4

Background color
Font
Font size
Line height

ကျောအာ...ခု မင်းက ကိုယ့်အပိုင်ပဲ

အနက်ရောင် ဗုဒ္ဓသစ်ပင်ပေါ် နေခြည်တလက်လက် ဖြာကျနေတယ် ။ ရွှေဝါရောင် အလင်းတန်းတို့က အရွက်ကြိုအရွက်ကြားမှ မြေပြင်ပေါ် ကျဆင်းနေခဲ့တယ် ။ ကျောယိချန်ဟာ တိမ်လွှာအလင်းဓားကို ကျွမ်းကျင်စွာကိုင်ပြီး သူ့ရဲ့ ဖြူလွလွ ဝတ်ရုံတို့မှာ မနက်ခင်းလေပြေအောက် ညင်သာစွာ လွင့်မြူးနေကြတယ် ။ တစ်ဖက်မှာတော့ အနက်ရောင် ဝတ်ရုံဝတ်ထားတဲ့ လီလွင်ဟာ ကျောယိချန်ရဲ့ လှုပ်ရှားမှုများကို အေးဆေးစွာ ရပ်ကြည့်နေခဲ့တယ် ။

''မင်း စိတ်တွေ လွင့်နေတယ် ''
ကျောယိချန်က ပြတ်သားတဲ့ အသံနဲ့ မှတ်ချက်ပေးလာခဲ့တယ် ။
သူက သူ့ဓားကို ဝေ့ယမ်းပြီး ရှေ့သို့ တိုးလာခဲ့တယ် ။

လီလွင်က သက်တောင့်သက်သာ အေးဆေးဖြစ်နေပြီး သူ့မျက်ဝန်းနက်တို့မှာ ရွှင်မြူးမှုတွေနဲ့ ဝင်းလက်နေခဲ့တယ် ။
''ဟုတ်လား ''
သူ့အသံမှာ စနောက်ကျီစယ်နေသလို ပေါ့ပါးသွက်လက်နေတယ် ။


''အင်း...''
ကျောယိချန် ပြောပြီးနောက် သူတို့နှစ်တစ်က်နဲ့တစ်ယောက် ရှေ့သို့တိုးလိုက်ကြတယ် ။

'' ခင်ဗျား အာရုံတွေ ထွေပြားနေတယ် ၊ ခါတိုင်း ခင်ဗျားက ပိုပြီး မြန်တယ်လေ ''

လီလွင်က ပြုံးလိုက်ပြီး ဓားချက်ကို လွယ်လွယ်ကူကူ ရှောင်ရှားလိုက်တယ် ။
''ဒီနေ့ ပြိုက်ဘက်က တစ်မူထူးခြားပြီး စွဲမက်စရာ ကောင်းနေလို့ဖြစ်မယ် ''

ကျောယိချန် ကိုယ်လေးတောင့်သွားပြီး ပါးပြင်မှာ နီရဲလာခဲ့တယ် ။
''အာရုံစိုက်စမ်းပါ ၊ လီလွင် ''
ကျောယိချန်က အရှက်ကို အကြည့်တစ်ချက်နဲ့ ဖုံးကွယ်ခဲ့တယ် ။


''ဒါက လေ့ကျင့်နေတာ.. ဆော့ကစားနေတာ မဟုတ်ဘူး ''

လီလွင်က တိုးတိုးလေးရယ်ပြီးနောက် လျင်မြန်သော လှုပ်ရှားမှုနဲ့အတူ ကျောယိချန်ရဲ့ လက်နက်ကို အောက်ကျအောင် လုပ်လိုက်တယ် ။
''ဆော့ကစားနေတဲ့ ကစားပွဲဆိုရင် ငါ နိုင်တဲ့ပုံပဲ ''


ကျောယိချန်မှာ မာနထိသွားသောကြောင့် မျက်မှောင်ကြုံ့သွားခဲ့တယ် ။
''ခင်ဗျား ကံကောင်းသွားတာ ''
သူက တိုးတိုးရေရွတ်ရင်သ ဓားကောက်ဖို့ ကြံလိုက်တယ် ။ သူ့အားကြည့်နေတဲ့ လီလွင်အကြည့်တို့ကို လျသ်လျူရှုထားလိုက်တယ် ။ သူတို့နှစ်ယောက်ကြား လေထုမှာ တင်းမာနေခဲ့တယ် ။

ဓားရေးကျင့်ခြင်းကို ဆက်လုပ်နေစဥ် ကျောယိချန်ဟာ လီလွင်ကို ခိုးကြည့်နေမိတယ် ။ နေရောင်အောက်မှာ နက်မှောင်တောက်ပနေတဲ့ ထိုသူ့ဆံနွယ်တွေ ၊ ပေါ့ပါးစွာ လှုပ်ရှားမှုတွေဟာ သူ့ရင်ထဲ တင်းတင်းကျပ်ကျပ် ခံစားလိုက်ရတယ် ။

လီလွင်လည်း ရိပ်မိပုံပင် ။ သူက အကြည့်ဆုံတိုင်း အပြုံးမပီမသ ပြုံးကာ ဓားချက်တို့မှာလည်း နှေးကွေးလာခဲ့တယ် ။ ကျောယိချန်ကိုပဲ သူ့ရှေ့တို့လာစေသကဲ့သို့ ။

'' ကြိုးစားနေတုန်းပဲလား ''
ကျောယိချန်က လီလွင်ရဲ့ ပခုံးကို  ပြင်ပြင်းထန်ထန် တိုက်ခိုက်ဖို့ ချိန်ရွယ်လိုက်တယ် ။

လီလွင်က အလွယ်တကူ တားဆီးလိုက်ပြီး မဲ့ပြုံးကနေ စစ်မှန်သော အပြုံးတစ်ခုလို နူညံ့စွာ ပြုံးလိုက်တယ် ။
''ဟုတ်တယ်.. ဒါပေမယ့် ငါ အာရုံစိုက်တာ ဒဏ်ရာရမှာကိုမဟုတ်ဘူး ''

ကျောယိချန်ပါးပြန်တို့ နီရဲလာပြီး ရှေ့တိုးတိုကခိုက်လာခဲ့တာ် ။ သူ့ ရွေ့လျားမှုတွေဟာ တိကျပြီး ပြတ်သားနေခဲ့တယ် ။


''ပါးစပ်ပိတ်ပြီး တိုက်စမ်းပါ ''
ကျောယိချန် အော်ဟစ်လိုက်တယ် ။


လီလွင်က ရွင်မြူးစွာရယ်ပြီး သူ့ဓားနဲ့ ပြန်လည် တိုက်ခိုက်လိုက်တယ် ။
''မင်းအလိုကျအတိုင်းပါပဲ ''


တိုက်ခိုက်မှု ပြင်းထန်လာသည်နှင့်အမျှ ဓားခုတ်သံများမှာ အိမ်တော်ဝင်းထဲ ပဲ့တင်ထပ်နေခဲ့တယ် ။ ကျောယိချန် အသက်ရှူနှုန်းမြန်နေပြီး သူ အနိုင်ပိုင်းမယ်ကြံတိုင်း မအောင်မြင်ဖြစ်ကာ စိတ်ပျက်လာခဲ့တယ် ။ လီလွင်အတွက်တော့ ဒါဟာ က,နေသလောက်သာ ရှိမယ်ထင်တယ် ။


အဆုံးမှာတော့ ကျောယိချန်ဟာ လီလွင်ကို သစ်ပင်ပင်စည်ထိရောက်အောင် တွန်းထုတ်နိုင်ခဲ့တယ် ။ ထို့နောက် သူ့ဓားကို ကျောယိချန်ရဲ့ ရင်ဘတ်သို့ ချိန်ရွယ်ထားလိုက်တယ် ။

''အညံ့ခံလိုက်တော့ ''

ကျောယိချန်က အသက်ရှူမဝသည့် အသံဖြင့် အမိန့်ပေးခဲ့တယ် ။ လီလွင်မှာ မျက်ခုံးပင့်ပြီး သူ့ပုံစံမှာ အေးအေးဆေးဆေး ဖြစ်နေတုန်းပင် ။
''မင်း တကယ်နိုင်ပြီလို့ ထင်လို့လား ''


ကျောယိချန် မတုန့်ပြန်ခင်မှာ လီလွင်က ဦးစွာ လှုပ်ရှားလိုက်တယ် ။ တစ်ချက်လေး လှုပ်ရှားလိုက်တာနဲ့ ကစားပွဲဟာ ပြောင်းပြန်ဖြစ်သွားခဲ့တယ် ။ ကျောယိချန်ကျောပြင်ဟာ သစ်ပင်ဖြင့် ကပ်နေပြီး သူ့ဓားမှာ မြေပေါ် ကျသွားခဲ့တယ် ။ လီလွင်က သူ့အနား လက်မအနည်းငယ်ကျန်သည်အထိ တိုးကပ်လာတေယ့ ကျောယိချန်မှာ နှလုံးခုန်နှုန်းတို့ မြန်နေခဲ့တယ် ။


''ကဲ ခုတော့...ဘယ်သူ အညံ့ခံရမှာလဲ ''
လီလွင်ဟာ ကျီစားသည့် ရယ်သံဖြင့် တိုးဖွစွာ ပြောလိုက်တယ် ။

ကျောယိချန် ပါးပြင်တို့မှာ နီရဲနေခဲ့တယ် ။
''ခင်ဗျား ညစ်စားတာ''


လီလွင်ရဲ့ တစ်ဝက်ပြုံးဟာ နူညံ့သောအပြုံးအဖြစ် ပြောင်းလဲသွားတယ် ။
''အဲ့ဒါတောင်.. မင်းက ငါ့ကို ဘာလို့ မတွန်းထုတ်သေးတာလဲ ''

ကျောယိချန်မှာ အသက်ရှူအောင့်ထားပြီး ဘာလုပ်ရမှန်းမသိ ဝေခွဲမရဖြစ်နေခဲ့တယ် ။ သူ ဘာလုပ်ရင်ကောင်းမလဲလို့ စဥ်းစာစလို့မရခင်မှာပဲ သူ ခေါင်းကို မော့ကာ သူ့တို့နှစ်ယောက်ကြား အကြားအလပ်မရှိ ထိကပ်လိုက်တယ် ။ နှုတ်ခမ်းနှစ်စုံဟာ မက်မက်မောမောဖြင့် နူနူညံ့ညံ့ နမ်းရှိုက်မိကြတယ် ။ ထွက်ပေါက်မရှိအောင် သူတို့ဟာ တစိမ့်စိမ့်နမ်းနေခဲ့ကြတယ် ။

.......

မစီစဥ်ထားတဲ့အနမ်းဟာ ရှောင်လွှဲလို့လည်းမရခဲ့ ။ ကျောယိချန် နှုတ်ခမ်းနဲ့ ထိတွေ့မိတဲ့ အခိုက်အတန့်မှာ လွန်ခဲ့တဲ့ရက်တွေက အောင့်ထားခဲ့ရတဲ့ ဆန္ဒတို့ကို လွတ်မြောက်သွားသလိုပင် ။ လီလွင်ဟာ ကျောယိချန်စိတ်ဆိုးပြီး ငြင်းဆန်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် ထိုအစား ကျောယိချန်ဟာ ထဲထဲဝင်ဝင် ဖိနမ်းလာတာကို ခံစားလိုက်ရတယ် ။

ကျောယိချန်ရဲ့ မျက်နှာမှာ ကြက်သွေးရောင်သမ်းနေခဲ့တယ် ။ ခါတိုင်း ထက်မြက်တဲ့ အသွင်အပြင်ဟာလည်း အောက်ကို ကွာကျသွားခဲ့ပြီ ။ သူ လီလွင်ကို တုန်ယင်နေသော လက်ကလေးဖြင့် တွန်းထုတ်လိုက်တယ် ။ သူ အောက်တွင် ကျနေသော ဓားကို ပြန်ကောက်ပြီး လီလွင်ကို ကျောပေးလိုက်တယ် ။

''ငါ...ငါ..လိုအပ်...အာ..စခန်းမှာ တွေ့မယ်! ''
သူ တဇွတ်ထိုး ထွက်​ပြေးမသွားခင် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်တယ် ။ သူ့ရဲ့ဖြူလွလွဝတ်ရုံဟာ လေပြေလေးထဲ လွင့်ပြီး ဂိတ်ပေါက်ဝတွင် ပျောက်ကွယ်သွားတော့တယ် ။

လီလွင်မှာ ထိုနေရာတွင် အချိန်အတော်ကြာ ရပ်နေခဲ့တယ် ။ ဓားကို ကိုင်ထားဆဲဖြစ်ပြီး သူ့နှလုံးမှာ ပုံမှန်မဟုတ်စွာ ခုန်နေခဲ့တယ် ။ လေအဝေ့မှာ သစ်ရွက်တွေက သူ့ခြေထောက်နား ဝဲပျံသွားခဲ့တယ် ။ သို့သော် သူ့မှာ ကျောယိချန်နဲ့အတူ ရပ်ခဲ့တဲ့ နေရာမှာတင် ရပ်နေဆဲ ။


အရာအားလုံး အနည်ကျပြီးတဲ့အခထိန်မှ သူဟာ ဓားကို ငုံ့ကြည့်ပြီး ဖျော့တော့စွာ ပြုံးလိုက်တယ် ။
''ဒီလိုဆိုတော့လည်း အကြောက်တရားကင်းတဲ့ တပ်မှူးကြီးလည်း တုန်လှုပ်တတ်သေးသား ''
လီလွင်က ရွင်မြူးစွာ တိုးတိုးလေး ရေရွတ်လိုက်တယ် ။

သို့သော် ရက်တွေကုန်လွန်သွားပြီးနောက် ပျော်ရွှင်ကြည်နူးမှုတွေဟာ လွင့်ပြယ်ကုန်ပြီ ။

ကျောယိချန်ဟာ သူ့အား ရှောင်နေခဲ့တယ် ။


အစက မသိမသာပင်... မနက်စာ စားချိန်၌ အကြည့်ချင်း ရှောင်သွားတာမျိုး ။ သို့သော် နောက်ပိုင်းတွင် တမင်တကာ ရှောင်ဖယ်နေကြောင်း သိသာလာခဲ့တယ် ။ ကျောယိချန်ဟာ လီလွင်နဲ့ မဆုံအောင် လေ့ကျင့်ချိန် အချိန်ဇယားကို ပြောင်းပြီ အစည်ူအဝေးတွင်လည်း လီလွင်အကြည့်တို့ကို ရှောင်ဖယ်ကာ အခန်းထောင့်ကို ကြည့်နေတာမျိုးပင် ။

လီလွင် အရာအားလုံးကို သေချာပေါက် သိနေခဲ့တယ် ။ ဘယ်လိုမသိဘဲ နေပါ့မလဲ? ကျောယိချန်ရဲ့ ဖြစ်တည်မှုဟာ နှစ်များစွာ အထီးကျန်မှုတွေထဲမှ သူ့အား ဆွဲထုတ်လာပေးတဲ့ အလင်းတန်းလေးပင် ။ နည်းနည်းလေး ပြောင်းလဲသွားတာနဲ့ သူ့အား နေမထိ ထိုင်မသာ ဖြစ်စေခဲ့တယ် ။


''တပ်မှူးက ကြည့်ရတာ... စိတ်မကြည်ဘူးနဲ့တူတယ် ''
တပ်သားတစ်ယောက်က လေ့ကျင့်ချိန်တွေအပြီး ခဏနားနေတုန်း မှတ်ချက်ပေးခဲ့တယ် ။


လီလွင်မှာ ရေးရေးလေးပြုံးပြီး သူ့သမာဓိမှာတော့ ကျိုးပျက်သွားတော့တယ် ။
''တပ်မှူးက တာဝန်များတယ်လေ '' သူက ပြန်ပြောလိုက်ပေမယ့် သူ့အတွေးတွေက သူတို့နမ်းခဲ့ကြတဲ့ အခိုက်အတန်းကို တွေးနေမိတယ် ။ ဒီလိုနဲ့ သတိလက်လွတ်အချိန်မှာ ပထမဆုံးအကြိမ်အဖြစ် သူတို့ အကြည့်ချင်း ဆုံသွားခဲ့တယ် ။


'မင်း ငါ့ဆီကနေ ထွက်ပြေးနေတာပဲ ယိချန်'လီလွင်က အနက်ရောင် ဗုဒ္ဓသစ်ပင်အောက် တိတ်ဆိတ်စွာရပ်ပြီး အိမ်တော်ဝင်းကို ငေးကြည့်နေခဲ့တယ် ။
'ဒါမယ့် မင်း တစ်သက်လုံးမပြေးနိုင်ပါဘူး '


နှစ်ပတ်အကြာ တစ်ခုသော ညနေခင်းတွင် လေ့ကျင့်ခြင်းတို့ ပြီးစီးပြီး စခန်းမှာလည်း တိတ်ဆိတ်နေခဲ့တယ် ။ တစ်ချို့တပ်သားတွေမှာ ညအချိန် အနားယူနေပြီ ။ လီလွင်ဟာ ကျောယိချန်နဲ့ မတော်တဆအချိန်ကို စိတ်ရှည်လက်ရှည် စောင့်မျှော်နေခဲ့တယ် ။


ကျောယိချန်ရဲ့ ​ခြေသံဖွဖွဟာ ဗလာဟင်းနေတဲ့ ခန်းမထဲ ပဲ့တင်ထပ်နေခဲ့တယ် ။ သူ့ခြေလှမ်းတို့မှာ ထူးထူးခြားခြား အလောတကြီး ဖြစ်နေခဲ့တယ် ။ လီလွင်ဟာ အမှောင်ထဲမှ ထွက်ပြီး ကျောယိချန်ရဲ့ လမ်းကို ပိတ်ရပ်လိုက်တယ် ။


''လူကြီးမင်း..''
လီလွင်ရဲ့ အသံမှာ ပြေပြစ်ပေမယ့် စူစစူးစိုက်စိုက် ဖြစ်နေခဲ့တယ် ။


ကျောယိချန် အေးစက်သွားပြီး လီလွင်ဟာ သူ့အရှေ့မှာဆိုတာကို သိလိုက်ရတော့ သူ့လက်တွေကို ဓားရိုးကိုသာ တင်းကျပ်စွာ ကိုင်ထားခဲ့တယ် ။ သူ့မျက်နှာဟာ ချက်ချင်း ရဲတက်လာခဲ့တယ် ။
''လီလွင် '' သူ အားယူပြီး ပြောလိုက်တယ် ။

''ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ? ''


လီလွင်က မျက်ခုံးပင့်လိုက်ပြီး သူ့အမူအရာမှာ မှန်းမရဖြစ်နေခဲ့တယ် ။
'' ငါလည်း မင်းကို အဲ့လိုမေးမလို့ပဲ ၊ မင်း ငါ့ကို ရှောင်နေတာနဲ့ ''


''မရှောင်ပါဘူး ''
ကျောယိချန်က မလုံမလဲ မျက်နှာဖြင့် အလျင်အမြန် ပြန်ဖြေလိုက်တယ် ။

လီလွင်က အနားကို ပိုတိုးကပ်လာပြီး အလျော့မပေးဘဲ ပြန်ပြောလာခဲ့တယ် ။
''ရှောင်တယ် ''

''ပြီးတော့ ဘာလို့ရှောင်လဲ ငါတို့နှစ်ယောက်လုံး သိတယ်မလား ''

ကျောယိချန်ရဲ့ ဓားကိုင်ထားတဲ့ လက်တွေဟာ တင်းကျပ်သွားပြီး ပခုံးမှာ တောင့်သွားခဲ့တယ် ။
'' ငါ... အလုပ်များနေတာ ''
ကျောယိချန်က ပြန်လည်ချေပသလို ပြန်ပြောလိုက်တယ် ။
''ငါ့မှာ လုပ်စရာတွေ အများကြီးပဲ...အစီအရင်ခံစာတွေ ၊ လေ့ကျင့်ရေးတွေ ''

''ကျောအာ...''
လီလွင်က ကြင်နာသောအသံဖြင့် ဖြတ်ပြောလိုက်တယ် ။

''ထွက်မပြေးပါနဲ့တော့ ''


စကားလုံးတို့မှာ လေထုထဲ ရပ်တန့်သွားကာ မပြောခဲ့သလိုပင် ။ ကျောယိချန် မေးရိုးများ တင်းသွားပြီး သူ့မှာ ပျောက်ကွယ််သွားချင်သည့်အလား ကြမ်းပြင်ကိုသာ စိုက်ကြည့်နေခဲ့တယ် ။ သို့သော် လီလွင်မှာ တစ်လက်မမှမလှုပ် နည်းနည်းလေူမှ မယိမ်းယိုင်ဘဲ ရပ်နေခဲ့တယ် ။ ထို့နောက် သူဟာ ကျောယိချန်ရဲ့ လက်ကောက်ဝတ်လေးကို ဖွဖွလေး ကိုင်လိုက်တယ် ။


''ငါ့ကို ရှောင်နေတာ ဘာလို့လဲဟင်? ''
သူ နူညံ့သိမ်မွေ့စွာ မေးလိုက်တယ် ။
''ငါတို့ ဟိုတစ်ခါ ချတုန်းက အဖြစ်အပျက်ကြောင့်လား ?''


ကျောယိချန်မှာ တွန့်သွားပြီး ပါးပြင်မှာ နီရဲနေခဲ့တယ် ။
'' ငါ မရည်ရွယ်ခဲ့ဘူး.....ဒါက ဒီတိုင်း အမှားလေးတစ်ခုပဲ ''


လီလွင်ဟာ ကျောယိချန် လက်ကောက်ဝတ်ကို ကိုင်ထားဆဲဖြစ်ပြီး သူ့ရဲ့ မျက်ဝန်းနက်တ်ု့မှာ မှေးကျဥ်းသွားခဲ့တယ် ။
''အမှား?''


''အင်း...''

ကျောယိချန်ဟာ အလျင်အမြန် ဖြေလိုက်ပေမယ့် သူ့အဖြေမှာ ယုံကြည်မှုတို့ ကင်းမဲ့နေခဲ့တယ် ။
''အဲ့တာက...အဲ့လို ဖြစ်သင့်တယ်လို့ မထင်ဘူး...ငါ ထိန်းချုပ်မှု ကင်းမဲ့သွားလို့....နောက်ပြီး... ''

''မင်း ထိန်းချုပ်မှု မကင်းမဲ့ခဲ့ပါဘူး ''
လီလွင်ဟာ မာထန်သော လေသံဖြင့် ပြောလိုက်တယ် ။
'' မင်းကိုယ်မင်း ခံစားခွင့်ပေးလိုက်ပါလား ၊ ပြီးတော့ အဲ့လိုဖြစ်ခဲ့တာကိုလည်း ငါ တောင်းပန်မှာမဟုတ်ဘူး ''


ကျောယိချန်ရဲ့ ခံစစ်လေးဟာ လီလွင်ရဲ့ အကြည့်အောက် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခဲ့တယ် ။
''ခင်ဗျား ကျွန်တော့်ကို ဘယ်လိုပြောစေချင်လို့လဲ ''
ကျောယိချန်က တုန်ယင်နေတဲ့ အသံဖြင့် မေးလိုက်တယ် ။

'' မသိဘူး... ဘယ်လိုဖြစ်သင့်မှန်း ငါ မသိတော့ဘူး ''

လီလွင်က အနားကို ပိုတိုးကပ်လာပြီး
''မင်း ဘယ်လိုမှ ပြောစရာမလိုပါဘူး ...ဒါပေမယ့် မရှောင်ပြေးပါနဲ့...ငါဆီကနေ မရှောင်ပြေးပါနဲ့ ''
နောက်ဆုံး ကျောယိချန်က မော့ကြည့်လာပြီး လီလွင်ရဲ့ အကြည့်တို့နဲ့ ဆုံလိုက်တယ် ။ တပ်မှူးဆိုတဲ့ ဂုဏ်ပုဒ်နောက်တွင် မြင်ရခဲတဲ့ အသွင်အပြင်ကို မြင်လိုက်ရတယ် ။
''အချစ်ကို ဖော်ပြရတာ...ခက်တယ် ''
ကျောယိချန်ဟာ အသံတိုးတိုးလေးဖြင့် ဝန်ခံလိုက်တယ် ။


လီလွင်ဟာ နှုတ်ခမ်းကွေးရုံပြုံးပြီး ကျောယိချန်ရဲ့ ပါးပြင်ကို ဖွဖွလေး ကိုင်လိုက်တယ် ။
''ဒါဆို..ငါကပဲ မင်းကို ပြသပေးမယ်လေ ''


ကျောယိချန် ပြန်မဖြေခင်မှာပဲ လီလွင်က ကျောယိချန်ရဲ့ နဖူးကိုထိကပ်လိုက်တယ် ။ ထို့နောက် အနမ်းတစ်ခု ဖြစ်ပေါ်လာခဲ့တယ် ။ အရင်အနမ်းနဲ့ မတူခဲ့တာက ခုအနမ်းဟာ တမင်ရည်ရွယ်ပြီး နမ်းခြင်းဖြစ်ပြီး အေးအေးဆေးဆေးနဲ့ ပြင်းပြင်းပြပြ နမ်းနေခြင်းပင် ။


ကျောယိချန် တစ်ခဏလောက် တုန့်ဆိုင်းသွားပေမယ့် နောက်တွင် နမ်းနေရင်း အသက်ရှူထုတ်လိုက်လေတယ် ။  သူ့ရဲ့ လက်တွေဟာ လီလွင်ရဲ့ ဝတ်ရုံကို အားကြီးဆုပ်ကိုင်ထားခဲ့တယ် ။ နောက်ဆုံးတွင် သူတို့ နမ်းနေရာမှ ခွာသွားတဲ့အချိန် ကျောယိချန်မှာ ရှက်သွေးသမ်းနေပြီး အသက်ရှူမှာ မတည်မငြိမ် ဖြသ်နေခဲ့တယ် ။
'' ကျွန်တော် ခင်ဗျားလက်ထဲကနေ ဘယ်လိုမှ မထွက်ပြေးနိုင်ပါဘူး "


လီလွင်က ရွှင်မြူးစွာ ရယ်ပြီး ကျောယိချန်ရဲ့ မေးရိုးလေးအား ပွတ်သပ်လိုက်တယ် ။
''ကျော်အာ...ဒီခု မင်းက ငါ့အပိုင်ပဲ ''


ရက်တွေအတော်ကြာပြီးမှ ကျောယိချန်ဟာ ပထမဆုံးအကြိမ်အဖြစ် ပြုံးလိုက်တယ် ။ သူ့အပြုံးမှာ စကားလုံးတို့ထက် သာလွန်တဲ့ အဓိပ္ပါယ်တွေရှိတယ် ။

''ကျွန်တော့်ကို နောင်တရအောင်တော့ မလုပ်ပါနဲ့ ''
ကျောယိချန်က တိုးညင်းစွာ ဆိုလိုက်တယ် ။


လီလွင်အပြုံးတို့မှာ လေးနက်နေပြီး တစ်လက်လက်တောက်ပနေသော မျက်ဝန်းနက်တို့ဖြင့် ကတိပေးလိုက်တယ် ။
'' ငါ မလုပ်ပါဘူး ။ နောင်တမရစေရဘူးဆိုတာ သေချာအောင် ပြသပေးပါ့မယ် ''


သူတို့ ထိုနေရာတွင်သာ ရပ်နေကြပြီး ခန်းမကြီးနဲ့ စခန်းဟာ တိတ်ဆိတ်နေခဲ့တယ် ။ တစ်စုံတစ်ရာက ကွယ်ပျောက်သွားပြီး အသစ်တစ်ခုဟာ ပြန်စတင်ဖို့ ဖြစ်လာခဲ့တယ် ။


You are reading the story above: TeenFic.Net