Unicode
ရိပေါ်ညနေဘက် ဂိုက်ကပြန်လာတော့ အိမ်မှာဖဲရိုက်
နေကြတဲ့ မားတို့ကိုတွေ့ရတာကြောင့် စိတ်ညစ်စွာနဲ့
အိမ်ထဲမဝင်တော့ပဲ ခြေဦးတည့်ရာကို
လျှောက်သွားပစ်လိုက်သည်။
ရိပေါ်လိုချင်တာ ဒီလိုမိသားစုမျိုးမဟုတ်ဘူး။
မားကိုလဲသူတားလို့မရ၊မားကအရမ်းဆိုးတယ်၊ ပါပါးဆုံး
သွားပြီး နောက်အိမ်ထောင်ပြုလိုက်သော်လည်း ရေရှည်
မခံ။
ဒီလိုတွေလုပ်နေလို့
မာမားကရိပေါ်ကို မချစ်ဘူးလို့လဲရိပေါ် မထင်ပါ။
ဘာလို့ဆို ရိပေါ်ကြောင့် မားကသူ့ရဲ့နောက်ယောက်ျား
ကို သတ်ပစ်ခဲ့လေသည်။ အကြောင်းကတော့ ထိုလူဟာ
ရိပေါ်ကို ရိသဲ့သဲ့လုပ်ကာ ကိုယ်ထိလက်ရောက်စော်ကား
ခြင်းကြောင့်မားက ထိုလူကိုသတ်ပစ်ခဲ့ပြီး
နောက်အိမ်ထောင်လဲ ထပ်မပြုတော့။
ရိပေါ်အတွေးများစွာနဲ့ လမ်းကိုလျှောက်လာခဲ့တာ
အခုဆိုဘယ်ရောက်လို့ ရောက်နေမှန်းပင်မသိတော့၊
ဆိုးတာက ဒီနေရာကလူရှင်းနေတော့ သူ့စိတ်ထဲနဲနဲ
ကြောက်လာရသည်။
သူအိမ်ပြန်ရမည်၊ ခုဆိုမားလဲ စိတ်ပူနေတော့မှာ။
ကံဆိုးချင်တော့ တက္ကစီကလဲတစ်စီးမှမတွေ့၊
ဒီနေ့ကဘာနေ့မို့ လမ်းကဒီလောက်ရှင်းနေရတာလဲ၊
ဖုန်းဆက်ရအောင်လဲ ဒီနေ့ကျမှဖုန်းကပါမလာ...၊
မှောင်ရီစပြုလာလေ ရိပေါ်ပိုကြောက်လာရလေပါပဲ။
"ဟေး! ဒီမှာ ဒီမှာ!
ကံကောင်းချင်တော့ ဆိုင်ကယ်တစ်စီးက လမ်းကနေ
ဖြတ်လာလေသည်။ ကားတွေဆိုင်ကယ်တွေရှင်းနေတဲ့
လမ်းမထက် ထိုဆိုင်ကယ်တစ်စီးသာရှိ၏၊ သူလဲအားကိုး
ရသွားသလို ပျော်ရွှင်သွားကာ လှမ်းတားလိုက်သည်။
အခနနေတော့ သူတားလိုက်တဲ့ဆိုင်ကယ်က သူ့ရှေ့တွင်
လာရပ်လေသည်။တော်သေးတာပေါ့ မရပ်ပေးမှာကို
စိတ်ပူနေတာ၊
"ကျွန်တော့်ကို အိမ်ပြန်ပို့ပေးနိုင်မလားဟင်၊ တက္ကစီကလဲ
တစ်စီးမှမတွေ့လို့၊ အဲ့ဒါနဲ့ဒီကတစ်ယောက်လာတာ
တွေ့လို့လှမ်းခေါ်လိုက်တာ ကျွန်တော့အိမ်ကိုလိုက်ပို့
ပေးပါနော်"
ရိပေါ်မျက်နှာငယ်လေးဖြင့် အသနားခံကာတောင်းဆို
လိုက်သည်။
"တက်.."
ထိုလူက ဆိုင်ကယ်ဦးထုပ်ကိုတောင် မချွတ်ပဲ
ထိုစကားတစ်ခွန်းကိုသာ ခပ်ပြတ်ပြတ်
ပြောလာလေသည်။
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်နော်"
ရိပေါ်ပျော်သွားကာ ဆိုင်ကယ်ပေါ်တက်လိုက်သည်။
သူတက်ပြီးသွားတာနဲ့ ဆိုင်ကယ်ဟာမောင်းထွက်သွား
တော့သည်။
ရိပေါ်စိတ်ထဲမှာ ထိုလူကို လူကောင်းဖြစ်ပါစေလို့
အကြိမ်ကြိမ်ဆုတောင်းနေမိသည်။ မဟုတ်ပဲ သူ့ကို
တစ်နေရာရာမှာ ရောင်းစားသွားရင်ဒုတ္ခ၊
"ဟို..ဆိုင်ကယ်ကိုဖြေးဖြေးမောင်းပေးလို့မရဘူးလား"
"မရဘူး"
ခပ်ပြတ်ပြတ်စကားအဆုံး ရိပေါ်နှုတ်ခမ်းဆူလိုက်သည်
ဆိုင်ကယ်က မောင်းကြမ်းတော့ ရိပေါ်မရဲတရဲလေးနဲ့
ထိုလူရဲ့အင်္ကျီစကို ဆွဲစုပ်ထားမိသည်။
"လက်ပါတယ်မလား...သေချာဖတ်ထား၊
ပြုတ်ကျသွားရင် ကျုပ်ကဒီအတိုင်းထားခဲ့မှာ"
ဒီလူ စကားကိုငြင်ငြင်သာသာပြောလို့မရဘူးလား၊
ကြမ်းတမ်းနေတာပဲ!
"ဘယ်မှာနေတာလဲ"
"အမ်?
"ကျစ်! ခင်များရဲ့ အိမ်ကိုမပြောပြပဲ
ကျုပ်ကဘယ်တောထဲကို လိုက်ပို့ရမှာလဲ"
ဒီလူတော့!
"ဒီလမ်းအတိုင်းပဲသွား အိမ်နံပတ် &&&&"
ဆိုင်ကယ်ပေါ်မှာမို့ စကားကိုနဲနဲအော်ပြောနေရသည်။
ထိုလူက ဘာမှထပ်မပြောပဲ ဆိုင်ကယ်ကိုဆက်မောင်း
နေတော့သည်။
"ဟိုလေ နာမည်ဘယ်လိုခေါ်လဲဟင်"
ကိုယ့်ကိုလိုက်ပို့ပေးတဲ့သူကို နာမည်တော့သိထားသင့်
တယ်ထင်လို့ ရိပေါ်မေးလိုက်သည်။
"ရှောင်းကျန့်"
"ကျွန်တော့နာမည်က ဝမ်ရိပေါ်ပါ"
ကျွီ!!
ရုတ်တရက်ထိုးရက်သွားတဲ့ဆိုင်ကယ်ကြောင့် ရိပေါ်ရဲ့
နဖူးနဲ့ ထိုလူရဲ့ ကျောနဲ့သွားစောင့်လေသည်။
"ဒါဆိုမင်းကဝမ်မျိုးရိုးပေါ့?
သူ့စီလှည့်လာပြီး မေးတဲ့မေးခွန်းကြောင့် ရိပေါ်
ကြောင်သွားရသည်။
"အာ..ဟုတ်ကဲ့ ကျွန်နော်ကဝမ်မျိုးရိုးကပါ၊ဘာဖြစ်လို့လဲ
မသိဘူး"
"ဟက်..ဘာမှမဖြစ်ပါဘူး"
ပြောပြီးတာနဲ့ ဆိုင်ကယ်ကိုဆက်မောင်းသွားတော့သည်။
နောက်ကလိုက်နေရတဲ့ ရိပေါ်ကတော့ အူကြောင်ကြောင်
လေးဖြစ်နေတော့သည်။
________________________
"လုပ်ကြပါဦးတော် ကျွန်မသားလေး ခုထိအိမ်ပြန်မလာ
သေးဘူး"
ပုံမှန်ဆို သားလေးက သူ့ဂိုက်ချိန်ပြီးတာနဲ့ လေးနာရီဆို
"သူ့သူငယ်ချင်းအိမ်တွေဘာတွေဝင်နေလားမှမသိတာ၊
ဖုန်းဆက်ကြည့်လေ"
"သူဒီနေ့အိမ်မှာဖုန်းကျန်ခဲ့တယ်၊ နောက်ပြီးသူငယ်ချင်း
အိမ်ဝင်နေရင်လဲ ဒီလောက်ထိကြာစရာမလိုပါဘူး၊
တစ်ခုခုများဖြစ်နေပြီလားမသိ"
"စိတ်ကိုအေးအေးထားပါ ဝမ်လီရယ်..ပြန်လာမှာပေါ့
တစ်ကယ်လို့ဒီညပြန်မလာရင် မနက်ကျငါတို့လဲဝိုင်းရှာ
ပေးမယ်..အရမ်းကြီးစိတ်ပူမနေနဲ့"
သူမသူငယ်ချင်းတွေက သူမကိုအားပေးစကားတွေ
ပြောပေးနေပေမဲ့ သူမကတော့စိုးရိမ်နေဆဲ။
သားလေသည်သာ သူမဘဝရဲ့အရာရာမို့ သူမသားလေး
တစ်ခုခုဖြစ်မှာကို သူအရမ်းစိုးရိမ်လှပါသည်။
_______________________
မာဝမ်လီက ရှောင်းကျန့်ထဲက ပိုက်ဆံချေးပြီး
သုံးလကျော် ကြာသည်အထိပြန်မဆပ်သေး။
သူလဲမတောင်းဘူး၊ စိတ်ထားကောင်းလွန်းလို့တော့
မထင်နဲ့ ဒါဟာထောင်ချောက်ပဲ။
ဒါပေမဲ့ သူ့ရဲ့အစီစဉ်တွေကိုပြောင်းလဲလာစေမဲ့
ကံကြမ္မာက မင်ယွဲ့တို့နဲ့ဆိုင်ကယ်စီးပြီး ပြန်လာတဲ့
မှောင်ရီစချိန်မှာ ကျရောက်လာလေသည်။
သူ့ဆိုင်ကယ်ကို လှမ်းတားကာ အိမ်ပြန်ပို့ပေးဖို့ကို
အသနားခံလာတဲ့ ယောကျာ်းတစ်ယောက်။ သူလဲ
ဒုတ္ခရောက်နေသူကို ဒီအတိုင်းမထားခဲ့ရက်တာကြောင့်
အိမ်ပြန်ပို့ဖို့ကို လက်ခံလိုက်သည်။
အစကတော့သူလဲ ကူညီချင်စိတ်နဲ့ အိမ်ကိုပြန်ပို့ဖို့
ဆိုင်ကယ်ပေါ်တင်လာတာပါပဲ၊ ဒါပေမဲ့ သူ့နာမည်ကို
မိတ်ဆက်လိုက်ချိန်မှာပဲ ထိုတစ်ယောက်ရဲ့ ကံကြမ္မာက
ပြောင်းလဲသွားတယ်လို့ပဲဆိုရမလား...၊
"ဒီမှာ ခင်များကျွန်တော့ကို ဘယ်ခေါ်လာတာလဲ! "
"ကျုပ်အိမ်"
"ဘာပြောတယ်! ကျွန်တော်မလိုက်ဘူး။ ကျွန်တော့အိမ်ကိုပဲ ပြန်ပို့ပေး!
မဟုတ်ရင် ခုန်ချလိုက်မှာနော် အဲ့တော့မှ ခင်များအမှုပတ်
မှာ"
"ခုန်ချလေ.."
ပြောပြောဆိုဆိုနဲ့ပဲ ထိုလူက ဆိုင်ကယ်ကို အရှိန်ပိုမြှင့်
လိုက်လေသည်။
ရိပေါ်ငိုချင်တာပဲသိတော့သည်။ အစထဲက ဒီလူရဲ့
ဆိုင်ကယ်ကို လိုက်မစီးလိုက်ရမှာ၊ ခုတော့ ဒုတ္ခရောက်ပြီ၊
ထိုလူ့ရဲ့ဆိုင်ကယ်က အိမ်ကြီးတစ်လုံးထဲကို
ဝင်လိုက်တယ်ဆိုရင်ပဲ ခြံထဲက ဦးလေးကြီးတစ်ယောက်
က ခြံတံခါးကို ကမန်းကတန်းလာဖွင့်ပေးလေသည်။
အိမ်ထဲရောက်လို့ ဆိုင်ကယ်ကို ရပ်လိုက်တယ်ဆိုရင်ပဲ
ရိပေါ်ဆိုင်ကယ်ပေါ်ကနေ ခုန်ချကာ ထွက်ပြေးမိတော့
သည်။
"အင့်!
လက်ကိုဆောင့်ဆွဲခံလိုက်ရခြင်းနဲ့အတူ ရိပေါ်ဟာ ထိုလူ့
ရဲ့ ရင်ခွင်ထဲ..ထိုလူဟာဆိုင်ကယ်ဦးထုပ်ကို ဘယ်တုန်းက
ချွတ်လိုက်မှန်းမသိ၊ မြင်နေရသည့် မျက်နှာဟာအတော်
ချောမောလွန်းလှသည်။
"ထွက်ပြေးဖို့စဉ်းစားနေတာလား မဖြစ်နိုင်တော့ဘူး"
ရိပေါ်ချက်ခြင်းဆိုသလို ထိုလူ့ရင်ခွင်ထဲကနေ
ဆောင့်ရုန်းထွက်လိုက်ပြီး၊
"ဘာလို့ဒီလိုလုပ်ရတာလဲ..ခင်ဗျားကိုလဲ ကျွန်တော်မသိ
ဘူး ကျွန်တော့အိမ်ကိုပဲကျွန်တော်ပြန်ချင်တယ်
လွှတ်ပေး.."
"လွှတ်ပေးစရာအကြောင်းမရှိဘူး၊ ဒီနေ့ကစပြီး
မင်းဒီအိမ်မှာပဲ နေရမယ် ထွက်ပြေးဖို့မကြိုးစားနဲ့!
"ဘာလို့လဲ? ဘာလို့ခုလိုတွေလုပ်ရတာလဲ."
"ကျုပ်ခင်များကို အကြွေးနဲ့သိမ်းလိုက်ပြီ"
"ဘာပြောတယ်? အကြွေးနဲ့သိမ်းတယ်ပြောရအောင်
ကျွန်တော်ခင်ဗျားစီက ဘယ်တုန်းကပိုက်ဆံယူခဲ့ဖူးလို့လဲ"
"မင်းမယူပေမဲ့ မင်းအမေက ယူတယ်ဆိုရင်ရော.."
ရိပေါ်စိတ်ထဲပေါ်လာသည်က မား။ မားကရိပေါ်မသိပဲ
ဘာတွေလျှောက်လုပ်ထားသေးတာလဲမသိဘူး၊ မားက
ပြောလို့ရသည့်သူမဟုတ်။
"အဲ့ဒါဆိုလဲ ကျွန်တော်ပြန်ဆပ်မယ် အခုပြန်လွှတ်ပေး"
"သိပ်နောက်ကျသွားပြီး"
"ခင်များ...
"အိမ်ထဲဝင်ပါ ဝမ်ရိပေါ်...၊
ကျုပ်မှာအလုပ်တွေရှိသေးတယ်"
"မဝင်နိုင်ဘူး!
ရိပေါ်ခပ်ပြတ်ပြတ်ပဲ ပြောလိုက်သည်။
"အဲ့တော့ ခင်များက ကျုပ်ကိုလာပွေ့စေချင်တာလား?
ရိပေါ်နားကိုကပ်ကာ ပွေ့ရန်ပြင်နေသောသူကြောင့်
ရိပေါ်လန့်သွားရကာ နောက်ကိုဆုတ်လိုက်သည်။
"ခင်များ... ကျွန်တော့်ဘာသာ ကျွန်တော်ဝင်မယ်"
ရိပေါ်ကို မျက်စပစ်ပြကာ ခေါင်းစောင်းပြလာတဲ့
ရှောင်းကျန့်ဆိုတဲ့သူကို ရိပေါ်မုန်းတဲ့အကြည့်တွေနဲ့
ကြည့်ပြီး အိမ်ထဲဝင်သွားလိုက်သည်။
မဝင်လို့လဲ ရမှမရတော့တာ၊သူကိုကမှားတာပါ အစထဲက
ဒီလူ့ဆိုင်ကယ်ကို မတားလိုက်ရမှာ။ မဟုတ်ဘူး ဒီလူနဲ့
မဆုံကို မဆုံခဲ့ရမှာ...၊
______________________
နှစ်ရက်ဆက်တိုက်နှစ်ပိုင်းတင်ပေးတယ်နော်
zawgyi
မခံ။
ဒီလိုတွေလုပ်နေလို့
ကြောက်လာရသည်။
"ဟေး! ဒီမှာ ဒီမှာ!
စိတ်ပူနေတာ၊
ပေးပါနော်"
လိုက်သည်။
"တက်.."
ပြောလာလေသည်။
တော့သည်။
"မရဘူး"
ကြမ်းတမ်းနေတာပဲ!
"ဘယ်မှာနေတာလဲ"
"အမ်?
ဒီလူတော့!
နေတော့သည်။
"ရှောင်းကျန့်"
ကျွီ!!
ကြောင်သွားရသည်။
မသိဘူး"
"ဟက်..ဘာမှမဖြစ်ပါဘူး"
လေးဖြစ်နေတော့သည်။
________________________
သေးဘူး"
ဖုန်းဆက်ကြည့်လေ"
_______________________
"ကျုပ်အိမ်"
မှာ"
"ခုန်ချလေ.."
လိုက်လေသည်။
ထိုလူ့ရဲ့ဆိုင်ကယ်က အိမ်အကြီးတစ်လုံးထဲကို
သည်။
"အင့်!
ချောမောလွန်းလှသည်။
လွှတ်ပေး.."
"သိပ်နောက်ကျသွားပြီး"
"ခင်များ...
"မဝင်နိုင်ဘူး!
မဆုံကို မဆုံခဲ့ရမှာ...၊
______________________
ဒီသာသာကိုလပ်လိုက်တော့😝
You are reading the story above: TeenFic.Net