..[ U ]
ပြန်ပေးဆွဲမှု ဖြစ်ပြီး ဒုတိယမြောက်နေ့တွင်
ကျုန်းရှိူ့ တစ်ယောက် သူ့ရဲ့ရှေ့နေနှင့်အတူ
မြို့တော်ဘီသို့အပြေးအလွှားသွားကာ
ရဲများနှင့်တွေ့ဆုံ၍ နောက်ဆက်တွဲ
ညှိနှိုင်းမှု အချို့ ပြုလုပ်ခဲ့တယ်။
ကျိချင်ရဲ့ ဝမ်းကွဲညီဖြစ်တဲ့ စုန့်ယန်ကကျိချင်တွင် ပြင်ပပွန်းပဲ့ဒဏ်ရာမှလွဲပြီးကြီးကြီးမားမား ပြသနာမရှိမှန်းသိသော်လည်းအထူး
တလည်သတင်းမေးရန်ရောက်လာခဲ့တယ်။
ဆေးရုံအဝင်ဝ၌သူတို့နှစ်ယောက်တွေ့ဆုံမိ
ကြပြီးကျုန်းရှို့ကစုန့်ယန်ကိုနှုတ်ဆက်သည့် အနေဖြင့် ခေါင်းညိတ်ပြလိုက်တယ်။
စုန့်ယန်အနည်းငယ်စိတ်မကောင်းဖြစ်မိတယ်၊ ကျုန်းရှို့ နှင့်ကလေးဘဝတုန်းကတည်းကစကားအပြောအဆိုသိပ်မရှိပေမယ့် ဆက်ဆံရေးကတော့ ကောင်းမွန်တယ်၊ရှလင်သူ့ကို လျစ်လျူ ရှုတဲ့အတောအတွင်း ကျုန်းရှိူ့က
စုန့်ယန် ထံသို့ မက်ဆေ့ ဒါမှမဟုတ်ဖုန်းဖြင့်တိတ်တဆိတ်ကူညီပေးခဲ့တယ်။
ယခုတွင်မူ , ကျုန်းရှိူ့ ရဲ့ အေးစက်နေတဲ့ အမူအရာက နားမလည်နိုင်တဲ့ အနေအထားတစ်ခုမှာရှိနေတယ် ၊သူတို့ နှစ်ယောက်ဆုံတဲ့အခါတိုင်းအများစုကရှလျန်ရဲ့တုံ့ပြန်မှု အတိုင်းအမြဲ တစေခေါင်းညိတ်ပြတာမျိုးပဲ
ရှိနေခဲ့တယ်။
ရှလျန် အကြောင်းကို တွေးမိရာမှ,စုန့်ယန်မကျေမနပ်ဖြစ်မှုကို ထိန်းချုပ်လို့မရနိုင်တော့ဘူး၊
" လျန်ကော အခု ဘာတွေလုပ်နေလဲ ? သူ့ကို
ဒီရက်ပိုင်းတွေမှာ ငါလုံးဝမတွေ့ရဘူး၊ ပြီးခဲ့တဲ့ အပတ် ရင်းနှီးမြှုပ်နှံမှုအစည်းအဝေးကိုတောင် လာမတက်ဘူး၊ ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ...သူအခု ဘာတွေလုပ်နေလဲ?
ကြက်တွေလို ဥပေါက်ဖို့အိမ်မှာဝပ်နေတာလား?"
ကျုန်းရှိူ့ စကားပြန်ပြောဖို့ အစီအစဥ်မရှိ
ပေမယ့် နောက်ဆုံးသောစကားကို ကြားလိုက်ရတဲ့အခါ မျက်လုံးပြူးပြီး စုန့်ယန်ကို အံ့သြတကြီး ကြည့်လိုက်မိတယ်။
ရှလျန် ကိုယ်ဝန် ဆောင်ရသည့် ကိစ္စက စုန့်ယန်နားထဲသို့ ရောက်နေပြီဟု မသိစိတ်ဖြင့်တွေး နေမိရင်း ဒူလန်ကျဲ သို့မဟုတ် ခဲ့မိုင်က များ ပြောလိုက်သလားလို့ပါ တဆက်တည်း တွေးနေမိတယ်၊ဒါပေမယ့် စုန့်ယန်ရဲ့IQအရ
ဒီအကြောင်းကိုသာတကယ်သိရိုးမှန်ရင်
ခုလိုမျိုး သာမန်ကာလျှံကာပြောလာမည်
မဟုတ်ပေ။
ဒါကို တွေးမိပြီး နောက် နှုတ်ခမ်းကိုတင်းတင်း စေ့ကာ စကားလုံးတွေကို ပြန်၍ မျိုချလိုက်တယ်။
စုန့်ယန်က ပေါ့ပေါ့ပါးပါး ပဲ ပြောပေမယ့်
ကျုန်းရှိူ့ ရဲ့ တုံ့ပြန်မှု ကိုတော့ သူပြန်၍ပင် မျှော်လင့်မထားခဲ့ဘူး၊ စုန့်ယန် မျက်ခုံးတွေကို ပင့်တင်ပြီး ကျုန်းရှိူ့အားစိတ်ဝင်တစားပင်
စိုက်ကြည့်လိုက်မိတယ်၊ ကျုန်းရှို့ရဲ့မျက်နှာပေါ်မှာ ဖော်မပြနိုင်တဲ့ သဲလွန်စ အချို့အား
သူတွေ့လိုက်ရတယ်။
ကျုန်းရှိူ့ကလည်း တဖက်လူရဲ့ စူးစမ်းတဲ့
အကြည့်ကို ရှောင်တိမ်းသွားခဲ့တယ်၊
" လျန်ကော က ငါ့ကိုအလုပ်တစ်ခုခိုင်းထားသေးတယ်, ငါ အရင်သွားနှင့်တော့မယ်"
ထို့နောက်ကျုန်းရှို့ကမန်းကတန်းထွက်လာလိုက်တယ်။
စုန့်ယန် ထွက်သွားတဲ့ ကျုန်းရှို့ကို ကြည့်ရင်း
မေးစေ့ ကိုင်ကာ တချက်စဥ်းစားပြီးနောက်
ရှလင်ဆီ ဖုန်းခေါ်လိုက်တယ်။
"ငါအလုပ်ရှုပ်နေတယ်...မင်းဘာပြောမလို့လဲ"
ရှလင်ရဲ့ မကြည်သာတဲ့အသံက ဖုန်းထဲသို့
ဝင်လာတယ်။
"ဇနီးလေး ...."
စုန့်ယန် ပြုံးရင်း ခေါ်လိုက်တယ်၊
"ငါတို့ ဒီမြို့တော်ဆီ သွားပြီး လျန်ကောဆီ
သွားလည်ကြမလား ?"
ရှလင် ခဏမျှ တိတ်ဆိတ်နေပြီးနောက် ပြောလာတယ်၊
" မင်းမျက်နှာကို မမြင်ရပေမယ့် တစ်ခုခု ရှိနေတယ်လို့ ငါဘာလို့ခံစားမိနေရတာလဲ ?"
"ဘာကိုလဲ..."
စုန့်ယန်က သူ့မျက်နှာကို အပြစ်ရှိစိတ်နှင့်အတူ မသိစိတ်ဖြင့် ပြန်ကိုင်လိုက်မိတယ်။
" ငါတို့ ငယ်ငယ်လေး ကတည်းက ငါ့အစ်ကိုကို မြင်တိုင်း မင်းပြေးတာပဲလေ, အခုမှ ,
မင်းကသူ့ဆီသွားလည်မယ်လို့လာပြောနေတယ်, မင်းမှာရည်ရွယ်ချက်ကောင်းတော့
မရှိလောက်ဘူး"
"ငါ့ဇနီးလေးက ငါ့ကို နားလည်နိုင်တုန်းပဲ'
စုန့်ယန် အမှန်အတိုင်း ပြောဖို့ ဆုံးဖြတ်လိုက်တယ်၊
" ငါ ခုန ကျုန်းရှို့ နဲ့ တွေ့တယ်"
"အဲ့တော့ ဘာဖြစ်လဲ?"
"မင်းရဲ့ အစ်ကိုက ဘယ်သူနဲ့မှမတွေ့ဘဲ
အိမ်ထဲအောင်းနေတာကို ငါသံသယဖြစ်နေတယ်၊ကလေးမွေးဖို့အိမ်ထဲမှာပုန်းနေသလိုဖြစ်နေတယ်"
"....?"
အိုမီဂါတွေက မျိုးပွားနိုင်တဲ့သဘာဝရှိကြောင်းဒူလန်ကျဲပြောဖူးတာကိုရှလင်
ပြန်မှတ်မိ နေခဲ့တယ်။
"မင်းသေချာလား ?"
"မသေချာလို့ မင်းနဲ့ ဆွေးနွေးနေတာပေါ့,
မင်း အစ်ကို အကြောင်းမသိချင်ဘူးလား?"
"ဒါက..."
ရှလင် တခဏမျှ ဒုက္ခရောက်နေပြီးနောက်,
" ငါ့အစ်ကို ရဲ့ အကျင့် အရတကယ်ဆိုရင်တောင် တခြားလူတွေကိုသိစေချင်မှာ
မဟုတ်ဘူး"
စုန့်ယန် ခဏလောက်စဥ်းစားပြီး ဆွေးနွေး
ကြည့်မိတယ်၊
" ဇနီးလေး...မင်းဖုန်းဆက်ပြီး မေးကြည့်ချင်လား? တကယ်လို့ သူငါတို့ကိုမသိစေချင်ဘူးဆိုရင်, ငါတို့ လည်း မသိချင်ယောင် ဆက်ပြီး ဆောင်နေကြမယ်လေ"
သူတို့နှစ်ယောက် ရဲ့ အတင်းတုပ်ခြင်းကို
ခံနေရတဲ့ ဇာတ်ကောင်ရှလျန် ကတော့အဲ့ဒီ အချိန် မှာ ဒူလန်ကျဲနဲ့စိတ်လှုပ်ရှားစွာဖုန်းပြောနေလေရဲ့။
"မဟုတ်ဘူး..ငါဆရာဝန်မပြောင်းဘူး!"
ရှလျန် က အခိုင်အမာ ပြောနေတယ်,
" နောက်ဆုံး တခေါက်ဒေါက်တာခဲ့ငါ့ကို
လာစစ်ဆေး ပေးတုန်းကလည်းအဆင်ပြေနေတာပဲ, ABOမိသားစုကနာမည်ကြီးဆရာဝန်တွေထိငါ့ကိုလူကိုယ်တိုင်လာတွေ့ စရာမလိုပါဘူး"
"ရှလျန်, ငါ ပြောတာကို နားထောင်ပေးဦး"
ဒူလန်ကျဲ ရဲ့ အသံက အနည်းငယ် အရေးကြီး ပုံရနေတယ်၊
"အခုဆို မင်းမှာ အိပ်မက်ကနေကြိုမြင်တဲ့
အရည်အချင်းတွေ ရှိတာမို့ ရာစုနှစ် တစ်ခုအတွင်းမှာရှားပါးတဲ့ နိမိတ်ဖတ်သူတစ်ယောက်ဖြစ်လာနိုင်ဖို့ အလားအလာရှိတယ်"
"သူတို့က ဘာလို့ဒီအကြောင်းကို သိနေကြတာလဲ? မင်းသူတို့ကို ပြောပြလိုက်တာလား?"
"ဒါ...ဒါက ငါ့တာဝန်တွေထဲက တစ်ခုဆိုလည်း ဟုတ်တယ်လေ...တကယ်လို့
ငါမပြောမိရင်, အလုပ်ကနေအထုတ်ခံရပြီး
အစစ်ဆေး ခံရနိုင်တယ်မဟုတ်လား?"
"မင်းရဲ့ အလုပ်တာဝန်တွေကိုတော့ ငါ ဘက်ကနေ ပြောပိုင်ခွင့်မရှိဘူး၊ ဒါပေမယ့် သူတို့ရဲ့ စစ်ဆေး မှုကို လက်ခံတာ လက်မခံတာက
ငါ့ အခွင့်အရေးပဲ"
"ရှလျန်, အရမ်း စိတ်မလှုပ်ရှားပါနဲ့"
ဒူလန်ကျဲ က သွေးဆောင်မှုဖြင့်နားချလာတယ်၊
"သူတို့ကမင်းကိုအရမ်းတန်ဖိုးထားတဲ့အတွက်သူတို့ဆီက တော်ဝင် ဆရာဝန်တစ်ယောက်ကို မင်းဆီ ကိုယ်တိုင်လွှတ်ပေးတာ,
ပြီးတော့ တွေးကြည့်မယ်ဆိုရင်, ကလေးက ညှက်နိုင်သလိုထွားလည်းထွားနိုင်တယ်၊
ရှလျန် နောက်ဆုံး၌ အချိန် အတော်ကြာသည်အထိ တိတ်ဆိတ်နေခဲ့တယ်၊
"ပြီးရင်ရော..မျိုးရိုး ဗီဇပုံဖော်ထားတဲ့ ဂြိုလ်သားတွေက ငါတို့ကို ဘာလုပ်ကြမှာလဲ?"
"ငါတို့ကမျက်ကန်းမျိုးချစ်လူမျိုးတွေတော့ မဟုတ်ဘူး"
ဒူလန်ကျဲက နွေးထွေးစွာပြောတယ်,
" တကယ်လို့ မင်း ဘက်က ဖြစ်နိုင်ရင်,ငါတို့
ကမ္ဘာကို ပြောင်းရွေ့ အခြေချ နေထိုင်နိုင်ပြီး
ဒေသခံတွေလို နေထိုင်လို့ရတယ် ၊ မင်းလို ရှားပါးတဲ့ အိပ်မက်နိမိတ်ဖတ်သူတွေက
အစိုးရအတွက်ဒါမှမဟုတ် တပ်မတော် အတွက် အလုပ်လုပ်ချင်ရင်တိုင်းပြည်က
မင်းအတွက် ပိုမို ကောင်းမွန်တဲ့ကုသမှုတွေနဲ့ အခွင့်အရေးတွေပါ ပေးလာလိမ့်မယ်"
"ဒူလန်ကျဲ ...မင်းက အခု စည်းရုံး ရေးသမားဖြစ်နေပြီ သိလား?"
"ဟေး..မင်းက အဲ့လို မြင်နေပြီလား?"
ဒူလန်ကျဲက ရယ်ပြီး ပြောလာတယ်၊
" အဖွဲ့အစည်းကတော့ငါ့ကို မင်းတို့မိသားစု
ရွေ့ပြောင်းနေထိုင်နိုင်အောင်စီစဥ်ပေးဖို့
တာဝန်ပေးလာတာတော့အမှန်ပဲ"
"ငါ့မိသားစု?"
ဒူလန်ကျဲ ပြောတဲ့ သူ့မိသားစုဆိုတာက သူရယ်၊ကျုန်းရှိူ့ရယ်၊ကလေးရယ်ကို ပြောခြင်း ဖြစ်ကြောင်း ရှလျန်အချိန်အတော်ကြာမှ
နားလည်လိုက်မိပြီး သူနည်းနည်းလည်း
အံ့အားသင့်နေမိတယ်။
"မင်းတစ်ခုများနားလည်မှုလွဲနေတာလား? အခု,ကျုန်းရှို့ နဲ့ ငါနဲ့က...အဲ့ဒါကလုံးဝ မတော်တဆမှုပဲ ,ဒီကလေးကလည်း မတော်တဆရလာတာ,မွေးပြီးရင်ငါ့ရဲ့ မူလဘဝကိုပြန်ရတော့မှာမို့ တောင်းပန်ပါတယ်, မင်းရဲ့ တာဝန်တော့ မပြီးမြောက်လောက်ဘူး"
ဒူလန်ကျဲက သူ့ကို ထပ်မံ၍ နားချပြီး ပြောချင်နေသေးသော်လည်း ရှလင်ကလည်း
တဖက်မှဖုန်းခေါ်နေတယ် ၊ ရှလျန် ဒူလန်ကျဲကို ဘာမှထပ်မပြောတော့ပဲ စကားဖြတ်လိုက်တယ်၊
" ဆောရီး..ငါ အလုပ်လေးရှိလို့ဖုန်းအရင်ချလိုက်ပြီနော်"
ရှလင်ထံမှဖုန်းကို လက်ခံလိုက်ပြီး နူးညံ့သော အသံဖြင့် ဖုန်းဖြေလိုက်တယ်၊
" ဘာလို့ ရုတ်တရက်ကြီး မင်းငါ့ဆီ ဖုန်းခေါ်တာလဲ?"
"ကော...ဒီတပတ် ပိတ်ရက်မှာ စုန့်ယန်နဲ့ ကျွန်တော် သူ့ မိဘတွေရှိတဲ့ ဒီမြို့တော်ကို
သွားလည်ဖို့ စီစဥ်ထားတယ်"
"ကောင်းတာပေါ့..မင်းလုပ်သင့်တယ်"
"ကောရော အခုဘယ်မှာနေလဲ? ကျွန်တော်တို့လာလည်လို့ရမလား?"
ရှလျန် ခဏတာမျှတိတ်ဆိတ်သွားတယ်၊
ရှလင်ကလည်း ထပ်မေးတယ်၊
"ကော?"
"ငါဒီတပတ်အလုပ် ကိစ္စတစ်ခုနဲ့ ခရီးတစ်ခုသွားဖို့ရှိတယ်, မင်းနဲ့မတွေ့ဖြစ်လောက်ဘူးထင်တယ်"
ရှလျန်က မှင်သေသေဖြင့် ပြန်ဖြေတယ်။
"......"
ရှလင် ဆွံ့အနေမိတယ်၊ သူ့အစ်ကို လိမ်နေတာကိုသိပေမယ့်သူမှာထုတ်ပြောလို့လည်း
မရနိုင်ဘူး။
" အခြား ကိစ္စရှိသေးလား?"
ရှလျန် ရဲ့ အသံက အနည်းငယ်ပိုမိုအေးစက်နေတယ်။
"ဟင့်အင်း...မရှိတော့ပါဘူး"
ခဏအကြာတွင်,ရှလင်တစ်ယောက်သူ့ရည်ရွယ်ချက်တွေကိုမြင်လိုက်ရသလို
ခံစားမိနေရင်း ရုတ်တရက် စုန့်ယန်ပြောလာတာကို ပြန်သတိရလိုက်မိတယ်။သူတော့
ကျည်ဆန်တစ်တောင့်အား ကိုက်မိနေပြီ
ဆိုတာကို တွေးမိရင်း,
" ဟုတ်ကဲ့ပါ...နောက်မှတွေ့ကြမယ်"
"အင်း ..နောက်မှတွေ့မယ်"
ရှလျန် ဖုန်းချလိုက်ပြီးသူ့ဗိုက်လေးအား
ငုံ့ကြည့်လိုက်မိရင်း အချိန်ကြာကြာဆက်ပြီး
မဖုံးကွယ်နိုင်တော့မှာကို စိုးရိမ်စိတ်ဖြင့်
သက်ပြင်းချလိုက်မိတယ်။
11.1.2022
(T/N..ရှောင်ဟွားညအိပ်ခါနီး Wpထဲဝင်ရင်လေ မန့်တွေအမြဲဝင်ဖတ်ပါတယ်..တခါတလေ စာမပြန်မိရင်စိတ်မဆိုးကြပါနဲ့နော်..
ရှောင်ဟွားရေးတာကို ဖတ်ပေးတာလေးနဲ့တင် တကယ်ကျေးဇူးတင်နေပါပြီ.. ဒီNovelလေးက လကုန်အမှီ အပြီးရေးပေးမှာမို့ အဆုံးထိလိုက်ပေးကြပါလို့နော်
မန့်လေးတွေအတွက်သဲတို့ကို တကယ်ကျေးဇူးတင်ပါတယ်လို့😘😘)
........................................................................
[ Z ]
ျပန္ေပးဆြဲမႈ ျဖစ္ၿပီး ဒုတိယေျမာက္ေန႕တြင္
က်ဳန္းရွိူ႕ တစ္ေယာက္ သူ႕ရဲ႕ေရွ႕ေနႏွင့္အတူ
ၿမိဳ႕ေတာ္ဘီသို႔အေျပးအလႊားသြားကာ
ရဲမ်ားႏွင့္ေတြ႕ဆုံ၍ ေနာက္ဆက္တြဲ
ညွိႏွိုင္းမႈ အခ်ိဳ႕ ျပဳလုပ္ခဲ့တယ္။
က်ိခ်င္ရဲ႕ ဝမ္းကြဲညီျဖစ္တဲ့ စုန့္ယန္ကက်ိခ်င္တြင္ ျပင္ပပြန္းပဲ့ဒဏ္ရာမွလြဲၿပီးႀကီးႀကီးမားမား ျပသနာမရွိမွန္းသိေသာ္လည္းအထူး တလည္သတင္းေမးရန္ေရာက္လာခဲ့တယ္။
ေဆး႐ုံအဝင္ဝ၌သူတို႔ႏွစ္ေယာက္ေတြ႕ဆုံမိ
ၾကၿပီးက်ဳန္းရွို႔ကစုန့္ယန္ကိုႏႈတ္ဆက္သည့္
အေနျဖင့္ ေခါင္းညိတ္ျပလိုက္တယ္။
စုန့္ယန္အနည္းငယ္စိတ္မေကာင္းျဖစ္မိတယ္၊ က်ဳန္းရွို႔ ႏွင့္ကေလးဘဝတုန္းကတည္းကစကားအေျပာအဆိုသိပ္
မရွိေပမယ့္ ဆက္ဆံေရးကေတာ့ ေကာင္းမြန္တယ္၊ရွလင္သူ႕ကို လ်စ္လ်ဴ ရႈတဲ့အေတာအတြင္း က်ဳန္းရွိူ႕က
စုန့္ယန္ ထံသို႔ မက္ေဆ့ ဒါမွမဟုတ္ဖုန္းျဖင့္
တိတ္တဆိတ္ကူညီေပးခဲ့တယ္။
ယခုတြင္မူ , က်ဳန္းရွိူ႕ ရဲ႕ ေအးစက္ေနတဲ့ အမူအရာက
နားမလည္နိုင္တဲ့ အေနအထားတစ္ခုမွာရွိေနတယ္ ၊သူတို႔ ႏွစ္ေယာက္ဆုံတဲ့အခါတိုင္းအမ်ားစုကရွလ်န္ရဲ႕တုံ႕ျပန္မႈ အတိုင္းအၿမဲ တေစေခါင္းညိတ္ျပတာမ်ိဳးပဲရွိေနခဲ့တယ္။
ရွလ်န္ အေၾကာင္းကို ေတြးမိရာမွ,စုန့္ယန္
မေက်မနပ္ျဖစ္မႈကို ထိန္းခ်ဳပ္လို႔မရနိုင္ေတာ့ဘူး၊
" လ်န္ေကာ အခု ဘာေတြလုပ္ေနလဲ ? သူ႕ကို
ဒီရက္ပိုင္းေတြမွာ ငါလုံးဝမေတြ႕ရဘူး၊ ၿပီးခဲ့တဲ့ အပတ္
ရင္းႏွီးျမႇုပ္ႏွံမႈအစည္းအေဝးကိုေတာင္ လာမတက္ဘူး၊
ငါ့ကို အမွန္အတိုင္း ေျပာစမ္းပါ...သူအခု ဘာေတြလုပ္ေနလဲ?ၾကက္ေတြလို ဥေပါက္ဖို႔အိမ္မွာဝပ္ေနတာလား?"
က်ဳန္းရွိူ႕ စကားျပန္ေျပာဖို႔ အစီအစဥ္မရွိေပမယ့္ ေနာက္ဆုံးေသာစကားကို ၾကားလိုက္ရတဲ့အခါ မ်က္လုံးျပဴးၿပီး
ရွလ်န္ ကိုယ္ဝန္ ေဆာင္ရသည့္ ကိစၥက စုန့္ယန္နားထဲသို႔ ေရာက္ေနၿပီဟု မသိစိတ္ျဖင့္ေတြး ေနမိရင္း ဒူလန္က်ဲ သို႔မဟုတ္ ခဲ့မိုင္က မ်ား ေျပာလိုက္သလားလို႔ပါ တဆက္တည္း ေတြးေနမိတယ္၊ဒါေပမယ့္ စုန့္ယန္ရဲ႕IQအရ
ဒီအေၾကာင္းကိုသာတကယ္သိရိုးမွန္ရင္ ခုလိုမ်ိဳး သာမန္ကာလွ်ံကာေျပာလာမည္ မဟုတ္ေပ။
ဒါကို ေတြးမိၿပီး ေနာက္ ႏႈတ္ခမ္းကိုတင္းတင္း ေစ့ကာ
စကားလုံးေတြကို ျပန္၍ မ်ိဳခ်လိဳက္တယ္။
စုန့္ယန္က ေပါ့ေပါ့ပါးပါး ပဲ ေျပာေပမယ့္
က်ဳန္းရွိူ႕ ရဲ႕ တုံ႕ျပန္မႈ ကိုေတာ့ သူျပန္၍ပင္ ေမွ်ာ္လင့္မထားခဲ့ဘူး၊ စုန့္ယန္ မ်က္ခုံးေတြကို ပင့္တင္ၿပီး က်ဳန္းရွိူ႕အားစိတ္ဝင္တစားပင္ စိုက္ၾကည့္လိုက္မိတယ္၊
က်ဳန္းရွို႔ရဲ႕မ်က္ႏွာေပၚမွာ ေဖာ္မျပနိုင္တဲ့ သဲလြန္စအခ်ိဳ႕အား သူေတြ႕လိုက္ရတယ္။
က်ဳန္းရွိူ႕ကလည္း တဖက္လူရဲ႕ စူးစမ္းတဲ့
အၾကည့္ကို ေရွာင္တိမ္းသြားခဲ့တယ္၊
" လ်န္ေကာ က ငါ့ကိုအလုပ္တစ္ခုခိုင္းထားေသးတယ္,
ငါ အရင္သြားႏွင့္ေတာ့မယ္"
ထို႔ေနာက္က်ဳန္းရွို႔ကမန္းကတန္းထြက္လာလိုက္တယ္။
စုန့္ယန္ ထြက္သြားတဲ့ က်ဳန္းရွို႔ကို ၾကည့္ရင္း
ေမးေစ့ ကိုင္ကာ တခ်က္စဥ္းစားၿပီးေနာက္
ရွလင္ဆီ ဖုန္းေခၚလိုက္တယ္။
"ငါအလုပ္ရႈပ္ေနတယ္...မင္းဘာေျပာမလို႔လဲ"
ရွလင္ရဲ႕ မၾကည္သာတဲ့အသံက ဖုန္းထဲသို႔
ဝင္လာတယ္။
"ဇနီးေလး ...."
စုန့္ယန္ ၿပဳံးရင္း ေခၚလိုက္တယ္၊
"ငါတို႔ ဒီၿမိဳ႕ေတာ္ဆီ သြားၿပီး လ်န္ေကာဆီ
သြားလည္ၾကမလား ?"
ရွလင္ ခဏမွ် တိတ္ဆိတ္ေနၿပီးေနာက္ ေျပာလာတယ္၊
" မင္းမ်က္ႏွာကို မျမင္ရေပမယ့္ တစ္ခုခု ရွိေနတယ္လို႔ ငါဘာလို႔ခံစားမိေနရတာလဲ ?"
"ဘာကိုလဲ..."
စုန့္ယန္က သူ႕မ်က္ႏွာကို အျပစ္ရွိစိတ္ႏွင့္အတူ မသိစိတ္ျဖင့္ ျပန္ကိုင္လိုက္မိတယ္။
" ငါတို႔ ငယ္ငယ္ေလး ကတည္းက ငါ့အစ္ကိုကို ျမင္တိုင္း မင္းေျပးတာပဲေလ, အခုမွ ,မင္းကသူ႕ဆီသြားလည္မယ္လို႔လာေျပာေနတယ္, မင္းမွာရည္႐ြယ္ခ်က္ေကာင္းေတာ့
မရွိေလာက္ဘူး"
"ငါ့ဇနီးေလးက ငါ့ကို နားလည္နိုင္တုန္းပဲ'
စုန့္ယန္ အမွန္အတိုင္း ေျပာဖို႔ ဆုံးျဖတ္လိုက္တယ္၊
" ငါ ခုန က်ဳန္းရွို႔ နဲ႕ ေတြ႕တယ္"
"အဲ့ေတာ့ ဘာျဖစ္လဲ?"
"မင္းရဲ႕ အစ္ကိုက ဘယ္သူနဲ႕မွမေတြ႕ဘဲ
အိမ္ထဲေအာင္းေနတာကို ငါသံသယျဖစ္ေနတယ္၊
ကေလးေမြးဖို႔အိမ္ထဲမွာပုန္းေနသလိုျဖစ္ေနတယ္"
"....?"
အိုမီဂါေတြက မ်ိဳးပြားနိုင္တဲ့သဘာဝရွိေၾကာင္းဒူလန္က်ဲေျပာဖူးတာကိုရွလင္ ျပန္မွတ္မိ ေနခဲ့တယ္။
"မင္းေသခ်ာလား ?"
"မေသခ်ာလို႔ မင္းနဲ႕ ေဆြးႏြေးေနတာေပါ့,
မင္း အစ္ကို အေၾကာင္းမသိခ်င္ဘူးလား?"
"ဒါက..."
ရွလင္ တခဏမွ် ဒုကၡေရာက္ေနၿပီးေနာက္,
" ငါ့အစ္ကို ရဲ႕ အက်င့္ အရတကယ္ဆိုရင္ေတာင္
တျခားလူေတြကိုသိေစခ်င္မွာ မဟုတ္ဘူး"
စုန့္ယန္ ခဏေလာက္စဥ္းစားၿပီး ေဆြးေႏြးၾကည့္မိတယ္၊
" ဇနီးေလး...မင္းဖုန္းဆက္ၿပီး ေမးၾကည့္ခ်င္လား?
တကယ္လို႔ သူငါတို႔ကိုမသိေစခ်င္ဘူးဆိုရင္, ငါတို႔ လည္း မသိခ်င္ေယာင္ ဆက္ၿပီး ေဆာင္ေနၾကမယ္ေလ"
သူတို႔ႏွစ္ေယာက္ ရဲ႕ အတင္းတုပ္ျခင္းကို
ခံေနရတဲ့ ဇာတ္ေကာင္ရွလ်န္ ကေတာ့အဲ့ဒီ အခ်ိန္ မွာ
ဒူလန္က်ဲနဲ႕စိတ္လႈပ္ရွားစြာဖုန္းေျပာေနေလရဲ႕။
"မဟုတ္ဘူး..ငါဆရာဝန္မေျပာင္းဘူး!"
ရွလ်န္ က အခိုင္အမာ ေျပာေနတယ္,
" ေနာက္ဆုံး တေခါက္ေဒါက္တာခဲ့ငါ့ကို
လာစစ္ေဆး ေပးတုန္းကလည္းအဆင္ေျပေနတာပဲ, ABOမိသားစုကနာမည္ႀကီးဆရာဝန္ေတြထိ
ငါ့ကိုလူကိုယ္တိုင္လာေတြ႕ စရာမလိုပါဘူး"
"ရွလ်န္, ငါ ေျပာတာကို နားေထာင္ေပးဦး"
ဒူလန္က်ဲ ရဲ႕ အသံက အနည္းငယ္ အေရးႀကီး ပုံရေန
တယ္၊
"အခုဆို မင္းမွာ အိပ္မက္ကေနႀကိဳျမင္တဲ့အရည္အခ်င္းေတြ ရွိတာမို႔ ရာစုႏွစ္ တစ္ခုအတြင္းမွာရွားပါးတဲ့ နိမိတ္ဖတ္သူတစ္ေယာက္ျဖစ္လာနိုင္ဖို႔ အလားအလာရွိတယ္"
"သူတို႔က ဘာလို႔ဒီအေၾကာင္းကို သိေနၾကတာလဲ?
မင္းသူတို႔ကို ေျပာျပလိုက္တာလား?"
"ဒါ...ဒါက ငါ့တာဝန္ေတြထဲက
တစ္ခုဆိုလည္း ဟုတ္တယ္ေလ...တကယ္လို႔
ငါမေျပာမိရင္, အလုပ္ကေနအထုတ္ခံရၿပီး
အစစ္ေဆး ခံရနိုင္တယ္မဟုတ္လား?"
"မင္းရဲ႕ အလုပ္တာဝန္ေတြကိုေတာ့ ငါ ဘက္ကေန ေျပာ
ပိုင္ခြင့္မရွိဘူး၊ ဒါေပမယ့္ သူတို႔ရဲ႕ စစ္ေဆး မႈကို လက္ခံတာ လက္မခံတာက ငါ့ အခြင့္အေရးပဲ"
"ရွလ်န္, အရမ္း စိတ္မလႈပ္ရွားပါနဲ႕"
ဒူလန္က်ဲ က ေသြးေဆာင္မႈျဖင့္နားခ်လာတယ္၊
"သူတို႔ကမင္းကိုအရမ္းတန္ဖိုးထားတဲ့အတြက္သူတို႔ဆီက ေတာ္ဝင္ ဆရာဝန္တစ္ေယာက္ကို မင္းဆီ ကိုယ္တိုင္
လႊတ္ေပးတာ,ၿပီးေတာ့ ေတြးၾကည့္မယ္ဆိုရင္,
ကေလးက ညွက္နိုင္သလိုထြားလည္းထြားနိုင္တယ္၊
အဆင္ေျပရင္ေတာ့ အကုန္ေကာင္းတာေပါ့,
ေမြးဖြားရခက္တာမ်ိဳးျဖစ္မယ္ဆိုေဆး႐ုံေတြက
ကိုင္တြယ္နိုင္ပါ့မလား?ေယာက်္ားတစ္ေယာက္
ကေလးေမြးဖို႔ အတြက္ဆရာဝန္ေတြ ကဘယ္လို တာဝန္ယူမွာလဲ? ခုလို အရာမ်ိဳးအတြက္ အာမခံမႈလည္းရွိၿပီး
အေတြ႕အႀကဳံလည္းရွိတဲ့ဆရာဝန္ကိုပဲလႊဲေပးရမယ္
မလား?"
ရွလ်န္ ေနာက္ဆုံး၌ အခ်ိန္ အေတာ္ၾကာသည္အထိ
တိတ္ဆိတ္ေနခဲ့တယ္၊
"ၿပီးရင္ေရာ..မ်ိဳးရိုး ဗီဇပုံေဖာ္ထားတဲ့ ၿဂိဳလ္သားေတြက
ငါတို႔ကို ဘာလုပ္ၾကမွာလဲ?"
"ငါတို႔ကမ်က္ကန္းမ်ိဳးခ်စ္လူမ်ိဳးေတြေတာ့ မဟုတ္ဘူး"
ဒူလန္က်ဲက ႏြေးေထြးစြာေျပာတယ္,
" တကယ္လို႔ မင္း ဘက္က ျဖစ္နိုင္ရင္,ငါတို႔
"ဒူလန္က်ဲ ...မင္းက အခု စည္း႐ုံး ေရးသမားျဖစ္ေနၿပီ
သိလား?"
"ေဟး..မင္းက အဲ့လို ျမင္ေနၿပီလား?"
ဒူလန္က်ဲက ရယ္ၿပီး ေျပာလာတယ္၊
" အဖြဲ႕အစည္းကေတာ့ငါ့ကို မင္းတို႔မိသားစု
ေ႐ြ႕ေျပာင္းေနထိုင္နိုင္ေအာင္စီစဥ္ေပးဖို႔
တာဝန္ေပးလာတာေတာ့အမွန္ပဲ"
"ငါ့မိသားစု?"
ဒူလန္က်ဲ ေျပာတဲ့ သူ႕မိသားစုဆိုတာက သူရယ္၊က်ဳန္းရွိူ႕ရယ္၊ကေလးရယ္ကို ေျပာျခင္း ျဖစ္ေၾကာင္း ရွလ်န္
အခ်ိန္အေတာ္ၾကာမွ နားလည္လိုက္မိၿပီး သူနည္းနည္း
လည္း အံ့အားသင့္ေနမိတယ္။
"မင္းတစ္ခုမ်ားနားလည္မႈလြဲေနတာလား? အခု,က်ဳန္းရွို႔ နဲ႕ ငါနဲ႕က...အဲ့ဒါကလုံးဝ မေတာ္တဆမႈပဲ ,ဒီကေလးကလည္း မေတာ္တဆရလာတာ,ေမြးၿပီးရင္ငါ့ရဲ႕ မူလဘဝကိုျပန္ရေတာ့မွာမို႔ ေတာင္းပန္ပါတယ္, မင္းရဲ႕
တာဝန္ေတာ့ မၿပီးေျမာက္ေလာက္ဘူး"
ဒူလန္က်ဲက သူ႕ကို ထပ္မံ၍ နားခ်ၿပီး ေျပာခ်င္ေနေသးေသာ္လည္း ရွလင္ကလည္း တဖက္မွဖုန္းေခၚေနတယ္ ၊
ရွလ်န္ ဒူလန္က်ဲကို ဘာမွထပ္မေျပာေတာ့ပဲ စကားျဖတ္လိုက္တယ္၊
" ေဆာရီး..ငါ အလုပ္ေလးရွိလို႔ဖုန္းအရင္ခ်လိဳက္ၿပီေနာ္"
ရွလင္ထံမွဖုန္းကို လက္ခံလိုက္ၿပီး ႏူးညံ့ေသာ အသံျဖင့္
ဖုန္းေျဖလိုက္တယ္၊
" ဘာလို႔ ႐ုတ္တရက္ႀကီး မင္းငါ့ဆီ ဖုန္းေခၚတာလဲ?"
"ေကာ...ဒီတပတ္ ပိတ္ရက္မွာ စုန့္ယန္နဲ႕ ကြၽန္ေတာ္ သူ႕ မိဘေတြရွိတဲ့ ဒီၿမိဳ႕ေတာ္ကို သြားလည္ဖို႔ စီစဥ္ထားတယ္"
"ေကာင္းတာေပါ့..မင္းလုပ္သင့္တယ္"
"ေကာေရာ အခုဘယ္မွာေနလဲ? ကြၽန္ေတာ္တို႔လာလည္လို႔ရမလား?"
ရွလ်န္ ခဏတာမွ်တိတ္ဆိတ္သြားတယ္၊
ရွလင္ကလည္း ထပ္ေမးတယ္၊
"ေကာ?"
"ငါဒီတပတ္အလုပ္ ကိစၥတစ္ခုနဲ႕ ခရီးတစ္ခုသြားဖို႔ရွိတယ္, မင္းနဲ႕မေတြ႕ျဖစ္ေလာက္ဘူးထင္တယ္"
ရွလ်န္က မွင္ေသေသျဖင့္ ျပန္ေျဖတယ္။
"......"
ရွလင္ ဆြံ႕အေနမိတယ္၊ သူ႕အစ္ကို လိမ္ေနတာကိုသိေပမယ့္သူမွာထုတ္ေျပာလို႔လည္း မရနိုင္ဘူး။
" အျခား ကိစၥရွိေသးလား?"
ရွလ်န္ ရဲ႕ အသံက အနည္းငယ္ပိုမိုေအးစက္ေနတယ္။
"ဟင့္အင္း...မရွိေတာ့ပါဘူး"
ခဏအၾကာတြင္,ရွလင္တစ္ေယာက္သူ႕ရည္႐ြယ္ခ်က္ေတြကိုျမင္လိုက္ရသလို ခံစားမိေနရင္း ႐ုတ္တရက္
စုန့္ယန္ေျပာလာတာကို ျပန္သတိရလိုက္မိတယ္။
သူေတာ့ က်ည္ဆန္တစ္ေတာင့္အား ကိုက္မိေနၿပီ
ဆိုတာကို ေတြးမိရင္း,
" ဟုတ္ကဲ့ပါ...ေနာက္မွေတြ႕ၾကမယ္"
"အင္း ..ေနာက္မွေတြ႕မယ္"
ရွလ်န္ ဖုန္းခ်လိဳက္ၿပီးသူ႕ဗိုက္ေလးအား
ငုံ႕ၾကည့္လိုက္မိရင္း အခ်ိန္ၾကာၾကာဆက္ၿပီး
မဖုံးကြယ္နိုင္ေတာ့မွာကို စိုးရိမ္စိတ္ျဖင့္
သက္ျပင္းခ်လိဳက္မိတယ္။
11.1.2022
(T/N..ေရွာင္ဟြားညအိပ္ခါနီး Wpထဲဝင္ရင္ေလ
မန့္ေတြအၿမဲဝင္ဖတ္ပါတယ္..တခါတေလ စာမျပန္မိရင္
စိတ္မဆိုးၾကပါနဲ႕ေနာ္..ေရွာင္ဟြားေရးတာကို ဖတ္ေပးတာေလးနဲ႕တင္ တကယ္ေက်းဇူးတင္ေနပါၿပီ.. ဒီNovelေလးက လကုန္အမွီ အၿပီးေရးေပးမွာမို႔
အဆုံးထိလိုက္ေပးၾကပါလို႔ေနာ္
မန့္ေလးေတြအတြက္သဲတို႔ကို
တကယ္ေက်းဇူးတင္ပါတယ္လို႔😘😘)
........................................................................
You are reading the story above: TeenFic.Net