EP8(U&Z)

Background color
Font
Font size
Line height

..[ U ]

လီမော် သူ့မျက်လုံးတွေ ဖွင့်လိုက်တဲ့အခါ,
သူက နိုင်ငံရပ်ခြားမှာမဟုတ်သလို ချွမ်းယွမ်
လမ်းရှိ အသစ်ငှားထားတဲ့ အိမ်တွင် မဟုတ်ကြောင်း တွေ့လိုက်ရပြီး သူနှင့် မရင်းနှီးတဲ့
အိပ်ခန်း တစ်ခုထဲတွင်လဲလျောင်းလျက်ရှိနေတယ်။

သူထထိုင်ပြီး ခုတင်ဘေး စားပွဲပေါ်မှာ ရှလျန် ချန်ထားခဲ့တဲ့ စာရွက်လေးကို တွေ့တဲ့အထိ
သူ ဒီအိမ်ထဲ ဘယ်လို ဝင်လာသလဲဆိုတာကို မှတ်မိဖို့ရာ ကြိုးစားနေမိတယ် ။

{ မင်း မနေ့ညက မူးနေလို့...မင်းဘယ်မှာ
နေလဲ ငါမသိဘူး၊ဒါကြောင့် ငါ့ဗီလာကိုပဲ
ခေါ်လာလိုက်တာ,မင်းဒီဗီလာမှာနေလို့ရတယ်၊မင်း အဆင်ပြေတယ်မလား?
ရေခဲ သေတ္တာထဲမှာ လတ်ဆတ်တဲ့ အသီးအနှံနဲ့ အသားငါးတွေရှိတယ်၊အိမ်ရာ အပြင်ဘက်မှာလည်းစူပါမားကတ် တစ်ခုရှိတယ်၊မင်း
ခရီးဆောင်အိတ်ကိုလည်းယူလာဖို့မမေ့နဲ့ဦး }

ထိုစာကို ဖတ်ပြီးတဲ့နောက်လီမော်ခေါင်းလေး ခါရမ်းပြီးရယ်လိုက်မိတယ်၊ရှလျန်က
သဘောထားကြီးတဲ့သူတစ်ယောက်အဖြစ်ရှိလာပြီးထိုသဘောထားကြီးမှုကိုလည်း
တဖက်လူမငြင်းပယ်နိုင်အောင်လုပ်တတ်သူ
ဖြစ်လာတယ်။

မနေ့က ပြောင်းရွေ့ဖို့ သဘောတူထားပြီးပြီမို့
ခုတော့ သူ ပြန်ရုတ်သိမ်းရန် မဖြစ်နိုင်တော့ဘူး၊အိပ်ခန်း အပြင်သို့ ထွက်လာပြီး ဗီလာရဲ့ အသွင်အပြင်ကို တချက်ကြည့်လိုက်တယ်၊
ဗီလာရဲ့ အနေအထားက အတော်လေးက်ို ကောင်းမွန်လွန်းတာမို့ မီးဖိုထဲသို့ ဝင်လာပြီး မနက်စာဘာစားလို့ရနိုင်မလဲဆိုတာကို
စဥ်းစားရင်းရေခဲသေတ္တာကိုဖွင့်လိုက်တယ်။

နေ့လည်ပိုင်းတွင်, ရှလျန် က စာရွက်စာတမ်းတွေကို ကြည့်ရင်းအလုပ်ထဲ၌ စိတ်နှစ်လျက် ရုံးခန်းထဲတွင် ထိုင်နေတယ်၊ရုတ်တရက်,
သူ့ ဖုန်းမှ တိုးညှင်းတဲ့ မြည်သံလေး ထွက်ပေါ်လာတယ်၊ သူဖုန်းဖွင့်ပြီး တချက်ကြည့်လိုက်တယ်၊ထို အသိပေးချက်အသံက
လီမော် ပေးပို့လာတဲ့WeChatမှမက်ဆေ့မှ
ဖြစ်တယ်။

{ ဥက္ကဌကြီး, ကျွန်တော့်ခရီးဆောင်အိတ်တွေကို မင်းရဲ့ ညွှန်ကြားချက်အတိုင်းယူလာပြီးပါပြီ, ဒီညနေ ညစာအတူ တူစားကြမလား?
ငါ့ကိုနေစရာပေးတဲ့အတွက် ကျေးဇူးတင်လို့
အရသာရှိတဲ့ ညစာလေး လုပ်ပေးမယ်လေ}

ရှလျန်ပြုံးမိနေရင်း စာပြန်ဖို့ လုပ်နေစဥ်
ကြိုးဖုန်းကနေဖုန်းဝင်လာတယ်၊အတွင်း
ရေးမှုးက အထဲဘက်ဆီသို့ဖုန်းဖြင့်လှမ်း
မေးလာတယ်။

'မစ္စတာရှ, အပြင်မှာ ကျိချင် ဆိုတဲ့လူငယ်
တစ််ယောက်ရောက်နေတယ်၊သူက မစ္စတာရှနဲ့ ကြိုတင်ချိန်းဆိုထားပြီးပြီလို့ ပြောတယ်"

'သူ့ကို အထဲဝင်လာခိုင်းလိုက်ပါ"

မရှေးမနှောင်းမှာပင် အတွင်းရေးမှုးရဲ့
ညွန်ပြမှုနဲ့ ရှလျန်ရဲ့အခန်းထဲသို့ကျိချင်
ဝင်လာတယ်။

ရှလျန်က သူ့ရှေ့မှ ဖိုင်တွဲကို ပိတ်ပြီး ကျိချင်ကို ကြည့်ရင်းပြုံးပြလိုက်တယ်။

'ထိုင်ပါ"

ကျိချင် က သာမန်ပေါ့ပေါ့ပါးပါး ပင်ဝတ်ဆင်ထားတယ်၊သူ့ကို ကျေးဇူးတင်စကားဆိုပြီး
ရှလျန်ရှေ့မှာ ဝင်ထိုင် လာတယ် ။

'စုန့်ယန်ပြောတာကို ငါကြားရသလောက်
မင်း ဘီ မြို့တော် က အစမ်းရိုက်ကူးရေး
ကို လာတာဆို ဟုတ်လား?"

'ဟုတ်ကဲ့"

"ဘယ် ကုမ္ပဏီရဲ့ ဇာတ်ကားလဲ?"

ကျိချင်က ရှလျန် အသေးစိတ်မေးလာမည်ဟု ထင်မှတ်မထားတာမို့ခဏမျှစဥ်စားနေတယ်။

'ဝမ်ချန်း ကုမ္ပဏီလို့တော့ ခေါ်ကြတယ်,
ဒါရိုက်တာကလည်း ကျွန်တော့်စီနီယာမို့
auditionလာလိုက်တာ၊အရင်တုန်းကလည်း
အရမ်း ရင်းနှီးတာမို့ auditionဝင်ပါလားပြောလာလို့ ၊အဆင်ပြေရင်တော့ ဆက်နေရမယ်, မပြေရင်တော့ ပြန်ရမှာပေါ့"

ရှလျန်က ကျိချင် ရဲ့ လွတ်လပ်ပေါ့ပါးနေတဲ့ ပုံစံကို မြင်နေရပြီး ကျရှုံးခြင်း အောင်မြင်ခြင်းကိုလည်း သိပ်ဂရုမစိုက် သလို အေးအေး ဆေးဆေးဖြစ်နေတာကိုပါတွေ့နေရတယ်။
ရှလျန် ပြုံးလိုက်မိရင်း သွေးတိုးစမ်းသည့်အနေဖြင့် ထပ်မေးလိုက်တယ်။

"မင်းနဲ့စုန့်ယန်ကညီကိုဝမ်းကွဲတွေမလား?အမျိုးသားဇာတ်ဆောင်နေရာကို ရိုက်ဖို့ အတွက် မင်းရဲ့ဝမ်းကွဲညီကိုဘာလို့ရင်းနှီး
မြုပ်နှံမှု မလုပ်ခိုင်းတာလဲ?"

"အဲ့လိုကျတော့ ပျင်းစရာကြီး !.ကျွန်တော်က လူသိမများသေးပေမယ့် ဒရမ်မာတစ်ခုရဲ့ အခန်း ကဏ္ဍကိုတော့ ကိုယ့်အစွမ်းအစ
ကြောင့်ပဲရချင်တယ်၊ဒီနည်းနဲ့ ရလာမယ့်အောင်မြင်မှုကို မလိုချင်ဘူး၊ အကယ်၍
အမျိုးတွေက ရင်းနှီးမြှုပ်နှံပါ့မယ်ဆိုရင်တောင် ဘယ်လောက်ပဲ သရုပ်ဆောင်
ကောင်းကောင်း ,ကျွန်တော့်အရည်အချင်း
လို့ မသတ်မှတ်ချင်ဘူး"

ရှလျန်က မျက်ခုံးတွေကို ပင့်တင်လိုက်ပြီး

'ဒါက စုန့်မိသားစုကပဲ မင်းကို ဆက်သွယ်ပေးခဲ့တာလား?"

"ဟုတ်တယ်, မားက လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က မစ္စစုန့်နဲ့ မာကျောက် ကစားကြရင်း ရုတ်တရက် ကျွန်တော် ဘီမြို့တော်မှာ auditionဝင်ဖို့ ရှိတာကို စကားစပ်မိကြတာ, မစ္စစုန့်ကလည်း စေတနာနဲ့ ကူညီပေးတာပါ, အမှန်တကယ် တော့,
ကျွန်တော် သူများကိုလည်း ဒုက္ခမပေးချင်ဘူး၊ အဖွဲ့သားတွေနဲ့ နေရင်နေ,.မနေနိုင်ရင်

တခြားနေဖို့နေရာ ရှာဖို့ တွေးထားတာ"

"မင်းရဲ့အေးဂျင့်ကရော ဘယ်မှာလဲ?သူကရော ဘာလို့လိုက်မလာတာလဲ?"

"ကျွန်တော်တို့ အေးဂျင့်က အနုပညာရှင်တချို့ကလည်း ကိုယ့်ဘာသာသွားကြတာများတယ်၊သူ့ကိုလည်း ဒီလို အသေးအဖွဲလေး တွေအတွက်လောက်နဲ့ အနှောင့်အယှက်မပေးချင်ဘူး"

ရှလျန်က ချက်ခြင်းပင် ကျိချင်အပေါ်ထားတဲ့
သူ့ သဘောထားတွေကို ပြောင်းပြီး ပြုံးပြလိုက်တယ်၊

'ဒါပေမယ့် စုန့်ယန်က မင်းကို ငါ့ဆီမှာ နေဖို့
အပ်ထားတော့ အိမ်ရှင်တစ်ယောက်အနေနဲ့
အကောင်းဆုံး ဧည့်ဝတ်ကျေပွန် ပေးရမယ်လေ"

ရှလျန် သူ့ လက်မှနာရီကို တချက်ကြည့်ပြီး

"ဒီညနေ ထမင်းအတူတူ စားကြရအောင်
မင်း အဆင်ပြေလား?"

"အဆင်ပြေပါတယ်"

ကျိချင်က တက်တက်ကြွကြွပဲ ပြန်ဖြေလာတယ်။

ရှလျန်က သူ့ကို ဧည့်ခန်းဆောင်ထဲ၌ခဏ
ထိုင်ခိုင်းလိုက်ပြီး ဖုန်းလေးကို ထုတ်၍
လီမော် ဆီWeChat ကနေမက်ဆေ့ပို့လိုက်တယ်။

{ ညစာအတူစားဖို့ နောက်ထပ် လူနှစ်ယောက်လောက် ထပ်ခေါ်လာမယ်ဆိုရင်မင်းစိတ်မဆိုးဘူးမလား?}

ကျုန်းရှို့ မှုန်ကုပ်ကုပ်လေးဖြင့် အိပ်ရာပေါ်တွင်လဲလျောင်းနေတယ်။

မနက်ပိုင်းရှလျန် အပြင်ထွက်လာတဲ့အချိန်,
သူနေမကောင်းဖြစ်နေကြောင်းပြောလိုက်ရာရှလျန်က သူ့ကို အိမ်မှာသာနားစေခဲ့တယ်။

သို့သော် ခုလို ဖြစ်နေခြင်းကသူ့နှလုံးသားထဲမှ မကျန်းမမာဖြစ်နေကြောင်းကို သိတာမို့
သူဘာမှလည်း မလုပ်နိုင်လျက် ရှလျန်ရဲ့
သဘောအတိုင်းပဲ ရှိနေခဲ့တယ်။

ဘယ်လိုနတ်ဆိုးကများ သူ့ ခန္ဓာကိုယ်ထဲဝင်ပူးနေလဲ ဆိုတာကို သူမသိတော့ဘူး၊ ရှလျန်ရဲ့ ခန္ဓာကိုယ်မှထူးဆန်းတဲ့ရနံ့ ကသူ့ကို စိတ်ရှုပ်စေတယ်၊အသံလေးကိုပဲကြားလိုက်
ရရုံဖြင့် အာသာဖြေနေစဥ်တောင်သူ့ကို အထွတ်အထိပ်ရောက်စေတယ်။

မူလအစက ရေမွှေးနံ့လို့ သူထင်ထားခဲ့ပေ
မယ့် ရှလျန် မနေ့ညက ရေချိုး ပြီးချိန်အထိ
ထိုအနံ့က ရှိနေဆဲပဲ၊ထို အနံ့ကပိုပိုပြီး ပြင်းထန်လာပေမယ့် ရှလျန်ကတော့
သူကိုယ်တိုင်တောင်သတိမထားမိပုံမရဘူး။

မနေ့ကလီမော်ကိုအသေအချာအကဲခတ်
ကြည့်တော့ လည်းတဖက်လူကဘာမှထူးခြားတာမျိုး မတွေ့ရပြန်ဘူး။

သူတစ်ယောက်တည်းပုံမှန်မဟုတ်သလို ဖြစ်နေပြီး သူ့ကိုယ်သူပဲ နှစ်သိမ့်နေရတယ်။

ဒါတွေအားလုံးက ထင်ယောင်ထင်မှား ဖြစ်နေခြင်းသာဖြစ်လောက်ပြီး မနက်ဖြန်နိုးလာတဲ့
အချိန်ဆိုရင်တော့ထိုအနေအထားတွေက ပျောက်ကွယ်သွားနိုင်လောက်တယ်။

ဒါပေမယ့် ရှလျန်ဒီမနက် သူ့တံခါးကိုဖွင့်လာတဲ့အခါ သူတကယ်ကြီးစိတ်ဓာတ်ကျသွားတယ်၊ထိုရနံ့ရဲ့ ပြင်းထန်မှုကမနေ့ကလိုဘဲ
သူ့နှာခေါင်းထဲသို့ရုတ်ခြည်းတိုးဝင်လာပြန်တယ်၊အခုဆိုသူ ရှလျန် အနီးခြေလှမ်းငါးလှမ်း အကွာလောက်မှာသာသူနေနေရတယ်။

စိတ်ပျက်လက်ပျက်ပင် အင်တာနက်ပေါ် ရှာဖွေမိပြန်တော့လည်း အဖြေအများစုက
လျို့ဝှက်ဆန်းကြယ်စွာပင် သူ့ရဲ့ထင်ယောင်ထင်မှား ဖြစ်မှုတွေကဟိုမုန်း ဆိုင်ရာသက်ရောက်မှု ကြောင့်လို့အဖြေထွက်တယ်။

ကျုန်းရှို့ ဘယ်လို အဖြေထုတ်ရမလဲဆိုတာကိုတောင် မသိတော့ဘူး၊ သူရှလျန်ကို တိတ်တိတ်လေး သဘောကျခဲ့ရတာက တစ်ရက်နှစ်ရက်လည်းမဟုတ်ခဲ့ဘူး၊အကယ်၍
ဟိုမုန်းဆိုင်ရာပြောင်းလဲမှုတွေကြောင့်ဆိုရင်
အခုမှ အဲ့လိုဖြစ်ရမှာမဟုတ်ဘူးလေ။

အင်တာနက်စာမျက်နှာမှစိတ်ပျက်လက်ပျက်ဖြင့် ပြန်ထွက်လာချိန်WeChatကနေ ရှလျန်ထံမှ မက်ဆေ့တစ်စောင်လက်ခံရရှိလိုက်တယ်။

{မင်းနေကောင်းရဲ့လား? လီမော်က မိသားစုညစာစားပွဲ လုပ်မလို့တဲ့၊ ငါနဲ့အတူ လိုက်ခဲ့မယ်မလား?}

ကျုန်းရှို့က ရှလျန်ရဲ့ စကားလုံးတွေထဲက
'မိသားစု ညစာစားပွဲ 'ဟူသောစကားကို
ကြည့်နေမိရင်းသူ့နှလုံးသားထဲမှရုတ်တရက် ထွက်ပေါ်လာတဲ့ မနာလိုမှု တွေကသူ့အား
အသက်ရူရပ်မတတ်ဖြစ်လာစေတယ်။

9.11.2021

To Day Update ❤❤

1.The Pheromones Says We Have No Chance EP10
2.Your Pheromones are Sweet EP2
3.Following Crime EP8
4.ကိုကို့ဖက်ထုပ်လေး EP15

......................................................................

[ Z ]

လီေမာ္ သူ႕မ်က္လုံးေတြ ဖြင့္လိုက္တဲ့အခါ,
သူက နိုင္ငံရပ္ျခားမွာမဟုတ္သလို ခြၽမ္းယြမ္
လမ္းရွိ အသစ္ငွားထားတဲ့ အိမ္တြင္ မဟုတ္ေၾကာင္း ေတြ႕လိုက္ရၿပီး သူႏွင့္ မရင္းႏွီးတဲ့
အိပ္ခန္း တစ္ခုထဲတြင္လဲေလ်ာင္းလ်က္ရွိေနတယ္။

သူထထိုင္ၿပီး ခုတင္ေဘး စားပြဲေပၚမွာ ရွလ်န္ ခ်န္ထားခဲ့တဲ့ စာ႐ြက္ေလးကို ေတြ႕တဲ့အထိသူ ဒီအိမ္ထဲ ဘယ္လို ဝင္လာသလဲဆိုတာကို မွတ္မိဖို႔ရာ ႀကိဳးစားေနမိတယ္ ။

{ မင္း မေန႕ညက မူးေနလို႔...မင္းဘယ္မွာ
ေနလဲ ငါမသိဘူး၊ဒါေၾကာင့္ ငါ့ဗီလာကိုပဲ
ေခၚလာလိုက္တာ,မင္းဒီဗီလာမွာေနလို႔ရတယ္၊
မင္း အဆင္ေျပတယ္မလား?ေရခဲ ေသတၱာထဲမွာ
လတ္ဆတ္တဲ့ အသီးအႏွံနဲ႕ အသားငါးေတြရွိတယ္၊အိမ္ရာ အျပင္ဘက္မွာလည္းစူပါမားကတ္ တစ္ခုရွိတယ္၊မင္း
ခရီးေဆာင္အိတ္ကိုလည္းယူလာဖို႔မေမ့နဲ႕ဦး }

ထိုစာကို ဖတ္ၿပီးတဲ့ေနာက္လီေမာ္ေခါင္းေလး ခါရမ္းၿပီး
ရယ္လိုက္မိတယ္၊ရွလ်န္က သေဘာထားႀကီးတဲ့
သူတစ္ေယာက္အျဖစ္ရွိလာၿပီးထိုသေဘာထားႀကီးမႈ
ကိုလည္း တဖက္လူမျငင္းပယ္နိုင္ေအာင္လုပ္တတ္သူ
ျဖစ္လာတယ္။

မေန႕က ေျပာင္းေ႐ြ႕ဖို႔ သေဘာတူထားၿပီးၿပီမို႔
ခုေတာ့ သူ ျပန္႐ုတ္သိမ္းရန္ မျဖစ္နိုင္ေတာ့ဘူး၊အိပ္ခန္း အျပင္သို႔ ထြက္လာၿပီး ဗီလာရဲ႕ အသြင္အျပင္ကို

တခ်က္ၾကည့္လိုက္တယ္၊ဗီလာရဲ႕ အေနအထားက အတော်လေးက်ို ေကာင္းမြန္လြန္းတာမို႔ မီးဖိုထဲသို႔ဝင္လာၿပီး မနက္စာဘာစားလို႔ရနိုင္မလဲဆိုတာကို
စဥ္းစားရင္းေရခဲေသတၱာကိုဖြင့္လိုက္တယ္။

ေန႕လည္ပိုင္းတြင္, ရွလ်န္ က စာ႐ြက္စာတမ္းေတြကို
ၾကည့္ရင္းအလုပ္ထဲ၌ စိတ္ႏွစ္လ်က္ ႐ုံးခန္းထဲတြင္ထိုင္ေနတယ္၊႐ုတ္တရက္, သူ႕ ဖုန္းမွ တိုးညွင္းတဲ့ ျမည္သံေလး ထြက္ေပၚလာတယ္၊ သူဖုန္းဖြင့္ၿပီး တခ်က္ၾကည့္လိုက္
တယ္၊ထို အသိေပးခ်က္အသံက လီေမာ္ ေပးပို႔လာတဲ့WeChatမွမက္ေဆ့မွျဖစ္တယ္။

{ ဥကၠဌႀကီး, ကြၽန္ေတာ့္ခရီးေဆာင္အိတ္ေတြကို မင္းရဲ႕ ၫႊန္ၾကားခ်က္အတိုင္းယူလာၿပီးပါၿပီ, ဒီညေန ညစာအတူ တူစားၾကမလား?ငါ့ကိုေနစရာေပးတဲ့အတြက္ ေက်းဇူးတင္လို႔ အရသာရွိတဲ့ ညစာေလး လုပ္ေပးမယ္ေလ}

ရွလ်န္ၿပဳံးမိေနရင္း စာျပန္ဖို႔ လုပ္ေနစဥ္
ႀကိဳးဖုန္းကေနဖုန္းဝင္လာတယ္၊အတြင္း
ေရးမႈးက အထဲဘက္ဆီသို႔ဖုန္းျဖင့္လွမ္း
ေမးလာတယ္။

'မစၥတာရွ, အျပင္မွာ က်ိခ်င္ ဆိုတဲ့လူငယ္
တစ္္ေယာက္ေရာက္ေနတယ္၊သူက မစၥတာရွနဲ႕
ႀကိဳတင္ခ်ိန္းဆိုထားၿပီးၿပီလို႔ ေျပာတယ္"

'သူ႕ကို အထဲဝင္လာခိုင္းလိုက္ပါ"

မေရွးမႏွောင္းမွာပင္ အတြင္းေရးမႈးရဲ႕
ၫြန္ျပမႈနဲ႕ ရွလ်န္ရဲ႕အခန္းထဲသို႔က်ိခ်င္
ဝင္လာတယ္။

ရွလ်န္က သူ႕ေရွ႕မွ ဖိုင္တြဲကို ပိတ္ၿပီး က်ိခ်င္ကို
ၾကည့္ရင္းၿပဳံးျပလိုက္တယ္။

'ထိုင္ပါ"

က်ိခ်င္ က သာမန္ေပါ့ေပါ့ပါးပါး ပင္ဝတ္ဆင္ထားတယ္၊သူ႕ကို ေက်းဇူးတင္စကားဆိုၿပီးရွလ်န္ေရွ႕မွာ ဝင္ထိုင္
လာတယ္ ။

'စုန့္ယန္ေျပာတာကို ငါၾကားရသေလာက္
မင္း ဘီ ၿမိဳ႕ေတာ္ က အစမ္းရိုက္ကူးေရး
ကို လာတာဆို ဟုတ္လား?"

'ဟုတ္ကဲ့"

"ဘယ္ ကုမၸဏီရဲ႕ ဇာတ္ကားလဲ?"

က်ိခ်င္က ရွလ်န္ အေသးစိတ္ေမးလာမည္ဟု
ထင္မွတ္မထားတာမို႔ခဏမွ်စဥ္စားေနတယ္။

'ဝမ္ခ်န္း ကုမၸဏီလို႔ေတာ့ ေခၚၾကတယ္,
ဒါရိုက္တာကလည္း ကြၽန္ေတာ့္စီနီယာမို႔
auditionလာလိုက္တာ၊အရင္တုန္းကလည္း
အရမ္း ရင္းႏွီးတာမို႔ auditionဝင္ပါလားေျပာလာ
လို႔ ၊အဆင္ေျပရင္ေတာ့ ဆက္ေနရမယ္,
မေျပရင္ေတာ့ ျပန္ရမွာေပါ့"

ရွလ်န္က က်ိခ်င္ ရဲ႕ လြတ္လပ္ေပါ့ပါးေနတဲ့ ပုံစံကို ျမင္ေနရၿပီး က်ရႈံးျခင္း ေအာင္ျမင္ျခင္းကိုလည္း သိပ္ဂ႐ုမစိုက္ သလို ေအးေအး ေဆးေဆးျဖစ္ေနတာကိုပါေတြ႕ေနရ
တယ္။ရွလ်န္ ၿပဳံးလိုက္မိရင္း ေသြးတိုးစမ္းသည့္အေနျဖင့္ ထပ္ေမးလိုက္တယ္။

"မင္းနဲ႕စုန့္ယန္ကညီကိုဝမ္းကြဲေတြမလား?အမ်ိဳးသားဇာတ္ေဆာင္ေနရာကို ရိုက္ဖို႔ အတြက္ မင္းရဲ႕ဝမ္းကြဲညီကိုဘာလို႔ရင္းႏွီး ျမဳပ္ႏွံမႈ မလုပ္ခိုင္းတာလဲ?"

"အဲ့လိုက်ေတာ့ ပ်င္းစရာႀကီး !.ကြၽန္ေတာ္က
လူသိမမ်ားေသးေပမယ့္ ဒရမ္မာတစ္ခုရဲ႕ အခန္း က႑ကိုေတာ့ ကိုယ့္အစြမ္းအစေၾကာင့္ပဲရခ်င္တယ္၊
ဒီနည္းနဲ႕ ရလာမယ့္ေအာင္ျမင္မႈကို မလိုခ်င္ဘူး၊အကယ္၍
အမ်ိဳးေတြက ရင္းႏွီးျမႇုပ္ႏွံပါ့မယ္ဆိုရင္ေတာင္
ဘယ္ေလာက္ပဲ သ႐ုပ္ေဆာင္ေကာင္းေကာင္း ,
ကြၽန္ေတာ့္အရည္အခ်င္းလို႔ မသတ္မွတ္ခ်င္ဘူး"

ရွလ်န္က မ်က္ခုံးေတြကို ပင့္တင္လိုက္ၿပီး

'ဒါက စုန့္မိသားစုကပဲ မင္းကို ဆက္သြယ္ေပးခဲ့တာလား?"

"ဟုတ္တယ္, မားက လြန္ခဲ့တဲ့ ရက္အနည္းငယ္ေလာက္က မစၥစုန့္နဲ႕ မာေက်ာက္ ကစားၾကရင္း ႐ုတ္တရက္
ကြၽန္ေတာ္ ဘီၿမိဳ႕ေတာ္မွာ auditionဝင္ဖို႔ ရွိတာကို စကားစပ္မိၾကတာ, မစၥစုန့္ကလည္း ေစတနာနဲ႕ ကူညီေပးတာပါ, အမွန္တကယ္ ေတာ့, ကြၽန္ေတာ္ သူမ်ားကိုလည္း ဒုကၡမေပးခ်င္ဘူး၊ အဖြဲ႕သားေတြနဲ႕ ေနရင္ေန,.မေနနိုင္ရင္
တျခားေနဖို႔ေနရာ ရွာဖို႔ ေတြးထားတာ"

"မင္းရဲ႕ေအးဂ်င့္ကေရာ ဘယ္မွာလဲ?သူကေရာ
ဘာလို႔လိုက္မလာတာလဲ?"

"ကြၽန္ေတာ္တို႔ ေအးဂ်င့္က အႏုပညာရွင္တခ်ိဳ႕ကလည္း ကိုယ့္ဘာသာသြားၾကတာမ်ားတယ္၊သူ႕ကိုလည္း ဒီလို အေသးအဖြဲေလး ေတြအတြက္ေလာက္နဲ႕ အေႏွာင့္
အယွက္မေပးခ်င္ဘူး"

ရွလ်န္က ခ်က္ျခင္းပင္ က်ိခ်င္အေပၚထားတဲ့
သူ႕ သေဘာထားေတြကို ေျပာင္းၿပီး ၿပဳံးျပလိုက္တယ္၊

'ဒါေပမယ့္ စုန့္ယန္က မင္းကို ငါ့ဆီမွာ ေနဖို႔
အပ္ထားေတာ့ အိမ္ရွင္တစ္ေယာက္အေနနဲ႕
အေကာင္းဆုံး ဧည့္ဝတ္ေက်ပြန္ ေပးရမယ္ေလ"

ရွလ်န္ သူ႕ လက္မွနာရီကို တခ်က္ၾကည့္ၿပီး

"ဒီညေန ထမင္းအတူတူ စားၾကရေအာင္
မင္း အဆင္ေျပလား?"

"အဆင္ေျပပါတယ္"

က်ိခ်င္က တက္တက္ႂကြႂကြပဲ ျပန္ေျဖလာတယ္။

ရွလ်န္က သူ႕ကို ဧည့္ခန္းေဆာင္ထဲ၌ခဏ
ထိုင္ခိုင္းလိုက္ၿပီး ဖုန္းေလးကို ထုတ္၍
လီေမာ္ ဆီWeChat ကေနမက္ေဆ့ပို႔လိုက္တယ္။

{ ညစာအတူစားဖို႔ ေနာက္ထပ္ လူႏွစ္ေယာက္ေလာက္ ထပ္ေခၚလာမယ္ဆိုရင္မင္းစိတ္မဆိုးဘူးမလား?}

က်ဳန္းရွို႔ မႈန္ကုပ္ကုပ္ေလးျဖင့္ အိပ္ရာေပၚတြင္
လဲေလ်ာင္းေနတယ္။

မနက္ပိုင္းရွလ်န္ အျပင္ထြက္လာတဲ့အခ်ိန္,
သူေနမေကာင္းျဖစ္ေနေၾကာင္းေျပာလိုက္ရာရွလ်န္က သူ႕ကို အိမ္မွာသာနားေစခဲ့တယ္။

သို႔ေသာ္ ခုလို ျဖစ္ေနျခင္းကသူ႕ႏွလုံးသားထဲမွ

မက်န္းမမာျဖစ္ေနေၾကာင္းကို သိတာမို႔
သူဘာမွလည္း မလုပ္နိုင္လ်က္ ရွလ်န္ရဲ႕
သေဘာအတိုင္းပဲ ရွိေနခဲ့တယ္။

ဘယ္လိုနတ္ဆိုးကမ်ား သူ႕ ခႏၶာကိုယ္ထဲဝင္ပူးေနလဲဆိုတာကို သူမသိေတာ့ဘူး၊ ရွလ်န္ရဲ႕ ခႏၶာကိုယ္မွထူးဆန္းတဲ့ရနံ႕ ကသူ႕ကို စိတ္ရႈပ္ေစတယ္၊အသံေလးကိုပဲၾကား
လိုက္ရ႐ုံျဖင့္ အာသာေျဖေနစဥ္ေတာင္သူ႕ကို
အထြတ္အထိပ္ေရာက္ေစတယ္။

မူလအစက ေရေမႊးနံ႕လို႔ သူထင္ထားခဲ့ေပ
မယ့္ ရွလ်န္ မေန႕ညက ေရခ်ိဳး ၿပီးခ်ိန္အထိ
ထိုအနံ႕က ရွိေနဆဲပဲ၊ထို အနံ႕ကပိုပိုၿပီး
ျပင္းထန္လာေပမယ့္ ရွလ်န္ကေတာ့
သူကိုယ္တိုင္ေတာင္သတိမထားမိပုံမရဘူး။

မေန႕ကလီေမာ္ကိုအေသအခ်ာအကဲခတ္
ၾကည့္ေတာ့ လည္းတဖက္လူကဘာမွထူးျခား
တာမ်ိဳး မေတြ႕ရျပန္ဘူး။

သူတစ္ေယာက္တည္းပုံမွန္မဟုတ္သလို ျဖစ္ေနၿပီး
သူ႕ကိုယ္သူပဲ ႏွစ္သိမ့္ေနရတယ္။

ဒါေတြအားလုံးက ထင္ေယာင္ထင္မွား ျဖစ္ေနျခင္း
သာျဖစ္ေလာက္ၿပီး မနက္ျဖန္နိုးလာတဲ့
အခ်ိန္ဆိုရင္ေတာ့ထိုအေနအထားေတြက
ေပ်ာက္ကြယ္သြားနိုင္ေလာက္တယ္။

ဒါေပမယ့္ ရွလ်န္ဒီမနက္ သူ႕တံခါးကိုဖြင့္လာတဲ့အခါ
သူတကယ္ႀကီးစိတ္ဓာတ္က်သြားတယ္၊ထိုရနံ႕ရဲ႕ ျပင္းထန္မႈကမေန႕ကလိုဘဲသူ႕ႏွာေခါင္းထဲသို႔႐ုတ္ျခည္းတိုးဝင္လာျပန္တယ္၊အခုဆိုသူ ရွလ်န္ အနီးေျခလွမ္းငါးလွမ္း
အကြာေလာက္မွာသာသူေနေနရတယ္။

စိတ္ပ်က္လက္ပ်က္ပင္ အင္တာနက္ေပၚ ရွာေဖြမိျပန္ေတာ့လည္း အေျဖအမ်ားစုက လ်ိဳ႕ဝွက္ဆန္းၾကယ္စြာပင္ သူ႕ရဲ႕ထင္ေယာင္ထင္မွား ျဖစ္မႈေတြကဟိုမုန္း
ဆိုင္ရာသက္ေရာက္မႈ ေၾကာင့္လို႔အေျဖထြက္တယ္။

က်ဳန္းရွို႔ ဘယ္လို အေျဖထုတ္ရမလဲဆိုတာကိုေတာင္
မသိေတာ့ဘူး၊ သူရွလ်န္ကို တိတ္တိတ္ေလး သေဘာက်ခဲ့ရတာက တစ္ရက္ႏွစ္ရက္လည္းမဟုတ္ခဲ့ဘူး၊အကယ္၍
ဟိုမုန္းဆိုင္ရာေျပာင္းလဲမႈေတြေၾကာင့္ဆိုရင္
အခုမွ အဲ့လိုျဖစ္ရမွာမဟုတ္ဘူးေလ။

အင္တာနက္စာမ်က္ႏွာမွစိတ္ပ်က္လက္ပ်က္ျဖင့္
ျပန္ထြက္လာခ်ိန္WeChatကေန ရွလ်န္ထံမွ
မက္ေဆ့တစ္ေစာင္လက္ခံရရွိလိုက္တယ္။

{မင္းေနေကာင္းရဲ႕လား? လီေမာ္က မိသားစုညစာစားပြဲ လုပ္မလို႔တဲ့၊ ငါနဲ႕အတူ လိုက္ခဲ့မယ္မလား?}

က်ဳန္းရွို႔က ရွလ်န္ရဲ႕ စကားလုံးေတြထဲက
'မိသားစု ညစာစားပြဲ 'ဟူေသာစကားကို
ၾကည့္ေနမိရင္းသူ႕ႏွလုံးသားထဲမွ႐ုတ္တရက္
ထြက္ေပၚလာတဲ့ မနာလိုမႈ ေတြကသူ႕အား
အသက္႐ူရပ္မတတ္ျဖစ္လာေစတယ္။

9.11.2021

To Day Update ❤❤❤

1.The Pheromones Says We Have No Chance EP10
2.Your Pheromones are Sweet EP2
3.Following Crime EP8
4.ကိုကို႔ဖက္ထုပ္ေလး EP15

......................................................................










You are reading the story above: TeenFic.Net