..[ U ]
နောက်တနေ့ မနက်စောစောတွင်ရှလျန်က ပစ္စည်းတွေဝယ်ရန် ကျုန်းရှိူ့ကို အပြင်လွှတ်လိုက်တယ်။
သို့သော်လည်း နေ့လည်မရောက်မီ ကျုန်းရှို့
တစ်ယောက်ပလပ်စတစ်အိတ်တအိတ်ကို လက်ကဆွဲလျက် တံခါးဖွင့်ဝင်လာတာကို
ရှလျန် တွေ့လိုက်ရတယ်။
ရှလျန် ကျုန်းရှို့ အပြောကို မစောင့်ဘဲ မေးလိုက်တယ်၊
" မင်းအကုန်ဝယ်လာလား?"
ကျုန်းရှို့ တိတ်တဆိတ်ပင် ရှလျန်လက်ထဲသို့
ပလပ်စတစ်အိတ်အားလွှဲပြောင်းပေးလိုက်တယ်၊ရှလျန် ဖွင့်ကြည့်လိုက်ရာ အိတ်ထဲ၌
ဆီးစစ်တံ ဘူးအချို့မှအပအခြားဆေးတွေကို တော့ မတွေ့ရဘူး။
"ကိုယ်ဝန်ဖျက်ဆေးဘယ်မှာလဲ?"
ရှလျန် မေးလာတယ်။
ကျုန်းရှိူ့ ချီတုံချတုံဖြင့် ပြောလာတယ်၊
"လျန်ကော, ကောမှာ ကိုယ်ဝန်ရှိမရှိမသေချာသေးတာမို့လေ...အဲ့ဒါကြောင့်"
"ဒါဆို မင်းဆေးရုံကိုရော မသွားဘူးလား?"
ကျုန်းရှို့ ခေါင်းကြီးသာငုံ့နေလျက် နှုတ်ဆိတ်နေတယ်၊
"အခုဒါဆို ဆီးစစ်တံတွေပဲဝယ်လာတာလား?"
ကျုန်းရှို့ ဘာမှမပြောဘူး။
" ဆီးစစ်တံပဲ ဝယ်လာပြီးဒီအိတ်တလုံးနဲ့
တမနက်လုံးအပြင်လျှောက်သွားနေတာလား?"
ရှလျန်ဒေါသတွေ ဘယ်နေရာကနေထွက်လာမှန်း မသိထွက်လာတယ်၊ အမှန်တကယ်တော့ သူ့ကိုယ်သူလည်း ဘာကြောင့်ဒေါသထွက်နေရလဲဆိုတာကို အတိအကျမသိပေ
မယ့် သူကျုန်းရှိူ့ကို ဒေါသထွက်နေတယ်။
ဒါပေမယ့် ကျုန်းရှိူ့ တစ်ယောက် ခေါင်းကြီး ငုံ့လျက် ရပ်နေဆဲ ဖြစ်တာကို တွေ့ရပြန်တော့
'သူ့အမှားကို ဝန်ခံ နေပုံ 'ရတာမို့ သူ့ ရင်ထဲမှ
ဒေါသတွေကို ဖိနှိပ်ရင်း လေသံအေးလေးဖြင့် သာပြောလိုက်တယ်။
" ဟုတ်ပါပြီ...အဲ့လိုချည်းရပ်မနေနဲ့!ငါမင်းအတွက် မနက်စာစားပွဲပေါ်မှာလုပ်ထားတယ်,အရင်ဆုံးမနက်စာစားလိုက်ဦး "
ကျုန်းရှိူ့ ခေါင်းညိတ်ပြပြီး မီးဖိုထဲသို့ ဝင်သွားတယ်၊ ရှလျန်က ကျုန်းရှို့ ထွက်သွားသည်အထိ စောင့်နေပြီးနောက် ညွန်ကြားချက်ကို
ဂရုတစိုက်ဖတ်ရန် ဆီးစစ်တံကိုထုတ်ယူလိုက်တယ်၊ထို့နောက် ဘူးလေးကိုယူပြီး ရေချိုးခန်းထဲသို့ဝင်လာလိုက်တယ်။
အမှန်တကယ်တော့ ကျုန်းရှို့အစာစားချင်စိတ်မရှိဘူး၊တမနက်လုံး ဆေးရုံ အဝင်ဝမှာမတ်တပ်ရပ်နေမိခဲ့ရင်း အထဲသို့ ခြေတလှမ်းပင်လှမ်းဖို့ရာ ခွန်အားမရှိခဲ့ဘူး။
ရှလျန်က သူ့ကို ကိုယ်ဝန်ဖျက်ဆေး ဝယ်လို့မရရင် စုန့်ယန်ဆီ သွားခိုင်းခဲ့သေးတယ်။
ဒါပေမယ့် သူစုန့်ယန်အားသွားမရှာခဲ့သလို ,
တခြားလူတွေကိုလည်း မသိစေချင်ဘူး။
ဒါက သူနဲ့ ရှလျန်တို့ကြားကလျှို့ဝှက်ချက်
တစ်ခုလေ၊ထို လျှို့ဝှက်ချက်အား တိတ်တဆိတ်သာ ကာကွယ်လိုခဲ့ပြီး
မည်သူကိုမှဝင်ရောက်စွက်ဖက်ခွင့်မပြုနိုင်သလိုသူ့ရင်သွေးကိုလည်း မည်သူကိုမှ
ဝင်ရောက်ဖျက်ဆီးခွင့်မပေးနိုင်ဘူး။
အသင့်စားထမင်းဘူးကို ကိုင်ထားလျက်
ပါးစပ်ထဲသို့ အပြည့်အသိပ်ထည့်သွင်းကာမျိုချပြီးနောက်ရေချိုးခန်း တံခါးပိတ်သံကြားလိုက်ရတယ်။
ထို တံခါးပိတ်သံကြောင့် ထမင်းလုတ်က လည်ချောင်း၌ပင်တစ်ဆို့သွားတယ်၊သူဆက်မစားနိုင်တော့ဘဲ လက်ထဲမှ ပန်းကန်နှင့် တူကို ချ၍ ရေချိုးခန်းတံခါးအနီးသို့လာပြီး အတွင်းဘက်ဆီသို့ ခြေဖျားထောက်ကာလှမ်းကြည့်လိုက်မိတယ်၊အတွင်းဘက်မှလှုပ်ရှားသံ အချို့အားနားစိုက်ထောင်နေမိသော်လည်း လက်ရှိ သူတို့ နေထိုင်ရာတိုက်ခန်းက အသံလုံတာမို့အခန်းတွင်း အခြေအနေကိုကျုန်းရှိူ့ မသိနိုင်ဘူး ။
တစ်နာရီရဲ့လေးပုံတစ်ပုံလောက်ကြာလာသည်အထိ ရှလျန်ထွက်မလာသေး၊ကျုန်းရှို့
စောင့်နေရင်း တဖြေးဖြေးပို၍ စိုးရိမ်လာတယ်၊ ဆီးစစ်တံက မည်မျှထိရောက်သည်ဆိုတာကို သူမသိပေမယ့် ဆီးစစ်တာလောက်နဲ့တော့ တစ်နာရီရဲ့ လေးပုံ တပုံ ဆို အတော်လေးပင်လုံလောက်နေပြီ။
တံခါးအပြင်တွင်စောင့်ဆိုင်းနေရာမှ နောက်ဆုံးတွင် တံခါးအနီးသို့ တိုးကပ်ပြီး
အသံပြုလိုက်တယ်၊
"လျန်ကော...ကော အထဲမှာလား?"
ရှလျန် သူ့ကို ပြန်ဖြေမလာတာမို့ သူပိုပိုပြီး
စိုးရိမ်လာတယ်။
သူခဏလောက်ထပ်စောင့်ပြီး တံခါးကို နောက်တကြိမ် ထပ်ခေါက်လိုက်တယ်၊
"လျန်ကော, ကော...ကောအဆင်ပြေရဲ့လား?
ကော ...မသက်မသာဖြစ်နေလားဟင်?"
တုံ့ပြန်သံလည်းမကြားရပြန်တာမို့တံခါးဖွင့်
မလာမီထိသူအကြိမ်ကြိမ် မေးနေမိတယ်၊
ခဏအကြာတွင်ရှလျန် ဖျော့တော့မှုနှင့်အတူ
တိတ်ဆိတ်စွာဖြင့် ထွက်လာတယ်။
ကျုန်းရှို့ ရှလျန်ရဲ့ အနေအထားကို ဂရုတစိုက်ဖြင့် ကြည့်နေရင်းမေးလိုက်တယ်၊
" လျန်ကော, စစ်ပြီးပြီလား? အခြေအနေဘယ်လိုလဲ?"
ရှလျန်ကသူ့ကို လျစ်လျူရှုပြီး ဧည့်ခန်းထဲသို့ လျှောက်သွားကာ ဆိုဖာပေါ် သို့ သူ့ကိုယ်သူပင်မြုပ်ဝင်သွားသည်အထိ အရုပ်ကြိုးပြတ်
ထိုင်ချလာခဲ့တယ်။
"လျန်ကော ...."
ကျုန်းရှို့ ရှလျန် နောက်သို့လိုက်လာပြီး
ရှလျန်လက်တွေကို ဆုပ်ကိုင်လိုက်ချိန် ထိတ်လန့်မှုကြောင့်ထင့်...လက်အစုံက ရေခဲတမျှ
အေးစက်နေတာကို တွေ့လိုက်ရတယ်။
ကျုန်းရှိူ့ ထိတ်လန့်လာပြီး ရှလျန်ရဲ့ အုံ့မှိုင်းနေတဲ့ မျက်နှာကို အသေအချာကြည့်ကာ
သူချက်ခြင်းပင် အခြေအနေကို သိလိုက်ရလေပြီ၊
"လျန်ကော...အဲ့ဒါ...တကယ်..တကယ်လား?"
ရှလျန် ခေါင်းငုံ့ပြီး မျက်နှာကို လက်တွေကြားဖွက်ထားမိနေရင်း ဖျော့တော့စွာ ပြောလာတယ်၊
"မင်း ငါ့ရှေ့မှာမနေနဲ့၊ငါမင်းကို မြင်နေရရင် ဒေါသထွက်လာမိလိမ့်မယ်၊ငါမင်းကို
မဆဲဆိုမိခင်မင်းငါနဲ့ ဝေးဝေးကိုသွားနေ
လိုက်တော့ "
ရှလျန် သူ့ကို ခုထိ မကျေမနပ်ဖြစ်နေဆဲကို ကျုန်းရှို့သိတယ်၊ အဖြစ်အပျက်တွေ အလုံးစုံ ဖြစ်ပျက်ခဲ့ပြီးရှလျန်က သူ့ရဲ့သားကောင်ဖြစ်ခဲ့ရတယ်။
ကျုန်းရှိူ့ဘက်မှ ပြင်းပြတဲ့ စိတ်အားထက်သန်မှုတွေကလွဲရင်ရှလျန်ဘက်မှ
သူ့အပေါ်အာသီသ သိပ်မရှိခဲ့ဘူး၊ဒါပေမယ့်
မတော်တဆမှု ကြောင့် ရှလျန်တွင် သူ့ရင်သွေးလေး ရှိလာတဲ့အခါ သူ့ကြောင့်ရှလျန် ဘဝတစ်ခုလုံး ဒုက္ခရောက်ရတော့မယ်။
ကျုန်းရှို့ ထွက်မသွားဘဲ ရှလျန်ရဲ့ လက်တစ်ဖက်ကိုထွေးဆုပ်ထားမိတယ်။ဆိုဖာဘေးတွင် ဖြေးညှင်းစွာ ဝင်ထိုင်လိုက်ပြီး သူတိုးတိုးလေးရှလျန်ကို ပြောမိတယ်၊
" လျန်ကော...ကျွန်တော်ဘယ်မှမသွားဘူး၊
"မင်းငါနဲ့ အတူနေပေးဖို့ မလိုဘူး"
အချိန်အတော်ကြာငြိမ်သက်နေပြီးနောက်
ရှလျန်မသဲမကွဲ ရေရွတ်ရင်း ပြောလာပြန်တယ်၊
" မင်းငါ့ကို ကိုယ်ဝန်ဖျက်ဆေး ဝယ်ပေးဖို့ပဲလိုတယ်"
ကျုန်းရှိူ့ အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက်, အသံတိုးတိုးဖြင့်မဝံ့မရဲလေး တောင်းဆိုလိုက်တယ်၊
" လျန်ကော, ကျွန်တော်တို့...ကျွန်တော်တို့ ကလေးလေးကို မွေးလို့ မရဘူးလားဟင်?"
ရှလျန် ရုတ်တရက် ခေါင်းမော့လာပြီး
ကျုန်းရှိူ့ အား မယုံနိုင်စွာ ကြည့်လာတယ်။
"မင်းဘာပြောလိုက်တယ်?"
ကျုန်းရှိူ့ အသက်ပြင်းပြင်းတချက်ရှုလိုက်ပြီး
ကျည်ဆံ ကိုက်ထားလျက် ပြောလိုက်မိတယ်၊
"လျန်ကော..ကလေး....ကလေးကို ဖျက်မချလို့ မရဘူးလား? ကလေးက အပြစ်ကင်းပါတယ်...."
ရှလျန် ကျုန်းရှိူ့ကို စိုက်ကြည့်ရင်း အေးစက်နေသော အပြုံးတစ်ခုက နှုတ်ခမ်းထောင့်တွေပင်တွန့်ကွေးလာစေတယ်။
" မင်းငါ့ကို လာနောက်နေတာလား?ကလေး က အပြစ်ကင်းတယ်ဆို...ငါကရော ?"
ရှလျန်ရဲ့ အကြည့်တွေကို ရှောင်ရှားနိုင်ဖို့
ကျုန်းရှို့ ခေါင်းငုံ့ လိုက်တယ်၊သူ့ တောင်းဆိုမှုက အလွန် တကိုယ်ကောင်းဆန်ပြီး အဓိပ္ပါယ်မဲ့ကြောင်း သူသိပြီးရှလျန် သူ့ကို ကျိန်ဆဲ ခြင်း မပြုသည်ကပင် သူ့ကို အတော်လေး
သည်းခံပေးထားတာကိုလည်း သူသိတယ်။
ကျုန်းရှိူ့ က ရှလျန်ရဲ့ လက်ဖဝါးတွေကို
ဆုပ်ကိုင် ပေးထားခြင်းအား ရှလျန် သတိမပြုမိခင်အထိ သူတို့နှစ်ယောက် ငြိမ်သက်စွာ
မျက်နှာချင်းဆိုင်ရှိနေကြတယ်။
ရှလျန် သူ့လက်ကို ဆွဲယူကာ ကျုန်းရှိူ့လက်အား ခါချလိုက်ပြီး ခပ်မတ်မတ်ထိုင်ရင်း
ကျုန်းရှို့ကို စေ့စေ့ကြည့်လိုက်တယ်။
"အမှန်တကယ်တော့ , အစကတည်းက
မင်း ကိုယ်ဝန်ဖျက်ဆေး ဝယ်လာဖို့ အစီအစဥ်
မရှိဘူးမလား ?"
"ကျွန်တော်...."
ကျုန်းရှိူ့ ကြမ်းပြင်ပေါ် ဆင်းကာ ဒူးထောက်ချရင်း ရှလျန်အား မော့ကြည့်လိုက်တယ်၊
"လျန်ကော, ကျွန်တော့် နှလုံးသားတွေကို ကျွန်တော်မလိမ်နိုင်ဘူး, အဲ့ဒါလေးကိုလည်း
ကျွန်တော့် ရင်သွေးလေး လို့ တွေးမိတာမို့ ,
ကျွန်တော်...ကျွန်တော်မလုပ်နိုင်ဘူး"
ရှလျန် မျက်နှာမှသွေးကြောတွေ အပြာရောင်ပြောင်းလာတာကို သူတွေ့လိုက်ရတယ်၊
ရှလျန်ထံမှဒေါသအရိပ်အယောင်တွေ
တမုဟုတ်ခြင်း ပေါ်လာတာမို့,
" လျန်ကော,စိတ်မဆိုးပါနဲ့...ကော ..ဗိုက်လေးကို ထိကြည့်ပါ..ရင်သွေးလေးကကောရဲ့ ဗိုက်ထဲမှာ အသက်ရှိနေပြီ၊ရင်သွေးလေးကကောနဲ့ ဆက်စပ်နေပြီ၊ကော...မခံစားမိဘူးလား?"
23.12.2021
........................................................................
[ Z ]
ေနာက္တေန႕ မနက္ေစာေစာတြင္ရွလ်န္က
ပစၥည္းေတြဝယ္ရန္ က်ဳန္းရွိူ႕ကို အျပင္လႊတ္လိုက္တယ္။
သို႔ေသာ္လည္း ေန႕လည္မေရာက္မီ က်ဳန္းရွို႔
တစ္ေယာက္ပလပ္စတစ္အိတ္တအိတ္ကို
လက္ကဆြဲလ်က္ တံခါးဖြင့္ဝင္လာတာကို
ရွလ်န္ ေတြ႕လိုက္ရတယ္။
ရွလ်န္ က်ဳန္းရွို႔ အေျပာကို မေစာင့္ဘဲ ေမးလိုက္တယ္၊
" မင္းအကုန္ဝယ္လာလား?"
က်ဳန္းရွို႔ တိတ္တဆိတ္ပင္ ရွလ်န္လက္ထဲသို႔
ပလပ္စတစ္အိတ္အားလႊဲေျပာင္းေပးလိုက္တယ္၊ရွလ်န္
ဖြင့္ၾကည့္လိုက္ရာ အိတ္ထဲ၌ ဆီးစစ္တံ ဘူးအခ်ိဳ႕မွအပအျခားေဆးေတြကို ေတာ့ မေတြ႕ရဘူး။
"ကိုယ္ဝန္ဖ်က္ေဆးဘယ္မွာလဲ?"
ရွလ်န္ ေမးလာတယ္။
က်ဳန္းရွိူ႕ ခ်ီတုံခ်တဳံျဖင့္ ေျပာလာတယ္၊
"လ်န္ေကာ, ေကာမွာ ကိုယ္ဝန္ရွိမရွိမေသခ်ာေသးတာမို႔ေလ...အဲ့ဒါေၾကာင့္"
"ဒါဆို မင္းေဆး႐ုံကိုေရာ မသြားဘူးလား?"
က်ဳန္းရွို႔ ေခါင္းႀကီးသာငုံ႕ေနလ်က္ ႏႈတ္ဆိတ္ေနတယ္၊
"အခုဒါဆို ဆီးစစ္တံေတြပဲဝယ္လာတာလား?"
က်ဳန္းရွို႔ ဘာမွမေျပာဘူး။
" ဆီးစစ္တံပဲ ဝယ္လာၿပီးဒီအိတ္တလုံးနဲ႕
တမနက္လုံးအျပင္ေလွ်ာက္သြားေနတာလား?"
ရွလ်န္ေဒါသေတြ ဘယ္ေနရာကေနထြက္လာမွန္း
မသိထြက္လာတယ္၊ အမွန္တကယ္ေတာ့ သူ႕ကိုယ္သူ
လည္း ဘာေၾကာင့္ေဒါသထြက္ေနရလဲဆိုတာကို အတိအက်မသိေပမယ့္ သူက်ဳန္းရွိူ႕ကို ေဒါသထြက္ေနတယ္။
ဒါေပမယ့္ က်ဳန္းရွိူ႕ တစ္ေယာက္ ေခါင္းႀကီး
ငုံ႕လ်က္ ရပ္ေနဆဲ ျဖစ္တာကို ေတြ႕ရျပန္ေတာ့
'သူ႕အမွားကို ဝန္ခံ ေနပုံ 'ရတာမို႔ သူ႕ ရင္ထဲမွ
ေဒါသေတြကို ဖိႏွိပ္ရင္း ေလသံေအးေလးျဖင့္
သာေျပာလိုက္တယ္။
" ဟုတ္ပါၿပီ...အဲ့လိုခ်ည္းရပ္မေနနဲ႕!ငါမင္းအတြက္
မနက္စာစားပြဲေပၚမွာလုပ္ထားတယ္,အရင္ဆုံး
က်ဳန္းရွိူ႕ ေခါင္းညိတ္ျပၿပီး မီးဖိုထဲသို႔ ဝင္သြားတယ္၊ ရွလ်န္က က်ဳန္းရွို႔ ထြက္သြားသည္အထိ ေစာင့္ေနၿပီးေနာက္
ၫြန္ၾကားခ်က္ကို ဂ႐ုတစိုက္ဖတ္ရန္ ဆီးစစ္တံကိုထုတ္ယူလိုက္တယ္၊ထို႔ေနာက္ ဘူးေလးကိုယူၿပီး ေရခ်ိဳးခန္းထဲ
သို႔ဝင္လာလိုက္တယ္။
အမွန္တကယ္ေတာ့ က်ဳန္းရွို႔အစာစားခ်င္စိတ္မရွိဘူး၊
တမနက္လုံး ေဆး႐ုံ အဝင္ဝမွာမတ္တပ္ရပ္ေနမိခဲ့ရင္း အထဲသို႔ ေျခတလွမ္းပင္လွမ္းဖို႔ရာ ခြန္အားမရွိခဲ့ဘူး။
ရွလ်န္က သူ႕ကို ကိုယ္ဝန္ဖ်က္ေဆး ဝယ္လို႔မရရင္
စုန့္ယန္ဆီ သြားခိုင္းခဲ့ေသးတယ္။
ဒါေပမယ့္ သူစုန့္ယန္အားသြားမရွာခဲ့သလို ,
တျခားလူေတြကိုလည္း မသိေစခ်င္ဘူး။
ဒါက သူနဲ႕ ရွလ်န္တို႔ၾကားကလွ်ို႔ဝွက္ခ်က္
တစ္ခုေလ၊ထို လွ်ို႔ဝွက္ခ်က္အား တိတ္တဆိတ္သာ ကာကြယ္လိုခဲ့ၿပီး မည္သူကိုမွဝင္ေရာက္စြက္ဖက္ခြင့္မျပဳနိုင္သလိုသူ႕ရင္ေသြးကိုလည္း မည္သူကိုမွ
ဝင္ေရာက္ဖ်က္ဆီးခြင့္မေပးနိုင္ဘူး။
အသင့္စားထမင္းဘူးကို ကိုင္ထားလ်က္ ပါးစပ္ထဲသို႔
အျပည့္အသိပ္ထည့္သြင္းကာမ်ိဳခ်ၿပီးေနာက္ေရခ်ိဳးခန္း တံခါးပိတ္သံၾကားလိုက္ရတယ္။
ထို တံခါးပိတ္သံေၾကာင့္ ထမင္းလုတ္က လည္ေခ်ာင္း၌
ပင္တစ္ဆို႔သြားတယ္၊သူဆက္မစားနိုင္ေတာ့ဘဲ လက္ထဲမွ ပန္းကန္ႏွင့္ တူကို ခ်၍ ေရခ်ိဳးခန္းတံခါးအနီးသို႔လာၿပီး
အတြင္းဘက္ဆီသို႔ ေျခဖ်ားေထာက္ကာလွမ္းၾကည့္လိုက္မိတယ္၊အတြင္းဘက္မွလႈပ္ရွားသံ အခ်ိဳ႕အားနား
စိုက္ေထာင္ေနမိေသာ္လည္း လက္ရွိ သူတို႔ ေနထိုင္ရာ
တိုက္ခန္းက အသံလုံတာမို႔အခန္းတြင္း အေျခအေနကိုက်ဳန္းရွိူ႕ မသိနိုင္ဘူး ။
တစ္နာရီရဲ႕ေလးပုံတစ္ပုံေလာက္ၾကာလာသည္အထိ
ရွလ်န္ထြက္မလာေသး၊က်ဳန္းရွို႔ ေစာင့္ေနရင္း တေျဖးေျဖးပို၍ စိုးရိမ္လာတယ္၊ ဆီးစစ္တံက မည္မွ်ထိေရာက္သည္ဆိုတာကို သူမသိေပမယ့္ ဆီးစစ္တာေလာက္နဲ႕ေတာ့
တစ္နာရီရဲ႕ ေလးပုံ တပုံ ဆို အေတာ္ေလးပင္
လုံေလာက္ေနၿပီ။
တံခါးအျပင္တြင္ေစာင့္ဆိုင္းေနရာမွ ေနာက္ဆုံးတြင္ တံခါးအနီးသို႔ တိုးကပ္ၿပီးအသံျပဳလိုက္တယ္၊
"လ်န္ေကာ...ေကာ အထဲမွာလား?"
ရွလ်န္ သူ႕ကို ျပန္ေျဖမလာတာမို႔ သူပိုပိုၿပီး
စိုးရိမ္လာတယ္။
သူခဏေလာက္ထပ္ေစာင့္ၿပီး တံခါးကို ေနာက္တႀကိမ္
ထပ္ေခါက္လိုက္တယ္၊
"လ်န္ေကာ, ေကာ...ေကာအဆင္ေျပရဲ႕လား?
ေကာ ...မသက္မသာျဖစ္ေနလားဟင္?"
တုံ႕ျပန္သံလည္းမၾကားရျပန္တာမို႔တံခါးဖြင့္
မလာမီထိသူအႀကိမ္ႀကိမ္ ေမးေနမိတယ္၊
ခဏအၾကာတြင္ရွလ်န္ ေဖ်ာ့ေတာ့မႈႏွင့္အတူ
တိတ္ဆိတ္စြာျဖင့္ ထြက္လာတယ္။
က်ဳန္းရွို႔ ရွလ်န္ရဲ႕ အေနအထားကို ဂ႐ုတစိုက္ျဖင့္
ၾကည့္ေနရင္းေမးလိုက္တယ္၊
" လ်န္ေကာ, စစ္ၿပီးၿပီလား? အေျခအေနဘယ္လိုလဲ?"
ရွလ်န္ကသူ႕ကို လ်စ္လ်ဴရႈၿပီး ဧည့္ခန္းထဲသို႔ ေလွ်ာက္သြားကာ ဆိုဖာေပၚ သို႔ သူ႕ကိုယ္သူပင္ျမဳပ္ဝင္သြားသည္အထိ အ႐ုပ္ႀကိဳးျပတ္ ထိုင္ခ်လာခဲ့တယ္။
"လ်န္ေကာ ...."
က်ဳန္းရွို႔ ရွလ်န္ ေနာက္သို႔လိုက္လာၿပီး
ရွလ်န္လက္ေတြကို ဆုပ္ကိုင္လိုက္ခ်ိန္
ထိတ္လန့္မႈေၾကာင့္ထင့္...လက္အစုံက ေရခဲတမွ်
ေအးစက္ေနတာကို ေတြ႕လိုက္ရတယ္။
က်ဳန္းရွိူ႕ ထိတ္လန့္လာၿပီး ရွလ်န္ရဲ႕ အုံ႕မွိုင္းေနတဲ့ မ်က္ႏွာကို အေသအခ်ာၾကည့္ကာ သူခ်က္ျခင္းပင္ အေျခအေနကို သိလိုက္ရေလၿပီ၊
"လ်န္ေကာ...အဲ့ဒါ...တကယ္..တကယ္လား?"
ရွလ်န္ ေခါင္းငုံ႕ၿပီး မ်က္ႏွာကို လက္ေတြၾကားဖြက္ထား
မိေနရင္း ေဖ်ာ့ေတာ့စြာ ေျပာလာတယ္၊
"မင္း ငါ့ေရွ႕မွာမေနနဲ႕၊ငါမင္းကို ျမင္ေနရရင္ ေဒါသထြက္လာမိလိမ့္မယ္၊ငါမင္းကို မဆဲဆိုမိခင္မင္းငါနဲ႕ ေဝးေဝးကိုသြားေနလိုက္ေတာ့ "
ရွလ်န္ သူ႕ကို ခုထိ မေက်မနပ္ျဖစ္ေနဆဲကို က်ဳန္းရွို႔သိ
တယ္၊ အျဖစ္အပ်က္ေတြ အလုံးစုံ ျဖစ္ပ်က္ခဲ့ၿပီးရွလ်န္က သူ႕ရဲ႕သားေကာင္ျဖစ္ခဲ့ရတယ္။
က်ဳန္းရွိူ႕ဘက္မွ ျပင္းျပတဲ့ စိတ္အားထက္သန္မႈေတြကလြဲရင္ရွလ်န္ဘက္မွသူ႕အေပၚအာသီသ သိပ္မရွိခဲ့ဘူး၊
ဒါေပမယ့္ မေတာ္တဆမႈ ေၾကာင့္ ရွလ်န္တြင္
သူ႕ရင္ေသြးေလး ရွိလာတဲ့အခါ သူ႕ေၾကာင့္ရွလ်န္
က်ဳန္းရွို႔ ထြက္မသြားဘဲ ရွလ်န္ရဲ႕ လက္တစ္ဖက္ကိုေထြးဆုပ္ထားမိတယ္။ဆိုဖာေဘးတြင္ ေျဖးညွင္းစြာ
ဝင္ထိုင္လိုက္ၿပီး သူတိုးတိုးေလးရွလ်န္ကို ေျပာမိတယ္၊
" လ်န္ေကာ...ကြၽန္ေတာ္ဘယ္မွမသြားဘူး၊
ကြၽန္ေတာ္ေကာနဲ႕ပဲ အတူေနေပးမယ္ေလ"
"မင္းငါနဲ႕ အတူေနေပးဖို႔ မလိုဘူး"
အခ်ိန္အေတာ္ၾကာၿငိမ္သက္ေနၿပီးေနာက္
ရွလ်န္မသဲမကြဲ ေရ႐ြတ္ရင္း ေျပာလာျပန္တယ္၊
" မင္းငါ့ကို ကိုယ္ဝန္ဖ်က္ေဆး ဝယ္ေပးဖို႔ပဲလိုတယ္"
က်ဳန္းရွိူ႕ အခ်ိန္အေတာ္ၾကာတိတ္ဆိတ္ေနၿပီးေနာက္, အသံတိုးတိုးျဖင့္မဝံ့မရဲေလး ေတာင္းဆိုလိုက္တယ္၊
" လ်န္ေကာ, ကြၽန္ေတာ္တို႔...ကြၽန္ေတာ္တို႔ ကေလးေလးကို ေမြးလို႔ မရဘူးလားဟင္?"
ရွလ်န္ ႐ုတ္တရက္ ေခါင္းေမာ့လာၿပီး
က်ဳန္းရွိူ႕ အား မယုံနိုင္စြာ ၾကည့္လာတယ္။
"မင္းဘာေျပာလိုက္တယ္?"
က်ဳန္းရွိူ႕ အသက္ျပင္းျပင္းတခ်က္ရႈလိုက္ၿပီး
က်ည္ဆံ ကိုက္ထားလ်က္ ေျပာလိုက္မိတယ္၊
"လ်န္ေကာ..ကေလး....ကေလးကို ဖ်က္မခ်လိဳ႕ မရဘူးလား? ကေလးက အျပစ္ကင္းပါတယ္...."
ရွလ်န္ က်ဳန္းရွိူ႕ကို စိုက္ၾကည့္ရင္း ေအးစက္ေနေသာ အၿပဳံးတစ္ခုက ႏႈတ္ခမ္းေထာင့္ေတြပင္တြန့္ေကြးလာေစတယ္။
" မင္းငါ့ကို လာေနာက္ေနတာလား?ကေလး က
အျပစ္ကင္းတယ္ဆို...ငါကေရာ ?"
ရွလ်န္ရဲ႕ အၾကည့္ေတြကို ေရွာင္ရွားနိုင္ဖို႔
က်ဳန္းရွို႔ ေခါင္းငုံ႕ လိုက္တယ္၊သူ႕ ေတာင္းဆိုမႈက အလြန္ တကိုယ္ေကာင္းဆန္ၿပီး အဓိပ္ပါယ်မဲ့ကြောင်း သူသိၿပီး
ရွလ်န္ သူ႕ကို က်ိန္ဆဲ ျခင္း မျပဳသည္ကပင္ သူ႕ကို
အေတာ္ေလး သည္းခံေပးထားတာကိုလည္း သူသိတယ္။
က်ဳန္းရွိူ႕ က ရွလ်န္ရဲ႕ လက္ဖဝါးေတြကို
ဆုပ္ကိုင္ ေပးထားျခင္းအား ရွလ်န္ သတိမျပဳမိခင္အထိ သူတို႔ႏွစ္ေယာက္ ၿငိမ္သက္စြာ
မ်က္ႏွာခ်င္းဆိုင္ရွိေနၾကတယ္။
ရွလ်န္ သူ႕လက္ကို ဆြဲယူကာ က်ဳန္းရွိူ႕လက္အား
ခါခ်လိဳက္ၿပီး ခပ္မတ္မတ္ထိုင္ရင္း
က်ဳန္းရွို႔ကို ေစ့ေစ့ၾကည့္လိုက္တယ္။
"အမွန္တကယ္ေတာ့ , အစကတည္းက
မင္း ကိုယ္ဝန္ဖ်က္ေဆး ဝယ္လာဖို႔ အစီအစဥ္
မရွိဘူးမလား ?"
"ကြၽန္ေတာ္...."
က်ဳန္းရွိူ႕ ၾကမ္းျပင္ေပၚ ဆင္းကာ ဒူးေထာက္ခ်ရင္း
ရွလ်န္အား ေမာ့ၾကည့္လိုက္တယ္၊
"လ်န္ေကာ, ကြၽန္ေတာ့္ ႏွလုံးသားေတြကို
ကြၽန္ေတာ္မလိမ္နိုင္ဘူး, အဲ့ဒါေလးကိုလည္း
ကြၽန္ေတာ့္ ရင္ေသြးေလး လို႔ ေတြးမိတာမို႔ ,
ကြၽန္ေတာ္...ကြၽန္ေတာ္မလုပ္နိုင္ဘူး"
ရွလ်န္ မ်က္ႏွာမွေသြးေၾကာေတြ အျပာေရာင္ေျပာင္းလာတာကို သူေတြ႕လိုက္ရတယ္၊ရွလ်န္ထံမွေဒါသအရိပ္
အေယာင္ေတြတမုဟုတ္ျခင္း ေပၚလာတာမို႔,
" လ်န္ေကာ,စိတ္မဆိုးပါနဲ႕...ေကာ ..ဗိုက္ေလးကို
ထိၾကည့္ပါ..ရင္ေသြးေလးကေကာရဲ႕ ဗိုက္ထဲမွာ အသက္ရွိေနၿပီ၊ရင္ေသြးေလးကေကာနဲ႕ ဆက္စပ္ေနၿပီ၊ေကာ...
မခံစားမိဘူးလား?"
23.12.2021
........................................................................
You are reading the story above: TeenFic.Net