EP56(U&Z)

Background color
Font
Font size
Line height

...[ U ]

ရှလျန် တည်ငြိမ်အောင်ကြိုးစားရင်း
အိပ်မက်ဆိုးကြောင့် တုန်ယင်နေတဲ့ နှလုံးခုန်သံအား အပြင်းအထန်ထိနှိပ်ကာဖုန်းပြန်ဖြေလိုက်တယ်။

"ရှလျန် "

ပါပါးရှ၏အသံကို ရွှင်မြူးစွာပင်ကြားလိုက်ရတယ်၊

" အမေရိကန် ဌာနခွဲက ပြဿနာတွေအကုန်ပြေလည်သွားပြီ, အကြွေး ကိစ္စတွေလည်း
အကုန်အဆင်ပြေသွားပြီ"

"တကယ်လား?"

ရှလျန်က ရလာဒ်က်ိုကြိုသိထားပေမယ့်
ပူးပေါင်း၍ ပျော်ရွှင် ပေးလိုက်တယ်။

" ဒါဆို ကောင်းတာပေါ့ ပါး"

သို့သော်, ပါပါးရှ၏အသံက အနည်းငယ်စိုးရိမ်နေဆဲ ရှိနေတယ်။

" ဌာနခွဲကနေ ငါကြားလာရတာတော့ငါတို့ကို တိတ်တဆိတ်ကူညီပေးတာက နယ်လ်ဆင်မိသားစုက လို့ ပြောတယ်...ရှောင်လျန်..ငါ့ကို
အမှန်အတိုင်းပြောစမ်းပါ..မင်း နယ်လ်ဆင်မိသားစုက တစ်ယောက်ယောက်နဲ့များ ပတ်သက်..."

ပါပါးရှက စကားကို ဆုံးအောင်အပြောပဲ
တဝက်တပျက်မှာတင်ရပ်သွားတယ်။

ပါပါးရှ၏စိုးရိမ်မှုအား ရှလျန်နားလည်မိတာမို့ ပေါ့ပေါ့ပါးပါးပင်ဟန်ဆောင်ပြီး,

" ကျွန်တော်သူတို့ မိသားစုထဲက လူတွေနဲ့ အဆက်အသွယ်ရှိပေမယ့် အရမ်း နက်နက်နဲနဲ ရှိတာမျိုးတော့ မဟုတ်ဘူး၊ တဘက်လူကလည်း သဘောရိုးနဲ့ ကူညီပေးတာပဲ ဖြစ်နိုင်လောက်ပါတယ်"

"လောကမှာဘယ်အရာမှအလကားမရဘူး"

ပါပါးရှက ဆက်ပြောလာတယ်,

" သူတပါးက ကူညီပေးတယ်ဆိုရင်တောင်,
အကြောင်းပြချက်မရှိဘဲ မင်းကို ခုလိုမျိုး
မျက်နှာသာပေးမှာမဟုတ်ဘူး"

ပါပါးရှ ခဏမျှတိတ်ဆိတ်နေပြီးမှသွေးတိုးစမ်းတဲ့ သဘောဖြင့် မေးလာတယ်။

" ရှောင်လျန်, မင်း မညီမျှတဲ့ အပေးအယူတွေမှာကတိခံတာမျိုးတွေတော့ မရှိဘူးမလား?"

'ဘာလို့လဲ?"

ရှလျန် ရယ်မောလိုက်မိတယ်။

"ကျွန်တော် မှာ အတွေးရှိပါတယ်, မစိုးရိမ်နဲ့,
တကယ်လို့ အမေရိကန်မှာ ပြဿနာကြီးကြီး မားမား မရှိတော့ဘူးဆိုရင်, ပါး စောစော ပြန်လာလိုက်တော့, ဖွားက ပါးကို အရမ်းလွမ်းနေတယ်"

ပါပါးရှ သက်ပြင်းချပြီး ရှလျန်ကို တုံ့ပြန်ရင်း
ဖုန်းချသွားတယ်။

ရှလျန် ပါပါးရှနှင့် တည်ငြိမ်စွာ ပြောဆိုနိုင်ခဲ့သော်လည်း သူ့ဦးနှောက်ရှိသွေးကြောတွေ
က မြင့်လိုက်နိမ့်လိုက်ဖြင့်ကူးလူးခုန်လှုပ်နေတယ်၊သူ့ မျက်လုံးတွေကိုပင်မှိိတ်ချပြီး
သူ့ပခုံးတွေကိုပင် မတ်မတ် ထားဖို့ရာ
မဖြစ်နိုင်တော့ဘူး။

ခဏအကြာ, လက်တစ်ဖက်က သူ့ကျောပြင်အား ဖွဖွလေး ပွတ်ပေးလာတယ်။

"ကျေးဇူးပါ"

ရှလျန်ကျုန်းရှို့ရဲ့ ရင်းနှီးတဲ့ ဝင်သက်ထွက်သက်အားခံစားလိုက်ရပြီး မွန်းကြပ်နေတဲ့ ခန္ဓာကိုယ်ကအနည်းငယ်ပင်ပြေလျော့
သွားခဲ့တယ်။

"USမှာ အဆင်ပြေသွားပြီတဲ့လား?'

ကျုန်းရှိူ့ အသံတိုးတိုးဖြင့် မေးလာတယ်။

"လောလောဆယ်တော့..."

ရှလျန် တဝက်တပျက်သာပြောလိုက်တယ်။
သူအခု ရင်မိုဟွားဆီဖုန်းခေါ်ရမလားဆိုတာကို တွေးမိတယ်၊ အိပ်မက်ဆိုးထဲမှရင်မိုဟွားနဲ့ပတ်သက်သူကတော့ ညသန်းခေါင်ထိကြောက်ရွံ့စရာဖြစ်နေပေလိမ့်မယ်။

သူရုတ်တရက် တဖက်သို့ လှည့်ကာ ဖုန်းနံပါတ်တစ်ခု ဆီခေါ်လိုက်တယ်။

"ဘာဖြစ်လို့လဲ?"

ကျုန်းရှိူ့ က သူ့လုပ်ရပ်ကြောင့် အနည်းငယ်
အံ့အားသင့်နေတယ်။

"ငါကုလီရွှမ်းကို အိပ်မက်မက်တယ်"

ရှလျန် က ဖုန်းနံပါတ်စာအုပ်ကို ဖွင့်နေရင်း,

" သူ့လက်ထဲမှာ ဓားတစ်ချောင်း ကိုင်ထားတာကို တွေ့တယ်"

ကျုန်းရှ်ိူ့ မျက်နှာက ရုတ်တရက်တင်းမာသွားတယ်၊ ယခင်အဖြစ်အပျက်များ အပြီးတွင်,
ရှလျန်ရဲ့ထူးခြားတဲ့ အရည်အချင်းက အိပ်မက်နိမိတ်တွင်မှိီခိုနေလေ့ရှိတာမို့ ခုလိုမျိုးမြင်မက်ခြင်းကကောင်းမွန်တဲ့ ကိစ္စတော့
မဖြစ်တန်ရာ။

"သူကဘယ်သူ့ကို လုပ်ကြံချင်တာလဲ?"

ကျုန်းရှိူ့ မေးလိုက်တယ်။

"ငါအသေအချာ ရှင်းရှင်းလင်းလင်းမမြင်ရဘူး"

ရှလျန်ခေါင်းခါလိုက်ပြီး ,

"ဖုန်းမြည်သံကြောင့်ငါနိုးသွားတာ"

ကျုန်းရှိူ့ရုတ်တရက်ပါပါးရှထံမှ ဖုန်းခေါ်သံကို သတိရမိရင်းစိတ်ပျက်သွားတယ်။

"သူလီမော်ဆီသွားမှာပဲ ငါစိုးရိမ်တယ်,
နောက်ဆုံး တခေါက် ကြိုးစားတုန်းက
မအောင်မြင်ဘဲ သူ့ သူဌေးရဲ့ပစ်ပယ်ခြင်း
ကို ခံလိုက်ရတယ်, ဒီတခါကိုတော့ အလျင်စလိုနဲ့ မိုက်မိုက်ကန်းကန်းလုပ်ပြီး ပြသနာရှာမှာကို ငါစိုးရိမ်တယ်"

ပြောနေရင်းပင်လီမော်ဆီ ဖုန်းခေါ်လိုက်တယ်၊ ဖုန်းဝင်သွားပေမယ့်ဖြေသူမဲ့နေတယ်၊

"တစ်ခုခုဖြစ်နေပြီထင်တယ်..."

ရှလျန် ဖုန်းကိုင်ရင်း စိုးရိမ်တကြီးဖြစ်နေမိတယ်။

" စိတ်မပူပါနဲ့"

ကျုန်းရှို့ သူ့လက်ကို ဖိကိုင်ပြီး ပြောလာတယ်။

" ကျွန်တော် တစ်ယောက်ယောက်ကိုရှာပြီး
အရင်အတည်ပြုပေးမယ်"

ကျုန်းရှို့ မတ်တပ်ရပ်ပြီး နံပါတ်တစ်ခုကို
ခေါ်လိုက်တယ်၊တဖက်လူနဲ့ စကားအနည်းငယ်ပြောပြီးနောက် ဖုန်းချလိုက်တယ်၊သို့သော်သူ့အမူအရာကပြေလျော့မှု
ရှိမနေဘူး။

ရှလျန်: "အခြေအနေဘယ်လိုလဲ?"

"ကျိချင်ကတော့ ရိုက်ကူးရေးလုပ်နေတုန်းပဲ"

ကျုန်းရှို့ ပြောလာတယ်,

" သူ့ဖုန်းယူထားပေးတဲ့လက်ထောက်က ပြန်ဖြေတယ်, မော်ကောကတော့ ရိုက်ကူးရေးပြီးပြီမို့ မိတ်ကပ်ဖျက်ဖို့ နားနေခန်းထဲ ဝင်သွားတယ်ပြောတယ်, ဒါပေမယ့် နားနေခန်းထဲကို
သွား ကြည့်တော့ မော်ကောကို မတွေ့ဘူး၊
သူ့ဖုန်းကိုပဲဆိုဖာပေါ်မှာ တွေ့တယ်.."

ရှလျန် မတုံ့ပြန်မီ သူက အခြားနံပါတ်တစ်ခုကို အမြန်ခေါ်လိုက်တယ်၊ ဒီတခါတော့ တဖက်လူကစကားအများကြီး ပြောမလာဘူးသို့သော်ကျုန်းရှိူ့မျက်နှာက ပို၍ပင် ဆိုးဝါးမဲမှောင်လာတယ်။

ရှလျန် ရဲ့ နှလုံးသားတွေ လေထဲ၌ တွဲလျောင်းကျသလို ခံစားနေရတယ်။ကျုန်းရှိူ့
ဖုန်းမချခင်မှာဘဲ စိုးရိမ် တကြီး မေးလိုက်မိတယ်။

" ဘာဖြစ်တာလဲ? ဘာကိစ္စဖြစ်လို့လဲ?"

ကျုန်းရှိူ့ ဖုန်းချပြီးနောက် ခဏမျှတုံ့ဆိုင်းနေပြီးမှ,

"မော်ကောအတွက်တာဝန်ပေးထားတဲ့
သက်တော်စောင့်နှစ်ယောက်က မော်ကောရုပ်ရှင်ရိုက်နေတဲ့ အချိန်ခွင့်ပြုချက်မရှိဘဲ
အပြင်ထွက်သွားတယ်၊ မော်ကော ကိုလည်း
ဒီနေ့ အစောကြီး ပြီးသွားလိမ့်မယ်လို့ထင်မထားဘူး၊သူတို့ ပြန်လာတော့ မော်ကောကို
ရှာလို့မတွေ့တော့ဘူး"

ထိုစကားကို ကြားတဲ့အခါ ရှလျန် စောင်ကို
မပြီး ချက်ခြင်းပင် အိပ်ရာထဲက ထွက်လာတယ်။

"အမြန်..ရဲစခန်းကို ဖုန်းခေါ်လိုက်"

"24နာရီ မပြည့်သေးတာမို့ ရဲစခန်းမှာ

အမှုဖွင့်လို့မရဘူး"

ကျုန်းရှိ့ ရှေ့တိုးပြီး ရှလျန်အား ဆုပ်ကိုင်လာတယ်။

"လျန်ကော, စိတ်မပူပါနဲ့, ကျွန်တော်ဘီမြို့တော်ကို အမြန်သွားလိုက်မယ်,ကောဒီမှာပဲ ကျွန်တော် သတင်းကို စောင့်နေပေး"

သူက ဗိုက်ကြီးနဲ့မို့ ဘာအကူအညီမှမပေးနိုင်တာကို သိသည်ပင်၊ထို့ကြောင့်ကျုန်းရှို့ရဲ့လက်အား တင်းတင်းပင်ဆုပ်ကိုင်ပြီး ,

"လီမော်ကို အမြန် ဆုံး ရှာတွေ့ နိုင်အောင်နည်းလမ်းရှာ, တဖက်က လူမှာ ဓားတစ်ချောင်းရှိနေတယ်, သူက လီမော်အသက်ကို
လိုချင်ပုံရတယ်"

"ကျွန်တော်နားလည်ပြီ"

ယခုအခြေအနေအရ နှစ်သိမ့်မှုကအချည်းနှီး ဖြစ်မည်ကို သိတယ်, အကျီ အမြန်လဲလိုက်ပြီး ဝမ်ပင်းဆီဖုန်းခေါ်ကာသူ့ကိုယ်စား
ရှလျန်အား ပြုစုစောင့်ရှောက်ပေးရန်အကူအညီတောင်းလိုက်တယ်။

တချိန်တည်းမှာပဲ ဘီမြို့တော် ရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင်, လီမော်နဲ့
ကုလီရွှမ်းတို့ တဖက်ဆီတွင် ထိုင်နေလျက်
တိတ်ဆိတ်နေကြတယ်။

ကုလီရွှမ်းကလျှာထိုးဦးထုပ်အား ခပ်ငိုက်ငိုက်ဆောင်းပြီး နေကာမျက်မှန်ကိုပါဝတ်ဆင်ထားတယ်၊စားပွဲထိုးက သူ့ကိုအသေအချာ ပင်ကြည့်နေတယ်။

"ခုလတ်တလော...မင်းဘာတွေလုပ်နေလဲ?"

လီမော် က တိတ်ဆိတ်မှုအား ဦးဆောင်ဖြိုခွင်းလိုက်တယ်။

"အဆင်ပြေပါတယ်"

သူ့ရဲ့ လက်ရှိအခြေအနေတွေကို ပြောမပြချင်တာမို့ ကုလီရွှမ်း တိုတိုတုတ်တုတ်ပဲ ဖြေလိုက်တယ်။

" မင်းဘယ်သူနဲ့ စာချုပ်ထပ်ချုပ်မလဲ ဆိုတာကိုအင်တာနက်မှာ မှန်းဆနေကြတယ်, အရိုးသားဆုံး ပြောရရင်, ငါလည်းနည်းနည်းစပ်စု မိသေးတယ်"

ကုလီရွှမ်း ခေါင်းလေး စောင်းပြီးနေကာမျက်မှန်အှတဆင့် အနည်းငယ်စိတ်မသက်မသာဖြစ်နေတဲ့လီမော်မျက်နှာကို မရှင်းမလင်း
ကြည့်လိုက်မိတယ်, သို့သော်ကုလီရွှမ်းက
ပြဿနာဖြစ်မည်အားရှောင်ရှားနိုင်ရန် နေကာမျက်မှန် ဝတ်ဆင်ထားတာကိုသူသိတယ်၊ခုလိုနေရာမျိုးမှာ, အခြားသူတွေ
သတိမထားမိဖို့လိုအပ်တယ်။

ကုလီရွှမ်း လီမော်ရဲ့ မေးခွန်းကို မဖြေဘဲ,

" အရင်တခေါက်က ကိစ္စဖြစ်ပြီးတဲ့နောက်,
မင်းငါ့နဲ့ တွေ့ဖို့သတ္တိရှိနေတုန်းပဲလား?"

လီမော် ခတ္တမျှ နှုတ်ဆိတ်သွားတယ်,

"အရင်က...ငါတို့တွေမှာ အထင်လွဲမှုများ
စွာရှိခဲ့တယ်, တချို့ အရာတွေက မင်းကပဲ
ငါ့ကိုအကြွေးရှိနေလား ငါကပဲ မင်းကို ပြန်ပေးရဖို့ ရှိနေလား ဆိုတာကို ရှင်းရှင်း လင်းလင်းမသိရဘူး၊ ဒါပေမယ့် မင်းမှာငါနဲ့ ပတ်သက်ပြီး မကောင်းတဲ့ ရည်ရွယ်ချက်
မရှိဘူးဆိုတာကို ငါသိတယ်"

"အိုး?"

ကုလီရွှမ်းရဲ့ မျက်နှာက ပို၍ပင် ပြောင်လှောင်စရာဖြစ်လာတယ်။

"မင်းကို ငါအဲ့ဒီလို ထပ်လုပ်မှာကိုမကြောက်ဘူးလား?"

"မင်းမလုပ်ပါဘူး"

လီမော်သူ့ကို အေးဆေး တည်ငြိမ်စွာကြည့်ပြီး ပြောလိုက်တယ်။

ကုလီရွှမ်း သူ့အား ခဏမျှ ကြည့်နေပြီးမှ
တင်းတင်းစေ့ထားတဲ့ ပါးစပ်တွေပွင့်ဟလာတယ်။

" မင်း..."

ကုလီရွှမ်း နောက်သို့ မှီပြီး သက်ပြင်းချလိုက်တယ်။

လီမော် သိသိကြီးနဲ့ ပြုံးလိုက်မိတယ်,

"အမှန်တကယ်တော့, ငါလည်း တချို့အရာတွေရဲ့ အရေးပါပုံကို သိတယ်၊ မင်းကိုလည်း
ငါမတောင်းဆိုဘူး, ဒီတခါတော့ငါလုံးဝ စိတ်ပူစရာမလိုပဲလောင်းကြေးထပ်ချင်တယ်'

သူ ကုလီရွှမ်းအား စေ့စေ့ကြည့်ပြီး,

" လောင်းကြေးကတော့ မင်းနဲ့ ငါတို့ကြား
ကအချစ်ပဲ"

🍀🍀🍀🍀
.......................................................................

.[ Z ]

ရွလ်န္ တည္ၿငိမ္ေအာင္ႀကိဳးစားရင္း
အိပ္မက္ဆိုးေၾကာင့္ တုန္ယင္ေနတဲ့ ႏွလုံးခုန္သံအား
အျပင္းအထန္ထိႏွိပ္ကာဖုန္းျပန္ေျဖလိုက္တယ္။

"ရွလ်န္ "

ပါပါးရွ၏အသံကို ႐ႊင္ျမဴးစြာပင္ၾကားလိုက္ရတယ္၊

" အေမရိကန္ ဌာနခြဲက ျပႆနာေတြအကုန္ေျပ
လည္သြားၿပီ, အေႂကြး ကိစၥေတြလည္းအကုန္
အဆင္ေျပသြားၿပီ"

"တကယ္လား?"

ရွလ်န္က ရလာဒ်က်ိုကြိုသိထားပေမယ့်
ပူးေပါင္း၍ ေပ်ာ္႐ႊင္ ေပးလိုက္တယ္။

" ဒါဆို ေကာင္းတာေပါ့ ပါး"

သို႔ေသာ္, ပါပါးရွ၏အသံက အနည္းငယ္စိုးရိမ္ေနဆဲ ရွိေနတယ္။

" ဌာနခြဲကေန ငါၾကားလာရတာေတာ့ငါတို႔ကို
တိတ္တဆိတ္ကူညီေပးတာက နယ္လ္ဆင္မိသားစုကလို႔ ေျပာတယ္...ေရွာင္လ်န္..ငါ့ကို အမွန္အတိုင္းေျပာစမ္းပါ..မင္း နယ္လ္ဆင္မိသားစုက တစ္ေယာက္ေယာက္နဲ႕မ်ား ပတ္သက္..."

ပါပါးရွက စကားကို ဆုံးေအာင္အေျပာပဲ
တဝက္တပ်က္မွာတင္ရပ္သြားတယ္။

ပါပါးရွ၏စိုးရိမ္မႈအား ရွလ်န္နားလည္မိတာမို႔ ေပါ့ေပါ့ပါးပါးပင္ဟန္ေဆာင္ၿပီး,

" ကြၽန္ေတာ္သူတို႔ မိသားစုထဲက လူေတြနဲ႕ အဆက္
အသြယ္ရွိေပမယ့္ အရမ္း နက္နက္နဲနဲ ရွိတာမ်ိဳးေတာ့
မဟုတ္ဘူး၊ တဘက္လူကလည္း သေဘာရိုးနဲ႕ ကူညီေပးတာပဲ ျဖစ္နိုင္ေလာက္ပါတယ္"

"ေလာကမွာဘယ္အရာမွအလကားမရဘူး"

ပါပါးရွက ဆက္ေျပာလာတယ္,

" သူတပါးက ကူညီေပးတယ္ဆိုရင္ေတာင္,
အေၾကာင္းျပခ်က္မရွိဘဲ မင္းကို ခုလိုမ်ိဳး
မ်က္ႏွာသာေပးမွာမဟုတ္ဘူး"

ပါပါးရွ ခဏမွ်တိတ္ဆိတ္ေနၿပီးမွေသြးတိုးစမ္းတဲ့
သေဘာျဖင့္ ေမးလာတယ္။

" ေရွာင္လ်န္, မင္း မညီမွ်တဲ့ အေပးအယူေတြမွာ
ကတိခံတာမ်ိဳးေတြေတာ့ မရွိဘူးမလား?"

'ဘာလို႔လဲ?"

ရွလ်န္ ရယ္ေမာလိုက္မိတယ္။

"ကြၽန္ေတာ္ မွာ အေတြးရွိပါတယ္, မစိုးရိမ္နဲ႕,
တကယ္လို႔ အေမရိကန္မွာ ျပႆနာႀကီးႀကီး မားမား
မရွိေတာ့ဘူးဆိုရင္, ပါး ေစာေစာ ျပန္လာလိုက္ေတာ့,
ဖြားက ပါးကို အရမ္းလြမ္းေနတယ္"

ပါပါးရွ သက္ျပင္းခ်ၿပီး ရွလ်န္ကို တုံ႕ျပန္ရင္း

ဖုန္းခ်သြားတယ္။

ရွလ်န္ ပါပါးရွႏွင့္ တည္ၿငိမ္စြာ ေျပာဆိုနိုင္ခဲ့ေသာ္လည္း သူ႕ဦးႏွောက္ရွိေသြးေၾကာေတြက ျမင့္လိုက္နိမ့္လိုက္ျဖင့္ကူးလူးခုန္လႈပ္ေနတယ္၊သူ႕ မ်က္လုံးေတြကိုပင္မွိိတ္ခ်ၿပီး
သူ႕ပခုံးေတြကိုပင္ မတ္မတ္ ထားဖို႔ရာမျဖစ္နိုင္ေတာ့ဘူး။

ခဏအၾကာ, လက္တစ္ဖက္က သူ႕ေက်ာျပင္အား
ဖြဖြေလး ပြတ္ေပးလာတယ္။

"ေက်းဇူးပါ"

ရွလ်န္က်ဳန္းရွို႔ရဲ႕ ရင္းႏွီးတဲ့ ဝင္သက္ထြက္သက္အားခံစားလိုက္ရၿပီး မြန္းၾကပ္ေနတဲ့ ခႏၶာကိုယ္ကအနည္းငယ္
ပင္ေျပေလ်ာ့သြားခဲ့တယ္။

"USမွာ အဆင္ေျပသြားၿပီတဲ့လား?'

က်ဳန္းရွိူ႕ အသံတိုးတိုးျဖင့္ ေမးလာတယ္။

"ေလာေလာဆယ္ေတာ့..."

ရွလ်န္ တဝက္တပ်က္သာေျပာလိုက္တယ္။
သူအခု ရင္မိုဟြားဆီဖုန္းေခၚရမလားဆိုတာကို ေတြးမိ
တယ္၊ အိပ္မက္ဆိုးထဲမွရင္မိုဟြားနဲ႕ပတ္သက္သူကေတာ့ ညသန္းေခါင္ထိေၾကာက္႐ြံ႕စရာျဖစ္ေနေပလိမ့္မယ္။

သူ႐ုတ္တရက္ တဖက္သို႔ လွည့္ကာ ဖုန္းနံပါတ္တစ္ခု ဆီေခၚလိုက္တယ္။

"ဘာျဖစ္လို႔လဲ?"

က်ဳန္းရွိူ႕ က သူ႕လုပ္ရပ္ေၾကာင့္ အနည္းငယ္
အံ့အားသင့္ေနတယ္။

"ငါကုလီ႐ႊမ္းကို အိပ္မက္မက္တယ္"

ရွလ်န္ က ဖုန္းနံပါတ္စာအုပ္ကို ဖြင့္ေနရင္း,

" သူ႕လက္ထဲမွာ ဓားတစ္ေခ်ာင္း ကိုင္ထားတာကို ေတြ႕တယ္"

ကျုန်းရှ်ိူ့ မ်က္ႏွာက ႐ုတ္တရက္တင္းမာသြားတယ္၊
ယခင္အျဖစ္အပ်က္မ်ား အၿပီးတြင္, ရွလ်န္ရဲ႕ထူးျခားတဲ့ အရည္အခ်င္းက အိပ္မက္နိမိတ္တြင္မွီခိုေနေလ႔ရွိ
တာမို့ ခုလိုမ်ိဳးျမင္မက္ျခင္းကေကာင္းမြန္တဲ့ ကိစၥေတာ့
မျဖစ္တန္ရာ။

"သူကဘယ္သူ႕ကို လုပ္ႀကံခ်င္တာလဲ?"

က်ဳန္းရွိူ႕ ေမးလိုက္တယ္။

"ငါအေသအခ်ာ ရွင္းရွင္းလင္းလင္းမျမင္ရဘူး"

ရွလ်န္ေခါင္းခါလိုက္ၿပီး ,

"ဖုန္းျမည္သံေၾကာင့္ငါနိုးသြားတာ"

က်ဳန္းရွိူ႕႐ုတ္တရက္ပါပါးရွထံမွ ဖုန္းေခၚသံကို သတိရမိရင္းစိတ္ပ်က္သြားတယ္။

"သူလီေမာ္ဆီသြားမွာပဲ ငါစိုးရိမ္တယ္,
ေနာက္ဆုံး တေခါက္ ႀကိဳးစားတုန္းက
မေအာင္ျမင္ဘဲ သူ႕ သူေဌးရဲ႕ပစ္ပယ္ျခင္း
ကို ခံလိုက္ရတယ္, ဒီတခါကိုေတာ့ အလ်င္စလိုနဲ႕
မိုက္မိုက္ကန္းကန္းလုပ္ၿပီး ျပသနာရွာမွာကို
ငါစိုးရိမ္တယ္"

ေျပာေနရင္းပင္လီေမာ္ဆီ ဖုန္းေခၚလိုက္တယ္၊ ဖုန္းဝင္သြားေပမယ့္ေျဖသူမဲ့ေနတယ္၊

"တစ္ခုခုျဖစ္ေနၿပီထင္တယ္..."

ရွလ်န္ ဖုန္းကိုင္ရင္း စိုးရိမ္တႀကီးျဖစ္ေနမိတယ္။

" စိတ္မပူပါနဲ႕"

က်ဳန္းရွို႔ သူ႕လက္ကို ဖိကိုင္ၿပီး ေျပာလာတယ္။

" ကြၽန္ေတာ္ တစ္ေယာက္ေယာက္ကိုရွာၿပီး
အရင္အတည္ျပဳေပးမယ္"

က်ဳန္းရွို႔ မတ္တပ္ရပ္ၿပီး နံပါတ္တစ္ခုကို
ေခၚလိုက္တယ္၊တဖက္လူနဲ႕ စကားအနည္းငယ္ေျပာ
ျပီးေနာက္ ဖုန္းခ်လိဳက္တယ္၊သို႔ေသာ္သူ႕အမူအရာကေျပေလ်ာ့မႈ ရွိမေနဘူး။

ရွလ်န္: "အေျခအေနဘယ္လိုလဲ?"

"က်ိခ်င္ကေတာ့ ရိုက္ကူးေရးလုပ္ေနတုန္းပဲ"

က်ဳန္းရွို႔ ေျပာလာတယ္,

" သူ႕ဖုန္းယူထားေပးတဲ့လက္ေထာက္က ျပန္ေျဖတယ္,
ေမာ္ေကာကေတာ့ ရိုက္ကူးေရးၿပီးၿပီမို႔ မိတ္ကပ္ဖ်က္ဖို႔ နားေနခန္းထဲ ဝင္သြားတယ္ေျပာတယ္, ဒါေပမယ့္
နားေနခန္းထဲကို သြား ၾကည့္ေတာ့ ေမာ္ေကာကို
မေတြ႕ဘူး၊သူ႕ဖုန္းကိုပဲဆိုဖာေပၚမွာ ေတြ႕တယ္.."

ရွလ်န္ မတုံ႕ျပန္မီ သူက အျခားနံပါတ္တစ္ခုကို အျမန္ေခၚလိုက္တယ္၊ ဒီတခါေတာ့ တဖက္လူကစကားအမ်ားႀကီး ေျပာမလာဘူးသို႔ေသာ္က်ဳန္းရွိူ႕မ်က္ႏွာက ပို၍ပင္ ဆိုးဝါးမဲေမွာင္လာတယ္။

ရွလ်န္ ရဲ႕ ႏွလုံးသားေတြ ေလထဲ၌ တြဲေလ်ာင္းက်သလို
ခံစားေနရတယ္။က်ဳန္းရွိူ႕ ဖုန္းမခ်ခင္မွာဘဲ စိုးရိမ္
တႀကီး ေမးလိုက္မိတယ္။

" ဘာျဖစ္တာလဲ? ဘာကိစၥျဖစ္လို႔လဲ?"

က်ဳန္းရွိူ႕ ဖုန္းခ်ၿပီးေနာက္ ခဏမွ်တုံ႕ဆိုင္းေနၿပီးမွ,

"ေမာ္ေကာအတြက္တာဝန္ေပးထားတဲ့
သက္ေတာ္ေစာင့္ႏွစ္ေယာက္က ေမာ္ေကာ
႐ုပ္ရွင္ရိုက္ေနတဲ့ အခ်ိန္ခြင့္ျပဳခ်က္မရွိဘဲ
အျပင္ထြက္သြားတယ္၊ ေမာ္ေကာ ကိုလည္း
ဒီေန႕ အေစာႀကီး ၿပီးသြားလိမ့္မယ္လို႔ထင္
မထားဘူး၊သူတို႔ ျပန္လာေတာ့ ေမာ္ေကာကို
ရွာလို႔မေတြ႕ေတာ့ဘူး"

ထိုစကားကို ၾကားတဲ့အခါ ရွလ်န္ ေစာင္ကို
မၿပီး ခ်က္ျခင္းပင္ အိပ္ရာထဲက ထြက္လာတယ္။

"အျမန္..ရဲစခန္းကို ဖုန္းေခၚလိုက္"

"24နာရီ မျပည့္ေသးတာမို႔ ရဲစခန္းမွာ
အမႈဖြင့္လို႔မရဘူး"

က်ဳန္းရွိ့ ေရွ႕တိုးၿပီး ရွလ်န္အား ဆုပ္ကိုင္လာတယ္။

"လ်န္ေကာ, စိတ္မပူပါနဲ႕, ကြၽန္ေတာ္ဘီၿမိဳ႕ေတာ္ကို
အျမန္သြားလိုက္မယ္,ေကာဒီမွာပဲ ကြၽန္ေတာ္ သတင္းကို ေစာင့္ေနေပး"

သူက ဗိုက္ႀကီးနဲ႕မို႔ ဘာအကူအညီမွမေပးနိုင္တာကို

သိသည္ပင္၊ထို႔ေၾကာင့္က်ဳန္းရွို႔ရဲ႕လက္အားတင္းတင္းပင္ဆုပ္ကိုင္ၿပီး ,

"လီေမာ္ကို အျမန္ ဆုံး ရွာေတြ႕ နိုင္ေအာင္နည္းလမ္းရွာ, တဖက္က လူမွာ ဓားတစ္ေခ်ာင္းရွိေနတယ္,
သူက လီေမာ္အသက္ကိုလိုခ်င္ပုံရတယ္"

"ကြၽန္ေတာ္နားလည္ၿပီ"

ယခုအေျခအေနအရ ႏွစ္သိမ့္မႈကအခ်ည္းႏွီး ျဖစ္မည္ကို သိတယ္, အက်ီ အျမန္လဲလိုက္ၿပီး ဝမ္ပင္းဆီဖုန္းေခၚကာသူ႕ကိုယ္စားရွလ်န္အား ျပဳစုေစာင့္ေရွာက္ေပးရန္
အကူအညီေတာင္းလိုက္တယ္။

တခ်ိန္တည္းမွာပဲ ဘီၿမိဳ႕ေတာ္ ရွိ လက္ဖက္ရည္ဆိုင္တစ္ခုတြင္, လီေမာ္နဲ႕ ကုလီ႐ႊမ္းတို႔ တဖက္ဆီတြင္ ထိုင္ေန
လ်က္ တိတ္ဆိတ္ေနၾကတယ္။

ကုလီ႐ႊမ္းကလွ်ာထိုးဦးထုပ္အား ခပ္ငိုက္ငိုက္ေဆာင္းၿပီး
ေနကာမ်က္မွန္ကိုပါဝတ္ဆင္ထားတယ္၊စားပြဲထိုးက သူ႕ကိုအေသအခ်ာ ပင္ၾကည့္ေနတယ္။

"ခုလတ္တေလာ...မင္းဘာေတြလုပ္ေနလဲ?"

လီေမာ္ က တိတ္ဆိတ္မႈအား ဦးေဆာင္ၿဖိဳခြင္းလိုက္
တယ္။

"အဆင္ေျပပါတယ္"

သူ႕ရဲ႕ လက္ရွိအေျခအေနေတြကို ေျပာမျပခ်င္တာမို႔
ကုလီ႐ႊမ္း တိုတိုတုတ္တုတ္ပဲ ေျဖလိုက္တယ္။

" မင္းဘယ္သူနဲ႕ စာခ်ဳပ္ထပ္ခ်ဳပ္မလဲ ဆိုတာကို
အင္တာနက္မွာ မွန္းဆေနၾကတယ္, အရိုးသားဆုံး
ေျပာရရင္, ငါလည္းနည္းနည္းစပ္စု မိေသးတယ္"

ကုလီ႐ႊမ္း ေခါင္းေလး ေစာင္းၿပီးေနကာမ်က္မွန္မွ
ဆင့္ အနည္းငယ္စိတ္မသက္မသာျဖစ္ေနတဲ့လီေမာ္
မ်က္ႏွာကို မရွင္းမလင္းၾကည့္လိုက္မိတယ္, သို႔ေသာ္
ကုလီ႐ႊမ္းက ျပႆနာျဖစ္မည္အားေရွာင္ရွားနိုင္ရန္ ေနကာမ်က္မွန္ ဝတ္ဆင္ထားတာကိုသူသိတယ္၊ခုလိုေနရာမ်ိဳးမွာ, အျခားသူေတြသတိမထားမိဖို႔လိုအပ္တယ္။

ကုလီ႐ႊမ္း လီေမာ္ရဲ႕ ေမးခြန္းကို မေျဖဘဲ,

" အရင္တေခါက္က ကိစၥျဖစ္ၿပီးတဲ့ေနာက္,
မင္းငါ့နဲ႕ ေတြ႕ဖို႔သတၱိရွိေနတုန္းပဲလား?"

လီေမာ္ ခတၱမွ် ႏႈတ္ဆိတ္သြားတယ္,

"အရင္က...ငါတို႔ေတြမွာ အထင္လြဲမႈမ်ား
စြာရွိခဲ့တယ္, တခ်ိဳ႕ အရာေတြက မင္းကပဲ
ငါ့ကိုအေႂကြးရွိေနလား ငါကပဲ မင္းကို ျပန္ေပးရဖို႔ ရွိေနလား ဆိုတာကို ရွင္းရွင္း လင္းလင္းမသိရဘူး၊ ဒါေပမယ့္
မင္းမွာငါနဲ႕ ပတ္သက္ၿပီး မေကာင္းတဲ့ ရည္႐ြယ္ခ်က္
မရွိဘူးဆိုတာကို ငါသိတယ္"

"အိုး?"

ကုလီ႐ႊမ္းရဲ႕ မ်က္ႏွာက ပို၍ပင္ ေျပာင္ေလွာင္စရာျဖစ္လာတယ္။

"မင္းကို ငါအဲ့ဒီလို ထပ္လုပ္မွာကိုမေၾကာက္ဘူးလား?"

"မင္းမလုပ္ပါဘူး"

လီေမာ္သူ႕ကို ေအးေဆး တည္ၿငိမ္စြာၾကည့္ၿပီး ေျပာလိုက္တယ္။

ကုလီ႐ႊမ္း သူ႕အား ခဏမွ် ၾကည့္ေနၿပီးမွ
တင္းတင္းေစ့ထားတဲ့ ပါးစပ္ေတြပြင့္ဟလာတယ္။

" မင္း..."

ကုလီ႐ႊမ္း ေနာက္သို႔ မွီၿပီး သက္ျပင္းခ်လိဳက္တယ္။

လီေမာ္ သိသိႀကီးနဲ႕ ၿပဳံးလိုက္မိတယ္,

"အမွန္တကယ္ေတာ့, ငါလည္း တခ်ိဳ႕အရာေတြရဲ႕ အေရးပါပုံကို သိတယ္၊ မင္းကိုလည္းငါမေတာင္းဆိုဘူး,ဒီတခါေတာ့ငါလုံးဝ စိတ္ပူစရာမလိုပဲေလာင္းေၾကးထပ္ခ်င္တယ္'

သူ ကုလီ႐ႊမ္းအား ေစ့ေစ့ၾကည့္ၿပီး,

" ေလာင္းေၾကးကေတာ့ မင္းနဲ႕ ငါတို႔ၾကား
ကအခ်စ္ပဲ"

🍓🍓🍓🍓🍓
.......................................................................
















You are reading the story above: TeenFic.Net