𝘛𝘩𝘪𝘳𝘵𝘦𝘦𝘯

Background color
Font
Font size
Line height

𝘻𝘢𝘸𝘨𝘺𝘪







" အင်း.. ကျေးဇူး..."







" အော..."




" သွားမယ်လေ.. Taehyung..."

" အင်း..."







" ကြားလား... Jeon Jungkook..."



.
.
.


Taehyungတွင်လည်း လက်ဂေ့ခ်ျတစ်လုံးနှင့်ကျောပိုးအိတ်တစ်လုံးပါလာကာ ကားနှစ်စီးအနက် မည်သည့်ကားကိုရွေးရမည်မသိသေး ။

သူ့၏crushက အခုထိမရောက်လာသေးသောကြောင့် ရွေးချယ်သည့်ကားမတူညီမည်စိုး၍ အပြင်မှာပင်ရပ်စောင့်နေကာ Jiminကလည်း Taehyungကြောင့် သူပါ လက်ဂေ့ခ်ျလေးဆွဲပြီး ရပ်စောင့်ကူနေရှာသည် ။











" ဟူး..."



" ဟိုင်း...."


" ဟိုင်း...."



" သီချင်း နားထောင်မလား..."


" အင်း..."



ည ၇နာရီထိုးခါနီးလောကျ၌ Busan၏Haeundaeကမ်းခြေအနီးအနားက ECစီစဉ်ပေးထားသော Hotelသို့ ဆိုက်ရောက်ခဲ့ကာ နှစ်ယောက်တစ်ခန်းနေရသည် ။



" Nae!!..."











" ဟင်?.."







" Taehyung ssi..."

" အော..."




" ဟို... ငါ... ပြောစရာ ရှိတယ်..."

" အင်း.. ပြောလေ...."



" ငါ... မင်းကို... သဘောကျတယ်... Taehyung..."

ထိုစကားကြောင့် Taehyungသည် အဆမတန်လှုပ်ခတ်နေသည့်နှလုံးခုန်နှုန်းနှင့်အတူ Jungkookကို ယောင်နနလေးကြည့်မိသွားသည် ။

Jeon Jungkookက သူ့ကို တကူးတကခေါ်ထုတ်ပြီး စကားစချင်တည်းက ထူးခြားမှုတစ်စုံတစ်ရာရှိမည်မှန်း မျှော်မှန်းထားခဲ့မိပေမယ့် လက်တွေ့စကားကြားလိုက်ရသည့်အခါ ခြေဖျားလက်ဖျားပင်အေးစက်ရုံသာမက တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းလေးများ ထသွားရသည်အထိ ။

နောက်ဆုံးတော့.. Taehyungတစ်ယောက် crushဆီကနေ ဒီလိုစကားကို တန်ပြန်ကြားခဲ့ရပြီ...။
.

.
.

𝘚𝘢𝘯𝘥𝘪 𝘉𝘦𝘢𝘳
𝘛𝘢𝘦𝘬𝘰𝘰𝘬 𝘮𝘢𝘬𝘦𝘴 𝘮𝘦 𝘩𝘢𝘱𝘱𝘺.

𝘶𝘯𝘪𝘤𝘰𝘥𝘦

တက္ကသိုလ်ကျောင်းတော်ကြီး၏ Final Examမရောက်ခင်၌ ကျောင်းသားတွေစိတ်ပြေလက်ပျောက်ဖြစ်စေရန်နှင့် ကျောင်းသားဘဝအမှတ်တရကျန်ရစ်စေရန် ကျောင်းကဆရာ၊ဆရာမ၊ကျောင်းသားခေါင်းဆောင်တို့၏ ဦးဆောင်စီစဥ်ပေးမှုဖြင့် Majorအလိုက် အပျော်ခရီးများထွက်ရန် ပြုလုပ်ခဲ့ကြသည် ။

ကျောင်းသားတိုင်းက မလိုက်သူသိပ်မရှိဘဲ အကုန်နီးပါး ခရီးလိုက်ရန်အတွက် ECဆီမှာ စုပြုံလျက် စာရင်းပေးနေကြသည်ကို Taehyungသည် ထိုင်ကြည့်နေရင်း သူ့အနောက်ခုံမှ Jeon Jungkookဆီကိုလည်း မသိမသာလှည့်ကြည့်မိသည် ။

Jeon Jungkookက စာအုပ်ကိုသာ ငုံ့ကြည့်နေကာ ဆူညံလျက်ရှိသည့်ပတ်ဝန်းကျင်ကို အာရုံမထား ။

Taehyungသည် သူ့ဘက် အကြည့်မရောက်နေသည့် Jeon Jungkookကြောင့် စိတ်ညစ်ညူးစွာနှင့် ပင့်သက်ရှိုက်မိပြန်သည် ။

Taehyungဘက်က ကိုယ့်စကားနှင့်ကိုယ်မို့ crushကို မည်သည့်အကြောင်းပြချက်နှင့် စကားစရမည်မသိ ။

" Taehyung.. မင်းအစားပါ.. ငါ စာရင်းပေးခဲ့လိုက်မယ်..."

" အင်း.. ကျေးဇူး..."

Jiminကလည်း Majar Tripထွက်ရန်အတွက် စိတ်အားတက်ကြွနေကာ အတန်းသားတွေစုပြုံနေသော ECရဲ့ခုံဆီသို့ တိုးဝှေ့ဝင်သွားသည် ။

အင်း.. ဒီခရီးကို အားကိုးပြီး Jeon Jungkookဆီ ပြန်ချဥ်းကပ်ဖို့ နည်းလမ်းရှာရမှာပဲ..။

Taehyungက Jungkookဘက်ကို ကြည့်နေရာကနေ အရှေ့ကိုအကြည့်ပြန်လွှဲသွားခဲ့မှ စာအုပ်ဖတ်ဟန်ပြုနေသည့် Jungkook၏အကြည့်သည် Taehyungဘက်ကို ရောက်လာခဲ့သည် ။

စာသင်ခုံမှာ လက်ထောက်မှေးတင်ပြီး စိတ်ပျက်လက်ပျက်ဟန်နှင့် ပုံ့ပုံ့လေးထိုင်နေပါသည့် Kim Taehyung၏နောက်ကျောပုံရိပ်..။

Jungkookသည် ခဏကြာမျှငေးကြည့်နေမိပြီး သူ့၏စိတ်ထဲတွင် အတွေးများစွာဟာ ကူးလူးနေသည် ။

" သောကြာနေ့ညကို ကျောင်းမှာပဲစုမယ်နော်... ကလေးတွေ... "

" အော..."

Taehyungတို့Majorသည် အပျော်ခရီးကို Busanဘက်ရှိ Haeundaeကမ်းခြေသို့သတ်မှတ်ထားကာ သူတို့ကျောင်းသား၊ကျောင်းသူတွေနေထိုင်ဖို့အတွက်လည်း Hotelအခန်းများကို ကြိုတင်ဘိုကင်တင်ရန်အတွက် ECသည် ဆောင်ရွက်နေသည် ။

အတန်းချိန်ပြီး၍ Taehyungသည် အတန်းထဲကနေ Jiminနှင့်အတူမထွက်ခွာခင် Jeon Jungkookဘက်ရှိသည့် အနောက်ဘက်ကို သံယောဇဥ်မပြတ်စွာ လှည့်ကြည့်မိသေးလျှင် Jeon Jungkookက ဖြတ်ခနဲခေါင်းငုံ့ချသွားပြီး သူ့ကျောပိုးအိတ်ကိုသူ အသည်းအသန်ဇစ်ဆွဲပိတ်နေသည်ကို တွေ့လိုက်ရသည် ။

ဟူး.. ဒီcrushကောင်ကလည်း.. ကားတင်ပြေးလိုက်ရ မကောင်းရှိတော့မယ်...။
ခက်တာက သူ ကားမမောင်းတတ်သေးတာရယ် သူ့ထက်ဗလကြီးတဲ့crushကို မနိုင်လို့ရယ်ပေါ့..။

" သွားမယ်လေ.. Taehyung..."

" အင်း..."

Taehyungသည် crushထံကနေ အကြည့်လေးပြန်လွှဲလိုက်ပြီး စိတ်လက်မရွှင်လန်းစွာ Jiminနှင့်အတူ အခန်းထဲကနေ လိုက်ထွက်ခဲ့သည် ။

ထိုအခါမှ Jungkookက Taehyung၏နောက်ကျောပုံရိပ်ကို လှမ်းကြည့်သည် ။

Jungkookဘေးမှာရှိနေသည့် Mingyuကတော့ Jungkook၏အမူအရာတိုင်းကို ရှင်းရှင်းလင်းလင်း မြင်နေရ၍ စိတ်လေသလို ခေါင်းအသာယမ်းသည် ။

Kim Taehyungက သူ့ကိုကြည့်နေတော့ကျ မသိချင်ယောင်ဆောင်ကာ ဟိတ်ဟန်တစ်ခွဲသားနှင့်နေနေပြီး Kim Taehyungအလစ်မှာ ပြန်ကြည့်နေသည့် Jeon Jungkookကလည်း Kim Taehyungကို မကြိုက်ဘူးလို့ပြောရင် ဘယ်သူမှယုံမှာမဟုတ်ဘူး..။

" ရား.. ငါ ကြည့်ရင်းကြည့်ရင်းနဲ့... အမြင်မတော်လို့.. တစ်ခုတော့ ဝင်ပြောလိုက်ဦးမယ်.. မင်း မူမယ်ဆိုရင် ကြည့်ကျက်လည်း မူဦး.. Kim Taehyungက တခြားတစ်ယောက်နောက်ပါသွားမှ ငိုင်မကျန်ခဲ့နဲ့..."

Mingyu၏စကားကြောင့် Jungkook၏လှုပ်ရှားမှုသည် ခဏမျှတန့်သွားသည် ။

" ကြားလား... Jeon Jungkook..."

" အဲ့လို.. ဖြစ်စရာအကြောင်းမရှိလို့... စိတ်မပူနဲ့..."

သူ့အနားကနေမထွက်ခွာခင် Jungkookဆီကနေ ထွက်ကျလာသော စကားကြောင့် Mingyuသည် မျက်ခုံးအစုံပင့်သွားသည် ။

Jungkookကတော့ သူငယ်ချင်းတွေကိုလည်း စောင့်မနေတော့ဘဲ အတန်းပြင်ကိုထွက်လာခဲ့ကာ သူ့မြင်ကွင်းထဲမှာရှိနေသေးသော Kim Taehyung၏ပုံရိပ်ကို လှမ်းကြည့်နေခဲ့လေ၏ ။
.
.
.

Major Tripထွက်မည့်နေ့၌ ကျောင်းဝင်းထဲတွင် အဝေးပြေးကားနှစ်စီးသည် ထိုးဆိုက်ထားကာ Majorအဖွဲ့သားများသည် ပေါ့ပေါ့ပါးပါး အဝတ်အစားများနှင့် အထုပ်အပိုးများကို ကားပေါ်တင်ဆောင်နေကြသည် ။

Taehyungတွင်လည်း လက်ဂေ့ချ်တစ်လုံးနှင့်ကျောပိုးအိတ်တစ်လုံးပါလာကာ ကားနှစ်စီးအနက် မည်သည့်ကားကိုရွေးရမည်မသိသေး ။

သူ့၏crushက အခုထိမရောက်လာသေးသောကြောင့် ရွေးချယ်သည့်ကားမတူညီမည်စိုး၍ အပြင်မှာပင်ရပ်စောင့်နေကာ Jiminကလည်း Taehyungကြောင့် သူပါ လက်ဂေ့ချ်လေးဆွဲပြီး ရပ်စောင့်ကူနေရှာသည် ။

Taehyungတို့ရပ်စောင့်နေစဥ်အတွင်း Jeon Jungkookတို့အဖွဲ့သည် သူတို့အိမ်ကကား၏လိုက်လံပို့ဆောင်ပေးမှုဖြင့် ရောက်ရှိလာခဲ့သည် ။

ထိုအခါမှ Taehyungသည် ကိုယ့်ဟန်ကိုယ်ဖို့ရင်း Jungkookတို့ ဘယ်ကားကိုတက်မည်လဲ ကြည့်ရသည် ။

" EC... ဘယ်ကားက နေရာလွတ်သေးလဲ..."

" ဒီဘက်မှာက.. နှစ်ယောက်စာ... ဟိုဘက်မှာက.. ငါးယောက်လောက်.. မင်းတို့တွေပဲကျန်နေတာ.. တခြားသူတွေက နေရာယူထားကြပြီးပြီ..."

Jeon Jungkookတို့အဖွဲ့က လေးယောက်ရှိပြီး Taehyungတို့ကျနှစ်ယောက်ဖြစ်သောကြောင့် Taehyungတို့သူငယ်ချင်းတွေမှာ အတူမစီးရလောက်သည့်အခြေအနေ ။

" မင်း.. Jungkookတို့အဖွဲတက်တဲ့ ကားဘက်ကို.. လိုက်သွားလိုက်လေ.. ငါက ဒီဘက်ပဲတက်လိုက်မယ်.."

Jiminကတော့ Taehyungက Jeon Jungkookနှင့် အတူစီးချင်မှန်းသိ၍ သူက တစ်ဖက်ကားကို အလိုက်တသိနှင့်တက်သွားလျှင် Taehyungသာ ကျန်ရစ်ခဲ့သည် ။

" ကဲကဲ.. တက်ကြတော့.. လူစုံပြီဆိုတော့ သွားကြတော့မှာ.. ငါက ဒီဘက်တက်ပေးမယ်..."

ECကလည်း အလိုက်တသိနှင့် Jiminတက်သွားသည့်ကားပေါ်ကို လိုက်တက်သွားသည်ကြောင့် Taehyungသည် မျက်နှာပူပူနှင့် crushကောင်တက်သွားသည့် ကားပေါ်ကိုလိုက်ခဲ့နိုင်သည် ။

ကားပေါ်ကိုရောက်တော့ နှစ်ယောက်ထိုင်ခုံလေးတွေလွတ်နေသည်ဖြစ်၍ Jungkookက ကားပြတင်းပေါက်ဘေးကထိုင်ခုံတွင်ဝင်နေရာယူလိုက်သည် ။
သို့သော် သူ့ဘေးကခုံလေးသည်တော့ နေရာအလပ်ထားပေးခြင်းခံရကာ Jungkook၏သူငယ်ချင်းတွေကလည်း တခြားထိုင်ခုံအလွတ်တွေမှာ အသီးသီးနေရာယူသွားပေးကြသည် ။

" ဟူး..."

လှုပ်ရှားနေသည့်စိတ်အစဥ်ကြောင့် လေပူလေးမသိမသာမှုတ်လိုက်ရကာ Taehyungသည် ကျောပိုးအိတ်လေးကိုဆွဲပြီး ဖြစ်ချင်ရာဖြစ်ဆိုပြီး Jungkookထိုင်နေသည့်ဘေးကခုံနေရာအလွတ်မှာ မျက်စိစုံမှိတ်ပြီး ဝင်ထိုင်ချလိုက်သည် ။

Jungkookက Taehyungဘက်ကို အကြည့်မရောက်နေပေမယ့်လည်း သူ့ဘေးမှာဝင်ထိုင်လာသည့်ကိုယ်ငွေ့ကြောင့် နှုတ်ခမ်းထောင့်စွန်းဟာ မသိမသာ ကွေးညွှတ်သွားသည် ။

" ဟိုင်း...."

Taehyungသည် မိမိဘက်ကနေပင် Crushကို စကားပြန်ပြောရန်လမ်းစပျိုးသည့်အနေဖြင့် နှုတ်ဆက်လိုက်သည် ။

" ဟိုင်း...."

Taehyungကို ပြန်လည်နှုတ်ဆက်လာသည့် Jeon Jungkook..။
ထိုအခါကျမှ Taehyungဟာ ရင်ထဲကအပူလုံးကြီး ​လျော့ကျသွားလျက် စိတ်လက်ကြည်သာစွာ အပြုံးပန်းပွင့်နိုင်သည် ။

အမှန်ဆို crushက သူ့ကို အရေးမစိုက်တော့ဘဲ ခပ်တန်းတန်းဆက်ဆံလာမည် စိုးရိမ်ခဲ့တာ..။

" သီချင်း နားထောင်မလား..."

Taehyungသည် ကားကစတင်ထွက်ခွာသည်နှင့် ကျောပိုးအိတ်ကနေ နားကြပ်ကြိုးကိုထုတ်ကာ ဖုန်းမှာတပ်လိုက်ပြီး သူ့ဘေးက crushကို ကမ်းပေးလိုက်သည် ။

" အင်း..."

Taehyungကမ်းပေးသည့် နားကြပ်ကြိုးလေးကို အကြည်တသာပင်လှမ်းယူပြီး ဘယ်ဘက်နားလေးတွင်တပ်ဆင်လိုက်ပါသည့် Jeon Jungkookကြောင့် Taehyungသည် တိတ်တဆိတ်လက်သီးလက်မောင်းတန်းမိသွားရသည် ။
ဒီလောက်ဆို သူနှင့်crush၏အခြေအနေက မဆိုးဟုပြောရမည် ။

Crushနှင့် သီချင်းအတူနားထောင်သည့်အခွင့်အရေး ရလိုရငြား သူ့ခံစားချက်နှင့်တိုက်ဆိုင်သော အချစ်သီချင်းများစွာကို ကြိုတင်၍ရှာဖွေထားခဲ့သည်က အလုပ်ဖြစ်မြှောက်သွားခဲ့ကာ Taehyungသည် ခရီးလမ်းတလျှောက် Jeon Jungkookနှင့် နားကြပ်တစ်ဖက်ဆီတပ်၍ သီချင်းနားထောင်လာခဲ့တော့သည် ။

ည ၇နာရီထိုးခါနီးလောက်၌ Busan၏Haeundaeကမ်းခြေအနီးအနားက ECစီစဥ်ပေးထားသော Hotelသို့ ဆိုက်ရောက်ခဲ့ကာ နှစ်ယောက်တစ်ခန်းနေရသည် ။

Taehyungနှင့် Jiminက တစ်ခန်းနေကာ Jungkookကတော့ Mingyuနှင့်နေသည် ။

" မီးပုံပွဲလုပ်ပြီး... တပျော်တပါး ဂိမ်းတွေဆော့ စားပွဲသောက်ပွဲလုပ်ကြမှာမို့... ၈နာရီ ပြန်ဆုံကြမယ်နော်...."

" Nae!!..."

တာဝန်ခံဆရာမ၏စကားကို တက်ညီလက်ညီဖြေဆိုကြပါသည့် Majarက အတန်းသူ၊အတန်းသားတွေ..။

Taehyungတို့သည် မိမိနေရသည့်အခန်းတွင်း၌ အထုပ်အပိုးတွေဖြည်ကာ ရေမိုးချိုး အဝတ်အစားလဲပြီး အပြင်ကိုပြန်ထွက်လာခဲ့ကြသည် ။

Hotel၏အရှေ့မှာ ဘူဖေးသဖွယ် ပင်လယ်စာများပြင်ဆင်ပေးထားကာ ထင်းစများနှင့်ဖိုထားသော မီးပုံသည်လည်း အလျှံတရဲရဲ ။

Taehyungသည် ကြိုက်နှစ်သက်ရာ ပင်လယ်စာများကိုရွေးစားနေကြသော အတန်းသားများထဲ ယောင်လည်လည်လေးနှင့် Jeon Jungkookကိုစောင့်မျှော်နေကာ Jeon Jungkookရောက်လာပြီဆိုမှ Jeon Jungkook၏ဘေးတွင် ညာတာပါတေးနှင့်နေရာယူလိုက်သည် ။

Jungkookက သူ့ဘေးကိုရောက်လာသော Taehyungကြောင့် ကျေနပ်နှစ်သက်သည့်အပြုံးရေးရေးလေးမှာ လစ်ခနဲ ။

သူတို့နှစ်ယောက်သည် အစားစားတော့လည်း ဘေးချင်းယှဥ်လျက်သားအနေအထားဖြစ်ကာ ဂိမ်းများကစားကြတော့လည်း ဘေးချင်းထိုင်လျက်အနေအထား ။

Majorတစ်ခုလုံးကလည်း Taehyung၏Jungkookအပေါ်ထားရှိသောစိတ်ကိုသိ၍ Taehyungပင် တကူးတကလုပ်ယူစရာမလိုဘဲ Taehyungကို Jungkookဘေးမှာထိုင်လို့ရစေရန် အရောက်ကိုပို့ပေးသည် ။

ဂိမ်းအစီအစဥ်တွင် မဲနှိုက်သည့်အစီအစဥ်လည်း ပါဝင်ပြီး အလှည့်ကျ တစ်ဦးချင်း မဲထွက်နှိုက်သည့်အခါ Taehyungက ဝက်ဝံရုပ်လေးပေါက်ပြီး Jeon Jungkookကျ keychainလေး မဲပေါက်သည် ။

Majorအဖွဲ့သားတွေသည် တပျော်တပါးနှင့် မီးပုံပွဲကိုနွှဲနေကြရာ အသောက်အစားလေးလည်းပါသည်မို့ သောက်ကြ၊မူးကျ၊အော်ဟစ်သီချင်းဆိုကျနှင့် ပျော်တော့ပျော်စရာ ။

Taehyungကတော့ မသောက်နိုင်၍ သောက်စားခြင်းမရှိပေမယ့် သီချင်းကိုတော့ အတန်းသားတွေနှင့်အတူ သံပြိုင်လိုက်လံသီဆိုနေစဥ် Jungkookက Taehyung၏လက်မောင်းကိုအသာတို့သည် ။

" ဟင်?.."

" ကမ်းခြေဘက်... လမ်းခဏလျှောက်ကြမလား..."

Jeon Jungkookဘက်ကနေ စတင်ခေါ်ဆိုမှုကြောင့် Taehyungသည် စိတ်လှုပ်ရှားမှင်သက်သွားမိပြီးမှ ခေါင်းလေးညိတ်ပြမိလိုက်သည် ။

သူတို့နှစ်ယောက်သားသည် ဆူညံစွာနှင့်အော်ဟစ်သီဆိုပျော်ပါးနေကြသော အတန်းသားတွေအနားကနေ ထထွက်လာခဲ့ကာ ကမ်းခြေဘက်ကိုလမ်းလျှောက်ထွက်ခဲ့ကြသည် ။

ညအချိန်ဖြစ်၍ အဆောက်အဦးဘက်ကအလင်းရောင်အချို့နှင့်လမ်းမီးအချို့ကသာ ပင်လယ်ကမ်းခြေဘက်ဖြာကျနေကာ ကမ်းခြေဘက်ကိုရိုက်ခတ်နေသောလှိုင်းပုတ်သံအချို့နှင့် ပင်လယ်လေသံခပ်ကြမ်းကြမ်း..။

Taehyungက ဒူးအတိဘောင်းဘီနှင့် Hoodieအဖြူရောင်လေးဝတ်ဆင်ထားကာ Jungkookကတော့ အနက်ရောင်အားကစားဘောင်းဘီနှင့် လက်ရှည်တီရှပ်ဖြစ်သည် ။

စကားသံတို့တိတ်ဆိတ်နေကြသည့် သူတို့နှစ်ဦးသည် ရင်ခုန်သံတို့က တစ်ယောက်ရင်ခုန်သံတစ်ယောက်ကြားရလောက်သည်အထိ လှုပ်ရှားနေခဲ့ကာ Jungkookဘက်ကနေ တိတ်ဆိတ်မှုကိုစတင်ဖြိုခွင်းလိုက်သည် ။

" Taehyung ssi..."

" အော..."

" ဒါလေး... လက်ဆောင်ယူလိုက်..."

Jungkookသည် မည်သို့စကားစရမည်မသိသောကြောင့် ဂိမ်းကစားခဲ့စဥ်တုန်းက သူ မဲပေါက်သည့်keychainကို ဘောင်းဘီအိတ်ကပ်ထဲကနေထုတ်ပြီး Taehyungကိုကမ်းပေးလာသည် ။

Taehyungသည် ယောင်တောင်တောင်လေးနှင့်ယူလိုက်ရပြီး နှလုံးသားသည်ပေါက်ကွဲမတတ်ခုန်ပေါက်နေသည်ကြောင့် မနည်းစိတ်လျှော့နေရသည် ။

" ဟို... ငါ... ပြောစရာ ရှိတယ်..."

" အင်း.. ပြောလေ...."

လျှောက်လှမ်းနေရာမှ ခြေစုံရပ်လိုက်သည့်Jungkookဘေးတွင် Taehyungသည်လည်း ကိုယ်ရှိန်ကိုသပ်လိုက်ရသည် ။

Jungkookက သူ့ဘေးက Kim Taehyungဘက်ကိုလှည့်လိုက်ကာ မျက်နှာချင်းအနေအထားဖြစ်သွားလျှင် ပါးမို့မို့က သိသိသာသာပင် အနီပြေးနေသော Kim Taehyungကို ရှက်ရိပ်အနည်းငယ်သန်းလျက် စိတ်လှုပ်ရှားသည့်ဟန်နှင့်ကြည့်လာခဲ့သည် ။

" ငါ... မင်းကို... သဘောကျတယ်...

You are reading the story above: TeenFic.Net