𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲 (8)

Background color
Font
Font size
Line height

𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲

ထိုနေ့ပြီးနောက်တစ်နေ့မှာပဲ အာကျယ်တဲ့ကင်မ်ထယ်ယောင်းတို့တစ်ယောက် မိုးမိပြီးဖျားပါလေတော့သည်
သူလည်းအစကမိုးဖွဲတဲ့အထိစောင့်ပါသေးတယ် နည်းနည်းကြာတော့ မိုးလေးစဲသွားလို့ထွက်လည်း ထွက်လာရော လမ်းတစ်ဝက်မှာတင် မိုးကဝေါကနဲ ရွာချပါလေရော

မေမေက ထီးယူသွားတယ်မဟုတ်ဘူးလားမေးတော့ ထီးကလေနဲ့လွင့်ပါသွားတယ်လို့လိမ်လိုက်မိတယ်
ဒါပထမဆုံးပါ မေမေ့ကိုလိမ်မိတာက ဂိမ်းဆိုင်သွားရင်တောင် ပြောပြီးမှသွားတတ်တာ
ဆိုးတာကဆိုးပင်မယ့် ငယ်ငယ်ထဲက မေမေ့ဆီက ပိုက်ဆံတောင်ခိုးဖူးသည်မဟုတ်

"ဟတ်ချိုး...."

နှာချေသံကြောင့် မီးဖိုခန်းမှမေမေက

"ဟဲ့ အသာလုပ်စမ်းပါအေ ‌မင်းလုပ်တာ အိမ်တောင်ပြိုတော့မယ်"

"မေမေက‌လဲ..."

"ဘာမှမလဲဘူး အပေါ်ထပ်မှာသွားနေပါဆို ရှည်ပြီးဆင်းလာတယ်"

"ဟွန့် သွားမယ် သွားမယ် အဒေါ်ကြီးကင်မ်မမြင်ချင်ဘူးဆိုလည်းသွားတော့မယ်"

"ကဲ ဒီကလေး အကြီးကိုနော်"

အပေါ်ထပ်ကိုတက်ရင်း မိမိသားပြောင်ပြသွားပါသော သားဖြစ်သူကို စိတ်မဆိုးမိပဲ ချစ်စရာကောင်းသည်ဟုတောင်မြင်မိသည်။
ဖင်ကိုခါရမ်းနေတာပဲ တော်တော်ပဲများတဲ့ကောင်လေး

ငယ်စဉ်ကတည်းက အဖေဖြစ်သူဆုံးပါးသွားတော့ ဖတဆိုးဖြစ်ပြီးအမေလုပ်သူကိုဆိုးမလား ထင်ခဲ့မိသော်လည်း သားလေးကသိပ်ကိုလိမ္မာလွန်းသည်

သူတို့လင်မယားနှစ်ယောက်ဟာ မိဘသဘောမတူလို့ ခိုးပြေးကြရင်း မိသားစုတွေနဲ့ပါ အဆက်အသွယ်မလုပ်တော့သည်မို့ အမျိုးပြတ်သွားသည့် အခြေအနေသို့ရောက်သွားခဲ့ရသည်

မိန်းမသားတစ်ယောက်ထဲ ကလေးကို ပြုစုစောင့်ရှောက်ရတာကလွယ်သည်တော့မဟုတ်ပေ သို့ပင်မယ့် သူမပင်ပန်းလာလို့ ပြိုလဲတော့မယ့်အချိန်တိုင်း သားလေးရဲ့အပြုံးကြောင့်သာ ရှေ့ဆက်နိုင်ခဲ့တာ။

အတွေး‌တို့ကိုအဆုံးသတ်ကာ သူမသားအတွက် ကြက်ပေါင်းရည်နှင့် ဆန်ပြုတ်ကိုဆက်လုပ်နေလိုက်သည်

အပေါ်ထပ်ကတစ်ယောက်မှာတော့ သူ့သူငယ်ချင်း ဂျီမင်လေးအားနေမကောင်းလို့ကျောင်းမလာတော့ကြောင်း ပြောနေလေရဲ့

>>>>>>>>>>>>>>>>>>>

"ဟိုတစ်ယောက်ကိုလည်းမတွေ့သလိုပဲ"

"နေမကောင်းလို့တဲ့"

ဘေးကနေ ရုတ်တရက်ကြီးဘွားခနဲပေါ်လာတဲ့ ယွန်းဂီကြောင့် လန့်သွားရသည်

"ဟမ် ဟုတ်လား ဟင် ယွန်းဂီ မင်းကဘယ်လိုလုပ်သိ..."

"ငါ့ကလေးလေးအခန်းရှေ့ကနေဖြတ်လာတာ"

"ဪ.."

တစ်လုံးပဲပြောရင်း အခန်းထဲက ထွက်သွားတဲ့ ဂျောင်ကု
ယွန်းဂီကတော့ ဂရုမစိုက်စွာ ‌ခုံပေါ်ခေါင်းတင်ပြီး ခနကမှလာလောလတ်လတ်သူ့ကိုစကားပြန်ပြောခဲ့တဲ့ သူ့ကလေးလေးအကြောင်းကိုသာ ပြန်တွေ့နေလိုက်သည်
အမှန်က ဒီလို

*Flash back*

ဟင် ဟိုမှာငါ့ဟာလေး ဪ စာရေးနေတာလား တော်တော်စာကြိုးစားတာပဲ ငါနဲ့များကွာပ
အနားကိုသွားတော့ သူ့ဘေးနားက သူငယ်ချင်းက စကားတွေတတွတ်တွတ်ပြောလို့ ထယ်ယောင်းနေမကောင်းကြောင်းကိုလည်း သူပြောလို့ ကြားခဲ့ရတာ
တုံ့ဆိုင်းမနေတော့ပဲ သူ့ဆီသွားပြီး နှုတ်ဆက်လိုက်သည်

'ဟေး..'

'......'

'ဟေးလို့.."

ထိုအခါကြမှ ငုံ့နေသည့် ခေါင်းကထောင်လာရင်း ပြောဆိုသည့်သဘောဖြင့် ကိုယ့်ကိုမျက်စောင်းထိုးလာတဲ့သူ

"ဟိုဟာ...ဘာမှမဟုတ်ဘူး ခေါ်ကြည့်တာ"

"တော်တော်အားနေလား"

"ဟမ်.."

"တော်တော်အားနေလားလို့"

"မဟုတ်..မဟုတ်ဘူး ဟိုဟာ ဟို သွားပြီနော် ဟီး"

အီး...ကြောက်စရာကြီး ငါ့လိုရှိန်ရတဲ့ သူတောင်ကြောက်နေရတာ ဒီဟာလေးက ပေါ့သေးသေးမဟုတ်ဘူးပဲ

*Flash end*

ဂျောင်ကုမှာလည်း မနေနိုင်မထိုင်နိုင် ထယ်ယောင်းအခန်းထဲကိုသွားပြီ သူ့သူငယ်ချင်းတွေဆီ စကားသွားစပ်လိုက်သည်

"ဟို..ဒီက..."

"ဂျောင်ကုလား အာ...မဟုတ်မှ ထယ်ယောင်းကိုလာရှာတာလား ထယ်ယောင်းနေမကောင်းလို့ ဒီနေ့မလာဘူးရယ် မနေ့ညက အဖျားတွေတတ်ပြီး ဒီနေ့ကြမှ နည်းနည်းသက်သာသွားတာ"

ကိုယ်တောင်ဘာမှမပြောရသေး ရှေ့ကကင်မ်နမ်ဂျွန်းရဲ့ချစ်ဖို့‌ကောင်းလှပါသည်ဆိုသည့်နှုတ်ခမ်းထူထူကြီးမှ တရစပ်ပြောချသွားတော့ ပြောစရာတောင်ပျောက်ကုန်သည်

"အာ...ဟုတ်ကဲ့ သွားလိုက်အုံးမယ်နော်"

"အေးအေး"
.
.
.
.
.
"ဂျင်..ထယ်ထယ်ကဘယ်တုန်းကအဖျားတွေတက်သွားလို့လဲ သူပြောတာတော့ ကိုယ်အပူရှိန်နည်းနည်းတက်ရုံလောက်ပဲဆို"

"အဲ့တာက အဖျားတက်တာနဲ့ အတူတူပဲလေ ဒါမဲ့ ငါကပိုပြောလိုက်ရုံပဲ"

"ဘာလို့လဲ"

"မင်းဟာလေ စာမှာပဲဉာဏ်ကောင်းတာ ကျန်တာဆို ဒုံးဝေး ဒီမှာ..အဲ့လိုပြောတော့ သူကစိတ်ပူသွားမယ်လေ အဲ့တော့...ငါလည်းမပြောပြတတ်တော့ဘူး ကိုယ့်ဘာသာစဉ်းစား"

"အောင်မာ သူများကြတော့ ဒုံးဝေးတဲ့ သူကြတော့ မူနေပြီးတော့"

"ဘာ ဘာ ဘာ ဘယ်မှာမူလို့လဲ"

"(A) ခန်းက ကင်မ်နမ်ဂျွန်းဆိုတဲ့တစ်ယောက်က မင်းကိုကြိုက်နေတာ မင်းသိရဲ့သားနဲ့ မူနေတာလေ မဟုတ်လို့လား"

"တိတ်စမ်း..ဒါမူတာမဟုတ်ဘူး သူစိတ်ကိုပွင့်ထွက်အောင်လုပ်ပေးနေတာ"

"ကြီးကြီးကျယ်ကျယ်"

"မင်းကြတော့ရော ခုနက ဖြူစုတ်စုတ်နဲ့ မင်ယွန်းဂီက မင်းကိုကြိုက်နေတာလေ အဲ့တာတောင်မသိဘူးဟုတ်..? "

"ဘာတွေပြောနေတာလဲ မဖြစ်နိုင်တာတွေလာမပြောစမ်းနဲ့"

"ဟုတ်ပါတယ် ဟုတ်ပါတယ် သူ့အကြည့်တွေက မရိုးသားဘူး"

"မဟုတ်ပါဘူး မဟုတ်ပါဘူး"

"ဟုတ်ပါတယ်ဆို ငါကြားရသလောက်တော့ သူကလည်း မင်းလိုအချေတော်လေးတဲ့ စာဂျပိုးတော့မဟုတ်ဘူးပေါ့"

"အဲ့တော့ ဘာလုပ်ရမှာလဲ"

"ဟ...သူကမင်းကိုအခန်းထဲထိလာပြီး လာနှုတ်ဆက်တာလေ အဲ့တော့...အယ် အယ်"

"ဘာအယ်အယ် ချီးအယ်အယ်"

"ရှက်နေပြီ ရှက်နေပြီ အယ် အယ်"

"ယား‌..တော်တော့ဆို"

>>>>>>>>>>>>>>>>>>>

At 12 Pm

'နေမကောင်းဘူးဆို'

"အာ..ရှီး.. မဟုတ်သေးဘူး"

'ဘာလို့ကျောင်းမလာတာလဲ'

"ကျစ်...ဘယ်လိုကြီးလဲ ဒီတိုင်းနေမကောင်းဘူးလားလို့ပဲမေးလိုက်ရမလား"

ဘေးနားမှ ကင်မ်နမ်ဂျွန်းနဲ့ မင်ယွန်းဂီမှ သူငယ်ချင်းလေးရဲ့အဖြစ်အား ကြည့်ရင်း ခေါင်းခါနေကြသည် စိတ်ထဲတွင်လည်း

*ဒီကောင် ကိုယ့်စိတ်ကိုယ်မသိပဲ သပ်သပ်မူနေတာ*

အပြင်မှာတော့ မပြောရဲ မဟုတ်ရင် သူ့လက်ထဲက Banana milk ဘူးနဲ့ကောက်ထုခံရမှာ

Canteen တွင်ထမင်းမစားပဲ Banana milk ထိုင်သောက်ရင်း ပို့မဲ့စာကိုရေးလိုက်ဖျက်လိုက်လုပ်နေတဲ့ ဂျွန်ဂျောင်ကု

စာပို့မည့်သူကတော့ တခြားသူမဟုတ် ကင်မ်ထယ်ယောင်းကို အဟမ်း..တစ်မျိုးမထင်နဲ့ ထီးပြန်ပေးမလို့ နေမကောင်းဘူးဆိုလို့ သတင်းမေးကြည့်မလို့

ထိုအချိန် နှာဖျားနားသို့ ရောက်လာသော ရေမွှေးနံ့ပြင်းပြင်းတစ်ခု ရေမွှေးတစ်ပုလင်းလုံးကိုတောင်မှောက်ထားသလားပဲ
နှာခေါင်းကိုရှုံ့လိုက်ရင်း ဖုန်းကိူသာ အာရုံပြန်စိုက်လိုက်သည်

"ဂျောင်ကု.."

ခေါ်သံကြောင့် မော့ကြည့်လိုက်တော့ ဂန်ယူဂျင်း သူမကအခုတလော သူ့ကိုကပ်နေသည်
သိတာပေါ့ ‌ကောင်မလေးက သူ့ကိုကြိုက်နေတာ ဒါပင်မယ့် သူရည်းစားမထားနိုင်သေး ပြီးတော့ ကြိုက်လည်းမကြိုက်နိုင်သေးပေ
လိုက်တဲ့သူတွေတော်တော်များများရှိပင်မယ့် ကင်မ်ထယ်ယောင်းကတော့ သူ့ကိုလူကြားထဲ ကြိုက်တယ်လို့ပြောတော့ ရှက်တော့ရှက်သွားပင်မယ့် မလိုက်နိုင်တာကို သိလို့လိုက်ခိုင်းလိုက်ခြင်းသာ

"ဟင်..အင်း"

"ငါ့ကိုတောင်စကားမပြောနိုင်ပဲ ဖုန်းကိုသဲကြီးမဲကြီး ကြည့်နေတာ ဘာလို့လဲ"

"ကင်မ်ထယ်ယောင်းကိုစာပို့နေတာ"

သူ‌ပြောလိုက်တာ ဂန်ယူဂျင်းတစ်ယောက် သိသိသာသာမျက်နှာပျက်သွားသည် သို့ပင်မယ့် အမူအယာကိုပြန်ထိန်းရင်း

"အာ..နင့်ကိုလိုက်မယ်ဆိုတဲ့တစ်ယောက်လား"

"အင်း"

"မရှက်ဘူးလားမသိဘူးနော် ယောင်္ကျားလေးတန်မဲ့နဲ့ နင်ကလည်း လိုက်ခွင့်ပေးလိုက်ရတယ်လို့"

ယူဂျင်းမှပြောလာသောကြောင့် အစောကမျက်နှာလွှဲထားကြသည့် နမ်ဂျွန်းနဲ့ယွန်းဂီမှာ ခေါင်းစောင်းလာပြီး စားလက်စကိုစားရင်း သူတို့နှစ်ယောက်အား ပွဲစင်တစ်ခုလိုကြည့်နေကြသည်

ထိုစကားကြောင့်ဂျောင်ကုမှာဖုန်းကိုနှိပ်နေသည့် လက်များရပ်တန့်သွားရပြီး ယူဂျင်းကိုစိုက်ကြည့်ကာ

"ဒီမှာ ဂန်ယူဂျင်း...သူ့ဘာသာသူကြိုက်တာ သူ့အလုပ်လေ မင်းလိုက်ပြီးပြောရအောင် မင်းအလုပ်လား ပြီး‌တော့ ငါလိုက်ခိုင်းတာ ဘာဖြစ်လဲ မင်းကြည့်ရတာ အသစ်ဆိုတော့ မကျေနပ်တာရှိလို့လား

မျက်ဝန်းအစုံဟာမီး‌တောက်နေသလိုနီရဲလာပြီး စကားမှားသွားသည့် မိမိအားရန်လိုနေပါသော‌ ဂျောင်ကုကိုကြည့်ရင်း တုန်ရီလာသည်
အမှန်က စကားမှားတာမဟုတ် သူမတမင်ပြောလိုက်ခြင်းသာ သို့သော် စိတ်ကိုလျှော့ရင်း

"အေး..အေးပါ ငါတောင်းပန်ပါတယ် ငါစကားမှားသွားတယ် နောက်မပြောတော့ပါဘူး"

"အင်း"

ဆိုပြီး Canteen မှထထွက်သွားတဲ့ဂျောင်ကု

ထွက်သွားပါသော ကျောပြင်အား ညိုးငယ်စွာကြည့်နေတဲ့ ယူဂျင်း

အခြေအနေကိုသိနေသည့် နမ်ဂျွန်းနှင့်ယွန်းဂီကတော့ ဘာမှမပြောမိသလို ‌နောင်မှလည်းလိုက်မသွားဖြင့်
ဘာလို့ဆို သုံးပွင့်ဆိုင်အချစ်မှာ ဘယ်သူကနာကျင်ရမလဲ သေချာသွားပြီပဲလေ
.
.
.
.
.
.
𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲

Update မှန်တယ်လို့ထင်တယ် မမှန်လည်းထင်လိုက်နော် အချစ်တို့ 😚
ဒီနေ့အရမ်းကို လေပေါ်မြင့်နေတာ ပြီးတော့ Vote တွေက အားမရဘူးနော် မကြိုက်လို့လား မကြိုက်ရင်ပြောနော် ဖျက်ပေးမယ် 30 လောက်အထိစောင့်ကြည့်မယ် မပြည့်ရင်တော့ဆက် up ဖို့လမ်းမမြင်..~

(Yoongi's AMYGDALA! 👏🏻😭)


Please vote and feedback

Thank you for vote and feedback (90°bow)
sᴛᴇʟʟᴀ 🐻💜

𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲



"ဟတ်ချိုး...."



"မေမေကလဲ..."








အပေါ်ထပ်ကတစ်ယောက်မှာတော့ သူ့သူငယ်ချင်း ဂျီမင်လေးအားအားနေမကောင်းလို့ကျောင်းမလာတော့ကြောင်း ပြောနေလေရဲ့

>>>>>>>>>>>>>>>>>>>


"နေမကောင်းလို့တဲ့"




"ဪ.."

အမှန်က ဒီလို

*Flash back*


'ဟေး..'

'......'

'ဟေးလို့.."



"တော်တော်အားနေလား"

"ဟမ်.."




*Flash end*


"ဟို..ဒီက..."




"အေးအေး"
.
.
.
.

.


"ဘာလို့လဲ"






"ကြီးကြီးကျယ်ကျယ်"






"အဲ့တော့ ဘာလုပ်ရမှာလဲ"


"ဘာအယ်အယ် ချီးအယ်အယ်"


"ယား..တော်တော့ဆို"

>>>>>>>>>>>>>>>>>>>

At 12 Pm

'နေမကောင်းဘူးဆို'

"အာ..ရှီး.. မဟုတ်သေးဘူး"







နှာခေါင်းကိုရှုံ့လိုက်ရင်း ဖုန်းကိုသာ အာရုံပြန်စိုက်လိုက်သည်

"ဂျောင်ကု.."


"ဟင်..အင်း"





"အင်း"







"အင်း"



.
.
.
.
.
.
𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲


(Yoongi's AMYGDALA! 😭)


sᴛᴇʟʟᴀ 🐻💜


You are reading the story above: TeenFic.Net