EP52(U&Z)

Background color
Font
Font size
Line height

..[ U ]

ဒူလန်ကျဲ ရုတ်တရက် လှည့်ကာချန်းရှကို အသေအချာစိုက်ကြည့်ပြီး ,

" မင်းကဘာလို့ ဒီမှာရှိနေသေးတာလဲ?"

"အံ့သြသွားတာလား? ငါသူတို့ နောက်ကို
လိုက်မသွားဘူးလေ"

ချန်းရှက သွားတွေကို စေ့ပိတ်ရင်း သွားကြားထဲမှလေထွက်သံဖြင့် ပြောလာတယ်။

" မင်းသုညနယ်ပယ်က လူတွေကိုပဲ အလွယ်တကူလှည့်စားလို့ရမယ်, ငါ့ရဲ့အနံ့အာရုံကိုတော့ လှည့်စားလို့မရဘူး၊
မင်းဆီက ရတဲ့ အိုမီဂါ ပရိုမုန်းအနံ့က
ကျုန်းရှို့ ခန္ဓာကိုယ်ပေါ်ကအနံ့နဲ့ မတူဘူး,
ဘာများမှားနေတာလဲ? အဲ့ဒီအနံ့က..."

အခြေအနေ မကောင်းတာကို ရိပ်စားမိတဲ့
ဒူလန်ကျဲက ခေါင်းမော့၍အော်ပြောလိုက်
တယ်။

" ကိုယ်ဝန်ဆောင်ကိုအရင်ခေါ်ထုတ်သွားလိုက်"

"အကူအညီလိုပြီလား?"

"ပုဂ္ဂိုလိကကိစ္စပါ,မလိုဘူး"

တဖက်လူမှ မေးမြန်းမှုအား ရပ်တန့်လိုက်တယ်၊ ဒူလန်ကျဲမှလွဲပြီး ရှလျန်, ကျုန်းရှို့နဲ့
ဝမ်ပင်တို့ တမုဟုတ်ခြင်း ပျောက်ကွယ်သွားတယ်။ သူတို့နှင့်အတူ စားပွဲတွေ၊ကုလားထိုင်တွေနဲ့ ဘားပါမကျန် ပျောက်ကွယ်ပြီးကျန်ရစ်ခဲ့သည်က အခန်းလွတ်ကြီး တစ်ခုသာ။

ချန်းရှ ရဲ့ မျက်နှာနဲ့ အသံက ရုတ်တရက်ပင် ပြောင်းလဲသွားပြီး ,

"မင်း ဘယ်လို မျက်လှည့်တွေကို သုံးလိုက်တာလဲ?"

သဘောသဘာဝအရ ဒူလန်ကျဲ သူ့ကို ရှင်းပြစရာမလိုဘူး။

ချန်းရှ သူ့စိတ်အား တည်ငြိမ်စေရန် ပြန်ထိန်းလိုက်ပြီး ထူးဆန်းစွာ ပျောက်ကွယ်သွားသည့်
လူသုံးဦးကို လိုက်ရှာရမည့်အစား ထူးဆန်းတဲ့ အပြုံးတစ်ခုဖြင့်ရှိနေတဲ့ သူ့ရှေ့မှဒူလန်ကျဲကို သာ အာရုံစိုက်တယ်။

"ထိပ်တန်း အေးဂျင့်ဒူလန်ကျဲရဲ့ရုပ်ဖျက်နည်းက အမှားအယွင်းမရှိကြောင်းနဲ့ အရိုးကျုံ့ခြင်းနဲ့ အသားလှီးဖြတ်ခြင်း မှော်ပညာစွမ်းရည်နဲ့ လိင်ကို တောင် ပြောင်းလဲနိုင်တယ်ဆိုတာကို ကြားဖူးတာတော့ကြာပြီ၊ ရန်သူတွေနဲ့တောင်ရောနှောပြီး စခန်းတစ်ခုလုံးကိုဖြိုခွဲခဲ့တဲ့လူကို ဒီနေ့ကံကောင်းစွာနဲ့ငါတွေ့ခွင့်ရခဲ့ပြီ"

ဒူလန်ကျဲ နှုတ်ခမ်းထောင့်တွေကို တွန့်ကွေးလိုက်တယ်,

" ချန်းရှအမည်ရတဲ့ စိတ်ညို့ပညာရှင်ကလည်း မိုးကြိုး သွားလိုပါပဲ"

ချန်းရှရဲ့အကြည့်တွေက ဒူလန်ကျဲပေါ်တွင်ရှိနေပြီးမျက်နှာပေါ်မှ အပြုံးတို့က တဖြေးဖြေး ပင်ကြောက်မက်ဖွယ်ရာကောင်းလာတယ်။

"မင်းငါ့ရဲ့ စိတ်ညို့ပညာကို ဘယ်လို ခုခံမလဲဆိုတဲ့ကိစ္စကို အရင်ဆွေးနွေး ကြည့်ရအောင်, မင်း စိတ်ညို့ပြယ် မျက်ကြည်လွှာနဲ့ နားကြပ်တပ်ထားတယ်မလား? ဒါပေမယ့်
ငါသိရသလောက်, အဲ့ဒီ ကိရိယာရဲ့ အကျိုး
သက်ရောက်မှုက တစ်နာရီလောက်ပဲ ရနိုင်တယ်တဲ့၊ ဒီအတောအတွင်း မင်းဒီကနေ
ချောချောမွေ့မွေ့ထွက်သွားနိုင်မလား
ဆိုတာကို စောင့်ကြည့်ရအောင်"

သူ့ စကားသံပြီးဆုံးသွားချိန်တွင်, မှိန်ပြပြအလင်းရောင်ကြားလက်ထဲတွင်ရရာ လက်နက်တွေ ကိုင်ဆောင်လျက်အထဲသို့
ဝင်လာတဲ့ပတ်ဝန်းကျင်မှလူတွေကို တွေ့လိုက်ရတယ်။

ဒူလန်ကျဲ အံ့အားသင့်သွားတယ်၊ ချန်းရှမှ
စိတ်ညို့ပညာက သူ့အပေါ် တွင်သက်ရောက်မှု မရှိကြောင်း တွေ့ရှိပြီးနောက် အနီးရှိလူတွေကို ညို့ယူစေခိုင်းလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

"ခွင့်ပြုချက်မရှိဘဲ မင်းခုလို လုပ်နေတာတွေကို မင်းရဲ့ သူဌေး မသိဘူးမလား?"

ဒူလန်ကျဲက မည်သို့ ဖြိုခွင်းရမည်အား စဥ်းစားရင်း အချိန်ဆွဲနေလိုက်တယ်။

ချန်းရှက ပြုံးပြပြီး,

" စိတ်မပူစမ်းပါနဲ့, ငါ့ သူဌေးက ဒီလောက်ထိ ဝင်မပါဘူး, အဲ့ဒီအပြင်, ငါ့လို အရည်အချင်းရှိတဲ့ အိုမီဂါက မင်းလို ဘီတာလေးကိုကိုင် တွယ်ဖြေရှင်းဖို့ လုံလောက်တာထက်ပိုနေပြီ"

ချန်းရှက စိတ်ညို့ခံထားရတဲ့သူတွေအား
အမိန့်ပေးလာတယ်,

" အဲ့ဒီလူကို တွေ့လား? သူ့ကို ဝိုင်းပြီး သေတဲ့ အထိ ရိုက်သတ်လိုက်"

စိတ်ညို့ခံရသူတွေက ဒူလန်ကျဲဆီသို့
လျှောက်လာချိန် ချန်းရှက ထိူလူအုပ်ထဲမှ
တိတ်တဆိတ် ပင်ဆုတ်ခွာသွားခဲ့တယ်။

ဒူလန်ကျဲ ဖြေးဖြေးချင်း နောက်ပြန်ဆုတ်လိုက်တယ်။ သူ၏အရိုးတွေက အက်ကွဲသံတွေ ထွက်လာပြီး ယခင်မူလ ပုံသဏ္ဌာန်အတိုင်း အရပ်မြင့်မြင့်နှင့် ထွားကြိုင်းသန်မာတဲ့ ခန္ဓာကိုယ်အနေအထားဆီသို့ ပြောင်းလဲနေရင်း ချိုမြိန်တဲ့ အမျ်ိုးသမီး တစ်ယောက်ရဲ့ အသံမှ သာမန်အမျိုးသားတစ်ယောက်ရဲ့ အသံ သို့ ပြောင်းလဲသွားတယ်။

"ဒါဆိုလည်း ငါ့ဘက်က မသက်ညှာ ဘူးလို့
အပြစ်မတင်နဲ့"

သူက သပ်ရပ်စွာ ဝတ်ဆင်ထားတဲ့ အလှဝတ်စုံနဲ့ ဆံပင်တု အား ဆွဲချွတ်ပြီး ရှေ့သို့
ပြေးသွားလိုက်တယ်။

......

ကျုန်းရှိူ့ ရှလျန်အား မူးဝေခြင်းမှသက်
တောင့်သက်သာဖြစ်စေရန် ကူညီပေးခဲ့ပြီး
မျက်စိ တမှိတ်တွင်းမှာပဲ ထူးထူးခြားခြားပင်
ဟိုတယ်ခန်း တစ်ခုထဲသို့ ပို့ဆောင်ခြင်းခံလိုက်ရတာကို တွေ့လိုက်ရတယ်။

သူက လက်ဆေးဘေဇင်ပေါ်ရှိခံတွင်းဆေးရည်အား ရှလျန်ထံယူပေးလိုက်ပြီး နောက်ပတ်ပတ်လည်ကို တချက်ကြည့်
လိုက်တယ်၊

"လျန်ကော, ဒါကဘယ် နေရာလဲ?"

"ဒါက စုန့်မိသားစုပိုင်တဲ့လုပ်ငန်းတွေထဲက နေရာတစ်ခု ..အရင်ငါနေတဲ့နေရာကို အကုန်သိသွားကြတော့ ဘေးကင်းစေဖို့ စုန့်ယန်က
သူ့ ဆိုဒ်မှာ ခဏနေခွင့်ပေးတာ"

ကျုန်းရှိူ့ အံ့အားသင့်သွားပြီး,

"လျန်ကော စုန့်ယန်ကို ပြောပြလိုက်တာလား?"

ရှလျန် အားကိုးရာမဲ့စွာ ပြောလာတယ်,

" သူတို့ အစကတည်းက သိပြီးသား,ခုက
မသိချင်ယောင်ဆောင်လို့မရတော့ဘူးလေ"

ကျုန်းရှိူ့ ခေါင်းလေး ငုံ့ပြီးပြောလာတယ်,

" လျန်ကော, ကျွန်တော့် ရဲ့ သတိလက်လွတ်ဖြစ်မှုကြောင့် ပြသနာတွေ ဖြစ်ပြီးကောကို အန္တရာယ်ဖြစ်စေမိလို့ ကိုယ့်ကိုယ်ကိုယ်ပဲ

အပြစ်တင်မိတယ်"

ရှလျန် လက်အား ဆန့်ထုတ်ကာ ကျုန်းရှို့ ကျောပြင်ကို ညင်သာစွာ ပုတ်ပေးလိုက်တယ်။

" ဟိုဘက်က လူက ငါ့ကို ဦးတည်တာမို့
မင်းမှာ အပြစ်မရှိပါဘူး"

ကျုန်းရှိူ့ ရုတ်တရက် ရှလျန်ရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး နှုတ်ခမ်းလေး ဖြင့် ဖိကပ်ရင်း မျက်လွှာချကာ အသံတိုးတိုးလေး ပြောလာတယ်။

" သူနဲ့ တွေ့မယ်လို့ ကောကတိပေးတဲ့
အချိန်တုန်းကဆိုကျွန်တော်သေချင်စိတ်ပေါက်သွားတယ်"

ရှလျန်ရုတ်တရက် အံ့အားသင့်နေတယ်၊
ကျုန်းရှိူ့ရဲ့ နှုတ်ခမ်းပါးတွေက အလွန်တရာပူနွေး နေတာမို့သူ့ရဲ့အသက်ရူသံတွကို
မူမမှန််စေလျက်နှလုံးခုန်နှုန်းအား ဟန်ချက်မညီဖြစ်စေတယ်၊ မသိစိတ်ဖြင့်ဆွဲယူချင်သော်ငြား ကျုန်းရှို့ကဘေးဒုက္ခရောက်မည်ကို
စိုးရွံ့သည့်အလား ကြောက်ရွံ့စွာဖြင့် တင်းတင်းပင်ဆုပ်ကိုင်ထားလာတယ်။

အတိတ်တုန်းကဆိုပါလျှင်မူ ရှလျန် တစ်ယောက် ခုလိုမျိုး မရေမရာတဲ့ ခံစားချက်တွေ ကို ကြီးထွားခွင့် ပြုမှာ မဟုတ်သော်လည်း
ခုလို ထိတ်လန့်စရာကောင်းတဲ့ အရာတွေကို ဆယ်နာရီ သို့မဟုတ် နာရီပေါင်း များစွာတွေ့ ကြုံလိုက်ရတဲ့အခါ, ကျုန်းရှို့ တစ်ဦးတည်းသာသူ့ကို လုံခြုံမှု ပေးနိုင်တယ်ဆိုတာကို သိလိုက်ရပြီးသူ့ထံသို့ကျုန်းရှို့ ပြန်မလာနိုင်မှာကို သူ့နှလုံးသားထဲမှ စူးစူးနစ်နစ်ကြောက်ရွံ့ နေမိတယ်။

AOပရိုမုန်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေထဲမှ တစ်ခု ဟုတ်မဟုတ် ဆိုတာကို
သူမတွေးနိုင်လျက် ယခင်နှင့် မတူတဲ့ ခံစားချက်တွေကိုတော့သူတကယ်ပင်မငြင်းပယ်
နိုင်ခဲ့ဘူး။

အနည်းဆုံးတော့ သူ့ရဲ့ အိုမီဂါဆိုတဲ့
လိင်အမျိုးအစားကို မပြောင်းလဲနိုင်ချိန်
သူ့ရဲ့အယ်ဖာငယ်လေး အပေါ် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကြောင့် မနာကျင်စေဖို့ဖြည့်ဆည်းပေးနိုင်ရမယ်လို့ သူတွေးလိုက်မိတယ်။
ထို သို့တွေးမိရင်းမှ ခေါင်းမော့ပြီး ကျုန်းရှိူ့ရဲ့
နှုတ်ခမ်းတွေကို ထိကိုင်ရင်း တိုးတိုးလေး
ပြောလိုက်မိတယ်။

" အဲ့လို နိမိတ်မရှိတဲ့ စကားတွေ မပြောရဘူး"

ကျုန်းရှိူ့ မျက်လုံးလေးတွေပင် ပြူးကျယိလာပြီး ရှလျန်ကို ကြောင်တောင်တောင်လေး ကြည့်လာတယ်။

" ကော..လျန်ကော"

ရှလျန် လည်း ရှက်ရွံ့သွားမိတယ်,တံခါး အပြင်ဘက်ဆီမှ ချောင်းဟန့်သံကို ကြားလိုက်ရချိန် အလွန်အကျွံများဖြစ်သွားစေလားဟု တွေးလိုက်မိသေးတယ်။

" တမင်တကာနှောင့်ယှက်တာမျိုး တော့
မဟုတ်ပါဘူး, ငါမေးစရာရှိလို့, ငါ့အခန်းက
ဘယ်မှာလဲ?"

ထို အသံကို ကြားကြားချင်း ရှလျန် ရေချိုးခန်းထဲက ထွက်လာလိုက်တယ်, ၊ကျုန်းရှိူ့လည်း သူ့နောက်သို့ လိုက်လာတယ်၊ ဧည့်ခန်းထဲမှာ ကျန်နေတဲ့ ဝမ်ပင် က သူတို့နှစ်ယောက် ပြောတဲ့ စကားတွေကို ကြားသွားနိုင်လောက်တယ်။

........................................................................

[ Z ]

ဒူလန္က်ဲ ႐ုတ္တရက္ လွည့္ကာခ်န္းရွကို
အေသအခ်ာစိုက္ၾကည့္ၿပီး ,

" မင္းကဘာလို႔ ဒီမွာရွိေနေသးတာလဲ?"

"အံ့ၾသသြားတာလား? ငါသူတို႔ ေနာက္ကို
လိုက္မသြားဘူးေလ"

ခ်န္းရွက သြားေတြကို ေစ့ပိတ္ရင္း
သြားၾကားထဲမွေလထြက္သံျဖင့္ ေျပာလာတယ္။

" မင္းသုညနယ္ပယ္က လူေတြကိုပဲ အလြယ္တကူလွည့္စားလို႔ရမယ္, ငါ့ရဲ႕အနံ႕အာ႐ုံကိုေတာ့ လွည့္စားလို႔မရဘူး၊
မင္းဆီက ရတဲ့ အိုမီဂါ ပရိုမုန္းအနံ႕က
က်ဳန္းရွို႔ ခႏၶာကိုယ္ေပၚကအနံ႕နဲ႕ မတူဘူး,
ဘာမ်ားမွားေနတာလဲ? အဲ့ဒီအနံ႕က..."

အေျခအေန မေကာင္းတာကို ရိပ္စားမိတဲ့
ဒူလန္က်ဲက ေခါင္းေမာ့၍ေအာ္ေျပာလိုက္
တယ္။

" ကိုယ္ဝန္ေဆာင္ကိုအရင္ေခၚထုတ္သြားလိုက္"

"အကူအညီလိုၿပီလား?"

"ပုဂၢိုလိကကိစၥပါ,မလိုဘူး"

တဖက္လူမွ ေမးျမန္းမႈအား ရပ္တန့္လိုက္တယ္၊ ဒူလန္က်ဲမွလြဲၿပီး ရွလ်န္, က်ဳန္းရွို႔နဲ႕ ဝမ္ပင္တို႔ တမုဟုတ္ျခင္း
ေပ်ာက္ကြယ္သြားတယ္။ သူတို႔ႏွင့္အတူ စားပြဲေတြ၊ကုလားထိုင္ေတြနဲ႕ ဘားပါမက်န္ ေပ်ာက္ကြယ္ၿပီး
က်န္ရစ္ခဲ့သည္က အခန္းလြတ္ႀကီး တစ္ခုသာ။

ခ်န္းရွ ရဲ႕ မ်က္ႏွာနဲ႕ အသံက ႐ုတ္တရက္ပင္ ေျပာင္းလဲသြားၿပီး ,

"မင္း ဘယ္လို မ်က္လွည့္ေတြကို သုံးလိုက္တာလဲ?"

သေဘာသဘာဝအရ ဒူလန္က်ဲ သူ႕ကို ရွင္းျပစရာမလိုဘူး။

ခ်န္းရွ သူ႕စိတ္အား တည္ၿငိမ္ေစရန္ ျပန္ထိန္းလိုက္ၿပီး ထူးဆန္းစြာ ေပ်ာက္ကြယ္သြားသည့္လူသုံးဦးကို လိုက္ရွာ

ရမည့္အစား ထူးဆန္းတဲ့ အၿပဳံးတစ္ခုျဖင့္ရွိေနတဲ့
သူ႕ေရွ႕မွဒူလန္က်ဲကို သာ အာ႐ုံစိုက္တယ္။

"ထိပ္တန္း ေအးဂ်င့္ဒူလန္က်ဲရဲ႕႐ုပ္ဖ်က္နည္းက အမွားအယြင္းမရွိေၾကာင္းနဲ႕ အရိုးက်ဳံ႕ျခင္းနဲ႕ အသားလွီးျဖတ္ျခင္း ေမွာ္ပညာစြမ္းရည္နဲ႕ လိင္ကို ေတာင္ ေျပာင္းလဲနိုင္တယ္ဆိုတာကို ၾကားဖူးတာေတာ့ၾကာၿပီ၊ ရန္သူေတြနဲ႕ေတာင္ေရာႏွောၿပီး စခန္းတစ္ခုလုံးကိုၿဖိဳခြဲခဲ့တဲ့လူကို ဒီေန႕ကံေကာင္းစြာနဲ႕ငါေတြ႕ခြင့္ရခဲ့ၿပီ"

ဒူလန္က်ဲ ႏႈတ္ခမ္းေထာင့္ေတြကို တြန့္ေကြးလိုက္တယ္,

" ခ်န္းရွအမည္ရတဲ့ စိတ္ညို႔ပညာရွင္ကလည္း မိုးႀကိဳး သြားလိုပါပဲ"

ခ်န္းရွရဲ႕အၾကည့္ေတြက ဒူလန္က်ဲေပၚတြင္ရွိေနၿပီးမ်က္ႏွာေပၚမွ အၿပဳံးတို႔က တေျဖးေျဖး ပင္ေၾကာက္
မက္ဖြယ္ရာေကာင္းလာတယ္။

"မင္းငါ့ရဲ႕ စိတ္ညို႔ပညာကို ဘယ္လို ခုခံမလဲဆိုတဲ့ကိစၥကို အရင္ေဆြးႏြေး ၾကည့္ရေအာင္, မင္း စိတ္ညို႔ျပယ္
မ်က္ၾကည္လႊာနဲ႕ နားၾကပ္တပ္ထားတယ္မလား?
ဒါေပမယ့္ ငါသိရသေလာက္, အဲ့ဒီ ကိရိယာရဲ႕ အက်ိဳး
သက္ေရာက္မႈက တစ္နာရီေလာက္ပဲ ရနိုင္တယ္တဲ့၊ ဒီအေတာအတြင္း မင္းဒီကေန ေခ်ာေခ်ာေမြ႕ေမြ႕ထြက္သြားနိုင္မလားဆိုတာကို ေစာင့္ၾကည့္ရေအာင္"

သူ႕ စကားသံၿပီးဆုံးသြားခ်ိန္တြင္, မွိန္ျပျပအလင္းေရာင္ၾကားလက္ထဲတြင္ရရာ လက္နက္ေတြ ကိုင္ေဆာင္လ်က္အထဲသို႔ဝင္လာတဲ့ပတ္ဝန္းက်င္မွလူေတြကို ေတြ႕လိုက္ရတယ္။

ဒူလန္က်ဲ အံ့အားသင့္သြားတယ္၊ ခ်န္းရွမွ
စိတ္ညို႔ပညာက သူ႕အေပၚ တြင္သက္ေရာက္မႈ
မရွိေၾကာင္း ေတြ႕ရွိၿပီးေနာက္ အနီးရွိလူေတြကို
ညို႔ယူေစခိုင္းလာလိမ့္မယ္လို႔ မထင္ထားခဲ့ဘူး။

"ခြင့္ျပဳခ်က္မရွိဘဲ မင္းခုလို လုပ္ေနတာေတြကို
မင္းရဲ႕ သူေဌး မသိဘူးမလား?"

ဒူလန္က်ဲက မည္သို႔ ၿဖိဳခြင္းရမည္အား
စဥ္းစားရင္း အခ်ိန္ဆြဲေနလိုက္တယ္။

ခ်န္းရွက ၿပဳံးျပၿပီး,

" စိတ္မပူစမ္းပါနဲ႕, ငါ့ သူေဌးက ဒီေလာက္ထိ ဝင္မပါဘူး, အဲ့ဒီအျပင္, ငါ့လို အရည္အခ်င္းရွိတဲ့ အိုမီဂါက မင္းလို
ဘီတာေလးကိုကိုင္ တြယ္ေျဖရွင္းဖို႔ လုံေလာက္
တာထက္ပိုေနၿပီ"

ခ်န္းရွက စိတ္ညို႔ခံထားရတဲ့သူေတြအား
အမိန့္ေပးလာတယ္,

" အဲ့ဒီလူကို ေတြ႕လား? သူ႕ကို ဝိုင္းၿပီး ေသတဲ့
အထိ ရိုက္သတ္လိုက္"

စိတ္ညို႔ခံရသူေတြက ဒူလန္က်ဲဆီသို႔
ေလွ်ာက္လာခ်ိန္ ခ်န္းရွက ထိူလူအုပ္ထဲမွ
တိတ္တဆိတ္ ပင္ဆုတ္ခြာသြားခဲ့တယ္။

ဒူလန္က်ဲ ေျဖးေျဖးခ်င္း ေနာက္ျပန္ဆုတ္လိုက္တယ္။ သူ၏အရိုးေတြက အက္ကြဲသံေတြ ထြက္လာၿပီး ယခင္မူလ ပုံသဏၭာန္အတိုင္း အရပ္ျမင့္ျမင့္ႏွင့္ ထြားႀကိဳင္းသန္မာတဲ့ ခႏၶာကိုယ္အေနအထားဆီသို႔ ေျပာင္းလဲေနရင္း ခ်ိဳၿမိန္တဲ့ အမျ်ိုးသမီး တစ္ေယာက္ရဲ႕ အသံမွ သာမန္အမ်ိဳးသားတစ္ေယာက္ရဲ႕ အသံ သို႔ ေျပာင္းလဲသြားတယ္။

"ဒါဆိုလည္း ငါ့ဘက္က မသက္ညွာ ဘူးလို႔
အျပစ္မတင္နဲ႕"

သူက သပ္ရပ္စြာ ဝတ္ဆင္ထားတဲ့ အလွဝတ္စုံနဲ႕ ဆံပင္တု အား ဆြဲခြၽတ္ၿပီး ေရွ႕သို႔ေျပးသြားလိုက္တယ္။

......

က်ဳန္းရွိူ႕ ရွလ်န္အား မူးေဝျခင္းမွသက္
ေတာင့္သက္သာျဖစ္ေစရန္ ကူညီေပးခဲ့ၿပီး
မ်က္စိ တမွိတ္တြင္းမွာပဲ ထူးထူးျခားျခားပင္
ဟိုတယ္ခန္း တစ္ခုထဲသို႔ ပို႔ေဆာင္ျခင္း
ခံလိုက္ရတာကို ေတြ႕လိုက္ရတယ္။

သူက လက္ေဆးေဘဇင္ေပၚရွိခံတြင္းေဆးရည္အား
ရွလ်န္ထံယူေပးလိုက္ၿပီး ေနာက္ပတ္ပတ္လည္ကို
တခ်က္ၾကည့္လိုက္တယ္၊

"လ်န္ေကာ, ဒါကဘယ္ ေနရာလဲ?"

"ဒါက စုန့္မိသားစုပိုင္တဲ့လုပ္ငန္းေတြထဲက ေနရာတစ္ခု ..အရင္ငါေနတဲ့ေနရာကို အကုန္သိသြားၾကေတာ့ ေဘးကင္းေစဖို႔ စုန့္ယန္က သူ႕ ဆိုဒ္မွာ ခဏေနခြင့္ေပးတာ"

က်ဳန္းရွိူ႕ အံ့အားသင့္သြားၿပီး,

"လ်န္ေကာ စုန့္ယန္ကို ေျပာျပလိုက္တာလား?"

ရွလ်န္ အားကိုးရာမဲ့စြာ ေျပာလာတယ္,

" သူတို႔ အစကတည္းက သိၿပီးသား,ခုက
မသိခ်င္ေယာင္ေဆာင္လို႔မရေတာ့ဘူးေလ"

က်ဳန္းရွိူ႕ ေခါင္းေလး ငုံ႕ၿပီးေျပာလာတယ္,

" လ်န္ေကာ, ကြၽန္ေတာ့္ ရဲ႕ သတိလက္လြတ္ျဖစ္မ
ႈေၾကာင့္ ျပသနာေတြ ျဖစ္ၿပီးေကာကို အႏၱရာယ္ျဖစ္ေစမိလို႔ ကိုယ့္ကိုယ္ကိုယ္ပဲ အျပစ္တင္မိတယ္"

ရွလ်န္ လက္အား ဆန့္ထုတ္ကာ က်ဳန္းရွို႔ ေက်ာျပင္ကို

ညင္သာစြာ ပုတ္ေပးလိုက္တယ္။

" ဟိုဘက္က လူက ငါ့ကို ဦးတည္တာမို႔
မင္းမွာ အျပစ္မရွိပါဘူး"

က်ဳန္းရွိူ႕ ႐ုတ္တရက္ ရွလ်န္ရဲ႕လက္ကို ဆုပ္ကိုင္လိုက္ၿပီး ႏႈတ္ခမ္းေလး ျဖင့္ ဖိကပ္ရင္း မ်က္လႊာခ်ကာ အသံတိုးတိုးေလး ေျပာလာတယ္။

" သူနဲ႕ ေတြ႕မယ္လို႔ ေကာကတိေပးတဲ့
အခ်ိန္တုန္းကဆိုကြၽန္ေတာ္ေသခ်င္စိတ္ေပါက္သြားတယ္"

ရွလ်န္႐ုတ္တရက္ အံ့အားသင့္ေနတယ္၊
က်ဳန္းရွိူ႕ရဲ႕ ႏႈတ္ခမ္းပါးေတြက အလြန္တရာ
ပူေႏြး ေနတာမို႔သူ႕ရဲ႕အသက္႐ူသံတြကို
မူမမွန္္ေစလ်က္ႏွလုံးခုန္ႏႈန္းအား ဟန္ခ်က္မညီျဖစ္ေစ
တယ္၊ မသိစိတ္ျဖင့္ဆြဲယူခ်င္ေသာ္ျငား က်ဳန္းရွို႔
ကေဘးဒုကၡေရာက္မည္ကို စိုး႐ြံ႕သည့္အလား
ေၾကာက္႐ြံ႕စြာျဖင့္ တင္းတင္းပင္ဆုပ္ကိုင္ထားလာတယ္။

အတိတ္တုန္းကဆိုပါလွ်င္မူ ရွလ်န္ တစ္ေယာက္ ခုလိုမ်ိဳး မေရမရာတဲ့ ခံစားခ်က္ေတြ ကို ႀကီးထြားခြင့္ ျပဳမွာ
မဟုတ္ေသာ္လည္း ခုလို ထိတ္လန့္စရာေကာင္းတဲ့
အရာေတြကို ဆယ္နာရီ သို႔မဟုတ္ နာရီေပါင္းမ်ားစြာေတြ႕ ႀကဳံလိုက္ရတဲ့အခါ, က်ဳန္းရွို႔ တစ္ဦးတည္းသာသူ႕ကို လုံၿခဳံမႈ ေပးနိုင္တယ္ဆိုတာကို သိလိုက္ရၿပီးသူ႕ထံသို႔က်ဳန္းရွို႔
ျပန္မလာနိုင္မွာကို သူ႕ႏွလုံးသားထဲမွ
စူးစူးနစ္နစ္ေၾကာက္႐ြံ႕ ေနမိတယ္။

AOပရိုမုန္းေတြေၾကာင့္ ျဖစ္ေပၚလာတဲ့
ခံစားခ်က္ေတြထဲမွ တစ္ခု ဟုတ္မဟုတ္ ဆိုတာကို
သူမေတြးနိုင္လ်က္ ယခင္ႏွင့္ မတူတဲ့ ခံစားခ်က္ေတြ
ကိုေတာ့သူတကယ္ပင္မျငင္းပယ္နိုင္ခဲ့ဘူး။

အနည္းဆုံးေတာ့ သူ႕ရဲ႕ အိုမီဂါဆိုတဲ့
လိင္အမ်ိဳးအစားကို မေျပာင္းလဲနိုင္ခ်ိန္
သူ႕ရဲ႕အယ္ဖာငယ္ေလး အေပၚ ႐ုပ္ပိုင္းဆိုင္ရာ သို႔မဟုတ္ စိတ္ပိုင္းဆိုင္ရာလိုအပ္ခ်က္ေတြေၾကာင့္ မနာက်င္ေစ
ဖို႔ျဖည့္ဆည္းေပးနိုင္ရမယ္လို႔ သူေတြးလိုက္မိတယ္။
ထို သို႔ေတြးမိရင္းမွ ေခါင္းေမာ့ၿပီး က်ဳန္းရွိူ႕ရဲ႕
ႏႈတ္ခမ္းေတြကို ထိကိုင္ရင္း တိုးတိုးေလး
ေျပာလိုက္မိတယ္။

" အဲ့လို နိမိတ္မရွိတဲ့ စကားေတြ မေျပာရဘူး"

က်ဳန္းရွိူ႕ မ်က္လုံးေလးေတြပင္ ျပဴးက်ယိလာၿပီး ရွလ်န္ကို ေၾကာင္ေတာင္ေတာင္ေလး ၾကည့္လာတယ္။

" ေကာ..လ်န္ေကာ"

ရွလ်န္ လည္း ရွက္႐ြံ႕သြားမိတယ္,တံခါး အျပင္ဘက္ဆီမွ ေခ်ာင္းဟန့္သံကို ၾကားလိုက္ရခ်ိန္ အလြန္အကြၽံမ်ားျဖစ္သြားေစလားဟု ေတြးလိုက္မိေသးတယ္။

" တမင္တကာႏွောင့္ယွက္တာမ်ိဳး ေတာ့
မဟုတ္ပါဘူး, ငါေမးစရာရွိလို႔, ငါ့အခန္းက
ဘယ္မွာလဲ?"

ထို အသံကို ၾကားၾကားခ်င္း ရွလ်န္ ေရခ်ိဳးခန္းထဲက
ထြက္လာလိုက္တယ္, ၊က်ဳန္းရွိူ႕လည္း သူ႕ေနာက္သို႔
လိုက္လာတယ္၊ ဧည့္ခန္းထဲမွာ က်န္ေနတဲ့ ဝမ္ပင္ က
သူတို႔ႏွစ္ေယာက္ ေျပာတဲ့ စကားေတြကို ၾကားသြား
နိုင္ေလာက္တယ္။

........................................................................


You are reading the story above: TeenFic.Net