..[ U ]
ထိုညနေပိုင်းတွင်ကျုန်းရှို့ မြို့တော်ဘီမှ
ပြန်လာပြီး ကုသမှု ရလာဒ်တွေကိုရှလျန်ထံ
အစီရင်ခံလိုက်တယ်၊
"မင်း ဘီမြို့တော်မှာစုန့်ယန်နဲ့တွေ့လာသေးလား?"
ကျုန်းရှို့ တခဏမျှ အံ့သြပြီးနောက်
ခေါင်းညိတ်ပြလိုက်တယ်၊
"မင်းတို့ ဘာတွေပြောဖြစ်ကြသေးလဲ?"
ကျုန်းရှို့ တစ်ယောက် စုန့်ယန်ရဲ့ စကားတွေကို အကြမ်းဖျဥ်း ထပ်ခါတလဲလဲပြောပြလိုက်တယ်၊အမှန်အကန်ပဲ..ရှလျန် ဒေါသအား ရှောင်ရှားနိုင်ဖို့တချို့သောအပိုင်းတွေကိုတော့ တိတ်တဆိတ်ပင်ချန်လှပ်ထားခဲ့ပေ
မယ့် ရှလျန်ကတော့ ဘယ်လိုဖြစ်လာနိုင်လဲဆိုတာကို ခန့်မှန်း မိလောက်ပြီ။
ကျုန်းရှို့ တစ်ခုခု တော့မှားယွင်းမှုရှိနေပြီဟု
ခံစားမိရင်း မေးလိုက်မိတယ်၊
"ကျွန်တော် တစ်ခုခု မှားနေလို့လား?"
ရှလျန် တချက်ကြည့်လာပြီး သူ့ကို လက်ခါပြလာတယ်၊ကျုန်းရှို့တစ်ယောက်အလိုက်တသိဖြင့် ရှလျန်ထံ လျှောက်လာလိုက်တယ်၊
'နောက်ကျ သူမင်းကို စိတ်ရှုပ်အောင်လုပ်လာရင်, သူ့ကိုယဥ်ကျေးမနေနဲ့,အဲ့ကောင်ကို
တခါတည်းသာရိုက်ခဲ့လိုက်"
အဲ့ဒီလူက ကောရဲ့ ယောက်ဖလေ...
" ရှေနေကရော..."
ရှလျန် ၏စကားတဝက်တပျက်မှာပဲ ရုတ်တရက် ဖုန်းမြည်လာတယ်။
တနေကုန်အိမ်မှာနေရပြီး ပြင်ပ ကမ္ဘာလေးနဲ့
ဆက်သွယ်ရာ၌ အဓိကသုံးတဲ့ တစ်ခုတည်းသော ကိရိယာလေးကလက်ကိုင်ဖုန်းလေးပါ၊
တခါတရံဆို တနေ့ထဲမှာပဲ ဖုန်းအဝင်ဒါဇင်ပေါင်းများစွာကို ဖြေကြားလေ့ရှိတာမို့ ဖုန်းမြည်သံကြားတိုင်း မျက်မှောင်ကြုတ်မိတယ်။
ခေါ်ဆိုသူနေရာ၌ မရင်းနှီးတဲ့ နံပါတ်တစ်ခု ဖြစ်နေတာမို့ သူတချက်သာကြည့်ပြီး မဖြေချင်ဘူး။
ရှလျန် နံပါတ်ကို တချက်ကြည့်ပြီး ပယ်ဖျက်ရန် ခလုတ်နှိပ်မည် အပြု ကျုန်းရှိူ့က နံပါတ်ကို ကြည့်ပြီး အသံပြုလာတယ်၊
"ဟမ်?"
ကျုန်းရှို့ မယုတ်မလွန်ပြောလာတယ်၊
" ဒီနံပါတ်က နည်းနည်း ရင်းနှီးနေသလိုပဲ,
ကုလီရွှမ်းရဲ့ အေးဂျင့်ဖုန်းထင်တယ်၊ဒီနေ့
နေ့လည်ကတောင် ကျွန်တော့်ဆီ ဆက်သေးတယ်"
ထိုအခါရှလျန် ချက်ခြင်းပင်တဖက်လူရဲ့ရည်ရွယ်ချက်ကို ချက်ခြင်းခန့်မှန်းမိတယ်၊
ခဏမျှစဥ်းစားပြီးနောက် သူ့လက်ချောင်းတွေကrejectကနေ answerခလုတ်ကို နှိပ်လိုက်တယ်။
"မစ္စတာရှလား ခင်ဗျာ ?"
တဖက်လူက ယဥ်ကျေးစွာပဲ ပြောလာတယ်၊
ရှလျန်တဖက်လူရဲ့ မေးခွန်းကို ပြန်မဖြေပဲ
သူ့ဘက်က မေးလိုက်တယ်၊
" ငါ့ရဲ့ private numberကို မင်းတို့ဘယ်ကရခဲ့တာလဲ?"
ဒီမေးခွန်းကို မေးလိုက်ပေမယ့် အဖြေကိုတော့ သူမသိချင်ဘူး၊ အမှန်တကယ်တော့
သူ့နံပါတ်ကို ရှာဖွေစုံစမ်းဖို့ဆိုတာကထိုသူ့အတွက်တော့ မခက်ခဲလောက်ဘူး၊ ခုလို မေးလိုက်ခြင်းက အမှန်တကယ်တော့ တဖက်လူရဲ့ မျက်နှာကို ဖြတ်ရိုက် သလို ဖြစ်စေတယ်။
" ကျွန်တော်တကယ်တောင်းပန်ပါတယ်"
တဖက်က ရိုရိုကျိုးကျိုးဖြင့် ပြောလာတယ်၊
"ဥက္ကဋ္ဌရှကို မနှောင့်ယှက်လိုပေမယ့်,
ကျွန်တော်တို့ ရှောင်ရွှမ်း...နှစ်ပေါင်းများစွာ
ခုလိုအောင်မြင်အောင် ကြိုးစားရတာလည်း
မလွယ်ခဲ့တာမို့...မစ္စတာရှဘက်ကပဲ ခွင့်လွှတ်ပေး စေချင် ပါတယ်..တကယ်လို့
ဥက္ကဋ္ဌရှဘက်က ပြသနာတွေရှိနေမယ်ဆိုရင်လည်း, ကျွန်တော်တို့သီးသန့်ဖြေရှင်းချင်ပါတယ်,တရားရုံးရောက်တဲ့အထိတော့မလုပ်ပါနဲ့လား?"
ရှလျန် ပြုံးလိုက်မိတယ်၊
"မင််းပြောတဲ့အတိုင်းပဲလေ..ကုလီရွှမ်းက ထင်ပေါ်ကျော်ကြားတဲ့ လူတစ်ယောက်...ဒါဆိုရင် သူ့လုပ်ရပ်တွေအတွက်သူ့မှာ တာဝန်ရှိတယ်ဆို တာကို သူမသိဘူးလား? အဲ့ဒီအပြင် ,ငါက လူတိုင်းကို ခွင့်လွှတ် ပေး
နေရမှာလား? ဒီနှစ်တွေမှာ လီမော်အပေါ်
ဘယ်လောက်ထိ စက်ဆုပ်ရွံရှာစရာကောင်းတဲ့ အရာတွေ သူလုပ်ခဲ့လဲ..သူကရောဘာလို့ လီမော်ကို လက်လွှတ်မပေးနိုင်ရတာလဲ?"
ဒီကိစ္စတွင် ကုလီရွှမ်းက ဦးစွာ ပထမ ကျိုးကြောင်းဆီလျော်မှု အားပျက်ယွင်းအောင် လုပ်မိသူဖြစ်ကြောင်း အေးဂျင့်ကိုယ်တိုင်လည်း သိတာမို့ သက်ပြင်းချမိတယ်၊
" ကျွန်တော်တို့လည်း သူ့ကို ဖျောင်းဖြ
နားချပြီးပါပြီ..သူကိုယ်တိုင်ကလည်း ပြုပြင်ပြီးပြန်လည်ထူထောင်ရေး လုပ်မှာပါ,
သူ့ကို မစ္စတာရှဘက်က တခါလောက်
အခွင့်အရေးလေး ပေးနိုင်မလား ?"
ရှလျန်လှောင်ရယ်လေးရယ်လိုက်မိတယ်၊
" လူတစ်ယောက်က ကြောက်စိတ်လွန်ကဲနေတဲ့ အချိန်မှာတော့သူကို ချော့မော့ပြီး သိမ်းသွင်းနိုင်ပေမယ့် တသက်တာလုံး
ပြုပြင်ပြောင်းလဲဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလား?
မင်းကော ယုံလား? ဘာပဲဖြစ်ဖြစ်, ငါတော့
အဲ့ဒါကို မယုံဘူး၊ ကံကောင်းလို့ဘယ်သူမှမသေတာ, သူ့ကိုသာ တစုံတယောက်က ခုလို မျိုး လုပ်လာခဲ့မယ်ဆိုရင်အသေးအမွှားကိစ္စတစ်ခုလို့ သတ်မှတ်မှာလား?"
ရှလျန်ခဏရပ်လိုက်ပြီးအကြောင်းအရာကို ပြောင်းလိုက်တယ်၊
" ဒါပေမယ့်,မင်းက သီးသန့် ဖြေရှင်းဖို့ကို
တကယ့် စိတ်ရင်းမှန်နဲ့ ပြောလာတာဆိုရင်တော့ အဲ့ဒါက မဖြစ်နိုင်လောက်ဘူး၊အကယ်၍ အဆင်ပြေချင်ရင်တော့လီမော်နဲ့
ကျိချင်အတွက်စိတ်ပိုင်းဆိုင်ရာထိခိုက်မှု
တွေကို လုံလောက်တဲ့အထိပြန်ကုစားဖို့နဲ့ဆေးဖိုး ဝါးခတွေ အပြင် ကုလီရွှမ်းကလီမော်နဲ့ ကျိချင်ကိုလူသိရှင်ကြား တောင်းပန်နိုင်ဖို့ တော့ ငါမျှော်လင့်မိတယ်၊ နောက်နောင်ကိုလည်း သူတို့နှစ်ယောက်ရဲ့ အလုပ်နဲ့ ဘဝ
တွေကို အနှောင့်အယှက်ထပ်မပေးပါ
ဘူးလို့ကတိပေးနိုင်ရမယ်"
အေးဂျင့်က ပြန်ပြောလာတယ်၊
"လျော်ကြေးနဲ့ ပတ်သက်ပြီးငွေကြေးပမာဏ တစ်ခုအနေနဲ့ ပြောရတာကလွယ်ကူပါတယ်,
ဒါပေမယ့်လူသိရှင်ကြားတောင်းပန်ဖို့ကျ...
ကျွန်တော်တို့ ထပ်ပြီးဆွေးနွေးလို့ရဦးမလား?"
"မင်းသားကုကခုချိန်ထိတောင် သူ့အမှားတွေသူသိပြီး လူသိရှင်ကြားတောင်းပန်ဖို့တောင် သတ္တိမရှိတော့ ဘူးလား...ဒါကဘယ်လိုမျိုးရိုးသားတယ်လို့ပြောလို့ရမှာလဲ?"
ရှလျန်ရဲ့ သဘောမတူညီနိုင်မှုကို တွေ့ရတဲ့အခါ,အေးဂျင့်ကတဖြေးဖြေး တင်းမာလာတယ်၊
"မစ္စတာရှ, ခင်ဗျားရဲ့ ရှမိသားစုမျက်နှာကို
ထောက်လို့ ကျွန်တော်က အရင်ဆုံး ဖုန်းခေါ်လိုက်တာ...ဒါပေမယ့် စကား အဖြစ်ပြောရရင် ခွေးကို ရိုက်ချင်ရင်တောင်ခွေးသခင်ရဲ့ မျက်နှာတော့ ကြည့်ရတယ်၊ ခင်ဗျားရဲ့ တွန်းအားပေးမှုကြောင့် ကျွန်တော်တို့
သူဌေး မျက်နှာပျက်ရတဲ့အထိ ဖြစ်တယ်ဆိုရင်နောက်ပိုင်း ဖြစ်ပျက်လာမယ့်အရာတွေ
က ခင်ဗျားအတွက် စိုးရိမ်ရနိုင်တယ်"
ရှလျန် ရယ်မောလိုက်မိတယ်၊
" မင်းပြောတာမှန်တယ်..ခွေးကိုရိုက်မယ်ဆိုရင် တောင်ပိုင်ရှင်ကိုတော့ ကြည့်ရမှာပေါ့...
ဒါပေမယ့် ပိုင်ရှင်ကိုယ်တိုင်ကိုယ်ကကိုယ့်
ခွေးကို အရင်မထိန်းဘဲလူတွေကိုကိုက်ခိုင်း
တဖက်လူရဲ့ တုံ့ပြန်မှုကို မစောင့်ပဲ ရှလျန် ဖုန်းချလိုက်တယ်၊ အေးဂျင့်ကတော့ဒေါသထွက်ပြီး စားပွဲနောက်တွင်ထိုင်နေသူအားလှည့်
ကြည့်လိုက်တယ်။
"မစ္စတာရင်, ဒီရှလျန် ဆိုတဲ့လူက အတော်လေး ပြောရခက်တယ်, သူက သူဌေးကို
လှောင်ပြောင်ပြီး ပြောလိုက်သေးတယ်..."
အေးဂျင့်က မီးထဲသို့လောင်စာထည့်ရန် ကြိုးစားလိုက်စဥ်ရင်မိုဟွားကခြေထောက်
ဆန့်ကာကုလားထိုင်ပေါ်တင်ထားလျက်
သူ့ဖုန်းထဲမှရှလျန်ငယ်ငယ်ကဓာတ်ပုံလေးတွေကို ပေါ့ပေါ့ပါးပါးပဲလှန်လှောပြီးကြည့်
နေတယ်။ထိုပုံထဲမှရှလျန်က အသက်18 /19လောက်သာရှိသေးတယ်၊အမူအရာကတည်ငြိမ်နေသည့်တိုင် ရင့်ကျက်မှုတွေကိုတော့ မတွေ့ရနိုင်သေးဘူး။
"ငါနည်းနည်းလေး သိချင်လာတယ်"
ဓာတ်ပုံလေးအား လက်ချောင်းထိပ်လေးတွေနဲ့ ဖွဖွလေး ပွတ်သပ်ပြီး သူ့ဘာသာတစ်ယောက်တည်းရေရွတ်နေတယ်၊
" ခုဆိုဘယ်လို ပုံစံလေးများဖြစ်နေမလဲ?"
အေးဂျင့်က သူပြောတာကို မကြားရတာမို့
မေးလာတယ်
" မစ္စတာရင်?"
"ကောင်းပြီ"
ရင်မိုဟွားက သူ့ အတွေးတွေကို စုစည်းလိုက်ပြီး အေးဂျင့်အား လက်ကာပြတယ်၊
" မင်း မျက်နှာကို တဖက်လူက ဖြတ်ရိုက်သလို ပြောလိုက်လို့တဖက်လူကိုမင်း
သွားပြီး အပြစ်တင်မနေနဲ့"
အေးဂျင့်ဘာမှထပ်မပြောရဲတော့ဘူး ။
ရင်မိုဟွားက နံဘေးတွင်ဒူးထောက်လျက်ရှိနေတဲ့ ကုလီရွှမ်းကို ကြည့်လိုက်တယ်၊ ထို့နောက် သူ့ ရှုးဖိနပ်ထိပ်ဖျားဖြင့် ကုလီရွှမ်းရဲ့ မေးစေ့အား မယူလိုက်ရင်း ပြောလာတယ်၊
" မင်းကရော ဘယ်လို စဥ်းစားထားလဲ?"
ကုလီရွှမ်းအား အာမခံဖြင့် ခေါ်ထုတ်လာပြီး ကတည်းက ရင်မိုဟွားရဲ့ ရုံးခန်းမှာဒူးထောက်ခိုင်းထားခြင်းပင်။
သူ့ပုံစံကလည်း ထိုကဲ့သို့သောနှိပ်စက်ခြင်း
ဖြင့် အကျွမ်းတဝင်ရှိ နေပုံရတယ်၊ ကုလီရွှမ်း ကရင်မိုဟွားအား ဗလာမျက်ဝန်းတွေနဲ့ မော့ကြည့်လာတယ်၊
"ခုလိုဘဝမျိုးကခွေးတစ်ကောင်နဲ့
ထူးမခြားနားပါပဲ, အဲ့ဒီအတွက်လည်း ကျွန်တော်ပင်ပန်းနေပြီ၊ ကျွန်တော်အဲ့ဒီလိုလုပ်ဖို့ ဆုံးဖြတ်ပြီးပြီမို့ နောက်တော့မဆုတ်နိုင်ဘူး၊ ရှလျန် ဘက်ကို ကြည့်ပြီးသူ့ကို တောင်းပန်ရမယ်ဆိုလည်းမရှက်ပါဘူး၊ရင်ဘက်ကအမြဲတမ်း ကျွန်တော့်နဲ့ ပတ်သက်နေခဲ့တာမို့ 'ရင် 'လုပ်ချင်တာ လုပ်လို့ရတယ်"
ရင်မိုဟွား မျက်လုံးတွေကို မှေးစင်းပြီး
ကုလီရွှမ်း အားကြည့်မိရင်းမျက်နှာပေါ်မှာတော့ မည်သည့် အရိပ်အယောင်မှဖော်ပြမလာခဲ့ဘူး။
"မင်းကလီမော်ကို တကယ်ကြီး စွဲလန်းနေ
တာလား"
ကုလီရွှမ်း မျက်လုံးတွေသာမှိတ်ထားလျက် မည်သည့် စကားမှပြောမလာခဲ့ဘူး။
ရင်မိုဟွားပြုံးလိုက်မိရင်း ရှေ့သို့ ကိုင်း၍
ကုလီရွှမ်းရဲ့ မေးစေ့အား ပင့်တင်ကာ နူးညံ့စွာပြောလာတယ်၊
" မင်းနဲ့ ငါက ဒီလောက်ပဲ ရေစက်ပါပုံရတယ်၊
မင်းကို ဆက်နေဖို့ အတင်းအကြပ်ဖိအားမပေးပါဘူး၊ နှစ်ပေါင်းများစွာ မင်းငါ့အတွက်
မင်းစိတ်နဲ့ ခန္ဓာကိုယ်ကို အကြွင်းမဲ့ ထမ်းဆောင် ပေးခဲ့တာပဲ၊ မင်းရဲ့ ဖြည့်ဆည်းပေးမှု ကိုလည်း ငါကျေနပ်ပါတယ်၊ မင်းငါ့ဆီက
ဘယ်လို လမ်းခွဲလက်ဆောင်မျိုး လိုချင်လဲ?"
ကုလီရွှမ်း မျက်လုံးတွေဖွင့်လာပြီး သူ့ကို
ကြည့်တယ်၊
"ဘယ်အရာမဆို အဆင်ပြေလား?"
"ငါတတ်နိုင်တဲ့ဟာ ပေါ့"
"ကောင်းပြီ'
ကုလီရွှမ်း သွားတွေကို တင်းတင်းစေ့ပိတ်ပြီး
အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်လို အေးစက်စွာ ကြည့်လာတယ်၊
" ကျွန်တော်တခြားဟာ ဘာမှမလိုချင်ဘူး,
ရှမိသားစုရဲ့ စည်းစိမ်မှန်သမျှအကုန်ဒေဝါလီခံပြီး ရှလျန်မှာဘာမှမရှိတော့တာကိုပဲလိုချင်တယ်"
ရင်မိုဟွား တခဏမျှ တိတ်ဆိတ်သွားပြီး
ရုတ်တရက် ပြုံးကာ ကုလီရွှမ်းရဲ့ ပါးပြင်အား
လက်ဖြင့် အသာအယာပုတ်လိုက်တယ်၊
" ဒါကသေးသေးလေးပါ..ဒါပေမယ့် စိတ်ဝင်စားဖို့တော့ ကောင်းတယ်"
12.1.2021
........................................................................
[ Z ]
ထိုညေနပိုင္းတြင္က်ဳန္းရွို႔ ၿမိဳ႕ေတာ္ဘီမွ
ျပန္လာၿပီး ကုသမႈ ရလာဒ္ေတြကိုရွလ်န္ထံ
အစီရင္ခံလိုက္တယ္၊
"မင္း ဘီၿမိဳ႕ေတာ္မွာစုန့္ယန္နဲ႕ေတြ႕လာေသးလား?"
က်ဳန္းရွို႔ တခဏမွ် အံ့ၾသၿပီးေနာက္
ေခါင္းညိတ္ျပလိုက္တယ္၊
"မင္းတို႔ ဘာေတြေျပာျဖစ္ၾကေသးလဲ?"
က်ဳန္းရွို႔ တစ္ေယာက္ စုန့္ယန္ရဲ႕ စကားေတြကို အၾကမ္း
ဖ်ဥ္း ထပ္ခါတလဲလဲေျပာျပလိုက္တယ္၊အမွန္အကန္ပဲ..
ရွလ်န္ ေဒါသအား ေရွာင္ရွားနိုင္ဖို႔တခ်ိဳ႕ေသာအပိုင္းေတြကိုေတာ့ တိတ္တဆိတ္ပင္ခ်န္လွပ္ထားခဲ့ေပမယ့္ ရွလ်န္ကေတာ့ ဘယ္လိုျဖစ္လာနိုင္လဲဆိုတာကို ခန့္မွန္း
မိေလာက္ၿပီ။
က်ဳန္းရွို႔ တစ္ခုခု ေတာ့မွားယြင္းမႈရွိေနၿပီဟု
ခံစားမိရင္း ေမးလိုက္မိတယ္၊
"ကြၽန္ေတာ္ တစ္ခုခု မွားေနလို႔လား?"
ရွလ်န္ တခ်က္ၾကည့္လာၿပီး သူ႕ကို လက္ခါျပလာတယ္၊က်ဳန္းရွို႔တစ္ေယာက္အလိုက္တသိျဖင့္ ရွလ်န္ထံ ေလွ်ာက္လာလိုက္တယ္၊
'ေနာက္က် သူမင္းကို စိတ္ရႈပ္ေအာင္လုပ္လာရင္, သူ႕ကိုယဥ္ေက်းမေနနဲ႕,အဲ့ေကာင္ကိုတခါတည္းသာရိုက္ခဲ့
လိုက္"
အဲ့ဒီလူက ေကာရဲ႕ ေယာက္ဖေလ...
" ေရွေနကေရာ..."
ရွလ်န္ ၏စကားတဝက္တပ်က္မွာပဲ ႐ုတ္တရက္ ဖုန္းျမည္လာတယ္။
တေနကုန္အိမ္မွာေနရၿပီး ျပင္ပ ကမၻာေလးနဲ႕
ဆက္သြယ္ရာ၌ အဓိကသုံးတဲ့ တစ္ခုတည္းေသာ
ကိရိယာေလးကလက္ကိုင္ဖုန္းေလးပါ၊
တခါတရံဆို တေန႕ထဲမွာပဲ ဖုန္းအဝင္ဒါဇင္ေပါင္း
မ်ားစြာကို ေျဖၾကားေလ့ရွိတာမို႔ ဖုန္းျမည္သံၾကားတိုင္း
မ်က္ေမွာင္ၾကဳတ္မိတယ္။
ေခၚဆိုသူေနရာ၌ မရင္းႏွီးတဲ့ နံပါတ္တစ္ခု ျဖစ္ေနတာမို႔ သူတခ်က္သာၾကည့္ၿပီး မေျဖခ်င္ဘူး။
ရွလ်န္ နံပါတ္ကို တခ်က္ၾကည့္ၿပီး ပယ္ဖ်က္ရန္ ခလုတ္ႏွိပ္မည္ အျပဳ က်ဳန္းရွိူ႕က နံပါတ္ကို ၾကည့္ၿပီး အသံျပဳလာ
တယ္၊
"ဟမ္?"
က်ဳန္းရွို႔ မယုတ္မလြန္ေျပာလာတယ္၊
" ဒီနံပါတ္က နည္းနည္း ရင္းႏွီးေနသလိုပဲ,
ကုလီ႐ႊမ္းရဲ႕ ေအးဂ်င့္ဖုန္းထင္တယ္၊ဒီေန႕
ေန႕လည္ကေတာင္ ကြၽန္ေတာ့္ဆီ ဆက္ေသးတယ္"
ထိုအခါရွလ်န္ ခ်က္ျခင္းပင္တဖက္လူရဲ႕ရည္႐ြယ္ခ်က္ကို ခ်က္ျခင္းခန့္မွန္းမိတယ္၊ခဏမွ်စဥ္းစားၿပီးေနာက္
"မစၥတာရွလား ခင္ဗ်ာ ?"
တဖက္လူက ယဥ္ေက်းစြာပဲ ေျပာလာတယ္၊
ရွလ်န္တဖက္လူရဲ႕ ေမးခြန္းကို ျပန္မေျဖပဲ
သူ႕ဘက္က ေမးလိုက္တယ္၊
" ငါ့ရဲ႕ private numberကို မင္းတို႔ဘယ္က
ရခဲ့တာလဲ?"
ဒီေမးခြန္းကို ေမးလိုက္ေပမယ့္ အေျဖကိုေတာ့ သူမသိခ်င္ဘူး၊ အမွန္တကယ္ေတာ့ သူ႕နံပါတ္ကို ရွာေဖြစုံစမ္းဖို႔ဆိုတာကထိုသူ႕အတြက္ေတာ့ မခက္ခဲေလာက္ဘူး၊
ခုလို ေမးလိုက္ျခင္းက အမွန္တကယ္ေတာ့ တဖက္လူရဲ႕ မ်က္ႏွာကို ျဖတ္ရိုက္ သလို ျဖစ္ေစတယ္။
" ကြၽန္ေတာ္တကယ္ေတာင္းပန္ပါတယ္"
တဖက္က ရိုရိုက်ိဳးက်ိဳးျဖင့္ ေျပာလာတယ္၊
"ဥကၠ႒ရွကို မႏွောင့္ယွက္လိုေပမယ့္,
ကြၽန္ေတာ္တို႔ ေရွာင္႐ႊမ္း...ႏွစ္ေပါင္းမ်ားစြာ
ခုလိုေအာင္ျမင္ေအာင္ ႀကိဳးစားရတာလည္း
မလြယ္ခဲ့တာမို႔...မစၥတာရွဘက္ကပဲ ခြင့္လႊတ္ေပး ေစခ်င္ ပါတယ္..တကယ္လို႔ ဥကၠ႒ရွဘက္က ျပသနာေတြရွိေန
မယ္ဆိုရင္လည္း, ကြၽန္ေတာ္တို႔သီးသန့္ေျဖရွင္းခ်င္ပါ
တယ္,တရား႐ုံးေရာက္တဲ့အထိေတာ့မလုပ္ပါနဲ႕လား?"
ရွလ်န္ ၿပဳံးလိုက္မိတယ္၊
"မင္္းေျပာတဲ့အတိုင္းပဲေလ..ကုလီ႐ႊမ္းက ထင္ေပၚေက်ာ္ၾကားတဲ့ လူတစ္ေယာက္...ဒါဆိုရင္ သူ႕လုပ္ရပ္ေတြအတြက္သူ႕မွာ တာဝန္ရွိတယ္ဆို တာကို သူမသိဘူးလား? အဲ့ဒီအျပင္ ,ငါက လူတိုင္းကို ခြင့္လႊတ္ ေပးေနရမွာလား? ဒီႏွစ္ေတြမွာ လီေမာ္အေပၚ ဘယ္ေလာက္ထိ စက္ဆုပ္႐ြံရွာစရာေကာင္းတဲ့ အရာေတြ သူလုပ္ခဲ့လဲ..သူကေရာ
ဘာလို႔ လီေမာ္ကို လက္လႊတ္မေပးနိုင္ရတာလဲ?"
ဒီကိစၥတြင္ ကုလီ႐ႊမ္းက ဦးစြာ ပထမ က်ိဳးေၾကာင္း
ဆီေလ်ာ္မႈ အားပ်က္ယြင္းေအာင္ လုပ္မိသူျဖစ္ေၾကာင္း
ေအးဂ်င့္ကိုယ္တိုင္လည္း သိတာမို႔ သက္ျပင္းခ်မိတယ္၊
" ကြၽန္ေတာ္တို႔လည္း သူ႕ကို ေဖ်ာင္းျဖ
နားခ်ၿပီးပါၿပီ..သူကိုယ္တိုင္ကလည္း ျပဳျပင္ၿပီးျပန္လည္ထူေထာင္ေရး လုပ္မွာပါ,သူ႕ကို မစၥတာရွဘက္က
တခါေလာက္အခြင့္အေရးေလး ေပးနိုင္မလား ?"
ရွလ်န္ေလွာင္ရယ္ေလးရယ္လိုက္မိတယ္၊
" လူတစ္ေယာက္က ေၾကာက္စိတ္လြန္ကဲေနတဲ့ အခ်ိန္မွာေတာ့သူကို ေခ်ာ့ေမာ့ၿပီး သိမ္းသြင္းနိုင္ေပမယ့္တသက္တာလုံး ျပဳျပင္ေျပာင္းလဲဖို႔ ဆိုတာ ျဖစ္နိုင္ပါ့မလား?
မင္းေကာ ယုံလား? ဘာပဲျဖစ္ျဖစ္, ငါေတာ့
အဲ့ဒါကို မယုံဘူး၊ ကံေကာင္းလို႔ဘယ္သူမွမေသတာ, သူ႕ကိုသာ တစုံတေယာက္က ခုလို မ်ိဳး လုပ္လာခဲ့မယ္ဆိုရင္အေသးအမႊားကိစၥတစ္ခုလို႔ သတ္မွတ္မွာလား?"
ရွလ်န္ခဏရပ္လိုက္ၿပီးအေၾကာင္းအရာကို ေျပာင္းလိုက္တယ္၊
" ဒါေပမယ့္,မင္းက သီးသန့္ ေျဖရွင္းဖို႔ကို
တကယ့္ စိတ္ရင္းမွန္နဲ႕ ေျပာလာတာဆိုရင္ေတာ့ အဲ့ဒါက မျဖစ္နိုင္ေလာက္ဘူး၊အကယ္၍ အဆင္ေျပခ်င္ရင္ေတာ့လီေမာ္နဲ႕ က်ိခ်င္အတြက္စိတ္ပိုင္းဆိုင္ရာထိခိုက္မႈ
ေတြကို လုံေလာက္တဲ့အထိျပန္ကုစားဖို႔နဲ႕ေဆးဖိုးဝါးခေတြ အျပင္ ကုလီ႐ႊမ္းကလီေမာ္နဲ႕ က်ိခ်င္ကိုလူသိရွင္ၾကား
ေတာင္းပန္နိုင္ဖို႔ ေတာ့ ငါေမွ်ာ္လင့္မိတယ္၊ ေနာက္ေနာင္ကိုလည္း သူတို႔ႏွစ္ေယာက္ရဲ႕ အလုပ္နဲ႕ ဘဝေတြကို အႏွောင့္အယွက္ထပ္မေပးပါဘူးလို႔ကတိေပးနိုင္ရမယ္"
ေအးဂ်င့္က ျပန္ေျပာလာတယ္၊
"ေလ်ာ္ေၾကးနဲ႕ ပတ္သက္ၿပီးေငြေၾကးပမာဏ
တစ္ခုအေနနဲ႕ ေျပာရတာကလြယ္ကူပါတယ္,
ဒါေပမယ့္လူသိရွင္ၾကားေတာင္းပန္ဖို႔က်...
ကြၽန္ေတာ္တို႔ ထပ္ၿပီးေဆြးႏြေးလို႔ရဦးမလား?"
"မင္းသားကုကခုခ်ိန္ထိေတာင္ သူ႕အမွားေတြသူသိၿပီး
လူသိရွင္ၾကားေတာင္းပန္ဖို႔ေတာင္ သတၱိမရွိေတာ့ ဘူးလား...ဒါကဘယ္လိုမ်ိဳးရိုးသားတယ္လို႔ေျပာလို႔ရမွာလဲ?"
ရွလ်န္ရဲ႕ သေဘာမတူညီနိုင္မႈကို ေတြ႕ရတဲ့အခါ,ေအးဂ်င့္ကတေျဖးေျဖး တင္းမာလာတယ္၊
"မစၥတာရွ, ခင္ဗ်ားရဲ႕ ရွမိသားစုမ်က္ႏွာကို
ေထာက္လို႔ ကြၽန္ေတာ္က အရင္ဆုံး ဖုန္းေခၚလိုက္တာ...ဒါေပမယ့္ စကား အျဖစ္ေျပာရရင္ ေခြးကို
ရိုက္ခ်င္ရင္ေတာင္ေခြးသခင္ရဲ႕ မ်က္ႏွာေတာ့ ၾကည့္ရ
တယ္၊ ခင္ဗ်ားရဲ႕ တြန္းအားေပးမႈေၾကာင့္ ကြၽန္ေတာ္တို႔
သူေဌး မ်က္ႏွာပ်က္ရတဲ့အထိ ျဖစ္တယ္ဆိုရင္ေနာက္ပိုင္း ျဖစ္ပ်က္လာမယ့္အရာေတြက ခင္ဗ်ားအတြက္ စိုးရိမ္ရနိုင္တယ္"
ရွလ်န္ ရယ္ေမာလိုက္မိတယ္၊
" မင္းေျပာတာမွန္တယ္..ေခြးကိုရိုက္မယ္
ဆိုရင္ ေတာင္ပိုင္ရွင္ကိုေတာ့ ၾကည့္ရမွာေပါ့...
ဒါေပမယ့္ ပိုင္ရွင္ကိုယ္တိုင္ကိုယ္ကကိုယ့္
ေခြးကို အရင္မထိန္းဘဲလူေတြကိုကိုက္ခိုင္း
ေနမယ္ဆိုရင္ေတာ့ေခြးကိုသနားေနလို႔မရဘူးေလ,
နို႔မို႔ဆိုတျခားသူေတြပါအကိုက္ခံရနိုင္တယ္"
တဖက္လူရဲ႕ တုံ႕ျပန္မႈကို မေစာင့္ပဲ ရွလ်န္ ဖုန္းခ်လိဳက္
တယ္၊ ေအးဂ်င့္ကေတာ့ေဒါသထြက္ၿပီး စားပြဲေနာက္တြင္ထိုင္ေနသူအားလွည့္ၾကည့္လိုက္တယ္။
"မစၥတာရင္, ဒီရွလ်န္ ဆိုတဲ့လူက အေတာ္ေလး
ေျပာရခက္တယ္, သူက သူေဌးကို
ေလွာင္ေျပာင္ၿပီး ေျပာလိုက္ေသးတယ္..."
ေအးဂ်င့္က မီးထဲသို႔ေလာင္စာထည့္ရန္ ႀကိဳးစားလိုက္စဥ္ရင္မိုဟြားကေျခေထာက္ဆန့္ကာကုလားထိုင္ေပၚတင္ထားလ်က္ သူ႕ဖုန္းထဲမွရွလ်န္ငယ္ငယ္ကဓာတ္ပုံေလးေတြကို ေပါ့ေပါ့ပါးပါးပဲလွန္ေလွာၿပီးၾကည့္ေနတယ္။ထိုပုံထဲမွရွလ်န္က အသက္18 /19ေလာက္သာရွိေသးတယ္၊အမူအရာကတည္ၿငိမ္ေနသည့္တိုင္ ရင့္က်က္မႈေတြကိုေတာ့
မေတြ႕ရနိုင္ေသးဘူး။
"ငါနည္းနည္းေလး သိခ်င္လာတယ္"
ဓာတ္ပုံေလးအား လက္ေခ်ာင္းထိပ္ေလးေတြနဲ႕ ဖြဖြေလး ပြတ္သပ္ၿပီး သူ႕ဘာသာတစ္ေယာက္တည္းေရ႐ြတ္ေန
တယ္၊
" ခုဆိုဘယ္လို ပုံစံေလးမ်ားျဖစ္ေနမလဲ?"
ေအးဂ်င့္က သူေျပာတာကို မၾကားရတာမို႔
" မစၥတာရင္?"
"ေကာင္းၿပီ"
ရင္မိုဟြားက သူ႕ အေတြးေတြကို စုစည္းလိုက္ၿပီး ေအးဂ်င့္အား လက္ကာျပတယ္၊
" မင္း မ်က္ႏွာကို တဖက္လူက ျဖတ္ရိုက္သလို
ေျပာလိုက္လို႔တဖက္လူကိုမင္းသြားၿပီးအျပစ္တင္မေနနဲ႕"
ေအးဂ်င့္ဘာမွထပ္မေျပာရဲေတာ့ဘူး ။
ရင္မိုဟြားက နံေဘးတြင္ဒူးေထာက္လ်က္ရွိေနတဲ့
ကုလီ႐ႊမ္းကို ၾကည့္လိုက္တယ္၊ ထို႔ေနာက္
သူ႕ ရႈးဖိနပ္ထိပ္ဖ်ားျဖင့္ ကုလီ႐ႊမ္းရဲ႕ ေမးေစ့အား
မယူလိုက္ရင္း ေျပာလာတယ္၊
" မင္းကေရာ ဘယ္လို စဥ္းစားထားလဲ?"
ကုလီ႐ႊမ္းအား အာမခံျဖင့္ ေခၚထုတ္လာၿပီး ကတည္းက
ရင္မိုဟြားရဲ႕ ႐ုံးခန္းမွာဒူးေထာက္ခိုင္းထားျခင္းပင္။
သူ႕ပုံစံကလည္း ထိုကဲ့သို႔ေသာႏွိပ္စက္ျခင္း
ျဖင့္ အကြၽမ္းတဝင္ရွိ ေနပုံရတယ္၊ ကုလီ႐ႊမ္း ကရင္မိုဟြားအား ဗလာမ်က္ဝန္းေတြနဲ႕ ေမာ့ၾကည့္လာတယ္၊
"ခုလိုဘဝမ်ိဳးကေခြးတစ္ေကာင္နဲ႕ထူးမျခားနားပါပဲ, အဲ့ဒီအတြက္လည္း ကြၽန္ေတာ္ပင္ပန္းေနၿပီ၊ ကြၽန္ေတာ္အဲ့ဒီလိုလုပ္ဖို႔ ဆုံးျဖတ္ၿပီးၿပီမို႔ ေနာက္ေတာ့မဆုတ္နိုင္ဘူး၊ ရွလ်န္ ဘက္ကို ၾကည့္ၿပီးသူ႕ကို ေတာင္းပန္ရမယ္ဆိုလည္းမရွက္ပါဘူး၊ရင္ဘက္ကအၿမဲတမ္း ကြၽန္ေတာ့္နဲ႕ ပတ္သက္ေနခဲ့တာမို႔ 'ရင္ 'လုပ္ခ်င္တာ လုပ္လို႔ရတယ္"
ရင္မိုဟြား မ်က္လုံးေတြကို ေမွးစင္းၿပီး
ကုလီ႐ႊမ္း အားၾကည့္မိရင္းမ်က္ႏွာေပၚမွာေတာ့
မည္သည့္ အရိပ္အေယာင္မွေဖာ္ျပမလာခဲ့ဘူး။
"မင္းကလီေမာ္ကို တကယ္ႀကီး စြဲလန္းေန
တာလား"
ကုလီ႐ႊမ္း မ်က္လုံးေတြသာမွိတ္ထားလ်က္
မည္သည့္ စကားမွေျပာမလာခဲ့ဘူး။
ရင္မိုဟြားၿပဳံးလိုက္မိရင္း ေရွ႕သို႔ ကိုင္း၍ ကုလီ႐ႊမ္းရဲ႕
ေမးေစ့အား ပင့္တင္ကာ ႏူးညံ့စြာေျပာလာတယ္၊
" မင္းနဲ႕ ငါက ဒီေလာက္ပဲ ေရစက္ပါပုံရတယ္၊
မင္းကို ဆက္ေနဖို႔ အတင္းအၾကပ္ဖိအားမေပးပါဘူး၊
ႏွစ္ေပါင္းမ်ားစြာ မင္းငါ့အတြက္ မင္းစိတ္နဲ႕ ခႏၶာကိုယ္ကို အႂကြင္းမဲ့ ထမ္းေဆာင္ ေပးခဲ့တာပဲ၊ မင္းရဲ႕ ျဖည့္
ဆည္းေပးမႈ ကိုလည္း ငါေက်နပ္ပါတယ္၊ မင္းငါ့ဆီက
ဘယ္လို လမ္းခြဲလက္ေဆာင္မ်ိဳး လိုခ်င္လဲ?"
ကုလီ႐ႊမ္း မ်က္လုံးေတြဖြင့္လာၿပီး သူ႕ကို
ၾကည့္တယ္၊
"ဘယ္အရာမဆို အဆင္ေျပလား?"
"ငါတတ္နိုင္တဲ့ဟာ ေပါ့"
"ေကာင္းၿပီ'
ကုလီ႐ႊမ္း သြားေတြကို တင္းတင္းေစ့ပိတ္ၿပီး အဆိပ္ျပင္းတဲ့ ေႁမြတစ္ေကာင္လို ေအးစက္စြာ ၾကည့္လာတယ္၊
" ကြၽန္ေတာ္တျခားဟာ ဘာမွမလိုခ်င္ဘူး,
ရွမိသားစုရဲ႕ စည္းစိမ္မွန္သမွ်အကုန္ေဒဝါလီခံၿပီး
ရွလ်န္မွာဘာမွမရွိေတာ့တာကိုပဲလိုခ်င္တယ္"
ရင္မိုဟြား တခဏမွ် တိတ္ဆိတ္သြားၿပီး
႐ုတ္တရက္ ၿပဳံးကာ ကုလီ႐ႊမ္းရဲ႕ ပါးျပင္အား
လက္ျဖင့္ အသာအယာပုတ္လိုက္တယ္၊
" ဒါကေသးေသးေလးပါ..ဒါေပမယ့္ စိတ္ဝင္စားဖို႔ေတာ့
ေကာင္းတယ္"
12.1.2021
........................................................................
You are reading the story above: TeenFic.Net