...[ U ]
ထိုစကားကို ကြားပြီးချိန် ရှလျန် သူ့ဗိုက်ကို ထိကိုင်ရန် လက်ရွယ်မိသော်လည်း မိုက်မိုက်မဲမဲအရာတစ်ခုအားလုပ်မိသည့်အလား
အလျင်အမြန်သူ့လက်အားဖယ်ခွာလိုက်တယ် ။
ကျုန်းရှိူ့ တစ်ယောက် ရှလျန်၏ခြေရင်း၌
ဒူးထောက်ပြီးခန္ဓာကိုယ်အား မတ်မတ်ထားလျက်,
"လျန်ကော, ကျွန်တော်ကိုတကိုယ်ကောင်း သမား လို့ ပဲဆိုဆို,လူယုတ်မာတစ်ယောက်
လို့ပဲ ကောဘက်ကသတ်မှတ်သတ်မှတ် ,
ကလေးကိုတော့ကျွန်တော်တကယ်
မသတ်ရက်ဘူး"
"ကျွန်တော်ဆို ငယ်ငယ်လေးကတည်းက မိဘတွေကို မမြင်ဖူးခဲ့ဘူး၊လသားအရွယ်လောက်ထဲက မိဘမဲ့ကျောင်းရဲ့ တံခါးဝမှာ
ထားခဲ့ကြတာမို့ မိဘမဲ့ ဂေဟာက ဌာနမှုးကတောင် ဘာလို့များ လသားအရွယ်လေး
ကို စွန့် ပစ်ရက်ကြတာလဲလို့ တွေးမိတယ်ဆိုပြီးပြောခဲ့ဖူးတယ်၊ ဆင်းရဲ မွဲတေမှု ကို မခံနိုင်ခဲ့လို့များလားဒါမှမဟုတ်ကလေးတစ်ယောက်ကိုကျွေးမွေး ပြုစုဖို့အဆင်မပြေကြလို့လား? အကယ်၍များ ကျွန်တော်သာအနာဂတ်မှာကျွန်တော့် ရဲ့ သွေးသားလေးရှိလာခဲ့ရင်ဘယ်တော့မှ သူတို့လို လုပ်မှာမဟုတ်ဘူး၊ကျွန်တော့်မချမ်းသာရင်တောင် ကျွန်တော့် သားသမီးကိုတော့ ရအောင် ပြုစုပျိုးထောင်မယ်၊ ပတ်ဝန်းကျင်ကရှုံ့ချရင်တောင် ကျွန်တော့် သွေးသားကို ဘယ်သူမှမသိတဲ့ နေရာဆီခေါ်သွားမယ်၊ ကျွန်တော်က မိဘမဲ့ တစ်ယောက်ဖြစ်ခဲ့တာမို့ ကျွန်တော့်သားသမီးကိုတော့ဘယ်တော့မှစွန့်ပစ်မှာ မဟုတ်ဘူး"
"မင်း ပြောတာကို ငါသဘောပေါက်ပါတယ်"
ရှလျန်၏စိတ်အစဥ်တို့ ကတဖြေးဖြေး
ငြိမ်သက်လာပြီး ရှေ့ကို ငုံ့ကိုင်း၍
ကျုန်းရှို့နားသို့တိုးကပ်လိုက်တယ်။
"မင်း ဝန်လေးနေမယ်ဆိုတာကိုလည်း
ငါသိတယ်၊ မင်းငယ်ငယ်လေးကတည်းက
မင်းမှာ မိဘမရှိခဲ့ဘူး၊ အခုဆို မင်းအတွက်တွယ်တာရမယ့်သွေးသားဆွေမျိုးလေးရှိလာပြီ၊ အဲ့ဒါတွေထက်ဒါကငါ့သွေးသားလည်းဖြစ်တာမို့ ငါလည်းခံစားချက်ကင်းမဲ့တဲ့
လူစားမျိုးတော့မဟုတ်ဘူး"
ရှလျန်ဘက်မှထိုကဲ့သို့တုံ့ပြန်လာမည်ဟု
သူမမျှော်လင့်ထားတာမို့ ကျုန်းရှို့အံ့အား
သင့်နေမိတယ်။
ရှလျန်ဆက်ပြောလာတယ်၊
" ဒါပေမယ့် ပြဿနာက ဒီကလေးကနေရာမှားလာတယ်၊ABOလောကမှာဒီလိုမျိုး အနေအထားဆိုငါလုံးဝဂရုမစိုက်ဘူး၊
ဒါပေမယ့် အယ်ဖာမရှိ၊အိုမီဂါဆိုတာကိုလည်းဘာမှန်းမသိကြတဲ့ ဒီကမ္ဘာမှာ
ယောကျ်ားတစ်ယောက် အနေနဲ့ ကလေး
မွေးဖို့ ဆိုတာက ဘယ်လိုမှမဖြစ်နိုင်ဘူး၊
ကလေးကို အသက်ရှင်ခွင့် ပေးချင်တာကကောင်းတဲ့ အတွေးတစ်ခုဆိုပေမယ့် နောင်အနာဂတ်မှာ ငါတို့ဘာဆက်လုပ်ကြမလဲ ?
ဒီ ကမ္ဘာရဲ့ မျက်လုံးတွေကိုဘယ်လို ဖုံးကွယ်ထားကြမလဲ ? လူကြီးမိဘတွေကိုရော ဘယ်လို ရှင်းပြကြမလဲ? အကယ်၍ဒီကိစ္စတွေကို မစဥ်းစားဘဲ ခဏဘေးဖယ်ထားစေဦးအဓိက အရေးကြီးဆုံးတစ်ခုကကလေးကို ငါဘယ်လိုမွေးရမလဲ ? အမျိုးသားတွေအတွက် ကလေး မီးဖွားပေးနိုင်တဲ့ ဆေးရုံလည်း မရှိဘူး၊အကယ်၍ မတော်တဆ ကလေး ထိခိုက်တာမျိုး တစ်ခုခု ဖြစ်လာခဲ့ရင်
ဘယ်ဆေးရုံကိုသွားကြမလဲ?ဆေးရုံရောက်ရင် ရောဘယ်လို ပြောကြမလဲ ?အဲ့ဒီ ပြဿနာတွေကိုရော မင်းစဥ်းစား ပြီးပြီလား ? ဖြစ်လာမယ့်အန္တရာယ်နဲ့ အကျိုးဆက်တွေကိုငါတို့ ဘယ်လို ရင်ဆိုင်ကြမလဲ ?"
ကျုန်းရှိူ့ ဆွံ့အနေမိတယ်၊ရှလျန် ကိုယ်ဝန်ရှိနေပြီ ဆိုတာသိလိုက်ရချိန်ကတည်းက
သူ့ စိတ်ခံစားမှု တွေကတက်လိုက်ကျလိုက်
ဖြင့် တဟုန်ထိုး ပြောင်းလဲနေတယ်၊သူက
ရှလျန်ရဲ့ ဆန္ဒတွေကိုနာခံခြင်း နဲ့ဖီဆန်ခြင်းတွေ ကြား လူးလာခေါက်တုံ့ဖြင့်ရှိနေလျက်
ချီတုံချတုံဖြစ်နေချိန် ရှလျန်ကတော့မြောက်များစွာသော အတွေးတွေကိုတိတ်တဆိတ်
ဖြင့် တွေးနေလိမ့်မယ်လို့သူလုံးဝမျှော်လင့်မထားခဲ့မိဘူး။
ကျုန်းရှိူ့ ဆွံ့အသွားတာကိုမြင် လိုက်ရတော့ ရှလျန်သက်ပြင်းတချက်ချလိုက်မိတယ်၊
"ဒါတောင်ဒီပြသနာတွေကစကားအဖြစ်ပဲ
ရှိသေးတယ်၊ တကယ့်လက်တွေ့ အခြေအနေဆို ဒီထက်ပိုဆိုး လိမ့်မယ်၊ကလေးမွေးပြီး
ရင်ရှမိသားစုလည်းဇောက်ထိုးဖြစ်သွားလိမ့်မယ်"
ကျုန်းရှိူ့ အံ့အားသင့်မှု နှင့် အတူ ရှလျန်အား
ရှုပ်ထွေးစွာ မော့ကြည့်လိုက်မိတယ်။
" ငါ့အဖေက ရှမိသားစုရဲ့ စီးပွားရေးလုပ်ငန်း တစ်ခုလုံး ငါ့လက်ထဲကို အပ်ထားလိုက်ပြီးဖြစ်တဲ့ အတွက်အခု ငါကရှမိသားစုရဲ့ဦးစီးခေါင်းဆောင် နေရာမှာရှိနေတယ်၊ဒါပေမယ့်
ငါ့အသက်က ငယ်သေးတယ်၊မိသားစုအကြီးအကဲတွေကလည်း သက်ရှိထင်ရှားရှိနေကြတယ်၊မိသားစု တစ်စုလုံးရဲ့ ကံကြမ္မာနဲ့
မိသားစုဝင်တွေရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို ငါ့ဘက်ကဂရုစိုက်ပြီး ချိန်ဆရမယ်၊မိသားစုထဲမှ စိုးရိမ်ပူပန်မှုတွေ သာမက ပြင်ပ ပြသနာတွေကလည်း ရှိသေးတယ်၊ရှနဲ့ စုန့်တို့ ပေါင်းစည်းပြီးနောက် စီးပွားရေး လုပ်ငန်းတွေရဲ့ တိုးတက်မှုနှုန်းကလည်း အရမ်း မြင့်မားနေတယ်၊အပုတ်ချဖို့ ဆွမ်းကြီး ဝိုင်းလောင်းဖို့ကိုလည်း ပြိုင်ဘက်တွေက အခွင့်အလမ်းရှာပြီး စောင့်ကြည့်နေကြတယ်၊ဒီလို အချိန်မျိုးမှာ ငါက ပိုတောင်သတိထားပြီး
အမှား မလုပ်မိအောင်နေရမယ့်အစား ကိုယ်ဝန်လွယ်ပြီး မီးဖွားပါတယ်ဆိုတဲ့ သတင်းသာ လူသိရှင်ကြားထွက်လာခဲ့ရင်,
ရှမိသားစုရဲ့ လုပ်ငန်း တစ်ခုလုံး ချက်ခြင်း ပြိုလဲ သွားလိမ့်မယ်၊အရှက်ကွဲ ရမယ့်အပြင်
စုန့်မိသားစုကပါအဆစ်သိက္ခာကျဦးမယ်၊
ရှမိသားစုရဲ့ဂုဏ်ဒြပ်နဲ့ အနာဂတ်ကိုငါ့လက်နဲ့ မဖျက်ဆီး နိုင်ဘူး၊ မင်းအဲ့ဒါကိုရောနားလည်လား ?"
ကျုန်းရှိူ့ကတော့မူ ဘာကိုမှမတုံ့ပြန်နိုင်လျက်
အချိန်အကြာကြီး ဒူးထောက်ကာခေါင်းငုံ့နေခဲ့မိတယ်။
ကျုန်းရှိူ့ စိတ်ဓာတ်ကျပြီးအရှုံးပေးလောက်ပြီလို့ ရှလျန် ထင်မိချိန် ကျုန်းရှိူ့ပြောလာတဲ့ စကားတွေကို သူကြားလိုက်ရတယ်။
"ကျွန်တော်လုပ်နိုင်တယ်"
"ဘာကိုလဲ?"
ရှလျန် ကျုန်းရှိူ့ ပြောတာကို နားမလည်ဘူး။
"လျန်ကော...."
ကျုန်းရှို့ တစ်ယောက် တသက်တာလုံးရှိရှိသမျှ သတ္တိတွေကိုစုစည်းပြီးလက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ကာ ခေါင်းမော့ ၍
ရှလျန်ကို ကြည့်လိုက်တယ်။
"အရင်တုန်းကတော့ ကောပြောတဲ့ အခက်အခဲတွေ၊အတားအဆီးတွေကို ကျွန်တော်တကယ်မစဥ်းစားခဲ့မိဘူးဆိုတာကို
ကျွန်တော်ဝန်ခံတယ်၊ ဒါပေမယ့် အခု ကောပြောပြလာတဲ့ အခါ,အဲ့ဒီ ပြဿနာတွေအတွက်အဖြေကိုကျွန်တော်စဥ်းစားကြည့်မယ်"
"ကျုန်းရှို့...မင်း !"
ကျုန်းရှို့ ဒီလောက်ထိ ခေါင်းမာ လိမ့်မယ်လို့
သူ လုံးဝ မျှော်လင့်မထားဘူး၊ ရှလျန်ကျုန်းရှို့ အား လက်ညိုးထိုးလျက်ဒေါသတကြီး
ဖြင့် တုန်လှုပ်နေမိတယ်။
"ဟုတ်ပြီ ..ငါ့ကိုပြော..မင်းဘာလုပ်နိုင်လဲ?!!"
ကျုန်းရှိူ့ ကလေး ကိစ္စနှင့် ပတ်သက်၍ အလေးအနက်တွေးပြီးနောက်,
" ကျွန်တော်တို့မှာ ကလေးမွေးဖွားတာနဲ့
ပတ်သက်ပြီး အတွေ့အကြုံ မရှိပေမယ့်
ဒူလန်ကျဲနဲ့ တိုင်ပင်လို့ရတယ်၊ သူ့မှာ ပိုသင့်လျော်မယ့် အဖြေတစ်ခုရှိနိုင်တယ်၊ကောပြောခဲ့တဲ့ စကားတွေ အတိုင်းပဲ,အိမ်တွင်းရေးနဲ့
ပြင်ပ ပြသနာတွေအကုန်လုံးကကောရဲ့ ကိုင်တွယ်နိုင်မှု အပေါ်မူတည်တယ်၊ကောက
အလင်းထဲမှာရှိနေပြီး သူတို့က အမှောင်ထဲမှာ
ရှိတယ် ၊ဒါပေမယ့် လုပ်ငန်းလည်ပတ်မှု
"ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု
မရှိဘူး၊ခေါင်းဆောင်မလုပ်ချင်တဲ့သူလို့ ကော အမြဲတမ်း ကျွန်တော့်ကို ပြောခဲ့တယ်၊
တကယ်တမ်းကျ နားမလည်တာ မဟုတ်ဘူး၊
ကျွန်တော့် စိတ်ထဲ မလိုအပ်ဖူးလို့ဘဲ အမြဲတွေးခဲ့တယ်၊ ရှမိသားစုအတွက် ကောရှိရင်
ပြည့်စုံတယ်လေ၊ ကျွန်တော်က ကောနောက်ပဲ အမြဲ လိုက်ပြီး ကောရဲ့ လက်ထောက်ပဲ ဖြစ်ချင်ခဲ့တာ၊ဒါပေမယ့် အခုတော့ , အခြေအနေတွေက ပြောင်းလဲ သွားပြီ၊ ကျွန်တော့်မှာ ရည်မှန်းချက်တွေနဲ့ မိသားစုဆိုတဲ့တွန်းအားတစ်ခုရှိလာပြီ၊ ကော ကျွန်တော့်ကို အခွင့်အရေး တစ်ခု ပေးနေသရွေ့ , ကော ကျေနပ်အောင် ကျွန်တော် အကုန်ကြိုးစားပြမယ်,
လျန်ကော...ကျေးဇူးပြုပြီး...ကျေးဇူးပြုပြီး..
ကျွန်တော့်ကို ယုံကြည်ပေးပါ!!"
မျက်လုံးတွေကို မှေးစင်းလျက်ရှလျန် အချိန်အတော်ကြာကျုန်းရှို့အား ငြိမ်သက်စွာဖြင့် စိုက်ကြည့်နေတယ်။
ယခင်တုန်းကတော့ ကျုန်းရှို့ကို သူက
ရှမိသားစုအတွက် အကူအညီရစေရန်တမင်တကာ ပြုစုပျိုးထောင်ပေးခဲ့သော်လည်း ကျုန်းရှိူ့ကအဘွားရှရဲ့ အာဏာစက်ကို ကြောက်ရွံ့တာမို့ စိတ်သဘောထားနူးညံ့စွာဖြင့် တမင်တကာပင် ငုံ့လျှိုးပြီး နေလာခဲ့ပုံရတယ်။
မထင်မှတ်ဘဲ ဤ ကလေးကြောင့် စိတ်အားထက်သန်မှုနှင့်အတူ အရာရာကို တိုက်ပွဲဝင်ဖို့ခွန်အားတွေ ရလာခဲ့ပြန်တယ်၊ဖခင်တစ်ယောက်ရဲ့ စိတ်ဓာတ်ခွန်အားကို ရှလျန် လေးနက်စွာဖြင့် ကြည့်နေမိခဲ့တယ် ။
သူ့တောင်းဆိုမှု နှင့်ပတ်သက်ပြီးသံသယရှိတာမို့ရှလျန်ဘက်မှမတုံ့ပြန်ခြင်းဟုကျုန်းရှို့တွေးမိလျက် ,
" ကောက နောက်ကွယ်မှာ နေပြီးအကုန်ညွှန်ကြားပါ,အဲ့ဒီအပြင်အပုတ်ချမယ့်လူတွေကိုလည်း ရှောင်ရှားနိုင်မယ်၊ သံသယတွေကိုလည်းကျွန်တော်တို့ အေးအေးဆေးဆေးရှင်းနိုင်မယ်၊ဘယ်ဟာက အမှန်အမှားဆိုတာကိုလည်း သူတို့ မဖော်ထုတ်နိုင်တာမို့ ဘာမှလည်းပြောရဲလုပ်ရဲကြမှာ မဟုတ်ဘူး..."
ကျုန်းရှို့ စကားမဆုံးခင်မှာဘဲရှလျန် ရုတ်တရက် ထမေးတယ်၊
" ကလေးမွေးပြီးရင်ရော,ဘယ်သူကြည့်မှာလဲ ?"
ကျုန်းရှို့ ထို စကားကြောင့် ခဏတာမျှအံ့အားသင့်သွားပြီး နားလည်ရန် အတော်လေး အချိန်ယူလိုက်ရတယ်၊ ရှလျန် နောင်တရပြီး
စိတ်ပြောင်းမှာကိုလဲစိုးရိမ်တာမို့ ရှလျန်ရဲ့ လက်ကို ဆုပ်ကိုင်ကာ အလျင်အမြန် ပြန်ပြောလိုက်ရတယ်၊
"ဟာ..ကျွန်တော် ကြည့်မယ်..ကျွန်တော်
ပြုစုပျိုးထောင်ပေးမယ်!! လျန်ကော က ကလေးလေး ပဲ မွေးပေး...ကျွန်တော်အကုန်လုပ်ပေးမယ်...ကောဒုက္ခမရောက်စေရဘူး...
ကျွန်တော် အကုန်လုပ်ပေးမယ်..."
ရှလျန်တစ်ယောက်တွေးရခက်နေဟန်ဖြင့် ထုံးစံအတိုင်းနဖူးကိုလက်ဖြင့် ပွတ်နေတယ် ၊လက်ရှိတွင်ရွေးချယ်ရခက်နေပြီးကလေးမွေးဖို့ ရွေးချယ်မယ်ဆို သူကကျုန်းရှို့ရဲ့ အတွေးတွေနောက်လိုက်ရတော့မှာ မလွဲဧကန်ပင်။
အမှန်တကယ်တော့ သူက ထိုစကားတွေကို
ကျုန်းရှိူ့ စိတ်ပျက်အောင် ပေါ့ပေါ့တန်တန် ပြောနေခဲ့ပေမယ့် ပြောပြီးတဲ့နောက်သူကိုယ််တိုင်ကျွင်းနက်နက် တစ်ခုအား တူးနေမိတယ်၊ကျွင်းထဲသို့ သူကိုယ်တိုင်ပင် မသိလိုက်ဘဲ ပြုတ်ကျသွားချိန်မှထို ကျွင်းက ခုန်ထွက်ရခက်တဲ့တွင်းပေါက်ကြီး တစ်ခုဆိုတာကိုသူ သဘောပေါက်သွားခဲ့ချေပြီ...။
24.12.2021
........................................................................
[ Z]
ထိုစကားကို ၾကားၿပီးခ်ိန္ ရွလ်န္ သူ႕ဗိုက္ကို ထိကိုင္ရန္ လက္႐ြယ္မိေသာ္လည္း မိုက္မိုက္မဲမဲအရာတစ္ခုအားလုပ္မိသည့္အလားအလ်င္အျမန္သူ႕လက္အားဖယ္ခြာလိုက္
တယ္ ။
က်ဳန္းရွိူ႕ တစ္ေယာက္ ရွလ်န္၏ေျခရင္း၌
ဒူးေထာက္ၿပီးခႏၶာကိုယ္အား မတ္မတ္ထားလ်က္,
"လ်န္ေကာ, ကြၽန္ေတာ္ကိုတကိုယ္ေကာင္းသမား လို႔ ပဲဆိုဆို,လူယုတ္မာတစ္ေယာက္လို႔ပဲ ေကာဘက္ကသတ္
မွတ္သတ္မွတ္ ,ကေလးကိုေတာ့ကြၽန္ေတာ္တကယ္
မသတ္ရက္ဘူး"
"ကြၽန္ေတာ္ဆို ငယ္ငယ္ေလးကတည္းက မိဘေတြကို မျမင္ဖူးခဲ့ဘူး၊လသားအ႐ြယ္ေလာက္ထဲက မိဘမဲ့ေက်ာင္းရဲ႕ တံခါးဝမွာ ထားခဲ့ၾကတာမို႔ မိဘမဲ့ ေဂဟာက ဌာနမႈးကေတာင္ ဘာလို႔မ်ား လသားအ႐ြယ္ေလး
ကို စြန့္ ပစ္ရက္ၾကတာလဲလို႔ ေတြးမိတယ္ဆိုၿပီးေျပာခဲ့ဖူးတယ္၊ ဆင္းရဲ မြဲေတမႈ ကို မခံနိုင္ခဲ့လို႔မ်ားလားဒါမွမဟုတ္ကေလးတစ္ေယာက္ကိုေကြၽးေမြး ျပဳစုဖို႔အဆင္မေျပၾကလို႔လား? အကယ္၍မ်ား ကြၽန္ေတာ္သာအနာဂတ္မွာ
ကြၽန္ေတာ့္ ရဲ႕ ေသြးသားေလးရွိလာခဲ့ရင္ဘယ္ေတာ့မွ သူတို႔လို လုပ္မွာမဟုတ္ဘူး၊ကြၽန္ေတာ့္မခ်မ္းသာရင္ေတာင္ ကြၽန္ေတာ့္ သားသမီးကိုေတာ့ ရေအာင္ ျပဳစုပ်ိဳးေထာင္
မယ္၊ ပတ္ဝန္းက်င္ကရႈံ႕ခ်ရင္ေတာင္ ကြၽန္ေတာ့္ ေသြးသားကို ဘယ္သူမွမသိတဲ့ ေနရာဆီေခၚသြားမယ္၊
ကြၽန္ေတာ္က မိဘမဲ့ တစ္ေယာက္ျဖစ္ခဲ့တာမို႔ ကြၽန္ေတာ့္သားသမီးကိုေတာ့ဘယ္ေတာ့မွစြန့္ပစ္မွာ မဟုတ္ဘူး"
"မင္း ေျပာတာကို ငါသေဘာေပါက္ပါတယ္"
ရွလ်န္၏စိတ္အစဥ္တို႔ ကတေျဖးေျဖး
ၿငိမ္သက္လာၿပီး ေရွ႕ကို ငုံ႕ကိုင္း၍
က်ဳန္းရွို႔နားသို႔တိုးကပ္လိုက္တယ္။
"မင္း ဝန္ေလးေနမယ္ဆိုတာကိုလည္း
ငါသိတယ္၊ မင္းငယ္ငယ္ေလးကတည္းက
မင္းမွာ မိဘမရွိခဲ့ဘူး၊ အခုဆို မင္းအတြက္တြယ္တာ
ရမယ့္ေသြးသားေဆြမ်ိဳးေလးရွိလာၿပီ၊ အဲ့ဒါေတြထက္ဒါကငါ့ေသြးသားလည္းျဖစ္တာမို႔ ငါလည္းခံစားခ်က္ကင္းမဲ့တဲ့
လူစားမ်ိဳးေတာ့မဟုတ္ဘူး"
ရွလ်န္ဘက္မွထိုကဲ့သို႔တုံ႕ျပန္လာမည္ဟု
သူမေမွ်ာ္လင့္ထားတာမို႔ က်ဳန္းရွို႔အံ့အား
သင့္ေနမိတယ္။
ရွလ်န္ဆက္ေျပာလာတယ္၊
" ဒါေပမယ့္ ျပႆနာက ဒီကေလးကေနရာမွားလာတယ္၊ABOေလာကမွာဒီလိုမ်ိဳး အေနအထားဆိုငါလုံးဝဂ႐ု
မစိုက္ဘူး၊ ဒါေပမယ့္ အယ္ဖာမရွိ၊အိုမီဂါဆိုတာကိုလည္းဘာမွန္းမသိၾကတဲ့ ဒီကမၻာမွာေယာက်္ားတစ္ေယာက္ အေနနဲ႕ ကေလး ေမြးဖို႔ ဆိုတာက ဘယ္လိုမွမျဖစ္နိုင္ဘူး၊
ကေလးကို အသက္ရွင္ခြင့္ ေပးခ်င္တာကေကာင္းတဲ့
အေတြးတစ္ခုဆိုေပမယ့္ ေနာင္အနာဂတ္မွာ ငါတို႔ဘာ
ဆက္လုပ္ၾကမလဲ ?ဒီ ကမၻာရဲ႕ မ်က္လုံးေတြကိုဘယ္လို ဖုံးကြယ္ထားၾကမလဲ ? လူႀကီးမိဘေတြကိုေရာ ဘယ္လို ရွင္းျပၾကမလဲ? အကယ္၍ဒီကိစၥေတြကို မစဥ္းစားဘဲ
ခဏေဘးဖယ္ထားေစဦးအဓိက အေရးႀကီးဆုံးတစ္ခုကကေလးကို ငါဘယ္လိုေမြးရမလဲ ? အမ်ိဳးသားေတြအ
တြက္ ကေလး မီးဖြားေပးနိုင္တဲ့ ေဆး႐ုံလည္း မရွိဘူး၊
အကယ္၍ မေတာ္တဆ ကေလး ထိခိုက္တာမ်ိဳး တစ္ခုခု ျဖစ္လာခဲ့ရင္ ဘယ္ေဆး႐ုံကိုသြားၾကမလဲ?ေဆး႐ုံေရာက္
ရင္ ေရာဘယ္လို ေျပာၾကမလဲ ?အဲ့ဒီ ျပႆနာေတြ
ကိုေရာ မင္းစဥ္းစား ၿပီးၿပီလား ? ျဖစ္လာမယ့္အႏၱရာယ္နဲ႕ အက်ိဳးဆက္ေတြကိုငါတို႔ ဘယ္လို ရင္ဆိုင္ၾကမလဲ ?"
က်ဳန္းရွိူ႕ ဆြံ႕အေနမိတယ္၊ရွလ်န္ ကိုယ္ဝန္ရွိေနၿပီဆိုတာသိလိုက္ရခ်ိန္ကတည္းက သူ႕ စိတ္ခံစားမႈ ေတြကတက္လိုက္က်လိဳက္ျဖင့္ တဟုန္ထိုး ေျပာင္းလဲေနတယ္၊သူက
ရွလ်န္ရဲ႕ ဆႏၵေတြကိုနာခံျခင္း နဲ႕ဖီဆန္ျခင္းေတြ ၾကား လူးလာေခါက္တုံ႕ျဖင့္ရွိေနလ်က္ ခ်ီတုံခ်တဳံျဖစ္ေနခ်ိန္ ရွလ်န္ကေတာ့ေျမာက္မ်ားစြာေသာ အေတြးေတြကိုတိတ္တ
ဆိတ္ျဖင့္ ေတြးေနလိမ့္မယ္လို႔သူလုံးဝေမွ်ာ္လင့္မထားခဲ့မိဘူး။
က်ဳန္းရွိူ႕ ဆြံ႕အသြားတာကိုျမင္ လိုက္ရေတာ့
ရွလ်န္သက္ျပင္းတခ်က္ခ်လိဳက္မိတယ္၊
"ဒါေတာင္ဒီျပသနာေတြကစကားအျဖစ္ပဲ
ရွိေသးတယ္၊ တကယ့္လက္ေတြ႕ အေျခအေနဆို
ဒီထက္ပိုဆိုး လိမ့္မယ္၊ကေလးေမြးၿပီး
က်ဳန္းရွိူ႕ အံ့အားသင့္မႈ ႏွင့္ အတူ ရွလ်န္အား
ရႈပ္ေထြးစြာ ေမာ့ၾကည့္လိုက္မိတယ္။
" ငါ့အေဖက ရွမိသားစုရဲ႕ စီးပြားေရးလုပ္ငန္း တစ္ခုလုံး ငါ့လက္ထဲကို အပ္ထားလိုက္ၿပီးျဖစ္တဲ့ အတြက္အခု ငါက
ရွမိသားစုရဲ႕ဦးစီးေခါင္းေဆာင္ ေနရာမွာရွိေနတယ္၊
ဒါေပမယ့္ ငါ့အသက္က ငယ္ေသးတယ္၊မိသားစုအႀကီး
အကဲေတြကလည္း သက္ရွိထင္ရွားရွိေနၾကတယ္၊မိသားစု တစ္စုလုံးရဲ႕ ကံၾကမၼာနဲ႕ မိသားစုဝင္ေတြရဲ႕ ေကာင္းက်ိဳး ဆိုးက်ိဳးေတြကို ငါ့ဘက္ကဂ႐ုစိုက္ၿပီး ခ်ိန္ဆရမယ္၊မိသားစုထဲမွ စိုးရိမ္ပူပန္မႈေတြ သာမက ျပင္ပ ျပသနာေတြကလည္း ရွိေသးတယ္၊ရွနဲ႕ စုန့္တို႔ ေပါင္းစည္းၿပီးေနာက္ စီးပြားေရး လုပ္ငန္းေတြရဲ႕ တိုးတက္မႈႏႈန္းကလည္း အရမ္း ျမင့္မားေနတယ္၊အပုတ္ခ်ဖိဳ႕ ဆြမ္းႀကီး ဝိုင္းေလာင္းဖို႔ကို
လည္း ၿပိဳင္ဘက္ေတြက အခြင့္အလမ္းရွာၿပီး ေစာင့္
ျကည့္ေနၾကတယ္၊ဒီလို အခ်ိန္မ်ိဳးမွာ ငါက ပိုေတာင္သတိထားၿပီး အမွား မလုပ္မိေအာင္ေနရမယ့္အစား ကိုယ္ဝန္
လြယ္ၿပီး မီးဖြားပါတယ္ဆိုတဲ့ သတင္းသာ လူသိရွင္ၾကားထြက္လာခဲ့ရင္, ရွမိသားစုရဲ႕ လုပ္ငန္း တစ္ခုလုံး ခ်က္ျခင္း ၿပိဳလဲ သြားလိမ့္မယ္၊အရွက္ကြဲ ရမယ့္အျပင္
စုန့္မိသားစုကပါအဆစ္သိကၡာက်ဦးမယ္၊
ရွမိသားစုရဲ႕ဂုဏ္ျဒပ္နဲ႕ အနာဂတ္ကိုငါ့လက္နဲ႕
မဖ်က္ဆီး နိုင္ဘူး၊ မင္းအဲ့ဒါကိုေရာနားလည္လား ?"
က်ဳန္းရွိူ႕ကေတာ့မူ ဘာကိုမွမတုံ႕ျပန္နိုင္လ်က္
အခ်ိန္အၾကာႀကီး ဒူးေထာက္ကာေခါင္းငုံ႕ေနခဲ့မိတယ္။
က်ဳန္းရွိူ႕ စိတ္ဓာတ္က်ၿပီးအရႈံးေပးေလာက္ၿပီလို႔ ရွလ်န္
ထင္မိခ်ိန္ က်ဳန္းရွိူ႕ေျပာလာတဲ့ စကားေတြကို သူၾကား
လိုက္ရတယ္။
"ကြၽန္ေတာ္လုပ္နိုင္တယ္"
"ဘာကိုလဲ?"
ရွလ်န္ က်ဳန္းရွိူ႕ ေျပာတာကို နားမလည္ဘူး။
"လ်န္ေကာ...."
က်ဳန္းရွို႔ တစ္ေယာက္ တသက္တာလုံးရွိရွိသမွ် သတၱိေတြကိုစုစည္းၿပီးလက္သီးအား က်စ္က်စ္ပါေအာင္ဆုပ္ကာ
ေခါင္းေမာ့ ၍ ရွလ်န္ကို ၾကည့္လိုက္တယ္။
"အရင္တုန္းကေတာ့ ေကာေျပာတဲ့ အခက္အခဲေတြ၊အတားအဆီးေတြကို ကြၽန္ေတာ္တကယ္မစဥ္းစားခဲ့မိဘူးဆိုတာကို ကြၽန္ေတာ္ဝန္ခံတယ္၊ ဒါေပမယ့္ အခု ေကာေျပာျပလာတဲ့ အခါ,အဲ့ဒီ ျပႆနာေတြအတြက္အေျဖကို
ကြၽန္ေတာ္စဥ္းစားၾကည့္မယ္"
"က်ဳန္းရွို႔...မင္း !"
က်ဳန္းရွို႔ ဒီေလာက္ထိ ေခါင္းမာ လိမ့္မယ္လို႔
သူ လုံးဝ ေမွ်ာ္လင့္မထားဘူး၊ ရွလ်န္က်ဳန္းရွို႔ အား
လက္ညိုးထိုးလ်က္ေဒါသတႀကီး
ျဖင့္ တုန္လႈပ္ေနမိတယ္။
"ဟုတ္ၿပီ ..ငါ့ကိုေျပာ..မင္းဘာလုပ္နိုင္လဲ?!!"
က်ဳန္းရွိူ႕ ကေလး ကိစၥႏွင့္ ပတ္သက္၍
အေလးအနက္ေတြးၿပီးေနာက္,
" ကြၽန္ေတာ္တို႔မွာ ကေလးေမြးဖြားတာနဲ႕
ပတ္သက္ၿပီး အေတြ႕အႀကဳံ မရွိေပမယ့္
ဒူလန္က်ဲနဲ႕ တိုင္ပင္လို႔ရတယ္၊ သူ႕မွာ ပိုသင့္ေလ်ာ္မယ့္ အေျဖတစ္ခုရွိနိုင္တယ္၊ေကာေျပာခဲ့တဲ့ စကားေတြအတိုင္းပဲ,အိမ္တြင္းေရးနဲ႕ ျပင္ပ ျပသနာေတြအကုန္လုံးက
ေကာရဲ႕ ကိုင္တြယ္နိုင္မႈ အေပၚမူတည္တယ္၊ေကာက
အလင္းထဲမွာရွိေနၿပီး သူတို႔က အေမွာင္ထဲမွာ
ရွိတယ္ ၊ဒါေပမယ့္ လုပ္ငန္းလည္ပတ္မႈ
ေတြရဲ႕ အေနအထားကို ေျပာင္းလဲခ်င္ရင္,
ကြၽန္ေတာ့္ကို ႐ုပ္ျပအျဖစ္ အေရွ႕မွာထားလို႔ရတယ္
၊ေကာေနာက္ကြယ္မွာေနတဲ့အခ်ိန္ကြၽန္ေတာ္က
ေကာရဲ႕ လက္ေတြ၊မ်က္လုံးေတြနဲ႕ နားေတြ ျဖစ္လာ
ေအာင္ႀကိဳးစားေပးမယ္၊ ေကာက မိုင္တစ္ေထာင္
အကြာကေန ကေလးကိုပဲဂ႐ုစိုက္ၿပီးအကုန္စီမံပါ၊
ကြၽန္ေတာ္ကေကာအလိုက်လက္ညိုးၫြန္ရာ
ေရျဖစ္ေစတဲ့အထိအကုန္လုပ္ေပးမယ္"
"ကြၽန္ေတာ္က ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ
မရွိဘူး၊ေခါင္းေဆာင္မလုပ္ခ်င္တဲ့သူလို႔ ေကာ
အၿမဲတမ္း ကြၽန္ေတာ့္ကို ေျပာခဲ့တယ္၊
တကယ္တမ္းက် နားမလည္တာ မဟုတ္ဘူး၊
ကြၽန္ေတာ့္ စိတ္ထဲ မလိုအပ္ဖူးလို႔ဘဲ
အၿမဲေတြးခဲ့တယ္၊ ရွမိသားစုအတြက္ ေကာရွိရင္
ျပည့္စုံတယ္ေလ၊ ကြၽန္ေတာ္က ေကာေနာက္ပဲ အၿမဲ လိုက္ၿပီး ေကာရဲ႕ လက္ေထာက္ပဲ ျဖစ္ခ်င္ခဲ့တာ၊ဒါေပမယ့္
အခုေတာ့ , အေျခအေနေတြက ေျပာင္းလဲ သြားၿပီ၊
ကြၽန္ေတာ့္မွာ ရည္မွန္းခ်က္ေတြနဲ႕ မိသားစုဆိုတဲ့တြန္းအားတစ္ခုရွိလာၿပီ၊ ေကာ ကြၽန္ေတာ့္ကို အခြင့္အေရး တစ္ခု
ေပးေနသေ႐ြ႕ , ေကာ ေက်နပ္ေအာင္ ကြၽန္ေတာ္
အကုန္ႀကိဳးစားျပမယ္,လ်န္ေကာ...ေက်းဇူးျပဳၿပီး..
.ေက်းဇူးျပဳၿပီး..ကြၽန္ေတာ့္ကို ယုံၾကည္ေပးပါ!!"
မ်က္လုံးေတြကို ေမွးစင္းလ်က္ရွလ်န္ အခ်ိန္အေတာ္ၾကာက်ဳန္းရွို႔အား ၿငိမ္သက္စြာျဖင့္ စိုက္ၾကည့္ေနတယ္။
ယခင္တုန္းကေတာ့ က်ဳန္းရွို႔ကို သူကရွမိသားစုအတြက္ အကူအညီရေစရန္တမင္တကာ ျပဳစုပ်ိဳးေထာင္ေပးခဲ့ေသာ္လည္း က်ဳန္းရွိူ႕ကအဘြားရွရဲ႕ အာဏာစက္ကို
ေၾကာက္႐ြံ႕တာမို႔ စိတ္သေဘာထားႏူးညံ့စြာျဖင့္
မထင္မွတ္ဘဲ ဤ ကေလးေၾကာင့္ စိတ္အားထက္သန္
မႈႏွင့္အတူ အရာရာကို တိုက္ပြဲဝင္ဖို႔ခြန္အားေတြ ရလာ
ခဲ့ျပန္တယ္၊ဖခင္တစ္ေယာက္ရဲ႕ စိတ္ဓာတ္ခြန္အားကို
ရွလ်န္ ေလးနက္စြာျဖင့္ ၾကည့္ေနမိခဲ့တယ္ ။
သူ႕ေတာင္းဆိုမႈ ႏွင့္ပတ္သက္ၿပီးသံသယရွိတာမို႔
ရွလ်န္ဘက္မွမတုံ႕ျပန္ျခင္းဟုက်ဳန္းရွို႔ေတြးမိလ်က္ ,
" ေကာက ေနာက္ကြယ္မွာ ေနၿပီးအကုန္ၫႊန္ၾကားပါ,အဲ့ဒီအျပင္အပုတ္ခ်မယ့္လူေတြကိုလည္း ေရွာင္ရွားနိုင္မယ္၊ သံသယေတြကိုလည္းကြၽန္ေတာ္တို႔ ေအးေအးေဆးေဆး
ရွင္းနိုင္မယ္၊ဘယ္ဟာက အမွန္အမွားဆိုတာကိုလည္း
သူတို႔ မေဖာ္ထုတ္နိုင္တာမို႔ ဘာမွလည္းေျပာရဲလုပ္ရဲၾကမွာ မဟုတ္ဘူး..."
က်ဳန္းရွို႔ စကားမဆုံးခင္မွာဘဲရွလ်န္ ႐ုတ္တရက္
ထေမးတယ္၊
" ကေလးေမြးၿပီးရင္ေရာ,ဘယ္သူၾကည့္မွာလဲ ?"
က်ဳန္းရွို႔ ထို စကားေၾကာင့္ ခဏတာမွ်အံ့အားသင့္သြားၿပီး နားလည္ရန္ အေတာ္ေလး အခ်ိန္ယူလိုက္ရတယ္၊ ရွလ်န္ ေနာင္တရၿပီးစိတ္ေျပာင္းမွာကိုလဲစိုးရိမ္တာမို႔ ရွလ်န္ရဲ႕
လက္ကို ဆုပ္ကိုင္ကာ အလ်င္အျမန္ ျပန္ေျပာလိုက္
ရတယ္၊
"ဟာ..ကြၽန္ေတာ္ ၾကည့္မယ္..ကြၽန္ေတာ္
ျပဳစုပ်ိဳးေထာင္ေပးမယ္!! လ်န္ေကာ က ကေလးေလး ပဲ ေမြးေပး...ကြၽန္ေတာ္အကုန္လုပ္ေပးမယ္...ေကာ
ဒုကၡမေရာက္ေစရဘူး..ကြၽန္ေတာ္ အကုန္လုပ္ေပး
မယ္..."
ရွလ်န္တစ္ေယာက္ေတြးရခက္ေနဟန္ျဖင့္ ထုံးစံအတိုင္းနဖူးကိုလက္ျဖင့္ ပြတ္ေနတယ္ ၊လက္ရွိတြင္ေ႐ြးခ်ယ္
ရခက္ေနၿပီးကေလးေမြးဖို႔ ေ႐ြးခ်ယ္မယ္ဆို သူကက်ဳန္းရွို႔ရဲ႕ အေတြးေတြေနာက္လိုက္ရေတာ့မွာ မလြဲဧကန္ပင္။
အမွန္တကယ္ေတာ့ သူက ထိုစကားေတြကို က်ဳန္းရွိူ႕ စိတ္ပ်က္ေအာင္ ေပါ့ေပါ့တန္တန္ ေျပာေနခဲ့ေပမယ့္ ေျပာၿပီးတဲ့ေနာက္သူကိုယ္္တိုင္ကြၽင္းနက္နက္ တစ္ခုအား တူးေနမိတယ္၊ကြၽင္းထဲသို႔ သူကိုယ္တိုင္ပင္ မသိလိုက္ဘဲ ျပဳတ္က်သြားခ်ိန္မွထို ကြၽင္းက ခုန္ထြက္ရခက္တဲ့တြင္းေပါက္ႀကီး တစ္ခုဆိုတာကိုသူ သေဘာေပါက္သြားခဲ့ေခ်ၿပီ...။
24.12.2021
........................................................................
You are reading the story above: TeenFic.Net