0.2 _
Background color
Font
Font size
Line height
-UNICODE-
" အသက်ကို ဖြည်းဖြည်းရှူ၊ ဘာမှမတွေးနဲ့။ ကျွန်တော်ဘယ်သူလဲ သိပြီလား ? "
" ဒီခွေးကောင်လေးကတော့ ! "
ပခုံးကို လှမ်းရိုက်ပြီး ပြောလိုက်တော့ ရီခီက ရယ်ကျဲကျဲ မျက်နှာဘေးဖြင့် သူ့ကို သိုင်းဖက်လာသည်။ ရီခီ ရောက်လာတာ တကယ်တော်ပါသေးသည်။ Toiletထဲကနေ မထွက်လာနိုင်သေးတဲ့ သူ့ကို ရီခီကပဲ စိတ်အေးအေးထားစေပြီး ခေါ်ထုတ်လာပေးခဲ့တာ။
" ကျွန်တော် ဒီနေ့ည ဒီမှာပဲ အိပ်တော့မယ်။ "
အတည်ပေါက်ကြီးနဲ့ ဆိုဖာပေါ်ကို လှဲချလိုက်တဲ့ ရီခီက တွန်းထုတ်လည်း ပြန်မှာမဟုတ်တာမို့ အပင်ပန်းခံပြီး မပြောချင်တော့တာကြောင့် လွှတ်ထားပေးလိုက်သည်။
" ကျွန်တော် လာအိပ်ပေးရမလား ? "
အခန်းထဲ ဝင်ဖို့ပြင်နေတဲ့ သူ့ကို ဆိုဖာပေါ်ကနေ ခေါင်းထောင်ကြည့်ရင်း ရီခီက မေးသည်။ တကယ်တော့ သူနဲ့ရီခီ့ဆက်ဆံရေးက တစ်လတာ အပျော်တွဲခဲ့တဲ့ ဆက်ဆံရေးဆိုတာထက် ပိုသည်။ တွဲခဲ့တဲ့ တစ်လတာအတွင်းမှာ ဖက်ရုံ၊ ပါးကိုနမ်းရုံအပြင် သူ မကြိုက်တာမှန်သမျှကို ရှောင်ခဲ့တဲ့ ရီခီက သူ့အတွက်တော့ ညီငယ်တစ်ယောက်လိုသာ။
အပေါ်ယံ သတ်မှတ်ခြင်း မဟုတ်။ သူ့အကြောင်းတချို့တစ်ဝက်ကို ရီခီ့အား ပြောပြဖူးသလို၊ ရီခီ စိတ်ရှုပ်လာတိုင်းလည်း သူ့ဆီလာပြီး ရင်ဖွင့်နေကျ ။ Anger Issues ရှိတဲ့ သူ့ရဲ့အစောကလို ပုံစံမျိုးကို ဆောင်းဟွန်းအပြင် မြင်ဖူးသူက ရီခီသာရှိသည်။ သူ့အပေါ် နားလည်ပေးတဲ့ သူဆိုလည်း မမှား။ ထို့ကြောင့်လည်း ရီခီ့ကို ယုံသည်။
" မလိုဘူး ကောင်လေး "
" ကျွန်တော်ကတော့ လိုအပ်တယ်လို့ ထင်တယ်။ "
သူ့အနားကို လှစ်ခနဲ ရောက်လာတဲ့ ကောင်လေး၏ပိတုန်းရောင် ဆံပင်တွေကို ဖွလိုက်တော့ မျက်ပေတုံးလေးက ရယ်၏။
ရီခီဟာ သူ့အတွက်တော့ ထုတ်ပြောစရာမလိုဘဲ အလိုက်သိပေးတတ်တဲ့သူပါပဲ။ သည်လိုမျိုးဖြစ်တိုင်း သူ့အနားမှာ လူတစ်ယောက်ယောက် ရှိနေပေးမှ အဆင်ပြေသည်။ အိပ်လျှင်လည်း တစ်စုံတစ်ယောက်၏လက်ကို ကိုင်ပြီးမှ အဆင်ပြေပြေ အိပ်နိုင်တဲ့ သူ့အဖို့ ဆောင်းဟွန်းလည်း ရောက်မလာတာကြောင့် အခက်တွေ့နေမိတာအမှန်။ သို့သော်လည်း အလိုက်သိလွန်းသည့် ကောင်လေးကြောင့် ပြုံးလိုက်မိသည်။
" ကိုယ်ရောက်လာပြီမို့ မင်းပြန်လို့ရပြီ နီရှီမူရာ ရီခီ။ "
အခုထိ အခန်းတံခါးနားမှာ ရပ်နေသေးတဲ့ သူ့လက်တွေကို ဆွဲထားသည့် ရီခီ့လက်တွေက ပြေလျော့သွားသည်။ ဂျောင်ဝန်းရဲ့အကြည့်တွေကလည်း သူတို့နှစ်ယောက်ဆီ လှမ်းလာတဲ့ သူဆီသို့ ရောက်သွား၏။
" ဟွန်း "
ဆောင်းဟွန်းကို ကြည့်နေတဲ့ နီခီက သူ့ကို တစ်ချက်ကြည့်ပြီး ချိတ်ထားတဲ့ ကုတ်ကို ယူကာ ထွက်သွားသည်။ မသွားခင် နှုတ်ဆက်ဖို့လည်း မမေ့တဲ့ ဂျပန်ကောင်လေးကို ဂျောင်ဝန်း အပြုံးတစ်ပွင့်နဲ့သာ တုံ့ပြန်လိုက်သည်။
" အိပ်တော့မှာမလား။ အခန်းထဲ ဝင်တော့လေ။ "
ဆောင်းဟွန်းက သူ့ကို ဘာမှမမေးဘူး။ ဘယ်တုန်းကမှလည်း မမေးခဲ့ဘူး။ ဘယ်သူနဲ့တွဲတွဲ၊ ဘယ်လို သတင်းတွေ ထွက်ထွက်၊ ဖြေရှင်းပေးခဲ့ရုံကလွဲပြီး တခြား ဘာမှမပြောခဲ့။ တစ်ခါတလေကျတော့လည်း မချစ်လို့ သည်လိုနေနိုင်တာလား ဆိုပြီး တွေးမိတာ ဒေါသဖြစ်မိသည်။
ထိုသို့တွေးမိတိုင်းလည်း ဆောင်းဟွန်းကို အနားအကပ်မခံတော့ဘဲ အသစ်၊ အသစ်တွေသာ ထပ်ထားဖြစ်သည်။ သို့ပေမဲ့လည်း ဘယ်လိုပဲ လုပ်နေပါစေ။ သူ့အရှေ့မှာ မျက်နှာတစ်ချက် မပျက်ခဲ့သလို၊ စိတ်ဆိုးတာမျိုး မပြခဲ့တဲ့ ဆောင်းဟွန်းကို သူတကယ် အံ့သြမိပါသည်။
" ဒီနေ့ မင်းအစ်ကိုနဲ့တွေ့ခဲ့တယ်။ "
သူ့နဖူးကို အနမ်းပေးနေတဲ့ ဆောင်းဟွန်းဆီက အသက်ရှူ သံသည် ခဏတာ ရပ်တန့်သွား၏။ ရင်ခွင်ထဲက အထုတ်ခံလိုက်ရတဲ့ ဂျောင်ဝန်းရဲ့မျက်ဝန်းနက်တွေက ဆောင်းဟွန်းရဲ့မညို့တညို မျက်ဝန်းတွေနဲ့ အကြည့်ချင်း စုံမိသွားသည်။
သူ့အနေနဲ့ ခန့်မှန်းမိသလောက် ပြောရမယ်ဆိုလျှင် စကားတစ်ခွန်းတောင် မပြောရခင်ကတည်းက ဆောင်းဟွန်းရဲ့မျက်နှာမှာ ဒေါသရိပ်တွေ လွှမ်းနေပြီဆိုတာပင်။ ဒါပဲ၊ သူ လိုချင်တာ ဒါပဲလေ။
" ငါ့ကို မင်းနဲ့ဝေးဝေးနေတဲ့။ လိုချင်သလောက် ပေးမယ်လို့လည်း ပြောသေးတယ်။ "
ပိုခက်ထန်သွားတဲ့ ဆောင်းဟွန်းရဲ့မျက်လုံးတွေကြောင့် ဂျောင်ဝန်းသည် နှစ်နှစ်ခြိုက်ခြိုက် ပြုံး၏။ သူ့လက်တွေက ဒေါသတွေ အစပျိုးနေတဲ့ သူ၏ပါးပြင်ထက်၌ ရွေ့လျားနေသည်။ ဒေါသထွက်နေသော်လည်း မျက်လုံးထောင့်ကနေ သူ့လက်ချောင်းတွေကို ကြည့်နေသေးသည့် ပတ်ခ်ဆောင်းဟွန်းဟာ တကယ်ပါပဲ။
" ငါ့မှာ ပတ်ခ်ဆောင်းဟွန်းတစ်ယောက်လုံး ရှိနေပြီပဲကို။ ပတ်ခ်ဆောင်းဟွန်း ရှိရင် လိုချင်တာရတယ်။ "
" အင်း၊ ငါ့အနားမှာ မင်းရှိနေသရွေ့ မဖြစ်ဘူးဆိုတာ ဘာမှမရှိစေရဘူး။ "
လက်ချောင်းတွေက နှုတ်ခမ်းဆီ ဦးတည်သွားတော့ ဆောင်းဟွန်းက မျက်လုံးမှိတ်ပေးသည်။ မရည်ရွယ်ဘဲ ခိုးခိုးခစ်ခစ် ရယ်လိုက်မိပါသည်။ သူ့နှုတ်ခမ်းပါးတွေက မျက်လုံးမှိတ်ထားသူ၏ နဖူးပြင်ဆီသို့ ထိကပ်လိုက်၏။ နဖူးပြင်ကအစ ဆွဲဆောင်နိုင်လွန်းတဲ့ ပတ်ခ်ဆောင်းဟွန်းက သူ့အပိုင်ပဲဆိုသည့် အတွေးဝင်မိတော့ နှုတ်ခမ်းတွန့်ရုံမျှ ပြုံးမိသည်။
အချိန်ကိုက် မျက်လုံးပြန်ဖွင့်လာသည့်သူကတော့ လိုချင်တဲ့ အနမ်းမဟုတ်တာကြောင့် နှုတ်ခမ်းစူသွားသည်။ ဆွဲဆောင်မှုရှိတဲ့ ပတ်ခ်ဆောင်းဟွန်းရဲ့ တစ်ဖက်ခြမ်းက အခုလို ပုံစံလေးတွေကလည်း ချစ်ဖို့ကောင်းနေတတ်ပါသေးသည်။
" ငါ့လက်ကိုမလွှတ်နဲ့။ "
ဆောင်းဟွန်းရဲ့လက်တွေထဲ မြုပ်သွားတဲ့ သူ့လက်သီးဆုပ်တွေကို ခပ်တွေတွေ ငေးမောနေမိသည်။ သည်လက်တွေကို သူ မလွှတ်ချင်ဘူး။ သူ့အတွက် အမြဲလိုအပ်နေတာမို့။
--
" ဟူးးးးလ် ! "
လေပူတစ်ချက် မှုတ်ထုတ်လိုက်ရင်း စုတ်တံတွေကို အိတ်ထဲ ပြန်ထည့်ကာ အရှေ့တည့်တည့်က ကန်ရေပြင်ကို ကြည့်နေမိသည်။ သည်နေ့ကျမှ ပန်းချီထဲ လုံးဝကို အာရုံစိုက်လို့မရတာကြောင့် ထိုင်နေပြီး အချိန်လည်း မဖြုန်းပစ်ချင်။ ထို့ကြောင့် ပစ္စည်းတွေကို ပြန်သိမ်းနေရသည့်အဖြစ်။ တစ်ပတ်မှာ တစ်ခါသာ သည်နေရာကို လာဖြစ်ပြီး ပန်းချီကားတစ်ချပ် ပြီးအောင် ဆွဲလေ့ရှိသော်လည်း သည်တစ်ခေါက်တော့ မအောင်မြင်ခဲ့။
ငြိမ်သက်နေတဲ့ ရေမျက်နှာပြင်ကို ငေးကြည့်နေမိသည်။ သူ့ပုံစံက အေးချမ်းနေပေမဲ့ စိတ်အစုံကတော့ အေးချမ်းမနေပါ။ ပန်းချီသာ ဆွဲချင်တဲ့သူ့အဖို့ ကုမ္ပဏီအလုပ်တွေ လုပ်နေရခြင်းဟာ သူနဲ့မသက်ဆိုင်သောအရာလို့သာ မြင်မိသည်။ သို့သော်လည်း သူ့မှာ ငြင်းပိုင်ခွင့်မရှိ။ တစ်ဦးတည်းသောသားမို့ မိဘလုပ်ငန်းကို ဆက်ဆံရမည်ဆိုတဲ့ စကားတွေက သူ့နားထဲမှာ တဝဲလည်လည်ပင်။
တစ်ဝက်တစ်ပျက်သာ ရှိသေးတဲ့ ပန်းချီကားချပ်ကို လက်တစ်ဖက်က ကိုင်ပြီး၊ လိုအပ်တဲ့ ပစ္စည်းတွေ ထည့်ထားတဲ့ အိတ်ကို ကျန်တစ်ဖက်ကနေ ကိုင်ကာ ဂျုံဆောင်းသည် ထ,လာလိုက်သည်။ သည်နေရာက သူ ပန်းချီဆွဲနေကျနေရာလေး။ သည်နေရာလေးကို သူသိတာ နှစ်,နှစ်ကျော်နေပြီဖြစ်သည်။ ကျောင်းပြီးကတည်းက ဆိုပါတော့။
" ရရဲ့လား ? "
သူကလည်း သူ့အတွေးနဲ့သူဆိုတော့ ဖြတ်ပြေးလာတဲ့ လူကို မမြင်မိလိုက်။ ပြေးလာတဲ့သူကလည်း မျက်လုံးက ဘယ်လိုကြည့်နေလို့ လူတစ်ယောက်လုံးတောင် မမြင်သလဲ မပြောတတ်ပါ။ ဖင်ထိုင်ကျသွားတဲ့သူက ခေါင်းအတင်းငုံ့ထားသည်။ ကမ်းပေးတဲ့သူ့လက်ကို မဆွဲဘဲ ကမန်းကတန်း ထ,ပြေးသွားသည့် ထိုသူ့ကို ဂျုံဆောင်း စိတ်ပျက်သလိုသာ ကြည့်နေမိသည်။
မတော်တဆ ဝင်တိုက်သွားတာနဲ့မတူဘဲ တမင် ဝင်တိုက်သွားသလားတောင် ထင်မိသည်။
" အချိန်မှန်ပါပဲလား "
ကားပေါ်က ကဒ်လေးတစ်ကဒ်နဲ့ သကြားလုံးလေးတစ်လုံးကို မြင်တော့ ဂျုံဆောင်း ကြည်ကြည်နူးနူးနဲ့ကို ပြုံးလိုက်မိသည်။ ပန်းချီပစ္စည်းတွေ ပါတာကြောင့် ဘတ်စ်နဲ့မလာဖြစ်တဲ့ သူက ကားအရှေ့ဖုံးပေါ်ကို ရောက်လာတတ်သည့် သည်ကဒ်လေးတွေကို မျှော်နေမိတာလည်း ပါကောင်းပါမည်။ ဘယ်သူပေးတာမှန်းတောင် မသိတဲ့ အရာတွေကိုမှ သဘောကျမိသွားသည့် သူ့အဖြစ်ကလည်း ရယ်ချင်စရာပါ။
တစ်ပတ်တစ်ခါ သူလာတိုင်း ရောက်နေကျဖြစ်တဲ့ သကြားလုံးတစ်လုံးနဲ့ကဒ်လေးတစ်ကဒ်။ သူ့အိမ်မှာတော့ မနည်းမနော ဖြစ်နေပြီ။ အင်းလေ၊ နှစ်,နှစ်စာတောင်ဆိုတော့ နည်းမှမနည်းတော့တာ။ တစ်ခါမှ မပျက်မကွက်ဘဲ ပေးလာတဲ့သူကို ဂျုံဆောင်း လေးစားမိသလို၊ သိချင်စိတ်လည်း ပြင်းပြမိသည်။ သို့ပေမဲ့ ပိုင်ရှင်ကတော့ အခုချိန်ထိ သူ့အရှေ့ကို ရောက်မလာသေးပါ။
" ချစ်ဖို့ကောင်းတယ် "
ကဒ်လေးထဲမှာ ဘာစာမှာမရှိ။ အဖြူ ရောင် အသည်းပုံလေးသာ ဆွဲထားလေ့ရှိသည်။ ဘာစိတ်ကူးနဲ့သည်လို ပေးတယ်ဆိုတာ မသိပေမဲ့ စိတ်ရှုပ်တာမျိုး မရှိဖူးခဲ့။ ပိုင်ရှင်ကိုယ်တိုင် သူ့အရှေ့ကို ရောက်လာမည့် နေ့အား ဂျုံဆောင်းသည် စိတ်ရှည်ရှည်နဲ့ စောင့်နေမိသည်။ အင်ဟာကတော့ ပြောရှာပါသည်။
' အမည်မသိတဲ့သူကို စောင့်နေတဲ့ နင်က အရူးပဲ ပတ်ခ်ဂျုံဆောင်းရယ်။ တော်ကြာ ယောက်ျားလေးဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ' တဲ့။
သူ(မ) ပြောသလိုသာ အဖြူရောင်အသည်းပုံလေးတွေရဲ့ ပိုင်ရှင်က ယောက်ျားလေးတစ်ယောက်ဖြစ်ခဲ့လျှင်ရော ဘာဆန်းသလဲ။ သူက သဘောရိုးနဲ့ သည်အတိုင်း တွေ့ချင်မိရုံပါ။
--
" ဟွန်းလေးအတွက် ထမင်းထည့်ခဲ့ပေးပါ ဦးလေးကြီး။ "
ဂျောင်ဝန်းကိစ္စကို ပြောဖို့လာခဲ့တာဖြစ်သော်လည်း ထမင်းဝိုင်းနဲ့ ကြိုဆိုလာသည်မို့ ဆောင်းဟွန်း အသက်ပြင်းပြင်း ရှူ လိုက်မိသည်။
" မထည့်နဲ့။ စားဖို့လာတာ မဟုတ်ဘူး။ နောက်ဘယ်တော့မှ ဂျောင်ဝန်းနဲ့မတွေ့ပါနဲ့တော့။ ကျွန်တော်တို့နှစ်ယောက်ကြားထဲ အစ်ကို ဝင်မပါ,ပါနဲ့တော့လား။ "
ပြုံးနေရာမှ တည်သွားတဲ့ အစ်ကို့မျက်နှာကို ဆောင်းဟွန်း မကြည့်ချင်။ အစ်ကိုမျှော်လင့်ထားတဲ့ ထမင်းစားဝိုင်းမှာ သူဘယ်တော့မှ ထိုင်မှာ မဟုတ်ဘူး။
" ယန်းဂျောင်ဝန်း ! ယန်းဂျောင်ဝန်း ! ယန်းဂျောင်ဝန်း !! "
စားပွဲကို အသံမြည်အောင် ထုရင်း အစ်ကိုက အော်သည်။
" အဲ့ယန်းဂျောင်ဝန်းက မင်းရဲ့ဘဝကို ဖျက်ဆီးဖို့ ကြိုးစားနေတာ သိရဲ့လား !! ကဝေလိုကောင်က မင်းရဲ့အတွင်းကလီစာတွေကို လှိုက်စားသွားပြီး ဘာမှမကျန်တော့တဲ့ မင်းကို ပစ်စလက်ခတ် ထားခဲ့မဲ့အချိန်ထိ ငါက ဒီအတိုင်း လက်ပိုက်ကြည့်နေနိုင်မယ်လို့ ထင်နေသလား ဟမ် ? "
ဂျောင်ဝန်းအကြောင်းကို အစ်ကို့ထက် ဆောင်းဟွန်း ပိုသိသည်။ သူကိုယ်တိုင်ကိုက ကြည်ကြည်ဖြူဖြူနဲ့ လက်ခံပေးထားတာမို့ ဘယ်သူမှ ဂျောင်ဝန်းကို ထိခွင့်မရှိဘူး။
သနားစရာကောင်းတဲ့အကြည့်တွေအပြင် ဒေါသတွေနဲ့ ပြည့်နှက်နေတဲ့ အကြည့်တွေပါ ရောယှက်နေသည့် အစ်ကို့ပုံစံကို ဆောင်းဟွန်း ကြာကြာ မကြည့်ချင်။ သူက ဂျောင်ဝန်းတစ်ယောက်တည်းကိုပဲ မြင်တယ်ဆိုလျှင် အစ်ကိုကလည်း သူ့အတွက်ပဲ မြင်တဲ့သူ။ ဒါပေမဲ့ သူ အစ်ကို့,ကို မလိုအပ်တော့ဘူး။ သူ့အတွက် ကြိုးစားပေးနေတဲ့ အစ်ကို့ကိုလည်း အကောင်းမြင်ပေးနိုင်မှာ မဟုတ်တော့ဘူး။ အစ်ကို့အနားမှာ သူပြန်နေချင်လျှင် ဂျောင်ဝန်းနဲ့ဝေးရမှာ။ အဲ့လို လုံးဝအဖြစ်မခံနိုင်ဘူး။
" အစ်ကိုရော အစ်ကိုချစ်တဲ့သူကို လက်လွှတ်ပေးဖို့ တွေးဖူးလား ? "
သိသိသာသာ ပျက်သွားတဲ့ အစ်ကို့မျက်နှာချောချောက ဆောင်းဟွန်းအတွက် ဟာသရုပ်ပြတစ်ခုဆိုတာထက်မပို။ ဟက်ဟက်ပက်ပက် ရယ်လိုက်မိတော့ အစ်ကိုက တစ်ဖက်သို့ အကြည့်လွှဲသည်။
" ကျွန်တော်က အစ်ကို့ညီပါ။ အစ်ကို့လိုပဲ ချစ်မိပြီဆို ဘာမဆိုလုပ်မှာ။ မလုပ်ရဲဘူးဆိုတာ မရှိတာမလို့ ဝေးဝေးနေနော်။ "
သူ့စကားတွေ ရိုင်းတာ သူသိသည်။ ဘောင်ကျော်နေမိတာလည်း သူသိသည်။ တောင်းပန်ဖို့အတွေး မဝင်မိတာတော့ သူလည်း မတတ်နိုင်ပါ။
" ဒါနဲ့ အစ်ကိုက ကံကောင်းပါတယ်။ သူက အစ်ကို့ကို ချစ်တယ်လေ။ "
အစ်ကို့လက်ကို ကိုင်ထားတဲ့ သူက သူ့အမြင်အာရုံထဲကနေ ဆောင်းဟွန်းရဲ့ကျောပြင် ပျောက်ကွယ်သွားသည်အထိ ကြည့်နေသည်။ အဓိပ္ပါယ်ဖော်ရခက်တဲ့ ဆောင်းဟွန်းရဲ့အကြည့်တွေက ဘာလို့ သနားစရာကောင်းနေရတာပါလိမ့်။
" ဂျောင်ဝန်းနဲ့စကားပြောဖို့လိုနေပြီထင်တယ်။ "
--
" မင်းကောင်မကို ထိတော့ နာတာလား ဟက် ? "
" အဲ့လိုမပြောပါနဲ့လားကွာ။ သူ့ကို သိတောင်မသိပါဘူးဆို။ ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို လက်ပါတာကတော့ လွန်တယ်လေ ဝန်းရာ။ "
ဆောင်းဟွန်း ဘားမှာသောက်နေတုန်း ကောင်မလေးတစ်ယောက်က သူ့ဘေးကနေ မခွာဘဲ ပွတ်သီးပွတ်သပ် လုပ်နေသည်။ မောင်းထုတ်သော်လည်း ကောင်မလေးက အဖက်တောင်မလုပ်တာကြောင့် ဆောင်းဟွန်း မသိချင်ယောင်သာ ဆောင်ထားလိုက်သည်။
ပြဿနာက ဖြစ်ချင်လာပြီဆို ကြံဖန်ပြီးတော့ကို ဖြစ်တာလို့ ပြောရမလား။ သူ့ပေါင်ပေါ် ဘေးတစ်စောင်း တက်ထိုင်လာတဲ့ ကောင်မလေးကို သတိလက်လွတ်ဖြစ်ပြီး ကြည့်နေမိတုန်း အချိန်ကိုက် ရောက်လာသည့် ဂျောင်ဝန်းက ဘာမှပြောမနေဘဲ ပေါင်ပေါ်ကနေ ဆွဲချကာ ပါးရိုက်ပစ်သည်။ နောက်တစ်ချက်ရိုက်ဖို့ ပြင်နေတဲ့ လက်ကို ဖမ်းဆွဲလိုက်ပြီး Toiletဆီ မနည်းဆွဲခေါ်လာရသည်။
Dating Rumorတောင် မဖြေရှင်းရသေးခင် Dispatchကနေ နောက်ထပ် Articleတွေ ထပ်မပေါ်လာဖို့ အရေးကြီးသည်။ မဖြေရှင်းပေးချင်လို့ မဟုတ်ဘဲ ဂျောင်ဝန်းရဲ့ဂုဏ်သိက္ခာကို မထိခိုက်စေချင်လို့သာ။ ဒါတွေကို ဂရုမစိုက်တဲ့ ကောင်လေးကတော့ ဟိုလူ့ဘက်ပါ,ပါတယ်၊ သည်လူ့ဘက် ပါ,ပါတယ်ဆိုပြီး သောင်းကျန်းနေလေရဲ့။
" လွန်တာတွေ၊ မလွန်တာတွေ စိတ်မဝင်စားဘူး။ အဲ့ကောင်မကို နောက်တစ်ချက် ရိုက်ရမှ ငါကျေနပ်မယ်။ ငါ့အပိုင်ကို ထိရဲတဲ့ မိန်းမ ! "
ပြောပြောဆိုဆိုနဲ့ Toiletထဲက ထွက်ဖို့ကြိုးစားနေတဲ့ သူကို ဆောင်းဟွန်း အသည်းအသန် တားရပြန်သည်။ မီးဟုန်းဟုန်းတောက်နေတဲ့ မျက်ဝန်းတွေနဲ့ သူ့ကို စေ့စေ့ကြည့်လာရင်း ...
" ဖယ်နော် "
" ငါ့ကိုရိုက်လိုက်။ အရမ်းရိုက်ချင်နေတယ်ဆို ငါ့ကိုရိုက်လိုက်စမ်းပါ။ "
ခဏတာ ငြိမ်သက်သွားတဲ့ ဂျောင်ဝန်းက ဟက်ခနဲ ရယ်သည်။ မြောက်တက်လာတဲ့ လက်တစ်ဖက်ကြောင့် ဆောင်းဟွန်း ပြုံးလိုက်မိပါသည်။ အရိုက်ခံရလည်း ဂျောင်ဝန်း စိတ်ပြေဖို့က အဓိက။
" အာ ... ဟိုဟာ "
ဆောင်းဟွန်းရဲ့ပါးကို ရိုက်ဖို့တွေဝေနေတဲ့ ဂျောင်ဝန်းနဲ့ အရိုက်ခံဖို့ အဆင်သင့်ဖြစ်နေသည့် သူသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိကြသည်။ လူမရှိတာ သေချာမှ သူတို့ဝင်လာခဲ့ကြတာ။ အခုလူက ဘယ်တုန်းကတည်းက ရောက်နေခဲ့တာလဲ။ ဘယ်အတိုင်းအတာအထိ ကြားသွားပြီလဲ။
အပြင်ကို ထွက်ဖို့ဆို တံခါးရဲ့အရှေ့မှာ ကွယ်နေတဲ့ သူတို့နှစ်ယောက်ကို ကျော်သွားမှဖြစ်မည်။ Maskတပ်ထားတဲ့ ထိုလူကလည်း ခြေလှမ်းတွေကို မရပ်ခဲ့။ ဆောင်းဟွန်းတစ်ယောက်တည်း အတွေးများနေတုန်း ဂျောင်ဝန်းရဲ့ မဲ့ပြုံးကို မမြင်လိုက်မိပါ။
ထိုလူ့ maskကို ဆွဲချွတ်လိုက်တဲ့ ဂျောင်ဝန်းက သူ့maskကိုပါ ခပ်မြန်မြန် ဆွဲချွတ်လိုက်ပြီး ဘယ်သူမှ မထင်မှတ်ထားတဲ့ အပြုအမူတစ်ခုအား ပြုမူလိုက်သည်။ ဆောင်းဟွန်း တရှိုက်မက်မက် နမ်းခဲ့ဖူးတဲ့ သူ့နှုတ်ခမ်းပါးက အမည်တောင်မသိသည့် လူစိမ်းဆီသို့ တိုးဝင်နေသည်။
" ဝန်း !! "
ထိုသူရော၊ ဆောင်းဟွန်းပါ ကြောင်အမိသွားကြသည်က အံ့သြစရာတော့မရှိ။ သတိပြန်ကပ်လာတဲ့ ဆောင်းဟွန်းကတော့ ချက်ချင်းဆိုသလို လက်ကောက်ဝတ်ကနေ ဆွဲလိုက်ပြီး သူ့ရင်ခွင်ထဲသို့ သွင်းလိုက်သည်။ အခုထိ ကြောင်အနေဆဲဖြစ်တဲ့ လူစိမ်းကတော့ မျက်တောင်မခတ်ဘဲ ရပ်နေတုန်း။
Mask ပြန်တပ်လိုက်သောသူနဲ့ သူ့အား စေ့စေ့ကြည့်နေတဲ့သူက မည်သည့်စကားမှ မဆိုဘဲ ထွက်သွားကြသည်။ သူကတော့ သတိကပ်တစ်ချက်၊ မကပ်တစ်ချက်ဖြင့်။
Ring ... Ring ... Ring
ဝင်လာတဲ့ဖုန်းကြောင့် ခန္ဓာကိုယ်က တစ်ချက်တုန်သွားပြီး အခုမှ သတိရော၊ အသိစိတ်ပါ လုံးဝ ပြန်ကပ်သွားသယောင်။ တကယ်တော့ ဖုန်းအသံကြောင့်ဆိုတာထက် တစ်ဖက်က အားကြိုးမာန်တက်၊ အာပေါင်သန်ရင်း ပြောလာသည့် သူကြောင့်ဆို ပိုမှန်လိမ့်မည်ထင်၏။
" တရုတ်ကောင်ကို မိပြီ ဂျုံဆောင်းရေ !! "
--
" နင့်ပုံစံကလေ ဒရမ်မာထဲက မင်းသားဆီ ပထမဆုံးအနမ်းပါသွားလို့ ကျေနပ်နေတဲ့ မင်းသမီးနဲ့တူနေတယ်။ "
ကုမ္ပဏီကို သွားရတာကြောင့် သည်ရက်ပိုင်း အင်ဟာ့ဆိုင်ကို ဂျုံဆောင်းက ညနေဘက်လောက်မှ ရောက်ဖြစ်သည်။ ရောက်လာတော့လည်း အရင်လို ဘာမှမပြောဘဲ တစ်ယောက်တည်း ထိုင်ပြီး နှုတ်ခမ်းကိုကိုင်လိုက်၊ ပြုံးလိုက်နေသည်မှာ ကြာပြီဖြစ်သည်။
အမှန်တော့ ယွန်းအင်ဟာက သူဘာဖြစ်နေမှန်းမသိဘဲ တမင်တကာ ရန်ထောင်နေခြင်းပင်။ ဟိုတစ်နေ့က သူ့အရှေ့လာပြီး ယောက်ျားတွေ မကောင်းဘူးဟု လာပြောလို့ ' နင့်ယန်းဂျောင်ဝန်းကမှ လူရှုပ်လူပွေ။ ' ဟူ၍ ပြောလိုက်သည်ကို အခဲမကြေဖြစ်နေသေးသည့်ပုံ။ ထို့ကြောင့်လည်း မျက်စောင်းတထိုးထိုး လုပ်နေတာဖြစ်မည်။
" သွားစမ်းပါဟာ "
ကိုယ့်အကြောင်းနဲ့ကိုယ်မို့ ဂျုံဆောင်းသည် သူ(မ)နဲ့ ရန်ဖက်ဖြစ်မနေတော့ဘဲ အတင်းနှင်လွှတ်သည်။ တကယ်လည်း သူ့ပုံစံက သူ(မ)ပြောသလို ပထမဆုံးအနမ်းပါသွားတဲ့ မင်းသမီးလို ဖြစ်နေပြီလား။
သူစိမ်းတွေရဲ့မျက်နှာကို တစ်ခါလောက် တွေ့ရုံနဲ့ မမှတ်နိုင်တဲ့ ဂျုံဆောင်းရဲ့အာရုံထဲမှာ တစ်ခါသာ တွေ့လိုက်ရသည့်သူက နေ့ရော ညပါ စိုးမိုးထားသည်။ သူ့ကိုယ်သူလည်း မယုံနိုင်ဖြစ်မိတာကြောင့် ခေါင်းထဲကနေ ထုတ်ထားဖို့ ကြိုးစားပေမဲ့လည်း မအောင်မြင်ခဲ့။ သူ့အလိုလို ဝင်လာတဲ့ အတွေးတွေကို ဂျုံဆောင်းမှာ တားဆီးနိုင်စွမ်းမရှိခဲ့ရိုးအမှန်ပါ။
ရက်သတ္တပတ်ကြာအောင် အထပ်ထပ်အခါခါ တွေးပြီးသွားတဲ့နောက်မှာတော့ သူသိလိုက်ရသည်က ထိုကောင်လေးကို သဘောကျနေမိပြီဆိုတာပါပဲ။ အလုပ်ထဲက ချောပေ့၊ လှပေ့ဆိုတဲ့ မဒီတွေကိုတောင် စိတ်မဝင်စားတဲ့ သူက ရဲတင်းလွန်းသည့် အနမ်းသူခိုးလေး တစ်ယောက်အား စိတ်ဝင်စားမိသွားတယ်လို့ပြောလျှင် သေချာပေါက် အလှောင်ခံရမဲ့ကိန်းပေါ့။ ထို့ပြင် ယောက်ျားလေးတစ်ယောက်ပါ ဖြစ်နေသေးသည် မဟုတ်ပေလား။
" ဟဲ့ ! ဟိုတရုတ်ကောင်ရော ? ငြိမ်သွားပြီလား ? "
သူ့ဘေးသို့ တဖန်ရောက်လာပြန်တဲ့ အင်ဟာ့ကို ခေါင်းညိတ်ပြလိုက်ပြီး ...
" သူ့အဘိုးလက်ထဲရောက်သွားပြီဆိုတော့ ငြိမ်သွားပြီထင်တာပဲ။ သူ့လည်း ကျေးဇူးတင်ရမယ်။ "
" ဘာကိုကျေးဇူးတင်ရမှာလဲ။ အဲ့အမွှေစိန်လေး မွှေလို့ ငါတို့နှစ်ယောက်မှာ ဘယ်လောက်ဗျာများသွားရသလဲ ! "
ဟုတ်တော့လည်းဟုတ်ပေမဲ့ ထိုအမွှေစိန်ကြောင့်ပဲ ဂျုံဆောင်း ရင်ခုန်ခဲ့ရတာ မဟုတ်လား။ တရုတ်ကောင်လေးက ဂျုံဆောင်းတို့ရဲ့အိမ်နီးနားချင်းကောင်လေး။ သူ့အဘိုးက ဂျုံဆောင်းအဖေနဲ့အတော်လေး ရင်းနှီးသည်။ ဆိုးလွန်းလို့ အိမ်ထဲပိတ်ထားတဲ့ကြားထဲမှ ရအောင် ထွက်ပြေးသွားသည့် သူကို ဂျုံဆောင်းတို့က ဘာမဆိုင်ညာမဆိုင် လိုက်ရှာပေးရသေးသည်။
အစကတော့ သူတို့နဲ့မဆိုင်ဘဲ လိုက်ဖမ်းပေးရတာကြောင့် မကျေမနပ်ဖြစ်မိပေမဲ့ အခုတော့ ကျေးဇူးတောင် တင်မိသွားသည်။ ထိုတရုတ်ကြောင့်သာ မဟုတ်လျှင် အခုလို အဖြစ်အပျက်တွေ ဖြစ်လာမှာ မဟုတ်လောက်ဘူးမလား။
သူ့ကို ဖမ်းဖို့ နှစ်ယောက်သား ဘားမှာ နေရာခွဲပြီး စောင့်နေကြစဉ် ဗိုက်ထဲက အခြေအနေ မကောင်းတာကြောင့် ဂျုံဆောင်း Toiletထဲ အမြန်ပြေးရသေး၏။ ကိစ္စရှင်းပြီးတော့ ထွက်လာဖို့ လုပ်ပေမဲ့ အပြင်ဘက်က ကြားနေရတဲ့ ရန်ဖြစ်သံတွေကြောင့် ထွက်မလာဘဲ နေ,နေမိသည်။
တော်ရုံနဲ့ မပြီးသွားတဲ့ ရန်ပွဲကြောင့် ဂျုံဆောင်းလည်း စိတ်မရှည်တော့ဘဲ ထွက်လာမိတော့ ချက်ချင်း လှည့်ကြည့်လာကြတဲ့ မျက်လုံးနှစ်စုံထဲကမှ ဆွဲဆောင်နိုင်လွန်းသည့် မျက်ဝန်းတစ်စုံကို ကိုယ်တိုင်တောင် မသိလိုက်ဘဲ ငေးကြည့်မိခဲ့သည်ဆိုတာကို သူဝန်ခံပါသည်။ မျက်လုံးတွေက တကယ်လှတာပါ။
သို့သော်လည်း မြန်ဆန်လွန်းတဲ့ အဖြစ်အပျက်တွေကို ဂျုံဆောင်း လိုက်မမှီခဲ့။ ဆွဲချွတ်ခံလိုက်ရတဲ့ maskနဲ့အတူ ထိကပ်လာခဲ့သည့် နှုတ်ခမ်းပါး၏အထိအတွေ့ကို အခုချိန်ထိ မေ့မရခဲ့ပါ။ ဘယ်လိုတောင် ပြုစားနိုင်တာပါလိမ့်။
" အားးးးး !!! "
မေ့နိုင်မှာ မဟုတ်တဲ့ အဖြစ်အပျက်တချို့ကို ပြန်တွေးနေတုန်း နားအနားကပ်ပြီး အာခေါင်ခြစ် အော်သံကြောင့် လိပ်ပြာလွင့်မတတ် လန့်သွားရသည်။ အသံအိုးပိုင်ရှင် ယွန်းအင်ဟာက ဖုန်းမျက်နှာပြင်ကို ကြည့်ပြီး ငိုတော့မဲ့ရုပ်နဲ့။
" ကြည့်ပါဦး ဂျုံဆောင်းရယ်။ ငါ့မောင်လေး၊ ငါ့ကလေးလေးက နတ်သားလေးပါဟာ။ အဖြူ လေးနဲ့ လူကို ရူးအောင် ပြုစားနေတာလား ကလေးရယ်။ "
မထွက်တဲ့ မျက်ရည်တွေကို သုတ်နေသည့် သူငယ်ချင်းမကို ပေစောင်းစောင်းသာ ကြည့်နေမိသည်။ ဘယ်လောက်တောင် ချောနေလို့ နတ်သားလို့တောင် ပြောရတာလဲ။ တကယ်တော့ ယန်းဂျောင်ဝန်းကို ဂျုံဆောင်း သေချာမမြင်ဖူးသေး။ သူ(မ)ကလည်း သူ့မောင်လေးကို ပတ်ခ်ဂျုံဆောင်း ကြွေသွားမှာစိုးလို့ဆိုပြီး မပြ။
ပုံမှန်ဆို လှည့်တောင်မကြည့်တတ်တဲ့ ဂျုံဆောင်းက အခုတော့ အမြင်ကပ်ကပ်နဲ့ပဲ ဖုန်းကို ဆွဲလုပြီး ကြည့်လိုက်မိသည်။ ဘယ်လောက်တောင် ချောနေတဲ့ နတ်သားမို့လို့ အပိုတွေ လာလုပ်ပြနေတာလဲဆိုတာ သူသိချင်သည်။
" ရားးးး !!! "
အင်ဟာက မကျေနပ်သလို အော်ပြီး ဖုန်းကို ဆွဲလုသည်။ ဖုန်းကို စိုက်ကြည့်နေရင်းကနေ ရုတ်တရက်ကြီး ငြိမ်သွားတဲ့ ဂျုံဆောင်းကြောင့် သူ(မ)က နှုတ်ခမ်းမဲ့ရင်း ...
" ဘာလဲ ? ကြွေသွားပြီလို့တော့ မပြောနဲ့နော်။ "
" အင်ဟာ ... သူက တကယ်ပဲ ယန်းဂျောင်ဝန်းလား ? "
ဖုန်းကနေ အကြည့်မခွာတဲ့ ဂျုံဆောင်းက မယုံသလို မေးလာတာကြောင့် သူ(မ)က ကျစ်ခနဲ စုပ်သပ်ရင်း ဟုတ်ကြောင်း ပြန်ဖြေသည်။ ဆိုင်ထဲ ဝင်လာတဲ့သူတွေကြောင့် အင်ဟာက သူ့အနားမှာမရှိတော့။
မျက်ဝန်းတွေ၊ ထိုမျက်ဝန်းတွေကို ဂျုံဆောင်း မှတ်မိသည်။ ပြီးတော့ ပန်းနုရောင် နှုတ်ခမ်းပါးတွေ။ ယန်းဂျောင်ဝန်းဆိုတဲ့ လူရှုပ်လူပွေလေးက သူ့အနမ်းကို ခိုးယူသွားခဲ့တဲ့ အနမ်းသူခိုးလေး ဖြစ်နေခဲ့တာလား။ အဲ့တာက အဓိပ္ပါယ်ရှိနိုင်လို့လား။
--
28,2,2022
♡
--
-ZAWGYI-
" ဒီခွေးကောင်လေးကတော့ ! "
" မလိုဘူး ကောင်လေး "
" ဟွန်း "
" အိပ်တော့မှာမလား။ အခန်းထဲ ဝင်တော့လေ။ "
You are reading the story above: TeenFic.Net