Part-37✨🌹

Background color
Font
Font size
Line height

အသည်းစွဲအောင်ချစ်မိသူ
Part-37✨🌹

" ရှင်ကလေ မေးချင်တာတွေအကုန်စွတ်မေးနေတော့တာပဲ ဒေါက်တာ့မျက်နှာကိုလည်း အကဲမခတ်ဘူး

ကိုယ်စိတ်ပူလို့ပါ Moon ရယ် ဒါက ကိုယ်တို့အတွက် သားဦးကိုယ်ဝန်ဆိုတော့ အလွဲအချော်ဖြစ်မှာစိုးလို့ အသေးစိတ်ကအစ ကိုယ်မေးနေတာပါဗျာ
ကိုယ့်ဘာသာရှာဖတ်ပြီး လေ့လာထားတာတွေကလည်း သေချာစိတ်ချရရဲ့လားဆိုတာ ဆရာမကြီးနဲ့အတည်ပြုကြည့်တာလေ တော်ကြာ မှားပြီးမျှဝေထားတာတွေဆိုရင် ကိုယ့်ဇနီးနဲ့ကလေးကို ကိုယ်လုပ်ပေးတဲ့အခါ အန္တရာယ်ဖြစ်မှာစိုးလို့

အင်္ဂုလိမာလသုတ်ရော ရပြီလား ရှင့်ကို ကျွန်မသင်ပေးထားတာကြာပြီနော်

ရပါပြီဗျာ ကိုယ်က မင်းရဲ့ခင်ပွန်းလေ ကိုယ့်အတွက် အင်္ဂုလိမာလသုတ်ရွတ်ရတာမခက်ပါဘူး
နောက်ပြီး ပဌာန်းတော်အကျယ်လည်း ကိုယ်စရွတ်နေပြီ Moon ကလေးမီးဖွားရလွယ်ကူစေဖို့ ကိုယ်လုပ်နိုင်သမျှ အားလုံး လုပ်ပေးသွားမှာ
နောက်လဆိုမွေးဖွားဖို့ Due date သတ်မှတ်ပေးတော့မှာဆိုတော့ အခုကစပြီး ကိုယ့်မျက်စိအောက်မှာပဲ Moon ကို ထားတော့မယ်

ရှင်ကတော့ ပိုပြန်ပြီ ဘာမှမဖြစ်ပါဘူးဆို ကျွန်မအဆင်ပြေတယ် ရှင်သာ အလုပ်တွေတအားများနေတာ တစ်ရက်လောက် ကုမ္ပဏီမသွားလိုက်တာနဲ့ အလုပ်တွေပုံခံသွားတာကို ကျွန်မကိုစိတ်မပူနဲ့ ဘေးမှာလည်း အေးသီတို့ရှိနေတာပဲဟာ နောက်ပြီး မာမီတို့နှစ်ယောက်လုံးလည်း အပတ်တိုင်း ကျွန်မဆီလာဂရုစိုက်ပေးနေတာ ရှင်စိတ်ချလို့ရပါတယ်နော်

ကိုယ်ကတော့ စိတ်ပူတာပဲ Moon မဖြစ်သေးပါဘူး Moon မွေးဖွားခါနီးထိ အိမ်မှာ မာမီတို့ကို တစ်လှည့်ဆီလာနေပေးဖို့ အကူအညီတောင်းရမယ်

ဖျက်.....

အာ့ နာတယ်လို့ Moon ရဲ့

ရှင်ကိုယ်ချင်းမစာတာ ဒယ်ဒီတို့တွေ ရှင့်ကိုဝိုင်းထုလိမ့်မယ် သူတို့ဇနီးတွေကို ကိုယ်ဝန်သည်စောင့်ရှောက်ဖို့ လာခေါ်လို့ဆိုပြီး ဝိုင်းအမှုန့်ကြိတ်ပစ်ကြလိမ့်မယ်သိလား

ကိုယ်အမှန်ပြောတာပဲဟာကို .....တခြားသူထပ် မာမီနဲ့မာမီခတ္တာက ပိုစိတ်ချရတယ်လေ

ကျွန်မဘာမှမဖြစ်ဘူးလို့ လူကြီးတွေကို ဒုက္ခပေးဖို့မကြံနဲ့

ဒါဆို ကိုယ်ပြောတာလက်ခံပေး ကိုယ်အိမ်မှာနေရင်း အလုပ်လုပ်မယ် ကိုယ့်ကို နေ့တိုင်းကုမ္ပဏီမသွားခိုင်းနဲ့ သဘောတူလား မဟုတ်ရင်တော့ အထုအထောင်းခံပြီးတော့ကို မာမီတို့ကိုသွားခေါ်လာမှာဗျ

ဪ ရှင်ကဒီလိုလား ရတယ်လေ ကျွန်မသဘောတူတယ် ရှင်တော့ ကိုယ့်ဒုက္ခကိုယ်ရှာတာပဲနော် နောက်မှနောင်တမရနဲ့

Noပဲ ကိုယ့်အတွက် မင်းနဲ့ပင်သက်ရင် ဒုက္ခလို့မသတ်မှတ်ထားဘူး သုခဘုံလို့ပဲသတ်မှတ်ထားတာ

အဟွန်း စောင့်ကြည့်ရသေးတာပေါ့ရှင်ရယ်....."

🌹🌹🌹🌹
☎️☎️
" ဟဲလို သားကြီး မင်းကဘယ်လိုဖြစ်တာလဲကွ

အဟွန်း မင်း လင်းထက်ဆီကသိလာပြီးပြီပဲကို လေကုန်ခံပြီးငါ့လာမေးနေသေးတယ်

လရောင်နက်တို့ကတော့ တစ်ခုပြီးတစ်ခုကို လုပ်ပြနေတော့တာပဲနော် မိန်းမဆီကအမှတ်ရဖို့တော်တော်ကြိုးစားနေရှာတာ ဘယ်လိုလဲ ငါတို့ကူညီပေးဖို့လိုအပ်သေးလား

မလိုဘူး ဟေ့ရောင် ငါ့ဘာသာကြိုးစားလို့ရတယ်

ဟားဟား....
အဟွန်း ငါဖုန်းဆက်တာတခြားမဟုတ်ပါဘူး ရှေ့လက မင်းကူညီပေးထားတဲ့ကိစ္စ လုံးဝအဆင်ပြေနေပြီကွ ရှယ်ယာရှင်အသစ်တွေပါထပ်ဝင်လာသလို Order တွေပါတက်လာတာမို့ ဒီတစ်ခေါက် ဆူးခတ်ပန်း ဖြတ်ခုတ်တဲ့ကိစ္စက ငါတို့ကိုကံဇာတာတက်အောင်ကူညီပေးလိုက်သလား အောက်မေ့ရတယ်
တခြားမြို့နယ်တွေဖက်မှာပါ ဆိုင်ခွဲတွေထပ်ဖွင့်ဖို့ ကမ်းလှမ်းလာတာတွေရှိတယ်

ကောင်းတာပေါ့ကွ အဆိုးပြီးရင်အကောင်းလာစမြဲပဲလေ
အခုလိုကြားရလို့ ဝမ်းသာပါတယ်ကွာ

အေးပါ အခုမင်းအိမ်မှာပဲပေါ့ ကုမ္ပဏီ‌ကို တစ်ရက်လေးတောင် မင်းမလာဘူးဆို လင်းထက်ခင်မျာ အားလပ်ချိန်တောင်မရှိတဲ့အထိ ဟိုပြေးဒီပြေးနဲ့ လူရုပ်တောင်မပေါက်တော့သလိုပဲ မင်းနှိပ်စက်ထားတာအတော်များနေပြီ ဟေ့ကောင် ကိုယ့်PAလည်းကိုယ် သနားဦး တော်ကြာ လဝန်းညို ကလေးမမွေးရသေးခင် ဒီကောင့်ကို အရေးပေါ်ဌာနပို့ပေးနေရမယ် ဟားဟား

ငါသိပါတယ်ကွာ ဘောနပ်စ်ရော နားရက်ရှည်ရော လင်းထက်ကိုပေးဖို့စီစဉ်ထားပါတယ် အခုလည်း သူ့ကိုကူဖို့ အကူတစ်ယောက်လွှတ်ပေးထားပြီးသား

စီစဉ်ထားတာတွေက အခုတော့မဟုတ်ဘူးမလား

အဟွန်းဟုတ်တယ် Moon ကလေးမွေးပြီး နှစ်လကြာမှလေ

ဟား.......လင်းထက်တော့ မင်းရဲ့PAလာဖြစ်တာ ဒီကောင်ကံဆိုးတာပဲ

အောင်မာ ဘယ်မှာမှမရတဲ့ အခွင့်အရေးနဲ့ခံစားခွင့်တွေကို ဒီကောင့်ကိုပဲပေးထားတာပါနော်

ဟားဟား......လဝန်းညိုအခြေအနေရော အဆင်ပြေတယ်မလား

အေး ပြေတယ် နောက်လဆို Due date သတ်မှတ်ပေးတော့မှာလေ ရိုးရိုးမွေးမှာဆိုတော့ အခုကတည်းက ငါ့မှာတွေးပူနေတာကွာ

သိပ်ပြီးလည်းစိတ်ပူမနေပါနဲ့ လဝန်းညို အဆင်ပြေပြေနဲ့ ကလေးမွေးဖွားနိုင်မှာပါ မင်းရော မိသားစုဝင်အားလုံးရော ဘေးကနေသေချာဂရုစိုက်ပေးနေတာပဲလေ

အေးပါ.....

အိုကေ အိုကေ ဒါဆို ဖုန်းချလိုက်တော့မယ် လရောင်

အိုကေအိုကေ "

" နက်" ကျွန်မ စတော်ဘယ်ရီသီးစားချင်တယ် ယူလာခဲ့ပေး ဪ နောက်ပြီး စပျစ်သီးရောပဲနော်

လာပြီ Moon ရေ "

Moonက နှစ်နာရီခြားတစ်ခါ ဗိုက်ဆာတတ်တာမို့ သူ့မှာ အလုပ်လုပ်နေရင်း နားပါစွင့်ထားရသည်
Moon စားချင်တာကို အချိန်မီမယူပေးနိုင်ရင် တစ်ရက်လုံးလုံးစိတ်ကောက်သည့် ဒဏ်ကို ခံရတာဖြစ်သည်မို့ ခန္ဓာကိုယ်ပါအမြဲသွက်လက်နေအောင် သတိထားနေရသည်

" ဘာလို့ကြာနေတာလဲ ရှင်ဘယ်သွားနေတာလဲ

၂မိနစ်လောက်ပါပဲ Moon ရယ် ကိုယ်မကြာပါဘူး အသီးတွေကို ရေပြန်ဆေးနေတာမို့လို့ပါ

အေးသီတို့ကို ရေဆေးခိုင်းထားပြီးမှ fridge ထဲ ထည့်ခိုင်းထားတာလေ

ဟုတ်တယ်လေ ဒါပေမယ့် မနက်ကထည့်ထားတာဆိုတော့ နည်းနည်းကြာနေပြီမို့ သန့်အောင် ကိုယ်ရေပြန်ဆေးလိုက်တာ

ပေးပေး ကျွန်မစားချင်နေပြီ
Moon တခြားဘာစားချင်တာရှိသေးလဲ ကိုယ်ဘာလုပ်ပေးရဦးမလဲ

ဟင့်အင်း မရှိသေးဘူး ရှင်အလုပ်သွားပြန်လုပ်လို့ရပြီနော် ကျေးဇူးပဲ

ရပါတယ်ဗျာ ဒါဆို Moon လိုအပ်တာရှိရင် ကိုယ့်ကိုလှမ်းခေါ်လိုက်နော် ကိုယ် ဧည့်ခန်းမှာရှိတယ်

အင်းအင်း...."

Moonက သစ်သီးပန်းကန်လေးပိုက်ကာ စတော််ဘယ်ရီသီးယူစားလိုက် စပျစ်သီးလေးယူစားလိုက်နဲ့ ကာတွန်းကားပြန်ကြည့်နေလေရဲ့

ဧည့်ခန်းကိုပြန်လာကာ အခုမှပဲ အလုပ်ကိုအာရုံပြန်စိုက်လို့ရသည်

🌹🌹🌹

" သားရေ မင်းမလည်း မာမီလာတာထွက်မကြိုနိုင်တဲ့အထိ ဘာ‌တွေများလုပ်နေတာလဲကွယ်
သမီးရော လင်မယားနှစ်ယောက်စလုံးမတွေ့လို့ အေးသီတို့ကိုမေးကြည့်တော့ ဘယ်မှမသွားဘူး အိမ်မှာပဲရှိတယ်ဆိုပြီး တွေ့လည်းမတွေ့ရနဲ့....

ခုနက Moon ချော်လဲတော့မလို့လေ သားအမြန်တွေ့ပြီး လှမ်းထိန်းလိုက်နိုင်လို့ပေါ့ မဟုတ်ရင် စိုးရိမ်စရာပဲ မာမီ

အယ်.....အခုရော အခု သမီးဘယ်လိုနေလဲ အရမ်းလန့်သွားမှာပဲ ဗိုက်ထဲကကလေးရောအဆင်ပြေရဲ့လား

ဆရာဝန်ရော ခေါ်ပြီးစစ်ဆေးလိုက်ရဲ့လား သား

စစ်ဆေးပြီးပါပြီ မာမီတို့နဲ့ရှေ့ဆင့်နောက်ဆင့်ပဲ ပြန်သွားတာ Moon က လန့်ပြီး ငိုနေလို့ သားမနည်းချော့ပြီး သိပ်ထားရတာ အခုအိပ်ပျော်နေတယ် မာမီတို့မပြန်သေးဘူးဆိုရင် အခုဝင်မတွေ့ပါနဲ့ဦးလား Moon ပြန်နိုးသွားမှာစိုးလို့ပါ

ရတယ် သား ရတယ် မာမီတို့ညနေမှပြန်မှာ သမီးအေးဆေးအိပ်ပါစေ သားလည်းပင်ပန်းနေရောပေါ့ ကုမ္ပဏီကိုလည်း သွားဦးမှပေါ့ သားရယ် မာမီ့သမီးငယ်အနားပဲ အမြဲနေပေးဖို့မလိုပါဘူး
ဘေးမှာ အေးသီတို့လည်းရှိနေတာပဲလေ

သားသိပါတယ် ဒါပေမယ့် Moon တစ်ခုခုထိခိုက်မိမှာကိုစိတ်ပူလို့ပါ ဒီနေ့လိုအဖြစ်မျိုးမှာ သားသာဘေးနားရှိမနေခဲ့ဘူးဆိုရင် Moon ထိခိုက်မိပြီ မာမီ သားဒီလိုတွေကြောင့် ကုမ္ပဏီမသွားဘဲ Moon အနားမှာပဲနေနေတာပါ
မွေးဖွားဖို့နီးနေပြီမို့ သားစိတ်ပူတယ် မာမီ ထိခိုက်မှုတစ်စုံတစ်ရာကြောင့် Moon နဲ့ကလေးကို သားမဆုံးရှုံးချင်ဘူး

အေးပါကွယ် မာမီတို့နားလည်ပါတယ် သားလည်းအနားယူဦး သမီးကိုချည်းဂရုစိုက်ပေးနေတာ သားလဲသွားရင် သမီးစိတ်ပူနေရလိမ့်မယ်

ဟုတ်ကဲ့ သားဂရုစိုက်ပါတယ် မာမီ စိတ်မပူပါနဲ့

အေးပါ အေးပါ
ကဲ သားလည်း နားရင်နားလိုက်ဦးလေ မာမီတို့က ယူလာတဲ့ပစ္စည်းတွေကို အေးသီတို့နဲ့ သိမ်းဆည်းလိုက်ဦးမယ်

မဟုတ်တာ အေးသီတို့ကိုပဲ ပစ္စည်းတွေအပ်ထားလိုက်ပါ မာမီ သူတို့လုပ်သွားပါလိမ့်မယ် မာမီတို့လည်း ကားစီးလာရတာ ပင်ပန်းနေမှာ ဧည့်သည်ခန်းမှာ ခဏနားလိုက်ပါဦး

ရပါတယ် သားရယ်

သွားနားလိုက်ပါဗျာ Moon နိုးလာရင် သား မာမီတို့ကို စကားပြောရအောင် လာခေါ်ပါ့မယ်

အေးပါ အေးပါ ဒါဆိုလည်း သား သမီးနားသွားတော့လေ မာမီတို့ ပစ္စည်းတွေကို အေးသီတို့ကိုပေးပြီးရင် နားလိုက်မယ်

အခန်းက အပေါ်ထပ်လှေကား ညဖက်ထောင့်က ပန်းအိုးအဝါလေးထားထားတဲ့အခန်း မာမီတို့နှစ်ယောက် အခန်းကကျယ်ကျယ်ဝန်းဝန်းမို့ နားလို့အဆင်ပြေမှာပါ

အေးအေး ဟုတ်ပြီ သားငယ် "

🌹🌹🌹🌹

လဝန်း နိုးလာတော့ ညနေ၃နာရီတောင်ထိုးနေပြီဖြစ်သည်
နေ့လည်ကဖြစ်ခဲ့တဲ့ကိစ္စကို အခုထိလန့်နေတုန်းပင်
သူသာ လဝန်းကိုလှမ်းမဆွဲလိုက်ရင် လဝန်းချော်လဲပြီး ကြမ်းပြင်နဲ့ဗိုက်နဲ့ ထိမိမှာသေချာသည်
အရမ်းလန့်သွားတာမို့ လဝန်း ကလေးကိုထိခိုက်မိမှာစိုးတဲ့စိတ်နဲ့ မျက်ရည်ကျလာတာမို့ သူ့မှာ လဝန်း အလန့်ပြေစေရန် နှစ်သိမ့်စကားတဖွဖွပြော၍ လဝန်းစိတ်ငြိမ်လာအောင် သူဂရုစိုက်ပေးခဲ့သည်
ထို့နောက် လဝန်း အိပ်ပျော်သွားခဲ့သည်လေ

အခု သူက လဝန်းလက်ကို ကိုင်ကာ ကုတင်းဘေး၌ ထိုင်၍ လဝန်းလက်နှင့်သူ့ပါးကိုထိကာ အိပ်ပျော်နေခဲ့သည်မို့ လဝန်းမှာ မလှုပ်ရဲဘဲ ငြိမ်နေမိသည် သူလည်းအခုမှနားရတာလေ တစ်ချိန်လုံး ကုမ္ပဏီအလုပ်တွေနဲ့ သူမခိုင်းသမျှကို မညည်းမညူသူလုပ်ပေးနေခဲ့တာမို့ အခုလိုအိပ်ပျော်နေချိန်မှာ လဝန်းကြောင့် သူနိုးသွားမှာကို မလိုချင်ပေ။

သို့ပေမယ့် အအိပ်စက်သည့်သူက နိုးလာခဲ့လေသည်
" ဟင် Moon နိုးနေပြီတာကြာပြီလား ကိုယ့်ကိုနိုးလိုက်တာမဟုတ်ဘူး ကိုယ်က Moon လက်ကိုကိုင်ပြီးအိပ်ပျော်မိသွားတာ ကိုယ့်ကိုမနိုးတော့ Moon ဒီအတိုင်းထိုင်နေရတာပေါ့ဗျာ

ရပါတယ် ရှင်လည်းပင်ပန်းနေတာလေ ကျွန်မနားလည်ပါတယ် နောက်ပြီး ကျွန်မနိုးတာမကြာသေးပါဘူး ခုနကမှနိုးလာတာလေ

အဟင်း ကိုယ့်ရဲ့Moon လေးက သိပ်ချစ်ဖို့ကောင်းတာပဲဗျာ "

လူကို အကြည့်ချင်းဆုံပြီး ချစ်စကားလာပြောမှတော့ ဒီရင်ကမခုန်ပဲနေမလား

" မာမီတို့ရောက်နေတယ်သိလား Moon မာမီတို့ရောက်လာတဲ့အချိန်က Moon အိပ်ပျော်နေတာမို့ ကိုယ် ခဏနားခိုင်းထားတယ်

မာမီတို့ဆိုတော့.......

ကိုယ့်မာမီနဲ့ Moon မာမီလေ

မာမီ့ကိုလွမ်းနေတာ အတော်ပဲ ဒီမှာ ညအိပ်ခိုင်းသွားရမယ် ညကျရင်မာမီနဲ့အတူအိပ်မယ်

ဟမ် အဲ့တာတော့ မဖြစ်ဘူးလေ ကိုယ့်ဘေးမှာ မင်းမရှိရင် ညဖက်တွေ အိပ်မရတော့တာအကျင့်ဖြစ်နေပြီ Moon အဲ့တာကြောင့် ကိုယ်သွားမှဖြစ်မယ့် အလုပ်ခရီးကိစ္စတွေတောင် လင်းထက်ကိုပဲ ကိုယ်လွှတ်ခဲ့တာ
ကိုယ် မင်းနဲ့ခွဲမအိပ်နိုင်ဘူး Moon နော်
နောက်ပြီး ဒယ်ဒီကရော လက်ခံပါ့မလား Moon မာမီ့ကို Moon ဒယ်ဒီမခွဲနိုင်တာ သိရဲ့သားနဲ့

အင်း......အဲ့တာလည်းဟုတ်သားပဲ ဒယ်ဒီက ကဲကဲသဲသဲရယ်
ထားပါတော့ မအိပ်ခိုင်းတော့ပါဘူး တော်ကြာ ဒေါကြီးမောကြီးနဲ့ အိမ်တိုင်ရာရောက် ချက်ချင်းလာခေါ်ပြီး နောက်မလာရအမိန့်ထုတ်နေမှဖြင့်....

အဟွန်း အဲ့လိုလုပ်လောက်တယ်သိလား Moon

အဟင်း.............

Moon အခုဗိုက်ဆာနေလား ကိုယ်တစ်ခုခုသွားပြင်လိုက်မယ်လေ

ဟင့်အင်း ရတယ် မဆာသေးဘူး မျက်နှာသစ်ချင်တယ်

ကိုယ် basinဆီတွဲခေါ်သွားပေးမယ်

အင်း......."

🌹🌹🌹🌹

" ဟော သမီးတို့ထွက်လာပြီ မာမီတို့လာခေါ်ဦးမလို့ပဲ သားတို့စကားပြောသံတွေကြားတာနဲ့ မခေါ်တော့တာ

မာမီတို့မနားဘူးလား

နားတယ်လေ ဒါပေမယ့် ပျင်းလည်းပျင်းတာနဲ့ သားတို့အတွက် ညနေစာချက်ဖို့ အေးသီတို့နဲ့ပြင်ဆင်နေလိုက်တာ

မာမီတို့ကတော့ သားတို့ကို ဒယ်ဒီနှစ်ယောက် ဆူတာခံရအောင်လာလုပ်နေပြီ

အဟင်းဟင်း မဆူပါဘူး သားရယ် မင်းတို့ဒယ်ဒီတွေကို မာမီတို့ပိုင်ပြီးသားပါနော် ဟုတ်တယ်မလား မကြွယ်

ဒါပေါ့ရှင်.....

မာမီတို့က လာကြွားနေတာလား

အဲ့လိုသဘောသက်ရောက်သွားတယ်ဆိုရင် မရည်ရွယ်ပါဘူးကွယ် အဟွန်းဟွန်း

အဟင်း မာမီတို့ကတော့လေ....

လာ သမီး သမီးအကြိုက် မြေအိုးမြီးရှည်ချက်လာခဲ့တာ မာမီပြန်နွှေးပေးထားတယ် ပူတုန်းလေးစားလိုက်ဦး သမီး သားရောပဲ

Moon ငရုတ်သီးမထည့်ရဘူးနော် အချိုပဲစားရမယ်

နည်းနည်းလေးပဲလေ နည်းနည်းလေးပဲထည့်စားမှာ

မရဘူး မရဘူး .....
အချိုပဲစားနော် ကိုယ်က Moon ကိုစိတ်ပူလို့ပါ နောက်ပြီးအစပ်စားရင် အထဲက ကလေးအတွက်မကောင်းဘူးလေ Moon စားချင်တာရှိရင် ကိုယ်ထပ်ဝယ်ကျွေးမယ် နော် Moon

ရှင် ကတိနော်

ကတိပေးတယ် အစပ်ထည့်မစားနဲ့နော်

အင်းအင်း ပြီးရော...."

ကလေးနှစ်ယောက်က လူကြီးတွေရှေ့မှာမို့ အဆင်ပြေဟန်နေပြတာမျိုးမဟုတ်ဘဲ တစ်ကယ်အဆင်ပြေနေတာမို့ သူမတို့လည်း စိတ်အေးသွားရပါသည်

ကလေးတွေအခြေအနေအကဲခတ်ကအောင်လာခဲ့တာမှန်သွားပြီလေ သမီးလေးကြည့်ရတာ မကြာခင် သားအပေါ် အရင်လိုဆက်ဆံရေးပြန်တည်ဆောက်တော့မယ့်ဟန်ရှိနေပါသည်

🌹🌹🌹🌹

မာမီတို့က ညနေစာအတူစားပြီးမှ ပြန်သွားကြသည်လေ
မိုးချုပ်ခါစမို့ ခြံထဲ၌ Moon ကို လမ်းကူလျှောက်ပေးနေတာဖြစ်သည်
မာမီတို့မပြန်သေးတော့ လမ်းလျှောက်ချိန်က အနည်းငယ်နောက်ကျသွားတာဖြစ်သည်

" ကြည့်ပါဦး အခုမှ ညနေ၆နာရီခွဲပဲရှိသေးတာကို ပတ်ဝန်းကျင်က မှောင်နေပြီ

ဆောင်းဦးဝင်ပြီးနေပြီလေ Moon ရဲ့ ဆောင်းတွင်းဆို နေ့တာတိုတယ်လေ

ညနေခင်းလေတိုက်တာ အေးတယ်နော် ရှင် အနွေးထည်ထပ်ဝတ်ထားရဲ့လား "နက်"

ဝတ်ထားပါတယ်ဗျာ ..... Moon ညောင်းနေပြီလား အထဲပြန်ဝင်တော့မလားဟင်

ဟင့်အင်း လမ်းလျှောက်ချင်သေးတယ် ခြံထဲမှာလည်း ပန်းလေးတွေပွင့်နေပြီ လှလိုက်တာနော် လေတိုက်တိုင်း ပန်းနံ့လေးတွေသင်းနေတာပဲ

ဒါပေမယ့် ကိုယ့်ဇနီးထပ်တော့ ပိုမလှကြပါဘူးနော်

ပန်းလေးတွေကြားရင် ငိုနေပါဦးမယ်ရှင်....

အဟက်......
ကိုယ်ပြောတာအမှန်ပဲလေဗျာ

ရှင်က ကိုယ့်ငါးချဉ်ကိုယ်ချဉ်တဲ့သူမျိုးပဲ

အဲ့လိုဖြစ်သွားတာပဲ မရည်ရွယ်ပါဘူးဗျာ

အဟွန်း......

" နက်"

ဗျာ.....

ကျွန်မ "ရေး"မုန့်စားချင်တယ် နောက်ပြီး pasta 🍝ရောပဲ လိုက်ဝယ်ကျွေး

လာ အခုသွားမယ်

အယ် နေဦးလေ အဝတ်အစားလဲဦးမှပေါ့ ရှင်ကလည်း စိတ်ချည်းပဲ

အဟီး ဒါဆိုလည်း ကိုယ်တို့အဝတ်အစားသွားလဲကြတာပေါ့

အင်း"

🌹🌹🌹

Moon စားချင်သည့် "ရေး"မုန့်ကို ဝယ်ကျွေးပြီးသည်နှင့် pasta ဝယ်ကျွေးရန် သွားစားနေကျဆိုင်သို့ မောင်းလာခဲ့သည်

" Moon ဘယ်လိုလဲ အရင်အရသာပဲမလား

အင်း အရင်စားနေကျအတိုင်းပဲ နောက်တစ်ပွဲထပ်ရမလား

ရတာပေါ့ "

Moon က နောက်တစ်ပွဲစားချင်သည်မို့ ထပ်မှာပေးပြန်ရသည်
သူ့မှာ Moon ထိုသို့ စားနိုင်နေတာကို ဝမ်းသာနေတာဖြစ်သည်

" Moon ဘာထပ်စားဦးမလဲ ဖျော်ရည်ရော သောက်ဦးမလား

အင်း ဝက်သားစတိတ်ခ်နဲ့ ကီဝီသီးဖျော်ရည်မှာပေးနော်

အိုကေဗျာ..."

🌹🌹🌹🌹

" အင်း အခုမှပဲ နေသာထိုင်သာရှိတော့တယ် မနေ့က Japan animeကားကြည့်ပြီးထဲက အဲ့ထဲမှာပါတဲ့ အစားအသောက်တွေစားချင်နေတာ

နောက်ဆို ဘာပဲစားချင်စားချင် ကိုယ့်ကိုတန်းပြောနော် ချက်ချင်းလိုက်ဝယ်ကျွေးမယ်

အင်း......

ဒါဆို Moon ဘယ်ကိုဝင်ချင်သေးလဲ.....

ရှင့်ရင်ခွင်ထဲကို...နည်းနည်းအေးလာလို့

ဗျာ......"

သူမစကားကြောင့် "နက်"ခင်မျာ ကြောင်တောင်တောင်ဖြစ်နေလေသည်

" Moon အခု အခုပြောလိုက်တာကလေ ကိုယ်နားကြားမှားတာမဟုတ်ဘူးမလားဟင်

နားကြားမှားချင်လို့လား ရပါတယ်လေ အဲ့လိုပဲသဘောထား....."

စကားတောင်မဆုံးသေး...ထိုင်ရာကထလာပြီး သူမအား သူ့ရင်ခွင်ထဲသို့ပွေ့ဖက်ထားလေသည်

" နက်" လူတွေရှိနေတယ်လေ ချက်ချင်းကြီးလာဖတ်ရလား

ကိုယ့်အတွက် အိမ်မက်ဖြစ်နေမှာစိုးလို့ပါ Moonရယ်
နောက်ပြီး Moonက ဒီစကားကိုမသိချင်ယောင်ဆောင်ပြီး မေ့နေရင်ဘယ်လိုလုပ်မလဲ ကိုယ့်ရင်ခွင်ထဲ မင်းကိုဖက်ထားခွင့်မရတော့ဘူးလေ

အဟွန်း ကျွန်မက မေ့စရာလား ရှင်ဟာလေ.....တစ်ကယ်ကိုမနိုင်ဘူးသိလား
အခုလွှတ်ဦး လူတွေဝိုင်းကြည့်နေပြီ ရှက်လိုက်တာနော်

အဟီး ရှက်နေရင် ကိုယ့်ရင်ခွင်ထဲပဲနေ ကိုယ်မင်းကိုဘယ်သူမှမမြင်အောင် ဝှက်ထားပေးမယ်

အဟွန်း......ဒီဗိုက်ပူပူလေးကိုကျ ရှင်ဘယ်လိုဝှက်မလဲ

ဒီလိုလေးဝှက်ထားပေးမှာပေါ့ "

"နက်"က သူဝတ်ထားသည့် အနက်ရောင်လောင်းကုတ်ရှည်နှင့် သူမဗိုက်လေးအား ကွယ်ပေးထားလေသည်

" ဟေ့ကိုယ့်လူ အားကျအောင် မလုပ်ပါနဲ့လားဗျာ
ဆောင်းတွင်းမှာ ကြည်နူးစရာကောင်မလေးမရှိဘူးဗျ

ဟုတ်တယ်ဗျ ကျွန်တော်တို့မှာ တစ်ဦးတည်းအဖော်မဲ့နေကြတာပါဗျ အားကျရလွန်းလို့ စားနေတာတောင် ရင်ခံသွားလို့ မစားနိုင်တော့ဘူး

အဟွန်း အဲ့လိုဖြစ်သွားစေဖို့မရည်ရွယ်ပါဘူးဗျာ "

သူ့ကြောင့် ဆိုင်မှာလာစားသည့် လူတွေတောင် တစ်ယောက်တစ်ပေါက်ဝိုင်းစနေကြလေသည်

" သွားမယ် အိမ်ပြန်ရအောင်

ဟုတ်ကဲ့ နာခံလျက်ပါဗျ

အဟွန်း...."

🌹🌹🌹

ဘေလ်ရှင်းပြီးသည်နှင့် Moon ကိုတွဲကာ ဆိုင်ထဲမှအထွက် ဆူးခတ်ပန်းနှင့်လာတိုးလေသည်
ဘေးမှာလည်း သူမထပ်အသက်ကြီးပုံရသည့် လူတစ်ဦးပါလေသည်

" အိုး......ရေစက်ကဆန်းကျယ်သားနော် "ရောင်" စာချုပ်ကိစ္စပြီးကတည်းက မတွေ့ဖြစ်တာနော်

ဘေဘီ ကိုယ် အထဲဝင်နှင့်မယ်

အင်း ဦး "ဆူး"ခဏနေလာခဲ့မယ်နော်

အင်း ဒီကညီလေးနဲ့ညီမလေးလည်း ခွင့်ပြုပါဦး

ဟုတ်ကဲ့ပါဗျ

"ရောင့်"ဇနီးကို အခုမှပဲ သေချာမြင်ဖူးတော့တယ် "မေ"နဲ့ဆင်သားပဲနော် "ရောင်" အချောလေးပဲ "ရောင်"ကရွေးတတ်သားပဲ ကြည့်လေ ကြည့်လေ "အတ္တမေ"နဲ့ပိုတူလေပဲသိလား "ရောင် "

ဒီမိန်းမကို တွေ့လိုက်ကတည်းက အကုသိုလ်များတော့မည်ဆိုတာ "နက်"တွေးမိပြီးသားဖြစ်သည်
အခုလည်း   Moon နဲ့သူ့အကြား ပြဿနာတက်စေမည့်စကားကို အရင်စပြောနေသည်မို့ ‌ဒေါသထွက်လာရသည်

🌹🌹🌹
''''''''''' '''''''' ''''''' ''''''' ''''''' ''''''' ''''''' ''''''

Part-  38 မျှော်✨🌹
Author Ester Linn 🕊️


You are reading the story above: TeenFic.Net