part14.1

Background color
Font
Font size
Line height

Uni

ထို့နောက်ပိုင်းတွင် သင်္ခါတစ်ယောက် ဝဿန့်အား ပိုမိုတွယ်ကပ်လာလေသည်။ အချိန်တစ်ခုကြာအောင် ခွဲခွာခဲ့ရခြင်းက သင်္ခါ၏ အထိခိုက်မခံသောစိတ်အပေါ် သက်ရောက်မှုရှိသွားခဲ့ပုံပင်။ ထိုအခြေအနေကား ဝဿန့်အတွက် ကျေနပ်ဖွယ်ရာအတိ။

ခြံရှေ့ကွပ်ပျစ်နားမှာ ကြံများကို တစ်ဆစ်စာ ထိုင်ပိုင်းနေသည့်သင်္ခါက လှေကားထစ်ပေါ် ဖုန်းထိုင်သုံးနေသည့်သူ့အပေါ် လှည့်ကြည့်လှည့်ကြည့်။ ဝဿန် ခေါင်းမမော့ပေမဲ့ ကောင်လေးပြုမူသမျှတိုင်းကို မြင်နေရသည်။ မျက်လုံးတို့အား Screenထက် ပို့ထားလိုက်သော်လည်း နှုတ်ခမ်းထောင့်စွန်းကော့တက်သွားသည်ကိုတော့ မထိန်းလိုက်နိုင်။

ဖုန်းကိုပိတ်၍ သူ့အား လှည့်ကြည့်လှည့်ကြည့်လုပ်နေသူကို အသံတိတ်မေးငေါ့ပြတော့ ရှက်ရှက်နှင့် မျက်နှာလွှဲသွား၏။

ဒီကောင်လေးတော့လား...။

အိမ်အဝင်ဝက ရေအိုးထဲ ရေအေးတစ်ခွက်ခပ်၍ မန်ကျည်းပင်အောက်ရှိ ကွပ်ပျစ်နားသို့သွားကာ ကမ်းပေးလိုက်သည်။

"သောက်လိုက်"

ကောင်လေးက သူခပ်ပေးလာသည့်ရေကို တသွေမတိမ်း တစ်စက်မကျန်ကောက်မော့ပစ်လိုက်သည်။ ထို့နောက် ခေါင်းငုံ့၍ ကြံများကို ဆက်ပိုင်းခုတ်နေသည်။

"ဒီနေ့ နေသာတယ်နော်"

"အင်း"

"ဒါဆို ကိုယ်တို့...."

ဝဿန် ဆက်မပြောဘဲ ရပ်လိုက်သည်။

သင်္ခါ ခေါင်းမော့ကြည့်လိုက်တော့ သူ့အား ပြီတီတီအပြုံးဖြင့် မျက်စပစ်ကာကြည့်နေသောထိုသူကြောင့် တစ်မျိုးတမည်တွေးထင်သွားပြီး နားရွက်တို့နီရဲလာကာ အကြည့်အား ခပ်မြန်မြန်လွှဲလိုက်တော့သည်။ သူ၏ခုတ်ချက်သည်လည်း ကြံချောင်းပေါ်မှလွဲသွားခဲ့ပြီး အောက်က အခံသစ်တုံးကို ဒုတ်ခနဲ ဓားသွားစိုက်သည်။

"ကိုယ်တို့ ကွမ်းခြံခဏသွားမယ်လို့...ဘာတွေများ တွေးလိုက်တာလဲကွာ"

"ကျ..ကျွန်တော် ဘာမှမပြောမိပါဘူး"

ပခုံးများလှုပ်ခါသည်အထိ ရယ်နေသူကြောင့် သင်္ခါ အောက်နှုတ်ခမ်းကို ခပ်ဆဆကိုက်လိုက်မိသည်။

သူတော့ ရှက်သေတော့မှာပဲ။

အထင်လွဲချင်လည်း လွဲစရာ။ နှစ်ဦးသဘောထားကို ဖလှယ်ပြီးနောက်ပိုင်း ထိုသူ၏လက်က အင်မတန်ကို သရမ်းလာသည်။ လစ်ရင်လစ်သလို ဟိုကိုင်ဒီထိဖြင့်။

"အင်းပါ... ဒါကိုမြန်မြန်လက်စသတ်လိုက် ကိုယ်တို့တောင်ပေါ်တက်မယ်"

သို့နှင့် အနောက်ဘက်ရေတွင်းနားရှိ အစိုဓာတ်ရသောနေရာတွင် ကောက်ရိုးဆွေးများခင်းကာ မျက်စိ(ကြံပင်ရဲ့အဆစ် အပင်သစ်ထွက်တဲ့နေရာ)မထိအောင် ခုတ်ထစ်ထားသော ကြံပိုင်းများကို ချထားလိုက်သည်။ အစိုဓာတ်ပုံမှန်ပေးရုံဖြင့် ထိုမှ အညှောင့်ထွက်လာမည်ဖြစ်ပြီး စိုက်လို့ရသည့်အရွယ်ရောက်သောအခါ စိုက်မည့်အကွက်တွင်းသို့ ပြောင်းရွှေ့ပျိုးပေးရုံပင်။

သင်္ခါ ကပ်နေသောကြံမှုန့်*များကို ဆေးကြောပေးသည်နှင့် ဝဿန်နှင့်အတူ တောင်ပေါ်သို့ တက်ခဲ့သည်။

(AN/ ကြံမှုန့်- တကယ်က အနှင်းမခေါ်တတ်တာပါ။ သေးသေးလေးတွေနဲ့အရမ်းစူးပြီးယားတဲ့ဟာကို ပြောတာ။ ကရင်လိုကြတော့ (အ်ုဖုံး)လို့ခေါ်တယ်။ ခွေးလှီးယားသီးပေါ်မှာရော ရုံးပတီသီး/ပင်မှာပါ ရှိတဲ့ဟာလေ။ တချို့ကြ အဖွေးလို့ခေါ်ကြသလားလို့ )

ရာဘာခြံကိုဖြတ်၍ တစ်ဖက်ရှိ ကွမ်းခြံဆီသို့ တိုက်ရိုက်သွားခဲ့ကြသည်။ ခြံဝန်းအနှံ့ပိတ်နေခဲ့သော ဆူးချုံများကို ရှင်းလင်းပြီးပြီဖြစ်၍ ယခင်ကလို အဆင်မပြေမဖြစ်တော့ချေ။

ရှည်သွယ်သွယ်အပင်များထက်တွင် ဝါဝင်းသောအသီးတချို့ကား အပြွတ်လိုက်အခိုင်လိုက်။ ခြံစည်းရိုးကာထားပြီဖြစ်၍ ယခင်ကလို ကြုံရင်ကြုံသလိုဝင်ခူးသွားသူများ မရှိတော့သော်လည်း တမင်ဝင်ခိုးသူအနည်းငယ်တော့ရှိဆဲပင်။ အညှာတချို့၌ အသားများကွာကျနေပြီး တစ်စုံတစ်ယောက်က ဓားနှင့်တက်ခုတ်ဖြတ်ထားဟန်ပေါ်သည်။

ဝဿန်မော့ကြည့်ပြီးနောက် ကောင်လေးဘက်လှည့်၍...

"ကိုယ်တို့ ပထမဆုံးအသုတ်အနေနဲ့ ခူးလိုက်သင့်ပြီ။"

သင်္ခါ နှုတ်ဆိတ်စွာ ခေါင်းညိတ်ပြသည်။ သူက အလကားဝင်ယူသွားသည်ဖြစ်စေ ခိုးယူကြသည်ဖြစ်စေ သိပ်ဂရုမထားသော်လည်း ဝဿန်က ထိုသို့သဘောမထားနိုင်။ ကိုယ့်ငွေနဲ့ကိုယ်အပင်ပန်းခံအကုန်ခံထားပြီး တရားလက်လွန်ပြုမူနေသည်ကိုတော့ ထိုင်ကြည့်လို့မရ။ အကျင့်ပါသွားကြပေလိမ့်မည်။

"နောက်ရက် လူငှားလိုက်တော့... အပင်နည်းနေပေမဲ့ တော်တော်တော့ရမဲ့ပုံပဲ"

"ကျွန်တော် လုပ်..."

"မလုပ်ရဘူး"

ဘာပြောချင်နေမှန်းသိသဖြင့် ဝဿန်ဖြတ်ပြောလိုက်သည်။

"မိုးရွာထားတော့ အပင်ကချောနေတာ... ကျွမ်းကျင်သူတွေခူးရင်ပိုကောင်းတယ် ကိုယ်တိုင်လုပ်ဖို့စဥ်းတောင်မစဥ်းစားနဲ့"

လက်ညိုးထိပ်ဖြင့် ကောင်လေးပါးကို တို့ပြီးနောက် ဖျတ်ခနဲနမ်းလိုက်ပြန်သည်။

သင်္ခါ နှုတ်ခမ်းကိုစေ့ပိတ်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ ညနေဘက်အပြန်တွင် လူငှားလိုက်ရှာလိုက်ပြီး နောက်တစ်ရက်၌ တောင်ပေါ်ပြန်တက်လာခဲ့သည်။

ခူးခံလိုက်ရသော ကွမ်းသီးမှည့်များမှာ ပြည့်ပြည့်ဝိုင်းဝိုင်းနှင့် လက်တစ်ဆုပ်စာဝန်းကျင်မျှရှိပြီး အသားလည်းကောင်းပေ၏။ ဝဿန်... မြို့က အဒေါ်ဖြစ်သူဆီဖုန်းဆက်၍ ကွမ်းသီးအစိုစျေးကို မေးလိုက်သည်။ ကွမ်းသီးအစိုစျေးမှာ တစ်လုံးကို နှစ်ဆယ့်ငါးကျပ်သာရှိပြီး အခြောက်တစ်ပိဿာကိုတော့ ခြောက်ထောင်ကျော်သည်။ မိုးရာသီမှာမို့ အခြောက်ခံရောင်းဖို့က ကသီနိုင်လွန်းသည်။ သူတို့တွင်လည်း ထပ်လုပ်ရမည့်အလုပ်များ ကျန်ရှိနေသေး၏။ ထို့ကြောင့် နှစ်ယောက်သဘောတူကာ ကွမ်းသီးအစိုတိုင်းသာ ဖောက်သည်ပို့လိုက်ကြသည်။ အလုံးရေသိပ်မများသော​ကြောင့် အားလုံးပေါင်း ကိုးသိန်းကျော်သာရသည်။

(AN/ ကိုယ်တို့သူဌေးခြံဆို လူတွေကိုကြိုက်သလို အလကားခူးခိုင်းထားတာတောင် သူတို့တစ်ခါသယ်တိုင်း သိန်းနှစ်ဆယ်တော့ အသာလေးT^T။ အရများသလို ခြံဝယ်တုန်းကလည်း ဘတ်ငါးသိန်းဝန်းကျင်တောင်)

ဝဿန်က ပိုက်ဆံများကိုရေတွက်ပြီး တစ်ဝက်အား သင်္ခါ့ရှေ့ချ၍...

"မဆိုးပါဘူး... နောက်တစ်သုတ်ကျန်သေးတယ် အခုမှမှည့်ခါနီးရှိသေးတာ"

သင်္ခါ စိတ်ကျေနပ်မှုတို့အထင်းသားဖြင့် ပိုက်ဆံကိုကောက်သိမ်းရင်း ခေါင်းညိတ်သည်။

"ပိုက်ဆံပုံများ မြင်နေရရင် မျက်နှာလေးကနော်"

ပြောပြောဆိုဆိုဖြင့် ပါးကိုရွှတ်ခနဲလှမ်းနမ်းတော့ ရှက်ရှက်ဖြင့် ငြိမ်ခံနေရှာသည်။ လက်ထဲကအထုပ်ကိုတော့ လွှတ်မချပါချေ။

"ဒါနဲ့..."

ပိုက်ဆံများကို ထုပ်သိမ်းပြီးနောက် စကားမပြတ်သေးသည့်ဝဿန့်အနားသို့ သင်္ခါ ပြန်လာထိုင်လိုက်သည်။

"ညီ့မှာ ဖုန်းမရှိဘူးမို့လား"

သင်္ခါ ခေါင်းညိတ်ပြလိုက်သည်။ သူ့တွင် လက်ကိုင်ဖုန်းတစ်လုံးသော်မျှမရှိ။ ဆက်သွယ်စရာလူမရှိသလို အသုံးပြုရမှာပျင်းသောကြောင့် တစ်ခါလေးတောင် မဝယ်ဖူးချေ။

"ဒီနေ့ ကိုယ်နဲ့ မြို့လိုက်ပြီး ဖုန်းတစ်လုံးဝယ်ထားလိုက်... နောင် အဆက်အသွယ်လုပ်စရာရှိတဲ့အချိန် လွယ်ကူအောင်လို့"

သင်္ခါ ခဏငြိမ်သက်သွားပြီးသောအခါမှ မဝံ့မရဲ မေးလိုက်၏။

"ခါ သွားစရာရှိတာလားဟင်"

"အွန်း... ကိုယ်တို့ အကြာကြီးခွဲရမဲ့အချိန်ဆိုရင် ဖုန်းရှိတာက..."

ဝဿန် စကားမဆုံးလိုက်ပါချေ။ ကောင်လေး၏မျက်နှာက တဖြည်းဖြည်းနှင့် သနားစရာကောင်းလာပုံထောက် ရုတ်ချည်းဝမ်းနည်းသွားပုံရသဖြင့် ထိတ်ထိတ်ပျာပျာဖြစ်သွားရလေသည်။

ငိုချတော့မှာတော့ မဟုတ်ဘူးမို့လား။

"ဘာလို့..."

ဝမ်းနည်းနေရသလဲဟု မမေးလိုက်နိုင်ခင် ကောင်လေးဆီမှ စိတ်ဓာတ်ကျနေသံလေး ထွက်ပေါ်လာ၏။

"အကြာကြီးလား"

"ဟမ်"

"အကြာကြီးသွားရမှာလား"

မျက်တောင်ရှည်များဝန်းရံထားသော မျက်ဝန်းတွင် ငွေ့ရည်များဖွဲ့လာသည်။

ဝဿန်ကြောင်အမ်းသွားပြီးမှ...

"ကိုယ် အင်း... မဟုတ်သေးဘူး နောက်ဆိုလည်း ကိုယ်အလုပ်ကိစ္စနဲ့ ခဏခဏခရီးထွက်ရမယ်လေ။ အလုပ်ကြောင့် မင်းနဲ့ကိုယ်ခဏခွဲနေရမှာမျိုးတွေ ရှိလာမှာပဲ။ အဲ့အခါလိုမျိုးကြ..."

သင်္ခါ အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။ ထို့နောက် မျက်လွှာပင့်ကာ အကြည့်ချင်းဆုံစေ၍...

"ကျွန်တော်လိုက်လို့ရမလား"

ခွဲခွာခြင်းက သည်းမခံနိုင်စရာကောင်းသည်။ ခဏလေးပဲဆိုလျှင်တောင်မှ...။

အဝတ်စအား လက်ချောင်းတို့ဖြင့် ဆုပ်ချေနေမိပြီး အကြည့်လွှဲကာ နားစွင့်မိ၏။

သူက တအားတွယ်ကပ်လွန်းတယ်လို့ ထင်သွားလေမလား။ လက်မခံဘဲ နေလိုက်မှာလား။

ဝဿန့်ဆီက သက်ပြင်းချသံသဲ့သဲ့ကြားလိုက်ရသည်။ သင်္ခါ့၏မျှော်လင့်ချက်လေး ညှိုးရော်သွားရသည်။

"တကယ်ကိုပဲကွာ"

သင်္ခါ့မျက်တောင်ဖျားတို့ တုန်ယင်လာသည်။

တကယ်ကြီးစိတ်ကုန်စရာကောင်းတဲ့ကောင်လို အငြင်းခံရတော့မှာပဲဟု တွေးထင်လိုက်သည့်ခဏ ရယ်သံတိုးတိုးနှင့်အတူ ရနံ့သင်းနေသောရင်ခွင်ထဲ မျက်နှာအပ်ကျသွားသည်။

"တကယ်ကို အရမ်းချစ်စရာကောင်းနေတာပဲ"

ဝဿန်... သင်္ခါ၏ ဗွေကလေးကိုငုံ့နမ်း၍ သဘောခွေ့စွာပြောလာ၏။

"ရတာပေါ့။ မင်းလေးလိုက်ချင်စိတ်ရှိဖို့သာလိုတာ။ ကိုယ့်အိမ်လိုက်ချင်ရင်တောင် အချိန်မရွေးပဲ"

သင်္ခါ မျက်နှာကို ရင်ဘတ်ဖြင့်တိုးဝေ့ပွတ်သပ်ရင်း ခပ်တိုးတိုးမေး၏။

"ကျွန်တော် နှောင့်ယှက်လိုက်မိလား"

"ဘယ်လိုလုပ်ဖြစ်မှာလဲ။ အရာရာမင်းသဘော မင်းစိတ်ကြိုက်ပဲလေ။ ကိုယ်အရမ်းပျော်တာပဲ"

သင်္ခါ ထိုအခါမှ ပြုံးနိုင်တော့သည်။

မိုးရာသီဖြစ်သော်ငြား မိုးကရွာလိုက်မရွာလိုက်နှင့်။ သင်္ခါ ပျိုးထားသည့်ကြံပင်များသည် တစ်ပတ်အကြာတွင် လက်တစ်ဆစ်စာ အညှောင့်ထွက်လာ၏။ ကြံပင်များကို ဂရုတစိုက်ကြည့်လိုက်ပြီး အိမ်ပေါ်တက်ကာ ယူသွားမည့်အဝတ်တို့ကို ဂရုတစိုက်ထည့်လိုက်သည်။ သူနှစ်စုံ၊ ဝဿန်နှစ်စုံ။ ယောကျာ်းသားများမို့ အဝတ်မရွေးကြ။ နောက်ရက်တွင် သူတို့ ခရီးထွက်ကြမည်ဖြစ်သည်။

ထိုအကြောင်းကိုသိလိုက်သည့် ဝန်ထမ်းနှစ်ယောက်က မျက်နှာမဲ့၏။

"ကိုလေးတို့ နှစ်ယောက်စလုံး သွားမှလား... တစ်ယောက်တည်းပဲသွားလို့မရဘူးလားဟင်"

ဝဿန်က ပြတ်ပြတ်သားသားငြင်းသည်။

"မရဘူး... ကြက်တွေနေမကောင်းမဖြစ်အောင် ဂရုစိုက်ကြ"

သို့နှင့် နှစ်ယောက်သား ဝဿန့်၏အဖြူရောင်ကားလေးဖြင့် ထွက်လာခဲ့ကြသည်။ သူတို့လက်ရှိသွားမည့်နေရာက ဝေးပြီး ရောက်ဖို့အတွက် တစ်ညအိပ်ကြာပေလိမ့်မည်။

ဆက်ရန်ရှိ.....

AN/ အဖွဲ့နှစ်ဖွဲ့ကြား ညှပ်နေတာ ဆိုးဝါးချက်... ဘယ်တော့ထဖောက်ကြမယ်မသိ



Zawgyi


ထို႔ေနာက္ပိုင္းတြင္ သခၤါတစ္ေယာက္ ဝႆန့္အား ပိုမိုတြယ္ကပ္လာေလသည္။ အခ်ိန္တစ္ခုၾကာေအာင္ ခြဲခြာခဲ့ရျခင္းက သခၤါ၏ အထိခိုက္မခံေသာစိတ္အေပၚ သက္ေရာက္မႈရွိသြားခဲ့ပုံပင္။ ထိုအေျခအေနကား ဝႆန့္အတြက္ ေက်နပ္ဖြယ္ရာအတိ။

ၿခံေရွ႕ကြပ္ပ်စ္နားမွာ ႀကံမ်ားကို တစ္ဆစ္စာ ထိုင္ပိုင္းေနသည့္သခၤါက ေလွကားထစ္ေပၚ ဖုန္းထိုင္သုံးေနသည့္သူ႕အေပၚ လွည့္ၾကည့္လွည့္ၾကည့္။ ဝႆန္ ေခါင္းမေမာ့ေပမဲ့ ေကာင္ေလးျပဳမူသမွ်တိုင္းကို ျမင္ေနရသည္။ မ်က္လုံးတို႔အား Screenထက္ ပို႔ထားလိုက္ေသာ္လည္း ႏႈတ္ခမ္းေထာင့္စြန္းေကာ့တက္သြားသည္ကိုေတာ့ မထိန္းလိုက္နိုင္။

ဖုန္းကိုပိတ္၍ သူ႕အား လွည့္ၾကည့္လွည့္ၾကည့္လုပ္ေနသူကို အသံတိတ္ေမးေငါ့ျပေတာ့ ရွက္ရွက္ႏွင့္ မ်က္ႏွာလႊဲသြား၏။

ဒီေကာင္ေလးေတာ့လား...။

အိမ္အဝင္ဝက ေရအိုးထဲ ေရေအးတစ္ခြက္ခပ္၍ မန္က်ည္းပင္ေအာက္ရွိ ကြပ္ပ်စ္နားသို႔သြားကာ ကမ္းေပးလိုက္သည္။

"ေသာက္လိုက္"

ေကာင္ေလးက သူခပ္ေပးလာသည့္ေရကို တေသြမတိမ္း တစ္စက္မက်န္ေကာက္ေမာ့ပစ္လိုက္သည္။ ထို႔ေနာက္ ေခါင္းငုံ႕၍ ႀကံမ်ားကို ဆက္ပိုင္းခုတ္ေနသည္။

"ဒီေန႕ ေနသာတယ္ေနာ္"

"အင္း"

"ဒါဆို ကိုယ္တို႔...."

ဝႆန္ ဆက္မေျပာဘဲ ရပ္လိုက္သည္။

သခၤါ ေခါင္းေမာ့ၾကည့္လိုက္ေတာ့ သူ႕အား ၿပီတီတီအၿပဳံးျဖင့္ မ်က္စပစ္ကာၾကည့္ေနေသာထိုသူေၾကာင့္ တစ္မ်ိဳးတမည္ေတြးထင္သြားၿပီး နား႐ြက္တို႔နီရဲလာကာ အၾကည့္အား ခပ္ျမန္ျမန္လႊဲလိုက္ေတာ့သည္။ သူ၏ခုတ္ခ်က္သည္လည္း ႀကံေခ်ာင္းေပၚမွလြဲသြားခဲ့ၿပီး ေအာက္က အခံသစ္တုံးကို ဒုတ္ခနဲ ဓားသြားစိုက္သည္။

"ကိုယ္တို႔ ကြမ္းၿခံခဏသြားမယ္လို႔...ဘာေတြမ်ား ေတြးလိုက္တာလဲကြာ"

"က်..ကြၽန္ေတာ္ ဘာမွမေျပာမိပါဘူး"

ပခုံးမ်ားလႈပ္ခါသည္အထိ ရယ္ေနသူေၾကာင့္ သခၤါ ေအာက္ႏႈတ္ခမ္းကို ခပ္ဆဆကိုက္လိုက္မိသည္။

သူေတာ့ ရွက္ေသေတာ့မွာပဲ။

အထင္လြဲခ်င္လည္း လြဲစရာ။ ႏွစ္ဦးသေဘာထားကို ဖလွယ္ၿပီးေနာက္ပိုင္း ထိုသူ၏လက္က အင္မတန္ကို သရမ္းလာသည္။ လစ္ရင္လစ္သလို ဟိုကိုင္ဒီထိျဖင့္။

"အင္းပါ... ဒါကိုျမန္ျမန္လက္စသတ္လိုက္ ကိုယ္တို႔ေတာင္ေပၚတက္မယ္"

သို႔ႏွင့္ အေနာက္ဘက္ေရတြင္းနားရွိ အစိုဓာတ္ရေသာေနရာတြင္ ေကာက္ရိုးေဆြးမ်ားခင္းကာ မ်က္စိ(ႀကံပင္ရဲ႕အဆစ္ အပင္သစ္ထြက္တဲ့ေနရာ)မထိေအာင္ ခုတ္ထစ္ထားေသာ ႀကံပိုင္းမ်ားကို ခ်ထားလိုက္သည္။ အစိုဓာတ္ပုံမွန္ေပး႐ုံျဖင့္ ထိုမွ အေညွာင့္ထြက္လာမည္ျဖစ္ၿပီး စိုက္လို႔ရသည့္အ႐ြယ္ေရာက္ေသာအခါ စိုက္မည့္အကြက္တြင္းသို႔ ေျပာင္းေ႐ႊ႕ပ်ိဳးေပး႐ုံပင္။

သခၤါ ကပ္ေနေသာႀကံမႈန့္*မ်ားကို ေဆးေၾကာေပးသည္ႏွင့္ ဝႆန္ႏွင့္အတူ ေတာင္ေပၚသို႔ တက္ခဲ့သည္။

(AN/ ႀကံမႈန့္- တကယ္က အႏွင္းမေခၚတတ္တာပါ။ ေသးေသးေလးေတြနဲ႕အရမ္းစူးၿပီးယားတဲ့ဟာကို ေျပာတာ။ ကရင္လိုၾကေတာ့ (အ်ုဖုံး)လို႔ေခၚတယ္။ ေခြးလွီးယားသီးေပၚမွာေရာ ႐ုံးပတီသီး/ပင္မွာပါ ရွိတဲ့ဟာေလ။ တခ်ိဳ႕ၾက အေဖြးလို႔ေခၚၾကသလားလို႔ )

ရာဘာၿခံကိုျဖတ္၍ တစ္ဖက္ရွိ ကြမ္းၿခံဆီသို႔ တိုက္ရိုက္သြားခဲ့ၾကသည္။ ၿခံဝန္းအႏွံ႕ပိတ္ေနခဲ့ေသာ ဆူးခ်ဳံမ်ားကို ရွင္းလင္းၿပီးၿပီျဖစ္၍ ယခင္ကလို အဆင္မေျပမျဖစ္ေတာ့ေခ်။

ရွည္သြယ္သြယ္အပင္မ်ားထက္တြင္ ဝါဝင္းေသာအသီးတခ်ိဳ႕ကား အႁပြတ္လိုက္အခိုင္လိုက္။ ၿခံစည္းရိုးကာထားၿပီျဖစ္၍ ယခင္ကလို ႀကဳံရင္ႀကဳံသလိုဝင္ခူးသြားသူမ်ား မရွိေတာ့ေသာ္လည္း တမင္ဝင္ခိုးသူအနည္းငယ္ေတာ့ရွိဆဲပင္။ အညွာတခ်ိဳ႕၌ အသားမ်ားကြာက်ေနၿပီး တစ္စုံတစ္ေယာက္က ဓားႏွင့္တက္ခုတ္ျဖတ္ထားဟန္ေပၚသည္။

ဝႆန္ေမာ့ၾကည့္ၿပီးေနာက္ ေကာင္ေလးဘက္လွည့္၍...

"ကိုယ္တို႔ ပထမဆုံးအသုတ္အေနနဲ႕ ခူးလိုက္သင့္ၿပီ။"

သခၤါ ႏႈတ္ဆိတ္စြာ ေခါင္းညိတ္ျပသည္။ သူက အလကားဝင္ယူသြားသည္ျဖစ္ေစ ခိုးယူၾကသည္ျဖစ္ေစ သိပ္ဂ႐ုမထားေသာ္လည္း ဝႆန္က ထိုသို႔သေဘာမထားနိုင္။ ကိုယ့္ေငြနဲ႕ကိုယ္အပင္ပန္းခံအကုန္ခံထားၿပီး တရားလက္လြန္ျပဳမူေနသည္ကိုေတာ့ ထိုင္ၾကည့္လို႔မရ။ အက်င့္ပါသြားၾကေပလိမ့္မည္။

"ေနာက္ရက္ လူငွားလိုက္ေတာ့... အပင္နည္းေနေပမဲ့ ေတာ္ေတာ္ေတာ့ရမဲ့ပုံပဲ"

"ကြၽန္ေတာ္ လုပ္..."

"မလုပ္ရဘူး"

ဘာေျပာခ်င္ေနမွန္းသိသျဖင့္ ဝႆန္ျဖတ္ေျပာလိုက္သည္။

"မိုး႐ြာထားေတာ့ အပင္ကေခ်ာေနတာ... ကြၽမ္းက်င္သူေတြခူးရင္ပိုေကာင္းတယ္ ကိုယ္တိုင္လုပ္ဖို႔စဥ္းေတာင္မစဥ္းစားနဲ႕"

လက္ညိုးထိပ္ျဖင့္ ေကာင္ေလးပါးကို တို႔ၿပီးေနာက္ ဖ်တ္ခနဲနမ္းလိုက္ျပန္သည္။

သခၤါ ႏႈတ္ခမ္းကိုေစ့ပိတ္ၿပီးေနာက္ ေခါင္းညိတ္လိုက္သည္။ ညေနဘက္အျပန္တြင္ လူငွားလိုက္ရွာလိုက္ၿပီး ေနာက္တစ္ရက္၌ ေတာင္ေပၚျပန္တက္လာခဲ့သည္။

ခူးခံလိုက္ရေသာ ကြမ္းသီးမွည့္မ်ားမွာ ျပည့္ျပည့္ဝိုင္းဝိုင္းႏွင့္ လက္တစ္ဆုပ္စာဝန္းက်င္မွ်ရွိၿပီး အသားလည္းေကာင္းေပ၏။ ဝႆန္... ၿမိဳ႕က အေဒၚျဖစ္သူဆီဖုန္းဆက္၍ ကြမ္းသီးအစိုေစ်းကို ေမးလိုက္သည္။ ကြမ္းသီးအစိုေစ်းမွာ တစ္လုံးကို ႏွစ္ဆယ့္ငါးက်ပ္သာရွိၿပီး အေျခာက္တစ္ပိႆာကိုေတာ့ ေျခာက္ေထာင္ေက်ာ္သည္။ မိုးရာသီမွာမို႔ အေျခာက္ခံေရာင္းဖို႔က ကသီနိုင္လြန္းသည္။ သူတို႔တြင္လည္း ထပ္လုပ္ရမည့္အလုပ္မ်ား က်န္ရွိေနေသး၏။ ထို႔ေၾကာင့္ ႏွစ္ေယာက္သေဘာတူကာ ကြမ္းသီးအစိုတိုင္းသာ ေဖာက္သည္ပို႔လိုက္ၾကသည္။ အလုံးေရသိပ္မမ်ားေသာေၾကာင့္ အားလုံးေပါင္း ကိုးသိန္းေက်ာ္သာရသည္။

(AN/ ကိုယ္တို႔သူေဌးၿခံဆို လူေတြကိုႀကိဳက္သလို အလကားခူးခိုင္းထားတာေတာင္ သူတို႔တစ္ခါသယ္တိုင္း သိန္းႏွစ္ဆယ္ေတာ့ အသာေလးT^T။ အရမ်ားသလို ၿခံဝယ္တုန္းကလည္း ဘတ္ငါးသိန္းဝန္းက်င္ေတာင္)

ဝႆန္က ပိုက္ဆံမ်ားကိုေရတြက္ၿပီး တစ္ဝက္အား သခၤါ့ေရွ႕ခ်၍...

"မဆိုးပါဘူး... ေနာက္တစ္သုတ္က်န္ေသးတယ္ အခုမွမွည့္ခါနီးရွိေသးတာ"

သခၤါ စိတ္ေက်နပ္မႈတို႔အထင္းသားျဖင့္ ပိုက္ဆံကိုေကာက္သိမ္းရင္း ေခါင္းညိတ္သည္။

"ပိုက္ဆံပုံမ်ား ျမင္ေနရရင္ မ်က္ႏွာေလးကေနာ္"

ေျပာေျပာဆိုဆိုျဖင့္ ပါးကို႐ႊတ္ခနဲလွမ္းနမ္းေတာ့ ရွက္ရွက္ျဖင့္ ၿငိမ္ခံေနရွာသည္။ လက္ထဲကအထုပ္ကိုေတာ့ လႊတ္မခ်ပါေခ်။

"ဒါနဲ႕..."

ပိုက္ဆံမ်ားကို ထုပ္သိမ္းၿပီးေနာက္ စကားမျပတ္ေသးသည့္ဝႆန့္အနားသို႔ သခၤါ ျပန္လာထိုင္လိုက္သည္။

"ညီ့မွာ ဖုန္းမရွိဘူးမို႔လား"

သခၤါ ေခါင္းညိတ္ျပလိုက္သည္။ သူ႕တြင္ လက္ကိုင္ဖုန္းတစ္လုံးေသာ္မွ်မရွိ။ ဆက္သြယ္စရာလူမရွိသလို အသုံးျပဳရမွာပ်င္းေသာေၾကာင့္ တစ္ခါေလးေတာင္ မဝယ္ဖူးေခ်။

"ဒီေန႕ ကိုယ္နဲ႕ ၿမိဳ႕လိုက္ၿပီး ဖုန္းတစ္လုံးဝယ္ထားလိုက္... ေနာင္ အဆက္အသြယ္လုပ္စရာရွိတဲ့အခ်ိန္ လြယ္ကူေအာင္လို႔"

သခၤါ ခဏၿငိမ္သက္သြားၿပီးေသာအခါမွ မဝံ့မရဲ ေမးလိုက္၏။

"ခါ သြားစရာရွိတာလားဟင္"

"အြန္း... ကိုယ္တို႔ အၾကာႀကီးခြဲရမဲ့အခ်ိန္ဆိုရင္ ဖုန္းရွိတာက..."

ဝႆန္ စကားမဆုံးလိုက္ပါေခ်။ ေကာင္ေလး၏မ်က္ႏွာက တျဖည္းျဖည္းႏွင့္ သနားစရာေကာင္းလာပုံေထာက္ ႐ုတ္ခ်ည္းဝမ္းနည္းသြားပုံရသျဖင့္ ထိတ္ထိတ္ပ်ာပ်ာျဖစ္သြားရေလသည္။

ငိုခ်ေတာ့မွာေတာ့ မဟုတ္ဘူးမို႔လား။

"ဘာလို႔..."

ဝမ္းနည္းေနရသလဲဟု မေမးလိုက္နိုင္ခင္ ေကာင္ေလးဆီမွ စိတ္ဓာတ္က်ေနသံေလး ထြက္ေပၚလာ၏။

"အၾကာႀကီးလား"

"ဟမ္"

"အၾကာႀကီးသြားရမွာလား"

မ်က္ေတာင္ရွည္မ်ားဝန္းရံထားေသာ မ်က္ဝန္းတြင္ ေငြ႕ရည္မ်ားဖြဲ႕လာသည္။

ဝႆန္ေၾကာင္အမ္းသြားၿပီးမွ...

"ကိုယ္ အင္း... မဟုတ္ေသးဘူး ေနာက္ဆိုလည္း ကိုယ္အလုပ္ကိစၥနဲ႕ ခဏခဏခရီးထြက္ရမယ္ေလ။ အလုပ္ေၾကာင့္ မင္းနဲ႕ကိုယ္ခဏခြဲေနရမွာမ်ိဳးေတြ ရွိလာမွာပဲ။ အဲ့အခါလိုမ်ိဳးၾက..."

သခၤါ ေအာက္ႏႈတ္ခမ္းကို ကိုက္လိုက္သည္။ ထို႔ေနာက္ မ်က္လႊာပင့္ကာ အၾကည့္ခ်င္းဆုံေစ၍...

"ကြၽန္ေတာ္လိုက္လို႔ရမလား"

ခြဲခြာျခင္းက သည္းမခံနိုင္စရာေကာင္းသည္။ ခဏေလးပဲဆိုလွ်င္ေတာင္မွ...။

အဝတ္စအား လက္ေခ်ာင္းတို႔ျဖင့္ ဆုပ္ေခ်ေနမိၿပီး အၾကည့္လႊဲကာ နားစြင့္မိ၏။

သူက တအားတြယ္ကပ္လြန္းတယ္လို႔ ထင္သြားေလမလား။ လက္မခံဘဲ ေနလိုက္မွာလား။

ဝႆန့္ဆီက သက္ျပင္းခ်သံသဲ့သဲ့ၾကားလိုက္ရသည္။ သခၤါ့၏ေမွ်ာ္လင့္ခ်က္ေလး ညွိုးေရာ္သြားရသည္။

"တကယ္ကိုပဲကြာ"

သခၤါ့မ်က္ေတာင္ဖ်ားတို႔ တုန္ယင္လာသည္။

တကယ္ႀကီးစိတ္ကုန္စရာေကာင္းတဲ့ေကာင္လို အျငင္းခံရေတာ့မွာပဲဟု ေတြးထင္လိုက္သည့္ခဏ ရယ္သံတိုးတိုးႏွင့္အတူ ရနံ႕သင္းေနေသာရင္ခြင္ထဲ မ်က္ႏွာအပ္က်သြားသည္။

"တကယ္ကို အရမ္းခ်စ္စရာေကာင္းေနတာပဲ"

ဝႆန္... သခၤါ၏ ေဗြကေလးကိုငုံ႕နမ္း၍ သေဘာေခြ႕စြာေျပာလာ၏။

"ရတာေပါ့။ မင္းေလးလိုက္ခ်င္စိတ္ရွိဖို႔သာလိုတာ။ ကိုယ့္အိမ္လိုက္ခ်င္ရင္ေတာင္ အခ်ိန္မေ႐ြးပဲ"

သခၤါ မ်က္ႏွာကို ရင္ဘတ္ျဖင့္တိုးေဝ့ပြတ္သပ္ရင္း ခပ္တိုးတိုးေမး၏။

"ကြၽန္ေတာ္ ႏွောင့္ယွက္လိုက္မိလား"

"ဘယ္လိုလုပ္ျဖစ္မွာလဲ။ အရာရာမင္းသေဘာ မင္းစိတ္ႀကိဳက္ပဲေလ။ ကိုယ္အရမ္းေပ်ာ္တာပဲ"

သခၤါ ထိုအခါမွ ၿပဳံးနိုင္ေတာ့သည္။

မိုးရာသီျဖစ္ေသာ္ျငား မိုးက႐ြာလိုက္မ႐ြာလိုက္ႏွင့္။ သခၤါ ပ်ိဳးထားသည့္ႀကံပင္မ်ားသည္ တစ္ပတ္အၾကာတြင္ လက္တစ္ဆစ္စာ အေညွာင့္ထြက္လာ၏။ ႀကံပင္မ်ားကို ဂ႐ုတစိုက္ၾကည့္လိုက္ၿပီး အိမ္ေပၚတက္ကာ ယူသြားမည့္အဝတ္တို႔ကို ဂ႐ုတစိုက္ထည့္လိုက္သည္။ သူႏွစ္စုံ၊ ဝႆန္ႏွစ္စုံ။ ေယာက်ာ္းသားမ်ားမို႔ အဝတ္မေ႐ြးၾက။ ေနာက္ရက္တြင္ သူတို႔ ခရီးထြက္ၾကမည္ျဖစ္သည္။

ထိုအေၾကာင္းကိုသိလိုက္သည့္ ဝန္ထမ္းႏွစ္ေယာက္က မ်က္ႏွာမဲ့၏။

"ကိုေလးတို႔ ႏွစ္ေယာက္စလုံး သြားမွလား... တစ္ေယာက္တည္းပဲသြားလို႔မရဘူးလားဟင္"

ဝႆန္က ျပတ္ျပတ္သားသားျငင္းသည္။

"မရဘူး... ၾကက္ေတြေနမေကာင္းမျဖစ္ေအာင္ ဂ႐ုစိုက္ၾက"

သို႔ႏွင့္ ႏွစ္ေယာက္သား ဝႆန့္၏အျဖဴေရာင္ကားေလးျဖင့္ ထြက္လာခဲ့ၾကသည္။ သူတို႔လက္ရွိသြားမည့္ေနရာက ေဝးၿပီး ေရာက္ဖို႔အတြက္ တစ္ညအိပ္ၾကာေပလိမ့္မည္။

ဆက္ရန္ရွိ.....

AN/ အဖြဲ႕ႏွစ္ဖြဲ႕ၾကား ညွပ္ေနတာ ဆိုးဝါးခ်က္... ဘယ္ေတာ့ထေဖာက္ၾကမယ္မသိ


You are reading the story above: TeenFic.Net