..[U ]
ကျုန်းရှိူ့ ရှလျန်ရဲ့ အိပ်ခန်းတံခါးဆီသို့လျှောက်လာပြီးဘာထပ်ဖြစ်မလဲဆိုတာကို
ဂရုတစိုက်နားထောင်နေပေမယ့်ဘာမှထပ်
မကြားရဘူး၊သူနံရံကို မှီပြီးခဏတာမျှငြိမ်သက်နေမိတယ်။
ခဏအကြာတွင် ရှလျန် ရေချိုးခန်းထဲမှ ထွက်လာပုံရတဲ့ တံခါးဖွင့်သံသဲ့သဲ့ကို
အပြင်ဖက်မှသူကြားလိုက်ရတယ်။
ကျုန်းရှိူ့ အသက်ပြင်းပြင်း တချက်ရှုလိုက်ပြီး
တံခါး ခေါက်ရင်း မေးလိုက်တယ်။
"သခင်လေး, ရေချိုးပြီးပြီလား?"
"အင်း, ဘာကိစ္စရှိလို့လဲ ?"
ရှလျန် တံခါးဖွင့်လာပြီး သူ့ ခန္ဓာကိုယ်ပေါ်မှ
bathrobeကြိုးကို ချည်နေတယ်။
"အခု..."
ကျုန်းရှိူ့က ရှလျန်ကို စေ့စေ့ကြည့်ပြီး ပြောလိုက်မိတယ်၊သူက တဖက်လူရဲ့ Vပုံစံ အကျီ ဟကွဲကြောင်း အောက်မှစိုစွတ်ကာချောမွေ့နေပုံရတဲ့ အသားအရည်ကို တွေ့နေရပြီး
ချိုမြိန်တဲ့ အနံ့မွှေးမွှေးလေးက တံခါး ကြားထဲမှလွင့်ထွက်လာပြန်တယ် ၊ထို အနံ့လေးက
သူ့အား အသက်ရူမြန်စေပြီး ခြေလက်နဲ့
ကိုယ်တွင်း အဂ်ါတွေထိ တိုးဝင်လာတယ်။
သူချက်ခြင်း ရှက်ကိုး ရှက်ကန်းဖြင့်နှာခေါင်းလေးကို လက်ဖြင့်အုပ်ပြီးရုတ်တရက် နောက်သို့ဆုတ်လိုက်မိတယ်။
ရှလျန်က တံခါးဖွင့်ပြီး မတ်တပ်ရပ်နေရင်း
သူ့ကို ကြည့်ပြီး မေးလာတယ်။
"ဘာဖြစ်တာလဲ ?"
"အခုပဲ...စုန့်ယန်ဖုန်းဆက်လာတယ်၊ အရေးကြီးကိစ္စတစ်ခုရှိပုံရတယ်၊
သူ့ဆီ ဖုန်းပြန်ခေါ်ပါလို့ ပြောတယ်"
ကျုန်းရှို့ ထွက်သွားခါနီးသူ့နှာခေါင်းလေးကို လက်ဖြင့် ညှစ်ပြီးပြောစရာရှိသည်အားအလျင်အမြန်အဆုံးသတ်လိုက်တယ်၊ထို့နောက်သူချက်ခြင်းပဲဘေးခန်းမှအိမ်သာထဲသို့အပြေးဝင်လာခဲ့လိုက်တယ်။
ဒီတကြိမ်ကတော့သူ့နှလုံးခုန်သံတွေမြန်လာပြီးမူးဝေမှုနဲ့အတူနှာဖျားထိပ်တွေလည်း ပူလောင်လာတယ်။
ကျုန်းရှိူ့ လက်ကို ဆန့်ထုတ်ပြီး နံရံ ပေါ်မှမီးအိမ်လေးကို ဖိလိုက်တယ်၊နောက်တကြိမ်
မော့ကြည့်လိုက်မိတော့, ကြေး မုံပြင်ထဲမှ
သူ့မျက်လုံးတွေက ရှုပ်ထွေးနေပြီးသူ့ လက်ချောင်းများကြားမှ သွေးစတွေကိုတွေ့လိုက်ရတယ်၊ နှာခေါင်းထိပ်မှကျဆင်းလာတဲ့ သွေးစအနည်းငယ်ကိုလက်ဖြင့်သုတ်ကာ
ရေဆေးချပြီးစိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးတွေကို မှိတ်လိုက်မိတယ်။
ရှလျန်က ကျုန်းရှိူ့ အပြုအမူကြောင့်အံ့သြနေရာမှထိတ်လန့်သွားပြီးဘေးခန်းဆီသို့
လျှောက်လာရင်း တံခါးခေါက်လောက်တယ်၊
"ကျုန်းရှို့ , မင်း အဆင်ပြေရဲ့လား ?"
ရေချိုးခန်းထဲ၌ ရေများ တဟုန်ထိုးကျဆင်းနေသည့်ကြားမှကျုန်းရှို့အသံကရေသံနှင့် အတူ ရောနှော ထွက်ပေါ်လာတယ်။
' ...ကျွန်တော် ...အဆင်ပြေတယ်"
"မင်း နေမကောင်းဘူးလား?"
ရှလျန် မေးလာတယ်။
"ဒီနေ့ မင်း အရမ်းထူးဆန်းနေတယ်,
တစ်ခုခု အဆင်မပြေတာရှိရင်တောင့်ခံ
မနေနဲ့ , ငါမင်းကို ဆေးရုံလိုက်ပို့မယ်လေ"
"မဟုတ်ဘူး..."
တဝေါဝေါ ကျနေတဲ့ ရေသံတွေက ကျုန်းရှိူ့ ရဲ့ အသံကို ဖုံးလွှမ်းနေပြန်တယ်။
ငယ်စဥ်ကတည်းကကျုန်းရှိူ့ ဖျားနာတာကို
ရှလျန် တွေ့ရခဲတယ်၊ ရံဖန်ရံခါအားဖြင့်
အအေးမိပြီး ဖျားနာခြင်း ဖြစ်ရင်တောင်,
ဆရာဝန်တွေရဲ့ မျက်စိထဲမှာတော့ ဒါက အခြေခံအားဖြင့် တစ်နှစ်တကြိမ် ရုပ်ပိုင်း ဆိုင်ရာ အပြောင်းအလွဲ ဖြစ်ပြီး တစ်ရက်နှစ်ရက်အတွင်း ပြန်လည်ကောင်းမွန် လာလေ့ရှိတယ်။
ဒါပေမယ့်...ဒီတကြိမ်မှာတော့, ကျုန်းရှို့ ပုံစံက အအေးမိဖျားနာတဲ့ ပုံစံ မဟုတ်ဘူး, ဒါမှမဟုတ်...အဆာလွန်လို့ဗိုက်အောင့်နေတာ
များလား ?
ရှလျန် ရေချိုးခန်းထဲကရေသံတွေတိတ်သွားသည်အထိ ခဏမျှစောင့်နေလိုက်တယ်၊
ကျုန်းရှို့က သူအဆင်ပြေကြောင်းထပ်ပြောလာမှရှလျန် စုန့်ယန်ဆီ ဖုန်းဆက်ဖို့သူ့အခန်းဆီသို့ ပြန်လာလိုက်တယ်။
စုန့်ယန်က အလျင်အမြန် ဖုန်းကိုင်လာပြီး
ပြောလာတယ်။
"လျန်ကော, အခုဆို ကောတို့ဆီမှာ ညဘက်လောက်ရောက်နေပြီမလား ?ဒီလောက်နောက်ကျမှဖုန်း ခေါ်လိုက်ရလို့ အနှောင့်အယှက်ဖြစ်စေရင်တောင်းပန်ပါတယ်"
"မင်း ပြောစရာရှိရင် ပြောလေ"
"ဒါက ဒီလိုပါ...ကျွန်တော့်အကို ဝမ်းကွဲတစ်ယောက် မနက်ဖြန် ဘီမြို့တော်ကိုလာမယ်လို့ ကျွန်တော့်အမေက ပြောတယ်၊ ဒါပေမယ့်
အခု ကျွန်တော်ကနိုင်ငံခြား ကိုရောက်နေပြီး
အခြားဆွေမျိုးတွေကလည်းမြို့တော်ဘီမှာ
မရှိဘူး၊ လျန်ကောပဲသူ့ကို ခဏလောက်
ခေါ်ထားပေးဖို့အကူအညီတောင်းချင်လို့ပါ"
ရှလျန် ပြန်မေးလိုက်တယ်။
"မင်းရဲ့ အစ်ကို ဝမ်းကွဲက ဘီမြို့တော်ကို
ဘာအတွက်လာမှာလဲ ?"
"ဟုတ်...သူက သရုပ်ဆောင်တစ်ယောက်ပါ,
အမေပြောတာကြားရသလောက်တော့ အနုပညာလောကထဲနှစ်အတော်ကြာရှိနေပေမယ့် ခုထိ ရေပန်းစားတဲ့လူတော့မဟုတ်ဘူး၊
သူကအခု ဒရမ်မာတစ်ခုအစမ်းရိုက်ကူးမှု အတွက် ဘီမြို့တော်ကို လာမှာလို့ပြောတယ်၊
လဝက်လောက်တော့ ကြနိုင်မယ်တဲ့,
သူဘီမြို့တော်မှာ ခဏနေဖို့ နေရာအခက်အခဲ
ဖြစ်နေမှာစိုးလို့ပါ...အဲ့ဒါကြောင့်..."
"ငါသိပြီ..."
ရှလျန်က ချက်ခြင်းပင်အလွယ်တကာလက်ခံပေးလာတယ်၊
"မင်း အစ်ကိုဝမ်းကွဲရဲ့နာမည်နဲ့ဆက်သွယ်
ရမယ့် အချက်အလက်ပို့ပေးထား,
ငါအဆင်ပြေအောင်စီစဥ်ပေးလိုက်မယ်"
ရှလျန် ဖုန်းချလိုက်ပြီးနောက်, စုန့်ယန်ဆီမှ
သူ့အစ်ကိုဝမ်းကွဲရဲ့အချက်အလက်တွေကို
သူ့အစ်ကိုဝမ်းကွဲရဲ့ အမည်ကကျိချင်ဖြစ်နေတယ်၊ရှလျန် ထို နာမည်ကို အင်တာနက်ပေါ်တွင်ရှာလိုက်ရာ ကောင်လေးက လူချောလေး ဖြစ်နေတယ်၊သူ့ဓာတ်ပုံအတော်များများကလည်း ခပ်မိုက်မိုက်ပဲ,သူကအရည်အသွေး
နည်းဒရမ်မာကားတွေမှာပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်လည်းအားပေးမှုသိပ်မရှိသေးသူမို့ လမ်းကြောင်းမှန်ပေါ်မရောက်နိုင်သေးဘူး၊လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ ပရိသတ်လေး အနည်းအပါးရလာပြီး
Weiboမှာ ပရိသတ်တွေနဲ့ စနောက်ပြောဆိုတာကို မြင်ရတော့ချစ်စရာကောင်းပြီး
ပွင့်လင်း ဖော်ရွေတဲ့လူငယ်တစ်ယောက်လို့
တော့ကောက်ချက်ချနိုင်တယ်။
ရှလျန်က တဖက်လူရဲ့ ပုံကို တချက်ကြည့်ပြီးနောက် ခဏမျှ စဥ်းစားနေရာမှ တဖက်လူအားဖုန်းခေါ်လိုက်တယ်။
"ဟယ်လို...ဘယ်သူပါလဲခင်ဗျာ"
တဖက်လူက ယဥ်ကျေးစွာပင်ဖုန်းပြန်ဖြေလာတယ်။
'ဟယ်လို ,ငါက စုန့်ယန်ရဲ့ သူငယ်ချင်း
ရှလျန်ပါ ....စုန့်ယန်လည်း မင်းကိုပြောပြီးလောက်ပြီထင်တယ်, မနက်ဖြန်, မင်းဘီမြို့တော် ဆီ အရင်လာမှာမလား?ငါ့ကုမ္ပဏီကိုပဲလာပြီး ငါ့ကို လာရှာလိုက်ပါ, ငါမင်းကို
ကုမ္ပဏီလိပ်စာ ခဏနေရင်ပို့ပေးလိုက်မယ်!"
တဖက်လူက နှစ် စက္ကန့်မျှ အံ့အားသင့်နေပြီးမှ ပြေပြေပြစ်ပြစ်ပင်ပြန်၍တုံ့ပြန်လာတယ်။
"စိတ်အနှောင့်အယှက်ဖြစ်စေမိလို့တောင်းပန်ပါတယ်"
"ပြသနာမရှိပါဘူး....မနက်ဖြန်...မင်းကို
ငါကပဲဒုက္ခပေးရတော့မယ်"
တဖက်လူက ထပ်မံ၍အံ့သြနေပြန်တယ်၊
ရှလျန် တဖက်လူအား ထပ်မေးလိုက်တယ်။
"ဒါဆို, မနက်ဖြန် ငါ့ဆီ ဖုန်းခေါ်လိုက်ပါ,
ဒီဖုန်းကိုပဲ တိုက်ရိုက်ခေါ်လို့ရတယ်"
ဖုန်းချပြီးတဲ့နောက်, ရှလျန် တဖက်ခန်းမှ
တံခါးဖွင့်လိုက်ရာကျုန်းရှိူ့ တစ်ယောက်ခုထိ အခန်းထဲကထွက်မလာသေးတာကိုတွေ့လိုက်ရတယ်။ကျုန်းရှို့တစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်မိရင်းသူရေချိုးခန်းတံခါးကိုထပ်ခေါက်လိုက်တယ်။
"ကျုန်းရှို့, မင်းဘယ်လိုနေလဲ?"
"ဘာမှမဖြစ်ဘူး"
မှိန်ဖျော့ဖျော့မီးရောင်အောက်၌ ,ကျုန်းရှို့
သူ့ရင်ဘတ်ကိုဖိပြီးခတ္တခဏငြိမ်နေလိုက်တယ်။
'မင်းအထဲကို ဝင်နေတာ နာရီဝက်လောက်ရှိနေပြီ...မင်း ဗိုက်အောင့် နေတာလား?"
ရှလျန်ရဲ့အသံကို ကြားလိုက်ရချိန်ကျုန်းရှို့
မျက်လုံးတွေ မှိတ်ထားပေမယ့်, bathrobeနဲ့
ရှလျန်ရဲ့ ပုံစံကသူ့ အတွေးတွေထဲပြန်ပြီး ပေါ်လာတယ်။
သူ့တကိုယ်လုံး တုန်တုန်ယင်ယင်ဖြစ်လာပြီး
သူ့လက်ထဲမှ ဆုပ်ကိုင်ထားတဲ့အရာဆီမှပူနွေးတဲ့အရာတွေကိုထုတ်လွှတ်လိုက်
မိတယ်။
အတန်ကြာ အသက်ရူသံများ ငြိမ်သက်သွားတော့မှ,သူလှမ်းပြောလိုက်တယ်။
"သခင်လေး, ကျွန်တော်တကယ်အဆင်ပြေ
ပါတယ်, ကျွန်တော့်ကို တစ်ယောက်တည်း
ထားပေးပါ...အိပ်တော့နော်"
ရှလျန် တံခါးအပြင်ဘက်မှာပဲရပ်နေလိုက်
ပေမယ့်အခန်းထဲကဘာသံမှမကြားရဘူး၊
အကယ်၍ ကျုန်းရှို့သာအစာအိမ်နာတာမဟုတ်ပဲဗိုက်မကောင်းတာဆိုသူအပြင်က
ဆက်မေးနေပါကအရမ်းရှက်နေလိမ့်မယ်
မလား ?
ဒါကို တွေးမိပြီး ရှလျန်ဆက်မမေးတော့ပဲ,
ပြောလိုက်တယ်၊
"လော့ကာထဲမှာ အစာအိမ်နဲ့အူလမ်းကြောင်းအတွက် ဆေးတွေရှိတယ်,ယူသောက်လိုက်ဦး နော်"
"...ဟုတ်ကဲ့"
ကျုန်းရှို့ အသံ ဖျော့ဖျော့လေးဖြင့်သာပြန်
ဖြေလိုက်နိုင်တယ်။
8.11.2021
Today Update❤❤
1.The Pheromones Says We Have No Chance EP9
2.Screen Partner EP23
3.Following Crime EP7
.................................................................
[ Z ]
ကျုန်းရှို့ ရှလျန်ရဲ့ အိပ်ခန်းတံခါးဆီသို့လျှောက်လာပြီးဘာထပ်ဖြစ်မလဲဆိုတာကို ဂရုတစိုက်နားထောင်နေပေမယ့်ဘာမှထပ်မကြားရဘူး၊သူနံရံကို မှီပြီးခဏတာမျှငြိမ်
သက်နေမိတယ်။
ကျုန်းရှို့ အသက်ပြင်းပြင်း တချက်ရှုလိုက်ပြီး
"အခု..."
ကျုန်းရှို့က ရှလျန်ကို စေ့စေ့ကြည့်ပြီး ပြောလိုက်မိတယ်၊သူက တဖက်လူရဲ့ Vပုံစံ အကျီ ဟကွဲကြောင်း အောက်မှစိုစွတ်ကာချောမွေ့နေပုံရတဲ့ အသားအရည်ကို တွေ့နေရပြီးချိုမြိန်တဲ့ အနံ့မွှေးမွှေးလေးက တံခါး ကြားထဲမှလွင့်ထွက်လာပြန်တယ် ၊ထို အနံ့လေးက
မိတယ်။
"ဘာဖြစ်တာလဲ ?"
ကျုန်းရှို့ လက်ကို ဆန့်ထုတ်ပြီး နံရံ ပေါ်မှမီးအိမ်လေးကို
ရှလျန်က ကျုန်းရှို့ အပြုအမူကြောင့်အံ့သြနေရာမှ
ရေချိုးခန်းထဲ၌ ရေများ တဟုန်ထိုးကျဆင်းနေသည့်ကြားmမှကျုန်းရှို့အသံကရေသံနှင့် အတူ ရောနှော
ထွက်ပေါ်လာတယ်။
' ...ကျွန်တော် ...အဆင်ပြေတယ်"
"မင်း နေမကောင်းဘူးလား?"
ရှလျန် မေးလာတယ်။
"မဟုတ်ဘူး..."
တဝေါဝေါ ကျနေတဲ့ ရေသံတွေက ကျုန်းရှို့ ရဲ့ အသံကို ဖုံးလွှမ်းနေပြန်တယ်။
ငယ်စဉ်ကတည်းကကျုန်းရှို့ ဖျားနာတာကို
ပြောလာတယ်။
ဘာအတွက်လာမှာလဲ ?"
အဲ့ဒါကြောင့်..."
"ငါသိပြီ..."
တယ်၊
ရခဲ့တယ်။
"ဘာမှမဖြစ်ဘူး"
ထုတ်လွှတ်လိုက်မိတယ်။
သူလှမ်းပြောလိုက်တယ်။
ပြောလိုက်တယ်၊
"...ဟုတ်ကဲ့"
ဖြေလိုက်နိုင်တယ်။
8.11.2021
Today Update ❤
2.Screen Partner EP23
3.Following Crime EP7
..................................................................
You are reading the story above: TeenFic.Net