part10.2

Background color
Font
Font size
Line height

Uni

ရှပ်ထိရုံဟုသာ ထင်လိုက်သော်လည်း သေချာဆေးကြောကြည့်လိုက်ချိန်တွင်မူ ဒဏ်ရာကတော်တော်နက်၏။ လက်ခုံတစ်ခုလုံးက သွေးချင်းချင်းနီလျက်။ မူလစပ်ဖျင်းဖျင်းဖြစ်နေသောဒဏ်ရာသည် အရက်ပြန်နှင့်ထိသောအခါ ဝဿန့်အား ရှုံ့မဲ့သွားစေတော့၏။

"ကျွန်တော့်ကြောင့်"

ကောင်လေးက သူ့ကိုယ်သူရေရွတ်နေသည့်အလား မသည်းကွဲသည့်လေသံဖြင့် ခပ်တိုးတိုးဆိုလျက်။

"ကျွန်တော့်ကြောင့် ဖြစ်ရတာ"

"မဟုတ္တာ"

"တောင်းပန်ပါတယ်"

မျက်တောင်ရှည်များကို စင်းချထားသောကြောင့် သူ၏စိတ်ခံစားချက်များကို မမြင်နေရ။ ဝမ်းနည်းနေသောလေသံလေးက ဝဿန့်နားမှတစ်ဆင့် နှလုံးသားထဲရောက်သွားပြီး ပြန်လည်နှစ်သိမ့်ပေးချင်စိတ်ပေါ်လာရသည်။

"မဟုတ်ပါဘူးကွာ... ကိုယ်နမော်နမဲ့နိုင်သွားတာ"

သင်္ခါက ခေါင်းခါပြီးနောက် ဆေးထည့်ထားသောလက်ချောင်းဖြူဖြူများကို မလွှတ်တမ်းဆုပ်ကိုင်၍ ခေါင်းခါသည်။ ဝဿန် လက်အား မဆိုသလောက်ဆွဲထုတ်ကြည့်လိုက်သော်လည်း ကောင်လေးက သတိထားမိပုံမပေါ်သလို လွှတ်လည်းပေးမလာခဲ့ချေ။

"ညီ..."

"ခင်ဗျားကူတာကို ကျွန်တော်တားခဲ့သင့်တယ်"

"....."

ဒီကောင်လေးနှယ်။ ဘယ္လိုမ်ား နှစ်သိမ့်ပေးရတော့မှာပါလဲ။

"ညီကြည့်... ရှထိရာသေးသေးလေးတစ်ခုပါကွာ သုံးရက်မပြည့်ခင်ပျောက်သွားမှာပဲကို"

"အမ်း"ဟုဆိုကာ မလှုပ်မယက်ရှိနေပြန်သည်။

အပြင်ဘက်ရှိလေက ပိုထန်လာပြီး မိုးသည်လည်း ပိုကြီးကာ သည်းသည်းမဲမဲရွာနေတော့၏။ သင်္ခါသည် ယခုမွ နှစ်ယောက်သား၏အဝတ်များက မိုးရေကြောင့်စိုရွှဲနေခဲ့သည်ကို သတိပြုမိလိုက်သည်။ ထို့ကြောင့် တဲပေါ် အမြန်ပြန်တက်သွားခဲ့ပြီး အဝတ်အားဆွဲထုတ်ကာ ဝဿန့်ဆီကမ်း၍...

"ကိုယ့်အထင် ညီအရင်လဲသင့်... ဟပ်ချိုး!"

"ကျွန်တော်က ရတယ်"

ဝဿန်လည်း ဟန်မဆောင်တော့ဘဲ အဝတ္ကို ခပ်မြန်မြန်ဆွဲချွတ်လိုက်သည်။ လဲနေရင်းဖြင့်....

"ညီ့ရာဘာတွေသွားစပ်လိုက်ဦး... ကြာရင် မကောင်းဖြစ်တော့မယ်"

"အင်း..."

သင်္ခါ အကြည့်ကိုလွှဲပြီးနောက် ဘာကြောင့်မှန်းမသိ နောက်တစ်ခါထပ်လှည့်ကြည့်မိသည်။ ညက်ညောသောကျောပြင်ဖြူဖြူကို မြင်တွေ့လိုက်ရပြီးနောက် နားရွက်ဖျားရဲတက်သွားရပြီး ရာဘာစေးများကို ခပ်မြန်မြန်သယ်ထုတ်လိုက်ရသည်။

ပုံစံခွက်များကို မိုးမထိသည့်နေရာရွေ့လိုက်ပြီး ရာဘာစေးများအား တစ်ခွက်ချင်းစီ အညီအမ်ွ လိုက်ထည့်သည်။ ထို့နောက် ရေရောထားသောအက်စစ်ကို ခွက်ဖြင့်ခပ်ကာ လောင်းထည့်လိုက်ပြီးနောက် ကော်ဇွန်းဖြင့်မွှေလိုက်၏။ အက်စစ်ဖြင့်ထိပြီးနောက် စေးပျစ်သောအစေးရည်ကနေ တဖြည်းဖြည်းပျစ်ခဲလာမည်ဖြစ်သည်။ လုံးဝခဲသွားသောအချိန်၌ ကြိတ်စက်ထဲထည့်၍ ပုံစံသွင်းကာ အခြောက်လှန်းလိုက်ရုံသာဖြစ်သည်။

ရေပါအပြီးချိုး၍ တဲဆီပြန်သွားချိန် တဲအောက်မီးလှုံနေသူကို ဦးစွာမြင်၏။

"နွေရာသီတောင်မကုန်သေးတာကို ဒီလောက်တောင်အေးနေပြီ"

သင်္ခါ ထိုသူ့ကိုကြည့်ပြီး ဘာမှမဆိုမိပေ။ တကယ္က သိပ်တော့လည်းမအေး။ သည်းမခံနိုင်လောက်အောင်ထိမဖြစ်ချေ။ သို့သော်လည်း ထိုသူ့ပုံစံမှာ တော်တော်အေးနေပုံရပြီး လက္ဖဝါးအား မီးအပူနားကပ်ထားသည်။

"ဒီနားလာထိုင်"

"အင်း...."

"ဆံပင်သုတ်လိုက်ဦး တော်တော်စိုနေတာ"

သင်္ခါ ခေါင်းကိုပြန်ထိကြည့်ပြီးနောက် ကမ်းပေးလာသောတဘက်ကို ယူလိုက်သည်။

"ခင်ဗျား...."

"အင်း"

"အရမ်းအေးတာလား"

တိတ်ဆိတ်ခြင်းကိုဖြိုခွဲသည့်အနေဖြင့် သင်္ခါမေးလိုက်သည်။ ထွက်လာသည့်အသံက တကယ့်ကို တိုးတိုးလေးရယ်မို့ မျက်နှာပင် မဆိုသေလာက္ပူသြားရကာ နှာခေါင်းထိပ်အား လက်ညိုးဖြင့်ပွတ်တိုက်လိုက်မိသည်။

"အင်း... ခေါင်းကိုသေချာသုတ် ကိုယ်ကူပေးရမလား"

"ကျွန်တော်.... ရတယ်"

ခေါင်းငုံ့နေသူကို ဝဿန် တစ်ချက်စောင်းငဲ့ကြည့်လိုက်၏။ သူ၏နှုတ်ခမ်းထောင့်သည်လည်း ခပ်တွန့်တွန့်ကွေးတက်နေခဲ့လျက်။ ဒီကောင်လေးက ပြောစကားနားထောင်ပြီး သိပ် သိပ်ကိုလိမ်မာလွန်းသလို ချစ်စရာလည်းကောင်းလှ၏။

ညနေခင်းရောက်သည်အထိ မိုးကမတိတ်ခဲ့။ ထမင်းစားခါနီးအထိ ဝဿန်က စောင်ထုပ်ထဲကွေးနေခဲ့လေသည်။

"ခင်ဗျားနေကောင်းရဲ့လား"

"ကောင်းတယ် ကိုယ့်ခန္ဓာကိုယ်က မိုးဓာတ်နဲ့သိပ်မတည့်လို့"

မိုးရာသီမှာမွေးပြီး မိုးနှင့်မတည့်တာ သူပဲရှိလောက်သည်။

ကောင်လေးက တစ်ခုခုထပ်မေးချင်သေးဟန်။ စောင်အောက်သွင်းထားတဲ့သူ့လက်ဆီကိုလည်း လှမ်းကာတကြည့်ကြည့်။ ဝဿန်အသာရယ်ရင်း လက်ကိုထုတ်ပြလိုက်သည်။

"သက်သာနေပြီ"

သူ၏စကားဆုံးသည်နှင့် နှလုံးခုန်သံနှင့်အပြိုင် လက်ချောင်းများတုန်သွားခဲ့လေ၏။ သင်္ခါက သူ၏လက္ကို ရုတ်တရက်ကောက်ကိုင်လိုက်ခြင်းပါပေ။

"အေးနေတယ်"

"အင်း"

ကောင်လေးက သူ၏လက်ချောင်းဖျားကိုဆုပ်ကိုင်၍ ရှပ်အကျႌအောက်လိျုှသွင်းလိုက်သည်ကို ဝဿန် နှုတ်ဆိတ်စွာ ကြည့်နေမိလေသည်။ ထုံထိုင်းအေးစက်နေခဲ့သည့်လက်ချောင်းတို့က ပူနွေးကျစ်လျစ်သောဗိုက်ပြင်နှင့် ထိတွေ့သောအခါ အလိုက်တသိပြန်ဆုတ်ခွာချင်မလာခဲ့။ ဝဿန့်မှာ အူတွေကလီစာတွေထဲထိပါ လိြပ်ပါတောင်ပံတို့ခတ်သန်းနေသလို ယားကျိကျိ။

သက်ပြင်းကိုအသာချ၍ လက်အားပြန်မဆုတ်ခွာတော့ဘဲ မျက်ဝန်းကိုမှိတ်ချလိုက်သည်။ ဒီခံစားခ်က္က သက်တောင့်သက်သာဖြစ်လွန်းပြီး သူ့အားဇိမ်ကျစေသည်။ ငါးမိနစ်ခန့်ကြာသွားမှ လက်အား မထုတ်ချင်ထုတ်ချင်ဖြင့် ပြန်ဆွဲထုတ်လိုက်သည်။ ယခုတစ်ခေါက်တွင်တော့ ကောင်လေးကမတားခဲ့ချေ။ သူ၏လက္ကို အသာတကြည်လွှတ်ပေးခဲ့သည်။

ဝဿန်နည်းနည်းတော့စိတ်ဓာတ်ကျသွားသည်။ ကောင်လေးပြန်ဆွဲထားဖို့ သူနည်းနည်းတော့မျှော်လင့်ခဲ့တာအမှန်။

သင်္ခါသည်လည်း အတန်ကြာတွန့်ဆုတ်နေခဲ့ပြီးမှ...

"ခင်ဗျားခြေချောင်းတွေရောအေးနေလား"

ဝဿန့်မျက်ဝန်းတို့က ဖ်တ္ခနဲ။

"အင်း...အေးတယ်"

ခြေဖျားတို့ကို စောင်အောက်မှထုတ်၍ ကောင်လေးရှေ့ ထိုးပေးလိုက်တော့ ခြေချောင်းများအားအုပ်ကိုင်လာသည့် ကြမ်းရှရှလက်ဖဝါးတစ်စုံ။ ထို့နောက် ဆုပ်နယ်ပေးကာ အပူဒဏ်ကိုသက်သာပြေလျော့စေသည်။ ပြီးသောအခါ သူ၏ရှပ်အောက်သို့ အုပ်လိုက်ပြီး ခပ်တင်းတင်းဖိထားလိုက်ပြန်လေသည်။

AN ပျင်းနေလို့မိုတီပေးကြပါ

Zaw


႐ွပ္ထိရံုဟုသာ ထင္လိုက္ေသာ္လည္း ေသခ်ာေဆးေၾကာၾကည့္လိုက္ခ်ိန္တြင္မူ ဒဏ္ရာကေတာ္ေတာ္နက္၏။ လက္ခံုတစ္ခုလံုးက ေသြးခ်င္းခ်င္းနီလ်က္။ မူလစပ္ဖ်င္းဖ်င္းျဖစ္ေနေသာဒဏ္ရာသည္ အရက္ျပန္ႏွင့္ထိေသာအခါ ဝႆန္႔အား ႐ွံု႔မဲ့သြားေစေတာ့၏။

"ကြၽန္ေတာ့္ေၾကာင့္"

ေကာင္ေလးက သူ႔ကိုယ္သူေရရြတ္ေနသည့္အလား မသည္းကြဲသည့္ေလသံျဖင့္ ခပ္တိုးတိုးဆိုလ်က္။

"ကြၽန္ေတာ့္ေၾကာင့္ ျဖစ္ရတာ"

"မဟုတ္တာ"

"ေတာင္းပန္ပါတယ္"

မ်က္ေတာင္႐ွည္မ်ားကို စင္းခ်ထားေသာေၾကာင့္ သူ၏စိတ္ခံစားခ်က္မ်ားကို မျမင္ေနရ။ ဝမ္းနည္းေနေသာေလသံေလးက ဝႆန္႔နားမွတစ္ဆင့္ ႏွလံုးသားထဲေရာက္သြားၿပီး ျပန္လည္ႏွစ္သိမ့္ေပးခ်င္စိတ္ေပၚလာရသည္။

"မဟုတ္ပါဘူးကြာ... ကိုယ္နေမာ္နမဲ့ႏိုင္သြားတာ"

သခၤါက ေခါင္းခါၿပီးေနာက္ ေဆးထည့္ထားေသာလက္ေခ်ာင္းျဖူျဖဴမ်ားကို မလႊတ္တမ္းဆုပ္ကိုင္၍ ေခါင္းခါသည္။ ဝႆန္ လက္အား မဆိုသေလာက္ဆြဲထုတ္ၾကည့္လိုက္ေသာ္လည္း ေကာင္ေလးက သတိထားမိပံုမေပၚသလို လႊတ္လည္းေပးမလာခဲ့ေခ်။

"ညီ..."

"ခင္ဗ်ားကူတာကို ကြၽန္ေတာ္တားခဲ့သင့္တယ္"

"....."

ဒီေကာင္ေလးႏွယ္။ ဘယ္လိုမ်ား ႏွစ္သိမ့္ေပးရေတာ့မွာပါလဲ။

"ညီၾကည့္... ႐ွထိရာေသးေသးေလးတစ္ခုပါကြာ သံုးရက္မျပည့္ခင္ေပ်ာက္သြားမွာပဲကို"

"အမ္း"ဟုဆိုကာ မလႈပ္မယက္ရိွေနျပန္သည္။

အျပင္ဘက္ရိွေလက ပိုထန္လာၿပီး မိုးသည္လည္း ပိုႀကီးကာ သည္းသည္းမဲမဲရြာေနေတာ့၏။ သခၤါသည္ ယခုမွ ႏွစ္ေယာက္သား၏အဝတ္မ်ားက မိုးေရေၾကာင့္စိုရႊဲေနခဲ့သည္ကို သတိျပဳမိလိုက္သည္။ ထို႔ေၾကာင့္ တဲေပၚ အျမန္ျပန္တက္သြားခဲ့ၿပီး အဝတ္အားဆြဲထုတ္ကာ ဝႆန္႔ဆီကမ္း၍...

"ကိုယ့္အထင္ ညီအရင္လဲသင့္... ဟပ္ခ်ိဳး!"

"ကြၽန္ေတာ္က ရတယ္"

ဝႆန္လည္း ဟန္မေဆာင္ေတာ့ဘဲ အဝတ္ကို ခပ္ျမန္ျမန္ဆြဲခြၽတ္လိုက္သည္။ လဲေနရင္းျဖင့္....

"ညီ့ရာဘာေတြသြားစပ္လိုက္ဦး... ၾကာရင္ မေကာင္းျဖစ္ေတာ့မယ္"

"အင္း..."

သခၤါ အၾကည့္ကိုလႊဲၿပီးေနာက္ ဘာေၾကာင့္မွန္းမသိ ေနာက္တစ္ခါထပ္လွည့္ၾကည့္မိသည္။ ညက္ေညာေသာေက်ာျပင္ျဖဴျဖဴကို ျမင္ေတြ႔လိုက္ရၿပီးေနာက္ နားရြက္ဖ်ားရဲတက္သြားရၿပီး ရာဘာေစးမ်ားကို ခပ္ျမန္ျမန္သယ္ထုတ္လိုက္ရသည္။

ပံုစံခြက္မ်ားကို မိုးမထိသည့္ေနရာေရြ႔လိုက္ၿပီး ရာဘာေစးမ်ားအား တစ္ခြက္ခ်င္းစီ အညီအမ်ွ လိုက္ထည့္သည္။ ထို႔ေနာက္ ေရေရာထားေသာအက္စစ္ကို ခြက္ျဖင့္ခပ္ကာ ေလာင္းထည့္လိုက္ၿပီးေနာက္ ေကာ္ဇြန္းျဖင့္ေမႊလိုက္၏။ အက္စစ္ျဖင့္ထိၿပီးေနာက္ ေစးပ်စ္ေသာအေစးရည္ကေန တျဖည္းျဖည္းပ်စ္ခဲလာမည္ျဖစ္သည္။ လံုးဝခဲသြားေသာအခ်ိန္၌ ႀကိတ္စက္ထဲထည့္၍ ပံုစံသြင္းကာ အေျခာက္လွန္းလိုက္ရံုသာျဖစ္သည္။

ေရပါအၿပီးခ်ိဳး၍ တဲဆီျပန္သြားခ်ိန္ တဲေအာက္မီးလွံုေနသူကို ဦးစြာျမင္၏။

"ေႏြရာသီေတာင္မကုန္ေသးတာကို ဒီေလာက္ေတာင္ေအးေနၿပီ"

သခၤါ ထိုသူ႔ကိုၾကည့္ၿပီး ဘာမွမဆိုမိေပ။ တကယ္က သိပ္ေတာ့လည္းမေအး။ သည္းမခံႏိုင္ေလာက္ေအာင္ထိမျဖစ္ေခ်။ သို႔ေသာ္လည္း ထိုသူ႔ပံုစံမွာ ေတာ္ေတာ္ေအးေနပံုရၿပီး လက္ဖဝါးအား မီးအပူနားကပ္ထားသည္။

"ဒီနားလာထိုင္"

"အင္း...."

"ဆံပင္သုတ္လိုက္ဦး ေတာ္ေတာ္စိုေနတာ"

သခၤါ ေခါင္းကိုျပန္ထိၾကည့္ၿပီးေနာက္ ကမ္းေပးလာေသာတဘက္ကို ယူလိုက္သည္။

"ခင္ဗ်ား...."

"အင္း"

"အရမ္းေအးတာလား"

တိတ္ဆိတ္ျခင္းကိုၿဖိဳခြဲသည့္အေနျဖင့္ သခၤါေမးလိုက္သည္။ ထြက္လာသည့္အသံက တကယ့္ကို တိုးတိုးေလးရယ္မို႔ မ်က္ႏွာပင္ မဆိုသေလာက္ပူသြားရကာ ႏွာေခါင္းထိပ္အား လက္ညိဳးျဖင့္ပြတ္တိုက္လိုက္မိသည္။

"အင္း... ေခါင္းကိုေသခ်ာသုတ္ ကိုယ္ကူေပးရမလား"

"ကြၽန္ေတာ္.... ရတယ္"

ေခါင္းငံု႔ေနသူကို ဝႆန္ တစ္ခ်က္ေစာင္းငဲ့ၾကည့္လိုက္၏။ သူ၏ႏႈတ္ခမ္းေထာင့္သည္လည္း ခပ္တြန္႔တြန္႔ေကြးတက္ေနခဲ့လ်က္။ ဒီေကာင္ေလးက ေျပာစကားနားေထာင္ၿပီး သိပ္ သိပ္ကိုလိမ္မာလြန္းသလို ခ်စ္စရာလည္းေကာင္းလွ၏။

ညေနခင္းေရာက္သည္အထိ မိုးကမတိတ္ခဲ့။ ထမင္းစားခါနီးအထိ ဝႆန္က ေစာင္ထုပ္ထဲေကြးေနခဲ့ေလသည္။

"ခင္ဗ်ားေနေကာင္းရဲ႕လား"

"ေကာင္းတယ္ ကိုယ့္ခႏၶာကိုယ္က မိုးဓာတ္နဲ႔သိပ္မတည့္လို႔"

မိုးရာသီမွာေမြးၿပီး မိုးႏွင့္မတည့္တာ သူပဲရိွေလာက္သည္။

ေကာင္ေလးက တစ္ခုခုထပ္ေမးခ်င္ေသးဟန္။ ေစာင္ေအာက္သြင္းထားတဲ့သူ႔လက္ဆီကိုလည္း လွမ္းကာတၾကည့္ၾကည့္။ ဝႆန္အသာရယ္ရင္း လက္ကိုထုတ္ျပလိုက္သည္။

"သက္သာေနၿပီ"

သူ၏စကားဆံုးသည္ႏွင့္ ႏွလံုးခုန္သံႏွင့္အၿပိဳင္ လက္ေခ်ာင္းမ်ားတုန္သြားခဲ့ေလ၏။ သခၤါက သူ၏လက္ကို ႐ုတ္တရက္ေကာက္ကိုင္လိုက္ျခင္းပါေပ။

"ေအးေနတယ္"

"အင္း"

ေကာင္ေလးက သူ၏လက္ေခ်ာင္းဖ်ားကိုဆုပ္ကိုင္၍ ႐ွပ္အက်ႌေအာက္လိ်ဳွသြင္းလိုက္သည္ကို ဝႆန္ ႏႈတ္ဆိတ္စြာ ၾကည့္ေနမိေလသည္။ ထံုထိုင္းေအးစက္ေနခဲ့သည့္လက္ေခ်ာင္းတို႔က ပူေႏြးက်စ္လ်စ္ေသာဗိုက္ျပင္ႏွင့္ ထိေတြ႔ေသာအခါ အလိုက္တသိျပန္ဆုတ္ခြာခ်င္မလာခဲ့။ ဝႆန္႔မွာ အူေတြကလီစာေတြထဲထိပါ လိပျ္ပါေတာင္ပံတို႔ခတ္သန္းေနသလို ယားက်ိက်ိ။

သက္ျပင္းကိုအသာခ်၍ လက္အားျပန္မဆုတ္ခြာေတာ့ဘဲ မ်က္ဝန္းကိုမိွတ္ခ်လိုက္သည္။ ဒီခံစားခ်က္က သက္ေတာင့္သက္သာျဖစ္လြန္းၿပီး သူ႔အားဇိမ္က်ေစသည္။ ငါးမိနစ္ခန္႔ၾကာသြားမွ လက္အား မထုတ္ခ်င္ထုတ္ခ်င္ျဖင့္ ျပန္ဆြဲထုတ္လိုက္သည္။ ယခုတစ္ေခါက္တြင္ေတာ့ ေကာင္ေလးကမတားခဲ့ေခ်။ သူ၏လက္ကို အသာတၾကည္လႊတ္ေပးခဲ့သည္။

ဝႆန္နည္းနည္းေတာ့စိတ္ဓာတ္က်သြားသည္။ ေကာင္ေလးျပန္ဆြဲထားဖို႔ သူနည္းနည္းေတာ့ေမ်ွာ္လင့္ခဲ့တာအမွန္။

သခၤါသည္လည္း အတန္ၾကာတြန္႔ဆုတ္ေနခဲ့ၿပီးမွ...

"ခင္ဗ်ားေျခေခ်ာင္းေတြေရာေအးေနလား"

ဝႆန္႔မ်က္ဝန္းတို႔က ဖ်တ္ခနဲ။

"အင္း...ေအးတယ္"

ေျခဖ်ားတို႔ကို ေစာင္ေအာက္မွထုတ္၍ ေကာင္ေလးေ႐ွ႕ ထိုးေပးလိုက္ေတာ့ ေျခေခ်ာင္းမ်ားအားအုပ္ကိုင္လာသည့္ ၾကမ္း႐ွ႐ွလက္ဖဝါးတစ္စံု။ ထို႔ေနာက္ ဆုပ္နယ္ေပးကာ အပူဒဏ္ကိုသက္သာေျပေလ်ာ့ေစသည္။ ၿပီးေသာအခါ သူ၏႐ွပ္ေအာက္သို႔ အုပ္လိုက္ၿပီး ခပ္တင္းတင္းဖိထားလိုက္ျပန္ေလသည္။

AN ပ်င္းေနလို႔မိုတီေပးၾကပါ


You are reading the story above: TeenFic.Net