EP16(U&Z)

Background color
Font
Font size
Line height

( U )

ကျုန်းရှို့ ဒူလန်ကျဲရဲ့ ကော်လံစကို ဆွဲယူလိုက်တယ်၊သို့သော် သူ့စကားမဆုံးခင်မှာဘဲ
သူဆွဲထားသူက ရုတ်တရက်သူ့လက်ထဲကနေ လွတ်ထွက်သွားရာကျုန်းရှိူ့ အံ့အား
သင့်သွားတယ်၊သူရဲ့ ဆွဲယူထားခြင်းက
လွတ်ထွက်ရန်ခဲယဥ်းသော်လည်း သူ့ ရှေ့မှလူက လေပွေအလား မည်သို့လွတ်မြောက်သွားသည်ကိုပင် တွေးလို့မရနိုင်ခဲ့။

ကျုန်းရှို့ သူ့ကို ထပ်မံ ၍ ဖမ်းဆီးရန်ရှေ့မတိုးမီ ဒူလန်ကျဲက နောက်ဆုတ်ပြီး ,

"ဟေး..ဟေး...စကားပြောရအောင်,
မင်းဘာလို့ ရုတ်တရက်ငါ့ကို တိုက်ခိုက်နေတာလဲ ? ရှလျန်အတွက်သာမဟုတ်ဘူးဆိုရင် မင်းကို ငါ ခုလိုမျိုးအရေးတယူလုပ်ပြီးပြောနေမှာ မဟုတ်ဘူး"

ကျုန်းရှိူ့ကတိုက်ခိုက်တာကိုရပ်လိုက်ပြီး
ပထမဆုံးတကြိမ်တွေ့တုန်းကထိုသူက
ရှလင်ရဲ့ သူငယ်ချင်းလို့ပြောတာကိုလည်း
သူမှတ်မိတယ်၊ထိုအချိန်တွင်ရှလျန်ဆိုတဲ့
အမည်ကို ကြားလိုက်ရတာမို့ ဒူလန်ကျဲနှင့်
စိတ်ရှည်လက်ရှည်စကားပြောခဲ့တယ်။

ထိုအချိန်ကကျုန်းရှို့ ဘာမှဝင်မပြောပေမယ့်
ရှလျန်တွေးသည့်အတိုင်း ဒီလူ့ ခေါင်းမှာ
ပြသနာတစ်ခုခု ရှိနိုင်တယ်ဆိုတာကို
အခြေခံအားဖြင့်သူတောင်လက်ခံထားခဲ့
မိတယ် ။

သို့သော်, ဒီတကြိမ်တွင်တော့, အနည်းငယ်
တုန်လှုပ်နေတယ်, လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူဖြစ်ပျက်ခဲ့တဲ့အရာတွေက ထူးဆန်းနေတာမို့ အကယ်၍များ
ထိုသူပြောတာတွေသာအမှန်ဆိုပါက...

ကျုန်းရှိူ့ အသက်ပြင်းပြင်း တချက်ရှုလိုက်ပြီး,

"အခု ငါမင်းကို ယုံကြည်ပေးမယ်,မင်းပြောတဲ့ ပရိုမုန်းဆိုတာက ဘာလဲ ?မင်းဘက်က အသေအချာ ရှင်းပြနိုင်မယ်လို့ငါမျှော်လင့်တယ်"

******

ရှလျန် တစ်ယောက် အမှောင်ထဲ၌ တုန်ယင်မှုနှင့်အတူ တွန့်လိမ်ကွေးကောက်နေတယ်။

သူ့ရဲ့ စိတ်ကျန်းမာရေးက အရမ်းမဆိုးနိုင်ဘူးလို့ တွေးနေမိတယ်၊လိင်တူ ဆက်ဆံခဲ့ခြင်းဆိုတဲ့အရာကိုမေ့ထားပြီး သူ့ကို သာ အချိန်အလုံအလောက် ပေးနိုင်မည်ဆိုပါက သူ့ကိုယ်သူ ပြန်လည်တည့်မတ်နိုင်ပေလိမ့်မယ်။

သို့သော် , ကျုန်းရှိူ့ ထွက်သွားပြီးနောက်ပိုင်းတွင် ကျိုးကြောင်းဆီလျော်မှုမရှိသော
ထိတ်လန့်မှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေထဲသို့
ကျဆင်းနေသည်ကလည်း အမှန်တရားတစ်ခုပင်ဖြစ်နေတယ်၊ ထို ကဲ့သို့သော ဖရိုဖရဲအနေအထားက သူခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုထက် ပိုကြီးနေတယ်၊ အမှန်တကယ်တော့ ဒါကို စိတ်ပိုင်းဆိုင်ရာ ပြဿနာလို့ သတ်မှတ်လို့ မရနိုင်ပဲ သူ့ ခန္ဓာကိုယ်မှာ
ပြသနာရှိနေခြင်း ဖြစ်တယ်လို့ သူခံစားရတယ်၊

သူ့ ခန္ဓာကိုယ်ရဲ့ မအီမသာဖြစ်မှုအား ခံနိုင်ရည်ရှိအောင်ကြိုးစားရင်းရေချိုးခန်းထဲသို့ဝင်ပြီး ရေချိုးကာ ဆေးကြောလိုက်တယ်၊
ထို့နောက် မီးဖိုချောင်သို့သွားကာ အစားအစာတချို့ စားကြည့်ပေမယ့်သူလုံးဝအစာမစားနိုင်ဘူး။

နောက်ဆုံးတွင် သူ့ ကိုယ်သူပင်နားမလည်နိုင်လျက် ကျုန်းရှိူ့ ထံမှကိုယ်သင်းနံ့တို့ကျန်ခဲ့ရာ အိပ်ခန်းထဲသို့သာပြန်နေခဲ့ရတယ်၊သူ့
စိတ်ထဲထိုအရာကို လက်မခံပေမယ့်ထိုအနံ့သင်းသင်းလေးကသူ့ကို လုံခြုံမှုပေးနိုင်တယ်လို့ ခံစားရတယ်။

သူက မီးမဖွင့်ရဲပေမယ့် အမှောင်ထုနဲ့ အထီးကျန်မှုကိုတော့အကြောင်း ပြချက်မရှိ
ကြောက်ရွံ့နေတယ်၊ ထိုအခိုက်အတန့်တွင်
သူ့ စိတ်ထဲ၌ စောင့်မျှော်နေမိသည်က
ကျုန်းရှို့၏အရိပ်တစ်ခုပင် ဖြစ်တယ်၊

ကျုန်းရှို့ကိုရှာရန်နှင့်ကျုန်းရှိူ့ နဲ့ အတူရှိခြင်းက သူ့အတွက်အလုံခြုံဆုံးဖြစ်ကြောင်းကို
တစ်ယောက်ယောက်ကပြောနေသံကိုလည်း
သူနားထဲတွင် ကြားနေရတယ်၊

ထိုသို့သော အပြုအမူက အဓိပ္ပာယ်မဲ့လွန်းသည်ဟု ခံစားမိသော်လည်းကျုန်းရှိူ့ရဲ့လက်တွေနဲ့ ပွေ့ဖက်ခြင်း ခံထားရတဲ့ပုံစံကို
ပဲ တွေးကြည့်နေမိတယ်။

သူတကယ်ကြီးစိတ်ကစဥ့်ကလျားဖြစ်နေပြီ။

ရုတ်တရက်ဖုန်းမြည်လာပြီး ခေါ်ဆိုသူကို
ကြည့်လိုက်ရာ ရှလင်ဖြစ်နေတယ်၊ဒီအချိန်
ဘယ်သူပဲ ဖုန်းခေါ်ခေါ် သူမကိုင်ချင်သော်ငြားခုဖုန်းခေါ်နေသူက သူ့ရဲ့ တဦးတည်းသော ညီကို ရင်းချာ....

သက်ပြင်းချပြီး ဖြေဆိုသူခလုတ်ကို နှိပ်လိုက်ရင်း သူ့အသံကို အတတ်နိုင်ဆုံး ချို့ယွင်းချက် မရှိအောင် ထိန်းညှိလိုက်တယ် ။

"ရှလင်, နောက်တောင်ကျနေပြီ"

"ကော, ကောအခုအိမ်မှာ တစ်ယောက်တည်းလား ?"

ရှလင်ထိတ်လန့်သွားပြီး,

"ဟုတ်တယ်, ဘာဖြစ်လို့လဲ?"

ရှလင်ရဲ့ အသံက အနည်းငယ်ချီတုံချတုံ ဖြစ်နေပြီးသူ့ဘေးမှစုန့်ယန်ကလည်း သူ့အား တစ်စုံတစ်ရာကို တီးတိုးပြောနေပုံရတယ်၊

"ကော, ကျွန်တော်သူငယ်ချင်းရောက်နေတယ် , သူက ကောနဲ့ခဏတွေ့ ချင်တယ်လို့ပြောတယ်, ကော,တံခါးဖွင့်ပေးလို့ရမလား?"

ရှလျန် မသိစိတ်ဖြင့် ငြင်းပယ်မိတယ်, ခုလို အချိန်မှာ သူတကယ်ကြီး မလုံခြုံဘူး,
ကျုန်းရှိူ့ကလွဲပြီး သူ့အနားဘယ်သူ့ကိုမှ
မရှိစေချင်ဘူး။

"ရှောင်လင်, အခုချိန်က တရုတ်မှာဆို
သန်းခေါင်ကျော်နေပြီ, မင်းသူငယ်ချင်း
အခုရောက်နေတယ်ဆိုတာ သေချာရဲ့လား?
သာမန်လူတွေလို နေ့ခင်းဘက်မှလာဖို့ ပြောလိုက်လို့မရဘူးလား ?"

"မဟုတ်ဘူး...မဟုတ်ဘူး, ကော , ကျွန်တော့်စကားကို နားထောင်ပါ"

ရှလင်ရဲ့ အသံက တချို့သော အရာတွေကို
ဖုံးကွယ်ထားရပုံဖြင့် လက်ခံမှဖြစ်မယ်ဆိုသည်အား အရိပ်အမြွက် ပြလာတယ်၊သို့သော် သူ့ စကားမဆုံးခင်မှာဘဲအိမ်ထပ်မှ
တံခါးခေါက်သံထွက်ပေါ်လာတယ်။

ရှလျန် တကိုယ်လုံး ရုတ်ခြည်းပင်တောင့်တင်းလာတယ်၊ဖုန်းကိုချပြီးအောက်ထပ်သို့
အမြန်ပြေးဆင်းလိုက်တယ်၊ထို့နောက်
စောင့်ကြည့်ရေးscreenကို တချက်ကြည့်လိုက်ရာ တံခါးအပြင်ဘက်၌ ဦးထုပ် ဆောင်းထားသည့် လူငယ်တဦးကို တွေ့လိုက်ရတယ်။

မှောင်မည်းနေတာမို့ ဧည့်သည်ရဲ့ မျက်နှာကိုတော့ အသေအချာမမြင်ဘူး ။

ရှလျန် ခဏမျှချီတုံချတုံဖြစ်နေမိတယ်၊တံခါးဖွင့်ရမည့်အစား ပထမထပ်ရှိ တံခါးတွေနဲ့ ပြတင်းပေါက်တွေကို အကုန် လော့တွေချ
လိုက်တယ်၊သို့သော် သူ့စိတ်ထဲလုံခြုံမှု မရှိသေးတာမို့ ဒုတိယထပ်ရှိ တံခါးတွေနဲ့ ပြတင်းပေါက်တွေကိုပါ ထပ်ပိတ်ရန်ဒုတိယထပ်သို့ ပြေးတက်လာခဲ့လိုက်တယ်။

သို့သော်ခဏအကြာတွင်အိမ်ဧရိယာထဲထိ ကျုးကျော်ဝင်ရောက်လာသူအားတွေ့လိုက်ရတဲ့အခါရုတ်တရက်ရှလျန်ဒေါသတွေထွက်လာပြီး အိပ်ခန်းတံခါးဝရှေ့၌ ရပ်နေသူအား
အော်ဟစ်လိုက်မိတယ်၊

"မင်းဘာသာဘယ်သူဖြစ်ဖြစ်ငါဂရုမစိုက်ဘူး, ခုချက်ခြင်း ထွက်သွား!"

ထိုသူက ရှလျန်ရဲ့ တောင်းဆိုချက်ကို
ဂရုမထားခဲ့၊

ထိုသူက ခုတင်ပေါ်မှ ဖုန်းကို မျက်စိကျသွားတယ်၊ထို့နောက် ဖုန်းကို ကောက်ယူလိုက်ပြီး
တဖက်မှလူကို ပြောနေသံအား ထပ်မံ၍ ကြားလိုက်ရတယ်၊

"ရတယ်, ငါ့ကို အော်မလာနဲ့ ,  မင်း အစ်ကိုက
မင်းပြောတာကို နားမထောင်ဘူး၊ ကံကောင်းတာ တစ်ခုက ငါကညာဏ်ကောင်းတယ်လေ,
သူတံခါးလွယ်လွယ် မဖွင့်လောက်ဘူးထင်လို့
ပြတင်းပေါက်ကနေ ခုန်တက်လာလိုက်တာ..
စိတ်မပူနဲ့...ငါမင်းအစ်ကို ကို စိတ်ရှည်ရှည်ထားပြီး စကားပြောမှာပါ, အိုကေ..အိုကေ...
ငါအခုတော့ ဖုန်းချလိုက်ပြီ "

ထို့နောက် ထိုသူက ဖုန်းချလိုက်ပြီး ဖုန်းလေးအား ခုတင် တဖက်သို့ ပစ်တင်လိုက်တယ်။

"......."

ရှလျန် က သူ့ကို ကြည့်ပြီး ခဏမျှအကြာထိ
မှင်သက်နေတယ်၊

ထိူသူက သူ့ဘက်သို့လှည့်ကြည့်ပြီး ,

"အရမ်းမှောင်နေတယ်, မီးဖွင့်လို့ရမလား?"

ဒူလန်ကျဲ နံရံဆီသို့ လျှောက်သွားပြီး ခလုတ်ဖွင့်ရန် လက်လှမ်း လိုက်ရာရှလျန်က အလျင်အမြန် ဟန့်တားလာတယ်။

"မီးမဖွင့်နဲ့ !"

"အိုကေ, ဒါဆို ငါမီးမဖွင့်တော့ဘူး"

တဖက်လူက သူစကားအတိုင်းလိုက်လျောပေးလာရင်း ရှလျန်ကို ဖြေးဖြေးချင်းလှည့်ကြည့်လာတယ်၊

" ဒါဆို ငါတို့ အမှောင်ထဲမှာပဲ စကားပြောကြတာပေါ့, ဟုတ်ပြီလား ?"

ရှလျန်က ရှလင်နှင့် ထိုသူ ခုနလေးကမှဖုန်းပြောတာကို တွေ့ထားရပြီး ရှလင်ကလည်း

သူ့ သူငယ်ချင်းဖြစ်ကြောင်း ပြောထားခြင်း
ကြောင့် ရှလင်ရဲ့ စကားက ဟုတ်မှန်ကြောင်း
သေချာနေသည့်တိုင်သူခုထိမယုံကြည်
နိုင်ဘူး ။

ရှလျန် ဒူလန်ကျဲကို စေ့စေ့ကြည့်ပြီး ,

"မင်းဘယ်သူလဲ? ညကြီးသန်းခေါင်
ငါ့အိမ်ထဲကို ကျော်ကျော်ကျုးကျုးနဲ့
ဘာလုပ်ဖို့ ဝင်လာတာလဲ ?"

"ငါတို့ အရင်ကတွေ့ဖူးတယ်လေ

ဒူလန်ကျဲက သူ့ဦးထုပ်ကို ချွတ်လိုက်ပြီး
ရှလျန် မြင်အောင် သူ့ မျက်နှာကို ထုတ်ဖော်လာတယ်။

"ငါ့နာမည် ဒူလန်ကျဲ , လွန်ခဲ့တဲ့ လအနည်းငယ်လောက်တုန်းက ခင်ဗျားတို့နဲ့
စကားပြောခဲ့ဖူးတာ ကို မှတ်မိလား?"

ပြတင်းပေါက်အပြင်ဘက်မှလရောင်ဖျော့ ဖျော့ နှင့်အတူ ရှလျန်ကသူနှင့်တွေ့ဖူးတဲ့လူတစ်ယောက်ရှိတယ်ဆိုသည်အားယောင်ဝါး ဝါးတွေးနေစဥ်တဖက်လူရဲ့ မျက်နှာကိုမြင်
လိုက်ရတယ်၊

"မင်းက....ဒူလန်ကျဲ "

ထိုသူက ဝမ်းသာအားရ ဖြင့် တုံ့ပြန်လာတယ်၊

" မစ္စတာရှက မှတ်ညာဏ်ကောင်းလိုက်တာ"

ရှလျန်ခေါင်းမော့လိုက်တယ်၊သူက ငယ်စဥ်ကတည်းက မိသားစု စီးပွားရေး ကိစ္စတွေကို
စီမံခန့်ခွဲရာ၌ ပါဝင်ခဲ့ရပြီး ဆယ်နှစ်ကျော်မျှ
ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကိုလည်း
ဦးဆောင်နေသူမို့ ယေဘုယျအားဖြင့် နာမည်တစ်ခုကို မေ့နိုင်ဖို့ရာ ခက်ခဲတယ်။

အဲ့ဒီကောင်လေး နာမည်ကဒူလန်ကျဲဖြစ်ပြီး
လွန်ခဲ့တဲ့လအနည်းငယ်ကသူ့ကိုအဓိပ္ပာယ်မရှိတာတွေပြောခဲ့ဖူးတယ်၊သူပြောတဲ့စကားတွေကို အလေးအနက်မထားခဲ့သည့်တိုင်ထို မျက်နှာကို မြင်လိုက်ရုံနဲ့ ထိုသူရဲ့နာမည်
ကခေါင်းထဲ၌အလိုအလျောက်ပြန်ပေါ်လာတယ်၊

ထိုအချိန်တွင် ဒူလန်ကျဲက ဆိုဖာပေါ်တွင် အေးအေးလူလူ ဝင်ထိုင်လာပြီး ဧည့်သည်အနေအထားဖြင့်တောင်မဟုတ်ပဲမိတ်ဆွေရင်းချာပမာ ရှလျန်ကို ပြောလာတယ်၊

"လာပါ..မစ္စတာရှ, အရမ်းကြီး စိတ်ကို
တင်းမထားနဲ့, လာ...ထိုင်..ငါတို့စကား
လေးဘာလေး ပြောကြရအောင်လေ"

26.11.2021
........................................................................

[ Z ]

က်ဳန္းရွို႔ ဒူလန္က်ဲရဲ႕ ေကာ္လံစကို ဆြဲယူလိုက္တယ္
၊သို႔ေသာ္ သူ႕စကားမဆုံးခင္မွာဘဲ သူဆြဲထားသူက ႐ုတ္တရက္သူ႕လက္ထဲကေန လြတ္ထြက္သြားရာက်ဳန္းရွိူ႕အံ့အားသင့္သြားတယ္၊သူရဲ႕ ဆြဲယူထားျခင္းက လြတ္ထြက္
ရန္ခဲယဥ္းေသာ္လည္း သူ႕ ေရွ႕မွလူက ေလေပြအလား
မည္သို႔လြတ္ေျမာက္သြားသည္ကိုပင္ ေတြးလို႔မရနိုင္ခဲ့။

က်ဳန္းရွို႔ သူ႕ကို ထပ္မံ ၍ ဖမ္းဆီးရန္ေရွ႕မတိုးမီ
ဒူလန္က်ဲက ေနာက္ဆုတ္ၿပီး ,

"ေဟး..ေဟး...စကားေျပာရေအာင္,
မင္းဘာလို႔ ႐ုတ္တရက္ငါ့ကို တိုက္ခိုက္ေနတာလဲ ?
ရွလ်န္အတြက္သာမဟုတ္ဘူးဆိုရင္ မင္းကို ငါ ခုလိုမ်ိဳးအေရးတယူလုပ္ၿပီးေျပာေနမွာ မဟုတ္ဘူး"

က်ဳန္းရွိူ႕ကတိုက္ခိုက္တာကိုရပ္လိုက္ၿပီး
ပထမဆုံးတႀကိမ္ေတြ႕တုန္းကထိုသူက
ရွလင္ရဲ႕ သူငယ္ခ်င္းလို႔ေျပာတာကိုလည္း
သူမွတ္မိတယ္၊ထိုအခ်ိန္တြင္ရွလ်န္ဆိုတဲ့
အမည္ကို ၾကားလိုက္ရတာမို႔ ဒူလန္က်ဲႏွင့္
စိတ္ရွည္လက္ရွည္စကားေျပာခဲ့တယ္။

ထိုအခ်ိန္ကက်ဳန္းရွို႔ ဘာမွဝင္မေျပာေပမယ့္
ရွလ်န္ေတြးသည့္အတိုင္း ဒီလူ႕ ေခါင္းမွာ
ျပသနာတစ္ခုခု ရွိနိုင္တယ္ဆိုတာကို
အေျခခံအားျဖင့္သူေတာင္လက္ခံထားခဲ့
မိတယ္ ။

သို႔ေသာ္, ဒီတႀကိမ္တြင္ေတာ့, အနည္းငယ္
တုန္လႈပ္ေနတယ္, လြန္ခဲ့သည့္ ရက္အနည္းငယ္အတြင္း သူျဖစ္ပ်က္ခဲ့တဲ့အရာေတြက ထူးဆန္းေနတာမို႔
အကယ္၍မ်ား ထိုသူေျပာတာေတြသာအမွန္ဆိုပါက...

က်ဳန္းရွိူ႕ အသက္ျပင္းျပင္း တခ်က္ရႈလိုက္ၿပီး,

"အခု ငါမင္းကို ယုံၾကည္ေပးမယ္,မင္းေျပာတဲ့ပရိုမုန္းဆိုတာက ဘာလဲ ?မင္းဘက္က အေသအခ်ာ ရွင္းျပနိုင္
မယ္လို႔ငါေမွ်ာ္လင့္တယ္"

******

ရွလ်န္ တစ္ေယာက္ အေမွာင္ထဲ၌ တုန္ယင္မႈႏွင့္အတူ
တြန့္လိမ္ေကြးေကာက္ေနတယ္။

သူ႕ရဲ႕ စိတ္က်န္းမာေရးက အရမ္းမဆိုးနိုင္ဘူးလို႔ ေတြးေနမိတယ္၊လိင္တူ ဆက္ဆံခဲ့ျခင္းဆိုတဲ့အရာကိုေမ့ထားၿပီး သူ႕ကို သာ အခ်ိန္အလုံအေလာက္ ေပးနိုင္မည္ဆိုပါက သူ႕ကိုယ္သူ ျပန္လည္တည့္မတ္နိုင္ေပလိမ့္မယ္။

သို႔ေသာ္ , က်ဳန္းရွိူ႕ ထြက္သြားၿပီးေနာက္ပိုင္းတြင္ က်ိဳးေၾကာင္းဆီေလ်ာ္မႈမရွိေသာ ထိတ္လန့္မႈေတြနဲ႕ စိုးရိမ္ပူပန္မႈေတြထဲသို႔ က်ဆင္းေနသည္ကလည္း အမွန္တရားတစ္ခုပင္ျဖစ္ေနတယ္၊ ထို ကဲ့သို႔ေသာ ဖရိုဖရဲအေနအထားက သူခံစားေနရတဲ့ စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈထက္ ပိုႀကီးေနတယ္၊ အမွန္တကယ္ေတာ့ ဒါကို စိတ္ပိုင္းဆိုင္ရာ ျပႆနာလို႔ သတ္မွတ္လို႔ မရနိုင္ပဲ သူ႕ ခႏၶာကိုယ္မွာ
ျပသနာရွိေနျခင္း ျဖစ္တယ္လို႔ သူခံစားရတယ္၊

သူ႕ ခႏၶာကိုယ္ရဲ႕ မအီမသာျဖစ္မႈအား ခံနိုင္ရည္ရွိ
​ေအာင္ႀကိဳးစားရင္းေရခ်ိဳးခန္းထဲသို႔ဝင္ၿပီး ေရခ်ိဳးကာ
ေဆးေၾကာလိုက္တယ္၊ထို႔ေနာက္ မီးဖိုေခ်ာင္သို႔သြား
ကာ အစားအစာတခ်ိဳ႕ စားၾကည့္ေပမယ့္သူလုံးဝ
အစာမစားနိုင္ဘူး။

ေနာက္ဆုံးတြင္ သူ႕ ကိုယ္သူပင္နားမလည္နိုင္လ်က္
က်ဳန္းရွိူ႕ ထံမွကိုယ္သင္းနံ႕တို႔က်န္ခဲ့ရာ အိပ္ခန္းထဲသို႔သာျပန္ေနခဲ့ရတယ္၊သူ႕ စိတ္ထဲထိုအရာကိုလက္မခံေပမယ့္ထိုအနံ႕သင္းသင္းေလးကသူ႕ကို လုံၿခဳံမႈေပးနိုင္တယ္လို႔ ခံစားရတယ္။

သူက မီးမဖြင့္ရဲေပမယ့္ အေမွာင္ထုနဲ႕
အထီးက်န္မႈကိုေတာ့အေၾကာင္း ျပခ်က္မရွိ
ေၾကာက္႐ြံ႕ေနတယ္၊ ထိုအခိုက္အတန့္တြင္
သူ႕ စိတ္ထဲ၌ ေစာင့္ေမွ်ာ္ေနမိသည္က
က်ဳန္းရွို႔၏အရိပ္တစ္ခုပင္ ျဖစ္တယ္၊

က်ဳန္းရွို႔ကိုရွာရန္ႏွင့္က်ဳန္းရွိူ႕ နဲ႕ အတူရွိျခင္းက
သူ႕အတြက္အလုံၿခဳံဆုံးျဖစ္ေၾကာင္းကို
တစ္ေယာက္ေယာက္ကေျပာေနသံကိုလည္း

သူနားထဲတြင္ ၾကားေနရတယ္၊

ထိုသို႔ေသာ အျပဳအမူက အဓိပၸာယ္မဲ့လြန္းသည္ဟု ခံစားမိေသာ္လည္းက်ဳန္းရွိူ႕ရဲ႕လက္ေတြနဲ႕ ေပြ႕ဖက္ျခင္း ခံထားရတဲ့ပုံစံကို ပဲ ေတြးၾကည့္ေနမိတယ္။

သူတကယ္ႀကီးစိတ္ကစဥ့္ကလ်ားျဖစ္ေနၿပီ။

႐ုတ္တရက္ဖုန္းျမည္လာၿပီး ေခၚဆိုသူကို
ၾကည့္လိုက္ရာ ရွလင္ျဖစ္ေနတယ္၊ဒီအခ်ိန္
ဘယ္သူပဲ ဖုန္းေခၚေခၚ သူမကိုင္ခ်င္ေသာ္ျငားခုဖုန္းေခၚေနသူက သူ႕ရဲ႕ တဦးတည္းေသာ ညီကို ရင္းခ်ာ....

သက္ျပင္းခ်ၿပီး ေျဖဆိုသူခလုတ္ကို ႏွိပ္လိုက္ရင္း သူ႕အသံကို အတတ္နိုင္ဆုံး ခ်ိဳ႕ယြင္းခ်က္မရွိေအာင္
ထိန္းညွိလိုက္တယ္ ။

"ရွလင္, ေနာက္ေတာင္က်ေနၿပီ"

"ေကာ, ေကာအခုအိမ္မွာ တစ္ေယာက္တည္းလား ?"

ရွလင္ထိတ္လန့္သြားၿပီး,

"ဟုတ္တယ္, ဘာျဖစ္လို႔လဲ?"

ရွလင္ရဲ႕ အသံက အနည္းငယ္ခ်ီတုံခ်တဳံ ျဖစ္ေနၿပီး
သူ႕ေဘးမွစုန့္ယန္ကလည္း သူ႕အား တစ္စုံတစ္ရာကို
တီးတိုးေျပာေနပုံရတယ္၊

"ေကာ, ကြၽန္ေတာ္သူငယ္ခ်င္းေရာက္ေနတယ္ ,
သူက ေကာနဲ႕ခဏေတြ႕ ခ်င္တယ္လို႔ေျပာတယ္, ေကာ,တံခါးဖြင့္ေပးလို႔ရမလား?"

ရွလ်န္ မသိစိတ္ျဖင့္ ျငင္းပယ္မိတယ္,
ခုလို အခ်ိန္မွာ သူတကယ္ႀကီး မလုံၿခဳံဘူး,
က်ဳန္းရွိူ႕ကလြဲၿပီး သူ႕အနားဘယ္သူ႕ကိုမွ
မရွိေစခ်င္ဘူး။

"ေရွာင္လင္, အခုခ်ိန္က တ႐ုတ္မွာဆို
သန္းေခါင္ေက်ာ္ေနၿပီ, မင္းသူငယ္ခ်င္း
အခုေရာက္ေနတယ္ဆိုတာ ေသခ်ာရဲ႕လား?
သာမန္လူေတြလို ေန႕ခင္းဘက္မွလာဖို႔
ေျပာလိုက္လို႔မရဘူးလား ?"

"မဟုတ္ဘူး...မဟုတ္ဘူး, ေကာ ,
ကြၽန္ေတာ့္စကားကို နားေထာင္ပါ"

ရွလင္ရဲ႕ အသံက တခ်ိဳ႕ေသာ အရာေတြကို
ဖုံးကြယ္ထားရပုံျဖင့္ လက္ခံမွျဖစ္မယ္ဆိုသည္အား အရိပ္အႁမြက္ ျပလာတယ္၊သို႔ေသာ္ သူ႕ စကားမဆုံးခင္မွာ
ဘဲအိမ္ထပ္မွ တံခါးေခါက္သံထြက္ေပၚလာတယ္။

ရွလ်န္ တကိုယ္လုံး ႐ုတ္ျခည္းပင္ေတာင့္တင္း
လာတယ္၊ဖုန္းကိုခ်ၿပီးေအာက္ထပ္သို႔
အျမန္ေျပးဆင္းလိုက္တယ္၊ထို႔ေနာက္
ေစာင့္ၾကည့္ေရးscreenကို တခ်က္ၾကည့္
လိုက္ရာ တံခါးအျပင္ဘက္၌ ဦးထုပ္ ေဆာင္း
ထားသည့္ လူငယ္တဦးကို ေတြ႕လိုက္ရတယ္။

ေမွာင္မည္းေနတာမို႔ ဧည့္သည္ရဲ႕ မ်က္ႏွာကိုေတာ့
အေသအခ်ာမျမင္ဘူး ။

ရွလ်န္ ခဏမွ်ခ်ီတုံခ်တဳံျဖစ္ေနမိတယ္၊တံခါးဖြင့္ရမည့္အစား ပထမထပ္ရွိ တံခါးေတြနဲ႕ ျပတင္းေပါက္ေတြကို
အကုန္ ေလာ့ေတြခ်လိုက္တယ္၊သို႔ေသာ္ သူ႕စိတ္ထဲလုံၿခဳံမႈ မရွိေသးတာမို႔ ဒုတိယထပ္ရွိ တံခါးေတြနဲ႕ ျပတင္း
​ေပါက္ေတြကိုပါ ထပ္ပိတ္ရန္ဒုတိယထပ္သို႔ ေျပးတက္
လာခဲ့လိုက္တယ္။

သို႔ေသာ္ခဏအၾကာတြင္အိမ္ဧရိယာထဲထိ က်ဳးေက်ာ္
ဝင္ေရာက္လာသူအားေတြ႕လိုက္ရတဲ့အခါ႐ုတ္တရက္
ရွလ်န္ေဒါသေတြထြက္လာၿပီး အိပ္ခန္းတံခါးဝေရွ႕၌
ရပ္ေနသူအား ေအာ္ဟစ္လိုက္မိတယ္၊

"မင္းဘာသာဘယ္သူျဖစ္ျဖစ္ငါဂ႐ုမစိုက္ဘူး,
ခုခ်က္ျခင္း ထြက္သြား!"

ထိုသူက ရွလ်န္ရဲ႕ ေတာင္းဆိုခ်က္ကို
ဂ႐ုမထားခဲ့၊

ထိုသူက ခုတင္ေပၚမွ ဖုန္းကို မ်က္စိက်သြားတယ္၊
ထို႔ေနာက္ ဖုန္းကို ေကာက္ယူလိုက္ၿပီး တဖက္မွလူကို ေျပာေနသံအား ထပ္မံ၍ ၾကားလိုက္ရတယ္၊

"ရတယ္, ငါ့ကို ေအာ္မလာနဲ႕ , မင္း အစ္ကိုက
မင္းေျပာတာကို နားမေထာင္ဘူး၊ကံေကာင္းတာ တစ္ခုက ငါကညာဏ္ေကာင္းတယ္ေလ,သူတံခါးလြယ္လြယ္
မဖြင့္ေလာက္ဘူးထင္လို႔ ျပတင္းေပါက္ကေန ခုန္တက္လာလိုက္တာ..စိတ္မပူနဲ႕...ငါမင္းအစ္ကို ကို
စိတ္ရွည္ရွည္ထားၿပီး စကားေျပာမွာပါ, အိုေက..အိုေက...
ငါအခုေတာ့ ဖုန္းခ်လိဳက္ၿပီ "

ထို႔ေနာက္ ထိုသူက ဖုန္းခ်လိဳက္ၿပီး ဖုန္းေလးအား
ခုတင္ တဖက္သို႔ ပစ္တင္လိုက္တယ္။

"......."

ရွလ်န္ က သူ႕ကို ၾကည့္ၿပီး ခဏမွ်အၾကာထိ
မွင္သက္ေနတယ္၊

ထိူသူက သူ႕ဘက္သို႔လွည့္ၾကည့္ၿပီး ,

"အရမ္းေမွာင္ေနတယ္, မီးဖြင့္လို႔ရမလား?"

ဒူလန္က်ဲ နံရံဆီသို႔ ေလွ်ာက္သြားၿပီး ခလုတ္ဖြင့္ရန္
လက္လွမ္း လိုက္ရာရွလ်န္က အလ်င္အျမန္
ဟန့္တားလာတယ္။

"မီးမဖြင့္နဲ႕ !"

"အိုေက, ဒါဆို ငါမီးမဖြင့္ေတာ့ဘူး"

တဖက္လူက သူစကားအတိုင္းလိုက္ေလ်ာေပးလာရင္း
ရွလ်န္ကို ေျဖးေျဖးခ်င္းလွည့္ၾကည့္လာတယ္၊

" ဒါဆို ငါတို႔ အေမွာင္ထဲမွာပဲ စကားေျပာၾကတာေပါ့,
ဟုတ္ၿပီလား ?"

ရွလ်န္က ရွလင္ႏွင့္ ထိုသူ ခုနေလးက
မွဖုန္းေျပာတာကို ေတြ႕ထားရၿပီး ရွလင္ကလည္း
သူ႕ သူငယ္ခ်င္းျဖစ္ေၾကာင္း ေျပာထားျခင္း
ေၾကာင့္ ရွလင္ရဲ႕ စကားက ဟုတ္မွန္ေၾကာင္း
ေသခ်ာေနသည့္တိုင္သူခုထိမယုံၾကည္နိုင္ဘူး ။

ရွလ်န္ ဒူလန္က်ဲကို ေစ့ေစ့ၾကည့္ၿပီး ,

"မင္းဘယ္သူလဲ? ညႀကီးသန္းေခါင္
ငါ့အိမ္ထဲကို ေက်ာ္ေက်ာ္က်ဳးက်ဳးနဲ႕
ဘာလုပ္ဖို႔ ဝင္လာတာလဲ ?"

"ငါတို႔ အရင္ကေတြ႕ဖူးတယ္ေလ

ဒူလန္က်ဲက သူ႕ဦးထုပ္ကို ခြၽတ္လိုက္ၿပီး

ရွလ်န္ ျမင္ေအာင္ သူ႕ မ်က္ႏွာကို ထုတ္ေဖာ္လာတယ္။

"ငါ့နာမည္ ဒူလန္က်ဲ , လြန္ခဲ့တဲ့
လအနည္းငယ္ေလာက္တုန္းက ခင္ဗ်ားတို႔နဲ႕
စကားေျပာခဲ့ဖူးတာ ကို မွတ္မိလား?"

ျပတင္းေပါက္အျပင္ဘက္မွလေရာင္ေဖ်ာ့ ေဖ်ာ့ ႏွင့္အတူ ရွလ်န္ကသူႏွင့္ေတြ႕ဖူးတဲ့လူတစ္ေယာက္ရွိတယ္ဆိုသည္အားေယာင္ဝါး ဝါးေတြးေနစဥ္တဖက္လူရဲ႕ မ်က္ႏွာကိုျမင္
လိုက္ရတယ္၊

"မင္းက....ဒူလန္က်ဲ "

ထိုသူက ဝမ္းသာအားရ ျဖင့္ တုံ႕ျပန္လာတယ္၊

" မစၥတာရွက မွတ္ညာဏ္ေကာင္းလိုက္တာ"

ရွလ်န္ေခါင္းေမာ့လိုက္တယ္၊သူက ငယ္စဥ္ကတည္းက မိသားစု စီးပြားေရး ကိစၥေတြကို စီမံခန့္ခြဲရာ၌ ပါဝင္ခဲ့ရၿပီး ဆယ္ႏွစ္ေက်ာ္မွ်ကိုယ္ပိုင္စီးပြားေရး လုပ္ငန္းေတြကို
လည္း ဦးေဆာင္ေနသူမို႔ ေယဘုယ်အားျဖင့္
နာမည္တစ္ခုကို ေမ့နိုင္ဖို႔ရာ ခက္ခဲတယ္။

အဲ့ဒီေကာင္ေလး နာမည္ကဒူလန္က်ဲျဖစ္ၿပီး
လြန္ခဲ့တဲ့လအနည္းငယ္ကသူ႕ကိုအဓိပၸာယ္မရွိတာေတြေျပာခဲ့ဖူးတယ္၊သူေျပာတဲ့စကားေတြကို အေလးအနက္မထားခဲ့သည့္တိုင္ထို မ်က္ႏွာကို ျမင္လိုက္႐ုံနဲ႕
ထိုသူရဲ႕နာမည္ကေခါင္းထဲ၌အလိုအေလ်ာက္ျပန္ေပၚလာတယ္၊

ထိုအခ်ိန္တြင္ ဒူလန္က်ဲက ဆိုဖာေပၚတြင္ ေအးေအးလူလူ ဝင္ထိုင္လာၿပီး ဧည့္သည္အေနအထားျဖင့္ေတာင္မဟုတ္ပဲမိတ္ေဆြရင္းခ်ာပမာ ရွလ်န္ကို ေျပာလာတယ္၊

"လာပါ..မစၥတာရွ, အရမ္းႀကီး စိတ္ကို
တင္းမထားနဲ႕, လာ...ထိုင္..ငါတို႔စကား
ေလးဘာေလး ေျပာၾကရေအာင္ေလ"

26.11.2021
........................................................................






































You are reading the story above: TeenFic.Net