.[ U ]
ကျုန်းရှိူ့ အရမ်း စိတ်မကောင်းဖြစ်နေတယ်၊
ရှလျန်ကမျက်လုံးဖွင့်ဖွင့်ခြင်းလီမော်ဆီဖုန်းခေါ်တယ်၊
ရှလျန် နိုးလာတဲ့ အခါနွားနို့ ပူပူလေးတခွက် အရံသင့်ဖြစ်စေဖို့ မနက်ခင်းတိုင်းတံခါးအပြင်မှာ စောင့်နေမိတဲ့သူ့ကိုယ်သူလည်း အဓိပ္ပါယ်ရှိမရှိ ပြန်၍ပင်မေးခွန်းထုတ်နေမိတယ်၊
သူကဘယ်နေရာမှာလဲ ?
သို့ပေမယ့်ရှလျန် ဆိုးဆိုးရွားရွားအော့အန်နေတာကို ကြားလိုက်ရတဲ့အခါ, သူ့ နှလုံးသား တွေ ပျော့ပျောင်းသွားခဲ့ပြီး နွားနို့ ပူပူလေး
တခွက် ထပ်ပြင်ပေးဖို့ မီးဖိုချောင်ဆီသို့ တိတ်တဆိတ်ပင် ပြန်လာခဲ့လိုက်တယ်။
ရှလျန် တစ်ယောက်အပြင်းအထန်အော့အန်ပြီးတဲ့နောက် သူ့ ဝမ်းဗိုက်ကလစ်ဟာနေတယ်၊အကယ်၍များ နွားနို့ပူပူလေးသာနှစ်ငုံလောက် သောက်လိုက်ရပါက အတော်လေး သက်သာသွားမယ်လို့တွေးနေမိတယ်။
ကျုန်းရှိူ့ က ခုတင်ဘေးတွင်ထိုင်နေပြီးနွားနို့ ခွက်လေး မကုန်ခင်ကတည်းကရှလျန်ကို
ငေးကြည့်နေတယ်။
သူရှလျန်ကို စကားတချို့ပြောချင်ပေမယ့်
သူစဥ်းစားနေချိန်မှာပဲ ရှလျန် ပြောလာတယ်၊
" နောက်တပတ် ဆိုလီမော်ရဲ့ ဇာတ်ကားစရိုက်ရပြီ၊ မင်း သက်တော်စောင့် နှစ်ယောက်လောက်ငှားပြီး သူ့နောက်ကို လိုက်ခိုင်းလိုက်"
"သက်တော်စောင့်?"
ကျုန်းရှို့ မျက်မှောင်ကြုတ် မိတယ်,
"ဘယ်သူ့အတွက်လဲ ?လီမော်အတွက်လား?"
"ဟုတ်တယ်"
"ဘာလို့လဲ ?"
ကျုန်းရှိူ့ရဲ့ အသံကအနည်းငယ်မာဆတ်
ဆတ်ဖြစ်သွားတာမို့ ရှလျန်သူ့ကိုလှည့်
ကြည့်လာတယ်။
ကျုန်းရှို့ရဲ့ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကို သူကောင်းစွာနားမလည်နိုင်သော်လည်း အကြောင်းပြချက်တွေကို တွေးတောဖို့ရာအချိန်မရှိခဲ့ဘူး၊ကျုန်းရှို့ကို အမှန်တိုင်းပြောသင့်လားဆိုတာကိုပဲ သူတွေးနေမိတယ်။
ဒူလန်ကျဲကိုတော့ အရင်းနှီးဆုံး သူငယ်ချင်းအဖြစ် ဆက်ဆံနိုင်ပြီး သူ့ ခန္ဓာကိုယ်မှမူမမှန်မှုတွေကို အကုန်အစင်တိုင်ပင်ဆွေးနွေး နိုင်သော်လည်း ကျုန်းရှိူ့ ကို ရင်ဆိုင်ရန် အတွက်မူ မသိစိတ်မှ ကိုယ်ရေး ကိုယ်တာအချို့အား
ထိန်းသိမ်းထားလိုပြန်တယ်။
ထို ကိုယ်ရေး ကိုယ်တာက အခြားသူတွေရဲ့ အမြင်မှာ ကြီးကြီးမားမား မဟုတ်သော်လည်း
သူနဲ့ ကျုန်းရှိူ့ တို့ကြား ပတ်သက်မှုက အလျင်အမြန် ပြောင်းလဲသွားတာမို့ ထို ပြောင်းလဲမှုတို့က သူ့အား အကြပ်အတည်းတစ်ခု ပမာခံစားရစေတယ်၊ထို အတွက် ဘယ်လို ရှေ့ဆက်ရမလဲဆိုတာကိုတောင်
သူခုထိမတွေးရဲသေးဘူး။ထို့အပြင်သူ့ရဲ့
အိပ်မက်စွမ်းရည် ဆိုတာကလည်း
ဒူလန်ကျဲရဲ့ ထင်ကြေး တစ်ခုတည်းသာ..။
အကယ်၍ ကျုန်းရှိူ့ကိုသာဒီကိစ္စကို ပြောပြရင် အရင်ဆုံးသူနဲ့ ကျုန်းရှို့ရဲ့ ပထမဆုံးအကြိမ်ကပြန်ပါလာရဦးမယ်...အထူးသဖြင့်သူတို့နှစ်ယောက်ရဲ့ ပထမဆုံးအကြိမ် ဖြစ်ပျက်ခဲ့တဲ့ကိစ္စကြီးကိုရှလျန်ပြန်မပြောလိုဘူး။
"ငါ...သူ့အတွက် စိတ်မပူပါဘူး"
ရှလျန် မရေမရာဖြင့်ရှင်းပြမိတယ်,
" အရင်တုန်းကလည်း သူဇာတ်ကားတွေမှာ သရုပ်ဆောင်နေကြပဲ, ဒါပေမယ့်အခု ကျသူကအဓိကမင်းသားနေရာမှာ သရုပ်ဆောင်ရမှာမို့ တစ်စုံတစ်ယောက်က သူ့ကို မနာလို
ဖြစ်ပြီးတစ်ခုခု ဆိုးဆိုးရွားရွားလုပ်မှာကို စိုးရိမ်တာ"
ရှလျန် ရည်ညွန်းတဲ့တစ်စုံတစ်ယောက်ဆိုတာက ကုလီရွှမ်း ဖြစ်ကြောင်း သူသိပေမယ့်ထို ကိစ္စနှင့် ပတ်သက်၍သူလုံးဝအလေးအနက်
မထားခဲ့ဘူး ။
ရှလျန် က အလွန်အမင်း စိတ်ပူလွန်းသည်ဟု
သူခံစားနေမိတယ်၊လီမော်ကိုလည်း အရမ်း ဂရုစိုက်တတ်တာကို ကျုန်းရှို့တစ်ယောက်ငြူစူစွာပဲ သိရှိနေခဲ့တယ်။
"လျန်ကော"
ကျုန်းရှို့ နှုတ်ခမ်းတွေကို စေ့ကိုက်ရင်း သတ္တိိရှိစွာပဲ သူမေးမိလိုက်တယ်။
"ကော...?"
"ဟမ်?"
ရှလျန် သူ့ ဗိုက်လေး အားလက်လေးဖြင့် ဖိရင်း ကပျာကသီ ပြန်ဖြေလာတယ်။
နွားနို့သောက်ပြီးနောက် ရှလျန်ရဲ့ ဗိုက်က
အတော်လေး သက်တောင့် သက်သာရှိလာသော်လည်း ခဏအကြာတွင် သူ့ ဗိုက်ထဲ
မသက်မသာဖြစ်နေပြန်တယ်။
ကျုန်းရှိူ့ ခေါင်းငုံ့ထားတာမို့ ရှလျန်ရဲ့ သိမ်မွေ့တဲ့ လှုပ်ရှားမှုတွေကို သတိမထားမိခဲ့ဘူး။
"လျန်ကော ...မော်ကော ကို စိတ်ဝင်စားနေတာလား...?"
သူ့စကားမဆုံးခင်မှာပဲ ရှလျန် တစ်ယောက်
ခုတင်ဘေး စားပွဲအောက်ရှိ ထွေးခံ ကို ဆွဲယူကာ ခုနလေးကပင်သူသောက်လိုက်တဲ့
နို့အားလုံးကို အန်ထုတ်ပစ်လိုက်တယ်။
ကျုန်းရှို့ ရဲ့ ကျန်ရှိနေသေးတဲ့မေးခွန်းတွေကလည်း လည်ချောင်းထဲမှာပဲ တစ်ဆို့နေလျက်
ခုတင်ပေါ်တွင်လဲလျောင်းနေတဲ့ ရှလျန်
ကြောင့်ဘာမှပင်ဆက်မပြောနိုင်တော့ဘူး။
ယခုအချိန်တွင် ရှလျန်နဲ့ လီမော်တို့ကြားဆက်ဆံရေးကို သူလုံးဝလက်မခံနိုင်ဘူး။
နောက်ဆုံးတော့ ...ရှလျန်ဘက်မှလီမော်အပေါ် ဘယ်လိုပဲ သဘောထားသည်ဖြစ်စေ
ရှလျန်ကခုလက်ရှိသူ့သွေးသားအားလွယ်ပိုး
ထားခြင်းဖြစ်တာကိုတော့ ပြောင်းလဲလို့မရနိုင်ချေဘူး။
ကျုန်းရှိူ့ တစ်ယောက်ဤနည်းတစ်ခုတည်း
ဖြင့်သာသူ့ကိုယ်သူနှစ်သိမ့်နိုင်လိမ့်မယ်။
****
ထိုနေ့လည်ပိုင်းတွင် ဒူလန်ကျဲက အလျင်အ မြန်ပင်ရှလျန်အား စစ်ဆေးပေးရန်ဆရာဝန်တစ်ဦးကို ခေါ်လာပေးခဲ့တယ်။
ကျုန်းရှို့ တံခါးဖွင့်လိုက်တဲ့အချ်ိန်, ဒူလန်ကျဲ ပြောတဲ့ဆရာဝန်ဆိုတာက အမှန်တကယ်ပင်ခဲ့မိုင်ဖြစ်နေတာကို တွေ့လိုက်ရတယ်။
သူခဲ့မိုင်ကို လေးစားသမှုရှိခဲ့တယ်၊
လွန်ခဲ့သော နှစ်အနည်းငယ်ကရှလျန် ကျောင်းတက်နေချိန်၌ ကျုန်းရှို့သူ့ကို ဆေးရုံရှေ့ထိလ်ိုက်ပို့ခဲ့ရဘူးတယ်။ထိုအချိန်က ခဲ့မိုင်
ကဂျူတီကုတ်အဖြူဝတ်ကာ ဆေးရုံတံခါးအပြင်ဘက်၌ သူတို့အား မတ်တပ်ရပ်လျက်
စောင့်နေတာကို တွေ့ရတယ်၊ကျုန်းရှိူ့ က ထိုသူကို ကားပေါ်ကနေတချက်မျှသာ လှည့်
ကြည့်လိုက်မိပေမယ့် သူအတော်လေး သဘောကျသွားခဲ့တယ်။
ခဲ့မိုင်ရဲ့ ရုပ်ရည်သွင်ပြင်နှင့် စိတ်သဘောထား က အမျိုးသမီးများကြား ရေပန်းစားလောက်တယ် ၊သူကထက်မြက်တည်ငြိမ်ပေမယ့်
အရမ်းဖော်ရွှေသူလည်း မဟုတ်ပြန်ဘူး။
ကျုန်းရှိူ့က ထိုသူရဲ့ ရုပ်ရှည် သွင်ပြင်ကြောင့် သာမက အသက်ငယ်ငယ်လေးနှင့် အာရုံကြောခွဲစိတ်အထူးကုဖြစ်နေပြီး
ရှလျန်၏သူငယ်ချင်း လို ဖြစ်နေတဲ့ ဆရာတစ်ယောက်လို့ပါ သိလိုက်ရတဲ့အခါ
သူအတော်လေး အံ့သြနေမိခဲ့တယ်။
အချိန်အတော်လေး ကြာပြီးနောက်မှသူက
ဒူလန်ကျဲကို လှည့်ကြည့်ပြီး သံသယများဖြင့်
ပြောလ်ိုက်မိတယ်၊
" မင်းကအာရုံကြောခွဲစိတ်ဆရာဝန်ကို မီးယပ်သားဖွား အတွက် စစ်ဆေးခိုင်းမို့လား?"
ဒူလန်ကျဲက သူ့လက်အားဝေ့ရမ်းပြီး
မထူးခြားစွာ ပြောလာတယ်၊
" သူ့ကို အဲ့လို မထင်နဲ့...သူက အနန္တတန်ခိုးရှင် ဆရာဝန် တစ်ယောက်...ကလေးမွေးပေးတယ်ဆိုတာက သူ့အတွက်တော့ ကိတ်မုန့်လေး တစ်ချပ်လှီးစားရသလိုပဲ "
ခဲ့မိုင်က ဒူလန်ကျဲကို တွန်းထုတ်လိုက်ပြီး,
"မင်းကဒါကို ကြွားလုံးထုတ်နေတာလား?"
ထို့နောက်သူက ကျုန်းရှိူ့ကို ပြုံးပြလာတယ်,
" ငါတို့ ဒီအတွက် အထူးကိရိယာလေးတစ်ခု ယူလာပေးတယ်, ခွဲစိတ်ဖို့ ကတော့ ငါ့တာဝန်ထား..ဒီကိရိယာကထွက်လာမယ့်ရလာဒ် ကတော့ အဓိကကျတယ်"
ခဲ့မိုင်ယူလာတဲ့ သေတ္တာတွေထဲမှ ခဲ့မိုင်ပြောတဲ့ ပစ္စည်းကို တွေ့လိုက်ရတယ်၊ထို့နောက်
သူကပဲ ဦးဆောင်ပြီး ထိုသူနှစ်ယောက်အား
ရှလျန်ရဲ့ အိပ်ခန်း ဆီသို့ ခေါ်လာခဲ့လိုက်တယ်၊ထိုအချိန်တွင်, ရှလျန် တစ်ယောက်
တရေးတမော အိပ်နေရာမှနိုးလာပြီး မသက်မသာဖြစ်မှုကြောင့်ခုတင်ပေါ်တွင် ပျင်းရိစွာ
"အိုး...မင်း အရမ်း ပိန်သွားတာပဲ"
ဒူလန်ကျဲက ရှလျန်အနီးသို့ ချဥ်းကပ်ပြီး
သူ့ကို ပြုံးပြုံးကြီးကြည့်လာတယ်၊ ထို့နောက် ကုလားထိုင်တစ်လုံးကို ဆွဲယူပြီး ခုတင်ဘေးမှာ ဝင်ထိုင်လိုက်တယ်။
ရှလျန် က သူ့လက်လေးအား ဖျော့တော့စွာ ဝေ့ရမ်းပြီး ပြောလာတယ်၊
" အေးဆေးလုပ်မနေနဲ့,ဆရာဝန်ဘယ်မှာလဲ?"
"ဒီမှာ"
ဒူလန်ကျဲက ခဲ့မိုင်ကို ညွှန်ပြတယ်၊ခဲ့မိုင်နဲ့ ရှလျန်တို့ အရင်မတွေ့ဖူးကြတာမို့ တစ်ဦးနှင့် တစ်ဦး ခေါင်းညိတ်ပြလိုက်ကြတယ်။ထို့နောက် ခဲ့မိုင်က ဒူလန်ကျဲ အား သေတ္တာဖွင့်ပြီး စက်နှစ်လုံးအား တပ်ဆင်ဖို့ ပြောလာတယ်။
ရှလျန်က ဤကဲ့သို့ ထူးထူးခြားခြားဖန်တီးထားတဲ့ ကိရိယာမျိုး တခါမှမမြင်ဖူးခဲ့ဘူး။ဒါကြောင့်မို့ မေးဖို့ရာဟန်ပင်မဆောင်နိုင်ခဲ့ဘူး၊
" အဲ့ဒါကဘာလဲ ?"
"မင်းဗိုက်ထဲကကလေးကိုမြင်နိုင်တဲ့ ကိရိယာ"
ခဲ့မိုင်က ပြောလာတယ်။
"အယ်ထရာဆောင်းရိုက်ဖို့လိုသေးတာလား?"
ရှလျန်မေးလာတယ်၊
" ဆေး ပညာတွေကဘယ်တုန်းကဒီလောက်ထိ အဆင့်မြင့်သွားရတာလဲ?"
"ဒါက ကျွန်တော်တို့ရဲ့ ဆေးဖက်ဆိုင်ရာ မူတွေကို အခြေခံပြီး စုန့်ယန်တို့ အဖွဲ့ကလုပ်တဲ့ စက် ပစ္စည်းလေ"
ဒူလန်ကျဲက ရှင်းပြလာတယ်။
ရှလျန် တစ်ယောက် အရင်က စုန့်ယန် နောက်ကွယ်မှလျှို့ဝှက်ဆန်းကြယ်တဲ့
သိပ္ပံသုတေသနအဖွဲ့ အကြောင်း ကြားသိထားဖူးသော်လည်း ယခုတွင် ထိုအဖွဲ့မှ
ထူးခြားစွာထုတ်လုပ်ထားတဲ့ထုတ်ကုန်အား
တွေ့လိုက်ရတဲ့အခါ, စုန့်ယန်၏သုတေသနနယ်ပယ်ကျွမ်းကျင်မှုကို မျက်ဝါးထင်ထင်တွေ့လိုက်ရတယ်။
သူဘာမှတော့ မပြောမိဘဲ သူ့ တကိုယ်လုံး စစ်ဆေးဖို့ရာအတွက်ခဲ့မိုင်ရဲ့ ညွှန်ကြားချက်ကိုသာလိုက်နာခဲ့တယ်၊ကိရိယာရဲ့ တုံ့ပြန်မှုက
အရမ်းမြန်တယ်၊အချိန်နှင့် တပြေးညီ စစ်ဆေးပြီးတိုင်း screenပေါ်၌ အလျင်အမြန်ပေါ်လာသော်လည်း ရှလျန်နဲ့ ကျုန်းရှိူ့ကတော့ ထို အရာတွေကို နားမလည်ခဲ့ဘူး။
ကျုန်းရှို့ တစ်ယောက်စိတ်ရှည်စွာစောင့်ဆိုင်းပြီးနောက် စိတ်အားထက်သန်စွာမေးလိုက်မိတယ်၊
" ဘယ်လို အခြေအနေရှိလဲ?"
"အရမ်းကောင်းတယ်"
ခဲ့မိုင်က ပြုံးပြတယ်,
" အကုန်လုံးက ပုံမှန်ပဲ, ကလေးကနှလုံးခုန်နေပြီ, ပြီးတော့ အခြေအနေကလည်းအတော်လေး တည်ငြိမ်တယ်"
ကျုန်းရှို့ တစ်ယောက် သက်ပြင်းချလိုက်ပြီး မေးလာတယ်၊
"ဒါဆို သူဘာလို့ ဒီလောက်ထိ ဆိုးဆိုးရွားရွားအန်နေရတာလဲ?"
"Morning sicknessက တယောက်နဲ့
တယောက်မတူကြဘူး"
ခဲ့မိုင်က ရှင်းပြလာတယ်,
" ရှင်းရှင်းပြောရရင်, ဒါက ကိုယ်ဝန်ဆောင်တွေအတွက် ကလေးရဲ့ အသွင် သဏ္ဌာန်တည်ဆောက်မှု အတွက် သာမန်ဖြစ်ရိုး
ဖြစ်စဥ်ပဲ,တဖြေးဖြေး ကောင်းလာလိမ့်မယ်"
ကျုန်းရှို့ မယုံတဝက်ဖြင့် ခေါင်းညိတ်လိုက်
စဥ် ရှလျန် မေးတာကို ကြားလိုက်ရတယ်၊
" ကျွန်တော်က ယောကျ်ားတစ်ယောက်မို့
Morning sicknessကပိုပြင်းထန်တာလား?"
"အဲ့လိုလည်း ပြောလို့မရဘူး"
ခဲ့မိုင်က ပြုံးပြလာတယ်,
" ဒီလိုဖြစ်တာကို မင်း သိပ်မသိတာဖြစ်နိုင်တယ်၊အမှန်တကယ်တော့ မင်းရဲ့အခြေအနေက အတော်လေး ကောင်းတယ်၊သုညနယ်ပယ်မှာရှိတဲ့ကိုယ်ဝန် ဆောင်အမျိုးသမီး တချို့ဆို ပြင်းထန်တဲ့ အော့အန်မှုကြောင့် ဆေးရုံတက်ရတယ်"
ရှလျန် အတော်လေး အံ့အားသင့်သွားတယ်၊
"အဲ့ဒီလို မျိုးရှိတာလား?"
ကျုန်းရှိူ့ ရှလျန်ရဲ့ လက်ကို ဆုပ်ကိုင်ပေးလာပြီး တဖက်လူအား နှစါသိမ့် ပေးလာတယ်။
"လျန်ကော...အဆင်ပြေသွားမှာပါ... ကျွန်တော်တို့ ဆေးရုံ သွားစရာမလိုဘူး"
ရှလျန်က ထိတ်လန့်စွာဖြင့် သူ့လက်ကို ဖယ်ထုတ်ပြီး ပြောလာတယ်၊
" အန်တာက ငါပါ...မင်းမဟုတ်ဘူး,
မင်းကဘာလာပြီး ဝမ်းနည်းနေတာလဲ?"
"ဒါပေမယ့် ကောနေ့တိုင်း အဲ့ဒီလို အော့အန်နေတာတွေ့ရတော့ကျွန်တော်လည်းအရမ်း..."
သူက 'စိတ်ဆင်းရဲတယ်'လို့ ပြောချင်ပေမယ့်
အပြင်လူတွေရှိတာမို့ စကားလုံးတွေကိုပြန်မျိုချလိုက်တယ်။
ခဲ့မိုင်က ကျုန်းရှို့ မျက်လုံးထဲမှအရာတွေကို
မြင်လိုက်ရသူမို့ကျုန်းရှို့ရဲ့အတွေးတွေကို
သူနားလည်နေပြီ၊လောလောဆယ်တော့
သူဝင်ပြောလို့ မဖြစ်ချေဘူး၊သူ့ ကျောပိုးအိတ်ထဲမှ ဆေးတဗူးကို
ထုတ်ယူပြီးရှလျန် ကို ပြောလိုက်တယ်၊
" မင်း ဆိုးဆိုးရွားရွားအန်တဲ့အခါ ဒီဆေးကို တလုံးသောက်လိုက် ၊မင်းသက်သာသွားလိမ့်မယ်၊ဒါက မင်း ခန္ဓာကိုယ်ကိုမထိခိုက်စေဘူး"
ရှလျန် ထထိုင်လာပြီး ဆေးဗူးအားလှမ်းယူရင်း ခဲ့မိုင်အား ခေါင်းညိတ်ပြပြီးကျေးဇူးတင်ကြောင်းပြောလာတယ်။
ခဲ့မိုင်ကရှလျန်အား ဂရုစိုက်ရမည့်အရာတွေ
ကို ထပ်မံပြောဆိုပြီး နောက်တကြိမ်ထပ်မံစစ်ဆေးဖို့ကိုပါ သဘောတူလိုက်တယ်၊နောက်တွင် သူက ကိရိယာတွေကို သိမ်းဆည်းပြီးဒူလန်ကျဲနဲ့ပြန်လာခဲ့ကြတယ်။
သူတို့နှစ်ယောက် တိုက်ခန်းထဲမှ ထွက်လာချိန် ခဲ့မိုင်က ရုတ်တရက် ပြောလိုက်မိတယ်၊
" မင်း သတိထားမိလား? ကျုန်းရှိူ့ကသူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးအပေါ် အလေး အနက်ထားပေမယ့် ရှလျန်ဘက်ကတော့
အဲ့လိုမရှိဘူး၊ပြောရမယ်ဆိုရင်သူတို့ နှစ်ယောက် ပုံစံ ကအတော်လေးခက်ခဲပြီး
နောင်အနာဂတ်မှာ ဘာတွေများ
ဖြစ်လာဦးမလဲ မသိဘူး"
ဒူလန်ကျဲ ခေါင်းကုတ်လိုက်မိတယ်။
"ကျုန်းရှိူ့ ရှလျန်ကို ကြိုက်နေတယ်ဆိုတာ
မျက်လုံးရှိတဲ့သူတိုင်း သိတယ်, ဒါပေမယ့်
အရင်ကတည်းကရှလျန်ကို ကြိုက်ခဲ့တာလား?ဒါမှမဟုတ် အပြောင်းအလဲအပြီး
ပရ်ိုမုန်းတွေကြောင့်လားဆိုတာကို တော့
ငါလည်း အသေအချာမသိဘူး"
ခဲ့မိုင် ဒူလန်ကျဲကို အံ့သြစွာပင်ကြည့်လာတယ်။
" မင်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများရထားဖူးလား? မင်းက ကိုယ့်လူမျိုးဖြစ်တဲ့ AOတွေရဲ့ ချစ်ခြင်း မေတ္တာကို အတော်လေး
အဆိုးမြင်ပြီး မယုံကြည်ပုံရတယ်"
"ငါ့မှာလား?"
ဒူလန်ကျဲ ခပ်ယဲ့ယဲ့လေး ပြုံးလိုက်မိတယ်,
" ငါက ဘီတာတစ်ယောက်လေ...AOတွေရဲ့
လေးနက်တဲ့ အချစ်ကို နှစ်သက်ပါတယ်,
ဒါပေမယ့် ငါတစ်ခါမှမလေ့လာဖူးသလို
စူးစမ်းဖို့လည်းစိတ်မဝင်စားဘူး"
EP32& 33 ....29.12.2021
........................................................................
[ U ]
က်ဳန္းရွိူ႕ အရမ္း စိတ္မေကာင္းျဖစ္ေနတယ္၊
ရွလ်န္ကမ်က္လုံးဖြင့္ဖြင့္ျခင္းလီေမာ္ဆီဖုန္းေခၚတယ္၊
ရွလ်န္ နိုးလာတဲ့ အခါႏြားနို႔ ပူပူေလးတခြက္ အရံသင္႔
့္ျဖစ္ေစဖို႔ မနက္ခင္းတိုင္းတံခါးအျပင္မွာ ေစာင့္ေနမိတဲ့သူ႕ကိုယ္သူလည္း အဓိပၸာယ္ယ်ရွိမရွိျပန္၍ပင
္ေမးခြန္းထုတ္ေနမိတယ္၊
သူကဘယ္ေနရာမွာလဲ ?
သို႔ေပမယ့္ရွလ်န္ ဆိုးဆိုး႐ြား႐ြားေအာ့အန္ေနတာကို ၾကားလိုက္ရတဲ့အခါ, သူ႕ ႏွလုံးသား ေတြ ေပ်ာ့ေပ်ာင္းသြားခဲ့ၿပီး ႏြားနို႔ ပူပူေလး တခြက္ ထပ္ျပင္ေပးဖို႔ မီးဖိုေခ်ာင္ဆီသို႔
တိတ္တဆိတ္ပင္ ျပန္လာခဲ့လိုက္တယ္။
ရွလ်န္ တစ္ေယာက္အျပင္းအထန္ေအာ့အန္ၿပီးတဲ့ေနာက္ သူ႕ ဝမ္းဗိုက္ကလစ္ဟာေနတယ္၊အကယ္၍မ်ား
ႏြားနို႔ပူပူေလးသာႏွစ္ငုံေလာက္ ေသာက္လိုက္ရပါက
အေတာ္ေလး သက္သာသြားမယ္လို႔ေတြးေနမိတယ္။
က်ဳန္းရွိူ႕ က ခုတင္ေဘးတြင္ထိုင္ေနၿပီးႏြားနို႔ ခြက္ေလး
မကုန္ခင္ကတည္းကရွလ်န္ကို ေငးၾကည့္ေနတယ္။
သူရွလ်န္ကို စကားတခ်ိဳ႕ေျပာခ်င္ေပမယ့္
သူစဥ္းစားေနခ်ိန္မွာပဲ ရွလ်န္ ေျပာလာတယ္၊
" ေနာက္တပတ္ ဆိုလီေမာ္ရဲ႕ ဇာတ္ကားစရိုက္ရၿပီ၊ မင္း သက္ေတာ္ေစာင့္ ႏွစ္ေယာက္ေလာက္ငွားၿပီး သူ႕ေနာက္ကို လိုက္ခိုင္းလိုက္"
"သက္ေတာ္ေစာင့္?"
က်ဳန္းရွို႔ မ်က္ေမွာင္ၾကဳတ္ မိတယ္,
"ဘယ္သူ႕အတြက္လဲ ?လီေမာ္အတြက္လား?"
"ဟုတ္တယ္"
"ဘာလို႔လဲ ?"
က်ဳန္းရွိူ႕ရဲ႕ အသံကအနည္းငယ္မာဆတ္
ဆတ္ျဖစ္သြားတာမို႔ ရွလ်န္သူ႕ကိုလွည့္
က်ဳန္းရွို႔ရဲ႕ စိတ္ပိုင္းဆိုင္ရာေျပာင္းလဲမႈေတြကို သူေကာင္းစြာနားမလည္နိုင္ေသာ္လည္း အေၾကာင္းျပခ်က္ေတြကို
ေတြးေတာဖို႔ရာအခ်ိန္မရွိခဲ့ဘူး၊က်ဳန္းရွို႔ကို အမွန္တိုင္းေျပာသင့္လားဆိုတာကိုပဲ သူေတြးေနမိတယ္။
ဒူလန္က်ဲကိုေတာ့ အရင္းႏွီးဆုံး သူငယ္ခ်င္းအျဖစ္ ဆက္ဆံနိုင္ၿပီး သူ႕ ခႏၶာကိုယ္မွမူမမွန္မႈေတြကို အကုန္အစင္တိုင္
ပင္ေဆြးေႏြး နိုင္ေသာ္လည္း က်ဳန္းရွိူ႕ ကို ရင္ဆိုင္ရန္
အတြက္မူ မသိစိတ္မွ ကိုယ္ေရး ကိုယ္တာအခ်ိဳ႕အား
ထိန္းသိမ္းထားလိုျပန္တယ္။
ထို ကိုယ္ေရး ကိုယ္တာက အျခားသူေတြရဲ႕
အျမင္မွာ ႀကီးႀကီးမားမား မဟုတ္ေသာ္လည္း
သူနဲ႕ က်ဳန္းရွိူ႕ တို႔ၾကား ပတ္သက္မႈက အလ်င္အျမန္ ေျပာင္းလဲသြားတာမို႔ ထို ေျပာင္းလဲမႈတို႔က သူ႕အား
အၾကပ္အတည္းတစ္ခု ပမာခံစားရေစတယ္၊ထို အတြက္ ဘယ္လို ေရွ႕ဆက္ရမလဲဆိုတာကိုေတာင္
သူခုထိမေတြးရဲေသးဘူး။ထို႔အျပင္သူ႕ရဲ႕
အိပ္မက္စြမ္းရည္ ဆိုတာကလည္း
ဒူလန္က်ဲရဲ႕ ထင္ေၾကး တစ္ခုတည္းသာ..။
အကယ္၍ က်ဳန္းရွိူ႕ကိုသာဒီကိစၥကို ေျပာျပရင္ အရင္ဆုံးသူနဲ႕ က်ဳန္းရွို႔ရဲ႕ ပထမဆုံးအႀကိမ္ကျပန္ပါလာရဦးမယ္...အထူးသျဖင့္သူတို႔ႏွစ္ေယာက္ရဲ႕ ပထမဆုံးအႀကိမ္ ျဖစ္ပ်က္ခဲ့တဲ့ကိစၥႀကီးကိုရွလ်န္ျပန္မေျပာလိုဘူး။
"ငါ...သူ႕အတြက္ စိတ္မပူပါဘူး"
ရွလ်န္ မေရမရာျဖင့္ရွင္းျပမိတယ္,
" အရင္တုန္းကလည္း သူဇာတ္ကားေတြမွာသ႐ုပ္ေဆာင္
ေနၾကပဲ, ဒါေပမယ့္အခု က်သဴကအဓိကမင္းသားေနရာမွာ သ႐ုပ္ေဆာင္ရမွာမို႔ တစ္စုံတစ္ေယာက္က သူ႕ကို မနာလို
ျဖစ္ၿပီးတစ္ခုခု ဆိုးဆိုး႐ြား႐ြားလုပ္မွာကို စိုးရိမ္တာ"
ရွလ်န္ ရည္ၫြန္းတဲ့တစ္စုံတစ္ေယာက္ဆိုတာက ကုလီ႐ႊမ္း ျဖစ္ေၾကာင္း သူသိေပမယ့္ထို ကိစၥႏွင့္ ပတ္သက္၍သူလုံးဝအေလးအနက္မထားခဲ့ဘူး ။
ရွလ်န္ က အလြန္အမင္း စိတ္ပူလြန္းသည္ဟု
သူခံစားေနမိတယ္၊လီေမာ္ကိုလည္း အရမ္း ဂ႐ုစိုက္တတ္တာကို က်ဳန္းရွို႔တစ္ေယာက္ျငဴစူစြာပဲ သိရွိေနခဲ့တယ္။
"လ်န္ေကာ"
က်ဳန္းရွို႔ ႏႈတ္ခမ္းေတြကို ေစ့ကိုက္ရင္း သတၱိိရွိစြာပဲ
သူေမးမိလိုက္တယ္။
"ေကာ...?"
"ဟမ္?"
ရွလ်န္ သူ႕ ဗိုက္ေလး အားလက္ေလးျဖင့္ ဖိရင္း
ကပ်ာကသီ ျပန္ေျဖလာတယ္။
ႏြားနို႔ေသာက္ၿပီးေနာက္ ရွလ်န္ရဲ႕ ဗိုက္က
အေတာ္ေလး သက္ေတာင့္ သက္သာရွိ
လာေသာ္လည္း ခဏအၾကာတြင္ သူ႕ ဗိုက္ထဲ
မသက္မသာျဖစ္ေနျပန္တယ္။
က်ဳန္းရွိူ႕ ေခါင္းငုံ႕ထားတာမို႔ ရွလ်န္ရဲ႕ သိမ္ေမြ႕တဲ့ လႈပ္ရွားမႈေတြကို သတိမထားမိခဲ့ဘူး။
"လ်န္ေကာ ...ေမာ္ေကာ ကို စိတ္ဝင္စားေနတာလား...?"
သူ႕စကားမဆုံးခင္မွာပဲ ရွလ်န္ တစ္ေယာက္
ခုတင္ေဘး စားပြဲေအာက္ရွိ ေထြးခံ ကို
ဆြဲယူကာ ခုနေလးကပင္သူေသာက္လိုက္တဲ့
နို႔အားလုံးကို အန္ထုတ္ပစ္လိုက္တယ္။
က်ဳန္းရွို႔ ရဲ႕ က်န္ရွိေနေသးတဲ့ေမးခြန္းေတြ
ကလည္း လည္ေခ်ာင္းထဲမွာပဲ တစ္ဆို႔ေနလ်က္
ခုတင္ေပၚတြင္လဲေလ်ာင္းေနတဲ့ ရွလ်န္
ေၾကာင့္ဘာမွပင္ဆက္မေျပာနိုင္ေတာ့ဘူး။
ယခုအခ်ိန္တြင္ ရွလ်န္နဲ႕ လီေမာ္တို႔ၾကားဆက္ဆံေရးကို သူလုံးဝလက္မခံနိုင္ဘူး။
ေနာက္ဆုံးေတာ့ ...ရွလ်န္ဘက္မွလီေမာ္
အေပၚ ဘယ္လိုပဲ သေဘာထားသည္ျဖစ္ေစ
ရွလ်န္ကခုလက္ရွိသူ႕ေသြးသားအားလြယ္ပိုး
ထားျခင္းျဖစ္တာကိုေတာ့ ေျပာင္းလဲလို႔မရနိုင္ေခ်ဘဴး။
က်ဳန္းရွိူ႕ တစ္ေယာက္ဤနည္းတစ္ခုတည္း
ျဖင့္သာသူ႕ကိုယ္သူႏွစ္သိမ့္နိုင္လိမ့္မယ္။
****
ထိုေန႕လည္ပိုင္းတြင္ ဒူလန္က်ဲက အလ်င္အ ျမန္ပင္ရွလ်န္အား စစ္ေဆးေပးရန္ဆရာဝန္တစ္ဦးကိုေခၚလာေပးခဲ့
တယ္။
က်ဳန္းရွို႔ တံခါးဖွင့်လိုက်တဲ့အချ်ိန်, ဒူလန္က်ဲ ေျပာတဲ့ဆရာဝန္ဆိုတာက အမွန္တကယ္ပင္ခဲ့မိုင္ျဖစ္ေနတာကို ေတြ႕
လိုက္ရတယ္။
သူခဲ့မိုင္ကို ေလးစားသမႈရွိခဲ့တယ္၊
လြန္ခဲ့ေသာ ႏွစ္အနည္းငယ္ကရွလ်န္ ေက်ာင္းတက္ေန
ခ်ိန္၌ က်ဳန္းရွို႔သူ႕ကိုေဆးရုံေရွ႔ထိလိုက္ပို႔ခဲ႔ရဘူးတယ္၊
ထိုအခ်ိန္ကခဲ့မိုင္ ကဂ်ဴတီကုတ္အျဖဴဝတ္ကာ ေဆး႐ုံတံခါးအျပင္ဘက္၌ သူတို႔အား မတ္တပ္ရပ္လ်က္ ေစာင့္ေနတာကို ေတြ႕ရတယ္၊က်ဳန္းရွိူ႕ က ထိုသူကို ကားေပၚကေန
တခ်က္မွ်သာ လွည့္ၾကည့္လိုက္မိေပမယ့္ သူအေတာ္ေလး သေဘာက်သြားခဲ့တယ္။
ခဲ့မိုင္ရဲ႕ ႐ုပ္ရည္သြင္ျပင္ႏွင့္ စိတ္သေဘာထား က
အမ်ိဳးသမီးမ်ားၾကား ေရပန္းစားေလာက္တယ္ ၊
သူကထက္ျမက္တည္ၿငိမ္ေပမယ့္ အရမ္းေဖာ္ေ႐ႊသူလည္း မဟုတ္ျပန္ဘူး။က်ဳန္းရွိူ႕က ထိုသူရဲ႕ ႐ုပ္ရွည္ သြင္ျပင္
ေၾကာင့္ သာမက အသက္ငယ္ငယ္ေလးႏွင့္ အာ႐ုံေၾကာ
အခ်ိန္အေတာ္ေလး ၾကာၿပီးေနာက္မွသူက
ဒူလန္က်ဲကို လွည့္ၾကည့္ၿပီး သံသယမ်ားျဖင့္
ပြောလ်ိုက်မိတယ်၊
" မင္းကအာ႐ုံေၾကာခြဲစိတ္ဆရာဝန္ကို မီးယပ္သားဖြား
အတြက္ စစ္ေဆးခိုင္းမို႔လား?"
ဒူလန္က်ဲက သူ႕လက္အားေဝ့ရမ္းၿပီး
မထူးျခားစြာ ေျပာလာတယ္၊
" သူ႕ကို အဲ့လို မထင္နဲ႕...သူက အနႏၱတန္ခိုးရွင္ ဆရာဝန္ တစ္ေယာက္...ကေလးေမြးေပးတယ္ဆိုတာက
သူ႕အတြက္ေတာ့ ကိတ္မုန့္ေလး တစ္ခ်ပ္လွီးစားရသလိုပဲ "
ခဲ့မိုင္က ဒူလန္က်ဲကို တြန္းထုတ္လိုက္ၿပီး,
"မင္းကဒါကို ႂကြားလုံးထုတ္ေနတာလား?"
ထို႔ေနာက္သူက က်ဳန္းရွိူ႕ကို ၿပဳံးျပလာတယ္,
" ငါတို႔ ဒီအတြက္ အထူးကိရိယာေလးတစ္ခု ယူလာေပး
တယ္, ခြဲစိတ္ဖို႔ ကေတာ့ ငါ့တာဝန္ထား..ဒီကိရိယာကထြက္လာမယ့္ရလာဒ္ ကေတာ့ အဓိကက်တယ္"
ခဲ့မိုင္ယူလာတဲ့ ေသတၱာေတြထဲမွ ခဲ့မိုင္ေျပာတဲ့
ပစၥည္းကို ေတြ႕လိုက္ရတယ္၊ထို႔ေနာက္
သူကပဲ ဦးေဆာင္ၿပီး ထိုသူႏွစ္ေယာက္အား
ရွလ်န္ရဲ႕ အိပ္ခန္း ဆီသို႔ ေခၚလာခဲ့လိုက္တယ္
၊ထိုအခ်ိန္တြင္, ရွလ်န္ တစ္ေယာက္ တေရးတေမာအိပ္ေနရာမွနိုးလာၿပီး မသက္မသာျဖစ္မႈေၾကာင့္ခုတင္ေပၚတြင္
ပ်င္းရိစြာျဖင့္ လဲေလ်ာင္းေနတယ္။
"အိုး...မင္း အရမ္း ပိန္သြားတာပဲ"
ဒူလန္က်ဲက ရွလ်န္အနီးသို႔ ခ်ဥ္းကပ္ၿပီး
သူ႕ကို ၿပဳံးၿပဳံးႀကီးၾကည့္လာတယ္၊ ထို႔ေနာက္ ကုလားထိုင္တစ္လုံးကို ဆြဲယူၿပီး ခုတင္ေဘးမွာ ဝင္ထိုင္လိုက္တယ္။
ရွလ်န္ က သူ႕လက္ေလးအား ေဖ်ာ့ေတာ့စြာ ေဝ့ရမ္းၿပီး
ေျပာလာတယ္၊
" ေအးေဆးလုပ္မေနနဲ႕,ဆရာဝန္ဘယ္မွာလဲ?"
"ဒီမွာ"
ဒူလန္က်ဲက ခဲ့မိုင္ကို ၫႊန္ျပတယ္၊ခဲ့မိုင္နဲ႕ ရွလ်န္တို႔
အရင္မေတြ႕ဖူးၾကတာမို႔ တစ္ဦးႏွင့္ တစ္ဦး ေခါင္းညိတ္ျပလိုက္ၾကတယ္။ထို႔ေနာက္ ခဲ့မိုင္က ဒူလန္က်ဲ အား ေသတၱာဖြင့္ၿပီး စက္ႏွစ္လုံးအား တပ္ဆင္ဖို႔ ေျပာလာတယ္။
ရွလ်န္က ဤကဲ့သို႔ ထူးထူးျခားျခားဖန္တီးထားတဲ့ကိရိယာမ်ိဳး တခါမွမျမင္ဖူးခဲ့ဘူး။ဒါေၾကာင့္မို႔ ေမးဖို႔ရာဟန
္ပင္မေဆာင္နိုင္ခဲ့ဘူး၊
" အဲ့ဒါကဘာလဲ ?"
"မင္းဗိုက္ထဲကကေလးကိုျမင္နိုင္တဲ့ ကိရိယာ"
ခဲ့မိုင္က ေျပာလာတယ္။
"အယ္ထရာေဆာင္းရိုက္ဖို႔လိုေသးတာလား?"
ရွလ်န္ေမးလာတယ္၊
" ေဆး ပညာေတြကဘယ္တုန္းကဒီေလာက္ထိ
အဆင့္ျမင့္သြားရတာလဲ?"
"ဒါက ကြၽန္ေတာ္တို႔ရဲ႕ ေဆးဖက္ဆိုင္ရာ မူေတြကို
အေျခခံၿပီး စုန့္ယန္တို႔ အဖြဲ႕ကလုပ္တဲ့ စက္ ပစၥည္းေလ"
ဒူလန္က်ဲက ရွင္းျပလာတယ္။
ရွလ်န္ တစ္ေယာက္ အရင္က စုန့္ယန္ ေနာက္ကြယ္မွ
လွ်ို႔ဝွက္ဆန္းၾကယ္တဲ့ သိပၸံသုေတသနအဖြဲ႕အေၾကာင္း
ၾကားသိထားဖူးေသာ္လည္း ယခုတြင္ ထိုအဖြဲ႕မွ
ထူးျခားစြာထုတ္လုပ္ထားတဲ့ထုတ္ကုန္အား
ေတြ႕လိုက္ရတဲ့အခါ, စုန့္ယန္၏သုေတသနနယ္ပယ္ကြၽမ္းက်င္မႈကို မ်က္ဝါးထင္ထင္ေတြ႕လိုက္ရတယ္။
သူဘာမွေတာ့ မေျပာမိဘဲ သူ႕ တကိုယ္လုံး စစ္ေဆးဖို႔ရာအတြက္ခဲ့မိုင္ရဲ႕ ၫႊန္ၾကားခ်က္ကိုသာလိုက္နာခဲ့တယ္၊ကိရိယာရဲ႕ တုံ႕ျပန္မႈက အရမ္းျမန္တယ္၊အခ်ိန္ႏွင့္ တေျပးညီ စစ္ေဆးၿပီးတိုင္း screenေပၚ၌ အလ်င္အျမန္ေပၚလာေသာ္လည္း ရွလ်န္နဲ႕ က်ဳန္းရွိူ႕ကေတာ့ ထိုအရာေတြကို နားမလည္ခဲ့ဘူး။
က်ဳန္းရွို႔ တစ္ေယာက္စိတ္ရွည္စြာေစာင့္ဆိုင္းၿပီးေနာက္
စိတ္အားထက္သန္စြာေမးလိုက္မိတယ္၊
" ဘယ္လို အေျခအေနရွိလဲ?"
"အရမ္းေကာင္းတယ္"
ခဲ့မိုင္က ၿပဳံးျပတယ္,
" အကုန္လုံးက ပုံမွန္ပဲ, ကေလးကႏွလုံးခုန္ေနၿပီ, ၿပီးေတာ့ အေျခအေနကလည္းအေတာ္ေလး တည္ၿငိမ္တယ္"
က်ဳန္းရွို႔ တစ္ေယာက္ သက္ျပင္းခ်လိဳက္ၿပီး ေမးလာတယ္၊
"ဒါဆို သူဘာလို႔ ဒီေလာက္ထိ ဆိုးဆိုး႐ြား႐ြားအန္ေနရတာလဲ?"
"Morning sicknessက တေယာက္နဲ႕
တေယာက္မတူၾကဘူး"
ခဲ့မိုင္က ရွင္းျပလာတယ္,
" ရွင္းရွင္းေျပာရရင္, ဒါက ကိုယ္ဝန္ေဆာင္ေတြအတြက္ ကေလးရဲ႕ အသြင္ သဏၭာန္တည္ေဆာက္မႈ အတြက္
သာမန္ျဖစ္ရိုး ျဖစ္စဥ္ပဲ,တေျဖးေျဖး ေကာင္းလာလိမ့္မယ္"
က်ဳန္းရွို႔ မယုံတဝက္ျဖင့္ ေခါင္းညိတ္လိုက္
စဥ္ ရွလ်န္ ေမးတာကို ၾကားလိုက္ရတယ္၊
" ကြၽန္ေတာ္က ေယာက်္ားတစ္ေယာက္မို႔
Morning sicknessကပိုျပင္းထန္တာလား?"
"အဲ့လိုလည္း ေျပာလို႔မရဘူး"
ခဲ့မိုင္က ၿပဳံးျပလာတယ္,
" ဒီလိုျဖစ္တာကို မင္း သိပ္မသိတာျဖစ္နိုင္တယ္၊အမွန္တကယ္ေတာ့ မင္းရဲ႕အေျခအေနက အေတာ္ေလး ေကာင္း
တယ္၊သုညနယ္ပယ္မွာရွိတဲ့ကိုယ္ဝန္ ေဆာင္အမ်ိဳးသမီး တခ်ိဳ႕ဆို ျပင္းထန္တဲ့ ေအာ့အန္မႈေၾကာင့္ ေဆး႐ုံတက္
ရတယ္"
ရွလ်န္ အေတာ္ေလး အံ့အားသင့္သြားတယ္၊
"အဲ့ဒီလို မ်ိဳးရွိတာလား?"
က်ဳန္းရွိူ႕ ရွလ်န္ရဲ႕ လက္ကို ဆုပ္ကိုင္ေပးလာၿပီး
တဖက္လူအား ႏွစ္သိမ့္ ေပးလာတယ္။
"လ်န္ေကာ...အဆင္ေျပသြားမွာပါ... ကြၽန္ေတာ္တို႔
ေဆး႐ုံ သြားစရာမလိုဘူး"
ရွလ်န္က ထိတ္လန့္စြာျဖင့္ သူ႕လက္ကို ဖယ္ထုတ္ၿပီး
ေျပာလာတယ္၊
" အန္တာက ငါပါ...မင္းမဟုတ္ဘူး,
မင္းကဘာလာၿပီး ဝမ္းနည္းေနတာလဲ?"
"ဒါေပမယ့္ ေကာေန႕တိုင္း အဲ့ဒီလို ေအာ့အန္ေန
တာေတြ႕ရေတာ့ကြၽန္ေတာ္လည္းအရမ္း..."
သူက 'စိတ္ဆင္းရဲတယ္'လို႔ ေျပာခ်င္ေပမယ့္
အျပင္လူေတြရွိတာမို႔ စကားလုံးေတြကိုျပန္မ်ိဳခ်လိဳက္တယ္။
ခဲ့မိုင္က က်ဳန္းရွို႔ မ်က္လုံးထဲမွအရာေတြကို
ျမင္လိုက္ရသူမို႔က်ဳန္းရွို႔ရဲ႕အေတြးေတြကို
သူနားလည္ေနၿပီ၊ေလာေလာဆယ္ေတာ့
သူဝင္ေျပာလို႔ မျဖစ္ေခ်ဘဴး၊သူ႕ ေက်ာပိုးအိတ္
ထဲမွ ေဆးတဗူးကို ထုတ္ယူၿပီးရွလ်န္
You are reading the story above: TeenFic.Net