part11

Background color
Font
Font size
Line height

Uni

နောက်တစ်နေ့မနက်တွင် ရာဘာပင်စိုနေတာကြောင့် အစေးမထုတ်ဖြစ်တော့ချေ။ သင်္ခါက ခြံထဲပတ်ပြီး အပင်တိုင်းမှာတပ်ထားသည့်ခွက်တွေထဲက မိုးရေများကို ပြန်သွန်ပြီး လိုက်မှောက်သည်။ မိုးရေထိထားသောကြောင့် အပင်တစ်ခုလုံးစိုနေပြီး ထုတ်ထားခဲ့သော ရာဘာစေးနှင့် အချိန်တစ်ခုအထိ ရောစပ်သွားသောအခါ အနံ့ကမခံမရပ်နိုင်အောင် ဟောင်ထွက်လာ၏။

ဝဿန်က ထိုအနံ့ကိုမခံနိုင်တော့သောကြောင့် ခဏသာအတူလိုက်ပြီး တဲဆီပြန်သွားခဲ့သည်။ ခြေတံရှည်တဲမို့ မိုးရွာသောအချိန်များတွင် တကယ်ကိုအဆင်ပြေသည်။

ယနေ့နံနက်၏မနက်စာကတော့ သင်္ခါကြော်ကျွေးသည့် ကြက်ဥထမင်းကြော်သာရှိသည်။ နှစ်ယောက်သားမနက်စာစားပြီးကြရာဝယ် ကွမ်းခြံသို့သွားရန်ပြင်ဆင်ကြ၏။ ကွမ်းခြံထဲ၌ အစိမ်းရောင်ကွမ်းသီးများရှိနေကြပြီး အနည်းအကျဉ်းကသာ လိမ်မော်ရောင်ရှိကြ၏။

"ခုချိန်လောက်ဆို အသီးခူးဖို့အကောင်းဆုံးပဲ။ မိုးရာသီကြရင် အခြောက်လှန်းရဘာရနဲ့ တော်တော်ကရိကထများတယ်"

"အင်း"

သို့သော်ငြား ခူးကာအခြောက်ခံစရာ သီးမှည့်များကားမရှိ။ ပိုင်ရှင်လက်ထဲတွင် ဂရုမစိုက်ဘဲ ပစ်ထားခဲ့သောကြောင့်ဖြစ်နိုင်သလို ဖြတ်သွားဖြတ်လာတို့၏ ခူးဆွတ်ခြင်းကို ခံရသောကြောင့်ဖြစ်နိုင်သည်။ အညှာတချို့က အပင်အောက်ပြုတ်ကျနေခဲ့ပြီး ဓားရာတချို့လည်း ရှိနေ၏။

ဆူးချုံများကို သတိထားရှောင်ရှားနေရင်း ဝဿန်က....

"နောက်ရက်နည်းနည်းလောက်ဆို လူငှါးပြီး ကိုယ်တို့ခြံရှင်းမှဖြစ်တော့မယ်"

"ကျွန်တော်...."

"ညီလုပ်ရင် ကိုယ်လည်းလုပ်ရမှာလေ"

သင်္ခါက မစဉ်းစားဘဲနှင့်...

"ကျွန်တော်တစ်ယောက်တည်း လုပ်နိုင်ပါတယ်"

ဝဿန်ခေါင်းခါလိုက်သည်။

"ဒါကို ကိုယ်တို့နှစ်ယောက်ဝယ်ထားခဲ့တာ။ မင်းလုပ်ရင် ကိုယ်ကကြည့်နေလို့မရဘူး ဒါကမပြောဘဲနားလည်ရမဲ့ လူမှုကျင့်ဝတ်တစ်ခုပဲ။ ဒါပေမဲ့ ကိုယ်အခု ဘယ်ပင်ပန်းတဲ့အလုပ်ကိုမှ လုပ်မနေချင်ဘူး"

သင်္ခါ ခဏတာတွေဝေသွားခဲ့သည်။ ထို့နောက်တွင်မှ အင်တင်တင်ဖြင့်ခေါင်းညိတ်လာကာ...

"ခင်ဗျား သေဘာပါ"ဟု ဆိုလာသည်။

ဝဿန်ပြုံးပြီးနောက် ဆံပင်တို့ကို လှမ်းဖွပစ်လိုက်သည်။

သုံးရက်ကြာနေပြီးနောက် တောင်အောက်သို့ ဆိုင်ကယ်ဖြင့် ပြန်ဆင်းလာခဲ့ကြသည်။ ကြက်ခြံသို့ဝင်ဝင်ချင်း အာပြဲကြီးဖြင့်အော်ချလာသော ပိုင်ပိုင့်ကြောင့် သူတို့မှာ လန့်သွားရလေသည်။

"ကိုလေး ပြန်လာပြီလား!"

"ဇွတ်အော်မနေနဲ့"

ပိုင်ပိုင် သြားကို ဟီးခနဲဖြဲပြပြီးနောက် လွန်ခဲ့သောသုံးရက်က အကြောင်းအရာတို့ကို အစီရင်ပြန်ခံလာ၏။

"ကြက်စာကကုန်တော့မှာ ကိုလေး... နောက်နှစ်ရက်စာပဲ ကျန်တော့လို့ ကျွန်တော် ကိုမျိုးနဲ့လှမ်းမှာလိုက်တယ်"

"ငွေရှင်းပြီးပြီလား"

"မရှင်းရသေးဘူး...။ ကျွန်တော်အကြွေးမှာထားလိုက်တာ။ ကိုလေးတို့ကဘယ်နေ့ပြန်လာမယ်မှန်းလည်း ပြောမသွားခဲ့ဘူးလေ။ ကျွန်တော်ဖြင့်ပူထူသွားတာ တောင်ပေါ်များ ပြေးလိုက်သွားရတော့မလားလို့"

ကောင်လေးက ဟဲလ်မက်ချွတ်ပေးလာသည်ကို ငြိမ်ခံနေရင်း စကားပြောနေသောဝဿန်က နားရွက်နားကိုထိုးပြ၍...

"ဒီနား ငြိနေတာထင်တယ်... နည်းနည်းနာနေတယ်"

"အင်း"

သင်္ခါက ဝဿန်ညွှန်ပြသည့်နေရာကို မျက်ခုံးတွန့်ကာ အနီးကပ်သေချာကြည့်လိုက်၏။ သူ၏ပုံမှာ ဝဿန်နာအောင်လုပ်မိသွားမည်ကို စိုးရိမ်နိုင်သည့်ဟန်။ ထိုအခါ ဟဲလ္မက္က တော်ရုံနှင့်ချွတ်လို့မပြီးတော့။

ပိုင်ပိုင် ထိုမြင်ကွင်းကြောင့် စိတ်ဆင်းရဲသွားရလေ၏။

"ကိုလေး ကျွန်တော်ပြောတာကိုရော နားထောင်နေရဲ့လား"

"ငါကြားတယ်"

ပိုင်ပိုင်လည်း ထိုနှစ်ယောက်ကို ဂရုစိုက်မနေတော့ဘဲ ပြောစရာရှိတာပြောလိုက်သည်။

"ပြီးတော့ ဟိုလူတစ်ခေါက်ရောက်လာသေးတယ်... ကြက်ဥကို လက်ကားပြန်ရောင်းပြီး အရစ်ကျပေးဖို့လာဆွေးနွေးတာ... ကျွန်တော်တို့လက်မခံလိုက်ဘူး"

"ကောင်းတယ်"

"ဒါပေမဲ့ သူထပ်လာဦးမယ်လို့ ကျွန်တော်ထင်တယ်"

သူတို့ရည်ညွှန်းသည့်လူမှာ တစ်ရွာကျော်က ကောင်းခန့်ဦးကိုဖြစ်သည်။ ကြက်ဥလာယူသည့်အချိန်တိုင်း သင်္ခါ့အား လိုက်ရောနေတတ်သဖြင့် သူပို၍သတိထားဆက်ဆံသည်။ ထိုလူက သိပ်မရိုးဟု အမြဲသံသယဝင်နေတာကြောင့် သူ၏ဝန်ထမ်းနှစ်ယောက်သည်လည်း သူ့ကဲ့သို့ပင် ထိုလူ့ကိုမကြည်တော့။

"ကျွန်တော်တို့ဒီမှာတောင် Orderတွေ Cancelနေရတာ။ အကြွေးလက်ခံပြီး အရစ်ကျပေးတာစောင့်ရအောင် အရူးလို့ထင်နေတာလားမသိဘူး။ မကြီးအိ သားတွေကတောင် သူ့သဘောထားကိုနားလည်လောက်တယ်"

သင်္ခါ့တူလေးနှစ်ယောက်ဖြစ်သည့် ထိုကလေးတွေက လေးနှစ်နှင့်နှစ်နှစ်သားအရွယ်သာ ရှိသေးသည်။ ဝဿန်ကရယ်လိုက်ပြီးနောက်...

" စကားများနေတာတော်တော့ အလုပ်သွားပြန်လုပ်ချေ"

"အမ်း"

"ဒါနဲ့ အလင်းရော"

"အလင်းက ရွာထဲ မနက်စာသွားပြန်ဝယ်တယ်"

"ဪ"

ထိုစဉ်မှာပဲ ဂလောက်ခနဲအသံနဲ့အတူ ဟဲလ်မက်မေးသိုင်းကြိုးက ပြုတ်ထွက်သွားခဲ့သည်။ ဝဿန့်အာရုံက ထိုဘက်သို့ ပြန်လည်ရောက်ရှိသွားကာ မေးရိုးနားကို အမြန်စမ်းလိုက်သည်။

"ပြုတ်သွားတာလား"

သင်္ခါမှာ သူ့ကို ပေကလပ်ပေကလပ်ကြည့်၍ နားရွက်ရဲရဲဖြင့်...

"ပြတ်... ပြတ်သွားတာ"

"?"

ဝဿန်အမြန်ချွတ်ကြည့်လိုက်တော့ အမှန်တကယ်ပြတ်ထွက်သွားသည်ကို မြင်လိုက်ရ၏။ ဘယ်လိုအားနဲ့ဆွဲချွတ်လို့ ဒီလိုတောင် ပြတ်ထွက်သွားရတာလဲ။

"က်...ကျွန်တော်...အသစ်ပြန်ဝယ်ပေးမယ်"

ပြောပြီးနောက် ကောင်လေးက ရှက်သွား၍ထင့်။ ခြံထဲအမြန်ဝင်ကာ ပိုင်ပိုင့်အား သွားကူနေလေ၏။

ဝဿန့်မှာ စကားလေးကိုပင် ဆုံးအောင်မပြောလိုက်ရတော့ချေ။

'ဒီ ဟဲလ္မက္က မင်းဟာပါကွ ကောင်လေးရ' ။

-

"မင်းပြောတော့ အလင်းက မနက္စာ သြားဝယ္တာပါဆို"

ကြက်စာများကျွေးပြီးသည်အထိ ပြန်ရောက်မလာသေးသောအခါ ဝဿန်မေးလိုက်သည်။

"မနက် ၆ခွဲလောက်ကတည်းက မကြီးဆီကို ထြက္သြားခဲ့တာပဲ။ ကျွန်တော်လည်းမသိဘူးလေ"

"အခု ၈နာရီတောင်ထိုးတော့မယ်"

ဝဿန်က နာရီကိုကြည့်၍ ဆိုလိုက်ရာ သင်္ခါက အမြန်ထရပ်၍...

"ကျွန်တော်လိုက်သွားလိုက်မယ်"ဟု ဆိုသည်။

ထို့နောက် ဆိုင်ကယ်စီးကာ ထွက်သွားလေ၏။ သင်္ခါ အစ်မဖြစ်သူအိမ်နားရောက်တော့ မည်သူ့ကိုမှမတွေ့။ ဘေးအိမ်ကအဒေါ်ကြီးတစ်ယောက်သာ သူ့အားခေါင်းထောင်ကြည့်လာပြီး စကားလှမ်းပြော၏။

"ပြန်လာပြီလားကောင်လေး... မင်းအိမ်ကိုမြန်မြန်လိုက်သွားလိုက်ဦး။ အားလုံး ဟိုကိုရောက်နေကြတာ"

တစ်ခုခုအကြောင်းရှိနေပြီမှန်း သင်္ခါသိလိုက်သည်။ အိမ်ကိုရောက်တော့ ထင်သည့်အတိုင်း တစ်ခုခုဖြစ်နေခဲ့သည်။ ရွာလူကြီးများနှင့်တကွ အလင်းက ရပ်နေခဲ့ကာ သူ့ကိုတွေ့သည်နှင့် ပိုင်ပိုင်ကဲ့သို့လှမ်းမအော်ဘဲ အနားခပ်သွက်သွက်လျှောက်ကာ တီးတိုးဖြင့်...

"အိမ်ထဲ သူခိုးဝင်တာ...ကျွန်တော်က ကိုလေးတို့မရောက်သေးဘူးထင်လို့ တောင်ပေါ်လူလွှတ်လိုက်တယ် ဟိုကောင့်ကိုသွာပြောပြနေရင်လည်း အလုပ်ပျက်မှာစိုးလို့"

"အင်း နားလိုက်ပါဦး"

ပခုံးအား ပုတ်ပေးပြီးနောက် ရွာလူကြီးများနှင့်တကွ အိမ်ထဲဝင်ကြည့်တော့ တံခါး၏သော့ခလောက်သည် ဖျက်ဆီးခံထားရပြီး တစ်အိမ်လုံး ရှုပ်ပွနေသည်။

"တစ်ခုခုပါသွားသေးလား လူလေးစစ်ကြည့််လိုက်ဦး"

သင်္ခါခေါင်းကိုညိတ်ပြီး အိပ်ခန်းထဲဝင်စစ်လိုက်ရာ သူပိုက်ဆံထားနေကြနေရာလေးသည် အကာအကွယ်မဲ့စွာ ပျက်စီးနေခဲ့သည်။ ပျောက်ဆုံးသွားသောအရာများကတော့ သူ့အမေ၏လည်ဆွဲလေးတစ်ခုကလွဲ၍ ထွေထွေထူးထူးမရှိပေ။ သိပ်မကြာခင်တွင် ဝဿန်သည်လည်း ရောက်လာခဲ့သည်။ ဝဿန့်မျက်ခုံးတို့က သူ့ထက်ပင် ပို၍တွန့်ကုတ်နေသေး။ခပ်လှမ်းလှမ်းနေရပ်ကာ ဖုန်းတစ်လုံးဖြင့် ဘာတွေပြောနေမှန်းလည်းမသိရ။

ခဏအကြာ သူ့ဆီလျှောက်လှမ်းလာခဲ့ပြီး ပခုံးကိုခပ်ဖွဖွပုတ်ပေးလာလေ၏။

"တစ်ခုခုပျောက်သွားလား..."

"အမေ့လည်ဆွဲလေး..."

ဝမ်းနည်းနေပုံရသောကောင်လေးအား ဝဿန်အများကြီး မနှစ်သိမ့်ပေးတတ်ချေ။

"ပြန်ရမှာပါ ကိုယ်ရှာပေးမယ်"

"အင်း..."

အခြေအနေက သိပ်တော့မရုှပ်ထွေးခဲ့။ ရွာလူကြီးများက မိမိအိမ်နှင့်တကွ ပတ်ဝန်းကျင်ကိုပါ ဂရုစိုက်ရန် ရွာထဲရှိလူများကို လိုက်လံနှိုးဆော်လိုက်သည်။ ညနေခင်းဘက်တွင် ဝဿန့်ဆီ ဖုန်းဝင်လာခဲ့ပြီး ခြံထဲဆင်းကာ စကားပြောလိုက်လေ၏။ သစ်သားအပိုင်းအစများဖြင့် သစ်ပင်အရိပ်အောက်မှာ တစ်ခုခုလုပ်နေခဲ့သော သင်္ခါက တစ်ချက်လှမ်းကြည့်ပြီးနောက် ခေါင်းပြန်ငုံ့သွားခဲ့၏။

-

"ဟယ္လို..."

တစ္ဖက္က ချက်ချင်းစပြောလာ၏။

"မင်းပြောထားတဲ့လူရဲ့ နောက်ကြောင်းကသိပ်မရှင်းဘူး ။ မနေ့ညက ဖောက်ဝင်ခဲ့တာ သူဖြစ်ကြောင်း အထောက်အထားတွေ့ထားတယ်"

"အင်း..."

"အရင်ကလုယက်မှုတွေရော ဘာတွေရောဖြစ်ခဲ့ဖူးတယ်။ အသက်မပြည့်ခင် လူငယ်ထိန်းသိမ်းရေးစခန်းမှာ သုံးနှစ်နေလာခဲ့တာ "

"ကျွန်တော်သူ့နောက်ကြောင်းကိုမသိချင်ဘူး။ ဒီမနက် ကျွန်တော်တို့အိမ်အမွှေခံလိုက်ရတယ်။ ကိုယ့်နယ်မြေလက်အောက်ကလူက တခြားနေရာမှာ ဒီလိုလိုက်လုပ်နေတာတော့ မဖြစ်သင့်ဘူးမလား ကျွန်တော့်အစ်ကိုရေ...."

တစ်ဖက်မှလူက ခပ်သဲ့သဲ့ရယ်၏။

"မရွဲ့နဲ့ ငါ့ရဲ့ညီလေး..."

ထို့နောက် အဟမ်းဟု လုပ္ကာ...

"သူက ရွာကနယ်ခံလူမဟုတ်ဘူး။ သူ့ယောက်ဖဆီ ခဏတဖြုတ်လာလည်... အမ်း အတိအကျဆိုရရင် လာရှောင်နေတာ။"

"ဪ"

" လည်ဆွဲက ပုလဲသီးနဲ့ရိုးရိုးရှင်းရှင်းပုံစံပဲမလား"

"ဟုတ်တယ်... ပြန်ရပြီလား"

" အင်း ကိုယ့်ဆီမှာ... တွေ့တဲ့နေ့ယူလိုက်။ မစောင့်အားရင် လာယူ။ ကျန်တာကိုယ်ဖြေရှင်းလိုက်မယ်"

"Okay"

အစ်ကိုဖြစ်သူအား ဆက်သွယ်ခဲ့သည်မှာ မနက်ကတည်းကဖြစ်သော်လည်း တခြားရွာမှာ အစည်းအဝေးသွားလုပ်နေသည်ဟူသောသတင်းနှင့်အတူ လက်ထောက်နှင့်သာ စကားပြောခဲ့ရ၏။ ညနေရောက်တော့ သတင်းကအပြည့်အစုံပါလာသောကြောင့် ဝဿန်ကျေနပ်သွားသည်။

ဖုန်းချပြီးနောက် သင်္ခါ့ဘေးသို့ ပြန်လာထိုင်လိုက်ရင်း သစ္သားစတစ္ခုကို ကောက်ယူလိုက်၏။

"ဘာလုပ်နေတာလဲ"

"သစ်သားစင်"

"ဘာအတွက်"

သင်္ခါက ဝက်အူများကိုလှည့်နေရင်းဖြင့်...

"မနက္က မကြီးဆိုင်ရှေ့ကဖြတ်တော့ ဈေးခင်းထားတာကိုတွေ့တယ်။ နည်းနည်းပြည့်ကြပ်နေသလိုပဲ"

"အဲ့လိုနဲ့ စင်လေးတစ်လုံးလုပ်ပေးမယ်ပေါ့"

"ကျွန်တော်ကြိုးစားကြည့်ရုံပါ"

စင်ကို တစ်ဆင့်ချင်းဆောက်ထားပြီး သူသိသည့်အရာဝတၳုနှင့် အနီးစပ်ဆုံးဆိုရသော် လှေကားနှင့်တူ၏။ အကန့်များဖြင့််လည်း ဘယ်နှင့်ညာ ခွဲထားပြန်သည်။ မုန့်များကိုတစ်ဆင့်ချင်းထည့်လျှင် ရွေးရလွယ်ကူသလို ရိုးရှင်းပြီး အမြင်လှသည်။

"အွန်း... မင်းလုပ်နိုင်ပါတယ်"

ထိုစကားတစ်ခွန်းကြောင့် သင်္ခါနှုတ်ခမ်းစေ့ကာ ပြုံးမိသည်။ သူသည် အမြဲတမ်းလိုလို သင်ယူနေသော်လည်း သူ့ကိုယ်သူကလွဲလျှင် မည်သူကမှ ထိုသို့မပြောဖူးချေ။

"အင်း... ကျွန်တော်လုပ်နိုင်တယ်"

ကောင်လေး၏ပါးချိုင့်ကို ငေးရင်း ဝဿန်ထပ်ပြောလိုက်သည်။

"အကောင်းဆုံးဖြစ်လာမှာ"

"ဟုတ်တယ်... အကောင်းဆုံးပဲ"

ဝဿန်နှင့်တကွ သင်္ခါ စိတ်လက်ပေါ့ပါးစွာ အသံထြက္ကာ ရယ်လိုက်မိသည်။ ယခုကဲ့သို့ မရယ်ဖူးသည်မှာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲတော့မသိ။ မှတ်မိသမျှမှတ်ဉာဏ်အရတော့ သူသည် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်ရင့်ကျက်အောင် ထိန်းချုပ်နေခဲ့ရခြင်းများသာ။




Zawgyi

​ေနာက္တစ္ေန႔မနက္တြင္ ရာဘာပင္စိုေနတာေၾကာင့္ အေစးမထုတ္ျဖစ္ေတာ့ေခ်။ သခၤါက ျခံထဲပတ္ၿပီး အပင္တိုင္းမွာတပ္ထားသည့္ခြက္ေတြထဲက မိုးေရမ်ားကို ျပန္သြန္ၿပီး လိုက္ေမွာက္သည္။ မိုးေရထိထားေသာေၾကာင့္ အပင္တစ္ခုလံုးစိုေနၿပီး ထုတ္ထားခဲ့ေသာ ရာဘာေစးႏွင့္ အခ်ိန္တစ္ခုအထိ ေရာစပ္သြားေသာအခါ အနံ႔ကမခံမရပ္ႏိုင္ေအာင္ ေဟာင္ထြက္လာ၏။

ဝႆန္က ထိုအနံ႔ကိုမခံႏိုင္ေတာ့ေသာေၾကာင့္ ခဏသာအတဴလိုက္ၿပီး တဲဆီျပန္သြားခဲ့သည္။ ေျခတံ႐ွည္တဲမို႔ မိုးရြာေသာအခ်ိန္မ်ားတြင္ တကယ္ကိုအဆင္ေျပသည္။

ယေန႔နံနက္၏မနက္စာကေတာ့ သခၤါေၾကာ္ေကြၽးသည့္ ၾကက္ဥထမင္းေၾကာ္သာရိွသည္။ ႏွစ္ေယာက္သားမနက္စာစားၿပီးၾကရာဝယ္ ကြမ္းျခံသို႔သြားရန္ျပင္ဆင္ၾက၏။ ကြမ္းျခံထဲ၌ အစိမ္းေရာင္ကြမ္းသီးမ်ားရိွေနၾကၿပီး အနည္းအက်ဥ္းကသာ လိမ္ေမာ္ေရာင္ရိွၾက၏။

"ခုခ်ိန္ေလာက္ဆို အသီးခူးဖို႔အေကာင္းဆံုးပဲ။ မိုးရာသီၾကရင္ အေျခာက္လွန္းရဘာရနဲ႔ ေတာ္ေတာ္ကရိကထမ်ားတယ္"

"အင္း"

သို႔ေသာ္ျငား ခူးကာအေျခာက္ခံစရာ သီးမွည့္မ်ားကားမရိွ။ ပိုင္႐ွင္လက္ထဲတြင္ ဂ႐ုမစိုက္ဘဲ ပစ္ထားခဲ့ေသာေၾကာင့္ျဖစ္ႏိုင္သလို ျဖတ္သြားျဖတ္လာတို႔၏ ခူးဆြတ္ျခင္းကို ခံရေသာေၾကာင့္ျဖစ္ႏိုင္သည္။ အညႇာတခ်ိဳ႕က အပင္ေအာက္ျပဳတ္က်ေနခဲ့ၿပီး ဓားရာတခ်ိဳ႕လည္း ရိွေန၏။

ဆူးခ်ံဳမ်ားကို သတိထားေ႐ွာင္႐ွားေနရင္း ဝႆန္က....

"ေနာက္ရက္နည္းနည္းေလာက္ဆို လူငွါးၿပီး ကိုယ္တို႔ျခံ႐ွင္းမွျဖစ္ေတာ့မယ္"

"ကြၽန္ေတာ္...."

"ညီလုပ္ရင္ ကိုယ္လည္းလုပ္ရမွာေလ"

သခၤါက မစဥ္းစားဘဲႏွင့္...

"ကြၽန္ေတာ္တစ္ေယာက္တည္း လုပ္ႏိုင္ပါတယ္"

ဝႆန္ေခါင္းခါလိုက္သည္။

"ဒါကို ကိုယ္တို႔ႏွစ္ေယာက္ဝယ္ထားခဲ့တာ။ မင္းလုပ္ရင္ ကိုယ္ကၾကည့္ေနလို႔မရဘူး ဒါကမေျပာဘဲနားလည္ရမဲ့ လူမႈက်င့္ဝတ္တစ္ခုပဲ။ ဒါေပမဲ့ ကိုယ္အခု ဘယ္ပင္ပန္းတဲ့အလုပ္ကိုမွ လုပ္မေနခ်င္ဘူး"

သခၤါ ခဏတာေတြေဝသြားခဲ့သည္။ ထို႔ေနာက္တြင္မွ အင္တင္တင္ျဖင့္ေခါင္းညိတ္လာကာ...

"ခင္ဗ်ား သေဘာပါ"ဟု ဆိုလာသည္။

ဝႆန္ျပံဳးၿပီးေနာက္ ဆံပင္တို႔ကို လွမ္းဖြပစ္လိုက္သည္။

သံုးရက္ၾကာေနၿပီးေနာက္ ေတာင္ေအာက္သို႔ ဆိုင္ကယ္ျဖင့္ ျပန္ဆင္းလာခဲ့ၾကသည္။ ၾကက္ျခံသို႔ဝင္ဝင္ခ်င္း အာျပဲႀကီးျဖင့္ေအာ္ခ်လာေသာ ပိုင္ပိုင့္ေၾကာင့္ သူတို႔မွာ လန္႔သြားရေလသည္။

"ကိုေလး ျပန္လာၿပီလား!"

"ဇြတ္ေအာ္မေနနဲ႔"

ပိုင္ပိုင္ သြားကို ဟီးခနဲျဖဲျပၿပီးေနာက္ လြန္ခဲ့ေသာသံုးရက္က အေၾကာင္းအရာတို႔ကို အစီရင္ျပန္ခံလာ၏။

"ၾကက္စာကကုန္ေတာ့မွာ ကိုေလး... ေနာက္ႏွစ္ရက္စာပဲ က်န္ေတာ့လို႔ ကြၽန္ေတာ္ ကိုမ်ိဳးနဲ႔လွမ္းမွာလိုက္တယ္"

"ေငြ႐ွင္းၿပီးၿပီလား"

"မ႐ွင္းရေသးဘူး...။ ကြၽန္ေတာ္အေႂကြးမွာထားလိုက္တာ။ ကိုေလးတို႔ကဘယ္ေန႔ျပန္လာမယ္မွန္းလည္း ေျပာမသြားခဲ့ဘူးေလ။ ကြၽန္ေတာ္ျဖင့္ပူထူသြားတာ ေတာင္ေပၚမ်ား ေျပးလိုက္သြားရေတာ့မလားလို႔"

ေကာင္ေလးက ဟဲလ္မက္ခြၽတ္ေပးလာသည္ကို ၿငိမ္ခံေနရင္း စကားေျပာေနေသာဝႆန္က နားရြက္နားကိုထိုးျပ၍...

"ဒီနား ၿငိေနတာထင္တယ္... နည္းနည္းနာေနတယ္"

"အင္း"

သခၤါက ဝႆန္ၫႊန္ျပသည့္ေနရာကို မ်က္ခံုးတြန္႔ကာ အနီးကပ္ေသခ်ာၾကည့္လိုက္၏။ သူ၏ပံုမွာ ဝႆန္နာေအာင္လုပ္မိသြားမည္ကို စိုးရိမ္ႏိုင္သည့္ဟန္။ ထိုအခါ ဟဲလ္မက္က ေတာ္ရံုႏွင့္ခြၽတ္လို႔မၿပီးေတာ့။

ပိုင္ပိုင္ ထိုျမင္ကြင္းေၾကာင့္ စိတ္ဆင္းရဲသြားရေလ၏။

"ကိုေလး ကြၽန္ေတာ္ေျပာတာကိုေရာ နားေထာင္ေနရဲ႕လား"

"ငါၾကားတယ္"

ပိုင္ပိုင္လည္း ထိုႏွစ္ေယာက္ကို ဂ႐ုစိုက္မေနေတာ့ဘဲ ေျပာစရာရိွတာေျပာလိုက္သည္။

"ၿပီးေတာ့ ဟိုလူတစ္ေခါက္ေရာက္လာေသးတယ္... ၾကက္ဥကို လက္ကားျပန္ေရာင္းၿပီး အရစ္က်ေပးဖို႔လာေဆြးေႏြးတာ... ကြၽန္ေတာ္တို႔လက္မခံလိုက္ဘူး"

"ေကာင္းတယ္"

"ဒါေပမဲ့ သူထပ္လာဦးမယ္လို႔ ကြၽန္ေတာ္ထင္တယ္"

သူတို႔ရည္ၫႊန္းသည့္လူမွာ တစ္ရြာေက်ာ္က ေကာင္းခန္႔ဦးကိုျဖစ္သည္။ ၾကက္ဥလာယူသည့္အခ်ိန္တိုင္း သခၤါ့အား လိုက္ေရာေနတတ္သျဖင့္ သူပို၍သတိထားဆက္ဆံသည္။ ထိုလူက သိပ္မ႐ိုးဟု အျမဲသံသယဝင္ေနတာေၾကာင့္ သူ၏ဝန္ထမ္းႏွစ္ေယာက္သည္လည္း သူ႔ကဲ့သို႔ပင္ ထိုလူ႔ကိုမၾကည္ေတာ့။

"ကြၽန္ေတာ္တို႔ဒီမွာေတာင္ Orderေတြ Cancelေနရတာ။ အေႂကြးလက္ခံၿပီး အရစ္က်ေပးတာေစာင့္ရေအာင္ အ႐ူးလို႔ထင္ေနတာလားမသိဘူး။ မႀကီးအိ သားေတြကေတာင္ သူ႔သေဘာထားကိုနားလည္ေလာက္တယ္"

သခၤါ့တူေလးႏွစ္ေယာက္ျဖစ္သည့္ ထိုကေလးေတြက ေလးႏွစ္ႏွင့္ႏွစ္ႏွစ္သားအရြယ္သာ ရိွေသးသည္။ ဝႆန္ကရယ္လိုက္ၿပီးေနာက္...

" စကားမ်ားေနတာေတာ္ေတာ့ အလုပ္သြားျပန္လုပ္ေခ်"

"အမ္း"

"ဒါနဲ႔ အလင္းေရာ"

"အလင္းက ရြာထဲ မနက္စာသြားျပန္ဝယ္တယ္"

"ဪ"

ထိုစဥ္မွာပဲ ဂေလာက္ခနဲအသံနဲ႔အတူ ဟဲလ္မက္ေမးသိုင္းႀကိဳးက ျပဳတ္ထြက္သြားခဲ့သည္။ ဝႆန္႔အာရံုက ထိုဘက္သို႔ ျပန္လည္ေရာက္ရိွသြားကာ ေမး႐ိုးနားကို အျမန္စမ္းလိုက္သည္။

"ျပဳတ္သြားတာလား"

သခၤါမွာ သူ႔ကို ေပကလပ္ေပကလပ္ၾကည့္၍ နားရြက္ရဲရဲျဖင့္...

"ျပတ္... ျပတ္သြားတာ"

"?"

ဝႆန္အျမန္ခြၽတ္ၾကည့္လိုက္ေတာ့ အမွန္တကယ္ျပတ္ထြက္သြားသည္ကို ျမင္လိုက္ရ၏။ ဘယ္လိုအားနဲ႔ဆြဲခြၽတ္လို႔ ဒီလိုေတာင္ ျပတ္ထြက္သြားရတာလဲ။

"က်...ကြၽန္ေတာ္...အသစ္ျပန္ဝယ္ေပးမယ္"

ေျပာၿပီးေနာက္ ေကာင္ေလးက ႐ွက္သြား၍ထင့္။ ျခံထဲအျမန္ဝင္ကာ ပိုင္ပိုင့္အား သြားကူေနေလ၏။

ဝႆန္႔မွာ စကားေလးကိုပင္ ဆံုးေအာင္မေျပာလိုက္ရေတာ့ေခ်။

'ဒီ ဟဲလ္မက္က မင္းဟာပါကြ ေကာင္ေလးရ' ။

-

"မင္းေျပာေတာ့ အလင္းက မနက္စာ သြားဝယ္တာပါဆို"

ၾကက္စာမ်ားေကြၽးၿပီးသည္အထိ ျပန္ေရာက္မလာေသးေသာအခါ ဝႆန္ေမးလိုက္သည္။

"မနက္ ၆ခြဲေလာက္ကတည္းက မႀကီးဆီကို ထြက္သြားခဲ့တာပဲ။ ကြၽန္ေတာ္လည္းမသိဘူးေလ"

"အခု ၈နာရီေတာင္ထိုးေတာ့မယ္"

ဝႆန္က နာရီကိုၾကည့္၍ ဆိုလိုက္ရာ သခၤါက အျမန္ထရပ္၍...

"ကြၽန္ေတာ္လိုက္သြားလိုက္မယ္"ဟု ဆိုသည္။

ထို႔ေနာက္ ဆိုင္ကယ္စီးကာ ထြက္သြားေလ၏။ သခၤါ အစ္မျဖစ္သူအိမ္နားေရာက္ေတာ့ မည္သူ႔ကိုမွမေတြ႔။ ေဘးအိမ္ကအေဒၚႀကီးတစ္ေယာက္သာ သူ႔အားေခါင္းေထာင္ၾကည့္လာၿပီး စကားလွမ္းေျပာ၏။

"ျပန္လာၿပီလားေကာင္ေလး... မင္းအိမ္ကိုျမန္ျမန္လိုက္သြားလိုက္ဦး။ အားလံုး ဟိုကိုေရာက္ေနၾကတာ"

တစ္ခုခုအေၾကာင္းရိွေနၿပီမွန္း သခၤါသိလိုက္သည္။ အိမ္ကိုေရာက္ေတာ့ ထင္သည့္အတိုင္း တစ္ခုခုျဖစ္ေနခဲ့သည္။ ရြာလူႀကီးမ်ားႏွင့္တကြ အလင္းက ရပ္ေနခဲ့ကာ သူ႔ကိုေတြ႔သည္ႏွင့္ ပိုင္ပိုင္ကဲ့သို႔လွမ္းမေအာ္ဘဲ အနားခပ္သြက္သြက္ေလ်ွာက္ကာ တီးတိုးျဖင့္...

"အိမ္ထဲ သူခိုးဝင္တာ...ကြၽန္ေတာ္က ကိုေလးတို႔မေရာက္ေသးဘူးထင္လို႔ ေတာင္ေပၚလူလႊတ္လိုက္တယ္ ဟိုေကာင့္ကိုသြာေျပာျပေနရင္လည္း အလုပ္ပ်က္မွာစိုးလို႔"

"အင္း နားလိုက္ပါဦး"

ပခံုးအား ပုတ္ေပးၿပီးေနာက္ ရြာလူႀကီးမ်ားႏွင့္တကြ အိမ္ထဲဝင္ျကည့္ေတာ့ တံခါး၏ေသာ့ခေလာက္သည္ ဖ်က္ဆီးခံထားရၿပီး တစ္အိမ္လံုး ႐ႈပ္ပြေနသည္။

"တစ္ခုခုပါသြားေသးလား လူေလးစစ္ၾကည့္္လိုက္ဦး"

သခၤါေခါင္းကိုညိတ္ၿပီး အိပ္ခန္းထဲဝင္စစ္လိုက္ရာ သူပိုက္ဆံထားေနၾကေနရာေလးသည္ အကာအကြယ္မဲ့စြာ ပ်က္စီးေနခဲ့သည္။ ေပ်ာက္ဆံုးသြားေသာအရာမ်ားကေတာ့ သူ႔အေမ၏လည္ဆြဲေလးတစ္ခုကလြဲ၍ ေထြေထြထူးထူးမရိွေပ။ သိပ္မၾကာခင္တြင္ ဝႆန္သည္လည္း ေရာက္လာခဲ့သည္။ ဝႆန္႔မ်က္ခံုးတို႔က သူ႔ထက္ပင္ ပို၍တြန္႔ကုတ္ေနေသး။ခပ္လွမ္းလွမ္းေနရပ္ကာ ဖုန္းတစ္လံုးျဖင့္ ဘာေတြေျပာေနမွန္းလည္းမသိရ။

ခဏအၾကာ သူ႔ဆီေလ်ွာက္လွမ္းလာခဲ့ၿပီး ပခံုးကိုခပ္ဖြဖြပုတ္ေပးလာေလ၏။

"တစ္ခုခုေပ်ာက္သြားလား..."

"အေမ့လည္ဆြဲေလး..."

ဝမ္းနည္းေနပံုရေသာေကာင္ေလးအား ဝႆန္အမ်ားႀကီး မႏွစ္သိမ့္ေပးတတ္ေခ်။

"ျပန္ရမွာပါ ကိုယ္႐ွာေပးမယ္"

"အင္း..."

အေျခအေနက သိပ္ေတာ့မ႐ုွပ္ေထြးခဲ့။ ရြာလူႀကီးမ်ားက မိမိအိမ္ႏွင့္တကြ ပတ္ဝန္းက်င္ကိုပါ ဂ႐ုစိုက္ရန္ ရြာထဲရိွလူမ်ားကို လိုက္လံႏိႈးေဆာ္လိုက္သည္။ ညေနခင္းဘက္တြင္ ဝႆန္႔ဆီ ဖုန္းဝင္လာခဲ့ၿပီး ျခံထဲဆင္းကာ စကားေျပာလိုက္ေလ၏။ သစ္သားအပိုင္းအစမ်ားျဖင့္ သစ္ပင္အရိပ္ေအာက္မွာ တစ္ခုခုလုပ္ေနခဲ့ေသာ သခၤါက တစ္ခ်က္လွမ္းၾကည့္ၿပီးေနာက္ ေခါင္းျပန္ငံု႔သြားခဲ့၏။

-

"ဟယ္လို..."

တစ္ဖက္က ခ်က္ခ်င္းစေျပာလာ၏။

"မင္းေျပာထားတဲ့လူရဲ႕ ေနာက္ေၾကာင္းကသိပ္မ႐ွင္းဘူး ။ မေန႔ညက ေဖာက္ဝင္ခဲ့တာ သူျဖစ္ေၾကာင္း အေထာက္အထားေတြ႔ထားတယ္"

"အင္း..."

"အရင္ကလုယက္မႈေတြေရာ ဘာေတြေရာျဖစ္ခဲ့ဖူးတယ္။ အသက္မျပည့္ခင္ လူငယ္ထိန္းသိမ္းေရးစခန္းမွာ သံုးနွစ္​ေနလာခဲ့တာ "

"ကြၽန္ေတာ္သူ႔ေနာက္ေၾကာင္းကိုမသိခ်င္ဘူး။ ဒီမနက္ ကြၽန္ေတာ္တို႔အိမ္အေမႊခံလိုက္ရတယ္။ ကိုယ့္နယ္ေျမလက္ေအာက္ကလူက တျခားေနရာမွာ ဒီလိုလိုက္လုပ္ေနတာေတာ့ မျဖစ္သင့္ဘူးမလား ကြၽန္ေတာ့္အစ္ကိုေရ...."

တစ္ဖက္မွလူက ခပ္သဲ့သဲ့ရယ္၏။

"မရြဲ႔နဲ႔ ငါ့ရဲ႕ညီေလး..."

ထို႔ေနာက္ အဟမ္းဟု လုပ္ကာ...

"သူက ရြာကနယ္ခံလူမဟုတ္ဘူး။ သူ႔ေယာက္ဖဆီ ခဏတျဖဳတ္လာလည္... အမ္း အတိအက်ဆိုရရင္ လာေ႐ွာင္ေနတာ။"

"ဪ"

" လည္ဆြဲက ပုလဲသီးနဲ႔႐ိုး႐ိုး႐ွင္း႐ွင္းပံုစံပဲမလား"

"ဟုတ္တယ္... ျပန္ရၿပီလား"

" အင္း ကိုယ့္ဆီမွာ... ေတြ႔တဲ့ေန႔ယူလိုက္။ မေစာင့္အားရင္ လာယူ။ က်န္တာကိုယ္ေျဖ႐ွင္းလိုက္မယ္"

"Okay"

အစ္ကိုျဖစ္သူအား ဆက္သြယ္ခဲ့သည္မွာ မနက္ကတည္းကျဖစ္ေသာ္လည္း တျခားရြာမွာ အစည္းအေဝးသြားလုပ္ေနသည္ဟူေသာသတင္းႏွင့္အတူ လက္ေထာက္ႏွင့္သာ စကားေျပာခဲ့ရ၏။ ညေနေရာက္ေတာ့ သတင္းကအျပည့္အစံုပါလာေသာေၾကာင့္ ဝႆန္ေက်နပ္သြားသည္။

ဖုန္းခ်ၿပီးေနာက္ သခၤါ့ေဘးသို႔ ျပန္လာထိုင္လိုက္ရင္း သစ္သားစတစ္ခုကို ေကာက္ယူလိုက္၏။

"ဘာလုပ္ေနတာလဲ"

"သစ္သားစင္"

"ဘာအတြက္"

သခၤါက ဝက္အူမ်ားကိုလွည့္ေနရင္းျဖင့္...

"မနက္က မႀကီးဆိုင္ေ႐ွ႕ကျဖတ္ေတာ့ ေစ်းခင္းထားတာကိုေတြ႔တယ္။ နည္းနည္းျပည့္ၾကပ္ေနသလိုပဲ"

"အဲ့လိုနဲ႔ စင္ေလးတစ္လံုးလုပ္ေပးမယ္ေပါ့"

"ကြၽန္ေတာ္ႀကိဳးစားၾကည့္ရံုပါ"

စင္ကို တစ္ဆင့္ခ်င္းေဆာက္ထားၿပီး သူသိသည့္အရာဝတၳဳႏွင့္ အနီးစပ္ဆံုးဆိုရေသာ္ ေလွကားႏွင့္တူ၏။ အကန္႔မ်ားျဖင့္္လည္း ဘယ္ႏွင့္ညာ ခြဲထားျပန္သည္။ မုန္႔မ်ားကိုတစ္ဆင့္ခ်င္းထည့္လ်ွင္ ေရြးရလြယ္ကူသလို ႐ိုး႐ွင္းၿပီး အျမင္လွသည္။

"အြန္း... မင္းလုပ္ႏိုင္ပါတယ္"

ထိုစကားတစ္ခြန္းေၾကာင့္ သခၤါႏႈတ္ခမ္းေစ့ကာ ျပံဳးမိသည္။ သူသည္ အျမဲတမ္းလိုလို သင္ယူေနေသာ္လည္း သူ႔ကိုယ္သူကလြဲလ်ွင္ မည္သူကမွ ထိုသို႔မေျပာဖူးေခ်။

"အင္း... ကြၽန္ေတာ္လုပ္ႏိုင္တယ္"

ေကာင္ေလး၏ပါးခ်ိဳင့္ကို ေငးရင္း ဝႆန္ထပ္ေျပာလိုက္သည္။

"အေကာင္းဆံုးျဖစ္လာမွာ"

"ဟုတ္တယ္... အေကာင္းဆံုးပဲ"

ဝႆန္ႏွင့္တကြ သခၤါ စိတ္လက္ေပါ့ပါးစြာ အသံထြက္ကာ ရယ္လိုက္မိသည္။ ယခုကဲ့သို႔ မရယ္ဖူးသည္မွာ ဘယ္ေလာက္ေတာင္ၾကာခဲ့ၿပီလဲေတာ့မသိ။ မွတ္မိသမ်ွမွတ္ဉာဏ္အရေတာ့ သူသည္ ကိုယ့္ကိုယ္ကိုယ္ တည္ၿငိမ္ရင့္က်က္ေအာင္ ထိန္းခ်ဳပ္ေနခဲ့ရျခင္းမ်ားသာ။


You are reading the story above: TeenFic.Net