အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်
တိုက်ပွဲမှာ ရပ်တန့်ဖို့မမြင် ပိုပြီး ပြင်းထန်လာခဲ့တယ် ။ လေထုမှာ သွေးညှီနံ့ ၊ ပြာမှုန်တို့ဖြင့် ညစ်ထွေးနေခဲ့တယ် ။ ကျောယိချန်က ဆူညံသံတွေကြားမှ ထိုးဖောက်အောင် အော်ကာ အမိန့်ပေးလိုက်တယ် ။ အာဏာသံအပြည့်ဖြင့် တုံ့ဆိုင်းမနေဘဲ တိုက်ခိုက်ရန် စေ့ဆော်လိုက်တယ် ။ သူ့တပ်သားများမှာ ဒဏ်ရာအနာတရများ ရကြပေမယ့် အသေအပျောက် မရှိသေးပေ ။ ဒဏ်ရာရသော သူများကို ကုသဆောင်ထဲ ဆွဲခေါ်သွားကြတယ် ။ သို့တိုင် ကျောယိချန်ရဲ့ အာရုံဟာ တစ်ခြားတစ်နေရာမှာ ရှိနေခဲ့တယ် ။ သူ့အကြည့်တွေဟာ သူ့ရင်ခွင်ထဲမှ အားလျော့ကာ လဲကျနေတဲ့ လီလွင်ကိုသာ မမှိတ်သုန်မှုန် ကြည့်နေခဲ့တယ် ။
လီလွင်ရဲ့ ကိုယ်မှာ အလေးချိန်မရှိသလောက် ပေါ့ပါးနေခဲ့ပြီး သူ့ ဝတ်ရုံမှာ သူ့လက်မောင်းမှ စီးကျနေသော သွေးများကြောင့် စိုရွဲနေခဲ့တယ် ။ သူ့ ဦးခေါင်းဟာ ကျောယိချန်ရဲ့ ပခုံးပေါ် ထိန်းသူမဲ့ မှီကျနေခဲ့တယ် ။ ခါတိုင်း သူ့ရဲ့ ထက်မြက်တဲ့ အသွင်အပြင်လေးဟာ ဖြူရော်ကာ မှေးမှိန်နေခဲ့တယ် ။ ထိုမြင်ကွင်းက ကျောယိချန် ရင်ဘတ်ထဲ၌ လျစ်လျူရှုလို့မရအောင် နာကျင်လာခဲ့တယ် ။
''ခင်ဗျား သေမှာမဟုတ်ဘူး''
ကျောယိချန်က ရှိသမျှအားသုံးကာ ပြောလိုက်ပေမယ့် အသံက တိုးတိုးလေးသာ ထွက်လာခဲ့တယ် ။
''ဒီလိုပုံစံနဲ့ မဟုတ်ဘူး ။ ဘယ်လိုပုံစံနဲ့မှ မဟုတ်ဘူး ''
မေးခွန်းထုတ်ချင်နေတဲ့ သူ့တပ်သားတွေရဲ့ အကြည့်တွေကို လျစ်လျူရှုပြီး ဖရိုဖရဲ ဖြစ်နေတဲ့ စစ်မြေပြင်ကို ဖြတ်လျှောက်သွားလိုက်တယ် ။ တစ်ချို့က သူတို့တပ်မှူသရဲ့ အပြုအမူတွေကြောင့် အံ့ဩကာ သူတို့အချင်ချင်း တီးတိုးပြောဆိုနေပေမယ့် ကျောယိချန်ကတော့ ဂရုမစိုက် ။ သူ အာရုံစိုက်တာက တစ်ခုတည်း ၊ တစ်ခြားအရာတွေ သူ့အတွက် အရေးမကြီးခဲ့ ။
ကျောယိချန်ဟာ ကုသဆောင်ထဲ ဝင်လာခဲ့တယ် ။ သူ့လက်မောင်းတို့မှာ လီလွင်အား သယ်ထားရသောကြောင့် တုန်ယင်နေပမေယ့် မလွှတ်ချခဲ့ဘူး ။ သူ လီလွင်ကို ကုတင်တစ်ခုပေါ် ဂရုတစိုက် ချပေးလိုက်တယ် ။ သူ့လက်ချောင်းတွေဟာ ဒဏ်ရာရထားတဲ့နေရာနား ဝေ့လည်နေခဲ့တယ် ။ ဟက်တက်ကွဲနေတဲ့ ဒဏ်ရာမှာ နက်ပြီး သွေးတွေဟာ ဒလဟော စီးကျနေလေသည် ။ ကျောယိချန်လည်ချောင်းတို့ အညစ်ခံထားရသလို ခံစားလိုက်ရတယ် ။
''ရေသန့်သန့်နဲ့ ပတ်တီးတွေ ယူလာခဲ့ ''
သူက ဆေးတပ်သားကို အော်ကာ အမိန့်ပေးလိုက်တယ် ။
သတိလစ်နေတဲ့ လီလွင်လေးနား ထိုင်ရင်း အတိတ်က မှတ်ဥာဏ်တွေက ပြန်လည်ရောက်ရှိလာခဲ့တယ် ။ နှင်းကျနေခဲ့တာတွေ ၊ အရိုးထိ စိမ့်နေအောင် အေးနေခဲ့တာတွေ ၊ သူ သတိရတစ်ချက် မရတစ်ချက်မှာ ခံစားလိုက်ရတဲ့ နွေးထွေးမှုတွေ ။ အမှောင်ထုထဲကနေ ညင်သာပေမယ့် တိကျပြတ်သားတဲ့ အသံတို့ကို ကြားယောင်လာခဲ့တယ် ။
''ငါကျိန်ဆိုတယ် ၊ ကျောယိချန်...ငါ မင်းအနားမှာ ရှိနေမယ် ၊ မင်းကို ကာကွယ်ပေးမယ်... ''
ကျောယိချန်ရဲ့ လက်တွေဟာ သွေးစိုနေတဲ့ လီလွင်ရဲ့ ဝတ်ရုံကို တုန်ယင်စွာ ကိုင်ထားခဲ့တယ် ။ ဒီဒဏ်ရာကြောင့် သူ တစ်ခုခုကို သဘောပေါက်သွားခဲ့တယ် ။ ဆိုးရွားတဲ့ နေ့ရက်တွေထဲ အနက်ရောင် ဗုဒ္ဓသစ်ပင်အောက်က အမျိုးအမည်မသိ စိတ်သက်သာရာ ရမှုတွေရဲ့ အကြောင်းအရင်းဟာ လီလွင် ဖြစ်နေခဲ့တယ် ။
''ခင်ဗျား....''
ကျောယိချန်ဟာ တုန်ရီနေသော အသံဖြင့်
''ကျွန်တော့်ကို ကယ်ခဲ့တာ ခင်ဗျားပဲ ''
သစ်တောနံ့သင်းသင်းလေးက အမှန်တရားသက်သေပဲ ။ ကျောယိချန် မျက်လုံးကိုမှိတ်ပြီး လီလွင်ရဲ့ မျက်လုံးတွေပေါ် လက်တင်ထားခဲ့တယ် ။
'' ခင်ဗျား တစ်ချိန်လုံး ကျွန်တော့်အနားမှာ ရှိနေတာပဲမလား ''
''ဘာလို့လဲ? ကျွန်တော့်အတွက် ဘာလို့ ဒီလိုတွေ လုပ်ပေးရတာလဲ? ''
လီလွင်မှာ မလှုပ်မယှက် ၊ သို့သော် ကျောယိချန်မှာလည်း အဖြေကို လိုအပ်နေတာမျိုးမဟုတ်ပေ ။ သူ သိသွားခဲ့ပြီပဲ ။ ထိုအတွေးက သူ့ရင်ထဲ မရင်းနှီးတဲ့ နွေးထွေးမှုမျိုးကို ယူဆောင်လာပေးခဲ့တယ် ။ သူရင်ထဲ အမည်မတပ်နိုင်တဲ့ ကျေးဇူးတင်ခြင်းမျိုး ခံစားလိုက်ရတယ် ။
........
ရက်တွေ ကုန်လွန်သွားပြီသနောက် ကုသဆောင်မှာ တစ်စတစ်စ ဆိတ်ငြိမ်သွားခဲ့တယ် ။ ဒဏ်ရာရ တပ်သားတို့မှာ ပြန်လည်ကျန်းမာလာပြီး တစ်ချိန့်မှာ တာဝန်ပြန်လည် ထန်းဆောင်နေကြပြီပင် ။ သို့သော် ကျောယိချန်မှာ လီလွင်ရဲ့ အနားမှာသာ ကျန်ရှိနေသေးတယ် ။ သူ့ရဲ့ တိကျပြတ်သားပြီး အရာရှိတစ်ယောက်လို အမူအရာကနေ ကိုယ်ရေးကိုယ်တာအချိန်၌ နူညံ့ပျော့ပျောင်းနေတတ်တယ် ။ ကျောယိချန်ဟာ သူ့အတွက် ကိုယ့်အသက်ကိုပင် မငဲ့ဘဲ နှစ်ကြိမ်တောင် ကယ်တင်ပေးခဲ့သူအား ငေးကြည့်နေလေတယ် ။
လွန်ခဲ့တဲ့ ရှစ်နှစ်တုန်းက ညအကြောင်းကို သူ အသေးစိတ် မှတ်မိနေသေးတယ် ။ သေအံ့ဆဲဆဲအချိန်၌ ခံစားလိုက်ရတဲ့ နွေးထွေးမှုတွေ ၊ ကတိပေးနေသံ တိုးတိုးလေးတွေနဲ့ အိမ်တစ်ခုလို ခံစားချက်တွေ ။ တစ်ချိန်က မှုန်ဝါးဝါးမှတ်ဥာဏ်တွေဟာ ခုတော့ ပြတ်သားလာခဲ့ပြီ ။ လီလွင်ဟာ ကျောယိချန် မသိခဲ့ပေမယ့် သူ့နားမှာပဲ ရှိနေခဲ့ခြင်းပင် ။
သုံးရက်မြောက် ညနေခင်းမှာ လီလွင်ဟာ နိုးလာခဲ့တယ် ။ သူ့အနားမှာ ထိုင်နေတဲ့ ကျေယိချန်မှာ ချက်ချင်းဆိုသလို ခန္ဓာကိုယ်လေး တောင့်သွားခဲ့တယ် ။ သူလြက်တွေက ကုတင်အစွန်းပေါ် အလိုလို တင်လိုက်မိတယ် ။
''နိုးပြီလား ''
ကျောယိချန်ဟာ တည်ငြိမ်အေးဆေးတဲ့ လေသံဖြင့် ပြောလိုက်တယ် ။ လီလွင်ရဲ့ မဟူရာ မျက်လုံးတွေဟာ ဖြည်းညင်းစွာ ပွင့်လာပြီး သူ့ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တယ်။ သူ့အကြည့်တွေဟာ ကျောယိချန်ပေါ် ကျရောက်သွားပြီး သူ့မျကိနှာပေါ် အပြုံးဖျော့ဖျော့လေး ဖြစ်ပေါ်လာခဲ့တယ် ။
''လူကြီးမင်း... ''
ကျောယိချန် မေးရိုးတို့ တင်းသွားပြီး
'' ခုချိန်မှာ အဲ့ဂုဏ်ပုဒ်ကို မခေါ်ပါနဲ့ ''
လီလွင်ဟာ မျက်ခုံးတို့ မသိမသာ တွန့်ချိုးသွားပေမယ့် ဘာမှထပ်မပြောခဲ့ ။ ကျောယိချန်လေသံထဲမှာတော့ တင်းမာမှုကို ခံစားလိုက်ရတယ် ။
'' ခင်ဗျား... ကိုယ့်အသက်ကိုယ်ရော ဂရုစိုက်သေးရဲ့လား? ''
ကျောယိချန် အသံမှာ အနည်းငယ် မာနေခဲ့တယ် ။
'' ခင်ဗျား ရှေ့နောက်မကြည့် ကျွန်တော့်ရှေ့ ပစ်ဝင်လာတာ...ထပ်ပြီးတော့လေ ''
လီလွင်က အားယူပြီး ညင်ညင်သာသာ ရယ်မောလာခဲ့တယ် ။
''ကြည့်ရတာ ဒီလိုလုပ်တာ အကျင့်ပါနေလို့ဖြစ်မယ် ''
''ခင်ဗျားဆိုတာ သဘောပေါက်သွားခဲ့တာ ''
လီလွင်ရဲ့ အပြုံးတို့မှာ ပျောက်ကွယ်သွားပြီး မျက်နှာသွင်ပြင်မှာ လေးနက်သွားခဲ့တယ် ။
''ဆိုတော့...မင်းမှတ်မိသွားပြီပေါ့ ''
''ဘယ်လို မေ့လို့ရမှာတဲ့လဲ? ''
ကျောယိချန်ရဲ့ အသံမှာ ေပျာ့ပျောင်းသွားခဲ့တယ် ။
''အဲ့နေ့ညက ခင်ဗျား ကျွန်တော့်ကို ကယ်ပေးခဲ့တယ် ။ နတ်ဆေးဆရာမက ပြောတာ သစ်မိစ္ဆာတစ်ကောင်တဲ့..ဒါပေမယ့် အဲ့သူက ခင်ဗျားပဲ.. ခင်ဗျား ကျွန်တော်နဲ့ တစ်ချိန်လုံး ရှိနေခဲ့တာမဟုတ်လား? ''
''ဟုတ်တယ် ''
လီလွင်မှာ မတုန်လှုပ်သော အကြည့်တို့ဖြင့် ဝန်ခံလိုက်တယ် ။
'' ငါ တစ်ချိန်လုံး မင်းအနားမှာ ရှိနေခဲ့တာ ''
....
လီလွင် လမ်းကောင်းကောင်း လျှောက်နိုင်ချိန်မှာ ကျောယိချန်က ဗုဒ္ဓပင်အောက်သွားဖို့ရာ တိုက်တွန်းခဲ့တယ် ။ အိမ်တောင်ဝင်းရင်ပြင်မှာ တိတ်ဆိတ်ငြိမ်သက်နေပြီး နေခြည်ဖျော့ဖျော့က ဖြာကျနေခဲ့တယ် ။ အရွက်မရှိတဲ့ ရိုးတံကိုင်းခြောက်တွေဟာ လေအေးနဲ့အတူ ယိမ်းခါနေကြတယ် ။ သူ့ အသွင်အပြင်ဟာ လွန်ခဲ့တဲ့ အမြဲတမ်းလိုလို တည်ငြိမ်သည့်ပုံစံမျိုးပင် ။
လီလွင်ဟာ သစ်ပင်ရှေ့မှာ ရပ်နေခဲ့တယ် ။ သူ့ရဲ့ ဝတ်ရုံနက်ကြီးဟာ အရိပ်နဲ့ ရောထွေးနေခဲ့တယ် ။ သူ့ရဲ့ ဆံနွယ်ရှည်ရှည်တို့က ဖြူဖျော့နေတဲ့ သူ့မျက်နှာပေါ် တစ်စိတ်တစ်ပိုင်း ကျနေပြီး သူ့ပခုံးပေါ်မှာ ဖြာကျနေခဲ့တယ် ။ ကျောယိချန်က သူ့နောက်ကနေ ခြေလှမ်းအနည်းငယ်အကွာမှာ ရပ်နေခဲ့ပြီး သူ့အကြည့်တွေဟာ လျှို့ဝှက်ကာကွယ်သူထက်ပိုတဲ့ လီလွင်အပေါ်တွင်သာ ။
ကျောယိချန်မှာ လီလွင်ရဲ့နောက်တွင် ဂဏာမငြိမ် ၊ သူ့ မြေပြင်ကိုသာ စိုက်ကြည့်နေပြီး သူ့လက်က တိမ်လွှာအလင်းဓားကို ဆုပ်ကိုင်လိုက် ပွတ်သပ်လိုက် လုပ်နေခဲ့တယ် ။ လီလွင်ဟာ သူ့အား ရွှင်မြူးစွာ ကြည့်နေပြီး သူ့မဟူရာမျက်လုံးတို့မှာ လရောင်အောက်၌ ရွန်းရွန်းလဲ့လဲ့ တောက်ပနေခဲ့တယ် ။
''မင်း.. ခါတိုင်းနဲ့မတူ... တိတ်ဆိတ်နေတယ် ''
လီလွင်က ပေါ့ပေါ့ပါးပါး ပြောလိုက်ပေမယ့် သူ့သိတ်ထဲမှာ သိချင်စိတ်တို့ ကြီးစိုးနေတယ် ။
ကျောယိချန် ပခုံးတို့ တောင့်သွားပြီး သူ့အား တစ်ချက်မော့ကြည့်လိုက်တယ် ။ သူ စကားပြောဖို့ ပြင်လိုက်ပြီးနောက် တုံ့ဆိုင်းသွားပြန်တယ် ။ သူ့အကြည့်တို့ မယောင်မလည်ဖြင့် တစ်ဘက်ကို လွှဲသွားခဲ့တယ် ။
''ငါ...''
သူ့အသံမှာ ကြားရတယ် ဆိုရုံမျှလေး ။
'' ခင်ဗျားကို တောင်းဆိုချင်တာ တစ်ခုရှိတယ် ''
လီလွင်ဟာ ခေါင်းလေးစောင်းပြီး နှုတ်ခမ်းတို့က ကွေးတက်နေတယ် ။
''မေးလေ..''
ကျောယိချန်က အသက်ဝဝရှူသွင်းလိုက်ပြီး သူ့ပါးသူ လက်နှစ်ဖက်ဖြင့် ပုတ်လိုက်တယ် ။
''ကျွန်တော်....ခင်ဗျားကို... ဖက်လို့ရလား? ''
အလျင်စလို စကားတို့မှာ တုန်ယင်နေခဲ့တယ် ။
လီလွင် သတိလက်လွတ်ဖြစ်သွားကာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားခဲ့တယ် ။ ထို့နောက် သူ့နှုတ်ခမ်းတို့က နုညံ့သော အပြုံးတစ်ခုကို ချိတ်ဆွဲထားလေသည် ။
''အကြောက်တရားမရှိတဲ့ လူကြီးမင်း ကျောယိချန်က ငါ့ကို ပွေ့ဖက်ဖို့လေးအတွက် တောင်းဆိုနေတယ်? ''
ကျောယိချန်မှာ ရှက်လွန်း၍ မျက်နှာထားမှာ သုန်မှုန်နေလေပြီ ။
''ထားတော့'' လို့ ပြောပြီး တစ်ဘက်သို့ လှည့်သွားခဲ့တယ် ။
''ရူးကြောင်ကြောင် နိုင်တယ်မလား——''
''ငါ့ကို ပြန်ဖြေခွင့် မပေးရသေးဘူးလေ ''
လီလွင်ဟာ ကြင်နာသော အသံဖြင့် ဖြတ်ပြောလာခဲ့တယ် ။ သူ ကျောယိချန်နား တိုးကပ်လာခဲ့တယ် ။
''အင်း...ငါ့ကို ဖက်လို့ရတယ် ''
ကျောယိချန်မှာ အေးခဲသွားပြီး အသက်ကို အမိအရ ရှူနေရတယ် ။ ထို့နောက် လီလွင်ဘက်ကို ချိတုံချတုံဖြင့် ဖြည်းညင်းစွာ လှည့်လာခဲ့တယ် ။ မရေမရာ အတွေးတွေနဲ့ သူ့လှုပ်ရှားတွေဟာ တောင့်တင်းနေခဲ့တယ် ။ နောက်ဆုံး သူ ရှေ့တိုးပြီး လီလွင်ရဲ့ခါးကို ကို့ရို့ကားယား ဖက်တွယ်လိုက်တယ် ။
ပထမတော့ မဝံမရဲ ဖြစ်နေပေမယ့် နောက်တွင် ကျောယိချန်ဟာ လီလွင်ပခုံးပေါ် မျက်နှာအပ်ထားခဲ့တယ် ။ နွေးထွေးမှုတို့က လွှမ်းခြုံလာတယ် ။ နောက်ပြီး ထိုရနံ့... ကမ္ဘာမြေကြီးရဲ့ အသက်ဝင်ရှင်သန်နေသလို ရနံ့မျိုးက သူ့ရဲ့ မေ့လျော့နေတဲ့ မှတ်ဥာဏ်တွေကို ကူညီရှာဖွေပေးခဲ့တယ် ။ ဒီရနံဟာ အမှောင်မိုက်ဆုံး ညက သူ့ကိုပွေ့ချီသွားပေးသူရဲ့ ရနံ့ ၊ သူ့ရင်ထဲ နှစ်ပေါင်းများစွာ စွဲထင်နေသော ရနံနှင့် ထပ်တူပင် ။
ကျောယိချန်က တင်းတင်းကျပ်ကျပ် ဖက်တွယ်လိုက်တော့တယ် ၊ သူ့ပခုံးမှာလည်း အနည်းငယ် တုန်ယင်နေခဲ့တယ် ။
''ဒီရနံ့...'' သူ့အသံမှာ တိုးဖျော့နေခဲ့တယ် ။
''ခင်ဗျားပဲ...အမြဲတမ်း ခင်ဗျားပဲ ဖြစ်နေခဲ့တာ ''
လီလွင်ရဲ့ အမူအရာတို့မှာ နူညံပျော့ပျောင်းသွားခဲ့ပြီး ရွှင်မြူးနေသလို အပြုံးကနေ နားလည်သဘောပေါက်သွားသလို အမူအရာမျိုး ပြောင်းလဲသွားခဲ့တယ် ။ သူက ကျောယိချန်ရဲ့ ကျောပြင်ပေါ် ဖွဖွလေး တင်ထားခဲ့တယ် ။
''အကြိမ်တိုင်း ငါပါပဲ ''
လီလွင်ဟာ တည်ငြိမ်နေသော အသံဖြင့် အတည်ပြုပေးလိုက်တယ် ။ သူ့လက်နှစ်ဖက်လုံးက ကျောယိချန်ရဲ့ ခါးသိမ်သိမ်လေးကို ကိုင်ထားခဲ့တယ် ။ ကျောယိချန်ဟာ သူ့ရင်ခွင်ထဲမှာ သေးသေးလေး ဖြစ်နေခဲ့တယ် ။
လီလွင်အပြင်ပန်းမှာ တည်ငြိမ်နေပေမယ့် စိတ်ထဲတွင် ခံစားချက်တို့က ပျားပန်းခတ်နေခဲ့တယ် ။
''အနက်ရောင် ဗုဒ္ဓသစ်ပင်က ငါ့အတွက် ရာစုနှစ်များစွာအထိ နေရာတစ်ခုလို ဖြစ်ခဲ့တာ ။ ငါ ဒီသစ်ပင်ထဲ စည်းခတ်ခံလိုက်ရတဲ့အချိန် ငါ့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က ကျင့်ကြံရေးလမ်းစဥ်လိုက်ပြီး တစ်နေ့ လူသားပုံစံ ရလာဖို့ပဲ.. ဒါမယ့် မင်းကို တွေ့ခဲ့တယ် ''
ကျောယိချန် အသက်ရှူအောင့်ထားလိုက်တယ် ။
''ဘာလို့ ငါလဲ? ...ခင်ဗျား လုံလုံခြုံခြုံနဲ့ မသိလိုက်မသိဖာသာ နေလို့ရသားပဲ ။ ငါ့ကို ကယ်ဖို့အတွက်နဲ့ ကျင့်ကြံခြင်းနှစ်တွေကို ပေးဆပ်ခဲ့တာ ''
လီလွင်က ကျောယိချန်ရဲ့ ပါးပြင်ကို ဖွဖွလေး ပွတ်သပ်လိုက်တယ် ။ နောက်ဆုံးအကြိမ် သူ ထိတွေ့ခဲ့တုန်းက သွေးမရှိအောင် ဖြူရော်နေခဲ့တာ ခုတော့ သွေးအောင်သမ်းပြီး နွေးနွေးအိအိလေး ။ သူဟာ သူ့ကို ဖက်ထားတဲ့ဘအလှတရားလေးကို မျက်နှာမလွှဲ မျက်တောင်မခတ် စိုက်ကြည့်နေခဲ့တယ် ။
''ဘာလို့ဆို မင်းနဲ့ ထိုက်တန်လို့ပဲ ယိချန်...ကောင်လေးတစ်ယောက် ငါ့အကိုင်းတွေအောက်လာပြီး ပူဆွေးနေကတည်းက ငါ ကြားသလို စကားတွေ ပြောနေကတည်းက မင်းက ထူးခြားလိမ့်မယ်လို့ ငါသိလိုက်တယ် ။ ငါ့ရဲ့ အရာအားလုံး ဆုံးရှုံးရမယ်ဆိုရင်တောင် မင်းကို ကာကွယ်ပေးချင်တယ် ''
ကျောယိချန် အကြည့်တို့ တစ်ဖက်ကို လွှဲသွားပြီး သူ့ဦးခေါင်းမှာ လီလွင်ရဲ့ ဝတ်ရုံထဲ ဝင်တိုးဝှေ့နေခဲ့တယ် ။ သူက အသံတိုးတိုးဖြင့်
''ငါက အဲ့လောက် မထိုက်တန်ပါဘူး ''
'' ငါက မင်းမှတ်မိနေတဲ့ ကောင်လေးမဟုတ်တော့ဘူး...ငါက မဟုတ်...''
'' မင်းက အရင်ကမင်းပါပဲ ''
လီလွင်က ပြတ်သားစွာ ဖြတ်ပြောလိုက်တယ် ။
''ဒီသစ်ပင်ပေါက် ငိုနေတဲ့ကောင်လေးရော တိုက်ပွဲမှာ တိမ်လွှာအလင်းဓားကို ဝင့်ကြွားစွာကိုင်ထားတဲ့ ယောကျားသားတစ်ယောက်ရောက မင်းပါပဲ ။ ပြီးတော့ ငါက နောက်တစ်ခါဆိုရင်လည်း တူညီတဲ့ ရွေးချယ်မှုမျိုး လုပ်နေဦးမှာပဲ... ဘယ်လောက်ပဲ ပေးဆပ်ရရ ''
လီလွင်ရဲ့ ဟန်မဆောင်တတ်ဘဲ ရိုးသားသော စကားလုံးတို့ကြောင့် ကျောယိချန်မှာ ပြောစရာစကားများ ပျောက်ဆုံးသွားခဲ့တယ် ။ သူ လီလွင်ကို မော့ကြည့်ပြီး ခံစားချက်တို့ သူ့ရင်ထဲ ရောပြွန်းနေခဲ့တယ် ။
'' ခင်ဗျားက ကျွန်တော့်နား အမြဲတမ်း ရှိနေခဲ့တာပဲ .. ကျွန်တော် မသိတဲ့ အချိန်တွေမှာတောင်မှ ၊ ကျွန်တော် အထီးကျန်ဆန်တယ်လို့ တွေးနေမိပေမယ့် တကယ်တော့ အထီးမကျန်ခဲ့ဘူး ''
လီလွင်က ကျောယိချန်ကို တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်တယ် ။
''မင်း ဘယ်တော့မှ အထီးကျန်မနေပါဘူး ''
လီလွင်မှ တစ်လက်မလေးမှ မလှုပ်ဘဲ ကျောယိချန် အလိုကျ ပွေ့ဖက်ထားပေးခဲ့တယ် ။ သူ့လက်တွေဟာ ကျောယိချန်ကျောပြင်ကို ဖွဖွလေးညပွတ်သပ်ပေးနေခဲ့တယ် ။
တိတ်ဆိတ်မှုကြီးက သူတို့နှစ်ဦးသားကြား ကြာရှည်နေခဲ့တယ် ။ ထို့နောက်မှာတော့ ကျောယိချန်က လွှတ်ပေးလိုက်ပြီး ကျောယိချန်ရဲ့ အကြည့်တို့နှင့် ဆုံလိုက်တယ် ။ သူ့ ပါးပြင်မှာ ရှက်သွေးသမ်းနေပေမယ့် သူ့အကြည့်တို့မှာ ကျေးဇူးတင်သလို အာနာသလို ဖြစ်နေခဲ့တယ် ။ သူဟာ နွေးထွေးသော ရင်ခွင်ကို ခွဲခွာချင်စိတ်မရှိဘူး ။ သူ့မျက်ဝန်းမှာ ခိုင်မြဲသော ဆုံးဖြတ်ချက်တသ်ခုရှိနေပြီး သတ္တိမွေးကာ ပြောဖို့ပြင်လိုက်တယ် ။
''လီလွင်...''
သူ့အသံမှာ တိုးတိုးညင်းညင်း...သူ့လက်တွေက လီလွင်ရဲ့ ခါးပေါ်တွင်သာ ရှိနေသေးပြီး
သူ တုံ့တုံ့ဆိုင်းဆိုင်းဖြင့်
''ကျွန်တော်...''
လီလွင်က ခေါင်းလေးစောင်းကာ သူ့ရဲ့ နူညံသော မျက်ဝန်းနက်တွေနဲ့ ကြည့်နေခဲ့တယ် ။
''ဘာပြောမလို့လဲ ''
ကျောယိချန် ပြန်မဖြေခဲ့ဘူး...ပြန်ဖြေခဲ့တာ စကားလုံးတွေနဲ့ မဟုတ်ဘူး... ထိုအစား သူရှေ့အနည်းငယ်တိုးလာခဲ့တယ် ။ သူ့ လှုပ်ရှားမှုတွေက မဝံ့မရဲ ဖြစ်နေပေမယ့် လီလွင်ရဲ့ နှုတ်ခမ်းတွေကို သူ့နှုတ်ခမ်းဖြင့် ဖိကပ်လိုက်တယ် ။
မဝံ့မရဲ အနမ်းဖွဖွလေးပေမယ့် လေးနက်တဲ့ အရာတစ်ခုကို စမ်းသပ်နေသလိုမျိုးပင် ။ လီလွင်ရဲ့ မျက်လုံးတွေက အံ့ဩမှုကြောင့် ဝိုင်းစက်သွားပေမယ့် ဖယ်ခွာမသွားခဲ့ဘူး ။ သို့အစား သူ့လက်အစုံဟာ ကျောယိချန်ရဲ့ ပါးပြင်ကို ထိကိုင်ပြီး တုန့်ပြန်နမ်းလိုက်တယ် ။
ကျောယိချန် ဖယ်ခွာလိုက်တဲ့အခါ နွေးထွေးမှုတို့ ကျန်ရှိနေသေးတယ် ။ ကျောယိချန်ရဲ့ လက်တွေဟာလည်း လီလွင်ခါးတွင် တင်ထားဆဲ ။ အရောင်ပြောင်းနေတဲ့ ပါးပြင်လေးတွေဟာ ရှက်သွေးကြွယ်နေခဲ့တဲ့ သက်သေတွေပင် ၊ သူ့အကြည့်တွေဟာ မြေပြင်တွင်သာ ။
'' ကျွန်တော် ဘာလို့ ဒီလိုလုပ်မိမှန်းမသိဘူး ... ကျွန်တော် ဒီတိုင်း...ဒီတိုင်း..''
လီလွင်ဟာ တစ်စက္ကန့်လောက် တိတ်ဆိတ်နေပြီး သူ့ရှေ့မှ လူသားလေးအား မျက်ဝန်းနက်ဖြင့် စူးစမ်းနေခဲ့တယ် ။ ကျောယိချန်ရဲ့ ခံစားမှုတွေဟာ မြင်သာလှတယ် ။ လီလွင်ဟာ သဘောပေါက်လိုက်တယ် ၊ ဒီနှစ်တွေမှာ သူဟာ ကျောယိချန်ရဲ့ စောင့်ရှောက်သူတစ်ယောက် ဖြစ်ချင်တယ်ဆိုတာထက် ပိုနေမယ်ဆိုတာကို သဘောပေါက်လိုက်တယ် ။
လီလွင်က သူ့လက်ချောင်ူဖြင့် ကျောယိချန်ရဲ့ မေးဖျားလေးကို ဆွဲမော့လိုက်တယ် ။
''ငါ့ကိုကြည့်.''
လီလွင်ဟာ နူ့ညံ့သိမ်မွေ့သော အသံဖြင့် ပြောလိုက်တယ် ။
မျက်လုံးချင်းဆုံတော့ ကျောယိချန်မှာ အသက်ရှူမှားသွားခဲ့တယ် ။ လီလွင်ရဲ့အကြည့်တွေဟာ တည်ငြိမ်နေသည့်တိုင် ကျောယိချန်ရဲ့ နှလုံးကိုတော့ မြင်းရိုင်းတစ်ကောင်လို ခုန်ပေါက်နေစေခဲ့တယ် ။ သူ ဘာမှမပြောနိုင်ခင် လီလွင်က သူ့ကိုယ်လေးအား ဆွဲကပ်လိုက်တယ် ။
အနမ်းဟာ နူညံ့ညင်သာပေမယ့် အလျင်စလိုမရှိဘူး ။ လီလွင်ဟာ တိတ်ဆိတ်နေတဲ့ ကျောယိချန်နှုတ်ခမ်းကို နမ်းလိုက်ခြင်းပင် ။ လီလွင်ရဲ့လက်တွေက ကျောယိချန်ပါးပြင်ကို ကိုင်ကာ လက်မတို့က ပါးပြင်ကို ပွတ်သပ်နေခဲ့တယ် ။
ကျောယိချန် ခေတ္တလောက် တောင့်တင်းသွားပြီး အံ့ဩမှုကြောင့် မျက်လုံးတို့ ဝိုင်းစက်သွားခဲ့တယ် ။ ထို့နောက်တွင်တော့ လီလွင်ရဲ့ အနမ်းနွေးနွေးဟာ သူ့ခံတွင်းထဲ ချဥ်းနင်းဝင်ရောက်သည့်တိုင် သူ့မှာ သက်တောင့်သက်သာ ရှိနေပြီး လီလွင်ရဲ့ ဝတ်ရုံစတို့ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်တယ် ။ ရင်းနှီးနေတဲ့ မြေသင်းနံ့နဲ့ သစ်ရွက်စိမ်းနံ့တို့က သူ့ရဲ့ အထီးကျန်မှုကို အမြစ်ကနေ ကော်ထုတ်လိုက်သလိုပင် ။
လီလွင်က ဖယ်ခွာပြီး ကျောယိချန်နဲ့ မျက်လုံးချင်းဆုံကာ ကြည့်လိုက်တယ် ။ သူ့နှုတ်ခမ်းတို့မှာ ကွေးတက်စွာ ပြုံးနေပြီး သူ့ အနက်ရောင် မျက်ဝန်းတို့မှာ ပေါ်လာခဲတဲ့ ခံစားချက်တို့ကြောင့် ပျော့ပျောင်းနေခဲ့တယ် ။
'' ငါ ချီးကျူးထားတာထက်တောင် မင်းက ပိုပြီး သတ္တိရှိတာပဲ ''
လီလွင်ရဲ့ လေသံမှာ ပေါ့ပါးပေမယ့် ချစ်ခြင်းမေတ္တာတို့ ပါဝင်နေတယ် ။ ကျောယိချန်မျက်နှာမှာ ပိုပို နီရဲလာပေမယ့် မျက်နှာလွှဲသွားခြင်းတော့မရှိ ။
'' ခင်ဗျား ကျွန်တော့်ကို တွန်းထုတ်လိုက်မယ်လို့တောင် ထင်ထားတာ ''
လီလွင်က ခပ်ဟဟ ပြုံးလိုက်တယ် ။
''ငါ ဘာလို့ အဲ့လို လုပ်ရမှာလဲ? ''
ကျောယိချန် မျက်လုံးလေး ပေကလပ်ပေကလပ်ဖြင့် ပြန်ပြောဖို့ရာ ပြင်လိုက်ပေမယ့် စကားလုံးတို့ ထွက်မလာခဲ့ ။ သူ့မှာ အဖြေမရှိခဲ့ဘူး ။
''မင်းက တာဝန်တွေ အများကြီး ထမ်းပိုးထားရတာပဲ ရှောင်ကျော်..'' လီလွင်က ကျောယိချန်ရဲ့ ပါးပြင်တွေကို ဖွဖွလေးကိုင်ပြီး
''ဒါမယ့် နောက်ထပ် အဲ့လိုလုပ်စရာမလိုတော့ဘူး...မင်းမှာ ငါရှိလာပြီ... မင်းအနားမှာ အမြဲတမ်း ရှိသွားမယ် ''
ကျောယိချန်ရဲ့ ရင်ဘတ်တို့ တင်းကျပ်သွာယပြီး လီလွင်ရဲ့ ဝတ်ရုံကို ဖမ်းဆုပ်ထားခဲ့တယ် ။
''ဒါက ဒီတိုင်း...တစ်ခြားတာဂန်ယူပေးမယ့်သူမရှိလို့— '' ကျောယိချန်ဟာ သင့်တော်တဲ့ စကားလုံးကို ရှာဖွေရင်း စကားစဟာ ရပ်သွားခဲ့တယ် ။
'' ခင်ဗျားက ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ ခံစားရစေတယ် ''
'' နောက်ထပ် မင်းတစ်ယောက်တည်း ဒါတွေအကုန်လုံးကို ထမ်းထားစရာမလိုတော့ပါဘူး
...ငါ ရောက်လာတဲ့အခါမှာပေါ့ ''
စကားလုံးတို့မှာ ရိုးရှင်းပေမယ့် ကျောယိချန်ရဲ့ နှလုံးသားနက်နက်ထဲ ဝင်ရောက်သွားခဲ့တယ် ။ သူ ဘာပြန်ပြောရမှန်းမသိဘူး ။
ကျောယိချန်က ရှူသွင်းထားဆဲ လေတို့ကို မရှူထုတ်ရသေး ။ သူ့မျက်လုံးတို့ဟာ ခေတ္တလောက် မျတ်ထားခဲ့တယ် ။ သူ့ မျက်လုံးတို့ ပြန်ဖွင့်လိုက်ချိန်မှာ ခါတိုင်းထက် နူညံ့နေပြီး စကားတို့နဲ့ ဖော်ပြမရတဲ့ ကျေးဇူးတင်ခြင်းတွေ ပြည့်နေခဲ့တယ် ။
အချိန်အတော်ကြာသည်အထိ သူတို့နှစ်ယောက်ဟာ ထိုအတိုင်း ရပ်နေခဲ့ကြတယ် ။ သူ့ဘေးပတ်ဝန်းကျင်က ကမ္ဘာကြီးဟာ သူ့လုပ်ငန်းတာဝန်နဲ့သူ လည်ပတ်နေခဲ့တယ် ။ နှစ်အတော်ကြာ ခံစားခဲ့ရတဲ့ အထီးကျန်မှုတွေ ၊ ခေါင်းဆောင်တာဝန်ကို ဆက်ခံခဲ့ရတာတွေရဲ့ ပင်ပန်းမှုတွေဟာ လွင့်ပျောက်သွားခဲ့တယ် ။ ထိုနေရာတွင် အရင်နှစ်များတုန်းက ရှိခဲ့ဖူးတဲ့ နွေးထွေးမှုတို့က နေရာယူသွားခဲ့တယ် ။
ကျောယိချန်က လေသံတိုးတိုးဖြင့်
''ကျေးဇူးတင်ပါတယ်...အရာအားလုံးအတွက် ''
''ရှောင်ကျော..မင်း ကျေးဇူးတင်စရာမလိုပါဘူး... မင်းကို ကာကွယ်ပေးတာက ငါ့ ရွေးချယ်မှုပဲ ''
သူတို့ဟာ အနက်ရောင် ဗုဒ္ဓသစ်ပင်အောက် ရပ်နေခဲ့ကြပြီး ကြယ်လေးတွေမှာလည်း မှိန်ဖျော့ဖျော့ လင်းလက်နေကြတယ် ။ ကမ္ဘာကြီးဟာ ဆိတ်ငြိမ်နေခဲ့တယ်။ ကျောယိချန်မှာ စိတ်အေးချမ်းမှုထက်ပိုတဲ့ ခံစားချက်မျိုး ခံစားခဲ့ရတယ် ။ ကျောယိချန်ဟာ စိတ်လိုလက်ရ ပြုံးမိလိုက်တယ် ။ အထီးကျန်မှုတွေကို အနမ်းနွေးနွေးဖြင့် အစားထိုးလာခဲ့တယ် ။ သူတို့ဟာ သူတို့အတိတ်တွေကို အတူတကွမျှဝေပြီး အနာဂတ်ကို လမ်းပြဖို့ရာ မယိုင်လဲတဲ့ သံယောဇဥ်ကြိုးတွေ ချည်နှောင်ခဲ့ကြတယ် ။
............
(Thz for reading 🤗)
You are reading the story above: TeenFic.Net