..[ U ]
ခဲ့မိုင်ပေးသော ဆေးတစ်ဗူးကြောင့်ရှလျန် နောက်ဆို အခက်တွေ့တော့မည်မဟုတ်ပေ။
တလကြာပြီးနောက်, ရှလျန်ရဲ့ နံနက်ခင်း ဖျားနာမှုက နောက်ဆုံးတွင်သက်သာသွားခဲ့ပြီး အစားစားချင်စိတ် စတင်ဖြစ်ပေါ်လာခဲ့တယ်၊နောက်ဆုံးတွင် ပြန်၍ ဝဝဖြိုးဖြိုး
လေး ဖြစ်လာပြီး သူ့ ဗိုက်လေးကလည်း သိသိသာသာပင် မြင်တွေ့ရလောက်သည်အထိ ကြီးထွားလာတယ်။
ရှလျန် တစ်ယောက်ယခင်လို စိတ်မဆတ်တော့ပဲ သက်တောင့်သက်သာလည်း ခံစားလာရပြီး အိမ်မှာနေရင်း စားလိုက်၊အိပ်လိုက် ၊ဗိုက်ဆာရင် ထစားလိုက်နဲ့ ထိုဘဝလေး
တဖြေးဖြေး နှစ်သက်လာတယ်။
ကုမ္ပဏီ၏ video conferenceတွင်တပတ် လျှင်တကြိမ် မျက်နှာပြ၍ ဖုန်းနှင့်လည်း မကြာခဏညွှန်ကြားချက်များ ပေးလာနိုင်
သည့်အပြင် အခြားသောလုပ်ငန်းများလုပ်ဆောင်ရန်ကိုလည်းကျုန်းရှိူ့အား
လွှဲအပ်ထားခဲ့တယ်၊ဤသို့ပင် ရုတ်တရက်
လွယ်ကူလာသော ဘဝ အစိတ်အပိုင်းအချို့က သူ့အား အနည်းငယ်ထူးဆန်းမှုတို့ ဖြစ်စေတယ်။
ရှလျန်က တီဗွီဇာတ်လမ်းတွေကိုလည်း
မကြည့်သလို ရှိုးတွေကိုလည်း မနှစ်သက်ဘူး၊ရံဖန်ရံခါ စီးပွားရေး လုပ်ငန်း ဆိုင်ရာ ချန်နယ်အချို့အာရ ကြည့်ရှု သော်လည်း အများအပြားက အဓိပ္ပါယ်မရှိတာကို တွေ့ရတယ်။
ဘာမှလုပ်စရာလည်း မရှိတာမို့ နောက်ဆုံးတွင် သူရင်းနှီးမြုပ်နှံထားတဲ့ ရုပ်ရှင်ကားကို သတိရလိုက်မိတယ်၊သူ့ဖုန်းကို ဖွင့်ပြး ဇာတ်ကားနာမည်ကို ရှာလိုက်တယ်၊ထို အခါ၌ ကြော်ငြာများစွာနဲ့ အတူ ဗွီဒီယို
တွေပါ တက်လာတယ်။
သူနဲ့ စုန့်ယန် တို့ ရင်းနှီးမြုပ်နှံခဲ့တဲ့ သည်က 'Zodic' အမည်ရတဲ့ Fantasy dramaတစ်ခု ဖြစ်တယ်၊အဓိက အမျိုးသားဇာတ်ဆောင်
ကတော့ လီမော် ဖြစ်ပြီးအမျိုးသမီးဇာတ်ဆောင်က တက်သစ်စမင်းသမီးတခက်ဖြစ်ကာ ဒုတိယအမျိုးသားဇာတ်ဆောင်က
ကျိချင်ဖြစ်တယ်၊ဒရမ်မာရဲ့ တရားဝင် Weiboက low-keyလေးဖြင့်သာရှိနေတယ်၊ နှစ်ရက် သို့ မဟုတ် သုံးရက် တခါမှ ပိုစ့်လေးတွေနည်းနည်းတင်ပေးတတ်တယ်၊
ယခုအချိန်တွင် တရားဝင် ဆိုဒ်၌ ပရိသတ်က
နှစ်ပိုင်းကွဲနေတယ်၊တစ်မျိုးက မူလပရိသတ်တွေဖြစ်ပြီး နောက် တမျိုး ကအမျိုးသမီးဇာတ်ဆောင်နှင့် ဒုတိယအမျိုးသားဇာတ်ဆောင်ရဲ့ ပရိသတ်တွေဖြစ်နေတယ်။
အမျိုးသား ဇာတ်ဆောင်ဖြစ်တဲ့လီမော်ကတော့ လူသိနည်းတဲ့ မင်းသားတစ်ယောက်မို့ အစပိုင်းမှာ အနည်းငယ် အငြင်းပွားမှု
လေးတွေပင်ရှိခဲ့ကြတယ်။
သို့သော်, တရားဝင် weiboတွင် တင်ထားတဲ့ ပုံများ၌ ရှေးခေတ်အဝတ်အစားနှင့် လီမော်က အလွန့် အလွန်ကြည့်ကောင်းပြီးသူ့သရုပ်
ဆောင်ရသည့်အခန်းကဏ္ဍနှင့် များစွာလိုက်လျောညီထွေရှိနေချေတယ်၊ထို့ကြောင့်ပင် ပရိသတ်တွေက တညီတညွတ်တည်း လက်ခံအားပေးလာကြတယ်။
လီမော်အား ပရိသတ်တွေရှေ့သို့ အမှန်တကယ် ယူဆောင် လာပေးခဲ့တာကတော့
မီဒီယာ ငယ်လေး တစ်ခုရဲ့ အင်တာဗျူး
တစ်ခုဆီမှဖြစ်တယ်။
ထိုအင်တာဗျူး တွင်, အမျိုးသမီး သတင်းထောက် ကသိလိုသည်များကို မေးမြန်းလာခဲ့တယ်။
" တစ်ခုလောက်မေးခွင့်ပြုပါ, ဒီဇာတ်ကားမှာ
ဘယ် အခန်း ကဏ္ဍကနေအစ်ကိုတို့က ပါဝင်သရုပ်ဆောင်မှာပါလဲ?"
ကျိချင်ကအမျိုးသမီး သတင်းထောက်ရဲ့
စကားကို နားမလည်ဟန်ဆောင်လျက် လီမော်ရဲ့ ပခုံးအား ဆုပ်ကိုင်ကာ ပြောလိုက်တယ်၊
"ဒီဇာတ်လမ်းထဲမှာ ကျွန်တော်တို့က ညီကိုတွေလိုပါဘဲ"
"ဇာတ်ကားအပြင်ဘက်မှာရောဘယ်လိုလဲ ?"
"ဇာတ်ကား အပြင်မှာ..."
ကျိချင်က သူ့စကားကို ခဏရပ်ပြီး လီမော်ရှေ့သို့ မိုက်ကရိုဖုန်းအားရွေ့ပေးရင်းသူ့ကို
ဦးစွာပြောစေတယ်။
လီမော် ခဏလောက်စဥ်းစားပြီး ပြောလိုက်တယ်၊
"အပြင် real lifeမှာလည်း ကျိချင်နဲ့ ကျွန်တော်တို့က သူငယ်ချင်းကောင်း
တွေပါဘဲ"
"အိုး!"
အမျိုးသမီး သတင်းထောက်က မေးခွန်းတစ်ခုမေးလာတယ်၊
" ဘယ်လို သူငယ်ချင်းကောင်းမျိုးလဲ?"
ကျိချင်တုံ့ပြန်တာကို လီမော်ကြားလိုက်ရတယ်၊
" ဘယ်လို သူငယ်ချင်းကောင်းလဲဆိုတော့,
အပြင်မှာဆို ညီကိုတွေလို ဖြစ်သင့်တယ်"
အမျိုးသမီးသတင်းထောက်က အံ့သြသွားပြီး
ချက်ခြင်းပင် ကျိချင်ဆီသို့ မိုက်ကရိုဖုန်းကို
ပေးလာတယ်။
"မင်းသားကျိ,ညီကို ဆိုတာဘယ်အတိုင်းအတာထိကို ဆိုလိုတာလဲ?"
ကျိချင်ပြုံးပြလာတယ်,
" လီဆိုတဲ့ စာလုံးကို မျဥ်းတစ်ခုဖြတ်ရင်
ကျိဖြစ်သွားပြီလေ,ကျွန်တော်တို့နှစ်ယောက်ကို ညီကို ဖြစ်သင့်တယ်လို့မထင်ဘူးလား?"
လီမော် ရုတ်တရက် တစ်ခုခုကို သတိထားလိုက်မိတယ်။
" အဲ့ဒီလိုပဲ "
ကျိချင် သူ့ကို လက်ညိုးထိုးပြီး ပြောလာတယ်၊
" ကောက ဘာလဲ? ကျွန်တော်တို့ရဲ့ မျိုးရိုး နာမည်တွေဆက်စပ်နေတာကို နားမလည်ဘူးလို့တော့ ကျွန်တော့်ကို မပြောဘူးမလား?"
"ငါအဲ့ဒါကို တကယ်မသိလိုက်တာ"
လီမော်က အရိုးခံအတိုင်း ကြည့်လာတယ်၊
အမျိုးသမီး သတင်းထောက်က,
" ...ဒီ သရုပ်ဆောင်နှစ်ယောက်က ရယ်စရာကောင်းတယ်"
ထိုဗိဒီယို ကို ထုတ်လွှင့်ပြီး တဲ့နောက်,
ညီကို ဆိုတဲ့ ခေါင်းစဥ်အောက်၌ အချို့သော ပရိသတ် ကောင်မလေးတွေက Weiboမှာပြောဆိုလာကြတယ်,
" အားးးး....ဘာလို့ မင်းသားနှစ်ယောက်က အရမ်း တွေလိုက်ဖက်နေရတာလဲ ? ခုလိုပုံကိုကြည့်ပြီးမင်းသမီးပါတာကိုတောင် မေ့ သွားတော့ မလိုပဲ !"
ပို၍ပင်မျက်စိစူးရှတဲ့ ကျိချင် ပရိသတ်တွေကလည်း ပြောလာကြတယ်,
" မိုက်ကရိုဖုန်း ကိုင်ထားတဲ့ လီမော်ရဲ့ လက်တွေကို ရင်းနှီး နေသလိုပဲ, ကျိချင် ရဲ့Weibo
မှာ တင်ထားတဲ့ ဓာတ်ပုံထဲက လက်ပိုင်ရှင် လို့ ထင်နေမိတယ်, ငါကပဲတစ်ယောက်တည်း
လို့ ထင်နေတာများလား ?"
"......မင်း တစ်ယောက်တည်းမဟုတ်ဘူး!
ငါလည်း အဲ့ဒါကို သိနေတာကြာပြီ, ဒါက
ကျိချင် ဇနီးရဲ့ လက်လေးတွေပဲ"
"....အိုးးးး , သူတို့ နှစ်ယောက်က အတူတူနေကြတာတဲ့, ရိုက်ကွင်းမှာလဲ အတူတူ ပဲ, မင်းသားနှစ်ယောက်ကတစ်ခုခုပဲ,
လီမော်နဲ့ ကျိချင်ကို ပရိသတ်တွေက ဘယ်လိုများ တွဲစေချင်ကြတာလဲ ?
ထို့နောက်သူက Weiboပိုစ့်အောက်မှမှတ်ချက်တွေဆီကြည့်လိုက်တယ်၊သူက
'Zodic'ရဲ့မူရင်းဝတ္ထုကိုလည်းတဖြေးဖြေး နားလည်လာတယ်၊မင်းသမီးရဲ့တည်ရှိမှုကလည်း နည်းပါးတယ်၊အမျိုးသားဇာတ် ဆောင် နဲ့ ဒုတိယအမျိုးသားဇာတ်ဆောင်ရဲ့
တည်ရှိမှုကတော့ အခြေခံအားဖြင့် တူညီကြတယ်။ထို့နောက် သူစုန့်ယန်ဆီ ဖုန်းခေါ်ပြီး
"ဒီ ဒရမ်မာကို ဘယ်သူရွေးတာလဲ?'လို့ မေးလိုက်တယ်။
"ကျွန်တော်ရွေးခဲ့တာ...ဘာဖြစ်လို့လဲ ?"
စုန့်ယန် ကတော့ဘာကြောင့်မှန်းမသိခဲ့ဘူး။
"မင်းတကယ်မသိတာလား? လီမော်နဲ့ ကျိချင်ကို ဒီဇာတ်ကားမှာ တကယ်သရုပ်ဆောင်ခိုင်း မလို့လား?"
"အခုဆို အမျိုးသား စုံတွဲတွေကရေပန်းစားလာပြီ"
စုန့်ယန် ပြောလာတယ်၊
" အထူးသဖြင့်, သရုပ်ဆောင်တွေကိုလူပိုသိစေပြီး ဆွဲဆောင်ရတာ ပိုမြန်တယ်,သူတို့ အတွက် လုပ်ခဲ့တာ"
"လီမော်နဲ့ ကျိချင်တို့ရော အဲ့ဒါကို သိလား?"
"သူတို့ နှစ်ယောက်လုံး ဇာတ်ညွှန်း ဖတ်ပြီး
စာချုပ်ချုပ်ကြတာ...သူတို့ကအရူးတွေမှမဟုတ်တာ...သူတို့ ဘယ်လိုလုပ် မသိဘဲ
နေမှာလဲ ?"
ရှလျန် တခဏမျှတိတ်ဆိတ်နေပြီး လီမော်ကို လည်း အလွန်အကျွံ များကာကွယ်မိနေသလားလို့ တွေးမိတယ်,ဘာပဲဖြစ်ဖြစ်
ထိုသူလည်းအရွယ်ရောက်ပြီးသားပဲလေ။
စုန့်ယန်က ရှလျန်တွေးတဲ့ အကြောင်းအရာကို ရိပ်မိပြီး,
"မော်ကော ရဲ့စိတ်ထဲ ဘာရှိလဲ ဆိုတာကို
မသိပေမယ့် ကျွန်တော့် အစ်ကို ဝမ်းကွဲကတော့စိတ်ရှင်းတယ်,မော်ကောလည်းသိမှာပဲ, ဒါကြောင့်မို့ အခွင့်အရေး ရတုန်းကျိချင်ကမော်ကော ဒုက္ခမရောက်အောင်လုပ်လိမ့်မယ်"
သူတွေ့လိုက်ရတဲ့ အင်တာဗျူးကို ပြန်သတိရလိုက်မိတယ်၊အမှန်တကယ်လည်း ကျိချင်က ဦးဆောင်ပေးနေတယ်၊ အမျိုးသမီး သတင်းထောက်က ၎င်းတို့ထံမှလျှို့ဝှက်ချက်တွေကို တမင်တကာ တူးဆွ လိုသော်လည်း
ညီကိုတွေ ဆိုတဲ့ စကားနဲ့အရူးလုပ်ခြင်း
ခံရတယ်၊သူတောင်ရယ်လိုက်မိသေးတယ်။
သို့သော် စုန့်ယန်က ချက်ခြင်း ပင်ခေါင်းစဥ်ပြောင်းသွားတယ်၊
" ဒါနဲ့လျန်ကော..စကားမစပ်, အစည်းအဝေးတိုင်း ကောကိုယ်စား ကျုန်းရှိူ့ ပဲ တက်တာတွေ့နေရတယ်၊ကောကဘာလို့မလာတာလဲ?"
ရှလျန်ချက်ခြင်း ပြန်မဖြေမိဘူး။
ဒူလန်ကျဲနဲ့ ခဲ့မိုင်တို့က ရှလင်၏သူငယ်ချင်းတွေဖြစ်တာမို့ သူကိုယ်ဝန်ရှိနေသည်အား
အနှေးနဲ့ အမြန် ဆိုသလို ရှလင်နားသို့ ပြန်ရောက်မှာကို ရှလျန် စဥ်းစားမိနေတယ်။
ရှလင်နဲ့ စုန့်ယန် တို့အား ဖုံးကွယ်ထားစရာ
မလိုသော်လည်း ခုလောလောဆယ်တော့
ပြောမပြချင်ဘူး။
ခဏအကြာတွင် သူ ပြောလိုက်မိတယ်၊
" ငါ ကျုန်းရှိူ့ကို လေ့ကျင့်ပေးနေတာ,ဒီဘက်ကဆောက်လုပ်ရေး ပိုင်းကိုလည်း မနှောင့် နှေးစေဘူး၊ ကျန်တာတွေကျ မင်း စိတ်ချလက်ချ လွှတ်ထားပေးလို့ ရတယ်"
31.12.2021
........................................................................
[ U ]
ထိုဘဝလေးကို တဖြေးဖြေး နှစ်သက်လာတယ်။
လုပ်ငန်းများလုပ်ဆောင်ရန်ကိုလည်းကျုန်းရှို့အား
လုပ်ငန်း ဆိုင်ရာ ချန်နယ်အချို့အာရ ကြည့်ရှု သော်လည်း အများအပြားက အဓိပ်ပါယျမရှိတာကို တွေ့ရတယ်။
"ဇာတ်ကား အပြင်မှာ..."
"အိုး!"
တယ်၊
ပေးလာတယ်။
ကျိချင်ပြုံးပြလာတယ်,
" အဲ့ဒီလိုပဲ "
တယ်"
" အားးးး....ဘာလို့ မင်းသားနှစ်ယောက်က အရမ်း တေ
ွလိုက်ဖက်နေရတာလဲ ? ခုလိုပုံကိုကြည့်ပြီးမင်းသမီး
ရိုက်ကွင်းမှာလဲ အတူတူ ပဲ, မင်းသားနှစ်ယောက်ကတစ်ခုခုပဲ,အရမ်း ချစ်စရာကောင်း တာပဲ"
ထို့နောက်သူက Weiboပိုစ့်အောက်မှမှတ်ချက်တေ
ွဆီကြည့်လိုက်တယ်၊သူက 'Zodic'ရဲ့မူရင်းဝတ္ထုကိုလည်းတဖြေးဖြေး နားလည်လာတယ်၊မင်းသမီးရဲ့တည်ရှိမှုက
စုန့်ယန် ပြောလာတယ်၊
တယ်၊
" ဒါနဲ့လျန်ကော..စကားမစပ်, အစည်းအဝေးတိုင်း ကောကိုယ်စား ကျုန်းရှို့ ပဲ တက်တာတွေ့နေရတယ်၊ကောကဘာလို့မလာတာလဲ?"
" ငါ ကျုန်းရှို့ကို လေ့ကျင့်ပေးနေတာ,ဒီဘက်ကဆောက်လုပ်ရေး ပိုင်းကိုလည်း မနှောင့် နှေးစေဘူး၊ ကျန်တာတွေကျ မင်း စိတ်ချလက်ချ လွှတ်ထားပေးလို့ ရတယ်"
31.12.2021
........................................................................
You are reading the story above: TeenFic.Net