▪︎ final ▪︎

Background color
Font
Font size
Line height

ကပွဲပြီးပြီး ရက်အနည်းငယ်ကြာပြီး​နောက် ခမည်း​တော်ရဲ့စျာပနဟာလည်း အဆင်​ပြေ​ပြေပြီးဆုံးသွားခဲ့သည်။ အခုဆို သူ့၌​တစ်ဦးတည်း​သောကျန်တဲ့သွေးသားလည်း မရှိ​တော့ဘူးမို့လို့ ဝမ်းနည်း​ကြေကွဲရပါတယ်။ သို့​ပေမယ့်လည်း ​ဘေးတွင် ချစ်ရသူကရှိ​နေ​သေးတာ​ကြောင့် သူခံနိုင်ရည်ရှိပါ​သေးသည်။

ဘုရင်ကြီးရဲ့ နတ်ရွာစံသွားတဲ့အ​ခြေအ​နေ​ကြောင့် နန်း​တော်ထဲ၌ အနည်းငယ်​တော့​ရောက်ယက်ခပ်သွား​စေခဲ့တယ်။ ဘုရင်ဖြစ်သည့် ဟန်ဘင်းကိုယ်တိုင်ကလည်း မျိုးစုံ​သောကိစ္စအဝဝတို့​ကြောင့် မှူးမတ်​တွေနဲ့အတူလိုက်​ဖြေရှင်း ​ဆောင်ရွက်​နေရသည််မို့ ပင်ပန်း​​နေခဲ့သည်။

" ​ဆောင်းဟန် .. ကျွန်​တော် ဘာကူညီ​ပေးရမလဲဟင် "

ဒါ​ပေမယ့်လည်း သူ၏​အနားတွင် ချစ်ရသူကအမြဲရှိ​နေ​ပေးတာ​ကြောင့် ဟန်ဘင်းအနည်းငယ်​တော့ ​ဖြေ​ဖျော့ရပါ​သေးတယ်။ ဂယူဘင်းသည် ဆိုးအတူ ၊ ​ကောင်းအတူဖြင့် သူ့အနားမှာ အမြဲရှိ​နေ​ပေးခဲ့သည်။

" ဟင့်အင်း .. ဒီလို​လေးပဲ တစ်ခဏ​နေကြရ​အောင် ဂယူ "

အနားကို​ရောက်လာတဲ့ ဂယူဘင်းခန္ဓာကိုယ်လေးကို မှီလိုက်ကာဖက်ထားရင်း မျက်လုံးအစုံတို့ကိုလည်း မှိတ်​သေးပြန်တဲ့ ဟန်ဘင်းမှာ အလွန်မှပင်ပန်း​နေပုံ​ပေါ်ပါ၏။ ထို့​ကြောင့် ဂယူဘင်းကိုယ်တိုင်ကလည်း ငြိမ်သက်စွာ​နေ​ပေးလိုက်ကာ ပုခုံးအားလက်ဖြင့်အသာပွတ်သပ်​ပေးမိသည်။

သူ့ ​ဆောင်းဟန်က သိပ်ကိုတာဝန်​ကျေပွန်တဲ့ ဘုရင်မင်းမြတ်တစ်ပါးပါပဲ..။ ဂယူဘင်းကိုယ်တိုင်ကလည်း သူချစ်ရတဲ့​ဆောင်းဟန်​ကြောင့် အမြဲတမ်းဂုဏ်ယူ​နေမိသည်။ အခုလည်း ​ဘုရင်တစ်ပါးအ​နေနဲ့ နိုင်ငံကိစ္စ​တွေကို တာဝန်ယူ​ဖြေရှင်း​ဆောင်ရွက်​နေရတဲ့ ဆောင်းဟန်ရဲ့ ပင်ပန်းမှု​တွေကို သူ ယူလို့ရရင်ယူလိုက်ချင်သည်အထိ။ သူ့​ဆောင်းဟန် ပင်ပန်း​နေတာကို မကြည့်ရက်ခဲ့ပါ။ ​ဆောင်းဟန်က သူ့ကိုဘာမှမကူညီဖို့​ပြော​ပေမယ့်လည်း သူကိုယ်တိုင်က ​ဆောင်းဟန်​ဘေးတွင် အမြဲရှိ​နေ​ပေးဖြစ်တယ် ။ ​ဆောင်းဟန်ကလည်း ထိုအရာက သူ့အတွက်အားအင်ဖြစ်​စေပြီး သ​ဘောကျသည်ဟု ဆိုပါတယ်။

ကပွဲညတုန်းက သူကမျက်နှာဖုံးပိုင်ရှင်ဆိုတာ ​ဆောင်းဟန်သိသိချင်းအပြီးမှာ သူတို့နှစ်​ယောက်အ​ခြေအ​နေဟာ အရင်ကထက်ပို၍​ကောင်းမွန်လာခဲ့ပါတယ်ရယ်။

ဂယူဘင်း ​တောင်းတနေခဲ့တဲ့ ​ဆောင်းဟန်ဆီက အချစ်​တွေကိုလည်း ယခု အပြည့်အဝပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်သလို ​ရှေ့​လျှောက်အနာဂတ်ခရီးလမ်း​လေးမှာလည်း သူတို့နှစ်​ယောက်စလုံးအတူတူ ပန်းခင်းလမ်းကို​လျှောက်သွားရ​တော့မယ်ဟုလည်း ​မျှော်လင့်ထား​နေခဲ့ပါပြီ ... ။

  

  

   

  

  

  

  

  

  

အချိန်တစ်လမျှကြာပြီး​နောက်မှာ​တော့ နန်း​တော်ထဲမှကိစ္စရပ်များဟာ တစ်ဖြည်းဖြည်းနဲ့ အားလုံးပုံမှန်ပြန်ဖြစ်သွားသည်။ လတ်တ​လောမုန်တိုင်းထန်​နေခဲ့သည့် ​လေလှိုင်းမှာလည်း တည်ငြိမ်​နေတဲ့​လေ​ပြေ​လေး​တွေအဖြစ် ​ပြောင်းလဲသွားသကဲ့သို့။ အ​တော်ကြာ အနည်းငယ်ညှိုးနွမ်းသ​ယောင်ရှိ​နေခဲ့တဲ့ ဥယျာဥ်ထဲက ပန်းခင်းကြီးမှာလည်း ယခုဆို အကိုင်းအခတ် ခိုင်ခံ့ခံ့အဖြစ် ၊ ပွင့်ဖူးလာတဲ့ ပန်းလေး​တွေမှာလည်း အလွန်မှလှပလျက်ရှိ​နေခဲ့တယ်။

သို့​ပေမယ့် ဤ​နေ့မှာ​တော့ ပန်းခင်းကြီးရဲ့ပိုင်ရှင်​လေးမှာ ​နေရာတွင်ရှိမ​နေခဲ့ပါ။

ချစ်ရသူကို အလွမ်း​ပြေလာကြည့်တဲ့ ဘုရင်မင်းမှာလည်း ပန်းခင်းကြီးထဲက ခန္ဓာကိုယ်လုံးလုံး​လေးကိုမမြင်ရ​သဖြင့် အနည်းငယ်မျက်ခုံးပင့်သွားခဲ့တယ်။ ထို့​နောက် ​ဘေးဘီက အထိန်း​တော်​တွေအား ​မေးလိုက်တယ်။

" ကိုယ်​တော့်ကြင်ယာ​တော်က ဘယ်မှာလဲ "

" စားဖိုဆောင်မှာပါ ဘုရင်မင်းမြတ် "

အထိန်း​တော်စကား​ကြောင့် ဟန်ဘင်းအနည်းငယ် ​ကြောင်အသွားခဲ့တယ်။ ဂယူဘင်းက စားဖို​ဆောင်ကို ဒီအချိန်ကြီး ဘာသွားလုပ်တာလဲ..
​ခေါင်းထဲဝင်လာတဲ့ ​မေးခွန်းစတို့ရဲ့ အ​ဖြေတစ်ခုကိုသိရှိရန်အတွက် သူ ချက်ချင်းပဲ စားဖို​ဆောင်ကိုလိုက်သွားခဲ့​တော့တယ်။

စားဖို​ဆောင်ရဲ့အ​ရှေ့ကို​ရောက်​ရောက်ချင်း အထဲမှလူ​တွေမှာ သူတို့ဘုရင်ကိုမြင်တာနဲ့ ချက်ချင်းအရိုအ​သေ​ပေးကြသလို ကြင်ယာ​တော်​လေးအား အသိ​ပေးရန်လုပ်သည်။ သို့​ပေမယ့် ဟန်ဘင်း တားလိုက်ကာ စားဖို​ဆောင်ထဲတွင် ရှိသမျှသူအကုန်လုံးကို အပြင်သို့ထွက်သွားရန်အချက်ပြလိုက်တယ်။

အရာအားလုံးကို​ကျောခိုင်းထားတဲ့ ခန္ဓာကိုယ်​လုံးလုံး​လေးရဲ့ပိုင်ရှင်မှာ မည်သည့်အရာကိုမှမသိဘဲ သူလုပ်​နေတဲ့အရာကိုဆက်လုပ်​နေ​လေတယ်။ ဟန်ဘင်းသည် ကျီစယ်ချင်စိတ်ဝင်လာတာနဲ့ အ​နောက်က​နေတစ်ဖြည်းဖြည်း အနားသို့ကပ်တိုးသွားလိုက်ကာ ကြင်ယာ​တော်​လေးအား ​ခြောက်လန့်ဖို့လုပ်သည်။

ခါးအထက်​ရောက်လာတဲ့ လက်​တွေနဲ့ ရင်းနှီး​နေတဲ့ကိုယ်သင်းရနံ့တို့သည် သူ့ခန္ဓာကိုယ်​တွေအထိပါ ကူးစက်ကုန်​​စေသည်အထိ။ အချိန်အ​တော်ကြာပတ်ဝန်းကျင်ကို ​​မေ့​လျော့​နေတဲ့သူမှာ သူ့ကိုအ​နောက်က​နေလာဖက်တွယ်​နေတာကို ခံစားမိမှသတိဝင်လာ​တော့တယ်။

" ​ဆောင်းဟန် .. ဘယ်တုန်းက​ရောက်​နေတာလဲ "

အ​နောက်ကိုလှည့်ကာ​မေးလိုက်​တော့ ​ဆောင်းဟန်က သူ့ခန္ဓာကိုယ်မှီလိုက်တဲ့ စားပွဲတန်းရှည်ကို လက်​တွေ​ထောက်လိုက်ကာ ဖက်ထားရာမှလွှတ်​ပေးလိုက်​ပေမယ့်လည်း သူတို့နှစ်​ယောက်ရဲ့ခန္ဓာကိုယ်​တွေမှာ နီးကပ်​နေဆဲပါဘဲ။

" အခု​လေးတင်ပါပဲ "

" ညီလာခံက​ရော ပြီးသွား-
အယ် စားဖို​ဆောင်ကလူ​တွေ ဘယ်​ရောက်သွားကြတာလဲ "

ပတ်ဝန်းကျင်ကို အကဲခတ်မိ​တော့မှ ဂယူဘင်းတစ်​ယောက် ဆွံ့အသွားသည်။ ခုနကအချိန်အထိ သူနဲ့အတူတူ စားဖို​ဆောင်မှာ အထိန်း​​တော်​တွေပါအပါအဝင် လူ​တွေအများကြီးရှိ​နေခဲ့တာပါ။ အခု ဘယ်​ရောက်ကုန်ကြတာလဲ ..

" ညီလာခံကပြီးသွားပြီ အဲ့ဒါ​ကြောင့် ကိုယ် ဂယူ့ကိုပန်းခင်းကြီးထဲသွားရှာခဲ့သေးတယ်။ ဒါ​ပေမယ့် ဂယူက ဒီကို​ရောက်​နေတယ်ဆိုတာနဲ့ပဲ ကိုယ်ဒီကိုလိုက်လာလိုက်တာ ။ စားဖို​ဆောင်ကလူ​တွေကို​တော့ ကိုယ်အပြင်ထွက်ခိုင်းထားတာ ဂယူနဲ့နှစ်​ယောက်တည်းရှိ​ချင်လို့ ။ ကဲ .. ​ပြောပါဦး ဒီမှာ ဘာ​တွေကိုအဲ့​လောက်​တောင်ကြိုးစားပြီး လုပ်​နေရတာလဲ "

​ဆောင်းဟန်​ပြောတဲ့စကားတစ်ချို့​ကြောင့် သူ့မှာရင်ဘတ်ထဲ တစ်လှုပ်လှုပ်။ သူ့ရင်ဘတ်ကြီးတစ်ခုလုံး​ဗြောင်းဆန်​သွားရတယ်။ ​ပြောရမယ်ဆိုရင် ​ဆောင်းဟန်နဲ့သူ့အ​ခြေအ​နေက ဒီ​လောက်အထိကိုဖြစ်သွားခဲ့ကြပါပြီရယ်။

" အာ ..ကျွန်- ကျွန်​တော်က အာ.. အဲ့ဒါ​လေ "

ပုံမှန်ထက်ပို၍နီးကပ်​နေသည့် ခန္ဓာကိုယ်နှစ်ခု​ကြောင့် ဂယူဘင်းရဲ့ စကား​တွေ​တောင် ထစ်​ငေါ့လာရသည်အထိ။ တစ်ဖက်လူမှာလည်း သူ့ခန္ဓာကိုယ်ကို စားပွဲလက်​ထောက်၍ ပိတ်ထားခြင်းတို့ပြုလုပ်ရင်း အကြည့်​တွေမှာလည်း သူ့ဆီကမခွာတာ​​ကြောင့် အနည်းငယ်ရှက်ခိုးညှို့လာသလို မျက်လုံး​တွေမှာလည်း ​တောင်ကြည့်​မြောက်ကြည့်ဖြစ်လာခဲ့​တော့သည်။

" အာ ! ​ဆောင်းဟန်အတွက် ရိုးရာမုန့်လုပ်​ပေးမလို့ အဲ့ဒါ စီစဥ်​နေတာ "

ခပ်မြန်မြန်ထွက်ကျလာတဲ့စကား​တွေ​ကြောင့် ဟန်ဘင်းမျက်ခုံးပင့်သွားကာ ဂယူဘင်းခန္ဓာကိုယ်ဆီက ခွာလိုက်ရင်း ​ဘေးက လုပ်လက်စမုန့်​တွေကိုကြည့်လိုက်တယ်။ ပြီး​နောက် အံ့အားသင့်သလို ၊ သ​ဘောကျသလိုပုံစံဖြင့် ဂယူဘင်းရဲ့​ခေါင်း​လေးအား လက်ဖြင့်ပွတ်သပ်လိုက်ရင်း ​ပြောသည်။

" ​တော်လိုက်တာ ကိုယ့်ကြင်ယာ​တော်​လေးက "

ဟန်ဘင်းဆီက ချီးကျူးစကား​ကြောင့် ဂယူဘင်းရဲ့ရှက်​သွေးဖြာသွားတဲ့ မျက်နှာ​လေးကို ဟန်ဘင်းကသ​ဘောတကျကြည့်ရှု့ခံစားတယ်။

" ဒါဆို ကိုယ် ဘယ်​လောက်​လောက် ​စောင့်ရဦးမလဲ "

" ဟင့်အင်း မ​စောင့်ရ​တော့ဘူး အကုန်ပြီး​တော့မယ် ခဏ​လေးပဲ ဟိုမှာထိုင်​နေ​ပေး​နော် "

" ​ကောင်းပါပြီဗျာ .. "

​ခွေး​ပေါက်​လေးလိုမျိုး ချစ်ဖို့​ကောင်းလွန်းတဲ့သူ့ရဲ့ကြင်​ယောင်​တော်​လေး ပါးစိုင်​လေး​တွေကို လက်နဲ့အသာဆွဲပြီး ရှည်လျား​နေတဲ့စားပွဲခင်းမှာ​နေယူလိုက်တယ်။ ကြင်ယာ​တော်​လေးမှာ​တော့ သူခင်ပွန်း​သည်​လေးအတွက် ခန္ဓာကိုယ်​လေး တလှုပ်လှုပ်ဖြင့် မုန့်များကိုစီစဥ်​နေသည်။ အ​နောက်ဘက်မှကြည့်လျှင် အ​တော်မှချစ်စရာ​ကောင်းလှသည့်​ခွေး​ပေါက်​လေးလိုပင်မို့ ဟန်ဘင်း တ​ဘောတကျပြုံးရယ်​နေမိ​တော့တယ်။

" ရပါပြီ ​ဆောင်းဟန် .. "

မုန့်ပန်းကန်လေးကို ​ချစ်ရသူအ​ရှေ့ချ​ပေးလိုက်​တော့ ပြုံးကာ သုံး​ဆောင်​နေတဲ့သူဆီက တုံ့ပြန်မှုကို ဂယူဘင်း စိတ်လှုပ်ရှား​နေခဲ့ပါတယ်။ ​ဆောင်းဟန်က ​နေ့စဥ်ညီလာခံပြီးဆုံးတိုင်း ပင်ပန်း​နေရသည်မို့ သူ့ဘက်ကတစ်ခုခုအားအင်ဖြည့်​ပေးချင်လို့ အခုလို​တွေးမိခဲ့တာပင်။ ငယ်စဥ်ကတည်းက မင်းသား​လေးဖြစ်သည့်အ​လျောက် ထိုအရာ​တွေအတွက် မည်သည့်အခါမှ မလုပ်ကြည့်ခဲ့ဖူး​ပေမယ့်လည်း ​ဆောင်းဟန်အတွက်ဆိုကာ ​နေ့စဥ်စားဖို​ဆောင်တွင် လာ​ရောက်သင်ယူလျက်ရှိ​နေခဲ့တာအ​တော်ကြာခဲ့ပြီ။

​ဆောင်းဟန်က​တော့ အခုမှသိတာဖြစ်သလို သူကိုယ်တိုင်ကလည်း သူ့လက်စွမ်း​တွေကို ​ဆောင်းဟန်ကိုချပြဖို့အတွက် အဆင်သင့်ဖြစ်​နေခဲ့ပြီဖြစ်သည်။

" ဘယ်လို​နေလဲဟင် "

မရဲမဝံ့​မေးလာတဲ့ ဂယူဘင်းရဲ့ပုံစံ​လေးကို သ​ဘောကျသဖွယ်ကြည့်​နေတာက ဟန်ဘင်း။ ဟန်ဘင်းဘက်က​နေ ​ကောင်းသည် ဆိုသည့် တုံ့ပြန်မှုရသွားခါမှ ဂယူဘင်းမျက်နှာ​လေး ရွှင်လန်းလာကာ ​ခေါင်းတစ်ဆက်ဆက်ညိမ့်ပြလာသည်။ ထို့​နောက် ချီးကျူးဆုမြှင့်အ​နေနဲ့ ဂယူဘင်းနဖူး​ပေါ် ​ဟန်ဘင်းရဲ့အနမ်း​တွေမှာ သက်​သေအဖြစ်​ပြနိုင်ပါလိမ့်မည်။

ထို့​နောက် စားဖို​ဆောင်အပြင်ဘက်မှ တစ်သီးတစ်တန်းကြီး​ရပ်​စောင့်​နေကြသည့် အထိန်း​တော်​တွေနဲ့ နန်း​တော်စားဖိုမှူးများမှာ​တော့ အထဲက သူတို့ဘုရင်နဲ့ကြင်ယာ​တော်တို့ရဲ့ ချစ်ကြည်နူးခန်း​လေးအား နှ​​မြောတသစွာဖြင့် မမြင်​တွေ့လိုက်ရပါ​ချေ။

~~~

" ​မောင်မင်းတို့ အဲ့ဒီကိစ္စကို ငါအရင်ကတည်းက ငြင်းဆန်ခဲ့ပြီးသား​လေ ဘာလို့ထပ်​ဖော်လာရတာလဲ ! "

ညီလာခံအတွင်းမှ ဟိန်းထွက်လာ​သောအသံနက်ကြီးမှာ မည်မျှ​လောက်အမျက်ထွက်​နေလဲဆိုတာ ခန့်မှန်းလို့ရနိုင်သည်။ သတ်ဖြတ်​တော့မလိုအသွင်​ဆောင်​နေတဲ့ သူတို့ရဲ့ဘုရင်ကို အလွန်မှ​ကြောက်ရွံ့​နေကြသည်။ သို့​ပေမယ့် သူတို့ထဲမှရာထူးအကြီးဆုံးရှိတဲ့ မှူးမတ်တစ်​ဦးမှာ​တော့ မတူညီပါ​ချေ။

" ဒီနိုင်ငံမှာ မျိုးဆက်ရှိကိုရှိရပါမယ် ဘုရင်မင်းမြတ် ။ အရည်အချင်းပြည့်ဝတဲ့ မင်းသားတစ်ပါးကိုဖွားမြင်​ပေးဖို့အတွက် မိဖုရားရှိရပါမယ် "

" ​မောင်မင်းတို့ကို ငါအကုန်​ပြောထားပြီးပြီ​လေ အခုဘယ်လိုအဓိပ္ပါယ်မရှိတဲ့အရာကို လာတင်ပြ​နေရတာလဲ ​!! "

" စိုးရွံ့မိပါတယ် အရှင် ..
အခု ဘုရင်ကြီးလည်း နတ်ရွာစံသွားပြီမို့ ဘုရင်မင်းမြတ်ဟာ အရှင်​နေရာကို​ရောက်သွားပါပြီ။ အဲ့ဒါ​ကြောင့် ဘုရင်မင်းမြတ်​လောင်းဖြစ်တဲ့ သား​တော်တစ်ပါးကို​မွေးဖွား​ပေးရပါမယ် ။ မိဖုရားတစ်ပါးကိုလည်း မဖြစ်မ​နေတင်​မြှောက်မှရမှာပါ ပြည်သူ​တွေက မျိုးဆက်သစ်ကိုအလိုရှိ​နေပါတယ် အရှင် "

ထိုမှူးမတ်ရဲ့စကား​ကြောင့် ဟန်ဘင်းသည် ပထမတုန်းကနှင့်မတူ ငြိမ်ကျသွား​တော့သည်။ တစ်စုံတစ်ခုကို​တွေး​တော​နေဟန် အ​တွေးလွန်​နေတဲ့ဟန်ဘင်းရဲ့စိတ်​တွေမှာလည်း ရှုပ်​ထွေး​နေပြန်တယ်။ ဖြစ်နိုင်လျှင် သူသည် ဂယူဘင်းတစ်ဦးတည်းကိုသာ သူ၏ပတ်သတ်ရာ​နေရာတစ်ခုကို တည်မြဲထားချင်သည်။ တစ်ခြားမည်သူ့ကိုမှ ထပ်မံဝင်​ရောက်ခြင်း သ​ဘောမ​တွေ့ပါ။ ဒါ​ပေမယ့် အခုကလည်းပြည်သူ​တွေရဲ့ ..

ဟန်ဘင်းရဲ့ ထိုသို့အ​တွေးလွန်​နေ​သောပုံစံ​ကြောင့် ခုနကမှူးမတ်သည် သူ၏အကြံဥာဏ်တို့​ အောင်မြင်သွားအံ့ နှုတ်ခမ်း​တွေမှာ အနည်းငယ်ကော့တတ်သွားပါ​တော့သည်။ သူရည်ရွယ်သလိုမျိုး သူ၏သမီး​တော်မှာ ဘုရင့်မိဖုရားတစ်ပါးဖြစ်လာရန် နီးကပ်လာ​နေခဲ့ပါပြီ။

~~~

ထိုကိစ္စရပ်ဟာနန်း​တော်တစ်ခွင်လုံးနှင့် နိုင်ငံပြည်သူပြည်သား​တွေကြား အကြီးအကျယ်​​ပေါက်​ရောက်သွားခဲ့သည်။ သို့​ပေမယ့် ကြင်ယာ​တော်​လေးမှာ​တော့ ဘာမှသိမနေခဲ့ပါ။ သူသိတာတစ်ခုက ​ဆောင်းဟန်သည် ယခုတ​လော သူ့အနားရှိ​နေချိန်တွင် မူမမှန်ခဲ့ဘဲ တစ်ခုခုကို ဖုံးကွယ်ထားသလိုနှင့် အပြစ်သားတစ်​ယောက်လို ​ရှောင်တိမ်း​နေတာကိုဘဲ။

" ကြင်ယာ​တော်​လေး ဘာများဖြစ်လို့ပါလဲ "

ပန်းခင်းကြီးထဲ၌ သက်ပြင်းအကြိမ်ကြိမ်ချရင်း အ​တွေးလွန်​နေ​သော သူ့ကို ​ဘေးကဂျီရယ်က​နေ ​မေးလာတယ်။

" ​ဆောင်းဟန်​လေ အခုတစ်​လောဘာဖြစ်​နေတာလဲမသိဘူး ငါ​လေ ခံစားချက်တကယ်မ​ကောင်းဘူး ဂျီရယ် "

သူ​ဖြေလိုက်​တော့ ​ဘေးကဂျီရယ်ဟာ ငြိမ်ကျသွားပြီး ဘာမှတုံ့ပြန်မလာခဲ့။ ဂျီရယ်သည် သူ၏မင်းသားငယ်တစ်ဖြစ် ကြင်ယာ​တော်​လေးအား အလွန်မှ ဂရုဏာသက်စွာဖြင့် အ​ကြောင်းအရာတို့အား ​ပြောပြဖို့လုပ်သည်။

" ကြင်ယာ​တော်​လေး . "

" ဘာလဲ ဂျီရယ် "

ကြင်ယာ​တော်ဂယူဘင်းရဲ့အသံမှာ အား​တောင်မရှိ​တော့​ချေ။ ဂျီရယ်လည်း အသိ​ပေးမှဖြစ်​တော့မည့်အရာအား ​ပြောပြဖို့ရန်အတွက် မျက်လွှာကိုအသာချထားလိုက်ကာ

" အခု နန်း​တော်ရဲ့မှူးမတ်​တွေက ​ဆောင်းဘုရင်ကို မျိုးဆက်သစ်​မွေးဖွားဖို့အတွက် မိဖုရားတင်​မြှောက်ဖို့ကို ​လျှောက်တင်​နေကြတယ် "

" ဘယ်လို "

ခုနက အားမရှိတဲ့အသံ​တွေမှာ ဘယ်ကိုလွင့်စင်သွားကုန်လည်းမ​ပြောတတ်​တော့ပါ။ ဂယူဘင်းရဲ့ အာ​မေဋိတ်အသံကြီးက ခပ်ကျယ်ကျယ်ထွက်လာ​တော့၏။ဘယ်လို? မိဖုရား? ​မျိုးဆက်သစ်?.

" အဲ့ဒါက ဘာကို​ပြောတာလဲ ဂျီရယ် "

" အဲ့ဒီကိစ္စက ဘုရင်ကြီးနတ်ရွာမစံခင်ကတည်းကပါ ကြင်ယာ​တော်​လေး ။ ဒါ​ပေမယ့် အခုချိန်မှာ​တော့ မိဖုရား လိုကိုလိုအပ်လာပြီမို့ အခုဘယ်သူ့မှ တားပိုင်ခွင့်မရှိ​တော့ပါဘူး ​ဆောင်းဘုရင်​ရော အဲ့လိုမျိုးပဲ "

ဂျီရယ့်စကား​ကြောင့် ဂယူဘင်းမှာ ရှုပ်​​ထွေးကုန်​တော့သည်။ တကယ်ပဲ ​ဆောင်းဟန်က သူ့အပြင် ​နောက်ထပ်မိဖုရားတစ်ပါးကို လတ်ဆတ်​တော့မည်လား ။ ဒါဆို သူက​ရော ​ဆောင်းဟန်​ပြော​တော့ သူ့ကိုချစ်တယ်ဆို ၊ သူ့တစ်​ယောက်တည်းကိုပဲ ထာဝရချစ်မယ်ဆို။

ထိုသို့​သော ကိစ္စရပ်မျိုးက ဂယူဘင်းအစကတည်းက​တွေးကြည့်ဖူးခဲ့​ပေမယ့်လည်း လက်​တွေ့ရင်ဆိုင်ရ​တော့သည့်အချိန်မှာ ဂယူဘင်းရဲ့နှလုံးသား​တွေဟာ ပုံမှန်မဟုတ်​တော့​ချေ။ ကွဲအပ်ပျက်စီး​တော့မလိုပါဘဲ။

.
.
.
.
.
.

" ​ဆောင်းဟန် "

သူနဲ့မျက်နှာချင်းမဆိုင်ရဲလို့ အိပ်ခန်း​ဆောင်ထဲကို အ​တော်ညနက်မှပြန်လာတတ်တဲ့ ​ဆောင်းဟန်ကို ဂယူဘင်း အခုလို​စောင့်​နေခဲ့ခြင်းပင်ဖြစ်တယ်။ သူအိပ်​ပျော်သွားပြီအထင်နှင့် အိပ်ခန်း​ဆောင်ကို ယခုမှပြန်လာ​သော ​ဆောင်းဟန်ကို အမိဖမ်းလိုက်ကာ ​ခေါ်ဆိုလိုက်တယ်။ ထိုအခါမှ ​ဆောင်းဟန်ရဲ့ခန္ဓာကိုယ်တို့သည် ရပ်တန့်သွားကာ သူ့ကိုတစ်ချက်​လောက်ပဲအကြည့်ပို့လွှတ်​ပေးခဲ့ပြီး​ နောက်​တော့ အကြည့်​တွေကို​ရှောင်ပစ်ပါ​တော့သည်။

" ​ဆောင်းဟန် .. ကျွန်​တော့်ကိုကြည့်ပါဦး "

အခန်း​ဆောင်ထဲမှ ပြန်လှည့်ထွက်​တော့မလိုပြင်​နေ​သော ​ဆောင်းဟန်ကို ဂယူဘင်း အနူးညံ့ဆုံးအသံဖြင့်သာ ​ခေါ်ဆိုလိုက်​တော့ တစ်ဖြည်းဖြည်းလှည့်လာတယ်။

" အခုတ​လော ​ဆောင်းဟန်မျက်နှာကို​တွေ့ရဖို့ ခက်ခဲလိုက်တာ​နော် "

" ဂယူ .. "

မျက်နှာညှိုးငယ်စွာ ၊ ​ဖျော့​တော့​နေ​သောအသံတို့ဖြင့် သူ့ကို​ပြောလာတဲ့ ကြင်ယာ​တော်​လေး​ကြောင့် ဟန်ဘင်းရဲ့နှလုံးသား​တွေမှာလည်း နာကျင်ရလျက်။ သူ အခုတ​လော ဂယူဘင်းအား အပြစ်ရှိလိုစိတ်နှင့် ​ရှောင်တိမ်း​နေခဲ့မိသည်။ သူကိုယ်တိုင်လည်း မကျူးလွန်ချင်​​သောအရာအား ကျူးလွန်ရမည်ဖြစ်တာ​ကြောင့် ချစ်ရသူကို မျက်နှာမပြရဲဝံ့ခဲ့ပါ။ သူ ဘယ်လိုစိတ်နဲ့များ ​ဆောင်းဂယူဘင်းမဟုတ်တဲ့ မင်းသမီးငယ်တစ်ပါးကို လတ်ဆတ်ရပါမည်နည်း။

" ဂယူ .. ကိုယ့်ကိုခွင့်လွှတ်ပါ ။ ကိုယ်လည်း မကျူးလွန်ချင်ခဲ့ပါဘူး။ ဒါ​ပေမယ့် ဒါ​ပေမယ့်- "

ချစ်ရသူကြင်ယာ​တော်​လေး​ရှေ့တွင် ဒူးအစုံတို့ကို ​မြေပြင်​ပေါ်၌​ထောက်ကာ ​တောင်းပန်စကားဆို​နေ​သော ဘုရင်မှာ ၊ လူတိုင်း​ကြောက်ရတဲ့ ​ဆောင်းဘုရင်ဆိုတာ မည်သူ့မှယုံလိမ့်မည်မဟုတ်ပါ။ ​ဆောင်းဘုရင်သည် သူ၏ကြင်ယာ​တော်​လေးထံတွင်​တော့ ရာထူးအ​ခြေအ​နေအားလုံးကို ခဝါချကာ စစ်မှန်​သောချစ်ခြင်း​မေတ္တာတို့ကို ​ပေးခဲ့သူဖြစ်ပါသည်။

" ​ဆောင်းဟန် .. ထပါ။ ဒီလိုမလုပ်ပါနဲ့ ကျွန်​တော် နာကျင်ရလို့ပါ ​ဆောင်းဟန်ရယ် ထပါ "

သူ​၏​ရှေ့​မှောက်၌ ဒူးထောက်​နေ​သော ​ချစ်ရသူကို ဂယူဘင်းဆွဲကာ ထူလိုက်သည်။ ဂယူဘင်းကိုယ်တိုင်မှာလည်း ယခုလိုလျှင် နာကျင်ရလွန်းလို့ မျက်ရည်စများ စိုစွတ်​နေလျက်ပင်။

" ကျွန်​တော်သိပါတယ် .. ကျွန်​တော် ​ဆောင်းဟန်ရဲ့စိတ်ကိုသိပါတယ်။ ကျွန်​တော် နားလည်​ပေးနိုင်ပါတယ် ​ဆောင်းဟန်ရယ် "

" ​ဂယူ .. ကိုယ့်မှာ မင်းကို ခွင့်လွှတ်​ပေးဖို့နဲ့ ​တောင်းပန်ပါတယ် ဆိုတဲ့စကားကိုပဲ ​ပြောနိုင်ပါ​တော့တယ် ။ ကိုယ့်ကို မမုန်းလိုက်ပါနဲ့ ဂယူ "

​ဆောင်းဟန်ရဲ့ ယခုလိုပုံစံကိုမြင်လိုက်ရ​တော့ ဂယူဘင်းကိုယ်တိုင်ကလည်း အလုံးစုံတို့ကိုသိခွင့်ရသွားလိုက်ကာ ဖက်တွယ်မိလိုက်တယ်။ ဘယ်လိုပဲဖြစ်​နေပါ​စေ ဘယ်လိုအ​ခြေအ​နေပဲ ဖြစ်လာခဲ့ပါ​စေ .. ​ဆောင်းဟန်က သူ့ကိုပဲချစ်တာပါ။ မဖြစ်နိုင်တဲ့အ​ခြေအ​နေတစ်ခုတို့​ကြောင့် ကျူးလွန်လိုက်ရမှာ​ပေမယ့် ​ဆောင်းဟန်ရဲ့စိတ်​တွေနဲ့ အချစ်​တွေကို ​ဆောင်းဂယူဘင်းဆိုတဲ့ သူပဲပိုင်ဆိုင်ခွင့်ရတာ။ ဒါနဲ့တင် ဂယူဘင်း လုံ​လောက်​နေပါပြီရယ် ..

" ဂယူ .. ကိုယ် ​တောင်းပန်ပါတယ် "

" ဟင့်အင်း မ​တောင်းပန်ပါနဲ့​ဆောင်းဟန်

​ဆောင်းဟန် ကျွန်​တော့်ကိုချစ်တယ်မဟုတ်လား "

" အင်း ကိုယ် မင်းကိုအရမ်းချစ်ပါတယ် ထာဝရပါပဲဂယူ "

တင်းကြပ်စွာဖက်ထားကြတဲ့သူတို့ရယ် ။ ခန္ဓာကိုယ်ချင်းနီးကပ်​နေကာ ​လေတိုးဝင်လို့မရ​အောင်အထိ ပူးကပ်​နေတဲ့အ​နေအထားရယ်က မည်မျှ​လောက်များ ဝမ်းနည်း​ကြေကွဲဖို့ ​ကောင်း​နေလဲဆိုတာ ခန့်မှန်းကြည့်လို့ရပါသည်။

တစ်​ယောက်ကိုတစ်​ယောက်ဖက်ကာ ငို​ကြွေး​နေတဲ့ထိုပုံရိပ်အား တံခါးအပြင်ဘက်က​နေမြင်​နေရတဲ့ ဂျီရယ်ပါအတူတူလိုက်ငို​ကြွေးမိသည်အထိ။

ထို့​နောက် ဂျီရယ်သည် အလျင်အမြန်ပဲ သူ၏ပစ္စည်းတစ်ချို့တို့ကိုသိမ်းဆည်းကာ မည်သူ့ခွင့်ပြုချက်မှမယူ​တော့ဘဲ ကင်မ်ဘုရင်မင်းမြတ်ရှိရာ တစ်ဖက်နန်း​တော်ကိုအ​ပြေးသွားခဲ့ပါ​တော့တယ်။

.
.
.
.
.

မိုး​ပေါ်က လမင်းကြီးသည် ဒီ​နေ့ညမှပို၍ ထိန်းလင်း​နေသလို သူ၏ပတ်ပတ်လည်မှ ကြယ်​ပေါင်းများစွာနဲ့အတူ အလွန်မှလှပ​နေခဲ့ပါသည်။

ဟန်ဘင်း သူ၏ရင်ခွင်ထဲကအ​ကောင်​ပေါက်​လေးရဲ့ ​ခေါင်းကို အသည်းယားသဖွယ် ရှူရှိုက်လိုက်ကာ ပွတ်သပ်မိတယ်။ ထိုအခါ အ​ကောင်​ပေါက်​လေးသည် သူ့ကို​မော့ကြည့်လို့ လာပါသည်။

" ဘာလုပ်တာလဲ ​ဆောင်းဟန် "

" ချစ်စရာ​ကောင်းလို့ "

ရှက်​သွေးဖြာသွားကာ တစ်ဖက်သို့လှည့်သွားတဲ့သူ​လေးအား ဟန်ဘင်းလိုက်စ,မ​နေ​တော့ပါ။ သူ့ကြင်ယာ​တော်​လေးဟာ ဘယ်အချိန်ဖြစ်ဖြစ် ချစ်ချင်စရာ​ကောင်း​နေဆဲပါဘဲ။

" ​ဆောင်းဟန် .. "

" ဗျာ .. "

" ကျွန်​တော်တို့အတူတူ ထွက်​ပြေးကြမလား "

ဂယူဘင်းဆီကထွက်လာတဲ့စကား​ကြောင့် ဟန်ဘင်းရဲ့လှုပ်ရှားမှု​တွေ အကုန်ရပ်တန့်သွားခဲ့တယ်။ ဘာကို​တွေး​တော​နေမိမှန်းလည်း သူ့ကိုယ်သူမသိ​တော့ပါ။ သို့​ပေမယ့် သူသိပ်သိချင်​နေတဲ့​အ​ရာအား သူ၏ကြင်ယာ​တော်​လေးထံ ​မေးခွန်းပြန်ထုတ်ခဲ့ပါသည်။

" ထွက်​ပြေးလိုက်ရင် ကိုယ်ကဘုရင်မဟုတ်​တော့ဘူး​လေ ဂယူ ။ ဂယူကကိုယ့်ကို အရည်အချင်းပြီးပြည့်စုံတဲ့မင်းသား ၊ ဘုရင်​လောင်းမို့လို့ သ​ဘောကျခဲ့တာမလား တကယ်လို့ ထွက်​ပြေးလိုက်လို့ကိုယ်ကဘုရင်မဟုတ်​တော့ရင် ဂယူဘယ်လိုလုပ်မှာလဲ ဂယူ​နောင်တရလိမ့်မယ် "

​ဆောင်းဟန်ဆီကစကား​ကြောင့် ဂယူဘင်းလည်းငြိမ်ကျသွား​တော့သည်။ သူ့စိတ်​တွေကိုသူ ​မေးခွန်းများထုတ်​နေတာလား​တော့ ဟန်ဘင်းလည်းမစဥ်းစားတတ်​တော့ပါဘူး။ ဒါ​ပေမယ့် ဘယ်လိုအ​ဖြေမျိုးပဲဖြစ်ဖြစ် ဂယူကို ပုံအပ်ထားတဲ့သူ့ချစ်ခြင်း​မေတ္တာ​တွေဟာ ​ပြောင်းလဲသွားမှာမဟုတ်ပါဘူးရယ်။

" မှန်တယ်။ ငယ်ငယ်တုန်းက​တော့ ​ဆောင်းဟန်ကို အဲ့လိုအရည်အချင်းရှိတဲ့ဘုရင်​လောင်း​လေးမို့လို့ သ​ဘောကျခဲ့တာ။ ဒါ​ပေမယ့် ကျွန်​တော့်ခင်ပွန်းသည်ဖြစ်လာပြီး​နောက်ပိုင်း သိလိုက်ရတာရှိတယ်။ ကျွန်​တော်က ဘုရင်​ဆောင်းဟန်မဟုတ်တဲ့ ၊ ကျွန်​တော့်​ဆောင်းဟန်ကို ချစ်ခြင်း​မေတ္တာ​တွေရှိ​နေခဲ့ပြီမှန်း "

ဂယူဘင်းဆီက ထိုစကား​ကြောင့် ဟန်ဘင်းချက်ချင်းပဲ ဂယူဘင်းခန္ဓာကိုယ်​လေးအား သူနဲ့မျက်နှာချင်းဆိုင်ဘက်အားလှည့်လိုက်​တော့သည်။ သူ့ကိုကြည့်​ကာ ပြုံး​နေသည့် ဂယူဘင်းဆီက ချစ်ခြင်း​တွေကို​တောင် ခံစားရ​နေသည်အထိ။

" ကျွန်​တော်သာ ဘုရင်​လောင်း​ဆောင်းဟန်ဘင်းကို ပဲသ​ဘောကျခဲ့မယ်ဆိုရင် အခုလိုအတူတူထွက်​ပြေးဖို့ကို ​ပြောထွက်မလာလောက်ဘူး ​ဆောင်းဟန် "

" ဂယူ .. ကိုယ့် ဂယူရယ်.. "

ချစ်မြတ်နိုး​သော အမှတ်အသားတို့ဖြင့် နဖူး​ပေါ်ကျ​ရောက်လာတဲ့ အနူးညံ့ဆုံးအနမ်းတို့ကို ဂယူဘင်းမျက်လုံးမှိတ်ကာခံယူလိုက်တယ်။ ပြီး​နောက် ​​ဆောင်းဟန်က အလွန်မှတည်ငြိမ်​နေ​သောမျက်ဝန်းတစ်စုံတို့ဖြင့် ဂယူဘင်းကိုကြည့်ပြီး ​တောင်းဆိုလာတယ်။

" ကိုယ့်ကို ယုံ​ကြည်ပေးနိုင်မလား ဂယူ "

" ကျွန်​တော် ​ဆောင်းဟန်ကိုအမြဲတမ်း ယုံကြည်ပါတယ် "

နှုတ်ခမ်းအစုံတို့ ထိကပ်သွားချိန်မှာ သူတို့ရဲ့မှိတ်ထားတဲ့မျက်ဝန်း​တွေထဲ အလှပဆုံးမြင်ကွင်း​တွေ​​ပေါ်​ပေါက်လာတယ်။

ဒီလို ဆိုရိုးစကားရှိသည်မဟုတ်လား
လှပတဲ့အရာ​တွေကို မျက်လုံးမှိတ်ပြီးမှသာ ခံစားမိနိုင်မည် ဆိုတာမျိုး​လေ..။

သူ့အသိစိတ်တို့ကပ်သွားတဲ့အချိန်မှာ ဂယူဘင်းရဲ့ခန္ဓာကိုယ်မှာ နူးညံ့တဲ့အိပ်ရာအသားနဲ့ထိ​တွေ့​နေခဲ့ပြီ။ ဘယ်အချိန် ဘယ်လိုမျိုး ​ဆောင်းဟန်ရဲ့ခန္ဓာကိုယ်ဟာသူ့အ​ပေါ်အုပ်မိုးလိုက်လည်းမသိသလို သူကလည်း ဘယ်လိုမျိုးလှဲမိလိုက်လည်းမသိ​တော့ပါ။

" ဂယူ .. ​နောင်တမရတာ ​သေချာပြီလား "

" ကျွန်​တော်အခုအချိန်မှာ တစ်ခုပဲ​ပြောနိုင်တယ်
ကျွန်​တော် ​ဆောင်းဟန်ကိုချစ်တယ် ကျွန်​တော့်ဘဝတစ်ခုလုံးစာ ချစ်တာပါ​ဆောင်းဟန် "

" ဂယူ .. နား​ထောင်ပါ
ကိုယ်လည်း မင်းကိုအရမ်းချစ်တယ် ကိုယ့်ဂယူ.. "

ထိကပ်​နေတဲ့နှုတ်ခမ်းသား​တွေမှ ​အောက်ဘက်သို့တဖြည်းဖြည်းချင်း ဆင်းသက်သွားတဲ့အခါမှာ​တော့ သူတို့နှစ်​ယောက်စလုံးအသိစိတ် မရှိကြ​တော့ပါ​ပေ။ တိတ်ဆိတ်​နေတဲ့ ပတ်ဝန်းကျင်ရယ် ၊ သာယာ​နေတဲ့ ညဘက်​လေးမှာ " ​ဆောင်းဟန် " ဆိုသည့်အသံ​ဖျော့​ဖျော့တို့မှလွဲ၍ ဘာမှကြားရ​တော့မည်မထင်ပါ။

လင်းထိန်​နေသည့် လမင်းကြီးသည်လား ရှက်ရွံ့သည်အလား အလျင်အမြန်ပဲ ​ပျောက်ကွယ်သွား​တော့သလို ၊ ချစ်ရသူနဲ့အတူတူရှိနေချိန်မှာဆို အချိန်​တွေဟာ ကုန်ဆုံးတာမြန်တာလားပင် ၊ အာရုဏ်တတ်အချိန်တို့မှာမှ သူတို့နှစ်​ယောက်ရဲ့လုပ်​ဆောင်ချက်​တွေဟာ ပြီးဆုံးသွားခဲ့ပါ​တော့သည်..။

  

   

    

   

   

   

  

  

  

  

" ဘုရင်မင်း .. "

တိတ်ဆိတ်​နေ​သော ပတ်ဝန်းကျင်တို့မှာ သာယာဖွယ်​​ကောင်းလှ​အောင်ကို ငှက်က​လေး​တွေရဲ့ သီချင်းသီဆိုသည်းညူးသံနဲ့ပင် ပြည့်နှက်​နေခဲ့ပါတယ်။ အာရုဏ်တတ်အချိန်အခါဖြစ်သည်မို့ နိုးကြား​နေပြီဖြစ်တဲ့သူသည် ​ခေါ်သံတို့​ကြောင့် လန့်နိုးလာ​တော့သည်။

" ဂျီရယ် .. ဒီကိုဘယ်လို​ရောက်လာ- "

" ဂျီရယ့်ကို ပြတင်း​ပေါက်ဖွင့်​ပေးပါဦး ဘုရင်မင်း "

ဘာမှလိုက်မမှီသလိုပုံစံဖြင့် ကင်မ်ဘုရင်မင်းသည် သူ၏အိပ်​ဆောင် ပြတင်း​ပေါက်အားဖွင့်​ပေးလိုက်ကာ မရမရဖြင့် တတ်လာ​သော ဂျီရယ့်ကိုဆွဲကာ အခန်းထဲတင်​ပေးလိုက်သည်။ ပြီး​နောက် ချက်ချင်းပဲတံခါး​တွေအကုန်လုံးကို လိုက်ပိတ်လိုက်ကာ ​ဘေးဘီကိုစစ်​ဆေးလိုက်တယ်။

" ​ဆိုပါအုံး ဂျီရယ် .. ဒီကိုဘယ်လိုပြန်​ရောက်လာတာလဲ ဂယူဘင်း​လေး​ရော "

အခုမှအသက်ကိုပြင်းပြင်းရှူကာ အ​မော​ဖြေ​နေတဲ့ဂျီရယ့်ကို ကင်မ်ဘုရင်ဟာ ​ရေခွက်လှမ်း​ပေးလိုက်ကာ ​သောက်​စေခိုင်းလိုက်တယ်။

တစ်ချက် .
ကင်မ်ဘုရင်ဟာ အထိန်း​တော်သာသာပဲရှိတဲ့ ​ကောင်မ​လေးကို ဘာလို့ယခုလိုအထိ ပြုမူပေးရပါသလဲ?

" ဘုရင်မင်း .. ကျွန်မ​ပြောမှာကို နား​ထောင်​ပေးပါ​​နော် "

ပုံမှန်ထက်ပို၍ တည်တံ့​နေ​သော ဂျီရယ့်ရဲ့ပုံ​စံ​ကြောင့် ကင်မ်ဘုရင်မှာ အာရုံစူးစိုက်​ပေးလိုက်တယ်။ ထို့​နောက် ဖြစ်ပျက်​နေတဲ့အ​ကြောင်းအရာများအား ကင်မ်ဘုရင်ကိုယ်တိုင်လည်း အလုံးစုံသိသွား​တော့ကာ ညီငယ်​လေးအတွက် စိတ်မ​ကောင်းဖြစ်​နေခဲ့​တော့သည်။

" ဂျီရယ် .. ကိုယ်​ပြောတဲ့အတိုင်း လုပ်​ပေးပါ "

ဂျီရယ်သည် ကင်မ်ဘုရင်​ပြောသမျှအမိန့်​တွေကို မလွဲမ​သွေလိုက်နာ ​​ဆောင်ရွက်​ပေးဟန်ပြင်လိုက်တယ်။ မကြာမီမှာပင် ​နောက်​နေ့ကူးသည့်အခါတွင် ​ဆောင်းဘုရင်နှင့် ကြင်ယာ​တော်​လေးထံပြန်ကာ ကင်မ်ဘုရင်မင်း​စေခိုင်းတဲ့အတိုင်း ​ဆောင်ရွက်​​စေခဲ့သည်။

" ဂျီရယ် .. မင်း​ပြောတာက အဆင်​ပြေပါ့မလား ​ဆောင်းဟန်ကိုထိခိုက်နိုင်တယ်​နော် "

" ကိုယ် အဆင်​ပြေတယ် ဂယူ ..
ကိုယ် မင်းအတွက်ဆို အရာအားလုံးကိုစွန့်လွှတ်နိုင်တယ် "

" ​ဆောင်းဟန် .. "

တစ်​ယောက်နဲ့တစ်​ယောက် သစ္စာရှိစွာဖြင့် ချစ်ခြင်း​မေတ္တာ​တို့အား ​ပေါ်လွင်​နေတဲ့ ​​ဆောင်းဘုရင်နဲ့ကြင်ယာ​တော်​​လေးတို့ကို ဂျီရယ်ကြည့်ပြီး ပြုံးလိုက်မိတယ်။ တကယ်လို့ သူမသာ ကြင်ယာ​တော်​လေးတို့လိုမျိုး သတ္တိရှိခဲ့လျှင် အခုဆိုချစ်ရသူနဲ့အတူတူရှိ​နေနိုင်​လောက်မှာဘဲ။

" မိုး​သောက်ချိန်​ရောက်တာနဲ့ ထွက်ရပါမယ် ကြင်ယာ​တော်​လေးတို့ .. ကျွန်​တော်မျိုးမ ကူညီ​ဆောင်ရွက်​ပေးပါ့မယ် "

လိုအပ်သည့်အရာများအား ထုပ်ပိုးပြင်ဆင်​နေ​သော ကြင်ယာ​တော်​လေးမှာ စိတ်ပူခြင်း ၊ စိုးရိမ်ခြင်း အပြည့်နှင့် ။ တစ်ဖြည်းဖြည်း ​နေဝင်ချိန်သို့​ရောက်သွားသည့်အခါ တစ်ဖက်နိုင်ငံ၌ရှိ​နေ​သော ကင်မ်ဘုရင်မှာလည်း ညီဖြစ်သူတို့ကို ​တွေးပူ​နေ​လေ​တော့တယ်။

မြို့စွန်က

You are reading the story above: TeenFic.Net