အခန်း၁၅။ အဂ္ဂိရက်ခန်းမ

Background color
Font
Font size
Line height

အခန်း၁၅။ အဂ္ဂိရက်ခန်းမ

စိတ်ဝိညာဉ်တောင်ကြား၏ အဂ္ဂိရက်ခန်းမတွင် လင်းချင်းယွမ်သည် လူအုပ်ကြီးအာ့ ဆေးဖော်ခန်းတစ်ခုဆီသို့ ခေါ်ဆောင်သွား‌သည်။

ဤဆေးဖော်ခန်း၏တံခါးမှာ ကျောက်ယွမ်ငှားရမ်းခဲ့သည့် ဆေးဖော်ခန်းကထက် ပိုမိုကြီးမားလေသည်။

တံခါး၏ညာဘက်တွင် "ဆေးဖော်ခန်း အမှတ်(၁) "ဟု ရေးသားထားသော သစ်သားဆိုင်းဘုတ်တစ်ခုရှိနေသည်။ ကျောက်ယွမ်မှာ သစ်သားဆိုင်းဘုတ်အားမြင်ပြီးနောက် သူဆေးဖော်ခန်းငှားရမ်းစဉ်က သတိထားမိခဲ့သော အရာတစ်ခုအား သတိရသွားခဲ့သည်။ ဆေးဖော်ခန်းများသည် အမှတ်စဉ် (၂)က စတင်လေသည်။

ထိုအချိန်တုန်းက ကျောက်ယွမ်သည် အဘယ့်ကြောင့် ဆေးဖေိာခန်း အမှတ်(၁)မရှိရသနည်းဟု တွေးတောနေခဲ့သည်။

သူသည် ဤနေရာ၌ ရှိနေလိမ့်မည်မထင်ခဲ့ပေ။ ဤအခန်းက ထူးခြားသည့်ပုံပင်။

"ကျောက်ယွမ် မင်းဒီဆေးဖော်ခန်းရဲ့ အကြောင်းကိုသိလား"

လင်းချင်းယွမ်သည် ကျောက်ယွမ်ကိုကြည့်မနေဘဲ သူ့မျက်လုံးများက ဆေးဖော်ခန်းပေါ်တွက်သာ ရှိနေပြီး နာကျင်မှုအရိပ်အယောင်တို့ ထွက်ပေါ်နေလေသည်။

ကျောက်ယွမ်က မသိလေသောကြောင့် ခေါင်းခါလိုက်သည်။

အခန်း၏တံခါးတွင်တော့ ဖုန့်မှုန့်များနှင့်။ အသုံးမပြုဘဲထားသည်မှာ ကြာနေသည့်ပုံပင်။

သူသည် ဂိုဏ်းထဲသို့ ဝင်ရောက်လာခဲ့သည်မှာ အချိန်ကြာမြင့်ခြင်းမရှိ‌သေးရာ ဤအခန်း‌အကြောင်းမသိပေ။ သူ့နောက်မှ လူများသည်လည်းပဲ စိတ်ရှုပ်ထွေးသော အမူအရာများထွက်ပေါ်လာကြသည်။

လင်းချင်းယွမ်သည် လူအုပ်ကြီးကိုကြည့်လိုက်ပြီး ငြင်သာသွာပြောလိုက်သည်

"ဒါတွေက လွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်က ဖြစ်ခဲ့တာတွေပဲ။ အင်း အဲ့တုန်းကတော့ ငါတို့ရဲ့ စိတ်ဝိညာဉ်တောင်ကြားက အတော်အင်အားကြီးခဲ့တယ်။ ရွှေအမြုတေအဆင့်‌ကျင့်ကြံသူတွေတောင်အများကြီးရှိခဲ့တယ်"

လင်းချင်းယွမ်မှာ ဤအကြောင်းပြောနေရင်း သူ့မျက်နှာထက်တွင် ယုံကြည်မှုတို့ ဂုဏ်ယူမှုတို့က အထင်းသားပင်။

သူကဆက်လက်၍
"ဒါပေမဲ့လည်းတစ်‌နေ့မှာတော့ အကြောင်းအရင်းတစ်ချို့ကြောင့်  ကောင်ကင်နဲ့ မြေကြီးမှာရှိတဲ့ စိတ်ဝိညာဉ်ချီတွေက တဖြည်းဖြည်း လျော့နည်းလာခဲ့တယ်။ ကျင့်ကြံခြင်းလောကတစ်ခုလုံးမှာရှိတဲ့ စိတ်ဝိညာဉ်ချီတွေက စပြီး နိမ်ကျလာခဲ့တယ်။
အဲ့အချိန်တုန်းက အင်မော်တယ်ကျင့်ကြံခြင်း အင်အားစုကြီးတွေအကုန်လုံး ထိတ်လန့်ကုန်ကြတယ်။ ဘာလို့လည်းဆိုတော့ ဒဖိအခြေအနေကြီးကို သူတို့ဘယ်လိုမှ ပြောင်းလဲလို့မရနိုင်တော့လို့ပဲ။ စိတ်ဝိညာဉ်ချီတွေက တစ်နေ့တစ်ခြားနည်းနည်းလာပြီး
ငါတို့ရဲ့ ဘိုးဘေးတွေက နှစ်တစ်ထောင်လောက်ကြာပြီးတဲ့နောက်ကျရင် စိတ်ဝိညာဉ်ချီတွေ လုံးဝခမ်းခြောက်သွားမှာကို စိုးရိမ်ခဲ့ကြတယ်။"

"အဲ့ကိစ္စတွေကို ရင်ဆိုင်ဖို့အတွပ် ငါတို့ စိတ်ဝိညာဉ်တောင်ရဲ့ အကြီးအကဲတွေအကုန်လုံး‌ ဆွေးနွေးပြီး သူတို့က အခြေတည်ချိုးဖြတ်ခြင်းဆေးလုံးကို သန့်စင်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ အဲ့အချိန်က ငါတို့က ဂိုဏ်းထဲမှာရှိသမျှ စွမ်းအားကြီးဆေးဆရာတွေ အကုန်လုံးက ဒီနေရာမှာစုစည်းခဲ့ကြတယ်။ ငါတို့ကိုစောင့်ကြပ်ပေးဖို့အတွက် ရွှေအမြူတေအဆင့်ကျင့်ကြံသူတွေကလည်း ဒါဇင်နဲ့ချီပြီးရှိခဲ့တယ်။ အဲ့နောက်တော့ ငါတို့ဂိုဏ်းရဲ့ အရင်းအမြစ် ကိုးဆယ်ရာခိုင်နှုန်းလောက်ကိုသုံးပြီး ဒီဆေးလုံးကို သန့်စင်ဖို့ကြိုးစားခဲ့ကြတယ်။"

"ဒါပေမဲ့လည်း ကျရှူံခဲ့ရတယ်"

"အဲ့တာကြောင့်ပဲ စိတ်ဝိညာဉ်တောင်ကြားက ဒီနေ့အခြေအနေထိ နိမ့်ကျသွားခဲ့ရတာပဲ။"

လင်းကျင်းသည် ထိုအကြောင်းအားပြောပြပြီးနောက် ဆေးဖော်ခန်းအားကြည့်ကာ အချိန်အတော်ကြာ ထိုအကြောင်းအား တွေးတောနေခဲ့သည်။

ကျောက်ယွမ် ဤဇာတ်လမ်းအားကြားလိုက်ရချိန်မှာတော့ သူထိတ်လန့်သွားခံ့ရသည်။

အခုလို အဖြစ်ဆိုးကြီးတစ်ခုတွင် အရင်းအမြစ်ကိုးဆယ်ရာခိုင်နှုန်းကျော်ကို အသုံးပြုခဲ့သော်ငြား ဂိုဏ်းသည် ကျန်ရှိနေခဲ့သော အရင်းအမြစ်ဆယ်ရာခိုင်နှုန်းလောက်နှင့်တင် ယခုအချိန်ထိ ဆက်လက်ရပ်တည်နိုင်ခဲ့လေသည်။

ထို့အပြင် သူတို့မှာ အင်းအားစုကြီးတစ်ခုအဖြစ် သတ်မှတ်ခံနေရဆဲပင်။

ဤသည်ကိုကြည့်ခြင်းဖြင့် အတိတ်တုန်းက စိတ်ဝိညာဉ်တောင်ကြားမှာ မည်မျှ အစွမ်း‌ထက်ခဲ့ကြောင်းသိနိုင်ပေသည်။

လင်းချင်းယွမ်ပြောပြသော အကြောင်းအရာနှင့် သူ၏မျက်ဝန်းမှ အကြည့်တို့ကြောင့် ကျောက်ယွမ်အနေနှင့် စိတ်ဝိညာဉ်တောင်ကြားသည် အတိတိတစ်ချိန်က ကျင့်ကြံခြင်းလောကတွင် အစွမ်းအထက်ဆုံးသောအင်းအားစုကြီးတစ်ခုဖြစ်ခဲ့လိမ့်မည်ဟု ယူဆလိုက်သည်။

ဤသို့သော စွမ်းအားကြီး ဂိုဏ်းတစ်ခုသည်ပင် စိတ်ဝိညာဉ်ချီကျဆင်းလာမှုကြောင့် ကြို့တွေနေရသော အဖြစ်ဆိုးများကို မလွန်ဆန်နိုင်ခဲ့ပေ။

ဒါဇင်နှင့်ချီသော ရွှေအမြူတေအဆင့်ကျင့်ကြံသူများက အခြေတည်ချိုးဖြတ်ခြင်းဆေးလုံးဖော်စပ်ရာတွင်ပါဝင်ခဲ့ကြသည်။ မည်မျှ အံ့ဩဖို့ကောင်လိုက်ပါမည်နည်း။

မည်မျှတောင် ခမ်းနားလိုက်မည့် ကြိုးစားအားထုတ်ခဲ့မှုကြီးဖြစ်မည်နည်း။

ကျောက်ယွမ်၏နောက်တွင် ရပ်နေခဲ့ကြသော လူတွေမှာလည်း ဂိုဏ်းချုပ်၏ စကားကိုကြားကာ ဆွံအသွားကြသည်။

သူတို့၏ပါးစပ်များဟလျက် အသက်ရှုပင်ရပ်တန့်သွားကြသယောင်။

အချိနိအတော်အတန်ကြာပြီးသည့်နောက် လင်းချင်းယွမ်မှာ အသိစိတ်ပြန်ဝင်လာခဲ့သည်။

သူသည် အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး ဆေးဖော်ခန်း၏တံခါးအားဖြည်းညှင်းစွာဖွင့်လိုက်သည်။

ခရက်

တံခါးပွင့်သွားပြီးနောက် အခန်းတွင်းမှ ပြင်းထန်သောစိတ်ဝိညာဉ်ချီများက လေပြင်းတစ်ခုအလား လွင့်ထွက်လာကြလေသည်။

ကျောက်ွယွမ်နှင့် တစ်ခြားသူများအကုန် ထိုစိတ်ဝိညာဉ်ချီများကို ခုခံရန် ကျင့်ကြံခြင်းနည်းစနစ်များကို အလျင်အမြန် လှည့်ပတ်လိုက်ကြရလေသည်။ သို့သော်ငြား မျက်စိတ်တစ်မှိတ်အတွင်းမှာပင် သူတို့၏ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်ချီများ ကုန်ဆုံးသွားလေသည်။

သူတို့မှာ ထိုပြင်းထန်သောလေအား မခုခံနိုင်တော့ပေ။

ထိုအခိုက် လေပြင်းအားမခုံနိုင်လောက်တော့သည့်အချိန်တွင် လင်းချင်းယွမ်သည် လက်ကိုဝှေ့ယမ်းလိုက်ပြီး ၎င်းပြင်းထန်သောလေမှာ ရပ်တန့်သွားလေသည်။

ကျောက်ယွမ်နှင့်လူတိုင်းမှာ စိတ်သက်သာရာရသွားသည်နှယ် သက်ပြင်းချလိုက်ကြသည်။

ဂိုဏ်းချုပ်၏ တားဆီးမှုကြောင့်သာမဟုတ်ပါက ထိုပြင်းထန်သောစိတ်ဝိညာဉ်ချီသည်ပင် ဤနေရာ၌ သူတို့ထဲမှ တစ်ဝက်ခန့်အား သေသွားစေရန်လုံလောက်ပေသည်။

ကျောက်ယွမ်သည် အသက်တစ်ချက်ရှုထုတ်လိုက်ပြီး သူ့အကြည့်များက ဆေးဖော်ခန်းဆီသို့‌ကြည့်လိုက်သည်။ သူသည် အထဲရှိ မြင်ကွင်းကြောင့် ဆွံအသွားခဲ့ရသည်။

"သေစမ်း အခန်းကြီးက အကြီးကြီးပဲ။"

ဤအခန်းက ဆေးဖော်ခန်းဆို၍သာပြောသည် အခန်း၏အရွယ်အစားမှ ဘောလုံးကွင်းနှစ်ကွင်းစာမျှပင်။

ကျန်တဲ့သူများမှာလည်း အခန်းတွင်းကိုမြင်လိုက်ရပြီး ပင့်သက်ရှိုက်လိုက်ကြသည်။

လူတိုင်းသည် အခန်းတွင်းသို့ လင်းချင်းယွမ်နောက်မှတစ်ဆင့်လိုက်ခဲ့သည်။ သူတို့ဝင်လိုက်သည်နှင့် အပူလှိုင်းတစ်ခုက သူတို့မျက်နှာကို ရိုက်ခတ်သွားခဲ့သည်။

အခန်းတစ်ခုလုံးက မြေကမ္ဘာမီးတောက်မှ လာဟန်ရသော မှိန်ဖျဖျ အနီရောင်မြူများနှင့်ပြည့်နှက်နေသည်။

သူတို့လျှောက်လာလေလေ ကျောက်ယွမ်မှာ ပို၍ ပူလာသည်ကိုခံစားနေရသည်။ လေထဲရှိ ရေငွေ့အားလုံးတို့မှာ အငွေ့ပျံသွားသည့်ပုံပင်။ အသက်ရှုရပင်ခက်ခဲလာခဲ့သည်။

သူက ဆေးဖော်ခန်း၏ အလယ်ထိလျှောက်သွားလိုက်သည်။ ထိုနေရာတွင်တော့ ဆေးမီးဖိုကြီးတစ်ခုရှိနေသည်။ ထိုထဲတွင် ဆင်တစ်ကောင်ပင်ဆံ့နိုင်လောက်သည်။

ထိုအခိုက်မှာ လင်းချင်းယွမ်က စကားထပ်ပြောလိုက်သည်။

"ကျောက်ယွမ် ဒီနေရာက မင်းအတွက်ပဲ။ မင်းဘာတွေလုပ်ပြနိုင်သလဲဆိုတာ ငါတို့သိချင်နေပြီ။ ကိုယ်တိုင်ရှေ့မှာ မျက်မြင်တွေ့လိုက်ရရင်တော့ ငါတို့အမှန်တရားကိုသိရမှာပဲ။"

"မင်းအနေနဲ့ ဒီတစ်ကြိမ်မှာလည်း ပြီးပြည့်စုံခြင်းအဆင့် ဆေးလုံးတွေကို ဖော်စပ်နိုင်မယ်ဆိုရင် ငါကတိပေးတယ် မင်းအတွက် ချွင်းချက်ထားပြီး မင်းကိုဂိုဏ်းရဲ့ ဂုဏ်းထူးဆောင်တပည့်အဖြင် တိုးပေးမယ်"

ဂိုဏ်းချုပ်၏ စကားကြောင့် လူအုပ်ကြီးမှာ မှင်သက်သွားကြသည်။

ဂုဏ်ထူးဆောင်တပည့်ဆိုသော ဂုဏ်ပုဒ်မှာ ကြီးလေးသောတာဝန်များနှင့် ဂုဏ်ပုဒ်တစ်ခုပင်။

ဂုဏ်ထူးဆောင်တပည့်တစ်ယောက်သည် အကြီးအကဲတစ်ယောက်နှင့် အဆင့်တူတူပင်ဖြစ်သည်။

သူတို့မှာ အတွင်းစည်းတပည့်များထက် တစ်ဆင့်ပိုမြင့်သည်။

ဂိုဏ်းချုပ်သည်ပင် ဂုဏ်ထူးဆောင်တပည့်များ၏ သဘောထားကို တစ်ချို့သောကိစ္စများတွင် ထည့်သွင့်စဉ်းစားကြရသည်။

ထိုဂုဏ်ပုဒ်အားရရှိသူများမှာ များသောအားဖြင့် ဂိုဏ်းအတွက် ကြီးမားသော အကျိုးဆောင်မှု ပြုလုပ်ထားသော တပည့်များသာဖြစ်သည်။

ဥပမာဆိုရသော် ဂိုဏ်းတွင် အဖြစ်ဆိုးတစ်ခုဖြစ်ပေါ်ခဲ့ပြီး ထိုပြသာနာကို ရှေ့ထွက်ကာ ဖြေရှင်းနိုင်သူများသည်သာ ထိုဂုဏ်ပုဒ်အားရရှိနိုင်လေသည်။

ဤဂုဏ်ပုဒ်အားရရှိထားခဲ့သော တပည့်အများစုမှာ ဂိုဏ်းအတွက် စွန့်လွှတ်အနစ်နာခံခဲ့ကြပြီးဖြစ်ကြသည်။

ကျောက်ယွမ်သည် ဂိုဏ်းချုပ်၏ စကားများနောက်ကွယ်က အဓ်ပ္ပာယ်ကို သတိထားမိသွားသည်။

ဘာကြောင့် ဂိုဏ်းချုပ်က ဤနေရာသို့ရောက်သောအခါ အတိတ်က အကြောင်းအရာတို့ကိုပြန်ပြောရသနည်း။

ဂိုဏ်းချုပ်က အဘယ်ကြောင့် ဤနေရာသို့သူ့အားခေါ်ဆောင်လာကသနည်း။

ကျောက်ယွမ်မှာ ‌ဂိုဏ်းချုပ်က သူပြီးပြည့်စုံခြင်းအဆင့်ဆေးလုံးများကို ဖော်စပ်နိုင်ခြင်းရှိကြောင်းကို ယုံကြည်‌သည်ဟု ခံစားနေရသည်။

‌ဂိုဏ်းချုပ်က ထပ်ပြောလိုက်သည်
"အကယ်၍ မင်း ပြီးပြည့်စုံခြင်းအဆင့်ဆေးလုံးကို မဖော်နိုင်ခဲ့ရင်တော့ မင်းကို တစ်သက်လုံး ဂိုဏ်းထဲမှာ အစေခံအဖြစ်ရာထူးလျော့ပစ်မယ်။ အဲ့တာကို လက်ခံနိုင်လား။"

လူအုပ်ကြီး ချက်ချင်းပဲ ဆွေးနွေးလိုက်ကြသည်။ ဤသည်မှာ ကြီးမားသည့်စွန့်စားမှုပင်။

ကျောက်ယွမ်အောင်မြင်ခဲ့ပါက ဂုဏ်ထူးဆောင်တပည့်တစ်ယောက်ဖြစ်လာလိမ့်မည်ဖြစ်ကာ အကြီးအကဲတစ်ယောက်နှင့်နည်းတူ ဆက်ဆံမှုကို ခံရမည်။

သူကျရှုံးခဲ့ပါကမူ ဂိုဏ်း၏အစေခံအဖြစ်သို့ ရာထူးလျော့ခံရမည်ဖြစ်ကာ အပြင်စည်းတပည့်ထက်ပင် နိမ့်ကျလေသည်။ ဂိုဏ်းက ကျင့်ကြံခြင်းအရင်းအမြစ်များ ထောက်ပံ့မည်မဟုတ်လေပဲ တစ်သက်လုံး အစေခံအဖြစ်သာနေရပေလိမ့်မည်။

သူတို့သည် ကျောက်ယွမ်နေရာတွင် ဝင်ရောက်တွေးတောကြည့်ပြီးနောက် သူတို့အနေနှင့် ထိုသို့သော စွန့်စားရသည့်အလောင်းအစားတစ်ခုကို မလုပ်ရဲပေ။

စွန့်စားရမှုမှာမြင့်မားပြီး သူ၏အနာဂတ်သည်ပင်မူတည်နေသည်။

ထိုသို့စိန်ခေါ်မှုကို ရင်ဆိုင်ရနေသာငြား ကျောက်ယွမ်မှာတည်ငြိမ်နေလေသည်။

"ရတာပေါ့ ကျွန်တော်လက်ခံတယ်"

သူ့စကားက လူအုပ်ကို တိတ်ဆိတ်သွားစေသည်။

လူတိုင်းက အေးခဲသွားရသည်။ ဤသည်မှာ ကြီးမားသော အလောင်းအစားဖြစ်သည်။ ဤသည်ကိုပင် သူက တွေဝေမနေဘဲ ချက်ချက်လက်ခံလိုက်လေသည်။

သူအောင်မြင်နိုင်မည်လော။

အကယ်၍ ကျောက်ယွမ်သာ ပြီးပြည့်စုံခြင်းအဆင့်ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်ပါက သူ၏ လုပ်ဆောင်မှုသည် ဂိုဏ်ကို အမှန်ပင်အထောက်အကူပြုကာ ဂုဏ်ထူးဆောင်ဂုဏ်ပုဒ်နှင့် ထိုက်တန်ပေလိမ့်မည်။

ယခုတွင်တော့ သူ့အနေနှင့် ထိုသို့သောဆေးလုံးကို ဖော်စပ်နိုင်မနိုင်သည်သာ အဓိက မေးခွန်းဖြစ်လေသည်။

သူသာမလုပ်နိုင်လျှင် သူ့တစ်ဘဝလုံး အစေခံဖြစ်သွားလိမ့်မည်။

"ကျောက်ယွမ်လား။ ပြီးပြည့်စုံခြင်းအဆင့်ဆေးလုံးဖော်စပ်ဖို့။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။"

လူ‌တော်တော်များများ၏ မျက်နှာများမှာ အထင်သေးမှုများနှင့်။

သူတို့သည် ကျောက်ယွမ်လုပ်နိုင်လိမ့်နည်ဟု မယုံကြည်ပေ။


You are reading the story above: TeenFic.Net