Part13

Background color
Font
Font size
Line height

Uni

ခြံဝန်းရှေ့တွင် စကားပြောသံများ ရိုးတိုးရိပ်တိတ်ကြားနေရသည်။ သို့သော်လည်း သင်္ခါ စောင်ပုံများကြားမှ ထမလာမိ။ တဖျပ်ဖျပ်လမ်းလျှောက်သံက အိပ်ရာအနီးရောက်လာပြီး ရပ်တန့်သွားခဲ့သည်။

"တကယ်ပဲမထတော့ဘူးလား"

ကျီစယ်လိုဟန်ပေါက်နေသော အသံတစ်သံနှင့်အတူ တစ်စုံတစ်ယောက်က သူ၏စောင်ကို ဆွဲကိုင်သည်။

"ကိုယ် အိမ်ခဏပြန်ဦးမယ်... ဒီကြားထဲဂရုစိုက်"

"....."

"ဟိတ်...ကောင်​လေး မင်းထမလာရင် ကိုယ်လည်းပြန်မလာတော့ဘူးနော်"

စောင်စကိုဆုပ်ကိုင်ထားသည့်သင်္ခါ့လက်တို့က တင်းခနဲ။ သို့​ေသာ် တစ်ဖက်လူက သူထင်သလို စောင်ကိုဆွဲမလှန်ခဲ့။ ထိုအစား သူ့အားခပ်ဖွဖွပုတ်ပေးကာ လျှောက်ထွက်သွားခဲ့သည်။ ခြံဝန်းရှေ့မှ ကားစက်သံသည် ရွာလမ်းမကနေထွက်ခွာပြီး တဖြည်းဖြည်းဝေးကွာသွားခဲ့သည်။

ထိုသူပြန်သွားသည့်ရက်များအတောအတွင်း သူတကယ်စိတ်သက်သာရာရမိသည်။ မဟုတ်လျှင် မည်သို့မျက်နှာချင်းဆိုင်ရမည်မသိ။ လောလောလတ်လတ်၌ ထိုလူနှင့်မတွေ့ချင်သေး။ တစ်ပတ်ဟူသောအချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

သင်္ခါသည်လည်း ကြက်ခြံထဲသွားလိုက်၊ စားပင်များကိုဂရုစိုက်လိုက်ဖြင့်။ ထိုမျှသာမက မြေစမ်းခရမ်းပျိုးကာ ကြံပင်အချို့ပါစိုက်ရန် စိတ်ကူးလိုက်သည်။ သူ့မှာ ခြံအပိုတွေမရှိတော့ပေမဲ့ ကြက်ခြံက ပိုနေသည့်မြေတစ်ဝက်ကို ဒီတိုင်းထားလိုက်ဖို့မတွေး။ နောက်ထပ်တစ်ပတ် ထပ်မံကုန်ဆုံးသွားပြန်သည်။

ကြံစိုက်ရန်ဟူသည့်ကိစ္စကိုတော့ အကောင်အထည်မဖော်ဖြစ်သေး။ အကြောင်းရင်းမှာ....

အကြောင်းရင်းကို သူလည်းသေချာမသိ။ တစ်ခုခုကို စိတ်ဝင်တစားကြိုးစားလုပ်ချင်စိတ်က မကြုံစဖူး ပျောက်ဆုံးနေသည်။ နေရင်းထိုင်ရင်း အတွေးတို့ပျံ့လွင့်လာသည်။

တတိယမြောက်အပတ်ကို ကျော်ဖြတ်ပြီးချိန်မှာ သူ့ကိုယ်သူသတိထားမိလာသည်။ သူတစ်စုံတစ်ယောက်ကို တမ်းတနေသည်လား လွမ်းဆွတ်နေသည်လားမသိသော်လည်း သေချာသည်။ ယခုကဲ့သို့ဖြစ်နေခြင်းမှာ ထိုလူသူ့အနားရှိမနေခြင်းကြောင့်ပင်။

သောက်နေသည့်ရေက ပေါ့လာလိုက် ငံလာလိုက်အပြင် ခါးသက်သက်အရသာသို့ ပြောင်းသွားလိုက်ဖြင့်။ စားနေကြအစားအစာများမှာလည်း ရသာမဲ့ကုန်သလို။ ညညဆို ကောင်းကောင်းမအိပ်နိုင်သလို သက်ပြင်းလည်း အခါခါချမိရပြန်။

တစ်စုံတစ်ယောက် အနားမှာရှိမနေခြင်းက အထီးကျန်ရိပ်တို့ကို ပိုတိုးစေသည်။ တခြားသူများကလည်း သူနှင့်အဆက်အဆံသိပ်မရှိဘဲ သီးသန့်ကမ္ဘာ၌ ကွဲထွက်နေသလို။

ထိုလူ တကယ်ပဲ ပြန်မလာတော့တာလား။ သူ့ကို စနောက်သွားခဲ့ရုံပဲ မဟုတ်ဘူးလား။

ဒါကလည်း အကျိုးအကြောင်းမသင့်တာတော့မဟုတ်။ အမှန်ဆို ဒီလက်ရှိအလုပ်လေးလောက်နှင့် ထိုလူ သူ့အနား တကူးတကလာနေဖို့ကိုမှမလိုအပ်ဘဲ။ ဝန်ထမ်းများကိုလွှဲပေးထားခြင်းဖြင့် ကိစ္စပြတ်နေပြီ။ သို့သော်လည်း ထိုလူက သူ့အနားနေခဲ့သည်လေ။ မသိလိုက်ခင်မှာပဲ သူတဖြည်းဖြည်းနဲ့ အသားကျလာခဲ့ပြီထင့်။

-

"Happy Birthdayမောင်လေး"

မျက်စိရှေ့ရောက်လာတဲ့ ကိတ်မုန့်ဝိုင်းလေးတစ်လုံး။ ကိတ်မုန့်ပေါ်တွင် အဖြူရောင်ခရင်မ်တို့ဖြင့် သုတ်လိမ်းကာ ဖုံးအုပ်ထားသည်။ ဘေးက ကလေးနှစ်ယောက်မှာ ထိုကိတ်ကိုကြည့်ပြီး ပါးစပ်တပြင်ပြင်။ သူတို့မအေဆွဲထား၍သာ မလှုပ်နိုင်ရှာတာ။

"တစ်ခုခုဆုတောင်းလိုက်ဦးလေ..."

အသက်၁၉နှစ်ဟူသော စာလုံးလေးကို ငေးငိုင်ငိုင်ကြည့်ပြီးနောက် သင်္ခါ ခေါင်းခါလိုက်သည်။

ထို့နောက် မီးလည်းမထွန်း၊ ဖယောင်းတိုင်လည်းမမှုတ်ဘဲ ကိတ်မုန့်ကိုခွဲကာ ကလေးများအတွက် ထည့်ပေးသည်။

"ကျွန်တော် မနက်ဆွမ်းသွားပို့လိုက်ဦးမယ်"

တစ်ပတ်ပြီးတစ်ပတ် ကုန်ဆုံးသွားခဲ့သည်။ သူလည်း တဖြည်းဖြည်းနဲ့ စိတ်နှင့်လူ ကင်းကွာလာသည်။ တစ်လကျော်ကြာပြီး သူ့မွေးနေ့ရောက်ခဲ့သည်အထိ ထိုသူက ပြန်မလာခဲ့ချေ။ တကယ်ပဲ ထိုသူက ပြောခဲ့သည့်အတိုင်း ပြန်မလာတော့ဘူးထင်၏။

​မြို့ငယ်က 'KAR'ဆီသို့ မယောင်မလည်ဖြင့် ခပ်လှမ်းလှမ်းက သွားကြည့်ဖူးသည်။ ထိုလူအရိပ်အယောင်မမြင်ခဲ့ရ။ ထိုအစား တခြား အရပ်ရှည်ရှည် အသားညိုညိုနှင့် ဒေါင်ကောင်းသည့်ယောကျာ်းတစ်ယောက်က ဆိုင်ကို ဦးစီးဦးဆောင်လုပ်နေသည်။

လွန်ခဲ့သောလများ၏ ညနေခင်းတစ်ခု၌ သူ မရည်ရွယ်ဘဲ ကြားခဲ့လိုက်သောစကားတစ်ခွန်းကို ပြန်အမှတ်ရမိသွားသည်။

'မင်္ဂလာကိစ္စအတွက် အိမ်ပြန်လာခဲ့'။

သင်္ခါ ခေါင်းခါလိုက်သည်။ ချိုင့်ထဲက အစ်မဖြစ်သူချက်ပေးထားသည့်ဆွမ်းကို လှယ်ပြီးနောက် ဆရာတော်ဘုရားဆီက မေတ္တာတရားတို့ကို ခံယူခဲ့သည်။

မွေးနေ့ဆိုသည်မှာ သူ့အတွက်တော့ အထူးအထွေကိစ္စမဟုတ်။ အစ်မဖြစ်သူသဘောကြောင့်သာ ကိတ်မုန့်လေးတစ်လုံး မှာယူခဲ့လိုက်တာဖြစ်ပြီး ကျန်တာကတော့ ရွာထဲကဘုန်းကြီးကျောင်းမှာ ဆွမ်းတစ်နပ်ကပ်ရုံလောက်သာ။ ပြီးလျှင် လေလွင့်ခွေးနှင့်ကြောင်များအပြင် ငှက်များကို အစာကျွေးရ​မေည်။ သူ၏မွေးနေ့က အမြဲထိုသို့ပင်။

အစ်မဖြစ်သူဆီ ချိုင့်ကိုပြန်ပို့လိုက်ပြီးနောက်...

"ကျွန်တော် ကြံမျိုးတွေ သွားယူလိုက်ဦးမယ်"

"ေအး အေး ဆိုင်ကယ်ကို ဖြည်းဖြည်းမောင်းသွားနော်... အာရုံမလွင့်နဲ့ဦး"

အင်း'ဟု ပြန်ဆိုပြီးနောက် ထွက်လာခဲ့လိုက်သည်။

"သင်္ခါ့ကိုကြည့်ရတာ ...."

ကိုမျိုးက ဆက်မပြောဘဲနေလိုက်ပြီး ဘာဆက်ပြောလို့ပြောရမည်မှန်းလည်း သိပုံမပေါ်။ တစ်ခုခုတော့တစ်ခုခုပဲဟု တွေးကြည့်နေပေမဲ့ ဘယ်တစ်ခုမှန်းလည်း မပြောတတ်။ နှင်းအိက ခင်ပွန်းဖြစ်သူကို ကလေးများကိတ်မုန့်စားထားသည့်ပန်းကန်ကို ထိုးပေး၍...

"သူ စိတ်အခြေအနေ နည်းနည်းမကောင်းဖြစ်နေတယ်...ဘာဖြစ်ဖြစ်လျှောက်လျှောက်သွားမမေးနဲ့။ ရော့... ဒါကိုသွားဆေးလိုက်ဦး"

သင်္ခါ့မွေးနေ့​​ဖြစ်သည့်အတွက် နှင်းအိက လုပ်ထားသမျှမုန့်များကိုမရောင်းဘဲ လာဝယ်သူတိုင်းအား အလကားပေးသည်။ ကိုမျိုးကတော့ ရွာကနေ မြို့ငယ်သို့ လိုင်းကားဆွဲရမည်ဖြစ်ပြီး ကလေးများကိုတော့ သူတို့၏အဘိုးအဘွားဆီ အပ်ထားလိုက်ကြသည်။

သင်္ခါ ရွာအရှေ့ဘက်ပိုင်းဆီသွား၍ ကြံမျိုးများကိုသယ်လာပြီးနောက် ကြက်ခြံသို့ ဦးတည်သွားလိုက်သည်။ အမြဲတမ်းဝန်ထမ်းလေးနှစ်ယောက်ကတော့ နားချိန်အတွင်း မိုးလေးတအေးအေးနှင့် ခေါက်TVလေးတစ်လုံးဖွင့်ကာ movieထိုင်ကြည့်နေကြလျက်။ အလုပ်ကိုရောက်လာပြန်တော့လည်း လုပ်ချင်စိတ်မပါ။ တလောကလုံးမှာ သူတစ်ယောက်တည်းရှိနေသလိုခံစားချက်ကြီးက နေသားသိပ်မကျ။ ဖြစ်နိုင်မည်ဆိုလျှင်...

"အစ်ကို... ဒီနေ့ ဒေါ်မိမိုးတို့ဆိုင်အတွက် အော်ဒါဆယ်ကတ်နော်"

အတွေးထဲနစ်နေသည့်သူ့ကို အလင်း၏အော်သံက ပြန်လည်အသိဝင်လာစေသည်။

"ကျန်တာရှိသေးလား..."

"ကျန်တာ အော်ဒါမယူထားဘူး... တခြားအိမ်စားတွေအတွက် ချန်ထားတယ်"

"အင်း သိပြီ.. မင်းတို့အိမ်ပြန်နားလိုက်။ ဒီည အစ်ကိုဒီမှာအိပ်မှာ"

စိတ်လွင့်နေတာထက် ကြက်ခြံလုံခြုံရေးကို ဂရုစိုက်တာ ပိုကောင်းလိမ့်မည်။ ကောင်လေးနှစ်ယောက်က တွန့်ဆုတ်နေ​ပေမဲ့ သူမနားမနေတိုက်တွန်းသောအခါ ပျော်ရွှင်စွာဖြင့် ရွာထဲပြေးဝင်သွားကြသည်။ ဘယ်လိုပဲ ဖြစ်ပါစေဦးတော့ ဒီအရွယ်လေးတွေက လွတ်လပ်ပျော်ရွှင်မှုတို့ကို နှစ်သက်တဲ့ အရွယ်ပေပဲမို့လား။

ညရောက်တော့ ဘက်ထရီမီးထွန်းပြီး မီးတစ်ပုံထပ်ဖိုလိုက်သည်။ မိုးကလည်း အေးစိမ့်စိမ့် ခြင်ကလည်းခပ်များများပေမို့။

နေ့ခင်းဘက်၌ တဖွဲဖွဲရွာနေခဲ့သောမိုးက ညရောက်သည်နှင့် သည်းကြီးမည်းကြီးရွာချလာတော့၏။ သင်္ခါ ပျင်းရိစွာထိုင်နေရင်း ကောင်လေးနှစ်ယောက်၏ ကာတွန်းရုပ်ပြစာအုပ်များကို ကောက်လှန်လိုက်သည်။ ထိုစာအုပ်များကို လွန်ခဲ့သောအပတ်က ဝယ်လာကြခြင်းဖြစ်ပြီး အနားယူနေစဥ်ဖတ်ရန် ထားထားခြင်း​ဖြစ်၏။

သင်္ခါ တစ်ရွက်စီလှန်ရင်း ပုံများကိုကြည့်လိုက်သည်။ ပထမဆုံးစာရွက်၌ သစ်ပင်များအုံ့ဆိုင်းနေသော ကားလမ်းမနှင့် အရှိန်နှင့်မောင်းနှင်နေသောကားတစ်စီး။ နောက်အကွက်တွင် မျက်နှာပေါ်ဓားရာကန့်လန့်ဖြတ်ရှိသော ခက်ထန်သည့်လူတစ်​ယောက်က တစ်ယောက်ယောက်နှင့်စကားပြောနေပုံရသည်။ ပုံများအထက်၌မူ ဝိုင်းစက်သောစာလုံးများကို စကားပြောကွက်ထဲ ဘောင်ခတ်ပေးထားသည်။ ကြည့်ရသည်မှာ အကြောင်းအရာတစ်ခုခု သို့မဟုတ် ထိုသူပြောနေသည့်စကားဖြစ်ပုံရသည်။

ပူပေါင်းလိုဝိုင်းစက်သောစာလုံးများကို အသေးစိတ်စိုက်ကြည့်နေမိ၏။ လှပပြီး ချစ်စရာကောင်းသည်။ အဓိပ္ပါယ်တွေနှင့်လည်း ပြည့်နှက်နေလိမ့်မည်။ လက်ချောင်းများဖြင့် ထိုစာလုံးတို့ကို အသာထိတွေ့ကြည့်လိုက်သည်။ စာရွက်ကြမ်း၏အထိအတွေ့လေးတစ်ခု။

ဝိုင်းစက်စက်အက္ခရာနဲ့သေးငယ်သည့်စာလုံးလေးများဟာ ဘာကိုဆိုလိုတာများ ဖြစ်နိုင်မလဲ။ ထိုလူက အကြောင်းအရာတစ်ခုကို တခြားတစ်ယောက်ထံ တင်ပြနေခြင်းပေလား။ သို့မဟုတ် တစ်စုံတစ်ယောက်ကို အမိန့်ပေးနေခြင်းပေလား။ သူနားလည်စွမ်းငှာ မတတ်သာ။

သင်္ခါမှောက်လျက်သားဖြင့် လက်ပေါ်ပါးအပ်ရင်း စာလုံးများကို ငေးစိုက်နေခဲ့ရာမှ တဖြည်းဖြည်းအိပ်ပျော်သွားခဲ့​ေလသည်။

-

ရေစက်ကလေးများက သူ၏မျက်နှာထက် တတောက်တောက်ကျနေသည်ဟု အိပ်မက်မိ၏။

အေးမြပြီး ယားကျိကျိနဲ့စူးနေသည့် လည်ပင်းနားကအထိအတွေ့ကြောင့် သင်္ခါ မျက်ခုံးက ဆတ်ခနဲတွန့်လျက်။ မျက်ခွံများကို ကြိုးစားဖွင့်ရန်ပြင်လိုက်စဥ်မှာပဲ ချိုရှရှနှင့်အသံတစ်ခုက တရင်းတနှီးရှိလှစွာဖြင့်...

"နိုးပြီလား..."

သင်္ခါ မျက်လုံးတို့ကို ဖျတ်ခနဲဖွင့်ပြီး ထထိုင်ဖို့ကြိုးစားလိုက်သော်လည်း အချည်းနှီးသာ။ သူ၏ကိုယ်အား ဖိထားခြင်းခံလိုက်ရပြီး ရေစက်များတွဲခိုနေသောမျက်နှာက သူ၏မျက်နှာနားတိုးကပ်လာခဲ့သည်။ ထို့နောက် ချိုမြိန်သလို ရှတတနိုင်လှသည့်အရသာတစ်ခုကို အရသာခံလိုက်မိသည်။

လိမ်မော်သီးရနံ့လေးလား။ ထိုအရာက ထိုလူကြိုက်တဲ့ အရသာတစ်ခုပေပဲမလား။ ခံတွင်းထဲစိမ့်ဝင်လာတဲ့ နွေးတေးတေးနှင့် ချိုမြိန်သောလိမ်မော်ရနံ့လေးကြားက ခပ်ရှရှအရသာက ဘာများဖြစ်နိုင်မလဲ။ ဝိုင်?

ထိုလူ ဝိုင်သောက်လာခဲ့တာလား။

ဘာဖြစ်နေမှန်းနားလည်ဖို့ သူ၏ဦးနှောက်အား အချိန်တစ်ခုထိ အလုပ်ပေးခဲ့ရပြီး လုပ်ချင်တာလုပ်ပြီးသွားခဲ့သူက မိုးရေစိုနေသောအဝတ်ကိုလဲ၍ ဆံပင်ကိုသုတ်ရင်း သူ့အား ပြုံးကြည့်နေလျက်။ ထို့နောက် တဘက်ကို တန်းပေါ်ပြန်တင်လိုက်ပြီး အနားကပ်ထိုင်လာ၏။

"စောစောအိပ်ပျော်နေတာပဲ.. အခုတောင်မှ ၈နာရီမခွဲသေးတာကို"

သူ၏ပါး တစ်ချက်အနမ်းခံလိုက်ရသည်။ သူကြောင်အအဖြင့် ကြည့်လိုက်မိတော့ သဘောကျသလို ရယ်နေပြန်ရော။

"ဘာတွေငေးကြောင်နေတာလဲ ချာတိတ်"

အကြည့်ကို ကမန်းကတမ်းလွှဲလိုက်သော်လည်း မေးစေ့အား ဖိညှပ်ကိုင်လာခြင်းကို ခံလိုက်ရပြီးနောက်...

"ကိုယ့်ကို မလွမ်းဘူးလား... ဟမ်"

မေးခွန်းမေးပြီး အဖြေအား လိုချင်နေဟန်လည်းမပေါ်။
ခေါင်းကိုစောင်းငဲ့လာသည်နှင့် သူ၏နှုတ်ခမ်းထက်မှာ နွေးခနဲ။သင်္ခါ ရင်မဆိုင်ဝံ့သလို မျက်လွှာချလိုက်ကာ ထိုလူပြုသမျှ နုနေလိုက်ရသည်။ ထိုလူက ဘာသဘောနဲ့မှန်းမသိ။ နဖူး၊ပါးပြင်၊နှုတ်ခမ်း အစရှိသည်တို့ကို တဖွဖွဖိနမ်းနေသည်။ မဟုတ်။ ဘာသဘောနဲ့မှန်း သူသိသည်။ မတိုင်ခင်ကတည်းက သူသတိထားမိခဲ့ပြီး မသိချင်ယောင်ဆောင်နေခဲ့ခြင်းသာ။

ထို့အတွက်ကြောင့်နှင့် ယခင်မကျေမနပ်စိတ်များက ဘယ်ဆီဘယ်ဝယ်ပြေးသွားကြမှန်းမသိတော့။ ထပ်မံကျရောက်လာသည့်အနမ်းတစ်ခုက ယခင်အခါများကနှင့်မတူ။ အိစက်သော၊ စိုစွတ်သော၊ နူးညံ့သော စသည့်အရာတို့အပြင် ခံစားချက်တို့မှာရောပြွန်းလျက်။ နူးညံ့ပျော့ပျောင်းသောလျှာဖျားချင်း ထိပ်တိုက်ဆုံတိုင်း သူ၏ရင်အစုံမှာ ရှိန်းခနဲဖိန်းခနဲ။ ရုန်းကန်ငြင်းဆန်ကြည့်ဖို့ထက် အလိုက်သင့်စီးမျောလိုက်ပါသွားဖို့ကို အလေးသာနေသည်။

ဝဿန့်ဘက်က တစ်ဖက်သတ်ဦးဆောင်ရသည့်အနမ်းဖြစ်နေသော်ငြားလည်း စိတ်ကျေနပ်ဖွယ်ရာ ကောင်းခဲ့သည်မှာ မငြင်းဆိုနိုင်ပေ။ အနမ်းတို့အားရပ်တန့်လိုက်သည့်အချိန်တွင် တိတ်ဆိတ်မှုတို့ အစားထိုးဝင်ရောက်လာသည်။

"မွေးနေ့လက်ဆောင်မဖွင့်တော့ဘူးလား"

နမ်းပြီးလျှင်ပြီးချင်း နားရွက်ရဲရဲဖြင့် စောင်ပုံကြားထဲတိုးဝင်သွားသူအား ကပ်တိုးလေးမေးလိုက်သည်။ သူ၏အမေးစကားကိုကြားလိုက်မှ မျက်လုံးနှစ်လုံးပေါ်ရုံသာ စောင်ကိုဆွဲချပြီး...

"မွေးနေ့လက်ဆောင်?"

"အင်း... မွေးနေ့လက်ဆောင်"

ယနေ့သည် သင်္ခါ၏မွေးနေ့ဖြစ်မှန်း ဝဿန်မမေ့ခဲ့။ ထို့ကြောင့်ပဲ အမီရောက်အောင်ပြန်လာခဲ့တာပင်။

သင်္ခါ အကြည့်ကိုမဆုံစေဘဲ ထထိုင်လာသည်။ သူယခုထက်ထိ ရှက်နေတာဖြစ်၏။ ထိုလူက ဘာမပြောညာမပြော ဘလိုင်းကြီးနမ်းလာသည့်အပြင် သူကလည်း အလိုတူအလိုပါ ငြိမ်နေခဲ့မိသည်။ တကယ့်အကျိုးနည်းကိစ္စရပ်ကြီးပဲ။

"ကျွန်တော့်မွေးနေ့မှန်း သိတယ်လား"

"အင်း..."

ဝဿန်ပြန်ဖြေရင်း ကောင်လေးနဖူးထက်မှဆံစတို့ကို သပ်တင်ပေးလိုက်သည်။ ခဗျာ...ရှက်ရှက်နဲ့ စောင်ခြုံထဲ နာရီနဲ့ချီဝင်ပုန်းနေတော့ မိုးရာသီထဲတောင် ချွေးတွေများစို့လို့။

သင်္ခါ လက်ဆောင်ထုပ်ကိုပိုက်ထားရင်း နှုတ်ခမ်းတင်းတင်းစေ့ကာ ငြိမ်နေမိသည်။ ထိုလူက သူ့မွေးနေ့ကိုသိတယ်လား။ ဒါကို သူဘာလို့များ အနည်းငယ်မကျေမချမ်းဖြစ်သလို ခံစားနေမိတာလဲ။ လနဲ့ချီ အဆက်အသွယ်မလုပ်ဘဲ ပစ်ထားခဲ့လို့ စိတ်ဆိုး....

စိတ်ဆိုးနေမိတာလား။ ဒါဆို သူသည်လည်း ထိုလူ့အပေါ် ရိုးသားသည့်စိတ်တို့ ရှိတော့သည့်ဟန်မပေါ်။

"မဖွင့်တော့ဘူးလား"

သင်္ခါ ပြန်မဖြေ။

"ပြန်သွားတဲ့နေ့ကတည်းက အလုပ်တွေအရမ်းများနေရတော့ ဒီအချိန်လေးမီအောင် ကိုယ်မနည်းပြန်လာခဲ့ရတာ... စေ့စပ်ပွဲက အရမ်းရှုပ်တာပဲကွာ"

အလုပ်များသည်ဟု ပြောချိန် နားလည်သလို ခေါင်းညိတ်နေခဲ့သည့်သင်္ခါက စေ့စပ်ပွဲဟူသည့်စကားကြောင့် ထိတ်လန့်တကြားဖြစ်သွားသည်။ သူ့ကိုယ်သူတောင်သတိမထားမိလိုက်ခင်မှာပဲ ရိုးရှင်းစွာဖြင့် သူ့ကိုယ်သူဖော်ထုတ်ခဲ့မိသည်။ တကယ့်ကို ကလေးတစ်ယောက်အတိုင်း။

ဝဿန် ကောင်လေး၏လည်ပင်းနောက်ဖိဆွဲပြီး နဖူးထက်နမ်းလိုက်ရင်း...

"ကိုယ့်ဆိုင်ကိုတာဝန်ယူပေးထားတဲ့အဒေါ်ရဲ့ စေ့စပ်ပွဲလေ။ ဟိုတစ်လက သူ့ချစ်သူ နိုင်ငံခြားကနေရုတ်တရက်ပြန်လာပြီး မင်္ဂလာပွဲအတွက် လောနေတာ။ လူတိုင်းအလုပ်အားမဲ့ရက်ကို ရွေးပြီး အလုပ်တွေလက်စသပ်ရင်း ဟိုရွှေ့ဒီရွှေ့နဲ့ ဒီနေ့ထိရောက်သွားတာပဲ... ကိုယ့်မှာ ပွဲပြီးပြီးချင်း ဒုန်းစိုင်းပြန်ပြေးလာခဲ့ရတာ"

ဒါက ထိုလူ ဝိုင်သောက်လာခဲ့သည့်အကြောင်းရင်းပေါ့။

သင်္ခါ စိတ်ထဲမကျေမနပ်ဖြစ်နေမိတာလေးတစ်ခုကို မဝံ့မရဲထုတ်ဖော်ပြောလိုက်သည်။

"ဆိုင်မှာ ခ... ခါ့ကို မတွေ့ဘူး"

ဝဿန် ပြောစရာစကားပျောက်ရှသွားခဲ့သည်။ ဒီကောင်လေး တကယ်ပဲ ဘာလို့ ပိုပိုချစ်ဖို့ကောင်းလာတာလဲ။

"ကိုယ် မြို့ကြီးကိုပြန်ပြီး ဟိုကအလုပ်တွေကူနေတာလေ... မြို့ငယ်ကဆိုင်ကို ကိုယ့်အစ်ကိုလွှဲပေးထားလိုက်တယ်"

"ဟိုအသားညိုညိုနဲ့လူ..."

"အင်း မင်းလေးတွေ့ခဲ့လိုက်တာပဲ"

"အင်း... ခင်ဗျား... အဲ ခါနဲ့မတူဘူး"

စကားမှားသွားသည်ကို ရှက်အမ်းအမ်းဖြစ်သွားသည့်ပုံအား ဝဿန် အသည်းယားစွာကြည့်ရင်း....

"အဖေမတူဘူး... ကိုယ့် Step-Broပေါ့"

"ဪ"

ဆက်မေးလာမည်ထင်ခဲ့သော်လည်း ကောင်လေးက ဆက်မမေးတော့ချေ။ သူရသွားသော လက်ဆောင်ထုပ်ကလေးကိုသာပိုက်၍ ဟိုဟိုဒီဒီကလိနေ၏။

"ဖွင့်ကြည့်လိုက်လေ"

သင်္ခါ တွေငေးငေးဖြင့် မော့ကြည့်လာပြီးနောက် ခေါင်းခါသည်။

"ကျွန်တော်မဖွင့်ရဲဘူး"

"ဘာလို့..."

နှုတ်ခမ်းအား မဆိုသလောက်လေးကိုက်လိုက်တော့ ညာဘက်ပါးချိုင့်ခွက်လေးက ထင်းခနဲ။

"စိုးရိမ်တယ်"

"....."

အမှန်က စိတ်လှုပ်ရှားတယ်ဖြစ်ရမှာလေ။

"တစ်ခုခုအမှားအယွင်းလုပ်မိမှာ..."

"မဟုတ်ဘူးလေ။ ကိုယ်ကလက်ဆောင်ပေးတယ် လက်ဆောင်ရတဲ့မွေးနေ့ရှင်လေးက လက်ဆောင်ဖွင့်ကြည့်ပြီး သူသဘောကျရင်ကျမယ်။ အမှားလုပ်နိုင်စရာမှမရှိတာ ဟုတ်တယ်မို့လား"

"ဒါ... နှစ်ခါမြောက်ရဖူးတဲ့ မွေးနေ့လက်ဆောင်ပဲ"

"အဲ့တာကြောင့် စိတ်လှုပ်ရှားနေတာလား..."

ကောင်လေးက ခေါင်းတဆတ်ဆတ်ညိတ်ပြသည်။ ထို့နောက် ဆက်၍...

"ပထမလက်ဆောင်ကို ဖွင့်တုန်းက..."

"အင်း"

ရှားရှားပါးပါးပြောပြလာသည့် သူ၏အကြောင်းလေးပေမို့ ဝဿန် ဂရုတစိုက်နားစွင့်လိုက်သည်။

"သူ..."

ထို့နောက်စကားရပ်သွားသည်။

"သူ? သူကဘာဖြစ်လို့လဲ"

သင်္ခါ့ မျက်တောင်ဖျားတို့က မသိမသာတုန်ရီနေသည်။

"သူက သဘောမကျဘူး"

"ဟမ်? ဘာကိုသဘောမကျတာလဲ။ သူပေးတဲ့လက်ဆောင်က မင်းလေးက မကြိုက်တာလား။ ဒါမှမဟုတ် မင်းလေးဘက်က ပေးတာလား"

သင်္ခါ ခေါင်းခါပြပြီး...

"ကျွန်တော်အဲ့တာကိုဖွင့်လိုက်တယ်။ ပြီးတော့ သူမျက်နှာပျက်သွားခဲ့တယ်။ ကျွန်တော်တို့ စကားမပြောဖြစ်ကြတော့ဘူး"

ထိုအ​ကြောင်းအရာကို နားလည်ဖို့ငှာမစွမ်းသာသဖြင့် ဝဿန့်ခေါင်းထဲ ?တို့ စုစည်းသွားရသည်။ ဘယ်လိုပဲ ဖြစ်ပါစေ....

"မင်း ဒီလက်ဆောင်ကို ဒီတိုင်းပဲထားထား ဖွင့်ပဲဖွင့်ဖွင့် ကိုယ်တို့ဆက်ဆံရေးအပေါ်သက်ရောက်မှုမရှိဘူးလေ။ အဲ့လူက... "

"ကျွန်တော့်အမေ ယောကျာ်း"

ဝဿန် နှုတ်ဆိတ်သွားသည်။ သူ့အနေနှင့် စကားလုံးကောင်းကောင်းရွေးဖို့လို၏။ ကောင်လေးက ထိုအကြောင်းအရာအပေါ် စိတ်ထိခိုက်နေခဲ့ပုံရသည်။ ပထွေးနဲ့များ ဆက်ဆံရေးမကောင်းလေခဲ့ရော့သလား။ သို့ပေမဲ့ မွေးနေ့လက်ဆောင်ပေးကတည်းက အဆိုးရွားကြီးလောက်တော့ ဖြစ်မယ်မထင်။

"သူဘာပေးတာလဲ"

"ရေမွှေး..."

ကောင်းတဲ့လက်ဆောင်တစ်ခုပါပေ။

"ဘာလို့ သူက သဘောမကျဘူးထင်သွားရတာလဲ"

"ဟင့်အင်း"

ဝဿန် ဖြစ်နိုင်ချေများကို လိုက်တွေးကြည့်သည်။

"သူနဲ့အရင်က ဆက်ဆံရေးကောင်းလား... သူ့လက်ဆောင်ကိုရတော့ တစ်ခုခုပြောလိုက်မိလား ဥပမာ လက်ဆောင်ကိုသဘောမကျတဲ့အမူအရာမျိုး"

သင်္ခါ တွေးဆဆဖြင့်...

"မေးထူးခေါ်ပြော။ မပြောဘူး... ကျွန်တော်အဲ့တာကို ဒီတိုင်းစိုက်ကြည့်နေခဲ့တာ။ သူက ကျွန်တော့်ကိုကြည့်တယ်။ အချိန်ခဏကြာတော့ သူပြုံးပြီးထွက်သွားတာပဲ။ နောက်ပိုင်း သူနဲ့ပိုအဆက်အဆံမဲ့သွားတယ်"

ဒီလောက်ဆို ဝဿန်နားလည်လိုက်ချေပြီ။

"အရူးလေး..."

"......"

"သူက မင်းလေးသဘောကျမကျ စိုးရိမ်လို့ စောင့်ကြည့်နေခဲ့တာ။ မင်းလေးက ဘာမပြောညာမပြောနဲ့ ရှုတည်တည်ကြီးနဲ့ လက်ဆောင်ကိုကြည့်နေတော့... ဥပမာ ကိုယ်သာဆို မင်းကိုယ်ပေးတဲ့လက်ဆောင်ကိုသဘောမကျဘူးထင်မိမှာပဲလေ... နောက်ပိုင်းကြ အဲ့ရေမွှေးကိုလည်းမဆွတ်ဖြစ်ဘူးမို့လား"

ဘယ်လိုသိတာလဲဟူသောအကြည့်ဖြင့် နှုတ်ခမ်းဟဟဖွင့်ကာ ခေါင်းညိတ်ပြသည်။

"ကျွန်တော်အကျင့်မရှိလို့"

"သူ စိတ်မကောင်းဖြစ်သွားတာနေမယ်။ နောက်တော့ မင်းမကြိုက်တာတွေ ရှောင်မိအောင်လို့ အတူဆုံတိုင်း သတိထားဆက်ဆံဖြစ်သွားတာ သူသဘောမကျတာမဟုတ်ရပါဘူး။ မင်းကိုအလေးပေးဆက်ဆံတာပါ"

"အဲ့လိုပေါ့"

"အွန်း"

ကောင်လေး၏ မျက်နှာထက် စိတ်သက်သာရာရဟန်တို့ အထင်းသား။ ထို့နောက် သံသယတို့ဖြင့်...

"အဲ့တာ..."

"အဲ့တာ တကယ်ပဲ... နောင်ဆို သူ့ကိုပိုရင်းနှီးအောင်ဆက်ဆံပေါ့။ ဆိုတော့ ကိုယ့်လက်ဆောင်ကိုဖွင့်..."

"ဟင့်အင်း"

လက်ဆောင်အား တင်းတင်းကြပ်ကြပ်ပိုက်ပြီး ခေါင်းခါကာ တစ်ဖက်လှည့်သွားသည်။ ထို့နောက် ခေါင်းရင်း၌ သေချာချထားလိုက်သည်။ သူ့ဘက်ပြန်လှည့်လာသည့်နှုတ်ခမ်းက အပြုံးရေးရေးဖြင့်။

"သဘောပါကွာ... လာပါဦးကိုယ့်ဆီ လွမ်းလို့ဖက်ပါရစေဦး"

လက်မောင်းအားဖွင့်ကာကြိုတော့ ကောင်လေးက တွန့်ဆုန်စွာဖြင့် တရွေ့ရွေ့တိုးကပ်လာ၏။ ထို့နောက် သူ၏ရင်ဘတ်နားနီးကပ်သည်အထိ နေရာယူပြီးသည်နှင့် ငြိမ်သက်နေပြန်သည်။

"Goodnight"

တစ်ဖက်မှအသံကို မကြားရပေမဲ့ ဝဿန်ကျေနပ်မိသည့်စိတ်ကတော့ မပြေပျောက်နိုင်။ ခဏအကြာ အသက်ရှူသံမှန်မှန်က ရင်ခွင်နားကထွက်လာရာ ကောင်လေးတစ်ယောက် ကောင်းကောင်းအိပ်ပျော်နေပြီမှန်း သူသိလိုက်သည်။ သို့နှင့်သူသည်လည်း မျက်ဝန်းတို့ကိုပိတ်ချလိုက်သည်။


-


Zawgyi



ၿခံဝန္းေရွ႕တြင္ စကားေျပာသံမ်ား ရိုးတိုးရိပ္တိတ္ၾကားေနရသည္။ သို႔ေသာ္လည္း သခၤါ ေစာင္ပုံမ်ားၾကားမွ ထမလာမိ။ တဖ်ပ္ဖ်ပ္လမ္းေလွ်ာက္သံက အိပ္ရာအနီးေရာက္လာၿပီး ရပ္တန့္သြားခဲ့သည္။

"တကယ္ပဲမထေတာ့ဘူးလား"

က်ီစယ္လိုဟန္ေပါက္ေနေသာ အသံတစ္သံႏွင့္အတူ တစ္စုံတစ္ေယာက္က သူ၏ေစာင္ကို ဆြဲကိုင္သည္။

"ကိုယ္ အိမ္ခဏျပန္ဦးမယ္... ဒီၾကားထဲဂ႐ုစိုက္"

"....."

"ဟိတ္...ေကာင္ေလး မင္းထမလာရင္ ကိုယ္လည္းျပန္မလာေတာ့ဘူးေနာ္"

ေစာင္စကိုဆုပ္ကိုင္ထားသည့္သခၤါ့လက္တို႔က တင္းခနဲ။ သို႔ေသာ် တစ္ဖက္လူက သူထင္သလို ေစာင္ကိုဆြဲမလွန္ခဲ့။ ထိုအစား သူ႕အားခပ္ဖြဖြပုတ္ေပးကာ ေလွ်ာက္ထြက္သြားခဲ့သည္။ ၿခံဝန္းေရွ႕မွ ကားစက္သံသည္ ႐ြာလမ္းမကေနထြက္ခြာၿပီး တျဖည္းျဖည္းေဝးကြာသြားခဲ့သည္။

ထိုသူျပန္သြားသည့္ရက္မ်ားအေတာအတြင္း သူတကယ္စိတ္သက္သာရာရမိသည္။ မဟုတ္လွ်င္ မည္သို႔မ်က္ႏွာခ်င္းဆိုင္ရမည္မသိ။ ေလာေလာလတ္လတ္၌ ထိုလူႏွင့္မေတြ႕ခ်င္ေသး။ တစ္ပတ္ဟူေသာအခ်ိန္သည္ မ်က္စိတစ္မွိတ္အတြင္း ကုန္ဆုံးသြားခဲ့သည္။

သခၤါသည္လည္း ၾကက္ၿခံထဲသြားလိုက္၊ စားပင္မ်ားကိုဂ႐ုစိုက္လိုက္ျဖင့္။ ထိုမွ်သာမက ေျမစမ္းခရမ္းပ်ိဳးကာ ႀကံပင္အခ်ိဳ႕ပါစိုက္ရန္ စိတ္ကူးလိုက္သည္။ သူ႕မွာ ၿခံအပိုေတြမရွိေတာ့ေပမဲ့ ၾကက္ၿခံက ပိုေနသည့္ေျမတစ္ဝက္ကို ဒီတိုင္းထားလိုက္ဖို႔မေတြး။ ေနာက္ထပ္တစ္ပတ္ ထပ္မံကုန္ဆုံးသြားျပန္သည္။

ႀကံစိုက္ရန္ဟူသည့္ကိစၥကိုေတာ့ အေကာင္အထည္မေဖာ္ျဖစ္ေသး။ အေၾကာင္းရင္းမွာ....

အေၾကာင္းရင္းကို သူလည္းေသခ်ာမသိ။ တစ္ခုခုကို စိတ္ဝင္တစားႀကိဳးစားလုပ္ခ်င္စိတ္က မႀကဳံစဖူး ေပ်ာက္ဆုံးေနသည္။ ေနရင္းထိုင္ရင္း အေတြးတို႔ပ်ံ့လြင့္လာသည္။

တတိယေျမာက္အပတ္ကို ေက်ာ္ျဖတ္ၿပီးခ်ိန္မွာ သူ႕ကိုယ္သူသတိထားမိလာသည္။ သူတစ္စုံတစ္ေယာက္ကို တမ္းတေနသည္လား လြမ္းဆြတ္ေနသည္လားမသိေသာ္လည္း ေသခ်ာသည္။ ယခုကဲ့သို႔ျဖစ္ေနျခင္းမွာ ထိုလူသူ႕အနားရွိမေနျခင္းေၾကာင့္ပင္။

ေသာက္ေနသည့္ေရက ေပါ့လာလိုက္ ငံလာလိုက္အျပင္ ခါးသက္သက္အရသာသို႔ ေျပာင္းသြားလိုက္ျဖင့္။ စားေနၾကအစားအစာမ်ားမွာလည္း ရသာမဲ့ကုန္သလို။ ညညဆို ေကာင္းေကာင္းမအိပ္နိုင္သလို သက္ျပင္းလည္း အခါခါခ်မိရျပန္။

တစ္စုံတစ္ေယာက္ အနားမွာရွိမေနျခင္းက အထီးက်န္ရိပ္တို႔ကို ပိုတိုးေစသည္။ တျခားသူမ်ားကလည္း သူႏွင့္အဆက္အဆံသိပ္မရွိဘဲ သီးသန့္ကမၻာ၌ ကြဲထြက္ေနသလို။

ထိုလူ တကယ္ပဲ ျပန္မလာေတာ့တာလား။ သူ႕ကို စေနာက္သြားခဲ့႐ုံပဲ မဟုတ္ဘူးလား။

ဒါကလည္း အက်ိဳးအေၾကာင္းမသင့္တာေတာ့မဟုတ္။ အမွန္ဆို ဒီလက္ရွိအလုပ္ေလးေလာက္ႏွင့္ ထိုလူ သူ႕အနား တကူးတကလာေနဖို႔ကိုမွမလိုအပ္ဘဲ။ ဝန္ထမ္းမ်ားကိုလႊဲေပးထားျခင္းျဖင့္ ကိစၥျပတ္ေနၿပီ။ သို႔ေသာ္လည္း ထိုလူက သူ႕အနားေနခဲ့သည္ေလ။ မသိလိုက္ခင္မွာပဲ သူတျဖည္းျဖည္းနဲ႕ အသားက်လာခဲ့ၿပီထင့္။

-

"Happy Birthdayေမာင္ေလး"

မ်က္စိေရွ႕ေရာက္လာတဲ့ ကိတ္မုန့္ဝိုင္းေလးတစ္လုံး။ ကိတ္မုန့္ေပၚတြင္ အျဖဴေရာင္ခရင္မ္တို႔ျဖင့္ သုတ္လိမ္းကာ ဖုံးအုပ္ထားသည္။ ေဘးက ကေလးႏွစ္ေယာက္မွာ ထိုကိတ္ကိုၾကည့္ၿပီး ပါးစပ္တျပင္ျပင္။ သူတို႔မေအဆြဲထား၍သာ မလႈပ္နိုင္ရွာတာ။

"တစ္ခုခုဆုေတာင္းလိုက္ဦးေလ..."

အသက္၁၉ႏွစ္ဟူေသာ စာလုံးေလးကို ေငးငိုင္ငိုင္ၾကည့္ၿပီးေနာက္ သခၤါ ေခါင္းခါလိုက္သည္။

ထို႔ေနာက္ မီးလည္းမထြန္း၊ ဖေယာင္းတိုင္လည္းမမႈတ္ဘဲ ကိတ္မုန့္ကိုခြဲကာ ကေလးမ်ားအတြက္ ထည့္ေပးသည္။

"ကြၽန္ေတာ္ မနက္ဆြမ္းသြားပို႔လိုက္ဦးမယ္"

တစ္ပတ္ၿပီးတစ္ပတ္ ကုန္ဆုံးသြားခဲ့သည္။ သူလည္း တျဖည္းျဖည္းနဲ႕ စိတ္ႏွင့္လူ ကင္းကြာလာသည္။ တစ္လေက်ာ္ၾကာၿပီး သူ႕ေမြးေန႕ေရာက္ခဲ့သည္အထိ ထိုသူက ျပန္မလာခဲ့ေခ်။ တကယ္ပဲ ထိုသူက ေျပာခဲ့သည့္အတိုင္း ျပန္မလာေတာ့ဘူးထင္၏။

ၿမိဳ႕ငယ္က 'KAR'ဆီသို႔ မေယာင္မလည္ျဖင့္ ခပ္လွမ္းလွမ္းက သြားၾကည့္ဖူးသည္။ ထိုလူအရိပ္အေယာင္မျမင္ခဲ့ရ။ ထိုအစား တျခား အရပ္ရွည္ရွည္ အသားညိုညိုႏွင့္ ေဒါင္ေကာင္းသည့္ေယာက်ာ္းတစ္ေယာက္က ဆိုင္ကို ဦးစီးဦးေဆာင္လုပ္ေနသည္။

လြန္ခဲ့ေသာလမ်ား၏ ညေနခင္းတစ္ခု၌ သူ မရည္႐ြယ္ဘဲ ၾကားခဲ့လိုက္ေသာစကားတစ္ခြန္းကို ျပန္အမွတ္ရမိသြားသည္။

'မဂၤလာကိစၥအတြက္ အိမ္ျပန္လာခဲ့'။

သခၤါ ေခါင္းခါလိုက္သည္။ ခ်ိဳင့္ထဲက အစ္မျဖစ္သူခ်က္ေပးထားသည့္ဆြမ္းကို လွယ္ၿပီးေနာက္ ဆရာေတာ္ဘုရားဆီက ေမတၱာတရားတို႔ကို ခံယူခဲ့သည္။

ေမြးေန႕ဆိုသည္မွာ သူ႕အတြက္ေတာ့ အထူးအေထြကိစၥမဟုတ္။ အစ္မျဖစ္သူသေဘာေၾကာင့္သာ ကိတ္မုန့္ေလးတစ္လုံး မွာယူခဲ့လိုက္တာျဖစ္ၿပီး က်န္တာကေတာ့ ႐ြာထဲကဘုန္းႀကီးေက်ာင္းမွာ ဆြမ္းတစ္နပ္ကပ္႐ုံေလာက္သာ။ ၿပီးလွ်င္ ေလလြင့္ေခြးႏွင့္ေၾကာင္မ်ားအျပင္ ငွက္မ်ားကို အစာေကြၽးရေမည္။ သူ၏ေမြးေန႕က အၿမဲထိုသို႔ပင္။

အစ္မျဖစ္သူဆီ ခ်ိဳင့္ကိုျပန္ပို႔လိုက္ၿပီးေနာက္...

"ကြၽန္ေတာ္ ႀကံမ်ိဳးေတြ သြားယူလိုက္ဦးမယ္"

"ေအး ေအး ဆိုင္ကယ္ကို ျဖည္းျဖည္းေမာင္းသြားေနာ္... အာ႐ုံမလြင့္နဲ႕ဦး"

အင္း'ဟု ျပန္ဆိုၿပီးေနာက္ ထြက္လာခဲ့လိုက္သည္။

"သခၤါ့ကိုၾကည့္ရတာ ...."

ကိုမ်ိဳးက ဆက္မေျပာဘဲေနလိုက္ၿပီး ဘာဆက္ေျပာလို႔ေျပာရမည္မွန္းလည္း သိပုံမေပၚ။ တစ္ခုခုေတာ့တစ္ခုခုပဲဟု ေတြးၾကည့္ေနေပမဲ့ ဘယ္တစ္ခုမွန္းလည္း မေျပာတတ္။ ႏွင္းအိက ခင္ပြန္းျဖစ္သူကို ကေလးမ်ားကိတ္မုန့္စားထားသည့္ပန္းကန္ကို ထိုးေပး၍...

"သူ စိတ္အေျခအေန နည္းနည္းမေကာင္းျဖစ္ေနတယ္...ဘာျဖစ္ျဖစ္ေလွ်ာက္ေလွ်ာက္သြားမေမးနဲ႕။ ေရာ့... ဒါကိုသြားေဆးလိုက္ဦး"

သခၤါ့ေမြးေန႕ျဖစ္သည့္အတြက္ ႏွင္းအိက လုပ္ထားသမွ်မုန့္မ်ားကိုမေရာင္းဘဲ လာဝယ္သူတိုင္းအား

You are reading the story above: TeenFic.Net