[ U ]
ကျုန်းရှိူ့ကတော့ ထို အချိန်တွင် ရှအိမ်အနီးရှိ
သစ်ပင်ကြီး တစ်ပင်အောက်၌ ငြိမ်သက်စွာ
ဖြင့် ရပ် နေမိရင်း လက်ရှိတွင်သူ့စိတ်တွေလည်း ရှုပ်ထွေးနေတယ်၊
ဒူလန်ကျဲ ပြောပြလာသည့် ABOမျိုးရိုးဗီဇ ကိစ္စတွေက သူ့အတွက်တော့ မယုံနိုင်စရာ
ပင်ဖြစ်နေတယ်၊ အကယ်၍ ဒူလန်ကျဲသာ
ရှလင်နှင့် စုန့်ယန်တို့ဆီ ဖုန်းမခေါ်ပါက
သူလုံးဝ ထို အရာတွေကို ယုံကြည်နိုင်လိမ့်မည် မဟုတ်ခဲ့ပေ။
ဒါပေမယ့် ရှလင်နှင့် စုန့်ယန် တို့က ဒီလိုကိစ္စတွေကို ဘာလို့ လက်ခံ ခဲ့ရတာလဲ ? အစောပိုင်း ကတည်းက ဒီလို ဖြစ်လာနိုင်တယ်ဆိုတာကို သူတို့ များ ကြိုသိနေခဲ့သည်လား၊
ရှလျန်နှင့် သူ့ကိုသာ ထိန်ချန်ထားပုံရတယ်၊
ယခုတကြိမ်တွင် ဒူလန်ကျဲက ရှအိမ်ထဲသို့
ညတွင်းချင်း ဝင်ရောက်ခဲ့ရပြီး ရှလျန်ရဲ့
နှလုံးသားထဲက အထုံးကို အချိန်မှီ ဖြေဖို့
ကြိုးစားခဲ့တယ်၊ဒီလိုမှမဟုတ်ရင်ဖြစ်လာမည့််နောက်ဆက်တွဲရလာဒ်တွေကိုဘယ်လိုမှ ဆက်ပြီး တွေးဆလို့ မရနိုင်ချေဘူး။
ဘယ်လို အကျိုးဆက်တွေဖြစ်လာမလဲဆိုတာကို သူမသိဘူး၊ ခုလောလောဆယ်တော့
သူအရမ်း စိုးရိမ်နေတယ်၊ အကြောင်းအရာ
အလုံးစုံကို နားထောင်ပြီးတဲ့နောက်ရှလျန်
ဘယ်လိုတွေဖြစ်လေမလဲဆိုတာကို သူမခန့်မှန်း တတ်ဘူး၊ကျုန်းရှို့က ကောင်းကင်ပြင်ကြီးကို အချိန်ကြာမြင့်စွာမော့ကြည့်ပြီး
စမ်းသပ်မှုအား စောင့်ဆိုင်းနေရသကဲ့သို့
သူ့ ရင်ထဲမှာ တထိတ်ထိတ်ဖြင့် ရှိနေတယ်။
*****
" ဒါဆို , မင်း ဆိုလိုချင်တဲ့သဘောကငါနဲ့
ကျုန်းရှို့ ....ငါတို့ ဖြစ်ခဲ့တဲ့ ကိစ္စကငါ့ရဲ့
ဟိကြောင့်လား ? "
ရှလျန်က မယုံကြည်နိုင်စွာပင် ထပ်ခါတလဲလဲ မေးနေမိတယ်၊
" ဟုတ်တယ်, အတိအကျပြောရမယ်ဆိုရင်,
မင်း ခန္ဓာကိုယ်က အိုမီဂါပရိုမုန်းကအယ်ဖာတစ်ယောက်ဖြစ်တဲ့ကျုန်းရှို့ကိုပြင်းထန်တဲ့
သွေးဆောင်မှုဖြစ်စေတယ်,ကျုန်းရှို့က
မင်းကိုအတင်းအဓမ္မစော်ကားတယ်လို့
အစကတည်းကမင်းအမြဲတမ်းတွေးထားခဲ့တယ်မလား၊ အမှန်တကယ်တော့ ,
မင်းကသူ့ကို သွေးဆောင်ခဲ့တဲ့သူ ပဲ"
ရှလျန် ခုထိ မယုံနိုင်သေးဘူး။
" အယ်ဖာတစ်ယောက်က ဒါကိုတောင် ခုခံနိုင်စွမ်း မရှိဘူး လား?"
ဒူလန်ကျဲ ခဏလောက်မျှ နှုတ်ဆိတ်နေတယ်၊
"ငါမင်းကို ပုံပြင်လေး တပုဒ်ပြောပြမယ်,
ငါမှာ အရင်က ချစ်သူတစ်ယောက်ရှိခဲ့ဖူးတယ် ၊ သူက အယ်ဖာတစ်ယောက်ဖြစ်ပြီး
မျိုးရိုး မြင့်ထဲက ဆက်ခံ သူတစ်ယောက်ပေါ့၊
ဒါပေမယ့် ငါတို့ ကောင်းချီးမရခဲ့ဘူး၊ငါတို့
ကမ္ဘာမှာကျ အိုမီဂါက အယ်ဖာအတွက်
အကောင်းဆုံး တစ်ခုတည်းသော လက်တွဲ ဖော်အဖြစ် သတ်မှတ်ထားကြတယ်, AOစုံတွဲတွေကပဲ သန့်စင်တဲ့ အိုမီဂါနဲ့ အိုမီဂါတွေကို
မွေးထုတ်ရန် ပေါင်းစပ်နိုင်ကြတယ်၊ စုံတွဲ တွေထဲမှာမှ တစ်ယောက်က ဘီတာ ဖြစ်မယ် ဆိုရင် 90% က ဘီတာ အဖြစ်မွေးဖွားလာ
နိုင်တယ် ၊ သူတို့ အမြင်အရ ပြောရမယ်ဆို
သွေးညစ်တယ်, မျိုးရိုး ပျောက်သွားမယ်ပေါ့"
ရှလျန်က ထိုဇာတ်လမ်းကို စိတ်ဝင်စားနေပုံရပြီး မေးလာတယ်၊
" နောက်ပိုင်း ဘာဆက်ဖြစ်လဲ ?"
"ရုပ်ရှင်ဇာတ်လမ်းတွေထဲကလိုပါပဲ, သူ့ကို
သူ့ မိသားစုရဲ့ အကြီးအကဲတွေက အတင်းပြန်ခေါ်သွားကြပြီး သူတို့ရဲ့ ဟိကာလအတွင်းမှာ အိုမီဂါ တစ်ယောက်နဲ့ အတင်း လက်ထပ်ခိုင်းခဲ့တယ်လေ, သူကလည်းငါ့ရှေ့မှာ အိုမီဂါကိုဘယ်တော့မှ လက်မထပ်ဘူးလို့ ကျိန်ဆိုခဲ့တယ်လေ,သူက ငါ့အပေါ်ကိုပဲထာဝရ သစ္စာရှိမှာမို့ သူ့ကို ဆက်ဆက်စောင့်နေပေးဖို့ ပြောခဲ့တဲ့ အတွက် ငါကလည်းသူ့ကို ယုံကြည်
ပေးခဲ့တယ်"
ရှလျန်က သွေးတိုးစမ်းပြီး မေးလာတယ်၊
" သူကတိကို ဖျက်လိုက်တာလား ?"
ဒူလန်ကျဲက ခေါင်းခါပြီး ,
" သုံးလလောက်ကြာတော့ ,သူ့ကိုထပ်မစောင့်
နိုင်တော့ဘူး၊ နောက်ကျမှ , သူ့ရဲ့ဟိဖြစ်နေတဲ့ ကာလ အတွင်းမှာ အိုမီဂါ ရဲ့ အိပ်ခန်းထဲ
သူ့ကို သော့ပိတ်ထားခဲ့တာမို့ သူခံနိုင်ရည်
မရှိခဲ့ဘူးဆိုတာကို သိခဲ့ရတယ်၊သူက
သူ့ကိုယ်သူ ဒေါသထွက်ပြီး အပြစ်တင်စိတ်တွေနဲ့ သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်"
ရှလျန် အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်ဘဲ တိတ်ဆိတ်နေမိတယ်၊
ခဏအကြာတွင် ဒူလန်ကျဲရဲ့ ပခုံးကို ပုတ်ပြီး
တောင်းပန်စကားပြောရင်းနှစ်သိမ့်ပေး
လာတယ်၊
ဒူလန်ကျဲက သူ့ကို ပြုံးပြလာရင်း ,
" ဒါတွေက ကြာခဲ့ပါပြီ , ဒါပေမယ့်ငါရင်ထဲမှာတော့ ကျန်နေခဲ့တယ်,အခု မင်းကို ငါပြောချင်တာက ကျုန်းရှို့ကို အရမ်း အပြစ်မတင်ပါနဲ့ ၊သူ ကိုယ်သူ အရမ်း ဖိအားပေးပြီးငါပြောသလို လုပ်မှာကို ငါစိုးရိမ်တယ်"
ရှလျန် ဘာမှပြန်ပြောမလာပဲ လေးနက်စွာတွေးနေပုံရတယ်၊သူပြောတာကိုလည်း ဂရုတစိုက်နားထောင်နေပုံရတာမို့ဒူလန်ကျဲ
ဆက်ပြောလိုက်တယ်၊
" တကယ်တော့ , နောင်ကျမှဒါတွေကို
ပြောဖို့ သင့်တော် တဲ့အခွင့်အရေးရချင်
ပေမယ့် ကျုန်းရှို့ နဲ့ တွေ့ပြီး ဖြစ်ပျက်ခဲ့တာတွေကို အကြမ်းဖျင်း ကြားခဲ့ရတယ်၊မင်းရဲ့ လက်ရှိ အခြေအနေအရ အခုကအရမ်း အန္တရာယ်ရှိနေတာမို့ ငါညတွင်းချင်း
လာတွေ့ဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူး "
ရှလျန် သူ့ကို မော့ကြည့်လာတယ်၊
" မင်းဘာကို ဆိုလိုတာလဲ ?"
"ကျုန်းရှို့ မင်းဘေးနားက ထွက်သွားပြီးတဲ့နောက် မင်းတစ်ယောက်တည်း ထိတ်လန့်ပြီး
စိုးရိမ်စိတ်တွေနဲ့ မလုံခြုံဘူးလို့ခံစားရလား?"
"ဟုတ်တယ်"
ဝန်ခံရန် တွန့်ဆုတ်သည့်တိုင်ရှလျန်ကတော့
သူ့မေးခွန်းတွေကို ဖြေနေဆဲပင်။
" ဒါက အိုမီဂါတွေရဲ့ သာမန်တုံ့ပြန်မှု တစ်ခုပဲ,
မင်းကို အမှတ်အသားပြုထားတဲ့အယ်ဖာကိုသာ အားကိုးပြီး သူ့နောက်ကိုပဲ တသက်လုံး လိုက်နေရမှာဆိုတော့ မင်းရဲ့ အယ်ဖာကဘဲ
မင်းကို လုံခြုံမှုနဲ့ ပျော်ရွှင်မှု ကို ပေးန်ိုင်မယ်၊
မင်း အယ်ဖာ မင်း အနားမှာမရှိရင်, စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေကို မင်းခံစားရလိမ့်မယ်..အိုမီဂါတွေရဲ့ ဟိကာလထဲဆို
"ငါတို့ နေရာမှာဆို , တာဝန်ကျေတဲ့
အယ်ဖာတွေက သူတို့ ရဲ့ အိုမီဂါကို
ထာဝရအမှတ်အသားပြုပြီးပြီဆို ပထမအပတ်မှာသူတို့ရဲ့ အိုမီဂါနဲ့သာအတူနေပေးကြတယ်,အိုမီဂါတွေကိုယ်တိုင်နှင်မထုတ်ရင် သူတို့ရဲ့ အိုမီဂါအနားကနေ ဘယ်ကိုမှထွက်မသွားကြဘူး"
ဒူလန်ကျဲက ကျုန်းရှို့ ကို သူရက်စက်စွာ မောင်းထုတ်ခဲ့ခြင်းက မှားယွင်းသည်ဟု
ထုတ်မပြောရုံတမယ် ပြောနေခြင်းပင်။
ရှလျန် ခဏမျှစဥ်းစားပြီး မေးလိုက်တယ်၊
" ဟိကာလအတွင်းမှာ ငါတို့နှစ်ယောက်
အတူ မရှိရင်ဘာဖြစ်လာနိုင်လဲ ?"
"အကျိုးသက်ရောက်မှုက အယ်ဖာအတွက်တော့ ကြီးကြီး မားမား မရှိနိုင်ဘူး၊ ဒါပေမယ့်
အိုမီဂါအတွက် နောက်ဆက်တွဲ အကျိုးဆက်တွေကျ , ရူးသွပ်မှုကနေ ...မိမိကိုယ်ကိုယ်
သတ်သေချင်လာတဲ့အထိပြင်းထန်စေတယ်"
ရှလင်ဖုန်းခေါ်စဥ် ပြောလာတဲ့အသံကို ရှလျန် မှတ်မိနေတယ်၊တဖက်လူက အလွန်အမင်း
ထိတ်လန့်နေပြီး ရှင်းပြဖို့ရာမစွမ်းသာတာကို
သူ မအံ့သြမိတော့ဘူး။
ရှလျန်ခဏမျှစဥ်းစားပြီး ထပ်မေးလာတယ်၊
" ငါမေးစရာတစ်ခုရှိတယ်, မင်း ခုန အမှတ်အသား ပေးတယ်ဆိုတာကို ပြောတယ်, အဲ့ဒါကရော ဘယ်လိုလဲ ?"
" အယ်ဖာရဲ့ အိုမီဂါအမှတ်အသားပေးခြင်းကို
အဆင့်သုံးဆင့်ခွဲထားတယ်၊ နမ်းခြင်း သို့မဟုတ် ပွေ့ဖက်ခြင်းကနေ နှစ်ဖက်စလုံးရဲ့
ပရိုမုန်းကို ထိန်းချုပ်နိုင်ပေမယ့် သူကျမကြာမီ ပျောက်ကွယ်သွားတတ်တယ်"
"ကိုက်ရာကနေ အမှတ်အသားပေးတာကျ
ဒုတိယအဆင့်ပေါ့, သူကျ အိုမီဂါရဲ့ လည်ပင်းနောက်ဘက်ဂလင်းတွေရှိရာ နူးညံ့တဲ့ အသားကို အယ်ဖာက ကိုက်လိုက်တာ"
ဒူလန်ကျဲက ရှလျန်ရဲ့ လည်ပင်းရှိ နေရာတနေရာကို လက်ညိုးထိုးပြတယ်၊
" အခြားသူရဲ့ သွေးထဲကို ပရိုမုန်းထိုးသွင်းခြင်းက အချိန်အတိုင်းအတာ တစ်ခုအထိ
အမှတ်အသားလုပ်နိုင်တယ်ဆိုပေမယ့်
ထို အမှတ်အသား လုပ်ခြင်းကလည်း
တဖြေးဖြေး ပျောက်ကွယ်သွားနိုင်တယ်"
"တတိယ တစ်ခုကျ ချည်နှောင်ခြင်းလို့
ခေါ်တဲ့ အနက်ရှိုင်းသော အမှတ်အသား ဖြစ်တယ်၊အယ်ဖာတစ်ယောက်က အိုမီဂါတစ်ယောက်ကို ချည်နှောင်လိုက်ပြီဆိုတာနဲ့
အဲ့ဒီအိုမီဂါကဆီမှာ တသက်တာ အမှတ်အသားပြုပြီးဖြစ်သွားမယ်၊အခြားအယ်ဖာက အိုမီဂါရဲ့ ကိုယ်ထဲသို့ အတင်းအကြပ်ဖိအားပေးမယ်ဆိုရင်တောင်
အဲ့ဒီအမှတ်အသားကပျောက်မသွားဘူး၊
ဒုတိယအကြိမ်အမှတ်အသားပြုခြင်းမှာလည်း အိုမီဂါအတွက်အလွန်နာကျင်စေတာမို့ အားနည်းတဲ့ အိုမီဂါတွေက သေသည်အထိ
နှိပ်စက်ညှင်းပန်းခံရသလို ဖြစ်စေမယ်၊
အဲ့ဒါကြောင့် အမှတ်အသားရှိတဲ့အိုမီဂါတွေက အလွန်သတိထားရမယ်"
"ခဏလေး"
ရှလျန်က အချက်တစ်ခုထဲ ကွက်တိဝင်သွားပူံရတယ်၊
" အယ်ဖာက အိုမီဂါကို ထုံးဖွဲ့တဲ့အခါ
အနက်ရှိုင်းဆုံး အမှတ်အသားပြုတယ်လို့
မင်းခုနပြောလိုက်တယ်နော်, အဲ့လိုက
ဘယ်လို ထုံးဖွဲ့တာလဲ ?"
"ဒါက...."
ဒူလျန်ကျဲ သူ့လက်ဖြင့် ကာရင်း ထိုမေးခွန်းကို ဖြေရန်ခက်ခဲပုံရတယ်၊
" အဲ့ဒီလိုမျိုး....ငါကအယ်ဖာတစ်ယောက်
မဟုတ်တော့ဘယ်လို ဆိုတာမသိဘူး"
ဒါပေမယ့်ရှလျန်က မှန်းဆပြီး ပြောလိုက်တယ်၊
" ခန္ဓာကိုယ်ထဲမှာ တစ်ခုခု တွယ်ကပ်
ကျန်ခဲ့တာမျိုးတွေဘာတွေရှိလား?"
" အင်း....အဲ့ဒီလိုမျိုးပဲ "
ဒူလန်ကျဲက ပြောလာတယ်၊
" ဒီလို နည်းနဲ့သာ အယ်ဖာတစ်ယောက်ရဲ့
သုတ်ရည်တွေအားလုံးကို အိုမီဂါရဲ့လိင်အဂ်ါထဲမှာ ရှိနိုင်မယ်ဆိုတာကို အာမခံနိုင်ပြီး
ကိုယ်ဝန်ဆောင်ဖို့အလားအလာအများဆုံး
ရှိနိုင်မယ်လေ"
"မင်း ဘာတွေပြောနေတာလဲ?ကိုယ်ဝန်ရှိမှာလား?"
ရှလျန် ရုတ်တရက် မတ်တပ်ထရပ်လိုက်တယ်၊
" ဟုတ်တယ်...အိုမီဂါတစ်ယောက်ရဲ့ ခန္ဓာကိုယ်က မျိုးပွားဖို့ အတွက်အရမ်းသင့်တော်တယ်၊ နက်နက်နဲနဲ အမှတ်အသား ပြုပြီး တာနဲ့ ကိုယ်ဝန်ရနိုင်ချေက 80% ရှိတယ်....
ဒါကြောင့်မို့ ..."
သူ့ စကားမဆုံးခင်မှာဘဲ ရှလျန်တစ်ယောက်
တံခါးဝဆီသို့ ဦးတည်နေချေပြီ၊
ဒူလန်ကျဲ က သူ့ကို လိုက်ဆွဲပြီး မေးလာတယ်၊
" မစ္စတာရှ, မင်းဘယ်သွားမလို့လဲ ?"
"တားဆေးသွားဝယ်ဖို့ "
"ဒါပေမယ့် ခုက သန်းခေါင်ကျော်နေပြီ,
ဘယ်လိုလုပ်ဆေးဆိုင်တွေဖွင့်တော့မှာလဲ?"
ရှလျန် ရုတ်တရက် သူ့ခြေလှမ်းတွေကို
ရပ်တန့်လိုက်တယ်၊
" ဒါ့အပြင် ငါတို့ ABOမိသားစုတွေနဲ့ သုညနယ်ပယ်က လူတွေမှာ မတူညီတဲ့ မျိုးရိုး
ဗီဇတွေရှိတယ်၊ တားဆေးရှိရင်တောင်
အသုံးမဝင်နိုင်ဘူး "
28.11.2021
......................................................................
[ Z ]
ကျုန်းရှို့ကတော့ ထို အချိန်တွင် ရှအိမ်အနီးရှိ
ရှုပ်ထွေးနေတယ်၊
မဟုတ်ခဲ့ပေ။
ကြိုးစားခဲ့တယ်၊ဒီလိုမှမဟုတ်ရင်ဖြစ်လာမည့်နောက်
ရှိနေတယ်။
*****
ဟိကြောင့်လား ? "
မိတယ်၊
လာတယ်၊
" မင်းဘာကို ဆိုလိုတာလဲ ?"
"ဟုတ်တယ်"
မှထွက်မသွားကြဘူး"
သူ မအံ့သြမိတော့ဘူး။
ကိုက်လိုက်တာ"
လက်ညိုးထိုးပြတယ်၊
"ခဏလေး"
ဘယ်လို ထုံးဖွဲ့တာလဲ ?"
"ဒါက...."
ဖြေရန်ခက်ခဲပုံရတယ်၊
" အင်း....အဲ့ဒီလိုမျိုးပဲ "
ဒူလန်ကျဲက ပြောလာတယ်၊
ရှိတယ်....ဒါကြောင့်မို့ ..."
"တားဆေးသွားဝယ်ဖို့ "
ရပ်တန့်လိုက်တယ်၊
အသုံးမဝင်နိုင်ဘူး "
28.11.2021
......................................................................
You are reading the story above: TeenFic.Net