..[ U ]
ရင်မိုဟွား ခဏလောက်စဥ်းစားပြီး ရှလျန်ကို ကြည့်လာတယ်။
" မင်းပြောတာ အဓိပ္ပါယ်ရှိတယ်"
သူစကားကို ခဏရပ်ပြီးနောက်ဆက်ပြောလာတယ်။
" မင်းရဲ့ ကောင်းမွန်လှတဲ့ ကြက်စွပ်ပြုတ်အတွက် USမှာရှိတဲ့ရှမိသားစုရဲ့ အကိုင်းအခက်တွေကို နဂို အတိုင်း ပြန်ထားပေးပြီး မင်းတို့ရဲ့ကြွေးမြီတွေကိုလည်း ချက်ခြင်း အဆင်ပြေအောင် ငါကူညီပေးနိုင်တယ်,
အတိအကျပြောရမယ်ဆို, မင်းကို ငါ့ရဲ့ ယာယီီ အတိုင်ပင်ခံအဖြစ် လျာထားချင်တယ်,
မစ္စတာရှရဲ့သဘောထားကရောဘယ်လိုလဲ?"
{T/N ..ကြက်စွပ်ပြုတ်ဆိုတာကပြဿနာကို ဖြေရှင်းဖို့ ပေးလာတဲ့ အထိရောက်ဆုံးအကြံညာဏ်ကို ဗန်းစကားအဖြစ်သုံးတာပါ}
လက်ရှိနေရာရှိ လူအားလုံးက တစ်ယောက်ကို တစ်ယောက်ကြည့်နေကြတယ်၊ လေထု
က ရုတ်တရက် ပြောင်းလဲသွားလိမ့်မယ်လို့
သူတို့ လုံးဝ မျှော်လင့်မထားကြဘူး၊ကျုန်းရှိူ့က ရှလျန်ကိုထိတ်လန့်စွာပင်လှည့်ကြည့်လာတယ်။
ရှလျန် အေးချမ်းစွာပြုံးလိုက်မိတယ်။
"ဥက္ကဋ္ဌရင်က ငါ့အပေါ် အရမ်းကောင်းတာပဲ,
ငါက စိတ်ဓာတ်ကို အားပေးဖို့ လှုံ့ဆော်နိုင်တဲ့
ကြက်စွပ်ပြုတ်လေးပဲချက်ခဲ့တာ, ရှေ့ဆက်ချီတက်ဖို့ အစီအစဥ်ကျ အရည်အချင်း မပြည့်မီမှာကို စိုးရိမ်တယ်"
ရင်မိုဟွားက မတုန်မလှုပ်ပြုံးပြလာတယ်၊
" ဒါက အဆင်ပြေပါတယ်, ကြက်စွပ်ပြုတ်
မကြာခဏလုပ်ပေးပေါ့, ငါက ကြက်စွပ်ပြုတ်ကြိုက်တယ်"
နေရာရှိလူအများ:"......"
ရင်မိုဟွားရဲ့ အပေးအယူက အကန့်အသတ်နဲ့ ဆိုတာကို ရှလျန် စိတ်ထဲကနေနားလည်နေမိတယ်၊ခဏမျှအသေအချာ စဥ်းစားပြီး ပြောလာတယ်၊
" ကျေးဇူးတင်ပါတယ်, ဥက္ကဋ္ဌရင်,
ဒါပေမယ့်အခု..ငါ့မှာ အချိန်မရှိဘူးဖြစ်နေတယ်, နောက်ထပ် ငါ့ကိုတစ်နှစ်ခွဲလောက် အချိန်ပေးနိုင်မလား?"
ရင်မိုဟွား မျက်မှောင်ကြုံ့လိုက်တယ်,
" မင်းရဲ့ ရောဂါကို ဆိုလိုတာလား?
ငါပြောနိုင်တယ်..ငါလုပ်ပေးနိုင် ...."
"ရောဂါက ကုသရမခက်ပါဘူး...ဒါကိုလည်း မစိုးရိမ်ဘူး၊ ရောဂါကုသဖို့ အပြင် တခြား အသေးအဖွဲ ကိစ္စလေးတွေလည်း ရှိနေသေးလို့ပါ"
ရင်မိုဟွားသူ့ကို ခတ္တခဏမျှ စိုက်ကြည့်လာသော်လည်း သူ့ရဲ့ ကျိုးနွံနေတဲ့ အမူအရာကြောင့် သဲလွန်စပင်ရှာမတွေ့နိုင်ခဲ့ဘူး၊
ခဏအကြာတွင် ရင်မိုဟွားခေါင်းညိတ်
ပြလာတယ်။
"ကောင်းပြီ, ငါမင်းကို နောက်ထပ်အချိန်
တစ်နှစ်ခွဲပေးမယ်, မင်းကတိတည်မယ်လို့
ငါမျှော်လင့်တယ်"
"အသေအချာပါ"
ရှလျန်သက်ပြင်းကိုသာအခါခါချမိတယ်။
ယခုလက်ရှိတွင် ရင်မိုဟွားအား တုံ့ပြန်ကတိပြုမိခြင်းက အမှန်တကယ်တော့နှောင့်နှေး
စေခြင်း တစ်ခုပင်၊ သူ့တွက်ချက်ထားသည့် ကလေး မွေးဖွားမည့်ရက်အထိ ရှင်သန်နိုင်သရွေ့ကလေးမွေးဖွားပြီး နောက် ဆက်တွဲ ကိစ္စတွေကို စနစ်တကျစီစဥ် ပြီးပါက ရင်မိုဟွားနှင့် သူ့နောက်ကွယ်မှ ဒုက္ခရောက်နေ
သည့် မိသားစုကိစ္စအား ကိုင်တွယ်ဖြေရှင်းဖို့
နည်းလမ်းရှာရမည်ပင်။
ရင်မိုဟွား သူ့ထံမှ ကတိတောင်းလာတဲ့အခါ,
ရုတ်တရက် သူ့ စိတ်တွေကိုများစွာ အတွေးများ လာစေတယ်။
ရင်မိုဟွားအတွက်ကတော့မူ, ဒီအလှလေးကို သူလက်မလွှတ်နိုင်ဘူး၊ သူ့ကိုယ်သူပင် သတိလက်လွတ်ဖြစ်ခြင်းဟူသော အရာကို မမြင်နိုင်၊လက်ရှိအခြေအနေ ဗျူဟာပြောင်းကာ အတင်းဖိအားမပေးဘဲ ဖြေးဖြေးချင်းသာ နီးစပ်ရန်ပဲလုပ်နိုင်တယ်၊ဒါကို တွေးမိပြီး နောက် လူတိုင်းအားလက်ပြနှုတ်ဆက်ရင်း
သူ့လူတွေကို နောက်ဆုတ်စေလျက်
ပြန်ထွက်လာဖို့ လုပ်လိုက်တယ်။
သို့သော် ခဏမျှရပ်ပြီး သူ့လူတွေကို နောက်ဆုတ်ခိုင်းရင်း ရှလျန်ကို ကြည့်လိုက်မိတယ်။
" ငါမင်းကို နောက်ဆုံး တစ်ခုမေးမယ်"
"ပြောပါ..ဥက္ကဋ္ဌရင်.."
"ငါတို့ စစတွေ့ချင်းတုန်းက,ရုတ်တရက်ဘာလို့ မင်းဖုန်းနံပါတ်ကို ပြောင်းလိုက်တာလဲ?"
ရှလျန် အံ့အားသင့်သွားပြီးနောက် ရင်မိုဟွားရဲ့ အကြည့်တွေကို တုံ့ပြန်ရန် ခေါင်းမော့လိုက်တယ်၊ ရင်မိုဟွားရဲ့ မျက်လုံးတွေက
မှိန်ဖျော့နေလျက် ခံစားချက်တို့အားပုံဖော်ရန်ပင်မလွယ်ကူနိုင်ဘူး။
ရှလျန်ပြုံးပြီး ပြောလိုက်တယ်၊
" လွန်ခဲ့တဲ့ဆယ်နှစ်ကိစ္စဟောင်းနွမ်းသွားတဲ့အရာတွေကို ဥက္ကဋ္ဌရင်ကဘာအတွက်နဲ့
စိုးရိမ်နေတာလဲ"
ရင်မိုဟွား ရှလျန် အနီးသို့ တစထက်တစ
ချဥ်းကပ်ပြီးကျုန်းရှို့ရဲ့ လက်အား သူ့ရှေ့မှာပဲ ပုတ်ချလိုက်တယ်၊ထို့နောက်ရှလျန်အား အလေးအနက်ထားကာကြည့်လာတယ်။
"ဥက္ကဋ္ဌရှက တော့ မသိခဲ့ဘူး, ငါက ပြဿနာတွေ အများကြီးရှာရတာကို သဘောကျပြီး
အထူးသဖြင့်ငါနှစ်သက်တဲ့အရာမျိုးတွေမှာစွဲစွဲလန်းလန်းရှိနေတာမျိုးပေါ့,ဒါကြောင့်မို့ လွန်ခဲ့တဲ့ ဆယ်နှစ်က ကိစ္စဆိုလည်း ခုချိန် ပြောဖို့ လိုတာပဲလေ"
သူတို့နှစ်ယောက်အနေအထားကစင်တီမီတာ အနည်းငယ်လေးမျှဘဲ ကွာဝေးတော့သည်မို့
ဒူလန်ကျဲနဲ့ ဝမ်ပင်တို့ပင်အသက်ရူမှားနေလျက်စိတ်အားထက်သန်စွာ ရှလျန်ရဲ့
ရင်ဘတ်အားစားပွဲခုံကိုကျော်၍ဆွဲယူလာမည်ကို စိုးရိမ်နေကြတယ်။
ကျုန်းရှိူ့ တစ်ယောက်သူ့အိုမီဂါအား သူ့ရှေ့တွင် ပြောင်ပြောင်တင်းတင်းမက်မော နေတဲ့
လူကို ကြည့်ရင်း မြေပြင်ပေါ် သို့ကိုင်ပေါက်
ချင်စိတ်တွေ ဖြစ်လာတယ်၊ ဒါပေမယ့်
အကျီအောက်မှာ ဝှက်ထားတဲ့ ရှလျန်ရဲ့လက်တွေက ကျူန်းရှို့ ရဲ့ လက်သီးအား ဖိကိုင်လိုက်ပြီးဒေါသတွေကိုထိန်းချုပ်ခိုင်းလာတယ်။
" အဲ့ဒီအချိန်တုန်းကတော့ ငါကောင်းကောင်း မတွေး တတ်ခဲ့ဘူး"
ရှလျန် ဖြေးညှင်းစွာ ပြောလိုက်မိတယ်။
" အဲ့ဒီအချိန်တုန်းက ငါကျောင်းသားဖြစ်နေပြီး အမေရိကန်ကို နွေရာသီအားလပ်ရက်မှာ
အလုပ်သင်လာဆင်းတယ်ဆိုတာကိုမင်းလည်းသိတာပဲ,မင်းကို ပေးခဲ့တဲ့ဖုန်းနံပါတ်က အမေရိကန်မှာယာယီသုံးတဲ့ ဖုန်းနံပါတ်ဖြစ်နေတယ်၊ငါလည်း မရှေးမနှောင်းမှာပဲ တရုတ်ကို ပြန်လာခဲ့ရတော့ဌာနခွဲရုံးမှာ အဲ့ဖုန်းကို ထားခဲ့ရတယ်၊ဘယ်သန့်ရှင်းလေးကကောက်သွားလဲမသိဘူး၊ အတိုချုံးပြောရရင်, ငါရှာလို့ကို မတွေ့တော့ဘူး"
ကျုန်းရှိူ့က သူ့ဘေးရှိရှလျန်ကို တချက်ကြည့်ပြီး ရှလျန် လိမ်ပြောနေတာကိုသူသိတယ်။
ရင်မိုဟွားက အချိန်အတော်ကြာသံသယတွေနဲ့ စိုက်ကြည့်နေရင်းမေးလာတယ်။
" အဲ့ဒါကြောင့်လား?မင်းကို ငါအဲ့ထဲက ဆက်သွယ်လို့ မရတော့တာကလေ..."
ရင်မိုဟွားက သူ့ရဲ့ လျှို့ ဝှက်ထားတဲ့ခံစားချက်အချို့ ပွင့်ထွက်လာမည်အား ကြောက်သကဲ့သို့သူ့ စကားအား တဝက်တပျက်တွင်ရပ်လိုက်တယ်၊ ထို့နောက် အလွန်အမင်း
အံ့သြမိရာမှ မေးလာတယ်။
" မင်းကရော ငါ့ကို ဆက်သွယ်ဖို့တခါမှမကြိုးစားခဲ့ဘူးလား?"
"တောင်းပန်ပါတယ်, ငါက သတိမေ့တတ်တယ်, ငါမင်း ဖုန်းနံပါတ်ကို ဖုန်းထဲမှာပဲ မှတ်ထားလိုက်မိတာ, ခေါင်းထဲမှာ
ငါမမှတ်မိလိုက်ဘူး"
ရှလျန် အပြစ်ကင်းစွာ ကြည့်လိုက်ရင်း,
" အဲ့ဒီအပြင် မင်းက နာမည်ကိုလည်းမျိုးရိုး နာမည်မပြောခဲ့ဘူး, အဲ့ဒီတုန်းက ငါတကယ်နားမလည်နိုင်ဘူး, ငါတွေ့ ခဲ့တဲ့ မော်တွန်
"......"
ရင်မိုဟွား ခဏမျှဆွံ့အသွားတယ်။ အချိန်အတော်ကြာသည်အထိ စကားပြောပြီးတာမို့
သူက အမှန်တကယ်ပင် တဝက်မျှတာဝန်ကျေပြီလို့ခံစားမိတယ်။
"ကောင်းပြီ"
ရင်မိုဟွားနောက်သို့ ခြေတလှမ်းဆုတ်ပြီး
သူ့ရဲ့ ပြင်းထန်တဲ့ပိုင်ဆိုင်လိုသောအရောင် အဝါအား ထုတ်လွှတ်ရင်းပြောလာတယ်။
"အတိတ်ကို ထည့်မတွက်တော့ဘူး,
ဒါပေမယ့် ဒီနေ့ မင်းပေးတဲ့ကတိကိုတော့
ထပ်ပြီး မမေ့ဖို့ ငါမျှော်လင့်တယ်"
ပြောပြီးတဲ့နောက် ရှလျန် ဘက်မှတုံ့ပြန်မှု
တစ်စုံတစ်ရာမလုပ်ခင် လှည့်ထွက်သွားတယ်။ရင်မိုဟွား ပျောက်ကွယ်သွားတဲ့
အချိန်မှ လူလေးဦးက သက်ပြင်း
ကိုယ်စီချမိကြတယ်။
ရှလျန် ကျုန်းရှို့အားလှည့်ကြည့်ပြီး
မေးလိုက်တယ်။
" မင်းဒဏ်ရာရသေးလား?"
ရှလျန် သူ့ကို ဂရုစိုက်နေသည်အား မြင်လိုက်ရတဲ့ ကျုန်းရှို့ တစ်ယောက် နှလုံးသားတွေပူနွေးလာလျက် ခေါင်းခါပြလိုက်မိတယ်။
ရှလျန်ကတော့ စိုးရိမ်နေဆဲပဲ,
"ခုနလေးကပဲ ဒူလန်ကျဲ မင်းကို ပစ်ချလိုက်တာငါမြင်တယ်လေ"
"ကျစ်...ငါနားမထောင်နေဘူးနော်"
ဆံပင်ရှည်နဲ့အလှလေးကချဥ်စူးစူးနဲ့ ပြောလာတယ်ထ
" ငါ ဆွဲပစ်လိုက်တာ ဖွဖွလေးပါနော်, ငါ့ခွန်အားရဲ့ သုံးပုံ ပုံ တစ်ပုံ တောင်မရှိဘူး,
မင်းအယ်ဖာ ရဲ့ ကြံ့ခိုင်မှုက သာမန်ထက်ပိုပါတယ်ကွာ"
ထိုအခါမှ ကျုန်းရှို့ ဆံပင်ရှည်နဲ့အလှလေးကို
အသေအချာ ပြန်ကြည့်နေတယ်။
"သူကဒူလန်ကျဲလို့ကောပြောလိုက်တာလား?"
"အဲ့ဒါဆို မင်းက..ဒူလန်ကျဲပေါ့"
မှောင်မည်းနေတဲ့ ထောင့်ဘက်ဆီမှ အေးစက်တဲ့ရယ်သံ တစ်ခုက ရုတ်တရက်ထွက်ပေါ် လာတယ်။
လူတိုင်းက ပေါ့ပေါ့ပါးပါးနဲ့ စကားပြောနေကြချိန် မည်သည့်အချိန်က ကျန်ခဲ့မှန်းမသိတဲ့
ချန်းရှကို တွေ့လိုက်ကြရတယ်။
.................................................................
[ Z ]
ကြည့်လာတယ်။
သူတို့ လုံးဝ မျှော်လင့်မထားကြဘူး၊ကျုန်းရှို့က
နေရာရှိလူအများ:"......"
ပြလာတယ်။
ငါမျှော်လင့်တယ်"
"အသေအချာပါ"
လာစေတယ်။
"ပြောပါ..ဥက္ကဋ္ဌရင်.."
ကျုန်းရှို့ တစ်ယောက်သူ့အိုမီဂါအား သူ့ရှေ့တွင်
မတွေး တတ်ခဲ့ဘူး"
အမေရိကန်ကို နွရောသီအားလပ်ရက်မှာ
ကျုန်းရှို့က သူ့ဘေးရှိရှလျန်ကို တချက်ကြည့်ပြီး ရှလျန် လိမ်ပြောနေတာကိုသူသိတယ်။
" အဲ့ဒီအပြင် မင်းက နာမည်ကိုလည်းမျိုးရိုးနာမည်မပြောခဲ့ဘူး, အဲ့ဒီတုန်းက ငါတကယ်နားမလည်နိုင်ဘူး, ငါတွေ့ ခဲ့တဲ့ မော်တွန် ဆိုတာက နာမည်ကြီး နယ်လ်ဆင်မိသားစု
ရဲ့ အမွေဆက်ဆံသူတွေထဲက တစ်ယောက်ဖြစ်လာ
လိမ့်မယ်လို့လုံးဝမျှော်လင့်မထားခဲ့ဘူး"
"......"
ခံစားမိတယ်။
"ကောင်းပြီ"
မေးလိုက်တယ်။
" မင်းဒဏ်ရာရသေးလား?"
ငါမြင်တယ်လေ"
တွေ့လိုက်ကြရတယ်။
.................................................................
You are reading the story above: TeenFic.Net