Part-36✨🌹

Background color
Font
Font size
Line height

အသည်းစွဲအောင်ချစ်မိသူ
Part-36✨🌹

" Moon ကြိုက်တဲ့အတိုင်း ကိုယ်မနက်စာပြင်ပေးခဲ့တယ်နော် ကိုယ် မနိုးသွားတာက အိပ်ရေးပျက်မှာစိုးလို့ပါ ဒီနေ့မနက် အရေးကြီး meeting ပေါ်လာလို့ ကိုယ် ကုမ္ပဏီသွားနှင့်ပြီနော် မနက်စာကို အတူမစားပေးနိုင်လို့ ဒီနေ့တော့ ကိုယ့်ကိုခွင့်လွှတ်ပေးနော် ချစ်ဇနီးချောလေး
သိပ်ချစ်တယ် Moon "

မနက်စာစားပွဲဝိုင်းလေးမှာ sticky noteလေးဖြင့် ရေးထားခဲ့သည့် သူ့ရဲ့စာကိုဖတ်ပြီးနောက် Moon ပြုံးမိပြန်သည်

" ရှင်ကတော့လေ အမှတ်ယူတတ်တဲ့နေရာမှာ နှစ်ယောက်မရှိဘူး ဒီလိုမျိုးတွေလည်း လုပ်တတ်သားပဲ "

" မမလေး တခြားဘာထပ်ပြင်ပေးရဦးမလဲရှင့်

ရတယ် ရတယ် အစ်မ သူပြင်ပေးခဲ့တာတွေပဲ မနက်စာစားလိုက်တော့မယ်

ဟုတ် မမလေး ဒါဆို လိုအပ်တာရှိရင်ပြောပါနော်

အင်းအင်း...."

" ဪ ဒါနဲ့ သန်းကြည်

ရှင် မမလေး

သူ မနက်စာစားသွားရဲ့လား

မစားသွားဘူး မမလေး အစ်ကိုလေးက မမလေးအတွက် မနက်စာပြင်ပေးနေတုန်း ဖုန်းဝင်လာတာနဲ့ အမြန်ပြင်ဆင်ပေးပြီး ကားနဲ့ထွက်သွားတာပါပဲရှင့်

ဟုတ်လား အင်းအင်း ရပြီ သွားတော့

ဟုတ်ကဲ့ မမလေး "

သည်လူ မနက်စာရော စားဖြစ်ရဲ့လား မသိဘူး သူ့အတွင်းရေးမှူးဆီ ဖုန်းဆက်ကြည့်ဦးမှပါပဲ

☎️
" ဟဲလို

ကိုလင်းထက် ကျွန်မ လဝန်းညိုပါ

ဪ ဟုတ်ကဲ့ ဆရာကတော် ပြောပါခင်ဗျ

"နက်"လေ သူ မနက်စာစားပြီးပြီလား လှမ်းမေးတာပါ အိမ်မှာ မနက်စာမစားသွားလို့လေ

ဟုတ်ကဲ့ ကျွန်တော် ဘော့စ်အတွက် မနက်စာစီစဉ်ပေးထားပါတယ်ခင်ဗျ ဆရာကတော် စိတ်မပူလည်းရပါတယ်ဗျ

ဪ ဟုတ်ကဲ့ ဒါဆိုရပါပြီ
ကျေးဇူးပဲနော် ကိုလင်းထက်

ဟုတ်ကဲ့ ရပါတယ်ဗျ "

အင်း ဒါဆိုတော်သေးတာပေါ့ သူမက သူမနက်စာမစားဖြစ်မှာကို စိတ်ပူနေတာ သူ့အတွင်းရေးမှူးက အားကိုးရသားပဲ

🌹🌹🌹🌹🌹
☎️
" အေး သူရိန်ပြော

အခုမင်းအားလား သားကြီး

အေး အားတယ်လေ ဘာဖြစ်လို့လဲ

ငါ မင်းဆီလာခဲ့မလို့ အလုပ်ကိစ္စပြောချင်တာလေး ရှိလို့ကွာ

အေး ရတယ် လာခဲ့လေ ငါ ကုမ္ပဏီမှာရှိတယ်

အိုကေအိုကေ ဒါပဲနော် လရောင်

အေးအေး ကားကိုဂရုစိုက်မောင်းဦး

အေးအေး "

🌹🌹🌹🌹

" ဘော့စ် ကျွန်တော်လင်းထက်ပါ ဝင်လာခဲ့လို့ရမလားဗျ

အေး ရတယ် လင်းထက် ဝင်လာခဲ့

ဟုတ်ကဲ့ပါ ဘော့စ် "

" ဒါလေး လက်မှတ်ထိုးပေးပါဦးဗျ ဘော့စ်

ဪ အေး တခြားလက်မှတ်ထိုးပေးရဖို့ရောရှိသေးလား

မရှိတော့ပါဘူး ဘော့စ် ဟို ဒါနဲ့လေ မနက်က ဆရာကတော် ကျွန်တော့်ဆီဖုန်းဆက်တယ်ဗျ

ဟမ် ဘာကိစ္စ ငါ့ဇနီးက မင်းဆီဖုန်းဆက်ရတာလဲ လင်းထက်

ဘော့စ် မနက်က အိမ်မှာ မနက်စာမစားသွားလို့ ကျွန်တော့်ကို ဘော့စ် မနက်စာစားဖြစ်ရဲ့လား လှမ်းမေးတာပါဗျ စိတ်ပူလို့တဲ့လေ

ဟုတ်လား "

သူ့ရဲ့ "ဟုတ်လား"မေးသံမှာ ဝမ်းသာတဲ့အသံကြီးမှန်း သိသာသွားလေသည်
မျက်နှာဟာလည်း Moon ရဲ့စိတ်ပူလို့လှမ်းမေးတာဆိုတဲ့အသိကြောင့် ပြုံးဖြီးဖြီးနေမည်မှာလည်းသေချာသည်

" အဟမ်း အိုကေ မင်းသွားလို့ရပြီ လင်းထက်

ဟုတ်ကဲ့ပါ ဘော့စ် "

လင်းထက် အခန်းထဲမှ ထွက်သွားသည်နှင့် သူထခုန်မိပြီး လက်သီးလက်မောင်းတန်းကာ ပျော်နေမိပြန်သည်
" ဟားဟား Moonက ငါ့ကိုစိတ်ပူတယ်တဲ့ ဒါတဖြည်းဖြည်း ငါ့အတွက် အခြေအနေကောင်းလာတဲ့သဘောပဲ
ပျော်လိုက်တာ Moon ရယ် "

ရုံးခန်းတံခါးကို ကျောပေးပြီး ခံစားချက်တွေပွင့်ထွက်နေတာမို့ အခန်းဝမှာရပ်နေသည့် သူရိန့်အား သူမမြင်ပေ။
သူရိန်တစ်ယောက် ရုံးခန်းထဲ အရူးထနေသည့် လရောင်ကြောင့် အခန်းထဲပဲ ဆက်ဝင်ရမလား ပြန်ထွက်ရမလား စဉ်းစားနေရသည်
ပြန်ထွက်လို့လည်းမဖြစ် အလုပ်ကိစ္စက ဒီကောင်ပါမှဖြစ်မယ့်ကိစ္စမို့ ဒီနေ့ပြောမှဖြစ်မည်

" အမလေးဗျ.....လန့်လိုက်တာကွာ မင်းကဘာရပ်လုပ်နေတာလဲ ရောက်နေရင်လည်း အသံလေးဘာလေးပေးမှပေါ့ ဒီလဒကတော့

နှလုံးရောဂါရအောင်လာခြောက်နေတယ် "

သူ့ဘာသာ သောက်ကြောထနေတာကျမတွေးဘဲ သူ့အပြစ်လာတင်နေတယ် ဒီမသာကတော့ ထလုပ်ရမကောင်းရှိတော့မယ်

" ဟေ့ရောင် မယက ငါအသံပေးလိုက်ရင် မင်းfeelပျက်မှာစိုးလို့ ဒီအတိုင်းလေးငြိမ်နေတာသိလား
မင်းဘာ့သာ ရုံးခန်းထဲမှာ တစ်ယောက်တည်းရှိတယ်ဆိုပြီး လုပ်ချင်ရာလုပ်မနေနဲ့ ငါ့နေရာမှာ တခြားလူသာဆို မင်းအရှက်ကွဲပြီ ဟေ့ရောင်

အပိုတွေလာပြောမနေနဲ့ ငါပျော်နေတာက Moonက ငါ့ကို အိမ်မှာမနက်စာမစားသွားတာကို စိတ်ပူပြီး လင်းထက်ဆီဖုန်းဆက်မေးတယ်တဲ့ကွာ ဘယ်လောက်ချစ်ဖို့ကောင်းလိုက်သလဲ ဟားဟား

မင်းတော့ရူးနေပြီ လုံးဝရူးနေပြီ ဆေးလေးဘာလေးသောက်ထားဦး တော်ကြာ စိတ်လွတ်ပြီး ရွာသာကြီးရောက်နေမယ် သားလေး အဲ့ကျရင်အဖေတို့လာမတွေ့ဘူးနော်

ရီးမို့လို့ ငါကရွာသာကြီးရောက်ရမှာလား ရောက်မယ့်ရောက်မင်းပဲရောက်မှာ သတော်စော်လေး

လခွမ်းတဲ့မှပဲ.....အလုပ်ကိစ္စတိုင်ပင်မို့ပါဆိုမှ အရူးနဲ့စကားနိုင်လာလုနေရတယ် ချီးမှပဲ မတိုင်ပင်တော့ဘူးကွာ ပြန်တော့မယ်

ဟားဟား မင်းကလည်းစိတ်ချည်းပဲ အေးဆေးပေါ့ကွ

မင်းနော်မင်း မိန်းမရမှ တော်တော်စပ်စလူးထနေတာ ထိန်းလို့ကိုမရတော့ဘူး

ဒါကတော့ မင်းမိန်းမရမှပဲသိလိမ့်မယ် သားလေး

မယူဘူး ဟေ့ရောင် နားပူတာမခံနိုင်ဘူး

အေးပေါ့ကွာ အချစ်ကိုမတွေ့သေးတော့လည်း လေကြီးလေကျယ်ပြောနေဦးမှာပေါ့ ငါနားလည်ပါတယ်သူငယ်ချင်းရာ

ဟေ့ရောင် ငါထထိုးတော့မှာနော်

ဟားဟား အေးပါကွာ ပြော မင်းလာရင်းကိစ္စ ငါဘာကူညီပေးရမလဲ

ဒီလိုကွာ ငါ အခု ငါ့မိဘတွေလုပ်ငန်းမှာ ရှယ်ယာထည့်ထားတာ

အေး အဲ့တော့

အဲ့တာ အခုကွာ ငါတို့နဲ့စာချုပ်ချုပ်ထားတဲ့ လုပ်ငန်းရှင်ကို ဆူးခတ်ပန်းက ဖြတ်ခုတ်သွားတယ်
သူအဲ့လိုသောက်ကျင့်ယုတ်သွားတော့ အခုထုတ်လက်စအထည်တွေက ကုန်ကြမ်းပျက်သွားပြီး ဆက်ထုတ်လို့မရတော့ဘူး ဈေးကွက်ထဲ တရားဝင်ဖြန့်ချီဖို့ရက်က အခုလာမယ့်အပတ်ထဲမှာသတ်မှတ်ကြေညာထားပြီးပြီကွာ ကုန်ကြမ်းက ဘယ်မှာမှရှာမရတော့ဘူး ငါတို့နဂိုသတ်မှတ်ထားပြီးသားအထည်အရေအတွက်မပြည့်ရင် ပြဿနာတက်ပြီ သားကြီး

ဒီမိန်းမက အေးဆေးမနေချင်ဘူးပဲကွ တစ်ခုမဟုတ်တစ်ခု တခြားလူတွေကို ဒုက္ခပေးလိုက်ရမှနေသာထိုင်သာရှိတဲ့လူမျိုး သူများပစ္စည်းလည်း ဖြတ်ခုတ်ရတာကြိုက်တဲ့လူစားမျိုးပဲ ကြည့်ရတာ သူ့မိဘတွေ သားသမီးအုပ်ထိန်းမှုညံ့မှန်းသိသာတယ်
မင်းစိတ်မပူနဲ့ လိုအပ်တဲ့ကုန်ကြမ်းငါရှာပေးမယ် အချိန်မီ မင်းတို့ဖက်ကို ကုန်ကြမ်းတွေပို့ပေးလိုက်မယ် သူရိန်

ကျေးဇူးပဲ သားကြီး ငါတစ်ကယ်ကျေးဇူးတင်ပါတယ်ကွာ
ဟိုနှစ်ကောင်ကလည်း သူတို့လုပ်ငန်းနဲ့သူတို့ဗျာများနေတာဆိုတော့ မင်းကိုပဲအပူကပ်ရတော့တာ ငါအားနာပါတယ်ကွာ

ဟေ့ရောင် ငါတို့ကသူငယ်ချင်းတွေနော် အတူရှိလာတာလည်းနှစ်ပေါင်းမနည်းတော့ဘူး ကျေးဇူးတင်စရာမလိုဘူး မင်းအခက်အခဲက ငါ့အခက်အခဲပဲ သေချာပေါက်ကူညီပေးရမှာပေါ့

အေးပါကွာ ဒါဆို ငါပြန်တော့မယ် လရောင် ကိစ္စတစ်ခုဖြေရှင်းပြီးပြီဆိုတော့ နောက်ထပ်ကိစ္စတစ်ခုထပ်ဖြေရှင်းရဦးမယ် ငါသွားတော့မယ်

အေးအေး လိုအပ်တာရှိရင် ငါ့ကိုဖုန်းဆက်လိုက် ငါတတ်နိုင်တာကူညီပေးမယ်

အေးကွာ ကျေးဇူးပါပဲ

ရတယ် ဟေ့ရောင် မလိုဘူးလို့ ငါပြောပြီးပြီနော် ဆက်ပြောရင် မင်းဖင်ငါထကန်တော့မှာ

ဟားဟား မင်းကတော့ကွာ "

🌹🌹🌹🌹

☎️
" ဟဲလို Moon ကိုယ်ပါ
နေ့လည်စာစားပြီးပြီလား ဆေးရောသောက်ပြီးပြီလား

အင်း နှစ်ခုလုံးပြီးပြီ ရှင်ရော နေ့လည်စာစားပြီးပြီလား အလုပ်ချည်းပဲစွတ်လုပ်မနေနဲ့ ကျန်းမာရေးထိလာမယ်

ကိုယ် နေ့လည်စာစားပြီးပါပြီဗျာ မနက်စာ လင်းထက်ကို Moon ဖုန်းဆက်တယ်ဆို ကိုယ့်ကိုဘာလို့တိုက်ရိုက်ဖုန်းမဆက်တာလဲ

ဪ အဲ့တာက ရှင်ပဲ meeting ရှိတယ်လို့ စာရေးထားခဲ့တာဆိုတော့ ကျွန်မဆက်တဲ့အချိန် ရှင်ကိုင်ဖို့အခက်အခဲဖြစ်နေမှာစိုးလို့ပေါ့

ဟုတ်ပါပြီဗျာ ဒါပေမယ့် နောက်ဆို ကိုယ့်ကိုပဲတိုက်ရိုက်ဆက်နော် ကိုယ်သဝန်တိုလို့

ရှင်ကတော့လေ......
အခုလည်း ရှင် အလုပ်လုပ်လက်စမလား ဆက်လုပ်လေ ကျွန်မဖုန်းချလိုက်တော့မယ် ညနေနောက်မကျနဲ့နော် ကျွန်မ မမျှော်ချင်ဘူး အချိန်မှန်ပြန်ရောက်ပါစေ

ဟုတ်ကဲ့ပါဗျ ကိုယ် စောစောပြန်လာခဲ့မယ်နော် Moon စားချင်တာရှိရင် ကိုယ့်ကိုအခုပြောလေ ကိုယ်ပြန်လာရင် ဝယ်လာခဲ့မယ်

ဟင့်အင်း မရှိဘူး ရှင်သာ အိမ်ကိုတန်းပြန်လာခဲ့

ဟုတ်ကဲ့ပါဗျာ ချစ်တယ်နော် Moon

အဟွန်း.....

ဒါပဲနော်

ဟုတ်ကဲ့ပါဗျ "

ဘာမှပြန်မပြောသွားပေမယ့် ရယ်သံလေးက သူ့အတွက် အသံတိတ်‌အဖြေပေးလိုက်သလိုပါပဲလား
အဟွန်း လရောင်နက်တို့ကတော့ ကိုယ်လိုရာဆွဲတွေးနေပြီ

🌹🌹🌹🌹

" Moon ကိုယ့်ကို အင်္ဂုလိမာလသုတ်သင်ပေးပါလားဟင်

ရှင်သင်ပြီး ဘာလုပ်မလို့တုန်း

Moon ကလေးမွေးရင် ကိုယ်ရွတ်ဖို့လေ

ရှင် ရွတ်တတ်ပါ့မလား ပါဠိတွေရွတ်ရမှာနော် အခုမှစရွတ်မယ့်လူဆို ရွတ်ရခက်မယ်နော်

ရတယ် ကိုယ့်ဇနီးနဲ့ ကလေးအတွက်ပဲဟာ ကိုယ်ရွတ်နိုင်ပါတယ်

ရှင် သေချာတယ်နော် တစ်ဝက်တစ်ပျက်နဲ့ သင်တာရပ်လို့ကတော့ ရှင့်ခေါင်းမွှေးအကုန်ကုန်ပြီသာမှတ်

အဟီး စိတ်ချပါဗျာ ကိုယ်ရအောင်ရွတ်ပါ့မယ်

အင်း စာအုပ်စင်ပေါ်မှာ တင်ထားတဲ့ လိမ္မော်ရောင်စာအုပ်လေးယူပေး

ဟုတ်.....ဒီမှာ ရပါပြီဗျ

ရှင် သေချာပါတယ်နော်

သေချာပါတယ်ဗျာ ကိုယ် ရအောင်ရွတ်မှာပါ

အင်းအင်း......ကဲ လိုက်ဆိုနော် သေချာနားထောင်ပြီး နောက်လိုက်ဆို

အင်း.......

" ပရိတ္တံ ယံ ဘဏန္တဿ၊ နိသိန္တဌာနဓောဝနံ.....

ပရိတ္တံ ယံ ဘဏန္တဿ.........နိသိန္တဌာနဓောဝနံ

နောက်တစ်ခါပြန်ဆို......" ပရိတ္တံ ယံ ဘဏန္တဿ၊ နိသိန္တဌာနဓောဝနံ.....

ပရိတ္တံ ယံ ဘဏန္တဿ.........နိသိန္တဌာနဓောဝနံ

" ဥဒကမ္ပိ ဝိနာသေတိ......သဗ္ဗမေဝ ပရိဿယံ

ဥဒကမ္ပိ ဝိနာသေတိ.........သဗ္ဗမေဝ ပရိဿယံ

နောက်တစ်ခါပြန်ဆို......ဥဒကမ္ပိ ဝိနာသေတိ

ဥဒကမ္ပိ ဝိနာသေတိ.........သဗ္ဗမေဝ ပရိဿယံ "

လဝန်း သူ့ကို ရှေ့ကတိုင်ပေးနေရင်း အကဲခတ်ကြည့်တာ စာအုပ်ကိုသေချာကြည့်ပြီး အာရုံတစိုက်နဲ့ တိုင်ပေးနေတာကို လိုက်ဆိုနေတာ
သူတစ်ကယ် ကြိုးစားနေတာပဲ လဝန်း သူ့အပေါ် တဖြည်းဖြည်းအမြင်ပြောင်းစပြုလာပါပြီ သူ့ကြိုးစားမှုတွေက လဝန်းစိတ်ကို ပြောင်းလဲနိုင်စွမ်းရှိပါသည်

🌹🌹🌹🌹
•••••• •••••• ••••• •••••• •••••• •••••• •••••• ••••• •••••
Part-  37မျှော်✨🌹
Author Ester Linn 🕊️


You are reading the story above: TeenFic.Net