1

Background color
Font
Font size
Line height

Unicode

ဟန်မြစ်​ပေါ်သို့ မိုး​ရေစက်များ လွင့်ခနဲ လွင့်ခနဲ နစ်မြှုပ်ကျ​ဆင်းနေသည်

​နွေရာသီဖြစ်​စေ မိုးရာသီဖြစ်​စေ ဘယ်​တော့မှ ထီး​​ဆောင်း​လေ့မရှိ​သော ကျွန်​တော့်ကို ခါတိုင်းလို တကျက်ကျက် ဆူပူမည့်သူမရှိ

စိုစွတ်စွတ် ခန္ဓါကိုယ်​ကြောင့် ဓါတ်​လှေကား မစီး​တော့ပဲ ၅ ထပ်အထိ ​​ခြေကျင်တက်လာလိုက်​သော်လည်း အထီးကျန်ခြင်းက ​မောပန်းခြင်းကို တစ်ဖက်သတ်အနိုင်ယူ​နေသည်

ချမ်းစိမ့်​နေတဲ့ ​လေ​အေး​ကြောင့် အိတ်ကပ်​​ထောင့်ထဲက အိမ်​သော့ကို ကပျာကသီထုတ်လိုက်သည် ဤသော့ကို  ဖွင့်မည့်သူသည် ယခုအခါ ကျွန်​တော်မှ တစ်ပါးအခြားသူမရှိ​တော့

သော့ခတ်ထား​သော အခန်းတံခါးငယ်​လေးကို ဖွင့်လိုက်သည်နှင့် နွေး​​ထွေး​ပျော်ရွှင်စွာ ကြိုဆိုမည့်သူမရှိ​သော တိုက်ခန်းငယ်​လေးက တိတ်ဆိတ်ငြိမ်သက်​နေသည်

​မှောင်ပိတ်​နေ​သော အခန်းငယ်ထဲကို စမ်းတဝါးဝါးဖြစ်မ​နေပဲ နံရံ​ထောင့်က မီးခလုတ်ကို ဆွဲချလိုက်သည်
လင်းလက်လာ​သော အခန်းငယ်​လေးထဲမှာ နံရံကပ်မှန်မှာ ​ရောင်ပြန်ဟပ်​နေ​သော စိုကပ်ကပ်ဆံပင်တို့နဲ့ အသက်မဲ့​နေ​သော မျက်ဝန်းတစ်စုံကို ရုတ်ချည်း​မြင်ရသည်

အိမ်ခန်းတစ်​လျှောက် ဘာရယ်မဟုတ် ဟိုသည်စူးစမ်းကြည့်မိသည် သူမြန်းပြန်​ရောက်​နေမလား ဆို​သော ခပ်ရူးရူး အ​တွေးတစ်ခုနှင့်..

တစ်ခုတည်း​​သော အိပ်ခန်းက တံခါးရွက်​စေ့ပိတ်လျက်ရှိသည်.. အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်​သည်နှင့် သူ့ကို နမ်းရှိုက်လိုက်တိုင်း ရ​လေ့ရှိတဲ့ သူ့ကိုယ်သင်းနံ့ ချိုချိုက နှာ​ခေါင်းထက်မှာ အ​ပြေးအလွား လာရစ်တွယ်သည်က လွမ်းဆွတ်နာကျင်စရာ

အိပ်ခန်းထဲမှာ တို့လို့တွဲ​လောင်း ချိတ်ဆွယ်ထား​သော ​အကျီ​တွေ ​ဘောင်းဘီ​တွေ ပုံကျ​နေသည် ​သောက်လက်စ အရက်ဖန်ခွက်​တွေ ​ဆေးလိပ်တို​တွေလည်း ကြမ်းပြင်​ပေါ်မှာ ပြန့်ကျဲ​နေသည်

ဆံပင်​ရေစို အဝတ်​ရေစိုနဲ့ ​ငေး​ငေးငိုင်ငိုင်ရပ်​နေသည်ကို အခုမြန်းသူမြင်လျှင် ကျွန်​တော့်ကို နှုတ်ခမ်း​ဆူဆူနဲ့ ရန်​တွေ့ဦးမှာ ကျိန်း​သေသည်

စိုရွှဲရွှဲအဝတ်တို့ကို ပြန့်ကျဲ​နေတဲ့ အဝတ်ကြားထဲက ဆွဲမိဆွဲရာ အဝတ်တစ်စုံနဲ့ လှဲဝတ်လိုက်ပြီး သူအ​ငွေ့အသက်​တို့ ကျန်ရစ်​နေတဲ့ ကုတင်​ပေါ်မှာ ​မှေးစက်လိုက်သည်

တ​စ်​ရေးအိပ်လိုက်ရင်​တော့ သူ့ကို တမ်းတစိတ်များ အနည်းငယ်ဖြစ်ဖြစ် ​ပြေ​လျော့သွားနိုင်လိမ့်မည်

.................

'အချိန်က ဒဏ်ရာကို ကုစားသွားမှာပါ' ဟူ​သော ဖြေသိမ့်စကားကို ကျွန်​တော်ကြား​ယောင်မိသည် ဘယ်သူ​ပြောခဲ့သည် ဘယ်စာအုပ်က ဖတ်ခဲ့မိသည် ကျွန်​တော်မမှတ်မိ  .. ​သေချာတာက​တော့ အမာရွတ်ကို​တော့ မကုစားနိုင်ပါ

ဘယ်နှနာရီအိပ်​ပျော်သွားမှန်းလည်းမသိ .. လွမ်း​ဆွေးတဲ့စိတ်​နဲ့ ဖုန်းထဲက သူ့ဓါတ်ပုံ တစ်ပုံပြီး တစ်ပုံကို ကြည့်နေမိသည်

လွန်ခဲ့​သော တစ်နှစ်ကျော်က Conversation တစ်ခုက ဖုန်းထဲမှာ သစ်လွင်​နေတုန်း

*အကို့ ကိုချစ်တယ်*

*အင်း*

*ကျွန်​တော့်ကို မတား​တော့ဘူးလား?*

*အင်း*

*အကိုက အမြဲအဲ့လိုပဲ ကျွန်​တော့်ကို ချစ်​ရော ချစ်ခဲ့ရဲ့လား ? *

*ဆူဘင်း ရာ*

*​တော်ပြီ ​ကောင်း​ကောင်း​နေခဲ့ပါ​တော့ နှုတ်ဆက်ပါတယ် အကို့ဘဝမှာ ကျွန်​တော်က ဘယ်တုန်းကမှ အ​ရေးမပါခဲ့ပါဘူး*

သူ့ဆီက ​နောက်ဆုံး Message တစ်​စောင်က မျက်ရည်ဆည်တို့ကို အတားအဆီးမရှိ ကျိုးကျ​စေသည်

မဟုတ်ပါဘူးလို့​တောင် ရှင်းပြခွင့်မရခဲ့ပါဘူး ဒါ​ပေမယ့် ဒါ​တွေအားလုံးဟာ ကျွန်​​တော့်အမှားသက်သက်ပါပဲ .. ​'နောင်တ?' ရတာ​ပေါ့ သိပ်ရတယ် ..သို့​ပေမယ့် အချိန်တွေပြန်လှည့်လို့ ရဦးမယ်ဆိုရင်​တောင် ကျွန်​တော် အရင်အတိုင်းပဲ ​ရွေးချယ်မိမှာပါ ကျွန်​တော့်ဆုံးဖြတ်ချက်က သူ့ဘဝအတွက်ဆိုတာ ယုံကြည်တယ်​လေ

.......................

သူငယ်ချင်းတစ်​ယောက်နဲ့ စပ်ပြီး ​ကော်ဖီဆိုင်အ​သေး​လေး ဖွင့်ထားတဲ့ ကျွန်​တော့်ဘဝက တစ်​ယောက်စာ စားဝတ်​နေ​ရေးအတွက်​တော့ ပူပန်စရာမရှိ
ဝါသနာအ​နေနဲ့ တစ်ခါတစ်​လေ Underground မှာ သွားကတာဖြစ်ဖြစ် Youtube မှာ cover dance ကတာဖြစ်ဖြစ် အပျင်း​ပြေ​တော့ လုပ်ဖြစ်ပါသည်

ကျွန်​တော်ကတာကို မြင်တိုင်း တ​မေ့တ​မော ကြည့်​ပေးခဲ့တဲ့ ​ကောင်​လေးတစ်​ယောက်က​တော့ မရှိ​လေ​တော့ပါ

​ကိုယ်ပိုင် ​ကော်ဖီဆိုင်​လေးမှာ ​ကော်ဖီ​လေး​သောက်ရင်း earphone ထဲ သီချင်း​အေး​အေးကို နား​ထောင်​နေတုန်း ကျွန်​တော့်သူငယ်ချင်း ရုတ်ယက်ခတ်ကာ ဆိုင်ထဲ​ပြေးဝင်လာသည်ကို လှမ်း​တွေ့ရသည်

"သိပြီပြီလား?"

​ဖက်ဖက်​​မော​နေတဲ့ သူငယ်ချင်းက သူ့ရင်ဘတ်ကို လက်နဲ့ဖိပြီး အသက်ကိုမနည်းရှူကာ​ပြောသည်

နားကြပ်တစ်ဖက်ကို ဖြုတ်ကာ 'ဘာကိုလဲ?' ဆိုတဲ့သ​ဘောနဲ့ မျက်ခုံးတစ်ဖက်ပင့်ပြတဲ့ ကျွန်​တော့်ကို သူငယ်ချင်းက ဂရုဏာသက်စွာ တစ်ချက်ကြည့်သည်

"ဟိုဟာ​လေ.. Soobin.."

​ပြောရမ​ပြောရ ဖြစ်​နေတဲ့ မျက်နှာအမူအရာ​ကြောင့် ကျွန်​တော် ပြုံးပြလိုက်သည်

"ငါ အဆင်​ပြေပါတယ် ဘာမို့လဲ?"

"Soobin.. ​ကိုးရီးယားကိုပြန်​ရောက်​နေပြီတဲ့"

မထင်မှတ်ထားတဲ့ သတင်း​ဖြစ်တာ​ကြောင့် ကျွန်​တော့် ရင်ဘတ်​​တွေက အထိတ်တလန့် နိုးကြားသည်
ကျွန်​တော်ဘာမှဆက်မ​ပြော​သေးခင်မှာပဲ သတင်းပေးပို့သူက ဆက်လက်စကားဆိုသည်

"ပြီး​တော့ လက်ထပ်​တော့မယ်တဲ့"

​တစ်ချိန်ချိန်မှာ မလွဲမ​သွေ ရင်ဆိုင်ဖို့ ​မျှော်လင့်ထားတဲ့ သတင်း​ပေမယ့် တကယ်တမ်းကြုံရ​တော့ ကျွန်​တော့်မျက်လုံးများပြာ​ဝေသွားခဲ့သည် ဆုံးရှုံးလိုက်ရပြီဆိုတဲ့ အသိက ကျွန်​တော့် ရင်ဘတ်ကို မွမွ​ကြွေ​အောင် ခွဲသည် သို့​ပေမယ့် ကျွန်​တော်မျက်ရည်မကျခဲ့ပါ ကျွန်​တော်က ဟန်​ဆောင်သိပ်​ကောင်းသည်​လေ

"အင်း ဘယ်​တော့တဲ့လဲ?"

"​နောက် နှစ်ပတ်​နေရင်"

သတင်းလာပို့တဲ့ ကျွန်​တော့်သူငယ်ချင်း Taehyun က ကျွန်​တော့်ကို အကဲခတ်ရင်း​သေချာကြည့်​နေသည်

"အဆင်​ပြေရဲ့လား?"

ကျွန်​တော်သူ့​မေးခွန်းကို မ​ဖြေမိပါ
ခပ်မှိန်မှိန်အပြုံးဖြင့်သာ တုံ့ပြန်​တော့ Taehyun လည်း ဘာမှဆက်မ​မေး​တော့

Soobin ကို ကျွန်​​တော် မနာကျည်းပါ
ဒါဟာ ကျွန်​တော့်ရဲ့​ရွေးချယ်မှုနဲ့ ကျွန်​တော့်ကို ချစ်ခဲ့တဲ့ Soobin ရဲ့ တိကျ​သော ဆုံးဖြတ်ချက် တစ်ခုဖြစ်​လေသည်

.......................

ည​နေခင်း အိမ်ပြန်​ရောက်​တော့ ဘာတစ်ခုမှလုပ်ချင်စိတ်မရှိ.. တစ်မနက်ခင်းလုံး ချုပ်တည်းထား​သော စိတ်​တွေက အိမ်ပြန်​ရောက်မှ သူ့အ​ငွေအသက်​တွေ​ကြောင့် ဒလ​ဟော လျှံကျလာသည်

တစ်ခါတစ်​လေ ကျွန်​တော့်​ရွေးချယ်မှုကို ကျွန်​တော် မုန်းတီးလှသည် အကယ်၍မြန်း ထိုအချိန်က ဘာပဲဖြစ်​နေပါ​​စေ Soobin ကို ကျွန်​တော့်​ဘေးမှာပဲ ​နေရစ်​စေခဲ့လျှင်....

ကျွန်​တော်က 'လိုက်ခဲ့ပါ' ဆိုလျှင် ​ကောက်​ကောက်ပါ​အောင် လိုက်ခဲ့​သော '​နေရစ်ပါ' ဆိုခဲ့လျှင် ငြိမ်သက်သက်​နေရစ်ခဲ့ပါ​သော ​ကောင်​လေးတစ်​ယောက်ဟာ အခု​တော့ အခြားလူတစ်​ယောက်ရဲ့ စကားကို နား​ထောင်​နေမလား?

.....................

အလုပ်နားရက်ဖြစ်တဲ့ စ​နေ​နေ့မှာ စိတ်​ပြေလက်​ပျောက် စာကြည့်တိုက်သို့လာဖြစ်သည်

စာအုပ်ဖတ်ရတာ ဝါသနာမပါ​သော်ငြား စာကြည့်တိုက်၏ တိတ်ဆိတ်ခြင်းကို ကျွန်​တော်နှစ်သက်သည်
တိတ်ဆိတ်​ပေမယ့် အထီးမကျန်တဲ့ တစ်ခုတည်း​သော ​နေရာ..

​တွေ့ရာ စာအုပ်တစ်အုပ်ကိုဆွဲပြီး ပြတင်း​ပေါက်ဘက်​ထောင့်တစ်​နေရာမှာ ​နေရာယူလိုက်သည်
သီချင်းနား​ထောင်ပြီး ​မှေးလို့​ကောင်းမယ့် ​နေရာ..ကျွန်​တော်လိုချင်တဲ့​နေရာနဲ့ ကွက်တိ

"Yeonjun oppa!"

နား​ကျပ်ထဲကို ထိုး​ဖောက်ဝင်​ရောက်လာတဲ့ အသံ​​ကြောင့် ​နံ​ဘေးကလူ​တွေကပါ အသံပိုင်ရှင်ကို ​ပေ​စောင်း​စောင်းကြည့်ကြသည်

အသံပိုင်ရှင်က သူ့အမှားကို သတိထားမိပုံ​ပေါက်သွားပြီး နံ​ဘေးကလူ​တွေကို ​ခေါင်းငုံ့ကာ ​တောင်းပန်​​ရှာသည်
ပြီးမှ ကျွန်​တော့်​ဘေး ​နေရာလွတ်မှာ သူမ ဝင်ထိုင်သည်

"မ​တွေ့ရတာကြာပြီ​နော် Yeonjun oppa"

​လေသံကို အတိုးဆုံး​လျှော့ကာ သူမက သွက်သွက်လက်လက်နဲ့ ဝမ်းပန်းတသာ နှုတ်ဆက်သည်
ကျွန်​တော်က​တော့ သူမကို​တွေ့ရတာ ဝမ်းမသာသည့်အပြင် စိုးရိမ်စိတ်ကကြီးစိုးသွားရသည်

"အင်း ၁ နှစ်​ကျော်​ရော​ပေါ့.. တစ်​ယောက်တည်းလား?"

ရင်တုန်တုန်​မေးခွန်းမှာ သူမက ​ရွှေဝါ​ရောင် ဆံနွယ်ရှည်ရှည်ကို နားရွက်​နောက်သပ်လိုက်ကာ ကျွန်​တော့်ကို ရှက်ပြုံးပြုံးပြသည်

"ဟင့်အင်း Soobin ပါတယ် ​ကော်ဖီသွားဝယ်​နေလို့"

ထင်သည့်အတိုင်း မ​ကောင်းတဲ့ခံစားချက်​တွေဟာ အမြဲမှန်ပါသည်

ကျွန်​တော် ထပြန်ဖို့လုပ်​နေတုန်းပဲ အ​ပေါက်ဝက​နေ သူဝင်လာသည်
Tshirt အဖြူ​ပေါ်မှာ ဂျာကင်အကျီ ခဲ​ရောင်ကို လိုက်ဖက်စွာဝတ်ဆင်ထားတဲ့သူက စတိုင်ကျစွာ စာကြည့်တိုက်ထဲ ဝင်လာသည်
ကျွန်​တော့်နှလုံးသား​လေးက​တော့ လွမ်းဆွတ်မှုနဲ့ ဆတိုးခုန်​နေ​လေပြီ

ကျွန်​တော်နဲ့ သူမကိုမမြင်​သေးပုံ​ထောက်သည့်သူက ​ကော်ဖီခွက် ၂ခွက်ကိုင်ကာ ဟိုဟိုသည်သည် ကြည့်​နေသည် ကျွန်​တော့်ကို​တွေ့​တော့ သူက အ​တော်​လေး အံ့သြသွားပုံ​ပေါ်ပါသည်

​ခဏတာတုံ့ဆိုင်း​နေပြီးမှ သူက ကျွန်​တော်တို့ရှိရာကို ​ခြေလှမ်းကျယ်ကြီး​တွေနဲ့ ဖြည်းဖြည်းချင်း ​လျှောက်လာသည်

"အကို ပါလား?"

တည်ငြိမ်စွာ သူက နှုတ်ဆက်စကားဆိုသည် နှုတ်ဆက်စကားလို့ ယူနိုင်သလား​တော့ ကျွန်​တော်လည်း မသိ

"အင်း"

​အေးစက်လာတဲ့လက်ဖျားတို့ကို အိတ်ကပ်ထဲ လျှိုသွင်းလိုက်ပြီး စားပွဲ​ပေါ်မှာ လှန်ထားတဲ့ စာအုပ်ကို အဓိပ္ပါယ်မဲ့ စိုက်ကြည့်​နေလိုက်သည်
အခုကျမှ ထပြန်လိုက်ရင်လည်း အဆင်မ​ပြေ ...

Soobin က သူမ​ရှေ့ခုံက​နေရာလွတ်မှာ ဝင်မထိုင်ပဲ ကျွန်​တော့် ရှေ့ခုံမှာ ဝင်ထိုင်သည်
သူမက မျက်လုံး​လေး​တွေပြူးကျဲသွား​ပေမယ့် ဘာမှ​တော့မ​ပြော

"အကို က အရင်အတိုင်း အဆင်​ပြေ​နေပုံပဲ"

နှုတ်ခမ်းတစ်ဖက်တင်ရုံ ပြုံးတဲ့သူက ကျွန်​တော့်ကို နာကျည်း​​နေတုန်းထင်ပါရဲ့
မြတ်နိုးရတဲ့ ပါးချိုင့်နက်နက်​လေးတစ်ဖက်​က ထင်းခနဲ ပေါ်လာ​ပေမယ့် ကျွန်​တော်မ​ပျော်ပါ
မ​တွေ့ရတဲ့ ​တစ်နှစ်အတွင်းမှာ သူက​တော့ သိသိသာသာ လူကြီးဆန်လာသလို
ကျွန်​တော် ရှုပ်ဖွ​လေ့ရှိတဲ့ ဆံနွယ်ဖွဲဖွဲ​လေး​တွေဟာ ယခု​တော့ ခေါင်းလိမ်းဆီနဲ့ သပ်သပ်ရပ်ရပ် ဖြီးလိမ်းခြင်းခံထားရသည်ကို နှ​မြောတသနှင့် ကြည့်​နေမိသည်

"ဘာလို့ ကျွန်​တော့်ကို စိုက်ကြည့်​နေတာလဲ?"

သတိမထားမိခင်မှာ ကျွန်​တော်သူ့ကို စိုက်ကြည့်​နေမိသည်ထင်ပါသည်
ပြာပြာသလဲဖြစ်သွား​ပေမယ့် ဟန်​ဆောင်​ကောင်းစွာ ကျွန်​တော်မျက်နှာတည်နဲ့ ပြန်ငြင်းလိုက်သည်

"မကြည့်ပါဘူး"

မျက်​မှောင်ကြုံ့လိုက်တဲ့သူက ဘာမှ​တော့ ထပ်မ​ပြောပါ

"ကိုကို .. အင့် ဒီစာအုပ်​လေ့လာရမှာ"

သူမက 'ကိုကို' ဆို​သော နာမ်စား​ကိုသုံးပြီး သူမ လွယ်အိတ်ထဲက စီးပွား​ရေးဆိုင်ရာ စာအုပ်တစ်အုပ်ကို Soobin ဆီလှမ်း​ပေးသည်

"အင်း ​ကျေးဇူး"

သူက သူမကို နူးနူးညံ့ညံ့ ပြုံးပြသည်
မမြင်တာကြာလှပြီ ဖြစ်တဲ့အပြုံး​​တွေဟာ ကျွန်​တော့်ရင်ခုန်သံအတွက်​တော့ သစ်လွင်​နေစမြဲ

တစ်နာရီနီပါး တိတ်ဆိတ်သွားတဲ့ စကားဝိုင်းမှာ သူမက သူမဘာသာ စိတ်ဝင်တစား စာအုပ်ဖတ်​နေသည် ကျွန်​တော်က ပြတင်း​ပေါက်အပြင်ဘက်ကို အ​ကြောင်းမရှိ​ငေး​မော​နေပြီး ​ငေး​မော​​နေတဲ့ ကျွန်​​တော့်ကို သူကတစ်ဖန် ​ငေးကြည့်​နေသည်

မသိချင်​ယောင်​ဆောင်ထားတဲ့ အကြည့်စူးစူး​အောက်က​နေ လွတ်​မြောက်လို လွတ်​မြောက်ငြား ​နေရာမှထပြီး ​Emergency ​လှေကားဘက်မှာ ​ဆေးလိပ်သွားဖွာ​ဖြစ်သည်

"​ဆေးလိပ်​တွေ ပြန်​သောက်​နေတာလား?"

ရင်းနှီးတဲ့ အသံက အ​နောက်ဘက်က​နေ ထွက်လာသည်

"အင်း"

​နှစ်​ယောက်တည်း ရှိ​နေတဲ့ ​လေထုဟာ ကျွန်​တော့် ရင်ဘတ်ကို အကျပ်ရိုက်​စေသည်

"ကျွန်​တော်လက်ထပ်​တော့မှာ သိပြီးပြီလား?"

ကျွန်​​တော့်​နောက်မှာ ရပ်​နေတဲ့သူ့ကို ကျွန်​တော် မျက်နှာချင်းမဆိုင်ရဲပါ
သူ့မျက်ဝန်း​တွေကို​တွေ့လျှင် ကျွန်​တော် မျက်ရည်ကျမိမလားမသိ

"အင်း"

"အကို ဘာမှမခံစားရဘူးလား?"

သူကတုန်ရင်စွာ မဝံ့မရဲ​မေးသည်

"ဘာကို ခံစားရမှာလဲ?"

ကျွန်​တော်အရယ်တစ်ဝက်နဲ့ ​ပြော​တော့ သူက သက်ပြင်းပူတစ်ချက်မှုတ်ထုတ်သည်

"အင်း​ပေါ့​လေ ကျွန်​တော်ကပဲ အ​တွေးလွန်​နေတာ​နေမှာပါ အကို က ကျွန်​တော့်ကိုမှ မချစ်ပဲ"

ကျွန်​တော် ရင်နာနာနဲ့ ​ခေါင်းငြိမ့်ပြ​တော့ သူက ဟက်ခနဲတစ်ချက်ရယ်သည်

"​နေပါ​စေ​တော့"

စကားတစ်ခွန်းဆိုပြီး သူက ကျွန်​တော့်​ဘေးလာရပ်ကာ အိတ်ကပ်ထဲက အရာ တစ်ခုခုကို ထုတ်​လာသည်

"မင်း ​ဆေးလိပ်​သောက်​နေတာလား?"

ကျွန်​တော် အလန့်တကြား​မေး​တော့ သူက ကျွန်​တော့်ကိုကြည့်ပြီး ခပ်ရွဲ့ရွဲ့ပြုံးပြသည်
ပထမဆုံး အကြိမ် ကျွန်​တော် သိပ်နှစ်သက်ရတဲ့ ပါးချိုင့်နက်​လေး​တွေကို နာကျည်းမိသည်

"အကို့ အပူ မပါပါဘူး"

ကျွန်​တော်​ဆေးလိပ်​သောက်လျှင် နှာ​ခေါင်း​လေးရှုံ့ပြီး နံတယ် ​ပြောတတ်တဲ့ အနှီ​ကောင်​လေးမှ ဟုတ်ပါရဲ့လား?

ကျွန်​တော် သက်ပြင်းတိုးတိုးခိုးချပြီး နံ​ဘေးက သူ့ကို ခိုးကြည့်မိ​သေးသည်
​စီးကရက်ရှည်ကို ညှပ်ထား​သော သူ့ဘယ်ဘယ် လက်သကြွယ်က ​​စေ့စပ်လက်စွပ်​လေးက​​တော့ ကျွန်​တော့်ကို ​လှောင်​ပြောင်​နေခဲ့မလား?

......................

(Fb ​လေး​တွေ ​ပေးကြည့်ကြပါဦး ပြင်စရာ​လေး​တွေ ရှိလားလို့ပါ ... အရမ်းကြိုက်တဲ့ ဂျူးဝတ္ထုတို​လေးက စာသား​လေး​တွေကို ကိုးကားထားတာရှိပါတယ်လို့..

​နောက်အပိုင်း​တွေ​ရော ဆက်ဖတ်​ပေးကြဦးမယ်မလား? 😁)

Zawgyi













.................




*အကို့ ကိုချစ်တယ်*

*အင်း*


*အင်း*


*ဆူဘင်း ရာ*




.......................




"သိပြီပြီလား?"



"ဟိုဟာ​လေ.. Soobin.."







"အင်း ဘယ်​တော့တဲ့လဲ?"

"​နောက် နှစ်ပတ်​နေရင်"


"အဆင်​ပြေရဲ့လား?"



.......................




.....................




"Yeonjun oppa!"












"အကို ပါလား?"


"အင်း"







"မကြည့်ပါဘူး"




"အင်း ​ကျေးဇူး"






You are reading the story above: TeenFic.Net