𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲 (7)

Background color
Font
Font size
Line height

𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲

ကျောင်း၏ခေါင်မိုးထပ်တွင်စုနေကြသော ကျောင်းသားတစ်စု ဟုတ်ပါသည် ထိုသူများမှာကား ထယ်ယောင်းတို့အုပ်စုပင်
အကြောင်းကတော့ ငိုနေသော ထယ်ယောင်းကိုချော့နေခြင်းသာ

"ထယ်ယောင်းရာ တိတ်ပါတော့ သူတမင်လုပ်တာနေမှာပါကွာ ခံစားမနေပါနဲ့"

ဆော့ဂျင်က ချော့တော့

"အင့် မင်း..မင်းတို့ကမှ ဒီခံစားချက်ကိုမသိတာ အင့် ဟင့် မတိတ်ဘူး အီး ဟီး"

"မသိလည်း တိတ်‌တော့နော် ငါတော့ပိုကီဝယ်ကျွေးမယ် ရေခဲမုန့်ရောပဲ မင်းကြိုက်တဲ့ စတော်ဘယ်ရီနဲ့ ထောပတ်သီးလေ နော် တိတ်တော့"

"မင်းစားချင်တာတွေလာပြောမနေနဲ့ အင့် ဟင့်"

ဒီလိုနဲ့ ပွဲကပြီးတော့မှာမဟုတ်တာကြောင့် ဂျီမင်ကပဲ

"ကဲ ငါကစားကွင်းလိုက်ပို့မယ် လိုက်မှာမလား အတန်းတွေဖျက်လိုက်တော့"

"လိုက်မယ်"

နှစ်ယာက်လုံးမှ အသံပြိုင်တူထွက်လာသည်။

>>>>>>>>>>>>>>>>

သူတို့လည်း အတန်းလစ်ပြီး ကစားကွင်းကိုရောက်လာသည်

"ငါတို့ရိုလာကိုစတာစီးရအောင်"

"ပြီးတော့မှ မငိုနဲ့နော် ထယ်ထယ်"

"မငိုပါဘူး မင်နီကလည်း"

"ပြောတာပဲ ငါကတော့မကြောက်ဘူး လုံးဝကြောက်မှာမဟုတ်ဘူး ကင်မ်ဆော့ဂျင်တဲ့ တစ်ဂျင်ပဲရှိတယ်"

"စောင်ပိုတွေရောင်းနေပြန်ပြီ"

"အောင်မယ်"

"ကဲ ရန်မဖြစ်ကြနဲ့တော့ သွားမယ် ရိုလာကိုစတာသွားစီးမယ်"

ခနအကြာ

"ဝေါ့...အွတ်"

"ကျွတ် ကျွတ် သနားစရာ"

"အော့"

သုံးယောက်သား ရိုလာကိုစတာစီးပြီး ဆော့ဂျင်မှာ အန်နေပြီးတော့ ထယ်ယောင်းမှာ ‌တောင့်တောင့်ကြီးရပ်နေသည်
ဂျီမင်မှာတော့ အန်နေသည့် ဆော့ဂျင်၏ကျောကိုပုတ်ပေးနေရသည်

"ထပ်စီးအုန်းမလား"

"နိုး...လုံးဝပဲ ပြန်..ပြန်မယ်"

"အဲ့တာဆို မုန့်သွားမစားတော့ဘူးပေါ့"

"ဟင့်အင်း စားမယ် အသားကင်သွားစားမယ် ဝက်သုံးထပ်သားကင်"

"အင်းအင်း...နေအုံး ထယ်ထယ်ရော"

"ဟင်.."

"ထယ်ထယ်..ထယ် ဪဟိုမှာ ဟျောင့် ဘာလုပ်နေတာလဲ"

"......"

"ဟျောင့် *ဂွက်* "

"အ့...-ီးမို့လာခေါက်တာလား"

"မင်းမှမကြားတာ"

"အာ...ငါအန်ချင်လာသလိုကြီးဖြစ်နေလို့"

"လာပါ ငါတို့အသားကင်သွားစားရအောင် မိုးရွာတော့မယ်ထင်တယ်"

"အွန်း.."

တစ်ဖက်က ဂျောင်ကုကကျောင်းဆင်းတုန်း ထယ်ယောင်းကိုမတွေ့တာကြောင့်

*ဟိုတစ်ယောက်ကိုလည်းမတွေ့ပါလား ထားပါ ငါ့ကိစ္စမှမဟုတ်တာ*

>>>>>>>>>>>>>>>>>

"ချကွာ နောက်တစ်ခွက်သောက်အုံး"

"နေအုံး အခုမှတစ်ခွက်သောက်ပြီးတာကို ခနလေး‌"

တခြားသူတွေကြားရင်တော့ ကျောင်းသားတွေ အသက်မပြည့်‌သေးပဲအရက်သောက်နေကြတယ် ထင်ကောင်းထင်နိုင်ကြပင်မယ့် တကယ်တမ်းက 24 နာရီစတိုးဆိုင်မှာ Coca cola ဘူးကြီးနှစ်ဘူး ဝယ်ပြီး အသားကင်ဆိုင်တွင် သောက်နေကြခြင်းသာ

"ယား...မင်းတို့သောက်နေတာ Coca cola ပါကွ ပုံစံတွေက အရက်သမားကြနေတာပဲ"

"အသဲကွဲနေတယ်ငြိမ်ငြိမ်နေ"

ထယ်ယောင်းကဟောက်လိုက်တော့ ဂျီမင်တစ်ယောက်နှာခေါင်းရှုံလျက် မျက်နှာလွှဲလိုက်သည်

"ဟူး...ငါရှေ့ဆက်တိုးသင့်လား ဆော့ဂျင်"

"သဘောလေ ဒီမှာ ထယ်ယောင်း ငါပြောမယ် နာကျင်ရမယ်ဆို လွှတ်ချလိုက်တာအကောင်းဆုံးပဲ"

"ဒါမဲ့...ကျစ်..."

"မင်းဝေခွဲမရနေတာငါသိပါတယ် ကြိုးစားကြည့်ပေါ့ ဆုံးရှုံးသွာတးာမှမဟုတ်တာ"

"အင်း ကျေးဇူးဟျောင့်"

"ပြောစရာလား မလိုဘူး"

"အင်း"

ထယ်ယောင်းမှ အပြုံးလှလှလေးဖြင့် ဆော့ဂျင်အားပြောလိုက်သည်

>>>>>>>>>>>>>>>>>>>

နောက်တစ်နေ့မနက်

"သားရေ ထီးယူသွားနော် မိုးအုံ့နေတယ် ဒါမှမဟုတ် မိုးကာအင်္ကျီဖြစ်ဖြစ်ယူသွားချေ"

"သားထီးယူသွားတယ် မေမေ‌"

"အေးအေး"

ကျောင်းရောက်တော့ ကျောင်းပေါက်ဝမှာ စကားပြောနေကြတဲ့ မနေ့က ဂန်ယူဂျင်းဆိုတဲ့မိန်းကလေးနဲ့ ဂျွန်ဂျောင်ကု
ကျွန်တော့်ကိုတွေ့တော့ သူကသူမခါးကိုဖက်ရင်း နားနားကိုကပ်ကာ တစ်စုံတစ်ခုကို ပြောလိုက်သည့်ပုံ
ထိုမြင်ကွင်းကြောင့် ရင်ဘတ်ထဲကအောင့်တက်လာတယ် သူဆက်မကြည့်နိုင်တော့တာကြောင့် အကြည့်လွှဲရင်း အတန်းထဲသို့သာဝင်လိုက်သည်
ပြီးတော့ သူ့ရဲ့ လျစ်လျူရှုတဲ့အစီအစဉ်ကလည်း အောင်မြင်မဲ့လမ်းမမြင်တော့

ပါးပြင်ပေါ်သို့ စီးကျလာသည့် မျက်ရည်များကို အလျင်အမြန်သုတ်လိုက်ရင်း စားပွဲပေါ်ခေါင်းတင်ကာခနမှိန်းလိုက်သည်

*ဒေါက် ဒေါက်*

"သူများအိပ်နေတာလို့ ဘာလို့ခုံကိုလာ...ခေါက်.."

"မပေးတော့ဘူးလား"

"........"

"ယား...မပေးတော့ဘူးလားလို့"

"ဟင် ဟမ်...ငါကဘာကိုလာပေးရမှာလဲ"

"Banana milk..? "

"ဪ...ငါမဝယ်လာမိဘူး နေသိပ်မကောင်းလို့ ကျောင်းကိုပဲမြန်မြန်လာလိုက်တယ်"

"အမ်..‌.နေမကောင်းတာကို ကျောင်းကိုလာသေးတယ် ပြစမ်း"

ဆိုပြီး ကိုယ့်နဖူးအားလာစမ်းသော သူ့လက်ချောင်းများ
အခုချိန်မှာ မိမိကိုယ်ကို ပူလား အေးလားမသိတော့ ကျောက်တုံးအလား ငြိမ်‌သက်နေမိသည်

"အဟမ်း...မဟုတ်ဘူး ငါက ဟို ဒီတိုင်း ကျစ်..ကိုယ်နွေးနေတယ် ဘာလို့ကျောင်းကိုလာတာလဲ အိမ်မှာပဲနေတာမဟုတ်ဘူး ငါ့ကိုမတွေ့ရရင် သေသွားမှာမို့လို့လား"

"........"

"ဟေ့..ဟာ ဟျောင့်"

ဂျောင်ကုက‌တော့ စိတ်မရှည်တော့ သူကသာစကားကိုတတွတ်တွတ်ပြောပြီး မှားတမ်းခြွေနေသလောက်ရှေ့ကထိုင်နေသည့်သူမှာတော့ တုပ်တုပ်တောင်မလှုပ်
ခါးကိုအသာလေးကိုင်းညွှန့်ရင်း ခုံမှာထိုင်နေတဲ့ သူကိုစိုက်ကြည့်ကာအော်နှိုးလိုက်သည်

သူအခုဘာမှမကြားရပေ ရင်ဘတ်ထဲကအကောင်ငယ်က ဗုံ‌တီးနေသလိုမြည်ဟီးလျက် အပြင်ကိုတောင် ပေါက်ကြားသွားမှာ စိုးရိမ်ရသည် 
အသံစူးစူးတစ်ခုဖြင့် အော်ခေါ်သံကြားလို့ အသိစိတ်ပြန်ဝင်လာတော့ သူကကိုယ်ရှေ့တည့်တည့်မှာကိုယ့်ကိုစိုက်ကြည့်နေတာ
နေပါအုံး ဒါ..ဒါကြီးက အရမ်း...အရမ်းနီးကပ်နေပြီ

"ဟေ့ ကြားလား မျက်နှာတွေတောင်နီနေပြီရော်"

"ဟင်...အင်း ဘာ ဘာကိုလဲ မသွားသေးဘူးလား အတန်းတက်တော့မယ်"

"အမ်..."

ရှက်ရမ်းရမ်းပြီး ဂျောင်ကုကိုအတန်းပြင်သို့ပထုတ်နေတဲ့ ထယ်ယောင်းရယ်ပါ

"အေးပါ အေးပါ ငါသွားမှာပါ"

"အင်း မြန်မြန်သွား"

အခန်းထဲမှ နှင်ထုတ်ခံလိုက်ရသည့် ဂျောင်ကုကတော့

"ကြိုက်တယ်တဲ့ ဘာကြိုက်တာ လူကိုနှင်တောင်ထုတ်နေသေး နေပေါ့ ဘယ်သူကလည်း သူ့ဆီအရမ်းလာချင်နေလို့လဲ ဘာမှန်းလည်းမသိဘူး %$&*#.."

အစောတုန်းက ဂျောင်ကုဟာ မနေ့ကတွေ့ခဲ့သည့် ဂန်ယူဂျင်းဆိုတဲ့ ကောင်မလေးနဲ့စကားပြောနေတုန်း ကင်မ်ထယ်ယောင်းကိုတွေ့တော့ ကောင်မလေး၏ ချော်လဲသလိုဖြစ်ရင်း ခါးကိုမတော်တဆဖက်သလိုလုပ်လိုက်ပြီး မရှိတဲ့သစ်ရွက်လေးကိုဖယ်ပေးလိုက်ခြင်းပင်။

အခန်းထဲရောက်တော့ တွေ့နေကြ Banana milk ဘူးဟာရှိမနေ ထိုကြောင့် မနေနိုင်တဲ့အဆုံး သူ့အခန်းကိုရောက်သွားခဲ့ရသည် ရောက်သွားတော့လည်း စားပွဲခုံပေါ်ခေါင်းမှောက်နေလို့ စားပွဲခုံကိုခေါက်လိုက်တော့ ဆဲ‌တော့မလို ပုံစံနဲ့ထလာပြီး ကိုယ့်ကိုမြင်တော့မှ ကြောင်ကြည့်နေသေးသည်

ပြီးတော့ နေမကောင်းဘူးတဲ့ ကိုယ့်ကိုကိုယ်ဘာလုပ်မိမှန်းမသိတော့ ကိုယ်တောင်မသိလိုက်ပါပဲ လက်ကအလျင်အမြန်သူ့နဖူးဆီကို သွားထိမိလိုက်သည်

ရှက်ရမ်းရမ်းရင်း စကားတွေပါထစ်ကုန်သေးတာ ပြီးတော့ လူကိုလည်းလာနှင်ထုတ်သေးတယ် တကယ့်ကိုအပေါက်အလမ်းမတည့်တဲ့ကောင်

ပွစိပွစိနှင့်တစ်ယောက်ထဲ အခန်းထဲလျှောက်လာသော ဂျောင်ကုအား နမ်ဂျွန်းနှင့် ယွန်းဂီမှမြင်၍

"အဲ့ကောင်ကလွတ်သွားတာလား"

"မသိပါဘူးကွာ တစ်နေ့တစ်နေ့မရိုးရဘူး တော်ပြီ ငါ့ မင်လုံး လေးအကြောင်းပဲစဉ်းစားတော့မယ်"

"ဪ.."

တစ်လုံးသာပြောနိုင်ပြီး စိတ်ထဲမှာတော့
တစ်ခါလာလည်း မင်လုံး တခါလာလည်း မင်လုံးနဲ့ တမင်ထဲမင်နေတာ ဖွင့်ပြောပါဆိုတော့လည်း အဝေးကနေငေးကြည့်ရလည်းဖြစ်ပါတယ်တဲ့ သောက်ပိုတွေလုပ်ပြနေတာ အလကား ကိုယ်ပျင်းတယ်ဆိုလည်းပျင်းတယ်ပေါ့

>>>>>>>>>>>>>>>>

ညနေကျောင်းဆင်းတော့ ထင်ထားတဲ့အတိုင်း မိုးရွာလာသည် မနက်ထဲက မရွာပဲ မိုးအုံ့နေတာကြောင့် အခုအပြတ်အသတ်ရွာမယ်လို့ယူဆရသည်

တချို့ ကျောင်းသားတွေကတော့ မိုးမရွာဘူးထင်ပြီး ဘာမှမပါလာကြပေ
တချို့ကတော့ ကြိုတင်ကာကွယ်သည့်အနေဖြင့် ထီးတို့ မိုးကာအင်္ကျီတို့ထည့်လာကြသည်

Do you love the rain?
Does it make you dance?

When you're drank with your friend at a party?

What's your favorite song?
Does it make you smile?
Do you think of me?

When you close your eyes, tell me, what are you dreaming?
Everything, I wanna know it all

ကျောင်းပေါက်ဝက ဂိတ်စောင့်ရှေ့တွင် ရပ်ကာမိုးခိုရင်း အသံတိုးတိုးဖြင့် သီချင်းညည်းနေသော ဂျောင်ကု
ထိုအချိန် အနောက်မှ

"နားထောင်လို့ကောင်းသားပဲ"

"ဟင် ယား...လန့်တာ အသံလေးဘာလေးပေးပါလား"

"ငါရောက်နေတာ မင်းသီချင်းစဆိုကတည်းက မင်းဘာသာမင်းသတိမထားမိတာ"

"မိုးသံတွေနဲ့ဘယ်လိုလုပ်ကြားမလဲ"

ဂျောင်ကုအပြောကို ထယ်ယောင်းမှ ပြန်မဖြေပဲ ပုခုံးလေးတွန့်ပြရင်း အကြည့်လွှဲသွားသည်

ခနအကြာ

"ရော့..."

"ဘာလဲ"

"ယူလေ"

လက်ထဲမှတစ်ခုထဲရှိသောထီးကို ကိုယ့်ကိုလာပေးနေသော ကင်မ်ထယ်ယောင်း

"နေပါစေ မိုးကတိတ်တော့မှာ"

"တိတ်မှာမဟုတ်ဘူး ယူသွားလိုက်"

"မင်းကရော.."

"ငါ့အိမ်ကနီးနီးလေး Bus နဲ့သွားမယ်ဆို ၁၀မိနစ်တောင်မပြည့်ဘူး လမ်း‌လျှောက်တာဆို မြန်မှမြန် ခနလေးနဲ့ရောက်တယ်"

"ဒါမဲ့..."

"ယူသွားပါဆို မင်းကဝေးတယ်မလား"

"သိပ်မဝေး..."

"မရှည်နဲ့"

"အ..အော..ပြီးတာပဲ အဲ့တာဆို ငါယူသွားလိုက်မယ်နော်"

"အင်း"

သူ့ထီးလေးကိုဆောင်းပြီး မိုးရေထဲပြေးထွက်သွားပါသော ကျောပြင်လေးကို အနောက်မှငေးကြည့်နေသော ထယ်ယောင်း

ဂျောင်ကုစိတ်ထဲတော့ လေးသွားရသည် သူဘာကိုစိုးရိမ်လို့စိုးရိမ်နေမှန်းမသိ ထားပါ သူအတင်းပေးလို့ယူခဲ့တာပဲ ဘာမှမဖြစ်ဘူး

ကိုယ့်စိတ်ကိုရေရေရာရာမသိတဲ့ကောင်လေးရယ်
ရှေ့ဆက်တိုးဖို့တွန့်ဆုတ်နေတဲ့ကောင်လေးရယ်
သူတို့နှစ်ယောက်နီးစပ်နိုင်ပါ့မလား..?
.
.
.
.
.
𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲

Vote တွေကအားမရလိုက်တာ မကြိုက်ကြလို့လားဟင်

Please vote and feedback

Thank you for vote and feedback (90°bow)
sᴛᴇʟʟᴀ 🐻💜


𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲

ေက်ာင္း၏ေခါင္မိုးထပ္တြင္စုေနၾကေသာ ေက်ာင္းသားတစ္စု ဟုတ္ပါသည္ ထိုသူမ်ားမွာကား ထယ္ေယာင္းတို႔အုပ္စုပင္
အေၾကာင္းကေတာ့ ငိုေနေသာ ထယ္ေယာင္းကိုေခ်ာ့ေနျခင္းသာ

"ထယ္ေယာင္းရာ တိတ္ပါေတာ့ သူတမင္လုပ္တာေနမွာပါကြာ ခံစားမေနပါနဲ႕"

ေဆာ့ဂ်င္က ေခ်ာ့ေတာ့

"အင့္ မင္း..မင္းတို႔ကမွ ဒီခံစားခ်က္ကိုမသိတာ အင့္ ဟင့္ မတိတ္ဘူး အီး ဟီး"

"မသိလည္း တိတ္ေတာ့ေနာ္ ငါေတာ့ပိုကီဝယ္ေကြၽးမယ္ ေရခဲမုန႔္ေရာပဲ မင္းႀကိဳက္တဲ့ စေတာ္ဘယ္ရီနဲ႕ ေထာပတ္သီးေလ ေနာ္ တိတ္ေတာ့"

"မင္းစားခ်င္တာေတြလာေျပာမေနနဲ႕ အင့္ ဟင့္"

ဒီလိုနဲ႕ ပြဲကၿပီးေတာ့မွာမဟုတ္တာေၾကာင့္ ဂ်ီမင္ကပဲ

"ကဲ ငါကစားကြင္းလိုက္ပို႔မယ္ လိုက္မွာမလား အတန္းေတြဖ်က္လိုက္ေတာ့"

"လိုက္မယ္"

ႏွစ္ယာက္လုံးမွ အသံၿပိဳင္တူထြက္လာသည္။

>>>>>>>>>>>>>>>>

သူတို႔လည္း အတန္းလစ္ၿပီး ကစားကြင္းကိုေရာက္လာသည္

"ငါတို႔ရိုလာကိုစတာစီးရေအာင္"

"ၿပီးေတာ့မွ မငိုနဲ႕ေနာ္ ထယ္ထယ္"

"မငိုပါဘူး မင္နီကလည္း"

"ေျပာတာပဲ ငါကေတာ့မေၾကာက္ဘူး လုံးဝေၾကာက္မွာမဟုတ္ဘူး ကင္မ္ေဆာ့ဂ်င္တဲ့ တစ္ဂ်င္ပဲရွိတယ္"

"ေစာင္ပိုေတြေရာင္းေနျပန္ၿပီ"

"ေအာင္မယ္"

"ကဲ ရန္မျဖစ္ၾကနဲ႕ေတာ့ သြားမယ္ ရိုလာကိုစတာသြားစီးမယ္"

ခနအၾကာ

"ေဝါ့...အြတ္"

"ကြၽတ္ ကြၽတ္ သနားစရာ"

"ေအာ့"

သုံးေယာက္သား ရိုလာကိုစတာစီးၿပီး ေဆာ့ဂ်င္မွာ အန္ေနၿပီးေတာ့ ထယ္ေယာင္းမွာ ေတာင့္ေတာင့္ႀကီးရပ္ေနသည္
ဂ်ီမင္မွာေတာ့ အန္ေနသည့္ ေဆာ့ဂ်င္၏ေက်ာကိုပုတ္ေပးေနရသည္

"ထပ္စီးအုန္းမလား"

"နိုး...လုံးဝပဲ ျပန္..ျပန္မယ္"

"အဲ့တာဆို မုန႔္သြားမစားေတာ့ဘူးေပါ့"

"ဟင့္အင္း စားမယ္ အသားကင္သြားစားမယ္ ဝက္သုံးထပ္သားကင္"

"အင္းအင္း...ေနအုံး ထယ္ထယ္ေရာ"

"ဟင္.."

"ထယ္ထယ္..ထယ္ ဪဟိုမွာ ေဟ်ာင့္ ဘာလုပ္ေနတာလဲ"

"......"

"ေဟ်ာင့္ *ဂြက္* "

"အ့...-ီးမို႔လာေခါက္တာလား"

"မင္းမွမၾကားတာ"

"အာ...ငါအန္ခ်င္လာသလိုႀကီးျဖစ္ေနလို႔"

"လာပါ ငါတို႔အသားကင္သြားစားရေအာင္ မိုး႐ြာေတာ့မယ္ထင္တယ္"

"အြန္း.."

တစ္ဖက္က ေဂ်ာင္ကုကေက်ာင္းဆင္းတုန္း ထယ္ေယာင္းကိုမေတြ႕တာေၾကာင့္

*ဟိုတစ္ေယာက္ကိုလည္းမေတြ႕ပါလား ထားပါ ငါ့ကိစၥမွမဟုတ္တာ*

>>>>>>>>>>>>>>>>>

"ခ်ကြာ ေနာက္တစ္ခြက္ေသာက္အုံး"

"ေနအုံး အခုမွတစ္ခြက္ေသာက္ၿပီးတာကို ခနေလး"

တျခားသူေတြၾကားရင္ေတာ့ ေက်ာင္းသားေတြ အသက္မျပည့္ေသးပဲအရက္ေသာက္ေနၾကတယ္ ထင္ေကာင္းထင္နိုင္ၾကပင္မယ့္ တကယ္တမ္းက 24 နာရီစတိုးဆိုင္မွာ Coca cola ဘူးႀကီးႏွစ္ဘူး ဝယ္ၿပီး အသားကင္ဆိုင္တြင္ ေသာက္ေနၾကျခင္းသာ

"ယား...မင္းတို႔ေသာက္ေနတာ Coca cola ပါကြ ပုံစံေတြက အရက္သမားၾကေနတာပဲ"

"အသဲကြဲေနတယ္ၿငိမ္ၿငိမ္ေန"

ထယ္ေယာင္းကေဟာက္လိုက္ေတာ့ ဂ်ီမင္တစ္ေယာက္ႏွာေခါင္းရႈံလ်က္ မ်က္ႏွာလႊဲလိုက္သည္

"ဟူး...ငါေရွ႕ဆက္တိုးသင့္လား ေဆာ့ဂ်င္"

"သေဘာေလ ဒီမွာ ထယ္ေယာင္း ငါေျပာမယ္ နာက်င္ရမယ္ဆို လႊတ္ခ်လိဳက္တာအေကာင္းဆုံးပဲ"

"ဒါမဲ့...က်စ္..."

"မင္းေဝခြဲမရေနတာငါသိပါတယ္ ႀကိဳးစားၾကည့္ေပါ့ ဆုံးရႈံးသြာတးာမွမဟုတ္တာ"

"အင္း ေက်းဇူးေဟ်ာင့္"

"ေျပာစရာလား မလိုဘူး"

"အင္း"

ထယ္ေယာင္းမွ အၿပဳံးလွလွေလးျဖင့္ ေဆာ့ဂ်င္အားေျပာလိုက္သည္

>>>>>>>>>>>>>>>>>>>

ေနာက္တစ္ေန႕မနက္

"သားေရ ထီးယူသြားေနာ္ မိုးအုံ႕ေနတယ္ ဒါမွမဟုတ္ မိုးကာအကၤ်ီျဖစ္ျဖစ္ယူသြားေခ်"

"သားထီးယူသြားတယ္ ေမေမ"

"ေအးေအး"

ေက်ာင္းေရာက္ေတာ့ ေက်ာင္းေပါက္ဝမွာ စကားေျပာေနၾကတဲ့ မေန႕က ဂန္ယူဂ်င္းဆိုတဲ့မိန္းကေလးနဲ႕ ဂြၽန္ေဂ်ာင္ကု
ကြၽန္ေတာ့္ကိုေတြ႕ေတာ့ သူကသူမခါးကိုဖက္ရင္း နားနားကိုကပ္ကာ တစ္စုံတစ္ခုကို ေျပာလိုက္သည့္ပုံ
ထိုျမင္ကြင္းေၾကာင့္ ရင္ဘတ္ထဲကေအာင့္တက္လာတယ္ သူဆက္မၾကည့္နိုင္ေတာ့တာေၾကာင့္ အၾကည့္လႊဲရင္း အတန္းထဲသို႔သာဝင္လိုက္သည္
ၿပီးေတာ့ သူ႕ရဲ႕ လ်စ္လ်ဴရႈတဲ့အစီအစဥ္ကလည္း ေအာင္ျမင္မဲ့လမ္းမျမင္ေတာ့

ပါးျပင္ေပၚသို႔ စီးက်လာသည့္ မ်က္ရည္မ်ားကို အလ်င္အျမန္သုတ္လိုက္ရင္း စားပြဲေပၚေခါင္းတင္ကာခနမွိန္းလိုက္သည္

*ေဒါက္ ေဒါက္*

"သူမ်ားအိပ္ေနတာလို႔ ဘာလို႔ခုံကိုလာ...ေခါက္.."

"မေပးေတာ့ဘူးလား"

"........"

"ယား...မေပးေတာ့ဘူးလားလို႔"

"ဟင္ ဟမ္...ငါကဘာကိုလာေပးရမွာလဲ"

"Banana milk..? "

"ဪ...ငါမဝယ္လာမိဘူး ေနသိပ္မေကာင္းလို႔ ေက်ာင္းကိုပဲျမန္ျမန္လာလိုက္တယ္"

"အမ္...ေနမေကာင္းတာကို ေက်ာင္းကိုလာေသးတယ္ ျပစမ္း"

ဆိုၿပီး ကိုယ့္နဖူးအားလာစမ္းေသာ သူ႕လက္ေခ်ာင္းမ်ား
အခုခ်ိန္မွာ မိမိကိုယ္ကို ပူလား ေအးလားမသိေတာ့ ေက်ာက္တုံးအလား ၿငိမ္သက္ေနမိသည္

"အဟမ္း...မဟုတ္ဘူး ငါက ဟို ဒီတိုင္း က်စ္..ကိုယ္ႏြေးေနတယ္ ဘာလို႔ေက်ာင္းကိုလာတာလဲ အိမ္မွာပဲေနတာမဟုတ္ဘူး ငါ့ကိုမေတြ႕ရရင္ ေသသြားမွာမို႔လို႔လား"

"........"

"ေဟ့..ဟာ ေဟ်ာင့္"

ေဂ်ာင္ကုကေတာ့ စိတ္မရွည္ေတာ့ သူကသာစကားကိုတတြတ္တြတ္ေျပာၿပီး မွားတမ္းေႁခြေနသေလာက္ေရွ႕ကထိုင္ေနသည့္သူမွာေတာ့ တုပ္တုပ္ေတာင္မလႈပ္
ခါးကိုအသာေလးကိုင္းၫႊန႔္ရင္း ခုံမွာထိုင္ေနတဲ့ သူကိုစိုက္ၾကည့္ကာေအာ္ႏွိုးလိုက္သည္

သူအခုဘာမွမၾကားရေပ ရင္ဘတ္ထဲကအေကာင္ငယ္က ဗုံတီးေနသလိုျမည္ဟီးလ်က္ အျပင္ကိုေတာင္ ေပါက္ၾကားသြားမွာ စိုးရိမ္ရသည္
အသံစူးစူးတစ္ခုျဖင့္ ေအာ္ေခၚသံၾကားလို႔ အသိစိတ္ျပန္ဝင္လာေတာ့ သူကကိုယ္ေရွ႕တည့္တည့္မွာကိုယ့္ကိုစိုက္ၾကည့္ေနတာ
ေနပါအုံး ဒါ..ဒါႀကီးက အရမ္း...အရမ္းနီးကပ္ေနၿပီ

"ေဟ့ ၾကားလား မ်က္ႏွာေတြေတာင္နီေနၿပီေရာ္"

"ဟင္...အင္း ဘာ ဘာကိုလဲ မသြားေသးဘူးလား အတန္းတက္ေတာ့မယ္"

"အမ္..."

ရွက္ရမ္းရမ္းၿပီး ေဂ်ာင္ကုကိုအတန္းျပင္သို႔ပထုတ္ေနတဲ့ ထယ္ေယာင္းရယ္ပါ

"ေအးပါ ေအးပါ ငါသြားမွာပါ"

"အင္း ျမန္ျမန္သြား"

အခန္းထဲမွ ႏွင္ထုတ္ခံလိုက္ရသည့္ ေဂ်ာင္ကုကေတာ့

"ႀကိဳက္တယ္တဲ့ ဘာႀကိဳက္တာ လူကိုႏွင္ေတာင္ထုတ္ေနေသး ေနေပါ့ ဘယ္သူကလည္း သူ႕ဆီအရမ္းလာခ်င္ေနလို႔လဲ ဘာမွန္းလည္းမသိဘူး %$&*#.."

အေစာတုန္းက ေဂ်ာင္ကုဟာ မေန႕ကေတြ႕ခဲ့သည့္ ဂန္ယူဂ်င္းဆိုတဲ့ ေကာင္မေလးနဲ႕စကားေျပာေနတုန္း ကင္မ္ထယ္ေယာင္းကိုေတြ႕ေတာ့ ေကာင္မေလး၏ ေခ်ာ္လဲသလိုျဖစ္ရင္း ခါးကိုမေတာ္တဆဖက္သလိုလုပ္လိုက္ၿပီး မရွိတဲ့သစ္႐ြက္ေလးကိုဖယ္ေပးလိုက္ျခင္းပင္။

အခန္းထဲေရာက္ေတာ့ ေတြ႕ေနၾက Banana milk ဘူးဟာရွိမေန ထိုေၾကာင့္ မေနနိုင္တဲ့အဆုံး သူ႕အခန္းကိုေရာက္သြားခဲ့ရသည္ ေရာက္သြားေတာ့လည္း စားပြဲခုံေပၚေခါင္းေမွာက္ေနလို႔ စားပြဲခုံကိုေခါက္လိုက္ေတာ့ ဆဲေတာ့မလို ပုံစံနဲ႕ထလာၿပီး ကိုယ့္ကိုျမင္ေတာ့မွ ေၾကာင္ၾကည့္ေနေသးသည္

ၿပီးေတာ့ ေနမေကာင္းဘူးတဲ့ ကိုယ့္ကိုကိုယ္ဘာလုပ္မိမွန္းမသိေတာ့ ကိုယ္ေတာင္မသိလိုက္ပါပဲ လက္ကအလ်င္အျမန္သူ႕နဖူးဆီကို သြားထိမိလိုက္သည္

ရွက္ရမ္းရမ္းရင္း စကားေတြပါထစ္ကုန္ေသးတာ ၿပီးေတာ့ လူကိုလည္းလာႏွင္ထုတ္ေသးတယ္ တကယ့္ကိုအေပါက္အလမ္းမတည့္တဲ့ေကာင္

ပြစိပြစိႏွင့္တစ္ေယာက္ထဲ အခန္းထဲေလွ်ာက္လာေသာ ေဂ်ာင္ကုအား နမ္ဂြၽန္းႏွင့္ ယြန္းဂီမွျမင္၍

"အဲ့ေကာင္ကလြတ္သြားတာလား"

"မသိပါဘူးကြာ တစ္ေန႕တစ္ေန႕မရိုးရဘူး ေတာ္ၿပီ ငါ့ မင္လုံး ေလးအေၾကာင္းပဲစဥ္းစားေတာ့မယ္"

"ဪ.."

တစ္လုံးသာေျပာနိုင္ၿပီး စိတ္ထဲမွာေတာ့
တစ္ခါလာလည္း မင္လုံး တခါလာလည္း မင္လုံးနဲ႕ တမင္ထဲမင္ေနတာ ဖြင့္ေျပာပါဆိုေတာ့လည္း အေဝးကေနေငးၾကည့္ရလည္းျဖစ္ပါတယ္တဲ့ ေသာက္ပိုေတြလုပ္ျပေနတာ အလကား ကိုယ္ပ်င္းတယ္ဆိုလည္းပ်င္းတယ္ေပါ့

>>>>>>>>>>>>>>>>

ညေနေက်ာင္းဆင္းေတာ့ ထင္ထားတဲ့အတိုင္း မိုး႐ြာလာသည္ မနက္ထဲက မ႐ြာပဲ မိုးအုံ႕ေနတာေၾကာင့္ အခုအျပတ္အသတ္႐ြာမယ္လို႔ယူဆရသည္

တခ်ိဳ႕ ေက်ာင္းသားေတြကေတာ့ မိုးမ႐ြာဘူးထင္ၿပီး ဘာမွမပါလာၾကေပ

တခ်ိဳ႕ကေတာ့ ႀကိဳတင္ကာကြယ္သည့္အေနျဖင့္ ထီးတို႔ မိုးကာအကၤ်ီတို႔ထည့္လာၾကသည္

Do you love the rain?
Does it make you dance?
When you're drank with your friend at a party?

What's your favorite song?
Does it make you smile?
Do you think of me?

When you close your eyes, tell me, what are you dreaming?
Everything, I wanna know it all

ေက်ာင္းေပါက္ဝက ဂိတ္ေစာင့္ေရွ႕တြင္ ရပ္ကာမိုးခိုရင္း အသံတိုးတိုးျဖင့္ သီခ်င္းညည္းေနေသာ ေဂ်ာင္ကု
ထိုအခ်ိန္ အေနာက္မွ

"နားေထာင္လို႔ေကာင္းသားပဲ"

"ဟင္ ယား...လန႔္တာ အသံေလးဘာေလးေပးပါလား"

"ငါေရာက္ေနတာ မင္းသီခ်င္းစဆိုကတည္းက မင္းဘာသာမင္းသတိမထားမိတာ"

"မိုးသံေတြနဲ႕ဘယ္လိုလုပ္ၾကားမလဲ"

ေဂ်ာင္ကုအေျပာကို ထယ္ေယာင္းမွ ျပန္မေျဖပဲ ပုခုံးေလးတြန႔္ျပရင္း အၾကည့္လႊဲသြားသည္

ခနအၾကာ

"ေရာ့..."

"ဘာလဲ"

"ယူေလ"

လက္ထဲမွတစ္ခုထဲရွိေသာထီးကို ကိုယ့္ကိုလာေပးေနေသာ ကင္မ္ထယ္ေယာင္း

"ေနပါေစ မိုးကတိတ္ေတာ့မွာ"

"တိတ္မွာမဟုတ္ဘူး ယူသြားလိုက္"

"မင္းကေရာ.."

"ငါ့အိမ္ကနီးနီးေလး Bus နဲ႕သြားမယ္ဆို ၁၀မိနစ္ေတာင္မျပည့္ဘူး လမ္းေလွ်ာက္တာဆို ျမန္မွျမန္ ခနေလးနဲ႕ေရာက္တယ္"

"ဒါမဲ့..."

"ယူသြားပါဆို မင္းကေဝးတယ္မလား"

"သိပ္မေဝး..."

"မရွည္နဲ႕"

"အ..ေအာ..ၿပီးတာပဲ အဲ့တာဆို ငါယူသြားလိုက္မယ္ေနာ္"

"အင္း"

သူ႕ထီးေလးကိုေဆာင္းၿပီး မိုးေရထဲေျပးထြက္သြားပါေသာ ေက်ာျပင္ေလးကို အေနာက္မွေငးၾကည့္ေနေသာ ထယ္ေယာင္း

ေဂ်ာင္ကုစိတ္ထဲေတာ့ ေလးသြားရသည္ သူဘာကိုစိုးရိမ္လို႔စိုးရိမ္ေနမွန္းမသိ ထားပါ သူအတင္းေပးလို႔ယူခဲ့တာပဲ ဘာမွမျဖစ္ဘူး

ကိုယ့္စိတ္ကိုေရေရရာရာမသိတဲ့ေကာင္ေလးရယ္
ေရွ႕ဆက္တိုးဖို႔တြန႔္ဆုတ္ေနတဲ့ေကာင္ေလးရယ္
သူတို႔ႏွစ္ေယာက္နီးစပ္နိုင္ပါ့မလား..?
.
.
.
.
.
𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲

Vote ေတြကအားမရလိုက္တာ မႀကိဳက္ၾကလို႔လားဟင္

Please vote and feedback
Thank you for vote and feedback (90°bow)
sᴛᴇʟʟᴀ 🐻💜


You are reading the story above: TeenFic.Net