Part-22✨🌹

Background color
Font
Font size
Line height


"အသည်းစွဲအောင်ချစ်မိသူ"
Part-22✨🌹

" ဒီမှာ.....ရှင် ဘာလို့ ကျွန်မကို ဘာလို့ ဒီခေါ်လာတာလဲ "

ဆေးရုံရက်ချိန်းပြပြီး အိမ်မပြန်သေးဘဲ နက် စီစဉ်ထားသည့်နေရာသို့ Moon ကို ခေါ်လာခဲ့တာမို့ စိတ်ဆိုးနေသည့်အသံဖြင့် သူ့အားမေးလာခဲ့သည်

" ရှင့် အလုပ်ကိစ္စရှိတယ်ဆိုရင်လည်း ကျွန်မကိုအရင်အိမ်ပြန်ပို့ပေးလေ

ကိုယ့်အလုပ်ကိစ္စရှိလို့ မဟုတ်ပါဘူး Moon ရဲ့.....

ဒါဆို ရှင် ဘာလို့ခေါ်လာတာလဲ အကြောင်းရင်းပြောလေ

ခဏနေသိရမှာပါ Moon ရဲ့ ခဏလေးပဲစောင့်နော်

ကျွန်မဗိုက်ဆာနေပြီ ရှင့်ကိစ္စပြီးရင်လည်း ဆိုင်တစ်ဆိုင်ကိုအရင်မောင်း တစ်ခုခုစားပြီးမှ အိမ်ပြန်မယ်

ဟုတ်ပါပြီဗျာ.....ဖေဖေ့ကလေးလေးက အမေတူလေးပဲကွ...အစားပုပ်လေး

ကျွန်မမွေးမယ့်ကလေးပဲ ကျွန်မနဲ့မတူလို့ ဘယ်သူနဲ့တူရမှာလဲ

အဟက်....ကိုယ်ကစတာပါMoonရယ်....စိတ်ကိုလျှော့ပါကွ

ရှင်သာငြိမ်ငြိမ်နေစမ်းပါ

အဟွန်း...."

ရယ်သံကိုက တစ်စက်ကလေးမှ နားထောင်လို့မကောင်းဘူး

သူ့အား မျက်စောင်းတွေချည်းပို့လွှတ်နေသည့် ကလေးမေမေအား အနမ်းမိုးရွာပစ်လိုက်ချင်သည်
အဟွန်း.......

" ကဲ ရောက်ပါပြီဗျာ....
Moon ကားခါးပတ်ကိုအသာချွတ်နော် ဗိုက်ကိုထိမိမယ်

ကျွန်မသိပါတယ်နော် ရှင်ဆရာကြီးမလုပ်စမ်းပါနဲ့

ကိုယ်ကစိတ်ပူလို့ပါဗျာ....
ကိုယ့်လက်ကိုကိုင်လိုက်နော် အောက်ကိုဖြည်းဖြည်းနင်းနော် Moon

ကျွန်မသိပါတယ်ဆို....ရှင်စိတ်ပူတာက အကုန်လိုက်ပြောနေတာပဲ

ကိုယ်က မင်းနဲ့ကလေးကို ချစ်တာကိုးဗျ....

ရှင်ထပ်မပြောနဲ့နော် ကျွန်မချက်ချင်း ကားငှားပြန်လိုက်မှာ

အဟွန်း.....အိုကေ...
အိုကေ....ကိုယ်မပြောတော့ဘူး ဟုတ်ပြီလား

ကျွန်မလက်ကိုလွှတ်လို့ရပြီ.....ရှင့်လက်ဖယ်တော့
ရှင့်လက်ကိုလွှတ်လို့ပြောတာလေ ဘာလို့ကျွန်မမျက်လုံးကို ပုဝါနဲ့လာအုပ်တာလဲ

ကိုယ် မင်းအတွက် Suprise စီစဉ်ထားလို့ပါဗျာ
ခဏလေးပါပဲ
ကိုယ့်လက်ကိုကိုင်ထားနော် ကိုယ် မင်းကိုခေါ်သွားပေးမယ်

လရောင်နက် ရှင်ဘာတွေလုပ်ထားပြန်ပြီလဲ

Suprise ပါဆိုဗျာ....ကိုယ်ပြောပြလို့ဘယ်ဖြစ်ပါ့မလဲ

ကျွန်မဗိုက်ဆာနေပါပြီဆို ရှင်ကတော့နော်........"

ခြေလှမ်း ၂၀လောက် လှမ်းပြီးသည့်နောက်မှာ လရောင်နက်က သူမကို ပုဝါဖြည်ပေးသည်
ထို့နောက် လဝန်းမြင်လိုက်ရသည်က ကျူးလစ်ပန်းရောင်စုံဖြင့် အလှဆင်ထားပြီး သူမကိုယ်ဝန်စဆောင်သည့်အချိန်မှစ၍ ယခုအချိန်ထိပုံလေးများကို မီးကြိုးလေးများဖြင့် လှပစွာ ပုံဖော်ထားသည်ကို အခန်းငယ်လေး၌ တွေ့လိုက်ရသည်
နောက်ပြီး ပုံတွေရဲ့အလယ်မှာ စာလည်းရေးထားသည်

" ကိုယ့်ဘဝရဲ့ အဓိပ္ပါယ်ရှိဆုံး အခိုက်အတန့်လေးများ💜
အလှပဆုံးသောအမျိုးသမီးလေးနှင့် ရင်သွေးငယ်လေးကို သိပ်ချစ်တယ်....💜"

လဝန်း စာတန်းကိုဖတ်ပြီးသည့်နောက် လရောင်နက်ကို ပြန်ကြည့်သည့်အချိန် သူက လဝန်းပခုံးနှစ်ဖက်ကို အသာထိကာ မျက်ဝန်းချင်းဆုံ၍
" ကိုယ့်အတွက် တန်ဖိုးအထားရဆုံးအမျိုးသမီးလေး လဝန်းညို
ကိုယ့်ကို ချစ်တတ်လာအောင် သင်ပေးခဲ့တာမင်းပါ
တစ်ကယ့်အချစ်စစ်က ဘယ်လိုမျိုးလဲဆိုတာ မင်းနဲ့မှ ကိုယ်ခံစားဖူးခဲ့တာပါ

ကိုယ်တို့နှစ်ယောက်ရဲ့ ရင်သွေးလေးကို အကောင်းဆုံးပြုစုပျိုးထောင်သွားကြမယ်နော်
ကိုယ်မှားခဲ့တာတွေကို တစ်ကယ်တောင်းပန်ပါတယ် Moon
ကိုယ့်ကို နောက်ဆုံးအကြိမ် နောက်ဆုံးအကြိမ်အဖြစ် အခွင့်အရေးတစ်ခါပဲ ထပ်ပေးဖို့ ကိုယ်ပြောပါရစေ
ကိုယ့်ကြောင့် မင်းထပ်ပြီး မနာကျင်စေရပါဘူး
ကိုယ့်ကို အခွင့်အရေးလေးတစ်ခါပဲ ထပ်ပေးပါလို့ ကိုယ်တောင်းဆိုပါရစေ Moon
ဒီနောက်ဆုံးအခွင့်အရေးမှာ ကိုယ့်ကိုမင်းလက်မခံနိုင်တာ သေချာပြီဆိုရင် ကိုယ် မင်းဘေးမှာ တိတ်တဆိတ်ပဲ ရှိနေပြီး သားလေးဘေးမှာ ကိုယ် ဖခင်ကောင်းအဖြစ် အမြဲရှိနေပေးသွားပါ့မယ်လို့ ကိုယ်ကတိပေးပါတယ် Moon
ကိုယ် မင်းကို သိပ်ချစ်တယ် လဝန်းညို
ကိုယ်တို့နှစ်ယောက်ရဲ့ရင်သွေးလေးကိုလည်း ကိုယ်သိပ်ချစ်တယ် "

လူတစ်ယောက်လိမ်‌နေလား မလိမ်ဘူးလား သိချင်ရင် ထိုသူရဲ့မျက်ဝန်းကို ကြည့်တဲ့
သူ့မျက်ဝန်းတွေက မလိမ်ဘူးဆိုတာ လဝန်းခံစားမိပေမယ့် လဝန်း သူ့ကို ထပ်ပြီး အခွင့်အရေးပေးသင့်လားဆိုတာ လဝန်းမစဉ်းစားရဲဘူး
ထပ်မနာကျင်ချင်ဘူး အထူးသဖြင့် မွေးဖွားလာ‌ေတာ့မယ့်ကလေးလေးကို မိဘနှစ်ပါးရဲ့ မပြေလည်တဲ့အိမ်ထောင်ရေးမှာ မြေစာပင်မဖြစ်စေချင်ဘူး

" ရှင် ထပ်ပြီး နာကျင်အောင်လုပ်ခဲ့ရင် ဘယ်လိုလုပ်မလဲ
ကျွန်မတို့ရင်သွေးလေးကို မြေစာပင်မဖြစ်စေချင်ဘူး
ရှင်ရော ကျွန်မရော နွေးထွေးတဲ့မိသားစုဘဝလေးကနေ ကြီးပြင်းလာခဲ့တာ
ကျွန်မတို့ရင်သွေးလေးကိုလည်း ကျွန်မတို့လိုပဲ နွေးထွေးတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ရစေချင်တာ မိခင်ဖြစ်တဲ့ ကျွန်မဆန္ဒပါ
ဒါပေမယ့် ကျွန်မ ရှင့်ကိုမယုံရဲဘူး လရောင်နက်
ရှင်က တစ်သက်မမေ့နိုင်တဲ့နာကျင်မှုမျိုးကို ပေးခဲ့တာ

ကိုယ် ဝန်ခံပါတယ် Moon  ကိုယ်မှားခဲ့တယ်
ဒါပေမယ့် ချစ်တဲ့စိတ်ကြောင့်ပါ Moon

ကိုယ့်ကို နောက်ဆုံးအခွင့်အရေးလေးပဲပေးပါနော်

ကျွန်မ စဉ်းစားပါရစေ ရှင့်ကိုအခွင့်အရေး ထပ်ပေးသင့်မပေးသင့်ကိုပေါ့
အခု ကျွန်မဗိုက်ဆာနေပြီ ဟိုစားပွဲမှာ ပြင်ဆင်ထားတာက ကျွန်မစားဖို့အတွက်မလား

ဒါပေါ့ ကိုယ် မင်းအတွက်ပြင်ဆင်ထားတာ "

Moonက စားပွဲသို့လျှောက်သွားရင် ထိုင်ခုံ၌ ဝင်ထိုင်ကာ သူ့အားလှမ်းကြည့်လာသည်

" ရှင်က မလာဘဲ အဲ့မှာဘာရပ်လုပ်နေတာလဲ.....ဒီပုဇွန်တွေကို ကျွန်မလက်အပေခံပြီး ခွာမစားဘူးနော်

ကိုယ်ခွာပေးမှာပေါ့....ကိုယ်လာပြီ ကိုယ်လာပြီ...."

ရှင်တောင်းဆိုထားတဲ့နောက်ဆုံးအခွင့်အရေးက ရှင်နဲ့ထိုက်တန်လား မထိုက်တန်ဘူးလားဆိုတာ ကျွန်မစမ်းသပ်ကြည့်ရလိမ့်မယ် လရောင်နက်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

" ဘော့စ်....မျက်နှာလည်းမကောင်းပါလား  ဘော့စ်စီစဉ်ခိုင်းတဲ့ကိစ္စက အဆင်မပြေလို့လားဟင် ဘော့စ်

ငါ အဆင်ပြေပါတယ်ကွာ ဘာမှမဖြစ်ဘူး ရော့ ဒီစာရင်းတွေကို မင်းပြန်စစ်ပြီး ရုံးချုပ်ကိုလွှဲပေးလိုက် သူတို့ကို စာရင်းချုပ်ပြန်လုပ်ခိုင်းလိုက် ပြီးရင် နှစ်ပတ်အတွင်း ငါ့ဆီပြန်ပို့ဖို့ မှာလိုက်

ဟုတ်ကဲ့ပါ ဘော့စ်...."

Moonက ထိုနေ့ပြီးကတည်းက သူ့ကိုစကားမပြောတော့ပေ။
သူ Moon နဲ့ကလေးဆီ ပုံမှန်အတိုင်း သွားတွေ့ရင်လည်း သူပြောသမျှ ခေါင်းညိတ်ခေါင်းခါသာလုပ်ပြီး အေးဆေးသာနေသည်
စဉ်းစားပေးမည်ဟုပြောထားတာမို့ သူ့မှာ ထိုအဖြေကို သိချင်လှပြီဖြစ်သည်
သို့သော် Moon က အခုလိုစိမ်းကားနေသည်မို့ 'နက်'မှာ အတွေးများနေရသည်
မေးချင်ပေမယ့်လည်း သူ့အား စိတ်ဆိုးသွားမှာစိုး၍ အခုအခြေအနေအတိုင်းလေးသာ နေရင်း Moon ဆီကအဖြေကို စောင့်နေရသည်

Ring☎️ Ring☎️

" ဟဲလို..... Moon

ရှင် အခု ကုမ္ပဏီမှာလား လရောင်နက်

ဟုတ်တယ် Moon ကိုယ် ကုမ္ပဏီမှာ

အလုပ်များနေတာလား....

မများ....မများပါဘူး Moon ရဲ့

ရှင့်အသံက ဘာဖြစ်နေတာလဲ ကျွန်မဖုန်းဆက်တာကိုလန့်နေတာလား

မဟုတ်ပါဘူး Moon ရဲ့....ကိုယ် မင်းအသံလေးကိုကြားလိုက်ရလို့ ပျော်သွားလို့ပါ

အပိုတွေ....ရှင်အခုအလုပ်မများဘူးဆို‌တော့ အတော်ပဲ....ကျွန်မ အခု စားချင်တာရှိလို့ ရှင်ဝယ်ပြီးလာပို့ပေးလို့ရမလား

ရတာပေါ့ Moon ဘာစားချင်တာလဲဆိုတာ ကိုယ့်ကိုပြောပြလေ

အင်း........စတော်ဘယ်ရီကိတ်တစ်လုံး..... Mango Smoothie တစ်ခွက်....မြေအိုးမြီးရှည်တစ်ပွဲ...ကြက်ချိုချဉ်ကြော်တစ်ပွဲ...ဝက်နံရိုးကင်နဲ့ကြက်ဆာတေးတစ်ပွဲ....ပဲကြာဆံသုပ်နဲ့ဝက်ခေါက်ကင်တစ်ပွဲ နောက်ဆုံးအနေနဲ့ YKKOက ဝက်သားနဲ့ကြေးအိုးတစ်ပွဲဝယ်လာခဲ့ပေး....
အခုချက်ချင်းနော် ကျွန်မအခု အဲ့တာတွေစားချင်နေတာ ရှင်မြန်မြန်လာခဲ့နော် ကားကိုလည်းဂရုစိုက်မောင်းဦး

ဟုတ်ပါပြီဗျာ....ကိုယ် အမြန်လာခဲ့မယ်နော်Moon
သိပ်မကြာစေရဘူး

အင်းအင်း.....ဒါပဲနော် ကျွန်မဖုန်းချလိုက်ပြီ

ဟုတ်ပါပြီဗျာ...."

" သမီးငယ်လေး....သားကို အဲ့လောက်အများကြီးမှာလိုက်တာ စားလို့ကုန်ပါ့မလားကွယ်
နောက်ပြီး တစ်ဆိုင်တည်းမှာ ဝယ်လို့ရတာတွေလည်းမဟုတ်ဘူး တစ်ဆိုင်ပြီးတစ်ဆိုင် လိုက်ဝယ်ရမယ့်အစားအစာ‌တွေကွယ်

မာမီ့.....သမီးက မာမီ့သမီးနော် သူမဟုတ်ဘူး သူက ကလေးရဲ့အဖေလေ သူ့သားသမီးစားချင်တာ သူဝယ်ကျွေးရမှာပေါ့ မာမီရဲ့ အခုစားချင်တာတွေက သမီးစားချင်တာတွေမဟုတ်ဘူး ဗိုက်ထဲက ကလေးလေးက စားချင်နေတာတွေကို သမီးက ချဉ်ခြင်းတပ်တာ

ဟုတ်ရဲ့လား သမီးရယ်

မာမီ့.........

ညီမလေးက ကိုယ်ဝန်သာဆောင်ထားတာ အသံက ပြဲစိန်နေတာပဲ နူးညံ့မလာဘူး

ကိုကြီးနော်.......

အဲ့ "ကိုကြီးနော်"က ဆွဲပြောနေတာ လမ်းထိပ်ရောက်သွားဦးမယ်

ကိုကြီး..........

အိုကေ အိုကေ.....ကိုကြီးမစတော့ဘူး နားဆေးခန်းပြရတော့မှာပဲ နားအူလိုက်တာ.....

အာ့....ကိုကြီးအရင်စတာလေ

ပြဲစိန်မ......

ဂွက်ထော်.......

ကဲ.....မောင်နှမနှစ်ယောက် ငယ်ကျိုးငယ်နာမည်ပြန်ဖော်နေပြန်ပြီ

အာ့ မာမီ့သမီးငယ်အရင်စတာလေ

ကိုကြီးအရင်စတာကို မာမီသိတယ်နော်

ကဲ.........မာမီပြောနေတယ်လေ

ဟွန့်......ကိုကြီးကိုမခေါ်တော့ဘူး

မခေါ်နဲ့ ပြဲစိန်မ

ဂွက်ထော်

ပြဲစိန်မ ဗြဲ......

မာမီ.....မာမီ တွေ့တယ်မလား သမီးကိုပြောသွားတာ

စိတ်လျှော့ပါ သမီးရယ်...."

ကိုကြီးက သူမကို ပြောင်ပြပြီး အပေါ်ထပ်ပြေးတက်သွားတာ လရောင်နက် အစားအသောက်တွေလာပို့မှပဲ အောက်ထပ်ဆင်းလာတော့သည်

အစားအသောက်တွေကိုင်လာသည်ကို အပေါ်ထပ်ပြတင်းပေါက်ကနေ မြင်သည်တဲ့
ဒါမျိုးဆို ကိုကြီးတို့က အမြင်အာရုံစူးရှလွန်းလှသည်

''''''''''' '''''''' ''''''' ''''''' ''''''' ''''''' ''''''' ''''''

ချစ်ရသည့်အမျိုးသမီးလေးမှာကြားထားသည့် တာဝန်အားထမ်းဆောင်ရန် ကားသော့ကိုင်၍ မြေအောက်ကားပါကင်သို့ဆင်းလာခဲ့သည်

ဝယ်ရမည့်အစားအသောက်တွေက တစ်ဆိုင်ထဲမှာမရတာမို့ သူအမြန်သွားဝယ်မှသာ Moon ဆီ နာရီပိုင်းအတွင်း ပို့ပေးနိုင်မှာဖြစ်သည်

ဒါနဲ့ သူသွားဝယ်ရင်း တွေးမိတာက သူ့အမျိုးသမီးလေးက အခုမှာထားတဲ့အစားအသောက်တွေအများကြီးကို ကုန်အောင်စားနိုင်ပါ့မလားဆိုတာပင်

သူ့အတွေးက မှားကြောင်း Moonနဲ့ ရင်သွေးလေးက သက်သေပြသွားလေသည်
Moonက ကိုယ်ဝန်ဆောင်ထားရသည်မို့ထင်သည် အရင်ကထပ် အစားအသောက်ကို ပိုစားနိုင်လာသည်
ကလေးလေးကလည်း မွေးလာရင် ဝဝတုတ်တုတ်လေးဖြစ်မှာ သေချာသည်
ဘာပဲဖြစ်ဖြစ် မိခင်ရောကလေးပါ ကျန်းမာသည်မို့ 'နက်'စိတ်အေးရပါသည်

''''''''''' '''''''' ''''''' ''''''' ''''''' ''''''' ''''''' ''''''

" ကိုယ်ချစ်တာ မင်းသိတယ်မလား Moon

အင်း....ဒါဆို မေးမယ်နော်.....မှန်မှန်ဖြေ

မေးစေဗျာ....ကိုယ့်အတွက်က မင်းအတွက်ဆို အဖြေတွေအဆင်သင့်ရှိပြီးသား

ဆင်ခြေဆင်လက်တွေမလား.....'နက်'က ဒါမျိုးဆို ကျွမ်းပြီးသားလေ

Moon နော် ကိုယ် မင်းကို ဘယ်တုန်းကညာဖူးလို့လဲဗျာ

အရင်ကကိစ္စတွေကို မေ့နေပြီလား ....ဟင်......

ဟိတ်.......အရင်ကကိစ္စတွေကို ပြန်မပြောကြေးလေကွာ......

ဟွန့်........

ကဲကွာ စိတ်မဆိုးပါနဲ့နော် Moon ကိုယ့်ကိုမေးမယ်ဆိုတာလေ မေးလေ.....

Moon ကိုချစ်မိတာ ဘယ်အချိန်မှာလဲ

စတွေ့ကတည်းကချစ်မိသွားခဲ့တာ......ကိုယ့်နှလုံးသားမှာ "လဝန်းညို"ဆိုတဲ့အမျိုးသမီးငယ်လေးက နေရာယူသွားခဲ့တာ တခြားလူကိုထပ်ချစ်မိဖို့နေရာလပ်မရှိတော့ဘူး ကိုယ့်နှလုံးသားတစ်ခုလုံးက မင်းအပိုင်.....

အပိုတွေ မယုံဘူး လူကို အဲ့လိုပြောပြီးလှည့်စားသွားခဲ့တာ

Moonရာ ကိုယ်မှားတာ ဝန်ခံပါတယ်...အခုလိုပျော်စရာအချိန်လေးမှာတော့ အတိတ်ကအကြောင်းအရာတွေမေ့ထားကြရအောင်ကွာ နော်.....

ဟွန့်..........

အဲ့ဆူနေတဲ့နှုတ်ခမ်းလေးကို အပြစ်ပေးမှရတော့မယ်

'နက်'နော်.......အနားမလာနဲ့

မရဘူး ကိုယ် ဒီနေ့ မင်းနှုတ်ခမ်းလေးကို မနမ်းရသေးဘူး နမ်းမှာပဲ

မလာပါနဲ့ဆို.....'နက်'နော်

မရဘူး....မရဘူး သေချာပေါက် နမ်းကိုနမ်းရမှဖြစ်မယ်

'နက်'........"

" ဘုတ်......"

" အား....ကျွတ်....ကျွတ်....ကျွတ်....
နာလိုက်တာကွာ အိမ်မက်မက်လို့ကောင်းနေတာကို
ကောင်းခန်းရောက်မှ ကုတင်ပေါ်က ပြုတ်ကျရတယ်လို့ ....တောက်ခ်......"

အဟွန်း......လရောင်နက်တို့ကတော့ အိမ်မက်ထဲတောင် ကံမကောင်းပါလား
နမ်းလို့ရတော့မယ့်အချိန်ကျမှကွာ......

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Part-  23မျှော်✨🌹
Author Ester Linn 🕊️


You are reading the story above: TeenFic.Net