."

တကၠသိုလ္ေက်ာင္းဝင္း၏အရိပ္ရသစ္ပင္တစ္ခုေအာက္၌ Taehyungသည္ စိက္ပ်က္လက္ပ်က္ ငုတ္တုတ္ထိုင္ခ်ကာ ငိုခ်င္းခ်ခ်င္ေနသလို အသံႀကီးႏွင့္ Jiminကိုတိုင္တည္ဖြင့္ဟလာလွ်င္ Jiminလည္း မည္သို႔ႏွစ္သိမ့္ေပးရမည္မသိ ။

" မင္းကလည္း.. မင္းပဲ.. Taehyungရာ.. crushကို မရမကလိုက္မယ္ေတာ့မရွိဘူး.. မင္းကိုသူႀကိဳက္မွ စကားလာေျပာဆိုတဲ့အေၾကာႀကီးပုံစံနဲ႕ေျပာခဲ့ေတာ့ ဟိုကလည္း ဘယ္လိုလုပ္ စကားလာေျပာေတာ့မလဲ..."

" အားရွ္.. ဒီပါးစပ္ကလည္း.. အၿမဲတလႊဲပဲလုပ္တယ္.. ငါ အခု ဘယ္လိုလုပ္ရမလဲေတာင္ မသိေတာ့ဘူး..."

" ေရွ႕တိုးလက္စနဲ႕ေတာ့.. ဆက္ၿပီးပဲ ေရွ႕တိုးၾကည့္ပါလား..."

" အဲ့လိုဇြတ္တိုးမွ အတြန္းထုတ္ခံရရင္ေရာ?.. အီး.. ငါ ႏွစ္ထပ္ကြမ္းအသဲကြဲမွာ.. ငိုခ်င္လာၿပီ တကယ္..."

" တိတ္တိတ္... ငိုေတာ့မငိုပါနဲ႕ကြာ.. Jeon Jungkookသာ ဦးႏွောက္နဲ႕အျမင္ရွိရင္ မင္းကိုေသခ်ာေပါက္ႀကိဳက္မွာ..."

Jiminက Taehyung၏စိတ္ညစ္ၫူးတာ သက္သာလိုသက္သာျငား ႏွစ္သိမ့္ေပးလိုက္မွ Kim Taehyungက ပို၍ပင္ ငိုမဲ့မဲ့ျဖစ္သြားေသးသည္ ။

" အဲ့ေကာင္မွာက... ဦးႏွောက္ေရာ.. အျမင္ေရာမရွိဘူးကြ...."

Kim Taehyung၏တနင့္တပိုးအေျပာေၾကာင့္ Jiminမွာ သူ႕ကိုမည္သို႔ေတာင္ ဆက္လက္ႏွစ္သိမ့္ရမွန္းမသိေတာ့ေပ ။

Taehyungသည္ တကယ္စိတ္ညစ္လ်က္ရွိကာ အသည္းကြဲသလိုခံစားခ်က္ကလည္း တစ္တစ္ဆို႔ဆို႔ႀကီး ။

သူက ဒီေလာက္ ကမၻာၿပိဳေနတဲ့အခ်ိန္မွာ crushေကာင္ကေတာ့ အသြားအလာမပ်က္ အစားအေသာက္မပ်က္နဲ႕ ေအးေအးလူလူ သာယာေနေရာပဲ..။

" ဒါမွမဟုတ္.. မင္း.. သူ႕ကို ေမ့နိင္ေအာင္ ႀကိဳးစားၿပီး တျခားတစ္ေယာက္နဲ႕တြဲၾကည့္မလား..."

" ဟင့္အင္း... ငါ့ႏွလုံးသားက ေဂ်းမ်ားတယ္.. Jeon Jungkookကလြဲရင္ မျဖစ္ဘူး..."

ထိုစကားက Taehyung၏ရင္ထဲကလာသည့္ စိတ္ရင္းအမွန္စကား..။

Jeon Jungkookကလြဲၿပီး သူ ဘယ္သူ႕ကိုမွမႀကိဳက္ခ်င္ဘူး..။
စိတ္လည္းစိတ္မဝင္စားဘူး..။

Taehyungကို သေဘာက်၍ ဖြင့္ေျပာလာသည့္သူမ်ားထဲတြင္ Jeon Jungkook၏တစ္ဝမ္းကြဲအစ္ကိုေတာင္ ပါလိုက္ေသးသည္ ။

အဲ့ဒီ့တုန္းကဆို Taehyungက သူ႕ကို ခဲအိုပဲေတာ္ခ်င္တယ္ဆိုၿပီး ျပတ္ျပတ္သားသားျငင္းဆန္လိုက္ေသးတာ..။

ဟူး.. အခုက် သူမ်ားတကာကို ဖင္ပိတ္ျငင္းခဲ့မိတဲ့အက်ိဳးေက်းဇူးေတြက တန္ျပန္လာေနသလားေတာင္မွတ္ရသည္ ။

Jeon Jungkookက သူ႕ကို ဖင္ပိတ္ျငင္းရင္ Kim Taehyungတို႔ မရႈနိုင္မကယ္နိုင္ေတြျဖစ္ကုန္မွာ..။

Taehyungသည္ ေတြးေလေလ Jeon Jungkookကလြဲ သေဘာက်နိဳင္သည့္သူမရွိေၾကာင္း ေသခ်ာခဲ့ကာ သူကပဲ အေလွ်ာ့ေပးၿပီး Jeon Jungkookႏွင့္ ျပန္နီးကပ္ရမည့္အေျခအေနကို ဖန္ရေပေတာ့မည္ ။

ဘယ္တတ္နိုင္မလဲ..။
သူကလည္း Jeon Jungkookမွ Jeon Jungkookျဖစ္ေနခဲ့တာကိုး..။
.
.
.

𝘚𝘢𝘯𝘥𝘪 𝘉𝘦𝘢𝘳
𝘛𝘢𝘦𝘬𝘰𝘰𝘬 𝘮𝘢𝘬𝘦𝘴 𝘮𝘦 𝘩𝘢𝘱𝘱𝘺.

𝘶𝘯𝘪𝘤𝘰𝘥𝘦

Taehyungသည် Jungkookထံမှ ကြားလိုက်ရသည့်အဖြေကြောင့် မှင်သက်တုံ့ဆိုင်းသွားရသည် ။

သူငယ်ချင်း...။
Jungkookရဲ့ မျက်လုံးထဲမှာက သူ့ကို သူငယ်ချင်းလို့ပဲ မြင်တယ်...။

" ငါ... ငါကတော့ မင်းကို သူငယ်ချင်းလို့ မမြင်ဘူး.. Jeon Jungkook.. ငါတို့က သူငယ်ချင်း မဖြစ်နိုင်ဘူး..."

Taehyung၏စကားက Jungkookကိုလည်း မှင်သက်ဆွံ့အသွားစေသည် ။

Kim Taehyungက သူ့ကို သူငယ်ချင်းလို့မသတ်မှတ်ရင် ဘာလို့များ အစတုန်းက တရင်းတနှီးဟန် လာပေါင်းသင်းခဲ့တာလဲ?..

" အခုထိ.. မင်း မသိသေးဘူးလား.. Jeon Jungkook..."

Taehyungက တိုက်ရိုက်ကြီး Jeon Jungkookကို သဘောကျတယ်လို့ ဝန်မခံရသေးရုံကလွှဲ သူ့အပြုအမူ စကားတွေက ဒီလောက်သိသာနေတာကို သင်းကမရိပ်မိသေးဘူးလား..။

Taehyungသည် အရှက်စွန့်လက်စနှင့်တော့ မထူးဇာတ်ခင်းရန် ဆုံးဖြတ်ချက်ချလိုက်သည် ။

" ငါက.. မင်းအပေါ် ဘယ်လို သဘောထားလဲဆိုတာ.. မင်းက တကယ်မသိသေးဘူးလား..."

" ငါ... တကယ် မသိဘူး... မင်း.. ဘာကိုပြောချင်နေတာလဲ.. Taehyung..."

အဆုံးစွန်ထိ အူတူတူပုံစံလာလုပ်နေသော crushကောင်ကြောင့် Taehyung၏သည်းခံနိုင်စွမ်းသည် မိုင်ကုန်သွားခဲ့ရသည် ။

" သဘောကျတယ်လို့!.. မင်းကို သဘောကျတယ်လို့... ငတုံးရဲ့!!.. "

အသံသြရှရှလေးနှင့် အော်ဟစ်ဝန်ခံမှုပြုလိုက်သည့်Taehyungကြောင့် Jungkook၏ခန္ဓာကိုယ်သည် တုန်တက်သွားရသည် ။

ဘယ်သူကများ.. ကိုယ်ကြိုက်နေတဲ့သူကို ဒီလို ငတုံးလို့ခေါ်ပြီး ဝန်ခံတာမျိုးရှိလို့လဲ?..

အရှေ့ကနေ သဘောကျတယ်ဆိုသည့်စကားသာ မခံထားရင် Jungkookက Kim Taehyungတစ်ယောက် သူ့အပေါ်မကျေမနပ်ဖြစ်လို့ အော်တယ်ပဲထင်လိမ့်မည်သဘောမှာရှိသည် ။

Kim Taehyungက သူ့ကိုသဘောကျတာတဲ့လား...။

Taehyungသည် အရဲစွန့်ပြောချလိုက်ပြီးမှ သူ့ကို အကြောင်သားကြည့်နေသည့် အူတူတူcrushကြောင့် ရှက်စိတ်ကလည်း ဆောင့်တက်သည် ။

" ငါ့ကို.. သဘောကျတယ်ဆိုတဲ့ အ​ဖြေကို ထပ်တူပေးနိုင်မှ ငါ့ကို စကားပြန်လာပြော..."

ထိုစကားကို အားတင်းဆိုလိုက်ပြီးနောက် Jeon Jungkook၏အရှေ့ကနေ ခပ်သုတ်သုတ်ပင် ဖြတ်ကျော်လျှောက်ထွက်လာခဲ့ကာ အနည်းငယ်လှမ်းသည်နှင့် ရှက်လွန်း၍ သုတ်ခြေတင်​ပြေးမိတော့သည် ။

အား!.. Kim Taehyungတို့ကတော့ crushကို ဖွင့်ပြောမိမယ့်ပြောတော့လည်း ဒီလိုပုံစံကြီးနဲ့တဲ့လား!!
.
.
.

Jungkookသည် သူ့အရှေ့ကနေ Kim Taehyungထွက်သွားသည်မှာ အချိန်အနည်းငယ်ကြာသည်အထိ ခြေစုံရပ်နေမိကာ Kim Taehyungက သူ့ကိုဖွင့်ဟဝန်ခံသွားသည့်စကားအား အထပ်ထပ်အခါခါ ကြားယောင်နေမိသည် ။

သဘောကျတယ်??..

Kim Taehyungက သူ့ကို သဘောကျတယ်တဲ့..။

အနီရင့်နေသည့် နားရွက်ဖျားလေးက ပူထူနေခဲ့ကာ သူသည် မည်သို့လုပ်ရမည်မသိဖြစ်သွားဟန်နှင့် ယောင်နနလေး လည်ဂုတ်ကို ပွတ်သပ်ကာ ထိုနေရာကနေ ထွက်လာခဲ့သည် ။

Kim Taehyungကတော့ Busဂိတ်ထိ ဒုန်းဆိုင်းပြေးလာခဲ့ကာ Busကားဆိုက်သည်နှင့် ချက်ခြင်းပင်တက်လိုက်ပြီး ပြတင်းပေါက်နေရာကခုံမှာဝင်ထိုင်လိုက်သည် ။

" အားရှ်... ရှက်ဖို့ကောင်းလိုက်တာ.. တကယ်ပဲ..."

မိမိ၏ရှက်စိတ်ကို ကားပြတင်းပေါက်မှန်အား ဦးခေါင်းလေးနှင့်အကြိမ်ကြိမ်ထိတိုက်ပြီး ပုံချမိသော်လည်းပြေလျော့ခြင်းမရှိ ။

သို့ပေမယ့်Taehyungဘက်ကနေ မိမိ၏စိတ်ကို ဝန်ခံပြီးသွားပြီဖြစ်၍ စိတ်တော့အနည်းငယ်ပေါ့ပါးသွားသည် ။

Jeon Jungkookက သူ့ကို သူငယ်ချင်းလိုသဘောထားတယ်ပြောခဲ့တာက အခုလက်ရှိ Taehyung၏ဝန်ခံမှုကြောင့် Jeon Jungkook၏သဘောထား အနည်းငယ်လောက်ဖြစ်ဖြစ် ပြောင်းလဲသွားဖို့အတွက် မျှော်လင့်မိသည် ။

Taehyung သူနဲ့ သူငယ်ချင်း မဖြစ်ချင်ဘူး..။

" ဟင်းမ်...."

လေးပင်လှသည့်ပင့်သက်ကို ရှိုက်မိလိုက်သည့် Kim Taehyung ။
မင်းနဲ့..သူငယ်ချင်းကတော့.. လုံးဝ မလုပ်နိုင်ဘူး... Jeon Jungkook..။
.
.
.

Taehyungသည် နောက်ရက်တွေ၌ Jeon Jungkookကို တွေ့သည့်အခါ အရင်လိုပြုံးမပြတော့ဘဲ မျက်နှာလွှဲပြီး မသိချင်ယောင်ဆောင်လိုက်သည် ။

သူက Jeon Jungkookကို သဘောကျတယ်ဆိုတဲ့အဖြေပေးနိုင်မှ စကားလာပြောခိုင်းထားတာမလား..။
Jeon Jungkookသာ သူ့ဘက်ကနေ Taehyungကို စကားလာစပြောရင် သူ Taehyungကို ပြန်ကြိုက်တာလို့ပဲသတ်မှတ်ပစ်မည် ။

ထို့ကြောင့် Taehyungသည် Jeon Jungkookကို မသိကျိုးကျွံနှင့် ဉပေက္ခာပြုလိုက်တာ..။

Jeon Jungkookက Taehyungဘက်ကို မဝံ့မရဲအကြည့်တော့ဝေ့လာပြီး မည်သည့်စကားမျှတော့ဆိုခြင်းမရှိဘဲ သူ့နေရာသူဝင်ထိုင်သွားသည် ။

" Jungkook.. မင်းတို့နှစ်ယောက်.. ရန်ဖြစ်ထားတာလား..."

အတန်းထဲအရင်ရောက်နှင့်နေသော Mingyuတို့က Kim Taehyung၏ Jungkookအပေါ် လျစ်လျူရှုသောပုံစံကို သတိပြုမိလျက်အမေးထုတ်လာလျှင် Jungkookမည်သို့ဖြေရမည်မသိ ။

" အဲ့လို မဟုတ်ဘူး..."

" ဘာလဲ.. တစ်ယောက်နဲ့ တစ်ယောက် အချစ်စမ်းထားကြတာ မဟုတ်ဘူးလား..."

" မဟုတ်ဘူး..."

Jungkookသည် သူငယ်ချင်းတွေ၏ စနောက်ကျီစယ်မှုကိုလည်း အာရုံထဲမရှိနိုင် ။

သူ့၏စိတ်တို့က အနည်းငယ် ရှုပ်ထွေးနေလျက်ရှိကာ ခပ်လှမ်းလှမ်းက Kim Taehyung၏ပုံရိပ်ကို ငေးစိုက်ကြည့်မိသွားသည် ။

ဆက်ဆံရေးအသစ်တစ်ခုကို အစမပျိုးချင်သေးသည့် Jungkookအနေနှင့် တွေးစရာအများကြီးရှိနေခဲ့ကာ Kim Taehyungက သူ့ကိုသဘောကျသည်ဆိုရင်တောင်မှ လွယ်လင့်တကူမဆုံးဖြတ်ရဲသေးဘူး ။

အင်း.. အရင်ဆုံး ဒီအတိုင်းလေးပဲ နေကြည့်တာပေါ့...။

သူ့စိတ်သူ သေချာဆန်းစစ်ဖို့အတွက် အချိန်ကလည်းလိုနေ၍ Jungkookသည် လတ်တလောတော့ Kim Taehyungအနားမသီရန် ဆုံးဖြတ်ချက်ချမိလိုက်သည် ။

သို့နှင့် Taehyungဘက်ကလည်း Jeon Jungkookကို စကားစတင်ပြောဆိုခြင်း မရှိသလို Jeon Jungkookကလည်း Taehyungကို စကားစကိုမစလာ..။

သူတို့နှစ်ယောက်သည် လမ်းမှာအချင်းချင်းဆုံရင်တောင် ဘာသိဘာသာဖြတ်လျှောက်သွားကြမိသည်အထိ စိမ်းသက်လာသည် ။

Taehyungသည် သူ့စကားနှင့်သူဖြစ်၍ Jeon Jungkookကိုစကားမပြောရဲသလို Jeon Jungkookအရှေ့ခပ်တည်တည်မျက်နှာထားသာ ဖမ်းထားပေမယ့် Jeon Jungkookကွယ်သည်နှင့် အပီအပြင်ကိုကြေကွဲခံစားနေရသည်ကို သူနှင့်သူ့သူငယ်ချင်းသာသိသည် ။

" ငါတော့ မှားပြီလား.. မသိပါဘူး Jiminရာ.. အီး.. အဲ့အစုတ်ပလုတ်crushက ငါ့အပေါ် တကယ်ဘာစိတ်မှမရှိဘူးလားမသိဘူး..."

တက္ကသိုလ်ကျောင်းဝင်း၏အရိပ်ရသစ်ပင်တစ်ခုအောက်၌ Taehyungသည် စိက်ပျက်လက်ပျက် ငုတ်တုတ်ထိုင်ချကာ ငိုချင်းချချင်နေသလို အသံကြီးနှင့် Jiminကိုတိုင်တည်ဖွင့်ဟလာလျှင် Jiminလည်း မည်သို့နှစ်သိမ့်ပေးရမည်မသိ ။

" မင်းကလည်း.. မင်းပဲ.. Taehyungရာ.. crushကို မရမကလိုက်မယ်တော့မရှိဘူး.. မင်းကိုသူကြိုက်မှ စကားလာပြောဆိုတဲ့အကြောကြီးပုံစံနဲ့ပြောခဲ့တော့ ဟိုကလည်း ဘယ်လိုလုပ် စကားလာပြောတော့မလဲ..."

" အားရှ်.. ဒီပါးစပ်ကလည်း.. အမြဲတလွှဲပဲလုပ်တယ်.. ငါ အခု ဘယ်လိုလုပ်ရမလဲတောင် မသိတော့ဘူး..."

" ရှေ့တိုးလက်စနဲ့တော့.. ဆက်ပြီးပဲ ရှေ့တိုးကြည့်ပါလား..."

" အဲ့လိုဇွတ်တိုးမှ အတွန်းထုတ်ခံရရင်ရော?.. အီး.. ငါ နှစ်ထပ်ကွမ်းအသဲကွဲမှာ.. ငိုချင်လာပြီ တကယ်..."

" တိတ်တိတ်... ငိုတော့မငိုပါနဲ့ကွာ.. Jeon Jungkookသာ ဦးနှောက်နဲ့အမြင်ရှိရင် မင်းကိုသေချာပေါက်ကြိုက်မှာ..."

Jiminက Taehyung၏စိတ်ညစ်ညူးတာ သက်သာလိုသက်သာငြား နှစ်သိမ့်ပေးလိုက်မှ Kim Taehyungက ပို၍ပင် ငိုမဲ့မဲ့ဖြစ်သွားသေးသည် ။

" အဲ့ကောင်မှာက... ဦးနှောက်ရော.. အမြင်ရောမရှိဘူးကွ...."

Kim Taehyung၏တနင့်တပိုးအပြောကြောင့် Jiminမှာ သူ့ကိုမည်သို့တောင် ဆက်လက်နှစ်သိမ့်ရမှန်းမသိတော့ပေ ။

Taehyungသည် တကယ်စိတ်ညစ်လျက်ရှိကာ အသည်းကွဲသလိုခံစားချက်ကလည်း တစ်တစ်ဆို့ဆို့ကြီး ။

သူက ဒီလောက် ကမ္ဘာပြိုနေတဲ့အချိန်မှာ crushကောင်ကတော့ အသွားအလာမပျက် အစားအသောက်မပျက်နဲ့ အေးအေးလူလူ သာယာနေရောပဲ..။

" ဒါမှမဟုတ်.. မင်း.. သူ့ကို မေ့နိင်အောင် ကြိုးစားပြီး တခြားတစ်ယောက်နဲ့တွဲကြည့်မလား..."

" ဟင့်အင်း... ငါ့နှလုံးသားက ဂျေးများတယ်.. Jeon Jungkookကလွဲရင် မဖြစ်ဘူး..."

ထိုစကားက Taehyung၏ရင်ထဲကလာသည့် စိတ်ရင်းအမှန်စကား..။
Jeon Jungkookကလွဲပြီး သူ ဘယ်သူ့ကိုမှမကြိုက်ချင်ဘူး..။
စိတ်လည်းစိတ်မဝင်စားဘူး..။

Taehyungကို သဘောကျ၍ ဖွင့်ပြောလာသည့်သူများထဲတွင် Jeon Jungkook၏တစ်ဝမ်းကွဲအစ်ကိုတောင် ပါလိုက်သေးသည် ။

အဲ့ဒီ့တုန်းကဆို Taehyungက သူ့ကို ခဲအိုပဲတော်ချင်တယ်ဆိုပြီး ပြတ်ပြတ်သားသားငြင်းဆန်လိုက်သေးတာ..။

ဟူး.. အခုကျ သူများတ​ကာကို ဖင်ပိတ်ငြင်းခဲ့မိတဲ့အကျိုးကျေးဇူးတွေက တန်ပြန်လာနေသလားတောင်မှတ်ရသည် ။

Jeon Jungkookက သူ့ကို ဖင်ပိတ်ငြင်းရင် Kim Taehyungတို့ မရှုနိုင်မကယ်နိုင်တွေဖြစ်ကုန်မှာ..။

Taehyungသည် တွေးလေလေ Jeon Jungkookကလွဲ သဘောကျနိုင်သည့်သူမရှိကြောင်း သေချာခဲ့ကာ သူကပဲ အလျှော့ပေးပြီး Jeon Jungkookနှင့် ပြန်နီးကပ်ရမည့်အခြေအနေကို ဖန်ရပေတော့မည် ။

ဘယ်တတ်နိုင်မလဲ..။
သူကလည်း Jeon Jungkookမှ Jeon Jungkookဖြစ်နေခဲ့တာကိုး..။
.
.
.

𝘚𝘢𝘯𝘥𝘪 𝘉𝘦𝘢𝘳
𝘛𝘢𝘦𝘬𝘰𝘰𝘬 𝘮𝘢𝘬𝘦𝘴 𝘮𝘦 𝘩𝘢𝘱𝘱𝘺.


You are reading the story above: TeenFic.Net