Part -23✨🌹

Background color
Font
Font size
Line height

အသည်းစွဲအောင်ချစ်မိသူ
Part-23✨🌹

တီး...တီး....တီး....

" ကားဟွန်းကို ဘာလို့စွတ်တီးနေတာလဲ ရှင်လည်းမြင်နေတာပဲဟာ မီးပွိုင့်မိနေတာမို့ ကားတွေပိတ်နေတာလေ ရှင့်ကို မီးပွိုင့်မိနေတာမသိဘဲ ကားဟွန်းစွတ်တီးရလားဆိုပြီး ဝိုင်းဆဲနေမယ်

ကိုယ် မီးပွိုင့်မိနေမှန်းသိပါတယ် ဒါပေမယ့် အဲ့ကားက ကားရွေ့ဖို့ ရှေ့မှာ နေရာရှိနေသေးတာကို မရွေ့ဘဲ ဒီအတိုင်းရပ်နေလို့ ကိုယ် ဟွန်းတီးနေရတာပါဗျာ

ဒါပေမယ့် အရမ်းမတီးပါနဲ့ တခြားကားတွေအတွက် အနှောင့်အယှက်ဖြစ်စေတယ်လေ

ဟုတ်ပါပြီဗျာ...."

တော်သေးသည်က မီးပွိုင့်အကြာကြီးမမိတာမို့ Moon သွားချင်သည့်နေရာလေးကို အချိန်မီလိုက်ပို့ပေးနိုင်တာဖြစ်သည်

" ကဲ ရောက်ပါပြီဗျာ....."

Moon က ညနေစာကို ထမင်းမစားချင်ဘူးဆို၍ Hong Kong Paradise ကို လိုက်ပို့ပေးတာဖြစ်သည်
ဆိုင်ထဲဝင်ဝင်ချင်း မြင်လိုက်ရသည်က စားပွဲဝိုင်းအပြည့်ပင်....

" လူများတယ်နော် ထိုင်ခုံတွေအပြည့်ပဲ....

ညနေစာစားချိန်ဆိုတော့ ဆိုင်က လူအပြည့်ပဲ....လာ ကိုယ် ကြိုပြီး ဘိုကင်တင်ထားတယ် ကိုယ်တို့အတွက် နေရာဦးထားပြီးသား

ရှင် ဘယ်တုန်းက ဘိုကင်လှမ်းတင်လိုက်တာလဲ

ကိုယ်ပါ Moonရဲ့....ကိုယ့်အချစ်လေးအတွက် စိတ်တိုင်းကျ အားလုံးအဆင်သင့်ရှိနေစေရမယ်

ကျွန်မစားချင်တာ အကုန်မှာ မှာနော်

ရတာပေါ့ဗျာ ...ဒါပေမယ့် မတည့်တာတွေတော့ မစားရဘူးနော်

ကျွန်မသိပါတယ်နော်.....

ဒီမှာ Menu Book ပါရှင့်...

ဟုတ်ကဲ့ ကျေးဇူးပါ...."

''''''''''' '''''''' ''''''' '''

" အင်း....ဒီဆိုင်တွေက အစားအစာတွေအကုန် ခံတွင်းတွေ့တယ်နော်

တော်သေးတာပေါ့ဗျာ ကိုယ်က Moon ခံတွင်းမတွေ့မှာစိုးနေတာ
Moon .....ကိုယ်တို့ အိမ်မပြန်သေးဘဲ ကုန်တိုက်ခဏဝင်ရအောင်လေနော်

အင်း....ဝင်လေ ရှင် ဝယ်စရာရှိနေလို့မလား

အင်း....ကိုယ့်အတွက်တော့မဟုတ်ဘူး ကိုယ်တို့ကလေးလေးအတွက်လေ

ကလေးက ဘာလေးမှန်းမသိရသေးပဲနဲ့ ရှင် ဘယ်လိုဝယ်မလို့လဲ

ကိုယ်ကတော့ ဘာလေးပဲမွေးမွေး အဝတ်အစားတွေကြိုဝယ်ထားပေးချင်တယ် အသုံးအဆောင်ပစ္စည်းတွေကအစပေါ့
ဒါမှ ကိုယ်တို့ကလေးလေးမွေးလာရင် အားလုံးအဆင်သင့်ဖြစ်နေမှာ
အခန်းကိုလည်း ကိုယ့်အိမ်မှာ ပြင်ထားပြီးပြီ အသုံးအဆောင်တွေကိုတော့ Moon နဲ့အတူတူ ဝယ်ချင်လို့ ကိုယ်ဝယ်မထည့်ရသေးဘူး

ကလေးက ကျွန်မနဲ့အတူနေမှာလေ ရှင်နဲ့နေမှာမှမဟုတ်တာ

Moon က ကိုယ့်ကိုဘယ်တော့မှလက်မခံဖို့အထိ တွေးထားပြီးပြီလား

အဲ့လိုတော့ မဟုတ်ပေမယ့်....

ကိုယ့်ကလေးအတွက် ကိုယ် ဖခင်တစ်ယောက်အနေနဲ့ အကောင်းဆုံးပြင်ဆင်ပေးချင်တယ် Moon "

သူ့ဖက်က သည်လိုပြောလာတော့လည်း ခွင့်ပေးရုံပေါ့
သူလည်း ကလေးအတွက် လုပ်ပေးချင်မှာပဲလေ....လဝန်း တားလို့မှမရပဲ....

🌹🌹🌹🌹

Moon လက်ကိုတွဲကာ "နက်"တို့ ကုန်တိုက်ထဲသို့ ဝင်လာခဲ့သည်
ကလေးအဝတ်အစားတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေက သုံးထပ်မှာရှိတာမို့ စက်လှေကားစီး၍ တက်လာခဲ့သည်

" အစ်ကိုနဲ့အစ်မ ဘာများလိုအပ်ပါသလဲရှင့်

ဟုတ်ကဲ့ မွေးကင်းစကလေးအရွယ် အဝတ်အစားလေးတွေ ပြပေးလို့ရမလားခင်ဗျ

ဟုတ်ကဲ့ ရပါတယ်ရှင့် ဒီဖက်ကိုကြွပါရှင့် "

ဝန်ထမ်းမိန်းကလေး ညွှန်ပြသည့်ဖက်သို့ "နက်"တို့ လိုက်လာခဲ့သည်
" ဒီအကျီလေးတွေက ချည်သားလေးတွေမို့ ကလေးအတွက် ဝတ်ရတာအဆင်ပြေပါတယ်ရှင့်
အသားပွန်းတာမရှိဘူး အေး‌လည်းအေးတာမို့ အဆင်ပြေပါတယ်ရှင့်

ဒါလေးတွေကတော့ အကျီနဲ့တွဲပါတဲ့ လက်အိတ်လေးတွေပါရှင့် "

" ဒီမှာ ကလေးရဲ့အရွယ်အစားလည်း မသိရသေးပဲနဲ့ ရှင်အများကြီးလျှောက်မဝယ်နဲ့နော် ."

Moonက သူ့အနားသို့ကပ်ကာ တိုးတိုးလေး‌ ပြောလာသည်
Moonက မိန်းကလေးပီပီ အပိုငွေကုန်မှာ နှမြောစွာဖြင့် သူ့အား သတိပေးလာသည်

" ကလေးက မွေးဖို့တော့ လိုသေးတယ်ဗျ ဒါပေမယ့် ကျွန်တော်တို့က ကလေးအတွက် ကြိုပြင်ဆင်ထားပေးချင်တာမို့ ကြိုဝယ်နေတာဆိုတော့ အကျီလေးတွေက ဘယ်ဆိုဒ်လောက်ဆို အဆင်ပြေမလဲဗျ

ဪ ဟုတ်ကဲ့ ဒါဆို ဒီအကျီလေးတွေဆိုရင်ရောရှင့် ကလေးမိဘတွေ အများဆုံးဝယ်ဖြစ်ကြတဲ့ ပုံစံလေးဆိုဒ်လေးတွေပါရှင့် သူလည်း ချည်သားနဲ့ထုတ်လုပ်ထားတာမို့ ကလေးတွေအတွက် သင့်တော်တဲ့အကျီလေးတွေပါပဲရှင့်

ဟုတ်ကဲ့ ဒါဆို ဒီတံဆိပ်ထဲက ရောင်စုံယူမယ်ဗျ

ဘယ်နှစ်ထည်ယူမလဲရှင့်

ဆယ်ထည် ယူမယ်ဗျ....

ဆယ်ထည်မဟုတ်ဘူး ငါးထည်ပဲယူမယ်နော် ညီမလေး...အစ်မတို့ကျန်တာတွေလည်း ဝယ်ဦးမှာဆိုတော့ အရင်ဆုံးငါးထည်ပဲယူဦးမယ်

ဪ ဟုတ်ကဲ့ ရပါတယ်ရှင့်...."

ဝန်ထမ်း‌မိန်းကလေး ဘေးနားထွက်သွားမှ လရောင်နက်ကို ပြောရသည်

" ဘယ်လိုဖြစ်လို့ ဆယ်ထည်ယူမယ်ပြောတာလဲ

ကိုယ်တို့ကလေးအတွက်ပဲလေ Moon ရာ

မှန်တယ်လေ ဒါပေမယ့် ကလေးမွေးပြီးမှ ထပ်ဝယ်လည်းရတာပဲဟာ ရှင် ပိုက်ဆံရှိတိုင်း စွတ်ဝယ်မနေနဲ့ တခြားဝယ်စရာတွေရှိသေးတယ်

ကိုယ်က ကိုယ့်ကလေးကို ရောင်စုံလေးဝတ်စေချင်လို့ဟာကို Moon ကလည်း....

ရောင်စုံကနောက်ထား ကလေးနဲ့ အဲ့အကျီတွေနဲ့မတော်ရင် ရှင်ဘာလုပ်မှာလဲ ပြော

အဲ့ကျ လှူလို့ရတာပဲဟာ
အား....နာတယ်လို့ Moon ရဲ့....

နာပါစေ တမင်နာအောင်ဆွဲစိတ်တာ ရှင့်ပိုက်ဆံကိုနှမြောလို့ပြောနေတာမဟုတ်ဘူး မလှူချင်လို့လည်းမဟုတ်ဘူး မကုန်သင့်တာအပိုမကုန်ရအောင် ကျွန်မကပြောနေရတာရှင့်

အဲ့တာကြောင့် ကိုယ့်ကိုထိန်းဖို့ မင်းကိုလိုအပ်ပါတယ်လို့ ပြောတာပေါ့ဗျာ

ဘာမှမဆိုင်ဘူး ရှင့်ဘာသာငွေသုံးကြမ်းတယ်ဆို ကြမ်းတယ်ပေါ့ ကျွန်မဖက် မြှားဦးလှည့်မလာနဲ့

မြှားဦးလှည့်လို့ မရဘူးလားဟင်

မရဘူး နောက်တစ်ခါ မြှားဦးထပ်လှည့်လာရင် ရိုက်ချိုးပစ်မယ် မှတ်ထား

ဟုတ်ကဲ့ပါဗျ...."

အဟွန်း....ရှင်စကားပြောရင် ကျွန်မဖက် မြှားဦးလှည့်လှည့်လာမယ်ဆိုတာသိပြီးသား
ဒါမျိုးဘယ်ရမလဲ....ရှင့်ကို စောင့်ကြည့်ဦးမှာလို့ ကျွန်မပြောထားပြီးသား

ထိုနေ့က သူမ နောက်ကလိုက်စီစစ်နေလို့သာ မဟုတ်ရင် ဆိုင်မှာရှိသမျှ ကလေးအသုံးအဆောင်ပစ္စည်းတွေကို တံဆိပ်အစုံ ဝယ်ချလာမှာသေချာသည်
ကလေးက မမွေးရသေးဘူး သူဝယ်နေတာက ကလေး ၅နှစ် ၆နှစ်အရွယ်ထိပါ ဝတ်လို့ရနေပြီ မိန်းကလေးဝတ်ရော ယောင်္ကျားလေးဝတ်ပါ ဝယ်နေတာက ပြောမရဆိုမရပေ...
ဆိုင်တောင်ပြန်ဖွင့်စားလို့ရလောက်နေပြီ တော်ပါတော့လို့ မနည်းတားယူရသည်
ဒါတောင် အပြန် စက်လှေကားစီးနေတုန်းမှာ ဒုတိယထပ်မှာ လှမ်းတွေ့လိုက်သည့် ကလေးကစားစရာပစ္စည်းဆိုင်ကို လှမ်းမြင်လိုက်သည်မို့ ထိုဆိုင်ကိုဝင်ဦးမယ်ဟု လုပ်နေသေးသည်
သူမ ခြေထောက်တွေညောင်းနေပြီဟုပြောလို့သာ အိမ်ကို ပြန်လို့ရတာ မဟုတ်ရင် ဒီလူကုန်တိုက်ပိတ်တာတောင် အိမ်ပြန်မည့်ပုံမပေါ်သေးပေ။

" Moon ကိုယ့်ကို စကားပြောပါဦးကွာ စိတ်မဆိုးပါနဲ့နော် နော်လို့ Moon

မပြောဘူး ရှင့်ကို တားရလို့ ကျွန်မပါးစပ်ညောင်းနေပြီ
တော်တော် ပိုက်ဆံချမ်းသာတယ်ဆိုတာကို ကြွားချင်နေတာ

ကိုယ်လည်း Moon စကားကို နားထောင်ဖို့ ကြိုးစားပါသေးတယ် ဒါပေမယ့် ကိုယ့်ကလေးအတွက် ဝယ်နေရတယ်ဆိုတဲ့ ခံစားချက်က ကိုယ့်ကို တသိမ့်သိမ့်ကြည်နူးမှုကို ခံစားရစေတာမို့ ကိုယ် ပစ္စည်းတွေဆက်ဝယ်နေမိတာပါဗျာ

ဘယ်လိုပဲဖြစ်ဖြစ် ရှင့်ပိုက်ဆံတော်တော်ကုန်သွားတယ်မလား

ကုန်ပါစေဗျာ ကိုယ်ရှာနိုင်တယ် အဓိကက ကိုယ်တို့ကလေးအတွက် လိုလေးသေးမရှိအောင် ပြင်ဆင်ပေးချင်တာပဲ ကိုယ်သိတယ်

တော်ပြီ ကျွန်မ ဘာမှမပြောတော့ဘူး နောက် ရှင့်ဘာသာဝယ် ကျွန်မကိုလာမခေါ်နဲ့ ဒေါသထွက်ရလွန်းလို့ မလိုက်ဘူး

အဟွန်း.... Moonကလည်းဗျာ...."

•••••• •••••• ••••• •••••• •••••• •••••• •••••• ••••• •••••

" ကဲ သားတော်မောင် ပြန်လာပါရောလား လာ ထိုင်ပါဦး ဒယ်ဒီ ကုမ္ပဏီကို လာတော့ သားမရှိဘူး အပြင်ထွက်သွားတယ်လို့ သားအတွင်းရေးမှူးပြောတယ်
အခုလည်း ညနေမိုးချုပ်မှ အိမ်ပြန်ရောက်တယ် မင်း ဘယ်သွားနေတာလဲ သားငယ်

သား ဘယ်မှမသွားပါဘူးဗျာ Moon ကို ညနေစာလိုက်ကျွေးရင်း ကလေးအတွက် လိုအပ်တာတွေကို Moonနဲ့အတူ ဝင်ဝယ်နေတာပါ "

သားငယ်စကားဆုံးရုံရှိသေး အိမ်က အလုပ်သမားနှစ်ယောက် သယ်လာသည့် အထုတ်တွေ ပစ္စည်းတွေကို ကြည့်ရင်း အံ့ဩရုံသာရှိသည်
ဘယ်လောက်တောင်ဝယ်လာတာပါလိမ့်....သမီးကိုယ်ဝန်က အခုမှ (၇)လထဲ ရှိသေးတာ သားငယ်ကတော့ လုပ်ချလာပြန်ပြီ

" မင်း ဝယ်လာတာတွေလည်းကြည့်ဦး သား ဆိုင်ပြန်ဖွင့်လို့ရနေပြီ

မြေးလေးအတွက် ပြင်ဆင်ထားတဲ့အခန်းမှာ ဆန့်တောင်ဆန့်ပါမလားကွ

ဆန့်ပါတယ် ဒယ်ဒီရာ မဆန့်လည်း အခန်းထပ်ချဲ့ရုံပေါ့ သားက ကလေးအတွက် အားလုံးအဆင်သင့်ဖြစ်နေအောင် ဝယ်လာတာ

သမီး မင်းကို မဆူဘူးလား

အဟွန်း....မေးခွန်းမေးတာတောင် နောက်ကျနေတယ် ဒယ်ဒီ ဆူတာမှမပြောနဲ့ စိတ်ကောက်သွားတယ်

ကောင်းတယ် သမီးစိတ်ကောက်လည်းကောက်ချင်စရာလေ မင်းဝယ်လာတာတွေလည်း ကြည့်ဦး ကလေး ၄ယောက်စာ ပစ္စည်းတွေ....

အဟီး...သားလည်း ဝယ်လို့ကောင်းကောင်းနဲ့ ဝယ်မိသွားတာ မာမီ
ကိုယ့်သားသမီးအတွက် ဝယ်ပေးနေတာဆိုတဲ့ အသိက သားကို နွေးထွေးစေတယ်

ကိုယ်တို့သားကတော့ စံပဲဟေ့ စိမ့်ရေ....

အဟင်းဟင်း......ကဲ သား ညစာပြင်လိုက်ရတော့မလား

သား Moon နဲ့အတူ စားလာခဲ့ပြီးပြီ မာမီ မစားတော့ဘူး သား အပေါ်တက်နားတော့မယ် မနက်ဖြန် အရေးကြီးMeetingရှိလို့ ကုမ္ပဏီကိုအစောသွားရမယ်

အင်းအင်း ဒါဆိုလည်း နားတော့လေ သား ခဏနေ မာမီ နွားနို့ပူပူလေးလာပို့ပေးမယ် သား အိပ်ခါနီးသောက်လိုက်

ဟုတ်ကဲ့ မာမီ
ဒါဆို ဒယ်ဒီ သား အပေါ်တက်ပြီနော်

အေးအေး သား...."

•••••• •••••• ••••• •••••• •••••• •••••• •••••• ••••• •••••

" ညီမလေး လာလာ ကိုကြီးလက်ကိုတွဲ ဖြည်းဖြည်းလျှောက်နော် ချော်လဲမယ်

အခုမှလာပြီး ချော့နေတာ ဘာသဘောလဲ ကိုကြီးဂွက်ထော်

အဟင်း....ကိုကြီးက ချစ်ညီမလေးကိုပြန်ချော့တာပါ ဘာသဘောမှမဟုတ်ရပါဘူးနော်

တွေ့လား ဒယ်ဒီနဲ့မာမီ ကိုကြီးတို့များ အပြောင်းအလဲမြန်ချက်

အဟွန်း......ဒီမှာ သမီးငယ်အတွက် သားလရောင် လာပို့ပေးသွားတာ

သူလာသွားသေးတာလား မာမီ

အင်း အရေးကြီးmeetingရှိလို့တဲ့ သမီးနဲ့ကလေးကို ဝင်မတွေ့သွားတာ

ဪ.....ဟုတ်ကဲ့ မာမီ...

ဟွန်း....ကိုကြီး ဘာလို့ လာယူစားတာလဲ လဝန်းအတွက် လာပို့ပေးသွားတာကို

အရသာမြည်းကြည့်တာပါ ညီမလေးရယ်

ကိုကြီးနော် တွေ့လား ပြောရင်းနဲ့ လက်က ပန်းကန်ထဲလာနှိုက်နေပြန်ပြီ

သားကြီး ညီမလေးကိုမစစမ်းနဲ့ကွယ် မနက်စာ အေးဆေးစား
ပြီးရင် ဒယ်ဒီနဲ့ကုမ္ပဏီသွားရမှာ အဝတ်အစားတွေလည်း လဲရဦးမှာ မြန်မြန်လုပ်

ဟုတ် မာမီ...."

အဟွန်း လဝန်းဆီက မုန့်လာလုစားလို့ ဘယ်ရမလြ ကိုကြီးရယ် မာမီနဲ့တွေ့သွားမှာပေါ့ ဟဟ

•••••• •••••• ••••• •••••• •••••• •••••• •••••• ••••• •••••

" သမီးလေးက အခုမှ မာမီဝယ်ပေးထားတဲ့ ဗိုက်ဖုံးအကျီလေးတွေနဲ့ ကွက်တိဖြစ်သွားတာနော်
မာမီကြိုဝယ်ပေးထားတာ အဆင်ပြေသွားတာပေါ့ မဟုတ်ရင် သမီးဝယ်နေရမှာ

ဟုတ်....ကျေးဇူးပါ အန်တီစိမ့်

မလိုပါဘူးကွယ်
သမီး အစားအသောက်လည်း ခံတွင်းတွေ့နေလို့ မာမီတို့က ဝမ်းသာနေတာ

ဟုတ် သမီးအဆင်ပြေပါတယ် အန်တီစိမ့် "

အန်တီစိမ့်က အရင်လို "အန်တီ"ဟု သူမကိုယ်သူမ နာမ်စားမသုံးတော့ပဲ "မာမီ"ဟုပြောင်းလဲပြောဆိုလာသည်

အန်တီစိမ့်က  လဝန်းစားဖို့ဆိုပြီး ဟင်းတွေရော မုန့်တွေပါ လုပ်လာကာ လဝန်းဆီရောက်လာခဲ့လေသည်
အကျီတွေပါ ထပ်ဝယ်လာပေးသေးတာမို့ လဝန်းမှာ အားနာရပြန်သည်
ပထမဝယ်ပေးထားတဲ့ အကျီတွေတောင် အိမ်နေရင်းရော အပြင်သွားတိုင်းဝတ်တာတောင် ဝတ်လို့မကုန်သေးပေ။
လရောင်နက် ငွေအသုံးကြမ်းတာဟာ သူ့အမေ အန်တီစိမ့်နဲ့တူတာဖြစ်ရမည်

" သမီးလိုအပ်တာရှိတာပဲဖြစ်ဖြစ် စားချင်တာရှိတာပဲဖြစ်ဖြစ် မာမီ့ကိုပြောနော် မာမီ ချက်ချင်းလာပို့ပေးမယ် ဟုတ်ပြီလား

သမီးကိုရော မြေးလေးကိုပါ အသေးစိတ်အထိ ဂရုစိုက်ပေးနေတာ ကျေးဇူးတင်ပါတယ် မစိမ့်ရယ် ကျွန်မတို့လည်း သမီးလေးကို ဂရုစိုက်ပေးနေတာမို့ အရမ်းစိတ်မပူလည်းရပါတယ်ရှင်

ဖြစ်နိုင်ရင် ကျွန်မက သမီးနဲ့အတူနေပြီး လိုအပ်တာတွေလုပ်ပေးချင်တာ

စေတနာကို ကျေးဇူးတင်ပါတယ် အန်တီစိမ့် သမီးအဆင်ပြေပါတယ်

ဟုတ်ပါတယ် မစိမ့်ရယ်....တော်ကြာ မစိမ့်လာနေမှ အိမ်က ကိုတမန်နောင်ကြီး လိုက်လာနေပါဦးမယ်ရှင်

အဟင်းဟင်း....အဲ့တာတော့ ဟုတ်တယ် မကြွယ်ရေ....

လူကြီးတွေက ဧည့်ခန်းမှာ စကားဆက်ပြောနေကြပြီး သူမကတော့ ခဏလှဲချင်လာတာမို့ မာမီနဲ့အန်တီစိမ့်ကို ခွင့်တောင်းကာ အခန်းထဲပြန်ဝင်ခဲ့သည်

သူမရဲ့ ကလေးလေးဟာ နှစ်ဖက်မိဘတွေရဲ့အချစ်ကို  အခုကတည်းက စုပုံရရှိထားတာမို့ တစ်ကယ်ကို ကံကောင်းသည့်ကလေးလေးပင်
ထိုသို့ကံကောင်းသည့်ကလေးက မိသားစုရဲ့နွေးထွေးမှုကိုလည်း ရဖို့ထိုက်တန်ပါသည်
သူမ လရောင်နက်ကို အခွင့်အရေးပေးလိုက်သင့်လား....

•••••• •••••• ••••• •••••• •••••• •••••• •••••• ••••• •••••

Part-  24မျှော်✨🌹
Author Ester Linn 🕊️


You are reading the story above: TeenFic.Net