ကျိချင်က ဒေါသတကြီးဖြင့်ပြောလာတယ်၊
" သူက ရူးနေတာလား?"
လီမော် ဘာမှဆက်ပြောမလာချိန် ကျိချင်က,
" မော်ကော, ကောက အရမ်းသည်းခံလွန်းတယ်၊ ပြန်ခုခံဖို့တခါမှမတွေးကြည့်ဘူးလား?"
"ငါစဥ်းစားကြည့်ဖူးတယ်.."
လီမော်က ပြောလက်စကားကို ခဏရပ်ပြီး
"ဒါပေမယ့် အမှန်တရားကခါးသီးလွန်းတယ်၊ငါဘက်က ဘယ်လိုပဲခုခံနေပါစေ,နောက်ခံအင်အားတောင့်တင်းသူတွေကသာအမြဲတမ်း အနိုင်ရလေ့ရှိတယ်၊ ငါဘာလုပ်နိုင်မှာလဲ?
ခါချဥ်တစ်ကောင်ကသစ်ပင်ကြီးကိုလှုပ်ခါနိုင်မှာတဲ့လား?"
"သစ်ပင်ကို မလှုပ်ခါနိုင်ရော ဘာဖြစ်လဲ?
ကျွန်တော်သာဆို ပြန်တော့ကိုက်...."
ကျိချင် စကားမဆုံးခင်မှာပဲ သူ့အေးဂျင့်က
ဖုန်းဆက်ပြီး မေးလာတယ်၊
" ကျိချင်,မင်း လောလောလတ်လတ်
ဘယ်သူနဲ့ ဘာဖြစ်ထားသေးလဲ?"
"ဘာဖြစ်လို့လဲ?"
ကျိချင် ချက်ခြင်းမတ်တပ်ထရပ်လိုက်မိတယ်၊အရေး ကြီး ကိစ္စမရှိရင်မနက်စောစော သူ့အေးဂျင့်က ဖုန်းဆက်လေ့မရှိဘူး။
အေးဂျင့်က ပြောလာတယ်..
" Weiboကို သွားကြည့်ဦး ..မင်းနာမည်
Hot searchထဲဝင်နေပြီ"
ကျိချင်Weiboဖွင့်လိုက်တဲ့အခါသူ့ နာမည်က
Hot searchရဲ့ တတိယနေရာမှာရှိနေတာကို
တွေ့လိုက်ရတယ်၊ပြသနာရဲ့အကြောင်းအရာကတော့ ကျိချင်နဲ့ ကုလီရွှမ်းတို့ အမျိုးသား ဇာတ်ဆောင်နေရာအတွက် ပြိုင်ဆိုင်ခြင်းဟု
ဖော်ပြထားတယ်၊
"...သူခိုးကပဲ တပြန်ကြီး သူခိုးပြန်ဖမ်းဖို့
အသံကောင်း ဟစ်နေတယ်"
ကျိချင် ငြီးတွားရင်း ကုလီရွှမ်းရဲ့စက်ဆုပ်ဖွယ်ရာ အကျင့်စရိုက်တွေကိုအမှန်တကယ်ပင် အံ့အားသင့်မိတယ်။ဆက်စပ် အကြောင်း အရာတွေကို နှိပ်ပြီး အကြမ်းဖျဉ်းအားဖြင့် ရှာဖွေလိုက်တယ်၊အများစုက 18lines သရုပ်ဆောင် အနေဖြင့် ကုလီရွှမ်းလို
ဧကရာဇ်ဖြင့်မယှဥ်သင့်ကြောင်းပြောဆိုနေကြတယ်။
အမှန်တကယ်ပင် သူ့ ပရိသတ်အချို့က ရံဖန်ရံခါ ကျိချင်ကို တိုက်ခိုက်လာကြပေမယ့်
အနည်းငယ်မျှသာဖြစ်ပြီး ကုလီရွှမ်းရဲ့ ပရိသတ်တွေက ထို မက်ဆေ့တွေကို အလျင်အမြန် ဖျက်ပစ်နေကြတယ်။
ကျိချင်ရဲ့ auditionဖြစ်ရပ်ကိုသာရေတပ်က ဦးတည် ထားတိုက်ခိုက်ပြီး ငြင်းဆိုပါကလည်း အရေး ပါမည်မဟုတ်ချေ။
ကျိချင် တစ်ယောက်ပရိသတ်တွေအတွက်
စိတ်ဓာတ်ကျလာပြီး ထိုကဲ့သို့သော အင်အားမညီမျှတဲ့ ကွာဟမှုစစ်ပွဲက သူ့ကိုတောင် ဆုံးခန်းတိုင်သွားစေမည်ဟု ခံစားနေရတယ်၊
အကြောင်းအရာတွေကို စဥ်းစားပြီးနောက်
သူ့ရဲ့ တရားဝင်Weiboအကောင့်မှာ selfieတစ်ပုံနှင့်အတူ ပိုစ့်တစ်ခုတင်လိုက်တယ်။
{ကျွန်တော်မနေ့က လူရွေးပွဲ တစ်ခုသွားခဲ့တယ်ဆိုတာမှန်ပါတယ်, အမျိုးသားဇာတ်ဆောင်နေရာကို လည်းရည်မှန်းထားခဲ့တယ်၊နောက်ဆုံး ဒါက လူအများနဲ့ရွေးချယ်တဲ့ လူရွေးပွဲပါ၊ auditionပြီးတဲ့နောက် ဒါရိုက်တာက ပြန်ပြီး အကြောင်းကြားတာကို စောင့်ပါလို့ပြောတယ်၊ကျွန်တော် ထွက်လာတော့ ကုမ္ပဏီရဲ့တံခါးဝမှာ မစ္စတာကုနဲ့တွေ့တယ်၊မစ္စတာကု auditionမှာ ပါလာတာကို
အရမ်း အံ့သြမိတယ်..ဒါပေမယ့် ဒီလို လူအများနဲ့ လုပ်တဲ့လူရွေးပွဲတစ်ခုကဘယ်သူမဆို
လာပြိုင်လို့ရတာလဲမဟုတ်လား? မစ္စတာကုကို တွေ့လိုက်ရတဲ့အခါ အမျိုးသားဇာတ်ဆောင်အတွက်အခွင့်အရေးမရှိတော့ဘူးဆိုတာကို သိလိုက်ရတာမို့ ဝန်ထုပ်ဝန်ပိုးတောင်မဖြစ်ဘဲ သူငယ်ချင်းနဲ့ အတူ ဟော့ပေါ့ သွားစားခဲ့တယ်၊ဒါပေမယ့် ဒီနေ့ရဲ့ hot searchမှာ ခုလို သတင်းတွေ့လိုက်ရတော့
ကျွန်တော်အတော်လေး အံ့အားသင့်သွားတယ်၊ လူတိုင်းဝင်ပြီးပြိုင်လို့ရတဲ့လူရွေးပွဲတစ်ခုကို လုယက်ပြိုင်ဆိုင်တယ်လို့ သတ်မှတ်မယ်ဆိုရင်, မနေ့ကလူရွေးပွဲမှာ
အမျိုးသားဇာတ်ဆောင်နေရာအတွက်
လာရောက်ကြတဲ့ လူတွေအများကြီးကို
သူခိုးတွေလို့ သတ်မှတ်ကြမှာလား?
ဘာလို့ ကျွန်တော်တစ်ယောက်တည်းပဲ
Hot searchဝင်နေရတာလဲ? ကျွန်တော့်သံသယတွေအတွက် တစ်ယောက်ယောက်များကူညီပေးနိုင်မလား?}
မနေ့ညက ဟော့ပေါ့ ဓာတ်ပုံကလည်း weiboမှာရှိနေဆဲပင်၊ ကျိချင်က သူ့သူငယ်ချင်းတစ်ယောက်နဲ့တွေ့ပြီး လူရွေးပွဲ အကြောင်းဘာမှလည်း ပြောမထားခဲ့ဘူး၊
ထိုပုံစံ အနေအထားအရ အမျိုးသားဇာတ်ဆောင်နေရာကို သိပ်ဂရုမစိုက်ဘူးဆိုတာက ထင်ရှားနေတယ်၊ဒါကြောင့်မို့ ဒီနေ့ ကိစ္စအတွက် ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခု ဖြစ်သွားတယ်၊
သူ့ရဲ့weiboမှာ ပိုစ့်တင်ပြီးတဲ့နောက် ကျိချင်ရဲ့ ပရိသတ်တွေက ဘာတွေဖြစ်နိုင်လဲဆိုတာကို ချက်ခြင်း ခန့်မှန်းမိသွားတယ်၊ရုတ်တရက်ပင် ယုံကြည်ချက်ရှိစွာဖြင့် ပြန်လည် တိုက်ခိုက်ရန် ပြင်ဆင်ကြတယ်၊သူတို့ရဲ့
တိုက်ခိုက်ရေး စွမ်းရည်အရ စစ်ပွဲကို တမင်ဖန်တီးလာတဲ့ ရေတပ်သားအချို့ကို စတင်လက်ညိုးထိုးလာကြတယ်၊
ကျိချင်ကလည်း ကုလီရွှမ်းအား အသိအမှတ်ပြု၍ လေးစားကြောင်းအား ဖော်ပြလာတာမို့ မူလအစက ကျိချင်ကို ပြဿနာရှာတဲ့ ကုလီရွှမ်းရဲ့ ပရိသတ်များ
က ပြန်လည်၍ပင် မတုံ့ပြန်နိုင်တော့ပေ။
လီမော်က ကျိချင်ရဲ့ Weiboပိုစ့်ကို တွေ့တဲ့အခါ, ပြုံးပြီး လက်မထောင်ပြလာတယ်။
ကျိချင်ကလည်း အောင်ပွဲခံတဲ့ အမူအရာဖြင့် တုံ့ပြန်ရင်း သူ့ရဲ့ စီနီယာဖြစ်သူဒါရိုက်တာကို ဖုန်းခေါ်တယ်၊
" ကော, ကျွန်တော်နဲ့ ကုလီရွှမ်း အကြောင်း
Hot searchမှာ တွေ့ပြီးပြီလား?"
"ငါ့လက်ထောက်က ငါ့ကို လှမ်းပြောလို့
ငါခုလေးတင်ကြည့်ပြီးတာ"
ဒါရိုက်တာရဲ့လေသံကလည်း သိပ်အဆင်မပြေပုံရတယ်၊ကုလီရွှမ်း အမျိုးသားဇာတ်ဆောင်နေရာကို တာဝန်ယူမယ်ဆိုတဲ့
သတင်းကြားတော့ သူစိတ်လျော့လိုက်ပေ
မယ့် ခုချိန် အသေအချာ ပြန်တွေးကြည့်မှ
ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလို့တွေးမိတယ်၊သူ့ ပရိသတ်ကို ပစ်ခတ်သူတွေအဖြစ် အသုံးချ တာမို့ ရုတ်တရက်ပင် စိတ်ပျက် သွားသကဲ့သို့ ကုလီရွှမ်း အပေါ်ထားတဲ့လေးစားမှုလည်း ဆုံးရှုံးသွားခဲ့တယ်။
ဒါရိုက်တာက ဆက်ပြောလာတယ်၊
"ရှောင်ကျိ, မင်းနဲ့ ကုလီရွှမ်း တစ်ခုခုများ
ငြိထားတာရှိလား? သူက လူသိများတဲ့သူမို့
အကယ်၍ မင်းများသူနဲ့ ငြိထားတာရှိရင်..."
"ကော"
ကျိချင်က စကားဖြတ်ပြောလိုက်တယ်၊
" ကျွန်တော်ကောကို တစ်ခုမေးမယ်, သူနဲ့
အလုပ်လုပ်ရတာ အဆင်ပြေမယ်လို့ ခံစားမိလား? သူ့ကို တကယ်ပဲ ရိုးရှင်းဖို့ မျှော်လင့်နေတာလား?"
ဒါရိုက်တာကခဏလောက်မျှမှင်သက်သွားပြီး ,
" ကောင်လေး, မင်း ဗိုက်နာနေတာလား?
ငါမင်းကို သတိပေးလိုက်မယ်၊ ငါက လက်ရှိမှာ ဒါရိုက်တာ တစ်ယောက်ဖြစ်နေတယ်၊
ငါက အကုန်လုံးအတွက် တာဝန်ရှိတယ်,
မင်းငါ့ကို အဲ့လို တော့ ရိုက်မချနဲ့လေ..."
ကျိချင် ရင်ဘတ်ကိုပင် ဖိထားမိရင်း,
" ကောက ကျန်တဲ့လူတွေအတွက်
တချိန်လုံးတွေးပေးနေတာပဲ,အဲ့ဒါကလုံးဝ အမြတ်အစွန်းကင်းတယ်ဆိုတဲ့အရာက
ဘယ်မှာလဲ...ပြောပြမယ်ဆိုရင်ရောနားထောင်ချင်လား ?"
****
ရှလျန် တနေ့လုံးအိပ်ပျော်နေခဲ့တယ်၊
ကျုန်းရှိူ့ ပြန်လာပြီးတဲ့နောက် ရှလျန်ရဲ့စိတ်ခံစားမှု များ အတော်အတန်ပြန်၍သက်သာလာခဲ့တယ်၊ထိုညရဲ့ ညဥ့်ယံပိုင်းမှစ၍ အိပ်မက်တောင် မမက်တော့ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့တယ်၊နိုးလာပြီးတဲ့နောက်,လန်းဆန်း လာပြီး ယခင်က ကိုယ်လက်မအီမသာဖြစ်တာတွေတောင်ပျောက်သွားတယ်။
ရှလျန်ရေချိုးပြီးနောက် တံခါးဖွင့်ပြီး အပြင်ထွက်ရန် ပြင်စဥ် တံခါး အပြင်ဘက်မှလူတစ်ယောက်ရဲ့ ပိတ်ဆို့တားဆီးနေခြင်းကိုခံလိုက်ရတယ်။အသေအချာ ကြည့်တော့မှကျုန်းရှို့
တစ်ယောက် တံခါး အနားတွင်ထိုင်လျက်
အိပ်ပျော် နေတာကို တွေ့လိုက်ရတယ်။
ရှလျန် အံ့အားသင့်နေရာမှ,
" ကျုန်းရှို့ , မင်းဘာလို့ ဒီမှာ အိပ်နေတာလဲ?"
ကျုန်းရှိူ့တစ်ယောက်အိပ်မှုန်စုံမွှားဖြင့်
မျက်လုံးတွေဖွင့်လာတယ်၊
" ကျွန်တော့်အခန်းထဲမှာအိပ်လို့မရဘူး၊
လျန်ကောတစ်ခုခု ဖြစ်သွားမှာကိုကျွန်တော်စိုးရိမ်တယ်၊လျန်ကောကိုလည်းမနှောင့်ယှက်ချင်တာနဲ့တံခါးအပြင်ဘက်မှာပဲနေလိုက်တာ"
ရှလျန်တစ်ယောက် ခဏတာမျှ ပြောစရာစကားတို့ ပျောက်ဆုံး နေပြီးမှရေရွတ်လာတယ်၊
" ငါက ဘာဖြစ်ရမှာလဲ?"
ထို့နောက် ခြေထောက်မြှောက်ပြီးကျုန်းရှို့ကို
ကျော်လိုက်တယ်။
ကျုန်းရှိူ့သူ့မျက်လုံးတွေကိုပွတ်ပြီးရှလျန်သပ်သပ်ရပ်ရပ်ဝတ်စားလျက် ထွက်သွားတာကို မြင်တဲ့အခါ, သူနောက်ကနေ လိုက်လာလိုက်တယ်၊
" လျန်ကော, ကောဘယ်သွားမလို့လဲ?'
ရှလျန် ချောင်းတချက်ဟန့်ပြီး ,
"ငါ...တစ်ခုခုဝယ်ဖို့ရှိလို့..အပြင်သွားမလို့ ,
ငါတစ်ယောက်တည်း သွားမယ်,
မင်း အိမ်မှာနေခဲ့"
"ကော ဘာဝယ်ချင်တာလဲပြော...ကျွန်တော်သွားဝယ်ပေးမယ်"
"မလိုဘူး...ငါဘာသာသွားမယ်"
ရှလျန်က အလုပ်ရှိတိုင်း သူ့ကို ခိုင်းလေ့ရှိသူမို့
ခုက ထူးဆန်းနေတယ်လို့ ကျုန်းရှိူ့ တွေးမိတယ်၊
" လျန်ကော, ကောဘာသွားဝယ်မှာလဲ ?
ကျွန်တော့်ကိုတောင်မပြောနိုင်တော့ဘူးလား?"
"ငါ....သန္ဓေတားဆေး သွားဝယ်မလို့ !"
ရှလျန် ဒေါသတကြီးဖြင့် ဖြေရင်းတံခါးကို
ကျုန်းရှို့ အံ့သြနေမိတယ်၊ဒီတခါတော့ရှလျန်
အမှန်တကယ်စိတ်ဆိုးသွားတာမို့ သူတို့နှစ်ယောက်ကြားဆက်ဆံရေးက ပို၍သာဆိုးဝါးလာတယ်။
ရှလျန်က စိတ်ခံစားချက်ထက် ဆင်ခြင်တုံ
တရားကို ပို၍ အလေး ပေးသူပင်ဖြစ်၏။
ခုလိုမျိုး ပြောင်းလဲမှု အတွက်စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ် ဖြစ်မယ်ဆိုရင်တောင်သူ့ကိုယ်သူယုံကြည်မှု ရှိရှိဖြင့်သာမန်ပြသနာအဖြစ်
မှတ်ယူနိုင်ရန်အတတ်နိုင်ဆုံးကြိုးစားနေ
ဆဲပင်။
ထို အခိုက်အတန့် , ရှလျန်က ကျုန်းရှို့ ရဲ့
ဖိနှိပ်မှုကို ခံခဲ့ရပြီး သူ့ရဲ့ အစွယ်တွေကို
သိမ်းထားရသော်လည်း နောက်ပိုင်းတွင်
ရှလျန် ရဲ့ဒေါသကသူ့အရှက်ကို ဖုံးကွယ်ရန်
ကြိုးစားနေတာကို ကျုန်းရှိူ့ တွေးမိတဲ့အခါ
သူ တကယ်ပင် ရယ်လိုက်မိတယ်။
ရှလျန်ရဲ့ ချစ်စရာကောင်းတဲ့ တဖက်ခြမ်းကို
ကျုန်းရှိူ့ တခါမှမမြင်ဖူးခဲ့ဘူး၊ရှလျန်ကို
သူလုံးဝလက်လှမ်း မမှီနိုင်ဘူးလို့ပဲတွေးခဲ့မိတာ ...။
မိနစ်နှစ်ဆယ် အကြာတွင်, ရှလျန်
တစ်ယောက်သန္ဓေတားဆေးဘူးလေး
တစ်ဘူးကိုင်လျက်ပြန်လာတယ်။
ရှလျန်ရေတခွက်ငှဲ့ပြီး စားပွဲလေး ပေါ် တင်လိုက်တယ်၊ ထို့နောက် ဆေးဘူးလေးကိုဖွင့်ပြီး အညွှန်းစာကို တချက်ကြည့်တယ်၊
" အရေးပေါ် သန္ဓေတားဆေးတစ်လုံး" ဟူသော စကားလုံးတွေကို မျက်နှာလေး
ညိုးငယ်စွာဖြင့်ကြည့်နေမိတယ်။သူ့ပုံစံကို
မြင်တော့ ကျုန်းရှိူ့က မေးလာတယ်၊
" လျန်ကော, ဘာဖြစ်လို့လဲ?"
"ဆေးညွန်းထဲမှာက တလုံးပဲ သောက်ရမယ်လို့ ပြောထားပေမယ့် ငါကျဘယ်နှစ်လုံး
သောက်ရမလဲ ?"
ကျုန်းရှို့က လည်း ဒီကိစ္စကိုတော့ အမှန်တကယ်မသိတာမို့ ,
"ဆေးဆိုင်မှာ မေးမလာဘူးလား?"
ရှလျန် သူ့ကို ကြည့်ပြီး ပြောလာတယ်,
" ငါ့ရည်းစားအတွက်မဟုတ်ဘဲ ငါ့အတွက်ပါလို့ ပြောဝယ်ရမှာလား? အမျိုးသမီးတွေထက် အမျိုးသားတွေက ဆေးပိုသောက်ရမှာလားလို့ မေးရမှာလား? ငါ့ဦးနှောက်ကြီးကိုဆေးခန်းပြဖို့ မတိုက်တွန်းလောက်ဘူးလား?"
ကျုန်းရှို့ ခဏတာမျှဆို့နင့်သွားပြီးနောက်,
"ဒူလန်ကျဲကို ရော မေးချင်လား?"
"ငါမေးဖူးတယ်...သူမသိဘူးတဲ့"
ကျုန်းရှို့ ဖုန်းကို ဖွင့်ပြီး အင်တာနက်မှာ ရှာဖွေလိုက်တယ်၊ထို့နောက် စိုးရိမ် တကြီးဖြင့်,
"လျန်ကော, တစ်လုံးပဲ အရင်သောက်ကြည့်ပါ, အင်တာနက်မှာ ပြောထားတာကအဲ့လို
အရေး ပေါ် သန္ဓေတားဆေးတွေကခန္ဓာကိုယ်အတွက် အန္တရာယ်ရှိတယ်၊အများဆုံး 3ကြိမ်ပဲ သောက်လို့ရမယ်၊ခန္ဓာကိုယ်ကိုလည်းပိုပြီးဂရုစိုက်ဖို့လိုတယ်တဲ့"
ရှလျန် အချိန်အတော်ကြာတွေးပြီး သက်ပြင်းချလိုက်တယ်၊
" လောလောဆယ်တော့, ငါလုပ်နိုင်တာက
ဒီတစ်ခုပဲရှိတာ"
ထို့နောက် ဆေးပြားလေးကို ရေနွေးဖြင့် မျိုချလိုက်တယ်၊
ကျုန်းရှို့ ရှလျန်ရဲ့ အာဒံပန်းသီးလေးကို
ခဏလောက်စိုက်ကြည့်နေမိရာမှရုတ်တရက် သူနဲ့ ရှလျန် တို့ ကြားဖြစ်ပျက်ခဲ့တဲ့အဖြစ်
အပျက် တွေက သူ့စိတ်ထဲမှာပြန်ပေါ်လာတယ် ၊သူ့ညီငယ်လေးကလည်းထိုအခိုက်
အတန့် စိတ်လှုပ်ရှားမှု နှင့်အတူတက်ကြွလာတယ်၊
"လျန်ကော...ကျွန်တော်...ကျွန်တော်ရေသွားချိုးလိုက်ဦးမယ်"
ကျုန်းရှိူ့ တစ်ယောက် ကိုးရိုးကားရားဖြင့်
လိမ်ညာမိရင်း ရှက်ရွံ့စွာဖြင့် အပေါ်ထပ်သို့
ပြေးတက်လာခဲ့မိတယ်။
ရှလျန်ဘာမှမပြောဘဲ ကျုန်းရှို့ရဲ့ နောက်ကျောပြင်အား တိတ်ဆိတ်စွာဖြင့်
ကြည့်နေမိပြန်တယ်။
7.12.2021
........................................................................
[ Z ]
" သူက ရူးနေတာလား?"
"ဘာဖြစ်လို့လဲ?"
အေးဂျင့်က ပြောလာတယ်..
Hot searchထဲဝင်နေပြီ"
အသံကောင်း ဟစ်နေတယ်"
မဟုတ်ချေ။
"ကော"
****
ကျုန်းရှို့ ပြန်လာပြီးတဲ့နောက် ရှလျန်ရဲ့စိတ်ခံစားမှု များ အတော်အတန်ပြန်၍သက်သာလာခဲ့တယ်၊ထိုညရဲ့ ညဥ့်ယံပိုင်းမှစ၍ အိပ်မက်တောင် မမက်တော့ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့တယ်၊နိုးလာပြီးတဲ့နောက်,လန်းဆန်း လာပြီး ယခင်က ကိုယ်လက်မအီမသာဖြစ်
သင့်နေရာမှ,
ကျုန်းရှို့တစ်ယောက်အိပ်မှုန်စုံမွှားဖြင့်
" ငါက ဘာဖြစ်ရမှာလဲ?"
ကျော်လိုက်တယ်။
ကျုန်းရှို့သူ့မျက်လုံးတွေကိုပွတ်ပြီးရှလျန်သပ်သပ်ရပ်ရပ်
ခုက ထူးဆန်းနေတယ်လို့ ကျုန်းရှို့ တွေးမိတယ်၊
"ငါ....သန္ဓေ္ဓတားဆေး သွားဝယ်မလို့ !"
ဝုန်းကနဲ ပြန်ပိတ်ပြီးထွက်သွားတယ်၊
ကြိုးစားနေတာကို ကျုန်းရှို့ တွေးမိတဲ့အခါ
ကျုန်းရှို့ တခါမှမမြင်ဖူးခဲ့ဘူး၊ရှလျန်ကို
တစ်ယောက်သန္ဓတေားဆေးဘူးလေး
တချက်ကြည့်တယ်၊" အရေးပေါ် သန္ဓတေားဆေးတစ်လုံး" ဟူသော စကားလုံးတွေကို မျက်နှာလေး
မြင်တော့ ကျုန်းရှို့က မေးလာတယ်၊
" လျန်ကော, ဘာဖြစ်လို့လဲ?"
တယ်၊
ဒီတစ်ခုပဲရှိတာ"
ကျုန်းရှို့ တစ်ယောက် ကိုးရိုးကားရားဖြင့်
ပြေးတက်လာခဲ့မိတယ်။
7.12.2021
........................................................................
You are reading the story above: TeenFic.Net