2

Background color
Font
Font size
Line height

Unicode

"Minji နဲ့ အဆင်​ပြေတယ်မလား?"

​စီးကရက် တစ်လိပ်ကို ကျွမ်းကျင်စွာ ဖွာထုတ်လိုက်​သော သူက ကျွန်​တော့်​မေးခွန်းကို နှာ​ခေါင်းရှုံ့၏

"အင်း ​ပြေပါတယ် ကျွန်​တော့်ဇနီးဖြစ်ဖို့​တောင် သူက သိပ်​ကောင်း​နေ​သေးတယ်"

ကျွန်​တော် ဘာမှဆက်မ​ပြော​တော့ သူက ကျွန်​တော့်ကို ခပ်စူးစူးစိုက်ကြည့်သည်
တိတ်ဆိတ်မှုက ဘုရင်အဖြစ် ယာယီစိုးစံသည်..

"ကိုးရီးယားမှာ ဘယ်​လောက်ကြာကြာ​နေမှာလဲ?"

"လက်ထပ်ပြီးတာနဲ့ ပြန်မှာ MinJi က ​မွေးရပ်​မြေမှာ လက်ထပ်ချင်တယ်ဆိုလို့သာ ပြန်လာရတာ"

စကားစိမ်းစိမ်းက ကျွန်​တော့်ရင်ဘတ်ကို ဟက်တက်ခွဲသည်
ခံပြင်းခြင်းကို အပြုံးတစ်ပွင့်နဲ့ ပိရိစွာ ကျွန်​တော်ဖုံးလိုက်သည်
အဖြူ​ရောင် စီးကရက်​ငွေ့များနည်းတူ ဝမ်းနည်းမှု​တွေပါ လေထဲ ပျောက်ကွယ်သွားနိုင်လျှင် သိပ်​ကောင်းလိမ့်မည်

............

စာကြည့်တိုက်က​နေ ထွက်လာ​တော့ မိုးကတဖွဲဖွဲရွာ​နေသည်
ကျွန်​တော့်နှလုံးသားကလည်း ​လေတိုက်တိုင်း အရည်​ပျော်ကျသည်

ဘယ်ဆီသို့ ခိုနားရမလဲ မ​ရေရာ​​သော ​ခြေ​ထောက်​တွေက ခြေဦးတည့်ရာ​လျှောက်သွား​နေသည်
စိုရွှဲလာတဲ့ ဆံပင်အချို့က ကျွန်​​တော့်​ရှေ့မြင်ကွင်းကို အနည်းငယ်​နှောင့်ယှက်​နေသည်

​ကျောင်းဆင်းချိန်ဖြစ်သည်မို့ ​​​ကျောင်းဝတ်စုံ​လေး​တွေနဲ့ အထက်တန်း​​ကျောင်းသား​လေး​တွေ မိုးမစို​အောင်​ပြေးလွှား​နေကြသည်
အရပ်ရှည်ရှည် ​ကျောင်းသား​လေး​တွေကို မြင်​တော့ တစ်ခါက သူ့ကို သတိရမိပြန်ပြီ

"အကို့ နှုတ်ခမ်း​တွေက လှတယ် ကျွန်​တော် ပန်းချီဆွဲချင်လာပြီ အကို ငြိမ်ငြိမ်နေ​နော်"

ကြား​ယောင်လာတဲ့ သြရှရှ အသံနဲ့အတူ ဝိုးတဝါး အတိတ်က ပုံရိပ်များ

ထိုစဥ်က ကျွန်​တော်က အထက်တန်း​နောက်ဆုံးနှစ် သူက ဒုတိယနှစ်..
ပန်းချီဆွဲရတာ ဝါသနာပါတဲ့သူက ​ခေါင်မိုးထပ်မှာ လာလာအိပ်တတ်တဲ့ ကျွန်​တော့်ဆီ အမြဲတ​စေ လာ​လေ့ရှိသည်

"အတန်းမတက်ဘူးလား?"

ကျွန်​တော်​မေး​တော့ သူက ​ခေါင်းခါသည်

"အကို​​တောင် မတက်ပဲ"

သ​ဘောတကျရယ်လိုက်မိပြီး အ​ရှေ့က ​ကောင်​ငယ်​လေးရဲ့ ဆံနွယ်တို့ကို ရှုပ်ဖွပစ်လိုက်​သည်

"Soobinnie က စံပြ​ကျောင်းသား အကို က လူဆိုးစာရင်းဝင် ..မတူဘူး​လေ"

​ကောင်ငယ်​လေးက ကျွန်​တော့်စကားကို မနှစ်သက်ပုံနဲ့နှုတ်ခမ်းစူပြသည်

"မသိဘူး မသိဘူး ဘာမှလာမ​ပြောနဲ့"

ကျွန်​​တော် အသည်းယားစွာ သူ့လက်သွယ်သွယ်​လေး​တွေကို ကိုင်ဆုပ်ပြီး အနမ်း​​​ခြွေ​တော့ သူကပါးချိုင့်​လေး​တွေ​ပေါ်​အောင် ပြုံးသည်

"ကျွန်​တော် လက်မ​ဆေးရ​သေးဘူး​နော် အကို"

ကျွန်​တော် ရယ်​တော့သူက ရှက်ပြုံး​လေးပြုံးသည်

"အကို့ နှုတ်ခမ်း​တွေက လှတယ် ကျွန်​တော် ပန်းချီဆွဲချင်လာပြီ အကို ငြိမ်ငြိမ်နေ​နော်"

"အခုဆွဲမလို့လား?"

​ကျောပိုးအိတ်ထဲက ပုံဆွဲစာအုပ်နဲ့အတူ ခဲသားချွန်ချွန်ကိုပါ ထုတ်လာတဲ့သူက ​ခေါင်းတသွင်သွင် ညိမ့်ပြ​လေ၏

"အိပ်​ပျော်​နေတဲ့ပုံကို ဆွဲချင်တာ.. မြန်မြန်အိပ်ပါလား အကိုရဲ့"

​ဟော.. လန်းဆန်း​နေတဲ့ ကျွန်​တော့်ကို ချက်ချင်းပဲ အိပ်ခိုင်း​နေပြန်ပြီ ဒီ​ကောင်​လေးဟာ​ တော်​တော်ဆိုးပါရဲ့...
အထွန့်တစ်ခုမတက်ပဲ ကျွန်​တော်နံရံကိုမှီကာ ​မျက်လုံး​လေး​တွေ စုံမှိတ်လိုက်​တော့ သူက ' အင်း ' ဆိုပြီး အလိုကျသွားပုံ​​ပေါ်သည်

နာရီဝက်နီးပါး တိတ်ဆိတ်​နေတဲ့ အခိုက်တန့်မှာ ​လေတိုက်တိုင်း လွင့်လာ​သော ကိုယ်သင်းနံ့ သင်းသင်းရယ် မြတ်နိုးရ​​သော အသက်ရှူသံ တိုးတိုးရယ်

ခဲခြစ်သံတို့ ရုတ်တရက် တိတ်ဆိတ်သွားသည်
မှိတ်ထား​သော မျက်ခွံ​အတွင်းထိ စူးစူးရှရှ ထိုး​နေတဲ့ ​နေ​ရောင်ကို တစ်စုံတစ်ရာက ဖုံးကာလိုက်သည်
နီးကပ်လာ​သော အသက်ရှူသံ​တွေကြား ကျွန်​တော့် ရင်ဘတ်​တွေ ထိန်းမရ​အောင် တဒိတ်ဒိတ်ခုန်လာသည်

တဖြည်းဖြည်းနီးကပ်လာ​သော ဝင်​လေထွက်​လေက ကျွန်​တော့် နှုတ်ခမ်းပါးအထိ ရိုက်ခတ်​နေပြီ

မဖြစ်သင့်မှန်း သိ​ပေမယ့် ကျွန်​တော် မျက်လုံးတို့ကို ဆက်မှိတ်ထားမိသည်
နူးညံ့​သော တစ်စုံတစ်ရာ ကျွန်​​​တော့်နှုတ်ခမ်း​ပေါ်ကို ​​ရောက်လာ​လေမလားဆို​​သော စိတ်ကူးတစ်စနဲ့​ပေါ့

အချိန်တစ်ခုအထိ ကြာ​ညောင်းပြီး​တော့ သက်ပြင်းချသံတစ်ခုကိုကြားရသည်
နီးကပ်​​နေတဲ့ ကိုယ်​ငွေ့တစ်စုံ​ပျောက်ကွယ်သွားခြင်းနဲ့အတူ ​နေမင်းပြင်းပြင်းက ဆိုးရွားစွာ မျက်လုံးအတွင်း ဝင်​ရောက်သည်

"အကို ပြီးပြီ ထ​တော့"

ကျွန်​တော်မျက်လုံးဖွင့်​တော့ ကျွန်​တော့်​ရှေ့က သူက ပြုံးပြသည် စိတ်ထဲကမပါ​သော အပြုံးတစ်ပွင့်နှင့်

ပုံဆွဲစာအုပ်ကို ပိတ်လိုက်ပြီး သူက ကျွန်​တော့်ကို ဝမ်းနည်းစွာ ကြည့်သည်

"ဘယ်လိုလုပ်မလဲ အကို"

​ဝမ်းနည်းစရာ​ကောင်း​သော မျက်ဝန်းတို့က မျက်ရည်လှဲ့လှဲ့ ဝိုင်းလာရှာပြီ
ကျွန်​တော် သူ့ပါးပြင်​တစ်ဖက်ကို နူးနူးညံ့ညံ့ ကိုင်တွယ်မိသည်
သူက ပါးနုနုထက်က ကျွန်​တော့်လက်ကို သူ့လက်ဖဝါးကျယ်ကျယ်ဖြင့် ပြန်အုပ်မိုး၏

"အကို့ကို ချစ်မိ​​နေပြီ ဘယ်လိုလုပ်ရမလဲ?"

စကားတစ်ခွန်းကို ခက်ခက်ခဲခဲ​ပြောပြီးသည်နှင့် ပုလဲဥတို့က ပါးပြင်နုနုထက်ကို အလုအယက်​ပြေးဆင်းကြသည်

"မငိုပါနဲ့ကွာ ... ငိုစရာမှ မဟုတ်တာ"

ကျွန်​တော် ​ကောင်ငယ်​လေးကို ရင်ခွင်ထဲထည့်ထားမိသည်

နာကျင်စွာ ငို​ကြွေး​နေတဲ့ ကျွန်​​တော့်ရင်ခုန်သံကို​တော့ ​ကောင်ငယ်​လေး မကြားပါ​စေနှင့်

တကယ်​တော့ ကျွန်​တော်ဟာ ​ကောင်ငယ်​လေး ကျွန်​တော့်ကို သိပ်ချစ်မှန်း သိထားနှင့်တာ ကြာခဲ့ပြီ

....................

ခန္ဓါကိုယ်​ပေါ် တ​ပေါက်​ပေါက်ကျ​နေတဲ့ မိုး​ပေါက်​တွေ ရုတ်တရက် ရပ်တန့်သွားခါမှ ကျွန်​တော် အသိစိတ်ပြန်ကပ်သည်

"ရူး​နေလို့ မိုးရွာထဲလျှောက်သွား​နေတာလား?"

ခပ်သြသြ အသံတစ်ခုက ကျွန်​တော့်ကို ​အော်​​ဟောက်​နေသည်

"Soobin?"

​သေချာကြည့်​တော့မှ သူ့ရင်ဘတ်တို့က နိမ့်ချည်မြင့်ချည်နဲ့ အသက်ကို လုရှူ​နေသည် ကြည့်ရတာ အ​လောတကြီး ​ပြေးလာဟန်​ရသည်

"ခင်ဗျားက တကယ့်ကို အရူးပဲ .. ဘာလို့ စိတ်နဲ့မကပ် ​လျှောက်သွား​နေရတာလဲ? ဒီလိုနဲ့ မ​တော်တဆဖြစ်သွားရင် ဘယ်လိုလုပ်မလဲ?"

"Soobin ရယ်"

"ဘာလို့ ဝမ်းနည်းစရာ​​ကောင်းတဲ့ မျက်လုံးတွေနဲ့ ကျွန်​တော့်ကို ကြည့်​နေရပြန်တာလဲ? ကျွန်​တော့်ကို သနား​နေပြန်ပြီလား?"

ဖြတ်သွားဖြတ်လာလူ​တွေက​ ကျွန်​တော်တို့ကို ကွက်ကြည့်ကွက်ကြည့် လုပ်​နေတာ​ကြောင့် ကျွန်​တော် Soobin လက်ကို ဆွဲပြီး လူရှင်းတဲ့ လမ်း​ထောင့်တစ်​နေရာကို ဝင်လိုက်သည်

"ဒီမှာ​ပြော.. လမ်းလယ်မှာ လူအရမ်းများတယ်"

သူက ကျွန်​တော့်လက်ထဲက သူ့လက်​ကောက်ဝတ်ကို ရုန်းပြီး ကျယ်​လောင်စွာ ​တောက်​ခေါက်သည်

"ခင်ဗျားက အမြဲအဲ့အတိုင်းပဲ...လူ​တွေရဲ့ အမြင် လူ​တွေရဲ့အမြင် လူ​တွေရဲ့အမြင် ... ဒါပဲ ခင်ဗျား ဂရုစိုက်တယ် .. ခင်ဗျား ကျွန်​တော့်ကို ချစ်တာ ကျွန်​တော်သိတယ် ဒါ​ပေမယ့် ခင်ဗျားက သူရဲ​ဘောအရမ်း​ကြောင်တယ် .. ဘာကို​ကြောက်​နေတာလဲ? ဘာကို အဲ့ဒီ​လောက်​ကြောက်​နေတာလဲ? ကျွန်​​တော့်ကို ဆုံးရှုံးရမှာထက် ခင်ဗျား​ကြောက်​နေတာ ဘာလဲ? ဟမ်? ကျွန်​​တော့်ကို ​ပြောပြစမ်းပါဦး!!"

​ဒေါသအကြီးအကျယ်ထွက်​နေတဲ့သူက ကျွန်​​တော့်ကို ​စေ့​စေ့ကြည့်ကာ ​အော်ဟစ်သည်
ကျွန်​တော် သူ့ကို ဆွဲ​ခေါ်လာတုန်းက ထီးကို ပစ်ချခဲ့ပုံ​ပေါ်သည်
သူ့တစ်ကိုယ်လုံးလည်း စိုရွှဲ​​လို့..

"​အ​ဖြေကို မင်းသိပြီးသားပါ"

ကျွန်​တော့်စကားတိုးတိုးမှာ သူက ချက်ချင်း ငြိမ်ကျသွားသည်
​ဒေါသထွက်​နေ​သော မျက်လုံး​တွေက ချက်ချင်း ဝမ်းနည်းခြင်းအဖြစ်​ပြောင်းလဲသည်

"အကို​ရော ကျွန်​တော်​ရော ​ယောကျာ်း​လေးဖြစ်​နေလို့"

ခပ်တိုးတိုး သူ့အသံမှာ ​ကြေကွဲခြင်းတို့ လျှံကျ​လို့.....

"အင်း အဲ့ဒါတစ်ခုတည်းလား?"

သူက တုန်ရီစွာ​​နဲ့ ခေါင်းတသွင်သွင် ရမ်းသည်

ဟုတ်ပါသည် ကျွန်​တော်နှင့် သူနှင့်ကြား ဘယ်လိုမှ ​​ပေါင်းစည်းလို့ မဖြစ်နိုင်သော အချက်​ပေါင်းများစွာ ရှိ​၏
ဒါကို ထက်မြက်တဲ့ သူ​က နားမလည်စရာ အ​ကြောင်း လုံးလုံးမရှိ
​ခေါင်းမာစွာ လက်​တွေ့ကို ရင်မဆိုင်ချင်ရုံသက်သက်ဖြင့်သာ သူ မသိချင်​ယောင်​ဆောင်ထားခြင်းဖြစ်သည်

မဖြစ်နိုင်တဲ့အရာတွေကို ​​မျှော်လင့်ပြီး ဘဝက နာကျင်မှု​ပေးတဲ့အခါ ခံစားရမယ့် က​လေးကို ကျွန်​တော် မမြင်လို...
စကားလုံး​တွေရှိတယ် ​ပြောပြလို့မရဘူး
အကြင်နာ​တွေရှိတယ် ယုယလို့မရဘူး
အနီးဆုံးမှာရှိတယ် ချစ်ပြလို့မရဘူး
ဒါဟာကျွန်​တော့်ရဲ့ ပြတ်သားချက်တစ်ခု

.................

တံစက်မြိတ်​လေးမှာ မိုးခိုရင်း ကျွန်​တော်တို့ မိုးအတိတ်ကို ​စောင့်ဆိုင်းသည်
သည်းကြီးမည်းကြီး ရွာချ​နေ​သောမိုးတို့က တစ်စုံတစ်ရာကို ​ဒေါသထွက်​နေသည့်အတိုင်း

ကျွန်​တော့်​ဘေးမှာ ​ကွေး​ကွေး​လေးထိုင်​နေ​သောသူက တံစက်မြိတ်အပြင်ဘက်ကို လက်က​လေးတစ်ဖက်ထုတ်ကာ မိုး​ရေစက်ကလေး​တွေနဲ့ ​ဆော့ကစား​နေသည်

ဒီလိုဆို​တော့လည်း ကျွန်​တော့်က​လေး​က ဘာတစ်ခုမှ မ​ပြောင်းလဲသွားပါလား

"အကို့ကို လွမ်း​နေတာ"

သူ့စကားဟာ မိုးခြုန်းသံ​တွေကြားထဲမှာ ခပ်တိမ်တိမ်ထွက်လာသည်
ကျွန်​တော်အိတ်ကပ်ထဲက မစိုတစိုဖြစ်​နေတဲ့ ​စီးကရက်ဗူးကို ထုတ်​တော့ သူကကျွန်​တော့်ကို ​မော့ကာ ကြည့်သည်

"အကို ​သောက်မယ်ဆို ကျွန်​တော့်ကိုလည်း တစ်လိပ်​ပေး"

ကျွန်​တော် မျက်​မှောင်ကြုံ့ကာ ​ဆေးလိပ်ဗူးကို အိတ်ကပ်ထဲ ချက်ချင်းပြန်သွင်းလိုက်မိသည်

"မ​သောက်နဲ့ မကြိုက်ဘူး"

ကျွန်​တော့်စကားမှာ သူက ပြုံးသည် သူ့အပြုံးတွင် ကြည်နူးမှုကို မြင်ရသည် အလွမ်းကိုလည်း မြင်ရသည်

"အကိုလည်း မ​သောက်နဲ့ ကျွန်​တော်မကြိုက်ဘူး"

​ခေါင်း​လေးငုံ့ကာ မဝံ့တရဲဆိုတဲ့ သူ့ကို ကျွန်​တော်ကြင်နာစွာ ​ငေးကြည့်မိသည်

"အကို ကျွန်​​တော်တို့ ထွက်​ပြေးကြမလားဟင်? ဟိုးးးး ကမ္ဘာကြီးရဲ့ တစ်ဘက်ခြမ်းကို လူ​တွေမရှိတဲ့ ​နေရာကို​လေ"

ကျွန်​တော် ဘာစကားမှမဆိုပဲ သူ့ကို ​တ​မေ့တ​မောကြည့်မိသည်

"ငရဲဆိုရင်​တောင် အကိုလိုက်မယ်ဆို ကျွန်​တော် သွားရဲပါတယ် .. အကို လိုက်မယ်မလားဟင်?"

တိမ်ဝင်သွားတဲ့ သူ့အသံဟာ သိပ်ကို ဝမ်းနည်းစရာ​​ကောင်းလှသည်
ကျွန်​တော် မျက်​တောင်တို့ကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မျက်ရည်စ ​တွေကို လွင့်ပြယ်​စေသည်
ကျွန်​တော်ငိုလို့မဖြစ်ပါ ကျွန်​တော် ငိုတာကိုမြင်လျှင် ​ကောင်​လေးက သူ့ဘဝသူ ဖျက်ဆီးပစ်လိမ့်မည်

ကျွန်​တော် ဘာမှမတုံ့ပြန်​​တော့ ​ကောင်​လေးက သူ့​မျက်နှာကို ဒူးနှစ်ဖက်ဆီ ဝှက်သည်

"အကို့ကို ချစ်ရတာ ပင်ပန်းလိုက်တာ"

.........................

အိတ်ကပ်ထဲက တဒီဒီမြည်လာ​သော ဖုန်းသံ​ကြောင့် ​​ကောင်​လေးက ကျွန်​တော့်ကို တစ်ချက်​မော့ကြည့်သည်

ဖုန်း screen မှာ ​ပေါ်​နေတဲ့ contact name ​ကြောင့် ကျွန်​တော့်စိတ်တို့ ​လေးပင်သွားရသည်

"Hello အ​ဖေ"

​​​ကောင်​လေးက အထိတ်တလန့် မျက်လုံးကျယ်ကျယ်တို့နဲ့ ကျွန်​တော့်ကို ကြည့်သည်

"ဟုတ် Soobin ကျွန်​တော်နဲ့ ရှိ​နေပါတယ်"

"ဟုတ် ဟုတ်.."

"ခဏ​နေ ကျွန်​တော်ကိုယ်တိုင် ပြန်ပို့လိုက်မယ်​နော်"

"ဟုတ် ဒါဆို ခဏ​နေမှတွေ့မယ်​​နော်"

"ဟုတ်ကဲ့ခင်ဗျ"

ကျွန်​တော်ဖုန်းချလိုက်​တော့ Soobin က ကမန်းကတန်းမတ်တတ်ထရပ်သည်

"အ​ဖေလား?"

"အင်း ဖုန်းဆက်လို့မရလို့တဲ့"

"အာ ဖုန်းကကားထဲမှာ ကျန်ခဲ့တာ.. ပြီး​တော့​ရော ဘာတဲ့လဲ?"

"ခဏ​နေ အိမ်ပြန်လာတဲ့ ပြီး​တော့ ကိုယ့်ကိုလည်း ​ပြောစရာရှိလို့ ​ပြောတယ်"

သူက မျက်ခုံးတို့ကို တွန့်ချိုးလိုက်သည်

"မသွားလို့မရဘူးလား?"

​တောင်းဆို​နေခြင်းမဟုတ်​သော သူ့အသံက သိသိသာသာ ခပ်ထန်​နေသည်
မှုန်ဝါးဝါး အပြုံးနဲ့ ကျွန်​တော်ပြုံးပြသည်

"ဘယ်ရမလဲ Soobin ရယ်.. ဦး​လေးက ငါ့အတွက်​အ​ဖေ လေ"

Soobin က သက်ပြင်းချပြီး ကျွန်​တော့်ဆီမှမျက်နှာလွဲသည်

"​အ​ဖေရင်းလည်း မဟုတ်ပဲနဲ့"

မ​ကျေမနပ်ဖြင့် ပွစိပွစိ သူက​ရေရွတ်သည်

က​လေးတစ်​​ယောက်ကို ​ချော့​မော့သလို ကျွန်​တော် သူ့ဦး​ခေါင်း​လေးကို ပွတ်​ပေး​တော့ သူက ကျွန်​တော့်မျက်လုံး​တွေကို ဝမ်းနည်းစွာ စိုက်ကြည့်​လေ၏

"အဲ့ဒါ​ကြောင့်မို့ မသွားလို့ မရတာ​ပေါ့ က​လေးရယ်"

​စော​စောစီးစီး ကွယ်လွန်သွားခဲ့​သော မိဘနှစ်ပါးကို ကျွန်​တော်နာကျည်းမိသည်
အကယ်၍သာ Soobin ဟာ ကျွန်​​တော့်ရဲ့ ညီ​လေး မဟုတ်ခဲ့လျှင်.....

ကျွန်​တော်တို့နှစ်​ယောက်ဟာ ဆုံစည်းဖို့ ​ရေစက်​ပါ​ခဲ့ ပေမယ့် ​ပေါင်းစပ်ဖို့ ကံတရားတော့ မပါခဲ့​ဘူး ထင်ပါသည်

TBC ...

.......................................................

Zawgyi

"Minji နဲ႔ အဆင္​ေျပတယ္မလား?"

​စီးကရက္ တစ္လိပ္ကို ကြၽမ္းက်င္စြာ ဖြာထုတ္လိုက္​ေသာ သူက ကြၽန္​ေတာ့္​ေမးခြန္းကို ႏွာ​ေခါင္းရႈံ႕၏

"အင္း ​ေျပပါတယ္ ကြၽန္​ေတာ့္ဇနီးျဖစ္ဖို႔​ေတာင္ သူက သိပ္​ေကာင္း​ေန​ေသးတယ္"

ကြၽန္​ေတာ္ ဘာမွဆက္မ​ေျပာ​ေတာ့ သူက ကြၽန္​ေတာ့္ကို ခပ္စူးစူးစိုက္ၾကည့္သည္
တိတ္ဆိတ္မႈက ဘုရင္အျဖစ္ ယာယီစိုးစံသည္..

"ကိုးရီးယားမွာ ဘယ္​ေလာက္ၾကာၾကာ​ေနမွာလဲ?"

"လက္ထပ္ၿပီးတာနဲ႔ ျပန္မွာ MinJi က ​ေမြးရပ္​ေျမမွာ လက္ထပ္ခ်င္တယ္ဆိုလို႔သာ ျပန္လာရတာ"

စကားစိမ္းစိမ္းက ကြၽန္​ေတာ့္ရင္ဘတ္ကို ဟက္တက္ခြဲသည္
ခံျပင္းျခင္းကို အၿပဳံးတစ္ပြင့္နဲ႔ ပိရိစြာ ကြၽန္​ေတာ္ဖုံးလိုက္သည္
အျဖဴ​ေရာင္ စီးကရက္​ေငြ႕မ်ားနည္းတူ ဝမ္းနည္းမႈ​ေတြပါ ေလထဲ ေပ်ာက္ကြယ္သြားႏိုင္လွ်င္ သိပ္​ေကာင္းလိမ့္မည္

............

စာၾကည့္တိုက္က​ေန ထြက္လာ​ေတာ့ မိုးကတဖြဲဖြဲ႐ြာ​ေနသည္
ကြၽန္​ေတာ့္ႏွလုံးသားကလည္း ​ေလတိုက္တိုင္း အရည္​ေပ်ာ္က်သည္

ဘယ္ဆီသို႔ ခိုနားရမလဲ မ​ေရရာ​​ေသာ ​ေျခ​ေထာက္​ေတြက ေျခဦးတည့္ရာ​ေလွ်ာက္သြား​ေနသည္
စို႐ႊဲလာတဲ့ ဆံပင္အခ်ိဳ႕က ကြၽန္​​ေတာ့္​ေရွ႕ျမင္ကြင္းကို အနည္းငယ္​ေႏွာင့္ယွက္​ေနသည္

​ေက်ာင္းဆင္းခ်ိန္ျဖစ္သည္မို႔ ​​​ေက်ာင္းဝတ္စုံ​ေလး​ေတြနဲ႔ အထက္တန္း​​ေက်ာင္းသား​ေလး​ေတြ မိုးမစို​ေအာင္​ေျပးလႊား​ေနၾကသည္
အရပ္ရွည္ရွည္ ​ေက်ာင္းသား​ေလး​ေတြကို ျမင္​ေတာ့ တစ္ခါက သူ႔ကို သတိရမိျပန္ၿပီ

"အကို႔ ႏႈတ္ခမ္း​ေတြက လွတယ္ ကြၽန္​ေတာ္ ပန္းခ်ီဆြဲခ်င္လာၿပီ အကို ၿငိမ္ၿငိမ္ေန​ေနာ္"

ၾကား​ေယာင္လာတဲ့ ၾသရွရွ အသံနဲ႔အတူ ဝိုးတဝါး အတိတ္က ပုံရိပ္မ်ား

ထိုစဥ္က ကြၽန္​ေတာ္က အထက္တန္း​ေနာက္ဆုံးႏွစ္ သူက ဒုတိယႏွစ္..
ပန္းခ်ီဆြဲရတာ ဝါသနာပါတဲ့သူက ​ေခါင္မိုးထပ္မွာ လာလာအိပ္တတ္တဲ့ ကြၽန္​ေတာ့္ဆီ အၿမဲတ​ေစ လာ​ေလ့ရွိသည္

"အတန္းမတက္ဘူးလား?"

ကြၽန္​ေတာ္​ေမး​ေတာ့ သူက ​ေခါင္းခါသည္

"အကို​​ေတာင္ မတက္ပဲ"

သ​ေဘာတက်ရယ္လိုက္မိၿပီး အ​ေရွ႕က ​ေကာင္​ငယ္​ေလးရဲ႕ ဆံႏြယ္တို႔ကို ရႈပ္ဖြပစ္လိုက္​သည္

"Soobinnie က စံျပ​ေက်ာင္းသား အကို က လူဆိုးစာရင္းဝင္ ..မတူဘူး​ေလ"

​ေကာင္ငယ္​ေလးက ကြၽန္​ေတာ့္စကားကို မႏွစ္သက္ပုံနဲ႔ႏႈတ္ခမ္းစူျပသည္

"မသိဘူး မသိဘူး ဘာမွလာမ​ေျပာနဲ႔"

ကြၽန္​​ေတာ္ အသည္းယားစြာ သူ႔လက္သြယ္သြယ္​ေလး​ေတြကို ကိုင္ဆုပ္ၿပီး အနမ္း​​​ေႁခြ​ေတာ့ သူကပါးခ်ိဳင့္​ေလး​ေတြ​ေပၚ​ေအာင္ ၿပဳံးသည္

"ကြၽန္​ေတာ္ လက္မ​ေဆးရ​ေသးဘူး​ေနာ္ အကို"

ကြၽန္​ေတာ္ ရယ္​ေတာ့သူက ရွက္ၿပဳံး​ေလးၿပဳံးသည္

"အကို႔ ႏႈတ္ခမ္း​ေတြက လွတယ္ ကြၽန္​ေတာ္ ပန္းခ်ီဆြဲခ်င္လာၿပီ အကို ၿငိမ္ၿငိမ္ေန​ေနာ္"

"အခုဆြဲမလို႔လား?"

​ေက်ာပိုးအိတ္ထဲက ပုံဆြဲစာအုပ္နဲ႔အတူ ခဲသားခြၽန္ခြၽန္ကိုပါ ထုတ္လာတဲ့သူက ​ေခါင္းတသြင္သြင္ ညိမ့္ျပ​ေလ၏

"အိပ္​ေပ်ာ္​ေနတဲ့ပုံကို ဆြဲခ်င္တာ.. ျမန္ျမန္အိပ္ပါလား အကိုရဲ႕"

​ေဟာ.. လန္းဆန္း​ေနတဲ့ ကြၽန္​ေတာ့္ကို ခ်က္ခ်င္းပဲ အိပ္ခိုင္း​ေနျပန္ၿပီ ဒီ​ေကာင္​ေလးဟာ​ ေတာ္​ေတာ္ဆိုးပါရဲ႕...
အထြန္႔တစ္ခုမတက္ပဲ ကြၽန္​ေတာ္နံရံကိုမွီကာ ​မ်က္လုံး​ေလး​ေတြ စုံမွိတ္လိုက္​ေတာ့ သူက ' အင္း ' ဆိုၿပီး အလိုက်သြားပုံ​​ေပၚသည္

နာရီဝက္နီးပါး တိတ္ဆိတ္​ေနတဲ့ အခိုက္တန္႔မွာ ​ေလတိုက္တိုင္း လြင့္လာ​ေသာ ကိုယ္သင္းနံ႔ သင္းသင္းရယ္ ျမတ္ႏိုးရ​​ေသာ အသက္ရႉသံ တိုးတိုးရယ္

ခဲျခစ္သံတို႔ ႐ုတ္တရက္ တိတ္ဆိတ္သြားသည္
မွိတ္ထား​ေသာ မ်က္ခြံ​အတြင္းထိ စူးစူးရွရွ ထိုး​ေနတဲ့ ​ေန​ေရာင္ကို တစ္စုံတစ္ရာက ဖုံးကာလိုက္သည္
နီးကပ္လာ​ေသာ အသက္ရႉသံ​ေတြၾကား ကြၽန္​ေတာ့္ ရင္ဘတ္​ေတြ ထိန္းမရ​ေအာင္ တဒိတ္ဒိတ္ခုန္လာသည္

တျဖည္းျဖည္းနီးကပ္လာ​ေသာ ဝင္​ေလထြက္​ေလက ကြၽန္​ေတာ့္ ႏႈတ္ခမ္းပါးအထိ ႐ိုက္ခတ္​ေနၿပီ

မျဖစ္သင့္မွန္း သိ​ေပမယ့္ ကြၽန္​ေတာ္ မ်က္လုံးတို႔ကို ဆက္မွိတ္ထားမိသည္
ႏူးညံ့​ေသာ တစ္စုံတစ္ရာ ကြၽန္​​​ေတာ့္ႏႈတ္ခမ္း​ေပၚကို ​​ေရာက္လာ​ေလမလားဆို​​ေသာ စိတ္ကူးတစ္စနဲ႔​ေပါ့

အခ်ိန္တစ္ခုအထိ ၾကာ​ေညာင္းၿပီး​ေတာ့ သက္ျပင္းခ်သံတစ္ခုကိုၾကားရသည္
နီးကပ္​​ေနတဲ့ ကိုယ္​ေငြ႕တစ္စုံ​ေပ်ာက္ကြယ္သြားျခင္းနဲ႔အတူ ​ေနမင္းျပင္းျပင္းက ဆိုး႐ြားစြာ မ်က္လုံးအတြင္း ဝင္​ေရာက္သည္

"အကို ၿပီးၿပီ ထ​ေတာ့"

ကြၽန္​ေတာ္မ်က္လုံးဖြင့္​ေတာ့ ကြၽန္​ေတာ့္​ေရွ႕က သူက ၿပဳံးျပသည္ စိတ္ထဲကမပါ​ေသာ အၿပဳံးတစ္ပြင့္ႏွင့္

ပုံဆြဲစာအုပ္ကို ပိတ္လိုက္ၿပီး သူက ကြၽန္​ေတာ့္ကို ဝမ္းနည္းစြာ ၾကည့္သည္

"ဘယ္လိုလုပ္မလဲ အကို"

​ဝမ္းနည္းစရာ​ေကာင္း​ေသာ မ်က္ဝန္းတို႔က မ်က္ရည္လွဲ႔လွဲ႔ ဝိုင္းလာရွာၿပီ
ကြၽန္​ေတာ္ သူ႔ပါးျပင္​တစ္ဖက္ကို ႏူးႏူးညံ့ညံ့ ကိုင္တြယ္မိသည္

သူက ပါးႏုႏုထက္က ကြၽန္​ေတာ့္လက္ကို သူ႔လက္ဖဝါးက်ယ္က်ယ္ျဖင့္ ျပန္အုပ္မိုး၏

"အကို႔ကို ခ်စ္မိ​​ေနၿပီ ဘယ္လိုလုပ္ရမလဲ?"

စကားတစ္ခြန္းကို ခက္ခက္ခဲခဲ​ေျပာၿပီးသည္ႏွင့္ ပုလဲဥတို႔က ပါးျပင္ႏုႏုထက္ကို အလုအယက္​ေျပးဆင္းၾကသည္

"မငိုပါနဲ႔ကြာ ... ငိုစရာမွ မဟုတ္တာ"

ကြၽန္​ေတာ္ ​ေကာင္ငယ္​ေလးကို ရင္ခြင္ထဲထည့္ထားမိသည္
နာက်င္စြာ ငို​ေႂကြး​ေနတဲ့ ကြၽန္​​ေတာ့္ရင္ခုန္သံကို​ေတာ့ ​ေကာင္ငယ္​ေလး မၾကားပါ​ေစႏွင့္

တကယ္​ေတာ့ ကြၽန္​ေတာ္ဟာ ​ေကာင္ငယ္​ေလး ကြၽန္​ေတာ့္ကို သိပ္ခ်စ္မွန္း သိထားႏွင့္တာ ၾကာခဲ့ၿပီ

....................

ခႏၶါကိုယ္​ေပၚ တ​ေပါက္​ေပါက္က်​ေနတဲ့ မိုး​ေပါက္​ေတြ ႐ုတ္တရက္ ရပ္တန္႔သြားခါမွ ကြၽန္​ေတာ္ အသိစိတ္ျပန္ကပ္သည္

"႐ူး​ေနလို႔ မိုး႐ြာထဲေလွ်ာက္သြား​ေနတာလား?"

ခပ္ၾသၾသ အသံတစ္ခုက ကြၽန္​ေတာ့္ကို ​ေအာ္​​ေဟာက္​ေနသည္

"Soobin?"

​ေသခ်ာၾကည့္​ေတာ့မွ သူ႔ရင္ဘတ္တို႔က နိမ့္ခ်ည္ျမင့္ခ်ည္နဲ႔ အသက္ကို လုရႉ​ေနသည္ ၾကည့္ရတာ အ​ေလာတႀကီး ​ေျပးလာဟန္​ရသည္

"ခင္ဗ်ားက တကယ့္ကို အ႐ူးပဲ .. ဘာလို႔ စိတ္နဲ႔မကပ္ ​ေလွ်ာက္သြား​ေနရတာလဲ? ဒီလိုနဲ႔ မ​ေတာ္တဆျဖစ္သြားရင္ ဘယ္လိုလုပ္မလဲ?"

"Soobin ရယ္"

"ဘာလို႔ ဝမ္းနည္းစရာ​​ေကာင္းတဲ့ မ်က္လုံးေတြနဲ႔ ကြၽန္​ေတာ့္ကို ၾကည့္​ေနရျပန္တာလဲ? ကြၽန္​ေတာ့္ကို သနား​ေနျပန္ၿပီလား?"

ျဖတ္သြားျဖတ္လာလူ​ေတြက​ ကြၽန္​ေတာ္တို႔ကို ကြက္ၾကည့္ကြက္ၾကည့္ လုပ္​ေနတာ​ေၾကာင့္ ကြၽန္​ေတာ္ Soobin လက္ကို ဆြဲၿပီး လူရွင္းတဲ့ လမ္း​ေထာင့္တစ္​ေနရာကို ဝင္လိုက္သည္

"ဒီမွာ​ေျပာ.. လမ္းလယ္မွာ လူအရမ္းမ်ားတယ္"

သူက ကြၽန္​ေတာ့္လက္ထဲက သူ႔လက္​ေကာက္ဝတ္ကို ႐ုန္းၿပီး က်ယ္​ေလာင္စြာ ​ေတာက္​ေခါက္သည္

"ခင္ဗ်ားက အၿမဲအဲ့အတိုင္းပဲ...လူ​ေတြရဲ႕ အျမင္ လူ​ေတြရဲ႕အျမင္ လူ​ေတြရဲ႕အျမင္ ... ဒါပဲ ခင္ဗ်ား ဂ႐ုစိုက္တယ္ .. ခင္ဗ်ား ကြၽန္​ေတာ့္ကို ခ်စ္တာ ကြၽန္​ေတာ္သိတယ္ ဒါ​ေပမယ့္ ခင္ဗ်ားက သူရဲ​ေဘာအရမ္း​ေၾကာင္တယ္ .. ဘာကို​ေၾကာက္​ေနတာလဲ? ဘာကို အဲ့ဒီ​ေလာက္​ေၾကာက္​ေနတာလဲ? ကြၽန္​​ေတာ့္ကို ဆုံးရႈံးရမွာထက္ ခင္ဗ်ား​ေၾကာက္​ေနတာ ဘာလဲ? ဟမ္? ကြၽန္​​ေတာ့္ကို ​ေျပာျပစမ္းပါဦး!!"

​ေဒါသအႀကီးအက်ယ္ထြက္​ေနတဲ့သူက ကြၽန္​​ေတာ့္ကို ​ေစ့​ေစ့ၾကည့္ကာ ​ေအာ္ဟစ္သည္
ကြၽန္​ေတာ္ သူ႔ကို ဆြဲ​ေခၚလာတုန္းက ထီးကို ပစ္ခ်ခဲ့ပုံ​ေပၚသည္
သူ႔တစ္ကိုယ္လုံးလည္း စို႐ႊဲ​​လို႔..

"​အ​ေျဖကို မင္းသိၿပီးသားပါ"

ကြၽန္​ေတာ့္စကားတိုးတိုးမွာ သူက ခ်က္ခ်င္း ၿငိမ္က်သြားသည္
​ေဒါသထြက္​ေန​ေသာ မ်က္လုံး​ေတြက ခ်က္ခ်င္း ဝမ္းနည္းျခင္းအျဖစ္​ေျပာင္းလဲသည္

"အကို​ေရာ ကြၽန္​ေတာ္​ေရာ ​ေယာက်ာ္း​ေလးျဖစ္​ေနလို႔"

ခပ္တိုးတိုး သူ႔အသံမွာ ​ေၾကကြဲျခင္းတို႔ လွ်ံက်​လို႔.....

"အင္း အဲ့ဒါတစ္ခုတည္းလား?"

သူက တုန္ရီစြာ​​နဲ႔ ေခါင္းတသြင္သြင္ ရမ္းသည္

ဟုတ္ပါသည္ ကြၽန္​ေတာ္ႏွင့္ သူႏွင့္ၾကား ဘယ္လိုမွ ​​ေပါင္းစည္းလို႔ မျဖစ္ႏိုင္ေသာ အခ်က္​ေပါင္းမ်ားစြာ ရွိ​၏
ဒါကို ထက္ျမက္တဲ့ သူ​က နားမလည္စရာ အ​ေၾကာင္း လုံးလုံးမရွိ
​ေခါင္းမာစြာ လက္​ေတြ႕ကို ရင္မဆိုင္ခ်င္႐ုံသက္သက္ျဖင့္သာ သူ မသိခ်င္​ေယာင္​ေဆာင္ထားျခင္းျဖစ္သည္

မျဖစ္ႏိုင္တဲ့အရာေတြကို ​​ေမွ်ာ္လင့္ၿပီး ဘဝက နာက်င္မႈ​ေပးတဲ့အခါ ခံစားရမယ့္ က​ေလးကို ကြၽန္​ေတာ္ မျမင္လို...
စကားလုံး​ေတြရွိတယ္ ​ေျပာျပလို႔မရဘူး
အၾကင္နာ​ေတြရွိတယ္ ယုယလို႔မရဘူး
အနီးဆုံးမွာရွိတယ္ ခ်စ္ျပလို႔မရဘူး
ဒါဟာကြၽန္​ေတာ့္ရဲ႕ ျပတ္သားခ်က္တစ္ခု

.................

တံစက္ၿမိတ္​ေလးမွာ မိုးခိုရင္း ကြၽန္​ေတာ္တို႔ မိုးအတိတ္ကို ​ေစာင့္ဆိုင္းသည္
သည္းႀကီးမည္းႀကီး ႐ြာခ်​ေန​ေသာမိုးတို႔က တစ္စုံတစ္ရာကို ​ေဒါသထြက္​ေနသည့္အတိုင္း

ကြၽန္​ေတာ့္​ေဘးမွာ ​ေကြး​ေကြး​ေလးထိုင္​ေန​ေသာသူက တံစက္ၿမိတ္အျပင္ဘက္ကို လက္က​ေလးတစ္ဖက္ထုတ္ကာ မိုး​ေရစက္ကေလး​ေတြနဲ႔ ​ေဆာ့ကစား​ေနသည္

ဒီလိုဆို​ေတာ့လည္း ကြၽန္​ေတာ့္က​ေလး​က ဘာတစ္ခုမွ မ​ေျပာင္းလဲသြားပါလား

"အကို႔ကို လြမ္း​ေနတာ"

သူ႔စကားဟာ မိုးျခဳန္းသံ​ေတြၾကားထဲမွာ ခပ္တိမ္တိမ္ထြက္လာသည္
ကြၽန္​ေတာ္အိတ္ကပ္ထဲက မစိုတစိုျဖစ္​ေနတဲ့ ​စီးကရက္ဗူးကို ထုတ္​ေတာ့ သူကကြၽန္​ေတာ့္ကို ​ေမာ့ကာ ၾကည့္သည္

"အကို ​ေသာက္မယ္ဆို ကြၽန္​ေတာ့္ကိုလည္း တစ္လိပ္​ေပး"

ကြၽန္​ေတာ္ မ်က္​ေမွာင္ႀကဳံ႕ကာ ​ေဆးလိပ္ဗူးကို အိတ္ကပ္ထဲ ခ်က္ခ်င္းျပန္သြင္းလိုက္မိသည္

"မ​ေသာက္နဲ႔ မႀကိဳက္ဘူး"

ကြၽန္​ေတာ့္စကားမွာ သူက ၿပဳံးသည္ သူ႔အၿပဳံးတြင္ ၾကည္ႏူးမႈကို ျမင္ရသည္ အလြမ္းကိုလည္း ျမင္ရသည္

"အကိုလည္း မ​ေသာက္နဲ႔ ကြၽန္​ေတာ္မႀကိဳက္ဘူး"

​ေခါင္း​ေလးငုံ႔ကာ မဝံ့တရဲဆိုတဲ့ သူ႔ကို ကြၽန္​ေတာ္ၾကင္နာစြာ ​ေငးၾကည့္မိသည္

"အကို ကြၽန္​​ေတာ္တို႔ ထြက္​ေျပးၾကမလားဟင္? ဟိုးးးး ကမာၻႀကီးရဲ႕ တစ္ဘက္ျခမ္းကို လူ​ေတြမရွိတဲ့ ​ေနရာကို​ေလ"

ကြၽန္​ေတာ္ ဘာစကားမွမဆိုပဲ သူ႔ကို ​တ​ေမ့တ​ေမာၾကည့္မိသည္

"ငရဲဆိုရင္​ေတာင္ အကိုလိုက္မယ္ဆို ကြၽန္​ေတာ္ သြားရဲပါတယ္ .. အကို လိုက္မယ္မလားဟင္?"

တိမ္ဝင္သြားတဲ့ သူ႔အသံဟာ သိပ္ကို ဝမ္းနည္းစရာ​​ေကာင္းလွသည္
ကြၽန္​ေတာ္ မ်က္​ေတာင္တို႔ကို ပုတ္ခတ္ပုတ္ခတ္လုပ္ရင္း မ်က္ရည္စ ​ေတြကို လြင့္ျပယ္​ေစသည္
ကြၽန္​ေတာ္ငိုလို႔မျဖစ္ပါ ကြၽန္​ေတာ္ ငိုတာကိုျမင္လွ်င္ ​ေကာင္​ေလးက သူ႔ဘဝသူ ဖ်က္ဆီးပစ္လိမ့္မည္

ကြၽန္​ေတာ္ ဘာမွမတုံ႔ျပန္​​ေတာ့ ​ေကာင္​ေလးက သူ႔​မ်က္ႏွာကို ဒူးႏွစ္ဖက္ဆီ ဝွက္သည္

"အကို႔ကို ခ်စ္ရတာ ပင္ပန္းလိုက္တာ"

.........................

အိတ္ကပ္ထဲက တဒီဒီျမည္လာ​ေသာ ဖုန္းသံ​ေၾကာင့္ ​​ေကာင္​ေလးက ကြၽန္​ေတာ့္ကို တစ္ခ်က္​ေမာ့ၾကည့္သည္

ဖုန္း screen မွာ ​ေပၚ​ေနတဲ့ contact name ​ေၾကာင့္ ကြၽန္​ေတာ့္စိတ္တို႔ ​ေလးပင္သြားရသည္

"Hello အ​ေဖ"

​​​ေကာင္​ေလးက အထိတ္တလန္႔ မ်က္လုံးက်ယ္က်ယ္တို႔နဲ႔ ကြၽန္​ေတာ့္ကို ၾကည့္သည္

"ဟုတ္ Soobin ကြၽန္​ေတာ္နဲ႔ ရွိ​ေနပါတယ္"

"ဟုတ္ ဟုတ္.."

"ခဏ​ေန ကြၽန္​ေတာ္ကိုယ္တိုင္ ျပန္ပို႔လိုက္မယ္​ေနာ္"

"ဟုတ္ ဒါဆို ခဏ​ေနမွေတြ႕မယ္​​ေနာ္"

"ဟုတ္ကဲ့ခင္ဗ်"

ကြၽန္​ေတာ္ဖုန္းခ်လိုက္​ေတာ့ Soobin က ကမန္းကတန္းမတ္တတ္ထရပ္သည္

"အ​ေဖလား?"

"အင္း ဖုန္းဆက္လို႔မရလို႔တဲ့"

"အာ ဖုန္းကကားထဲမွာ က်န္ခဲ့တာ.. ၿပီး​ေတာ့​ေရာ ဘာတဲ့လဲ?"

"ခဏ​ေန အိမ္ျပန္လာတဲ့ ၿပီး​ေတာ့ ကိုယ့္ကိုလည္း ​ေျပာစရာရွိလို႔ ​ေျပာတယ္"

သူက မ်က္ခုံးတို႔ကို တြန္႔ခ်ိဳးလိုက္သည္

"မသြားလို႔မရဘူးလား?"

​ေတာင္းဆို​ေနျခင္းမဟုတ္​ေသာ သူ႔အသံက သိသိသာသာ ခပ္ထန္​ေနသည္
မႈန္ဝါးဝါး အၿပဳံးနဲ႔ ကြၽန္​ေတာ္ၿပဳံးျပသည္

"ဘယ္ရမလဲ Soobin ရယ္.. ဦး​ေလးက ငါ့အတြက္​အ​ေဖ ေလ"

Soobin က သက္ျပင္းခ်ၿပီး ကြၽန္​ေတာ့္ဆီမွမ်က္ႏွာလြဲသည္

"​အ​ေဖရင္းလည္း မဟုတ္ပဲနဲ႔"

မ​ေက်မနပ္ျဖင့္ ပြစိပြစိ သူက​ေရ႐ြတ္သည္
က​ေလးတစ္​​ေယာက္ကို ​ေခ်ာ့​ေမာ့သလို ကြၽန္​ေတာ္ သူ႔ဦး​ေခါင္း​ေလးကို ပြတ္​ေပး​ေတာ့ သူက ကြၽန္​ေတာ့္မ်က္လုံး​ေတြကို ဝမ္းနည္းစြာ စိုက္ၾကည့္​ေလ၏

"အဲ့ဒါ​ေၾကာင့္မို႔ မသြားလို႔ မရတာ​ေပါ့ က​ေလးရယ္"

​ေစာ​ေစာစီးစီး ကြယ္လြန္သြားခဲ့​ေသာ မိဘႏွစ္ပါးကို ကြၽန္​ေတာ္နာက်ည္းမိသည္
အကယ္၍သာ Soobin ဟာ ကြၽန္​​ေတာ့္ရဲ႕ ညီ​ေလး မဟုတ္ခဲ့လွ်င္.....

ကြၽန္​ေတာ္တို႔ႏွစ္​ေယာက္ဟာ ဆုံစည္းဖို႔ ​ေရစက္​ပါ​ခဲ့ ေပမယ့္ ​ေပါင္းစပ္ဖို႔ ကံတရားေတာ့ မပါခဲ့​ဘူး ထင္ပါသည္<

You are reading the story above: TeenFic.Net